Issues
Select Version
နိဿယ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
(DN)Mahāvaggaṭīkā
(DN)Mahāvaggaṭīkā

Iriyāpathapabbavaṇṇanā

Author: နိဿယ @ IAPT

ဣရိယာပထဝသေနာတိ၊ ကား။ ဣရိယနံ၊ ပြုလုပ်မှု အမူအရာတည်း။ ဣရိယာ၊ ပြုလုပ်မှု အမူအရာ။ ကိရိယာ၊ ပြုလုပ်မှု အမူအရာ။ ပန၊ ထူးခြားချက်ကား။ ဣဓ၊ ဤဣရိယာပထပဗ္ဗကာယာနုပဿနာအရာ၌။ ကာယိကပယောဂေါ၊ ကိုယ်၌ဖြစ်သော ပြုလုပ်မှု အမူအရာကို။ ဝေဒိတဗ္ဗော၊ ဣရိယာဟု သိထိုက်၏။
ဣရိယာနံ၊ ကိုယ်အမူအရာ တို့၏။ ပထော၊ အကြောင်းတည်း။ ပဝတ္တိမဂ္ဂေါ၊ ဖြစ်ခြင်း၏ လမ်းကြောင်းတည်း။ ဣတိ၊ ထို့ကြောင့်။ ဣရိယာပထော၊ ဣရိယာပထမည်၏။ ဂမနာဒိဝသေန၊ သွားခြင်းအစရှိ သည်တို့အနေအားဖြင့်။ ပဝတ္တာ၊ ဖြစ်သော။ သရီရာဝတ္ထာ၊ ခန္ဓာကိုယ်၏ အခိုက်အတန့် အမူအရာတည်း။
ဟိ၊ ချဲ့ဦးအံ့။ သတ္တော၊ သတ္တဝါသည်။ ဂစ္ဆန္တော ဝါ၊ သွားလျက်လည်း ကောင်း။ ဌိတော ဝါ၊ ရပ်လျက်လည်းကောင်း။ နိသိန္နောဝါ၊ ထိုင်လျက်လည်းကောင်း။ နိပန္နော ဝါ၊ လျောင်းစက်လျက်လည်းကောင်း။ ကာယေန၊ ကိုယ်ဖြင့်။ ကာတဗ္ဗကိရိယံ၊ ပြုရသည့်အမူအရာကို။ ကရောတိ၊ ပြုလုပ်၏။ တေသံ ဣရိယာပထာနံ၊ ထိုကိုယ်အမူအရာ တို့၏ အကြောင်းဖြစ်သော သွားခြင်းအစရှိသည်တို့၏။ ဝသေန၊ အပြားအားဖြင့်။ ဣရိယာပထဝိဘာဂေ‌န၊ ကိုယ်အမူအရာတို့၏ အကြောင်းဖြစ်သော ဝေဖန်အပ်သော လျောင်းယိုင်ရပ်သွား လေးပါးအပြားအားဖြင့်။ ဣတိ၊ ဤကား။ အတ္ထော၊ တည်း။
ပုန စ ပရန္တိ၊ ကား။ ပုန စ၊ နောက်ထပ်လည်း။ အပရံ၊ အခြားသော ကမ္မဋ္ဌာန်းကို။ ယထာဝုတ္တအာနာပါနကမ္မဋ္ဌာနတော၊ ပြဆိုအပ်ခဲ့ပြီးသမျှသော အာနာပါနကမ္မဋ္ဌာန်းမှ။ ဘိယျော၊ အပိုအလွန်ဖြစ်သော။ အညံ၊ အခြားသော။ ကာယာနုပဿနာကမ္မဋ္ဌာနံပိ၊ ကိုလည်း။ ကထေမိ၊ ဟောတော်မူအံ့။ သုဏာထ၊ နာယူကုန်လော။ ဣတိ ဝါ၊ ဤသို့လည်း။ အဓိပ္ပါယော၊ ဆိုလိုအပ်သော အနက်ကို ။ (ဒဋ္ဌဗ္ဗော၊ မှတ်ပါလေ။)
