Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Pāthikavaggapāḷi
(DN) Pāthikavaggapāḷi

Bhassasamācārādidesanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ပေ၊ ဘဿသမာစာရေ၊ ပြောအပ်သော စကားဟူသော အကျင့်၌။ ဝါ၊ စကားပြောခြင်းဟူသော အကျင့်၌။ ပေ၊

ဘန္တေ၊ ဤသာသနာတော်၌။ ဣဓ၊ ဤသာသနာတော်၌။ ဧကစ္စော၊ အချို့သော ရဟန်းသည်။ မုသာဝါဒူပဉှိတံ၊ မုသာဝါဒနှင့် စပ်ယှဉ်သော။ ဝါစံ စေဝ၊ စကားကိုလည်း။ န ဘာသတိ၊ မပြော။ ဝေဘူတိယံစ၊ တစ်ဦးနှင့် တစ်ဦး အသီးအခြား ဖြစ်ခြင်း၌ ယှဉ်သော စကားကိုလည်း။ ဝါ၊ ညီညွတ်သူတို့ကို ကွဲပြားအောင် ပြုတတ်သောစကားကိုလည်း။ န ဘာသတိ၊ မပြော။ ပေသုဏိယံစ၊ ချစ်ခြင်း၏ ကင်းဆိတ်ခြင်းကို ပြုတတ်သောစကားကိုလည်း။ ဝါ၊ ဂုန်းတိုက်ကြောင်း စကားတို့လည်း။ န ဘာသတိ၊ ဇယာပေက္ခော၊ အောင်ခြင်း၌ ရှုငဲ့သည်ဖြစ်၍။ ဝါ၊ အနိုင်ရလိုသည်ဖြစ်၍။ သာရမ္ဘဇံစ၊ ခြုတ်ခြယ်စော်ကားကြောင်း ဒေါသကြောင့် ဖြစ်သောစကားကိုလည်း။ နဘာသတိ၊ မန္တာ၊ ပညာဖြင့်။ မန္တာစ၊ သိ၍လည်း။ ဝါ၊ စဉ်းစားနှိုင်းချိန်၍လည်း။ ကာလေန၊ သင့်လျော်ရာအခါ၌။ နိဓာနဝတိံ၊ စိတ်တည်းဟူသော သိုမှီးသိမ်းဆည်းထားရာရှိသော။ ဝါ၊ စိတ်ထည်း၌ သိမ်းဆည်းထားထိုက်သော။ ဝါစံ၊ ကို။ ဘာသတိ၊ ပေ။

ပုရိသသီလ သမာစာရေ၊ ‌ ယောကျာ်းပုဂ္ဂိုလ်၏ စင်ကြယ်သော သီလ, စင်ကြယ်သော စိတ်အကျင့်၌။ ပေ။

ဘန္တေ၊ ဣဓ၊ ဤသာသနာတော်၌။ ဧကစ္စော၊ အချို့သော ရဟန်းသည်။ သစ္စောစ၊ မှန်သော စကားရှိသည်လည်းကောင်း။ ဝါ၊ မှန်သော စကားကို ပြောသည်လည်းကောင်း။ သဒ္ဓေါစ၊ သဒ္ဓါရှိသည်လည်းကောင်း။ အဿ၊ ဖြစ်ရာ၏။ ကုဟကောစ၊ လူအပေါင်းကို အံ့ဩစေတတ်သူသည်လည်း။ န၊ မဟုတ်။ လပကောစ၊ မြှောက်ပင့်၍ ပြောဆိုတတ်သူသည်လည်း။ န၊ မဟုတ်။ နေမိတ္တိကောစ၊ ပစ္စည်းလှူဖို့ရန် အရိပ်နိမိတ်ကို ပြုခြင်းအလေ့ရှိသူသည်လည်း။ဣဓ ဧကစ္စော။ ။ အဋ္ဌကထာ၌ ဧကစ္စောအရ ဘိက္ခုကို ဖွင့်ထား၏၊ ထို့ကြောင့် "ဣဓ-ဤသာသနာတော်၌" ဟု ပေးသည်၊ ထိုသို့ အထူးမဖွင့်သောနေရာ, သို့မဟုတ်သာသနာတော်နှင့်မသက်ဆိုင်သော နေရာ၌မူ "ဣဓ-ဤလောက၌၊ ဧကစ္စော- အချို့သူသည်၊ (အချို့ပုဂ္ဂိုလ်သည်)"ဟု ပေးရသည်။
စတုရင်္ဂသမန္နာဂတ သုဘာသိတဝါစာ။ ။ "န စေဝ မုသာဝါဒူပသဉှိတံဝါစံ ဘာသတိ"စသည်ကို ကြည့်၍ ဘာသာဋီကာ၌ အင်္ဂါ(၄)ပါးကို ရေတွက်ပြခဲ့၏၊ ဓမ္မသင်္ဂဏီမူလဋီကာ ဝစီကမ္မဒွါရကထာ အဖွင့် (၇၅)၌ သဂါထာဝဂ္ဂဝင်္ဂီသသုတ်ကို မှီး၍ဖွင့်ထားလေသည်၊ ထို ဋီကာအဖွင့်နှင့် ဘာသာဋီကာ၌ပြခဲ့သော ရှေးနိဿယအဆိုသည် ညီညွတ်ပေသည်။
န၊ မဟုတ်။ နိပ္ပေသိကောစ၊ ဒါယကာ၏ဂုဏ်ကို ကြိတ်ချေဖျက်ဆီးခြင်းအလေ့ရှိသူသည်လည်း။ န၊ မဟုတ်။ လာဘေန၊ တစ်အိမ်၌ ရအပ်သောညံ့သော လာဘ်ဖြင့်။ လာဘံ၊ အခြားတစ်အိမ်၌ရမည့်‌ ကောင်းသော လာဘ်ကို။ နိဇိဝီသနကောစ၊ ရှာမှီးတတ်သူသည်လည်း။ န၊ မဟုတ်။

