(ယေ၊ အကြင် ပုဂ္ဂိုလ်တို့သည်။)
ကာမဂုဏာဒိဟိ၊ ကာမဂုဏ်အစရှိသည်တို့ဖြင့်။
ကာမဂုဏာဒိဟိ။ ။ အာဒိဖြင့် ဈာန်အဘိညာဉ် စိတ္တိဿရိယစသော ဂုဏ်တို့ကို ယူဘို့ရန် အနုဋီကာဖွင့်၏။ လူနတ်စသော ဒေဝတို့သည် ကာမဂုဏ်ငါးပါး အာရုံများဖြင့် ပျော်ပါးကြသကဲ့သို့ စိတ်ကို အစိုးရသော ဈာနလာဘီ ဗြဟ္မာ့များနှင့် ဝိသုဒ္ဓိနတ် ရဟန္တာတို့သည် ဈာန်အဘိညာဉ်တို့ဖြင့် (ဈာန်၏ အကျိုးဖြစ်သော အဘိညာဉ်တို့ဖြင့်) ပျော်ပျော်ပါးပါး ဈာန်ကစားကြကုန်၏။ ယခုခေတ်၌လည်း ကာမဂုဏ်ခံစား၍ ပျော်ပါးခြင်းကို ပျော်ပါးနေကြသည် ဈာန်ဝင်စားနေကြသည် စသည်ဖြင့် ဝိဟာရအနက်ကို သုံးစွဲလေ့ရှိသည်။
ဒိဗ္ဗန္တိ ကီဠန္တိ၊ မြူးတူးပျော်ပါး ကစားတတ်ကုန်၏။ဒိဗ္ဗန္တိ ကိဠန္တိ။ ။”ဒိဝု ကီဠာ ဝဇီဂိသာ ဗျဝဟာရ ဇုတိ ဂတိ သတ္တိ ထုတိ ကန္တီသု”နှင့် အညီ ဒိဝု ဓာတ်သည် ကီဠာ စသော အနက်တို့ကို ဟော၏။ ထို့ကြောင့် ဒိဝုဓာတ်၏ ကီဠာအနက်ကို ရှေးဦးစွာ ပြလိုသောကြောင့် ဒိဗ္ဗန္ထိကို “ကီဠန္တိ” ဟု ဖွင့်သည်။ ထို ကီဠန္တိကိုပင် “လဠန္တိ” ဟု၎င်း, “တေသု ဝါ ဝိဟရန္တိ” ဟု၎င်း၊ နက်ဖွင့်သည်။
မဓုဋီကာ။ ။ မဓုဋီကာ၌ ဝိဟရန္တိကို ကီဠန္တိ၏ အဓိပ္ပါယ်ဖွင့်ဟု ယူသည်ကိုမနှစ်သက်။ ဒိဗ္ဗန္တိကိုပင် “ကီဠန္တိ, ဝိဟရန္တိ” ဟု ၂ နည်းဖွင့်သည်ဟု ယူလိုလို၏။ သို့သော် ဒိဝုဓာတ်သည် ဝိဟရဏ အနက်ကိုတိုက်ရိုက် မဟောသောကြောင့် ထိုအယူကို စဉ်းစားပါ။ လဠန္တိ၊ မြူးတူးပျော်ပါး ကစားတတ်ကုန်၏။
ဝါ၊ တနည်း။
တေသု၊ ထိုကာမဂုဏ် အစရှိသည်တို့၌။
တေသု ဝါ ဝိဟရန္တိ။ ။ ထိုကာမဂုဏ ဈာနအဘိညာ စိတ္တိဿရိယတို့၌ သွားရပ်ထိုင်လျောင်း လျော်စွာပြောင်း၍ အကြောင်းအားလျော်စွာ ဖြစ်နိုင်ကုန်၏။ [တေသူတိ ကာမဂူဏာဒီသု၊ ဝိဟရန္တီတိ ဣရိယာပထ ပရိဝတ္တနာဒိနာ (အာဒိဖြင့် ဈာန်အဘိညာဉ်ဝင်စားကာ) ဝတ္တန္တိ၊ အနု။]
ဝိဟရန္တိ၊ နေတတ်ကုန်၏။
(ဣတိ၊ ကြောင့်။
တေ၊ ပုဂ္ဂိုလ်တို့သည်။
ဒေဝါ၊ ဒေဝတို့မည်၏။)