ဂစ္ဆန္တောဝါတိ အာဒိ ဂစ္ဆန္တော ဝါ၊ အစရှိသော စကားတော်သည်။ ဂမနာဒိမတ္တဇာနနဿစ၊ သွားခြင်းအစရှိ သည်မျှဖြစ်သော သာမာန်အမှုအရာကို သိခြင်း၏လည်းကောင်း။ ဂမနာဒိဂတဝိသေ သဇာနနဿ စ၊ သွားခြင်းအစရှိသောအားဖြင့်ဖြစ်သော ထူးခြားသော ရုပ်ဖြစ်စဉ် အမူအရာကို သိခြင်း၏လည်းကောင်း။ ဝါ၊ နှင့်လည်းကောင်း။ သာဓာရဏဝစနံ၊ သက်ဆိုင်သော စကားတော်တည်း။ တတ္ထ၊ ထိုသိခြင်းနှစ်မျိုးတို့တွင်။ ဂမနာဒိမတ္တဇာနနံ၊ ကို။ ဣဓ၊ ဤကာယာနုပဿနာဘာဝနာ၌။ နာဓိပ္ပေေ၊ အလိုမရှိအပ်။ ဂမနာဒိဂတ ဝိသေသဇာနနံပန၊ ကိုကား။ အဓိပ္ပေတံ၊ အလိုရှိအပ်၏။ ဣတိ၊ ထို့ကြောင့်။ တံ (ဂမနာဒိဂတဝိသေသဇာနနံ)၊ ကို။ ဝိဘဇိတွာ၊ အကျယ်ခွဲဝေ၍။ ဒဿေတုံ၊ ပြတော်မူ ခြင်းငှာ။ တတ္ထ ကာမန္တိအာဒိ၊ တတ္ထ ကာမီ-အစရှိသော စကားရပ်ကို ။ (အာစရိယေန) ဝုတ္တံ၊ ပြီ။
သတ္တူပလဒ္ဓိန္တိ၊ ကား။ သတ္တော၊ သတ္တဝါသည်။ အတ္ထိ၊ အစစ်အမှန်ရှိ၏။ ဣတိ၊ ဤသို့သော။ ဥပလဒ္ဓိံ၊ အယူကို။ သတ္တဂ္ဂါဟံ၊ သတ္တဝါဟု စွဲလမ်းယူဆမှုကို။
န ဇဟတိ န ပရိစ္စဇတိ၊ မစွန့် (ကသ္မာ၊ အဘယ့်ကြောင့်နည်း) အဟံ၊ ငါသည်။ ဂစ္ဆာမိ၊ သွား၏။ မမ၊ ငါ၏။ ဂမနံ၊ သွားခြင်း။ ဣတိဝါဟသဗ္ဘာဝတော၊ ဤသို့သော ယူဆမှု၏ ထင်ရှားရှိသည် အဖြစ်ကြောင့်တည်း။
တတောဧဝ၊ ထိုသတ္တဝါရှိ၏ဟူသော အယူကို မစွန့်သည်အဖြစ် ကြောင့်ပင်လျှင်။ အတ္တသညံ၊ အတ္တကောင်ဟူ၍ အမှတ်မှားမှုကို။ (န ဥဂ္ဃါတေတိ၊ မပယ်နုတ်) ကာရကော၊ ပြုလုပ်တတ်သော။ ဝေဒကော၊ ခံစားတတ်သော။ အတ္တာ၊ အသက်ရှင်အတ္တကောင်သည်။ အတ္ထိ၊ ရှိ၏။ ဣတိ ဧဝံ၊ ဤသို့။ ပဝတ္တံ၊ ဖြစ်သော။ ပရီတသညံ၊ လွဲမှားဖောက်ပြန်သော မှတ်ထင်မှုကို။ န ဥဂ္ဃါတေတိ နာပနေတိ၊ မပယ်နုတ် (ကသ္မာ၊ နည်းဟူမူ။ ဂမနာဒိမတ္တဇာနနဿ၊ ၏။ ဝါ၊ သည်။) အပ္ပဋိပက္ခဘာဝတော၊ သတ္တူသပလဒ္ဓိနှင့် အတ္တသညာ၏ ဆန့်ကျင်ဘက်မဟုတ်သည်အဖြစ်ကြောင့်တည်း။ ဝါ၊ သို့မဟုတ်။ အနနုဗြူဟနတော၊ ကာယာနုပဿနာဘာဝနာကို မတိုးပွားစေသည်အဖြစ် ကြောင့်တည်း။
စ၊ ထို့အပြင်။ ဧဝံ ဘူတဿ၊ ဂမနာဒိမတ္တဇာနနဖြစ်၍ သတ္တူပလဒ္ဓိကို မစွန့်သူဖြစ်နေသော။ အဿ၊ ထိုသူ၏။ ဝါ၊ ထိုသူမှာ။ ကုတော၊ အဘယ်ကြောင့်။ ကမ္မဋ္ဌာနာဒိဘာဝေါ၊ ကမ္မဋ္ဌာန်းစသည်တို့၏ ဖြစ်ခြင်းသည်။ (ဟောတိ၊ ဖြစ်နိုင်ပါတော့အံ့ နည်း။) ဣတိ၊ ထို့ကြောင့်။ ကမ္မဋ္ဌာနံ ဝါပ။ န ဟောတီတိ၊ ဟူ၍။ (အာစရိယော)
ဣမဿ ပနာတိ အာဒိ၊ ဣမဿ ပန-အစရှိသော စကားရပ်သည်။ သုက္ကပက္ခော၊ ဖြူစင်သော ဘက် (အကောင်းဘက်)တည်း (မှန်ကန်စွာ သိခြင်းကို ဖော်ပြသော စကားရပ်အဖို့တည်း) တဿ၊ ထိုသုက္ကပက္ခစကားရပ်၏။ အတ္ထော၊ အနက်ကို။ ဝုတ္တ ဝိပရိယာယေန၊ ဆိုအပ်ပြီးသော ကဏှပက္ခစကားရပ်၏ ပြောင်းပြန်အားဖြင့်။ ဝေဒိတဗ္ဗော၊ သိရမည်။
ဟိ၊ မှန်၏။ တမေဝ အတ္ထံ၊ ထိုကပက္ခ၏ ပြောင်းပြန်သိအပ်သော အနက်ကိုပင်လျှင်။ ဝိဝရိတုံ၊ ဖွင့်ပြခြင်းငှာ။ ဣဒဉှီတိ အာဒိ၊ ဣဒဥ္စအစရှိသည်ကို ။ (အာစရိယေန) ဝုတ္တံ၊ ပြီ။
တတ္တ၊ ထို ဣဒဉှိ-အစရှိသော စကားရပ်၌။ ကော ဂစ္ဆတီတိ၊ ကော ဂစ္ဆတိ-ဟူသော ပုစ္ဆာသည်။ သာဓနဉ္စ၊ သွားခြင်း ကိရိယာကို ပြီးစီးစေသော ကတ္တားကိုလည်းကောင်း။ ကိရိယဉ္စ၊ သွားခြင်းကိရိယာကိုလည်းကောင်း။ အဝိနိဗ္ဘုတ္တံ= တစ်ခုစီမခွဲခြားအပ်သည်ကို။ ကတွာ၊ ပြု၍။ ဂမနကိရိယာယ၊ သွားခြင်း ကိရိယာ၏။ ကတ္ထုပုစ္ဆာ၊ ကတ္တားကို မေးမြန်းကြောင်း မေးခွန်းတည်း။ သာ၊ ထိုမေးခွန်းသည်။ ဓမ္မမတ္တဿေ၀၊ (ပုဂ္ဂိုလ် သတ္တဝါ အတ္တမဟုတ်သော) တရားသဘောမျှ၏သာလျှင်။ ဂမနသိဒ္ဓိဒဿနတော၊ သွားခြင်းကြိယာ၏ ပြီးစီးမှုကို ပြသည်အဖြစ်ကြောင့်။ ကတ္တုဘာဝဝိသိဋ္ဌအတ္ထပဋိက္ခေပတ္တာ၊ သွားခြင်းကိရိယာကို ပြုလုပ်သူ ကတ္တားအဖြစ်ဖြင့် အထူးပြုအပ်သော အတ္တကို ပယ်မြစ်ခြင်းအနက်ရှိ၏။
