ပေ၊
ပုဂ္ဂလပဏ္ဏတ္တီသု၊ ပုဂ္ဂိုလ်တို့ကို ကွဲကွဲပြားပြား သိစေခြင်းတို့၌။
ဝါ၊ ပုဂ္ဂိုလ်တို့ကို ကွဲကွဲပြားပြားသိအောင် ဟောပြခြင်းတို့၌။
(တစ်နည်း) ပုဂ္ဂလ ပဏ္ဏတ္တီသု၊ ပုဂ္ဂိုလ်တို့ကို အချင်းချင်း မရောယှက်အောင် ထားခြင်းတို့၌။
ပေ၊
ဣမေ၊ ဤသည်တို့ကား။
သတ္တ၊ ကုန်သော။
ပုဂ္ဂလာ၊ တို့တည်း။
ဥဘတောဘာဂဝိမုတ္တော၊ အရူပသမာပတ်အဖို့ မဂ်အဖို့တို့ဖြင့် နှစ်ပါးစုံသော ရူပကာယ နာမကာယအဖို့တို့မှလွတ်သော ပုဂ္ဂိုလ်လည်းကောင်း။
ပညာဝိမုတ္တော၊ အရူပဈာန် သမာဓိမပါ, အရဟတ္တမဂ် ပညာဖြင့်သာ ကိလေသာတို့မှလွတ်သော ပုဂ္ဂိုလ်လည်းကောင်း။
ကာယ သက္ခီ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဟူသော နာမကာယဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုသောပုဂ္ဂိုလ်လည်းကောင်း။
ဒိဋ္ဌိပ္ပတ္တော၊ သစ္စာ ၄-ပါးကို သိမြင်တတ်သော သောတာပတ္တိမဂ်ဉာဏ်၏ အဆုံးဖြစ်သော နောက်ကာလ၌ ရောက်သည်မည်လောက်အောင်နိဗ္ဗာန်သို့ ရောက်သော ပုဂ္ဂိုလ်လည်းကောင်း။
(တစ်နည်း)ဒိဋ္ဌိပ္ပတ္တော၊ သစ္စာ ၄-ပါးကို သိမြင်တတ်သော သောတာပတ္တိမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်သို့ ရောက်သောပုဂ္ဂိုလ်လည်းကောင်း။
သဒ္ဓါဝိမုတ္တော၊ သဒ္ဒါမျှဖြင့် ကိလေသာတို့မှ လွတ်သောပုဂ္ဂိုလ်လည်းကောင်း။
(အဋ္ဌကထာနည်း) (တစ်နည်း) သဒ္ဓါဝိမုတ္တော၊ သဒ္ဓါဖြင့် နိဗ္ဗာန်၌ စွဲစွဲမြဲမြဲသက်ဝင်သော ပုဂ္ဂိုလ်လည်းကောင်း။
(ဋီကာနည်း)။
ဓမ္မာနုသာရီ၊ သောတာပတ္တိမဂ်ပညာတရားသို့ အစဉ်လိုက်သော ပုဂ္ဂိုလ်လည်းကောင်း။
သဒ္ဓါနုသာရီ၊ သောတာပတ္တိမဂ်သဒ္ဓါသို့ အစဉ်လိုက်သော ပုဂ္ဂိုလ်လည်းကောင်းတည်း။
ဘန္တေ၊
ပုဂ္ဂလပဏ္ဏတ္တီသု၊ တို့၌။
(ယာဒေသနာ အတ္ထိ။)
ဧတံ၊ သည်။
အနုတ္တရိယံ၊ ပါတည်း။