[“ကီဠာ” အနက်ကို ဖွင့်ပြပြိး၍ ဝိဇီဂီသာ အနက်ကို ဖွင့်ပြလိုသောကြောင့် ဝိဇယ စသည်ကိုမိန့်။]
ဝါ၊ တနည်း။
(“သက္ကောန္တိဝါ” မှ ဝါကို ဤသို့ လိုက်ပါစေ။)
(ယေ၊ တို့သည်။)
ဝိဇယသမတ္ထတာယောဂေန၊ အောင်နိုင်ခြင်း၌ စွမ်းနိုင်သည်၏ အဖြစ်ဟူသော သတ္တိနှင့် ယှဉ်ခြင်းကြောင့်။
ပစ္စတ္ထိကေ၊ အတွင်းအပရန်သူတို့ကို။
ဒိဗ္ဗန္တိ ဝိဇေတုံ ဣစ္ဆန္တိ၊ အောင်နိုင်ခြင်းငှါ အလိုရှိကုန်၏။
(ဣတိ၊ ကြောင့်။
တေ၊ တို့သည်။
ဒေဝါ၊ တို့မည်၏။)
[ဗျဝဟာရ အနက်ကို ဖွင့်ပြလိုသောကြောင့်ဣဿရိယ စသည်ကိုမိန့်။ ဗျဝဟာရ ဟူသေည ဝေါဟာရတည်း။ ဝေါဟာရဟူသည် ရောက်ခြင်း ဝယ်ခြင်း, သို့မဟုတ် ပေးခြင်းယူခြင်းအားဖြင့် လဲလှယ်ခြင်းတည်း။]
ဝါ၊ တနည်း။
ယေ၊ တို့သည်။
ဣဿရိယဌာနာဒိသက္ကာရဒါနဂ္ဂဟဏံ၊ အစိုးရသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ ရာထူးဌာနန္တရအစရှိသည်ကို ပေးခြင်း, ကောင်းစွာပြုအပ်သော ပူဇော်မှုကို ယူခြင်းကို၎င်း။
ဣဿရိယ ။ပေ။ ဂဟဏံ။ ။ “ဣဿရဿ +ဘာဝေါ ဣဿရိယံ- ထိုထိုနေရာ၌အစိုးရသော ပုဂ္ဂိုလ်၏ဖြစ်ကြောင်းဖြစ်ရာ” ဟူသည် သူဌေးရာထူးစစ်သူကြီးရာထူး အိမ်ရှေ့မင်းရာထူး စသော ရထူး (ဌာနန္တရ) တည်း။ ထိုရာထူးများကို ဒေဝအမည်ရသော ရှင်ဘုရင်သည် ပေးနိုင်၏။ ဌာနာဒိ၌ အာဒိဖြင့် ပရိဝါရ (အခြံအရံ) ကို၎, နယ်ပယ်အပိုင်းအခြားကို၎င်း ဤသို့ စသော ပေးသင့်ရာများကိုယူပါ။ ဤစကားအရ ဌာနာဒိကို ဒါနပုဒ်နှင့် စပ်ပါ။ တိုင်းသူပြည်သားတို့၏ ကောင်းစွာ ပြုအပ်သော အခွန်ဘဏ္ဍာစသည်ကို၎င်း, အထက်ဒေဝတို့အတွက် ပူဇော်အပ်သော ပစ္စည်းကို၎င်း သက္ကာရဟု မှတ်၍ ထိုသက္ကာရကို ဂဟဏနှင့်တွဲပါ။
တံတံအတ္ထာအနုသာသနဉ္စ၊ ထိုထိုစီးပွားခြင်း သွန်သင်ဆုံးမခြင်းကို၎င်း။
တံတံ အတ္ထာနုသာသနဉ္စ။ ။ ရှင်ဘုရင်ဒေဝသည် တိုင်းသူပြည်သားတို့အတွက် စီးပွားတိုးတက်အောင် ထိုထိုသွန်သင်ပြသ ဆုံးမမှုကိုလည်း ပြုတတ်၏။ဤသို့ပြုခြင်းသည် ဒါနတမျိုးပင်တည်း။ ဤသို့ တိုင်းသူ ပြည်သားတို့အား ပေးသင့်သည်ကို ပေး၍ တိုင်းသူပြည့်သားတို့အထံမှ ယူသင့်သည်ကို ယူခြင်းသည် ဝေါဟာရ (လဲလှယ်ခြင်း) ပင်တည်း။ ထို့ကြောင့် “ကရောန္တာဝေါဟရန္တိ” ဟုဖွင့်သည်။