ကဿ ဂမနန္တိ၊ ကဿ ဂမနံ-ဟူသော ပုစ္ဆာဖြင့်။ တမေ၀ အတ္တံ၊ သွားတတ်သူဟူသော ကတ္တားမရှိခြင်းဟူသော ထိုအနက်ကိုပင်။ ပရိယာယန္တရေန၊ အကြောင်းပရိယာယ်တမျိုး ဖြင့်။ ဝဒတိ၊ ဆို၏။ (ကသ္မာ၊ နည်းဟူမူ။) သာဓနံ စ၊ ကိုလည်းကောင်း။ ကိရိယံ စ၊ ကောင်း။ ဝိနိဗ္ဘုတ္တံ၊ တစ်ခုစီ ခွဲခြားအပ်သည်ကို။ ကတွာ၊ ပြု၍။ ဂမနကိရိယာယ၊ ၏။ အကတ္တုသမ္ဗန္နီဘာဝ ဝိဘာဝနတော၊ ပြုလုပ်သူကတ္တားနှင့် မဆက်စပ်သည်အဖြစ်ကို ထင်ရှားပြသည်အဖြစ်ကြောင့်တည်း။
ဟိ၊ မှန်၏။ **ပဋိက္ခေပတ္တံ**၊ ပယ်မြစ်ခြင်းအနက်ကို။ အန္တောနီတံ ၁။ ပဋိက္ခေပတ္ထံ အန္တောနီတံ ကတွာ ။ ။ “ကော ဂစ္ဆတိ၊ ကဿ ဂမနံ”ဟူသော ပုစ္ဆာနှစ်မျိုး၌ ပယ်မြစ်ခြင်းအနက်ကို အထဲမှာ သွင်းလှောင်အပ်သည်ဟု ဆိုရာ၌ ပုဂ္ဂိုလ်သတ္တဝါက သွားသည်၊ ပုဂ္ဂိုလ် သတ္တဝါ၏ သွားခြင်းဖြစ်သည်ဟု အယူအဆ လွဲမှားမှုကို ပယ်မြစ်ခြင်း အနက်ကို သွင်းလှောင်ထားသည်ဟု ဆိုလို၏။ ကော ဂစ္ဆတီတိ န ကောစိ သတ္တော ဝါ ပုဂ္ဂလော ဝါ ဂစ္ဆတိ (ဘယ်သူသွားသလဲ၊ ဘယ်သူမျှ မသွား၊ မည်သည့်ပုဂ္ဂိုလ် သတ္တဝါမျှ မသွား) ကဿ ဂမနန္တိ န ကဿစိ သတ္တဿ ဝါ ပုဂ္ဂလဿ ဝါဂမနံ (ဘယ်သူ၏ သွားခြင်းလဲ၊ ဘယ်သူ၏သွားခြင်းမျှမဟုတ်၊ မည်သည့်ပုဂ္ဂိုလ်သတ္တဝါ၏ သွားခြင်းမျှမဟုတ် ဤသို့ ပယ်မြစ်သည်၊ ယင်းအနက်ကို သိုလှောင်ထားသည်ဟု ဆိုလို၏၊ တဖန် ယင်းသို့ ဘယ်သူမျှ မသွားဘူးဆိုလျှင် ကိ ကာရဏာ ဂစ္ဆတိ (ဘာကြောင့်သွားသလဲ) စိတ္တကိရိယဝါဓာတုဝိပ္ဖါရေန ဂစ္ဆတိ (စိတ်က ပြုအပ်သော အမူအရာဖြစ်သော ဝါယောဓာတ် လွန်ကဲသော ရုပ်ကလာပ်၏ လှုပ်ရှားမှုကြောင့် သွားသည်)စသည်ဖြင့် အဋ္ဌတကာမိန့်ဆိုသည်။ ၊ အတွင်း၌ သွင်းလှောင်ထားအပ်သည်ကို။ ကတွာ၊ ပြု၍။ ဥဘယတ္ထ၊ ကော ဂစ္ဆတိ, ကဿ ဂမနံ-ဟူသော ပုစ္ဆာနှစ်မျိုးအပေါင်း၌။ ကိံ သဒ္ဒေါ၊ ကိံ သဒ္ဒါသည်။ ပဝတ္တော၊ ဖြစ်ပြီ။
ပန၊ ထိုမှတပါး။ ကိံ ကာရဏာတိ၊ ကိံ ကာရဏာ-ဟူသော ပုစ္ဆာသည်။ ပဋိက္ခိတ္ကကတ္တုကာယ၊ ပယ်မြစ်အပ်ပြီးသော ကတ္တားရှိသော။ ဂမနကိရိယာယ၊ ၏။ အပိပရိတကာရဏပုစ္ဆာ၊ မလွဲဧကန် မှန်သော (စိတ္တကိရိယ ဝါယောဓာတုဝိပ္ဖါရဟူသော) အကြောင်းကို မေးကြောင်းပုစ္ဆာတည်း။
ဟိ၊ မှန်၏။ ဣဒံ ဂမနံ နာမ၊ ဤသွားခြင်းမည်သည်။ (ပဝတ္တိအာကာရဝိသေသော-၌ စပ်။) အတ္တာ၊ အတ္တသည်။ မနသာ၊ စိတ်နှင့်။ သံယုဇ္ဇတိ၊ ယှဉ်တွဲ၏။ မနော၊ စိတ်သည်။ ဣန္ဒြိယေဟိ၊ ဣန္ဒြေတို့နှင့်။ (သံယုဇ္ဇတိ) ဣန္ဒြိယာနိ၊ တို့သည်။ အတ္တေဟိ၊ အတ္တတို့နှင့်။ (သံယုန္တိ) ဣတိ ဧဝမာဒိ မိစ္ဆာကာရဏ ဝိနိမုတ္တအနုရူပပစ္စယဟေတုကော၊ ဤသို့အစရှိသော လွဲမှားသော အကြောင်းမှ လွတ်သော လျော်သော အကြောင်းပစ္စည်းဟူသော အကြောင်းရှိသော။ ဓမ္မာနံ၊ သဘောတရားတို့၏။ ပဝတ္တိအာကာရဝိသေသော၊ ဖြစ်ပုံအခြင်းအရာအထူးတည်း။
တေန၊ ထို့ကြောင့်။ တတ္ထာတိအာဒိ၊ တတ္ထ-အစရှိသည်ဟူ၍။ (အာစရိယော) အာဟ၊ မိန့်ဆိုပြီး။
ဓမ္မမတ္တဿေဝ၊ တရားသဘောမျှ၏သာလျှင်။ ဂမနသိဒ္ဓိတော စ၊ သွားခြင်း ကိစ္စ၏ပြီးစီးခြင်း၏အဖြစ်ကြောင့်လည်းကောင်း။ တဗ္ဗိနိမုတ္တဿ၊ ထိုတရားသဘောမှ လွတ်သော။ ကဿစိ၊ တစ်စုံတစ်ခုသော ပုဂ္ဂိုလ်သတ္တဝါ၏။ အဘာဝတော စ၊ မရှိခြင်း ကြောင့်လည်းကောင်း။ ကောစိ၊ တစ်စုံတစ်ယောက်သော။ သတ္တောဝါ၊ သတ္တဝါသည် လည်းကောင်း။ ပုဂ္ဂလော ဝါ၊ ပုဂ္ဂိုလ်သည်လည်းကောင်း။ န ဂစ္ဆတိ၊ သွားသည်မဟုတ်။
