Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Pāthikavaggapāḷi
(DN) Pāthikavaggapāḷi

Acchariyaabbhutaṃ

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဧဝံ၊ သို့။ ဝုတ္တေ၊ အပ်သော်။ အာယသ္မာ ဥဒါယီ၊ သည်။ (အရှင်မဟာဥဒါယီသည်)။ ပေ၊ အဝေါစ၊
(ကိံ) ဘန္တေ၊ တထာဂတဿ၊ ၏။ အပ္ပိစ္ဆတာ၊ အလိုတဏှာ ရှိတော်မမူသည်၏အဖြစ်သည်။ (အလိုတဏှာ ရှိတော်မမူခြင်းသည်။) သန္တုဋ္ဌိတာ၊ ပစ္စည်း ၄ပါးတို့၌ သန္တောသ ၃ပါးဖြင့် ကောင်းစွာနှစ်သက် ရောင့်ရဲခြင်း ရှိတော်မူသည်၏ အဖြစ်သည်။ (ကောင်းစွာ နှစ်သက်ရောင့်ရဲတော်မူခြင်းသည်)။ သလ္လေခတာ၊ ကိလေသာတို့ကို ခြင်ပစ်တော်မူတတ်သည်၏ အဖြစ်သည်။ (ကိလေသာတို့ကို ခြင်ပစ်တော်မူခြင်းသည်။) အစ္ဆရိယံ၊ လက်ဖြောက်ခတ်တီး, အံ့ချီးလောက်ပါပေစွ။ ဘန္တေ၊ အဗ္ဘုတံ၊ မဖြစ်စဖူးထူးဆန်းပါပေစွ။ ဝါဒါနုပါတော။ ။ ဤသို့ ပါဠိတော်၌လည်းကောင်း, ဋီကာ၌လည်းကောင်းမူကွဲရှိ၏။ ထိုအလို"ဝါဒါနုပါတော- မြတ်စွာဘုရားစကား၏ နောက်ထပ်ဖြစ်လာခြင်းသည်၊ ဝါ- နောက်ထပ်ဖြစ်လာသော မြတ်စွာဘုရား၏ စကားသည်"ဟု အရှင်သာရိပုတ္တအနေဖြင့် အနက်ပေးပါ၊ ဘုရားရှင်အနေဖြင့်ကား "ဝါဒါနုပါတော-ငါဘုရားစကား၏ နောက်ထပ်ဖြစ်လာခြင်းသည်"ဟု ပေး။
ယတြ တထာဂတော၊ အကြင် ဘုရားရှင်သည်။ ဧဝံ မဟိဒ္ဓိကော၊ ဤသို့ကြီးသောတန်ခိုး ရှိတော်မူပါပေ၏။ (သို့သကောက် တန်ခိုးကြီးတော်မူပါပေ၏)။ ဧဝံ မဟာနုဘာဝေါ၊ ဤသို့ အစွမ်းအာနုဘော် ရှိတော်မူပါပေ၏။ (သို့ကလောက် အစွမ်းအာနုဘော် ကြီးတော်မူပါပေ၏)။ အထစ ပန၊ ထိုသို့ ဖြစ်ပါလျက်။ (သော၊ ထို တထာဂတသည်)။ အတ္တာနံ၊ မိမိကို။ (မိမိ၏ဂုဏ်တို့ကို)။ နေဝ ပါတုကရိဿတိနာမ၊ ထင်ရှားအောင် ပြုတော်မမူပါပေ။ (ထင်ပေါ်အောင် ပြုတော်မမူပါပေ)။
ဘန္တေ၊ ဣတော၊ ဤ ဂုဏ်အပေါင်းမှ။ (အရှင် သာရိပုတ္တရာ လျှောက်အပ်ခဲ့သော ဂုဏ်တော်အပေါင်းမှ။) ဝါ၊ တွင်။ ဧကမေကံ၊ တစ်ပါးတစ်ပါးသော။ ဓမ္မံ၊ ဂုဏ်တရားကို။ အညတိတ္ထိယာ၊ သာသနာတော် အယူမှ တစ်ပါးသော အယူရှိကုန်သော။ ပရိဗ္ဗာဇကာ၊ တို့သည်။ အတ္တနိ၊ မိမိ၌။ စေပိ သမနုပဿေယျုံ၊ အကယ်၍မူလည်း တွေ့မြင်ကုန်အံ့။ (အကယ်၍ပင်တွေ့မြင်စေကာမူ)။ (ဧဝံသတိ)။ တေ၊ တို့သည်။ တာဝတကေနေဝ၊ ထိုမျှလောက်သော ဂုဏ်ဖြင့်ပင်။ (မိမိ၌ရှိမည့် ထိုတစ်ပါးတစ်လေသော ဂုဏ်တရားဖြင့်ပင်)။ ပဋာကံ၊ တံခွန်ကို (အလံကို)။ ပရိဟရေယျုံ၊ လွှင့်ထူ ဆောင်ယူကုန်ရာ၏။ ဝါ၊ နာဠန္ဒာတစ်မြို့လုံး လွှင့်ထူလှည့်လည်ကုန်ရာပါ၏။ ပေ။ ပါတုကရိဿတိ၊ ဣတိ၊ ပြီ။