ကရောန္တာ၊ ပြုကုန်လျက်။
ဒိဗ္ဗန္တိ ဝေါဟရန္တိ၊ လဲလှယ်ကြကုန်၏။
(ဣတိ၊ ကြောင့်။
တေ၊ တို့သည်။
ဒေဝါ၊ တို့မည်၏။)
[ဇုတိအနက်ကို ဖွင့်ပြလိုသောကြောင့် ပုညယောဂါ စသည်ကိုမိန့်။] (ဝါ၊ တနည်း။ ယေ၊ တို့သည်။) ပုညယောဂါနုဘာဝပ္ပတ္တာယ၊ ဒါနမယ စသော ကောင်းမှု, ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်မှု၏ အစွမ်းကြောင့် ရောက်အပ် ရအပ်သော။ ပုညယောဂါ ။ပေ။ ပတ္တာယ။ ။ ဒါန မယစသော ကောင်းမှုကို ပုည, သမထဝိပဿနာ ဘာဝနာ အားထုတ်ကို ယောဂဟု ခေါ်၏။ “ဇုတိ” အရ ကိုယ်ရောင် ဉာဏ်ရောင် ၂ မျိုးလုံးရ၏။ ကိုယ်ရောင် (ကိုယ်၏ အဆင်းရောင်) သည် ဒါနမယ စသော ကောင်းမှု၏ အာနုဘော်ကြောင့် ရောက်အပ်ရအပ်သော ဇုတိတည်း။ ဉာဏ်အရောင်ကား ယောဂ အာနုဘော်ကြောင့် ရောက်အပ်၏ရအပ်သော အရောင်ဖြစ်သည်။ ဇုတိယာ၊ ကိုယ်ရောင် ဉာဏ်ရောင်ဖြင့်။ ဒိဗ္ဗန္တိ ဇောတန္တိ၊ တောက်ပကုန်၏။ (ဣတိ၊ ကြောင့်။ တေ၊ တို့သည်။ ဒေဝါ၊ တို့မည်၏။) [ဂတိအနက်ကို ဖွင့်ပြလိုသောကြောင့်ယထာဘိလာသိတဉ္စ စသည်ကိုမိန့်။] (ဝါ၊ နည်း။ ယေ၊ တို့သည်။) ယထာဘိလာသိတံ၊ အကြင်အကြင် အလိုရှိအပ်သော။ ဝိသယံစ၊ အရပ်ဌာနသို့လည်း။ ဝါ၊ အာရုံသို့ လည်း။ အပ္ပဋိဃာတေန၊ အပိတ်အပင်အဆီးအတား မရှိသောအားဖြင့်။ ဒိဗ္ဗန္တိ ဂစ္ဆန္တိ၊ သွားနိုင်ကုန်၏။ (ဣတိ တေ ဒေဝါ)၊ ။
[သတ္တိ အနက်ကို ဖွင့်ပြလိုသောကြောင့် ယထိစ္ဆိတနိပ္ဖာဒနေစသည်ကိုမိန့်။] ဝါ၊ နည်း။ (ယေ၊ တို့သည်။) ယထိစ္ဆိတနိပ္ဖာဒနေ၊ အကြင်အကြင် အလိုရှိအပ်သော အကျိုးကို ပြီးစီးစေခြင်း၌။ ဒိဗ္ဗန္တိ သက္ကောန္တိ၊ စွမ်းနိုင်ကုန်၏။ ဣတိ၊ ကြောင့်။ တေ၊ တို့သည်။ ဒေဝါ၊ တို့မည်၏။ [ဂတိအနက်၌ပင် ကံ အနက်ဖြင့် တနည်းဖွင့်ပြလိုသောကြောင့် ဒေဝနီယာ ဝါ စသည်မိန့်။] ဝါ၊ နည်း။ (ယေ၊ အကြင် ပုဂ္ဂိုလ်တို့ကို။) တံတံဗျသနနိတ္ထရဏတ္ထိကေဟိ၊ ထိုထိုပျက်စီးခြင်းမှ လွတ်မြောက်ခြင်းကို အလိုရှိသူတို့သည်။ သရဏံ (တိ)၊ ကိုးကွယ်ရာဟူ၍။ ပရယဏန္တိ၊ လည်းလျောင်းရာဟူ၍။ ဒေဝနီယာ ဂမနီယာ၊ ဆည်းကပ်ထိုက်ကုန်၏။ ဒေဝနီယာ ဂမနီယာ။ ။ ရှေ့၌ ဂတိအနက်၏ ကတ္တုရုပ်ဖွင့်ခဲ့၏။ ဤ၌ ကမ္မရုပ်ကို ဖွင့်လို၍ “ဒေဝနီယာ (ဒိဝုဓာတ် အာနိယပစ္စည်း) ကို ဂမနီယာ” ဟုဖွင့်သည်။ ဉာတိဗျာသန စသော ထိုထိုဗျသန ဖြစ်နေသူတို့သည် ထိုထိုဗျသနမှ လွတ်ဘို့ရန် ကိုးကွယ်ရာ လည်းလျောင်းရာဟု ဆည်းကပ်အပ်ကုန်၏။ထို့ကြောင့် လူမင်းနတ်ဗြဟ္မာ ရဟန္တာတို့ကို ဒေဝဟုခေါ်ရသည်။ (ဣတိ၊ ကြောင့်။ တေ၊ တို့သည်။ ဒေဝါ၊ တို့မည်၏။) [ထုတိအနက်ကကို ဖွင့်ပြလိုသောကြောင့် အဘိတ္ထဝနီယာ ဝါဟု မိန့်သည်။] ဝါ၊ နည်း။ (ယေ၊ တို့ကို။ တံတံဗျသနနိတ္ထရဏတ္ထိကေဟိ၊ တို့သည်။ သရဏံ (တိ)၊ ဟူ၍။ ပရာယဏန္တိ၊ ဟူ၍။ (ဒေဝနီယာ)အဘိတ္ထဝနီယာ၊ ချီးမွမ်းထိုက်ကုန်၏။ အဘိတ္ထဝနီယာ ဝါ။ ။ ဒိဝုဓာတ်၏ ထုတိ အနက်ကို ကမ္မရုပ်ဖြင့်သာ ဖွင့်ပြလိုသောကြောင့် ဒေဝနီယာကိုပင် “အဘိတ္ထဝနီယာ” ဟု တနည်းဖွင့်သည်။ ရှင်ဘုရင် စသော ဒေဝတို့ကို ဆည်းကပ်၍ အကျိုးရသူတို့ကိ သရဏပရယဏ ဖြစ်ကြပါပေသည်ဟု ချီးကျူးအပ်သောကြောင့် ဒေဝ အမည်ရကြသည်။ (ဣတိ၊ ကြောင့်။ တေ၊ တို့သည်။ ဒေဝါ၊ တို့မည်၏။) [ကန္တိ အနက်ကို ဖွင့်ပြလိုသောကြောင့် သောဘာဝိသေသ စသည်ကိုမိန့်။]
တနည်း။ ။ ကာယဝစီသံသယ၏ ပဋိပက္ခသည် သီလဝိပတ္တိ သီလပျက်ခြင်းတည်း။ ဣန္ဒြိယသံဝရ၏ ပဋိပက္ခသည် အဘိဇ္ဈာဒေါနမဿတည်း။ [“စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာသဝေယျုံ” အတိုင်းဖွင့်သည်။] စိတ္တသ့ယမ ဟူသော သမာဓိ၏ ပဋိပက္ခ သည် ကာမစ္ဆန္ဒ ဗျာပါဒ မှတပါးသော ထိနမိဒ္ဓစသော နီဝရဏတို့တည်း။ [ပဋိပက္ခာနံ ဒုသီလျမုဋ္ဌဿစ္စဝိက္ခေပါနံ, သီလဝိပတ္တိ, အဘိဇ္ဈာဒေါမနဿ အဝသိဋ္ဌနီဝရဏာနံ ဝါ၊ အနု။] အစ္စန္တပဋိပ္ပဿဒ္ဓိယာ၊ စင်စစ်ငြိမ်းအေးခြင်းကြောင့်။ သုဒ္ဓသံယမော၊ သန့်ရှင်းစင်ကြယ်သော စောင့်စည်းကြောင်းတရား ရှိတော်မူထသော။ (“ဘဂဝါ” ဟူ သော ပါဌ်သေသ၌စပ်။)