ဣဒါနိ၊ ပုဂ္ဂိုလ်သတ္တဝါ၏ သွားခြင်းမဟုတ်ပုံကို ပြပြီးရာယခုအခါ၌။ ဓမ္မမတ္တဿေဝ၊ လျှင်။ ဂမနသိဒ္ဓိံ၊ သွားခြင်းကိစ္စ၏ ပြီးစီးခြင်းကို။ ဒဿေတုံ၊ ပြခြင်းငှာ။ စိတ္တ၊ပ။ဝိပ္ပါရေနာတိ အာဒိ၊ အစရှိသည်ကို။ (အာစရိယေန) ဝုတ္တံ၊ ပြီ။
တတ္ထ၊ ထိုစိတ္တကိရိယာဝါယောဓာတု ဝိပ္ဖါရေန-ဟူသော ပါဠိ၌။ (ဝစနတ္ထော၊ ကို။ ဧဝံ ဝေဒိတဗ္ဗော၊ စိတ္တကိရိယာ စ၊ စိတ်သည် ပြုအပ်သော အမူအရာသည်လည်း။ (ဟောတိ) သာ၊ ထိုစိတ်သည်ပြုအပ်သော အမူအရာဟူသည်။ ဝါယောဓာတုယာ၊ ဝါယောဓာတ်၏။ ဝိပ္ဖါရော ပိပ္ဖန္ဒနဉ္စ၊ လှုပ်ရှားမှုသည်လည်း။ (ဟောတိ) ဣတိ၊ ထို့ကြောင့်။ စိတ္တ။ပ။ဝိပ္ဖါရော၊ မည်၏။ တေန၊ ထိုစိတ်သည် ပြုအပ်သော အမူအရာဖြစ်သော ဝါယောဓာတ်လှုပ်ရှားမှုကြောင့်။ (ဂစ္ဆတိ၊ သွား၏။)
စ၊ ဆက်ဦးအံ့။ ဧတ္ထ၊ ဤစိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေနဟူသော ပါဌ်၌။ စိတ္တကိရိယဂ္ဂဟဏေန၊ စိတ္တကိရိယသဒ္ဒါဖြင့်။ အနိန္ဒြိယဗဒ္ဒဝါယောဓာတုဝိပ္ဖါရံ၊ ဇီဝိတိန္ဒြေဖြင့် မဖွဲ့စပ်အပ်သော သက်မဲ့ ဝါယောဓာတ်၏ လှုပ်ရှားမှုကို။ နိဝတ္တေတိ၊ တုံ့နှစ်စေ၏။ ဝါ၊ ကန့်မြစ်၏။ ဝါယောဓာတုဝိပ္ဖါရဂ္ဂဟဏေန၊ ဝါယောဓာတုဝိပ္ပါရသဒ္ဒါဖြင့်။ စေတနာဝစီဝိညတ္တိဘေဒံ၊ စေတနာနှင့် ဝစီဝိညတ်ရုပ်အပြားရှိသော။ စိတ္တကိရိယံ၊ စိတ်၏ အမူအရာကို။ နိဝတ္တေတိ၊ ၏။ ပန၊ ထို့အပြင်။ ဥဘယေန၊ စိတ္တကိရိယသဒ္ဒါ, ဝါယောဓာတုဝိပ္ပါရသဒ္ဒါဟူသော နှစ်မျိုးစုံဖြင့်။ ကာယဝိညတ္တိံ၊ ကာယဝိညတ်ကို။ ဝိဘာဝေတိ၊ ထင်ရှားပြ၏။
ဂစ္ဆတီတိ၊ သွား၏ဟူ၍။ ဝတွာ၊ ဆိုပြီး၍။ ယထာ၊ အကြင် အခြင်းအရာအားဖြင့် ။ ကာယေ၊ ခန္ဓာကိုယ်သည်။ ပဝတ္တမာနေ၊ ဖြစ်လသော်။ ဂစ္ဆတီတိ၊ သွား၏ဟူသော။ ဝေါဟာရော၊ အခေါ်အဝေါ်သည်။ ဟောတိ၊ ဖြစ်၏။ တံ၊ ထိုသွား၏ဟူသော အခေါ်အဝေါ် ဖြစ်ပုံကို။ ဒဿေတုံ၊ ငှာ။ တသ္မာတိ အာဒိ၊ တသ္မာ-အစရှိသော စကားရပ်ကို။ (အာစရိယေန) ဝုတ္တံ၊ ပြီ။
