Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Pāthikavaggapāḷi
(DN) Pāthikavaggapāḷi

Sassatavādadesanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

သဿဝါဒေသု၊ သဿဝါဒတို့၌။ ဝါ၊ မြဲ၏ဟု ဖြစ်သောအယူတို့၌။ ပေ။
ဘန္တေ၊ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သော။ သမဏောဝါ၊ သမဏသည်သော်လည်းကောင်း။ (ရသေ့သည်သော်လည်းကောင်း။) ဗြာဟ္မဏောဝါ၊ ဗြာဟ္မဏသည်သော်လည်းကောင်း။ (ပုဏ္ဏားသည်သော်လည်းကောင်း)။ အာတပ္ပံ၊ ကိလေသာကို လွန်စွာနှိပ်စက် ပယ်ဖျက်နိုင်စွ ဥပစာရတိုင်အောင်သော ဝီရိယကို။ အနွာယ၊ အစဉ်လိုက်၍။ ဝါ၊ စွဲ၍။ ပဓာနံ၊ အားထုတ်တတ်စွာ အပ္ပနာဝီရိယကို။ အနွာယ၊ ၍။ အနုယောဂံ၊ ဈာန်မှတစ်ဆက်, အဘိညာဉ်တက်ဖို့, စိတ်စက်နှိမ်ရန်, အဖန်ဖန် အားထုတ်တတ်သော ဝီရိယကို။ အနွာယ၊ ၍။ အပ္ပမာဒံ၊ မမေ့မလျော့ကြောင်း သတိကို။ အနွာယ၊ ၍။ သမ္မာ၊ ကောင်းစွာ။ ဝါ၊ သင့်သောအကြောင်းအားဖြင့်။ မနသိကာရံ၊ နှလုံးသွင်းခြင်းကို။ ဝါ၊ နှလုံးသွင်းကြောင်းဉာဏ်ကို။ အနွာယ၊ ၍။ ယထာ၊ အကြင် စတုတ္ထဈာန် သမာဓိဖြင့်။ စိတ္တေ၊ ကို။ သမာဟိတေ၊ ကောင်းစွာ အာရုံ၌ ထားအပ်ပြီးသော်။ (ထားအပ်ပြီးသောအခါ)။ အနေကဝိဟိတံ၊ တစ်ပါးမကများသောအပြားရှိသော။ ပုဗ္ဗေနိဝါသံ၊ ရှေး၌ နေအပ်ဖူးသော ခန္ဓာအစဉ်ကို။ အနုဿရတိ၊ အစဉ်လျောက်၍ အောက်မေ့နိုင်၏။ တထာရူပံ၊ ထိုသို့ သဘောရှိသော။ စေတော သမာဓိံ၊ စိတ်၏ သမာဓိကို။ ဖုသတိ၊ ထိရောက်၏။ ဝါ၊ ရ၏။

သေယျထိဒံ၊ အဘယ် ပုဗ္ဗေနိဝါသကိုနည်း။ (တစ်နည်း) သေယျထိဒံ၊ ထိုပုဗ္ဗေနိဝါသဟူသည် အဘယ်နည်း။ ဧကမ္ပိ ဇာတိံ။ပေ။ အနုဿာရတိ။ [ဥဒုမ္ဗရိကသုတ်, ပုဒ်စဉ်နံပါတ်(၇၂)၌ အနက်ရေးခဲ့ပြီ။]

သော၊ ထို သမဏ ဗြာဟ္မဏသည်။ (ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ရသော ထိုသမဏ ဗြာဟ္မဏသည်)။ (ဒိဋ္ဌိဂတိတော၊ မိစ္ဆာအယူရှိသည်။) (ဟုတွာ)။ အာတပ္ပမနွာယ။ ။ အာတပ္ပစသည်တို့၏အနက်ကို သီလက္ခန် ဋ္ဌ၊ သဿတဝါဒ အဖွင့်အတိုင်း အနက်ပေးထားသည်၊ ပုဒ်စဉ် (၁၄၉)၌ကား ဤအဋ္ဌကထာအဖွင့်အတိုင်း အနက်ပေးခဲ့သည်။