သတ္တမော။ ။ “သန္တော ပသတ္ထော” သည် သတ္တမော၌ “သ” ၌ အနက်ပြတည်း။ သတ္တမော၌ “သ” သဒ္ဒါသည် “ပသတ္ထဿ သောစ” သုတ်ဖြင့် ပသတ္ထပုဒ်မှ ဖြစ်လာသော (သ) တည်း” ဟု ဆိုလိုသည်။ “အတိသယေန” ကား တမပစ္စည်း၏ အနက်ပြတည်း။ ဥပမာ “သဗ္ဗေ ဣမေ ပါပါ အယမိမေသံ ဝိသေသနေ ပါပေါတိ ပါပတရော” ကဲ့သို့တည်း။ “အတိသယေန + ပသတ္ထော သတ္တမော၊ အလွန်ချီးမွမ်းထိုက်သော ဣသိ၊ ဣသီနံ + သတ္တမော ဣသိသတ္တမော၊ သစ္စာလေးပါးကို သိတတ်ကြသောကြောင့် ဣတိ အမည်ရသော ရဟန္တာ ပုဂ္ဂိုလ်တို့ထက် အလွန်ချီးမွမ်းထိုက်သော ဣသိ။
မှတ်ချက်။ ။ ဤနည်း၌ တမပစ္စည်း၏ အတိသယအနက်ကို ထောက်၍ “ဣသီနံ” အရ ရဟန္တာ ဣသိတို့ကို ယူပြီးလျှင် နံ ဝိဘတ်ကိုလည်း “ထက်” ဟု ပေးရသော ဝိဘတ္တအပါဒါန်အနက်၌ သက်သည်ဟု မှတ်ပါ။ (အတ္ထော၌စပ်။) စတုသစ္စာဝဇောဓဂတိယာ၊ လေးပါးသော သစ္စာကိုထိုးထွင်း၍ သိခြင်းဟူသော ဉာဏဂတိ ကြောင့်။) ဣသယောတိ၊ ဤသိတို့ဟူ၍။ သင်္ချံ၊ ခေါ်ဝေါ်အပ်ကုန်သည်၏ အဖြစ်သို့။ ဂတာနံ၊ ရောက်ကုန်သော။ (ဣသီနံ၌စပ်။) သတံ ပသတ္တာနံ၊ သာမာန်အားဖြင့် ချီးမွမ်းထိုက်ကုန်သော။ ဣသီနံ၊ ဣသိတို့ထက်။ အတိသယေန၊ လွန်ကဲသော အားဖြင့်။ သန္တော ပသတ္ထော၊ ချီးမွမ်းထိုက်သော ဣသိတည်း။ ဣတိအတ္ထော၊ နက်။
အနုဋီကာတနည်း။ ။ သပရသန္တာနေသု (မိမိသန္တာန်သတူပါးသော သန္တာန်တို့၌) သီလာဒိဂုဏာနံ ဧသနဋ္ဌေန ဝါ ဣသယော (သီလအစရှိသော ဂုဏ်တို့ကို ရှာမှီးတတ်သည်၏ အဖြစ်ဟူသော အနက်ကြောင့် ဣသိ တို့မည်၏။) ဗုဒ္ဓါ ဒယော အရိယာ။ ဣသိဝ+သော+သတ္တမောစာတိ ဣသိသတ္တမောတိ ဧဝမေတ္တ အတ္ထော ဒဋ္ဌဗ္ဗော။ အဋ္ဌကထာနိဿယ၌ ဤနည်းကိုသာ ပေးခဲ့သည်။ ဥပါဒါယ၊ ဉာဏ်ဖြင့် ကပ်ယူ၍။ ဝါ၊ ထောက်စာ၍။ ဘဂဝါ၊ ဤငါးတို့မြတ်စွာဘုရားကို။ သတ္တမောတိ၊ ခုနစ်ဆူမြောက်ဟူ၍။ (သင်္ဂဟကာရေန) ဝုတ္တော၊ ။