ဣန္ဒြိယေသု၊ စက္ခုစသား ၆-ပါးသော ဣန္ဒြေတို့၌။ ဂုတ္တဒွါရော၊ စောင့်စည်းအပ်သော ဒွါရရှိ၏။ ဝါ၊ သတိဟူသော တံခါးရွက်ဖြင့် စောင့်စည်း ပိတ်ဆို့ထားအပ်သော တံခါးပေါက်ရှိ၏။ ဘောဇနေ၊ ဘောဇဉ်၌။ ဝါ၊ ‌ဘောဇဉ်ကို မှတ်, လေးရပ်သောပစ္စည်း၌။ မတ္တညူ၊ ရှာမှီး ခံယူသုံးဆောင် စွန့်လှူရာဝယ်အတိုင်းအရှည်ကို သိ၏။ သမကာရီ၊ အညီအမျှ ပြုလေ့ရှိ၏။ [ကာယဒုစရိုက်စသည်ကို ပယ်၍ ကုသိုလ်တရားကို ကျင့်ခြင်းတည်း။] ဇာဂရိယာနုယောဂံ၊ နိုးကြားသူ၏အဖြစ်ကို အဖန်ဖန် အားထုတ်မှုကို။ ဝါ၊ နိုးကြားမှုကို အဖန်ဖန်အားထုတ်မှုကို။ အနုယုတ္တော၊ လွန်စွာ အားထုတ်၏။ အတန္ဒိတော၊ ပျင်းရိခြင်းမရှိ။ အာရဒ္ဓဝီရိတော၊ အားထုတ်အပ်သော ဝီရိယရှိ၏။

ဈာယီ၊ ကသိုဏ်းစသော အာရုံ, အနိစ္စစသော လက္ခဏာကို ရှုလေ့ရှိ၏။ သတိမာ၊ သတိရှိ၏။ ကလျာဏပဋိဘာနော၊ ကောင်းသော ရှေးရှုထင်လာသောဉာဏ်ရှိ၏။ ဝါ၊ ကောင်းသောဉာဏ်အား ရှေးရှုထင်လာသော စကားလည်းရှိ၏။ ဂတိမာ၊ မကြားနာအပ်သေးသော တရားတော်ကို သိစွမ်းနိုင်သောပညာရှိ၏။ ဓိတိမာ၊ ကြားနာအပ် သင်ယူအပ်ပြီးသောတရားတော်ကို ဆောင်ထားမှတ်သားနိုင်သောပညာရှိ၏။ မတိမာ၊ တရားတော်ကို သိစွမ်းနိုင်သောပညာရှိ၏။ ကာမေသု၊ ဝတ္ထုကိလေသာ နှစ်ဖြာသော ကာမတို့၌။ ဂိဒ္ဓေါစ၊ လိုချင် မက်မောသူသည်လည်း။ န၊ မဟုတ်။ သတောစ၊ ရှေ့တိုး နောက်ဆုတ်စသော ကိစ္စစု၌သတိမပြတ် အမှတ်လည်း ရတတ်၏။ နိပကောစ၊ ပညာအားဖြင့်လည်း ရင့်ကျက်၏။

ဝါ၊ ဆန့်ကျင်ဘက် ကိလေသာတို့ကို ခြောက်သွေ့စေတတ် ပယ်ရှားတတ်သူလည်းဖြစ်၏။ ဘ‌န္တေ၊ ပုရိသသီလ သမာစာရေ၊ ၌။ (ယာဒေသနာ၊ အတ္ထိ)။ ဧတံ၊ သည်။ အနုတ္တရိယံ၊ ပါတည်း။ဈာယီ။ ။ အာရမဏူပနိဇ္ဈာန် လက္ခဏနိဇ္ဈာန်တို့ဖြင့် ကသိုဏ်းစသော အာရုံ, အနိစ္စစသော လက္ခဏာ, နိဗ္ဗာန်၏ တထလက္ခဏာကိုရှုလေ့ရှိ၏- ဟု အကျယ်ဆိုပါ၊ ထိုဈာန်နှစ်ပါး၏အဖွင့်ကို ၊ ဋ္ဌ၊ ၁, ၁၁၆-၌ရှု။
မတိမာ။ ။ မတိမာနေရာဝယ် ဋီကာ၌ "မုတိမာ"ဟု ပါဌ်ရှိ၏၊ ထိုအလို "မုတိမာ-စဉ်းစားနှိုင်းချိန်နိုင်သော (အနုမာန)ပညာရှီ၏"ဟု ပေး။