ဧဝံ၊ သို့။ အာဟ၊ ပြောပြီ။ (ကိံ၊ နည်း)။ အဟံ၊ သည်။ အတီတံ၊ အတိတ်ဖြစ်သော (လွန်လေပြီးသော)။ အဒ္ဓါနံပိ၊ ကာလကိုလည်း။ ဇာနာမိ၊ ၏။ (ကိံ၊ နည်း။) လောကော၊ ကမ္ဘာလောကသည်။ သံဝဋ္ဋိဝါ၊ ပျက်လည်းပျက်ခဲ့ပြီ။ ဝိဝဋ္ဋိဝါ၊ ဖြစ်လည်းဖြစ်ခဲ့ပြီ, (တည်လည်းတည်ခဲ့ပြီ။) ဣတိ၊ ဤသို့ သိ၏။ အဟံ၊ သည်။
အနာဂတံ၊ အနာဂတ်ဖြစ်သော။ အဒ္ဓါနံပိ၊ ကိုလည်း။ ဇာနာမိ၊ (ကိံ)၊ လောကော၊ သည်။ သံဝဋ္ဋိဿတိဝါ၊ ပျက်လည်းပျက်လိမ့်မည်။ ဝိဝဋ္ဋိဿတိဝါ၊ တည်လည်း တည်လိမ့်မည်။ ဣတိ၊ ဤသို့ သိ၏။
အတ္တာစ၊ အတ္တသည်လည်းကောင်း။ လောကောစ၊ လောကသည်လည်းကောင်း။ (သတ္တဝါဟု ခေါ်သော ခန္ဓာငါးပါးသည်လည်းကောင်း။) သဿတော၊ အခါခပ်သိမ်းထင်ရှားရှိ၏။ ဝါ၊ မြဲ၏။ ဝဉ္ဈော၊ တစ်စုံတစ်ခုသောအကျိုးကို မပေါက်ဖွားတတ်သဖြင့် အမြုံနှင့်တူ၏။ ကူဋဋ္ဌော၊ တောင်ထွဋ်အလား မလှုပ်ရှားပဲ ခိုင်မြဲစွာတည်၏။ ဧသိကဋ္ဌာယိဋ္ဌိတော၊ မယိမ်းမယိုင် မြဲခိုင်စွာတည်သော တံခါးတိုင်ကဲ့သို့တည်၏။
တေစ သတ္တာ၊ ထိုသတ္တဝါတို့သည်ကား။ သန္ဓာဝန္တိ၊ တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွားကြရကုန်၏။ သံသရန္တိ၊ တစ်ပြောင်းပြန်ပြန်ကျင်လည်ကြရကုန်၏။ စဝန္တိ၊ စုတေ ရွေ့လျောကြရကုန်၏။ ဥပပဇ္ဇန္တိ၊ ပဋိသန္ဓေနေကြရကုန်၏။ သဿတိသမံ၊ အခါခပ်သိမ်း ထင်ရှားရှိသော မြင့်မိုရ်တောင် မြေလ နေ နက္ခတ်တို့နှင့်တူစွာ။ အတ္ထိတွေဝ၊ အမြဲရှိသည်သာ။ ဣတိ၊ ဤသို့ပြောပြီ။
အယံ၊ ကား။ ပဌမော၊ သော။ သဿတဝါဒေါ၊ တည်း။
ဧကမ္ပိ၊ တစ်ခုလည်းဖြစ်သော။ သံဝဋ္ဋဝိဝဋ္ဋံ၊ သံဝဋ္ဋဝိဝဋ္ဋကပ်ကိုလည်းကောင်း။ ဝါ၊ သံဝဋ္ဋသံဝဋ္ဋဋ္ဌာယီ ဝိဝဋ္ဋဝိဝဋ္ဋဋ္ဌာယီကပ်ကိုလည်းကောင်း။ ပေ။ ဒသပိ၊ ကုန်သော။ သံဝဋ္ဋဝိဝဋ္ဋာနိ၊ သံဝဋ္ဋဝိဝဋ္ဋကပ်တို့ကိုလည်းကောင်း။ ဝါ၊ သံဝဋ္ဋ သံဝဋ္ဋဋ္ဌာယီ, ဝိဝဋ္ဋ ဝိဝဋ္ဋာဋ္ဌာယီကပ်တို့ကိုလည်းကောင်း။ [ဤပုဒ်များသာ ထူးသည်။] ဒသပိ၊ ကုန်သော။ သံဝဋ္ဋဝိဝဋ္ဋာနိ၊ တို့ကိုလည်းကောင်း။ ပေ။ စတ္တာလီသမ္ပိ၊ ၄ဝလည်းဖြစ်သော။ သံဝဋ္ဋဝိဝဋ္ဋာနိ၊ တို့ကိုလည်းကောင်း။ [ဤပုဒ်များသာ ထူးသည်။ ဤသဿတဝါဒနှင့်စပ်၍ မှတ်ဖွယ်များကို သီလက္ခန် အဋ္ဌကထာ၌ရှု။]