ဥပါယိ၊ ဥဒါယီ။ တထာဂတဿ၊ ၏။ အပ္ပိစ္ဆတာ၊ သည်။ သန္တုဋ္ဌိတာ၊ သည်။ သလ္လေခတာ၊ သည်။ (ယာဒိသီ၊ အကြင်ကဲ့သို့ ရှုအပ်၏။ ဝါ၊ အကြင်သို့ သဘောရှိ၏။ တံ၊ ထို အပ္ပိစ္ဆတာ သန္တုဋ္ဌိတာ သလ္လေခတာ ဂုဏ်ကို။) တွံ၊ သည်။ ပဿ၊ ရှုစမ်းပါလော။ (ကြည့်စမ်းပါလော)။ [ဉာဏ်ဖြင့် ကြည့်စမ်းပါ-ဟူလို။]
ယတြ၊ ပေ၊ ပါတုကရိဿတိ၊ ဣတိ၊ ပြီ။
အထခေါ၊ ၌။ ပေ၊ အာမန္တေသိ၊ မိန့်တော်မူပြီ။
(ကိံ)၊ သာရိပုတ္တ၊ တသ္မာ၊ ကြောင့်။ ဣဟ၊ ဤ သာသနာတော်၌။ [တိဟ၊ ၌။ တ၊ အာဂုမ်။] တွံ၊ သည်။ ဣမံ ဓမ္မပရိယာယံ၊ ဤတရားဒေသနာတော်ကို။ [ပရိယာယ၊ သဒ္ဒါဒေသနာ အနက်ဟော။] ဘိက္ခူနံ၊ တို့အားလည်းကောင်း။ ပေ။ ဥပါသိကာနံ၊ ဥပါသိကာမတို့အားလည်းကောင်း။ အဘိက္ခဏံ၊ မပြတ်။ ဘာသေယျာသိ၊ ဟောပါလော။ ယတြ ဟိ နာမ။ ။ ဟိ-ကို အထူးမဖွင့်သောကြောင့် အနက်မရှိဟု ယူ၍လည်းကောင်း, "ပဿ ခေါ တွံ ဥဒါယီ"စသော နောက်စကားကို ကြည့်၍လည်းကောင်း ဤသို့ အနက်ပေးထားသည်၊ ဟိ- ကို အနက်ရှိဟု ယူလျှင် "ဟိ-အကြင်ကြောင့်၊ ယတြ တထာဂတော-သည်၊ပေ၊ ပါတုကရိဿတိ နာမ-ပါပေ၊ (တဿ_)၊ တထာဂဝဿ-၏။ အပ္ပိစ္ဆတာ- သည်၊ပေ၊ အစ္ဆရိရာ-စွ"ဟုပေးပါ၊ သို့ရာတွင် ထိုအနက်ကို "ပဿ ခေါ တွံ"စသော ဝါကျ၌ ပေး၍ အဆင်မပြေပါ။
သာရိပုတ္တ၊ ဟိ၊ ဟောရကျိုးကား။ ယေသံ မောဃပုရိသာနံ၊ အကြင် ဈာန် မဂ်ဖိုလ် မရှိသည့် အချည်းနှီးသော ယောကျ်ားတို့၏။ ဝါ၊ တို့မှာ။ [ယေသံပိ၊ ၌ ပိကို တေသံနှင့်တွဲမည်]။ တထာဂတေ၊ ငါဘုရား အပေါ်၌။ ကင်္ခါဝါ၊ ယုံမှားမှုသည်သော်လည်းကောင်း။ ဝိမတိဝါ၊ သို့လော သို့လောတွေးတောမှုသည်သော်လည်းကောင်း။ ဘဝိဿတိ၊ ဖြစ်လိမ့်မည်။ ဝါ၊ ရှိလိမ့်မည်။ တေသံပိ၊ တို့၏လည်း။ ဣမံ ဓမ္မပရိယာယံ၊ ကို။ သုတွာ၊ နာရ၍။ တထာဂတေ၊ ၌။ (ယာ)ကင်္ခါဝါ၊ သည်သော်လည်းကောင်း။ (ယာ) ဝိမတိဝါ၊ သည်သော်လည်းကောင်း။ (အတ္ထိ)၊ သာ၊ ထို ယုံမှားတွေးတောမှုကို။ ပဟီယိဿတိ၊ ပယ်အပ်လိမ့်မည်။ (ဝါ၊ ပယ်နိုင်လိမ့်မည်)။ ဣတိ၊ ဤသို့ မိန့်တော်မူပြီ။
ဣတိ၊ ဤသို့လျှင်။ အာယသ္မာသာရိပုတ္တော၊ ဘဂဝတော၊ ၏။ သမ္မုခါ၊ ရှေ့မှောက်တော်၌။ ဣဒံ သမ္ပသာဒံ၊ ဤကောင်းစားအပြားအားဖြင့် ကြည်ညိုခြင်းကို။ ဝါ၊ ဤကောင်းစွာ အပြားအားဖြင့် ကြည်ညိုကြောင်း သဒ္ဓါကို။ ပဝေဒေသိ၊ သိစေပြီ။ (သိအောင် လျှောက်ထားပြီ)။
တသ္မာ၊ ကြောင့်။ ဣမဿ ဝေယျာကရဏဿ၊ ဤဝေယျာကရဏ၏။ ဝါ၊ ဤဂါထာမဖက်အမေးအဖြေ သက်သက် ဖြစ်သော ဤသုတ်တော်၏။ သမ္ပသာဒနီယန္တေဝ၊ သမ္ပသာဒနီယ ဟူ၍သာ။ အဓိဝစနံ၊ အမည်သည်။ (ဟောတိ၊ ဖြစ်၏)။ ဣတိ၊ အပြီးတည်း။
ပဉ္စမံ၊ ငါးသုတ်မြောက်သော။ သမ္ပသာဒနီယသုတ္တံ၊ သည်။ နိဋ္ဌိတံ၊ ပြီးပြီ။