တန္တိ၊ တံ-ဟူသည်ကား။ ဂန္တုကာမတာဝသေန၊ သွားခြင်းငှာ အလိုရှိသည်အဖြစ်ဖြင့်။ ပဝတ္တ စိတ္တံ၊ ဖြစ်သောစိတ်သည်။
ဝါယံ ဇနေတီတိ၊ ကား။ ဝါယောဓာတုအမိကံ၊ လွန်ကဲသော ဝါယောဓာတ်ရှိသော။ ရူပကလာပံ၊ ရုပ်ကလာပ်ကို။ ဥပ္ပါဒေတိ၊ ဖြစ်စေ၏။ စ၊ ဆက်ဦးအံ့။ ဧတ္ထ၊ ဤဝါယောဓာတုအဓိကံ-ဟူသော ပါဌ်၌။ အဓိကတာ၊ လွန်ကဲသည်အဖြစ်သည်။ သာမတ္ထိယတော၊ အစွမ်းသတ္တိအားဖြင့်။ (အဓိကတာ၊ သည်။ ဟောတိ၊ ၏) ပမာဏတော၊ အတိုင်းအတာပမာဏအားဖြင့် (အဓိကပ္ပေတာ= သည်။ န ဟောတိ၊ မဟုတ်။)
ဟိ၊ မှန်၏။ အဓိပ္ပါယသဟဘာဝီ၊ သွားနေသည်ဟု သိစေလိုသော အလိုဆန္ဒနှင့် တကွ ဖြစ်သော။ ဝိကာရော၊ ထူးခြားသော အမူအရာသည်။ ဝိညတ္တီ၊ ဝိညတ်ရုပ်တည်း။

စ၊ ဆက်ဦးအံ့။ ယထာ ပုတ္တ အဓိကဘာဝေနေ၊ ဆိုအပ်ခဲ့ပြီးတိုင်းသော ဝါယောဓာတ်၏ အစွမ်းသတ္တိအားဖြင့် ပိုလွန်သည်အဖြစ်ကြောင့်သာလျှင်။ ဝါယော ဂဟဏံ၊ ဝါယောဓာတ်ကို ယူခြင်းသည် ။ (ဟောတိ) ဝါယောဓာတုယာ ဧဝ၊ ဝါယောဓာတ် တစ်ခုတည်း၏သာလျှင်။ ဇနကဘာဝတော၊ ဝိညတ်ကို ဖြစ်စေတတ်သည်အဖြစ်ကြောင့်။ ဝါယောဂဟဏံ၊ သည်။ န ဟောတိ၊ မဟုတ်။ အညထာ၊ အဓိကဘာဝမှ တပါးသော ။ ဇနကဘာဝ၊ ဟူသော အခြင်းအရာအားဖြင့် ။ (အတ္ထေ၊ အနက်ကို။ ဂယမာနေ၊ ယူအပ်လ သော်) ဝိညတ္တိယာ၊ ဝိညတ်ရုပ်၏ ။ ဥပါဒါယရူပဘာဝေါ ၁။ ဝိညတ္တိယာ ဥပါဒါယရူပဘာဝေါ ဒုရူပပါဒေါ ။ ။ ဤဋီကာဝါကျသည် အနည်းငယ်အသိခက်၏၊ ထို့ကြောင့် ယခင် ဝါကျများနှင့် ဆက်စပ်၍ အနည်းငယ်ချဲ့ထွင် ရေးဦးအံ့ - ဝါယော ဝိညတ္တိံ ဇနေတိ-ဟူသော စကားအရ ဝါယောဓာတ်က ဝိညတ်ရုပ်ကို ဖြစ်စေသည်-ဟု စာအရှိအတိုင်း အဓိပ္ပါယ်ယူလျှင် ဝိညတ်ရုပ်၏ တာဝန်ကို ဝါယောဓာတ်က ချည်း ယူထားသလိုဖြစ်နေသောကြောင့် ဝိညတ်ရုပ်မှာ ဘာကိစ္စကိုမျှ မပြီးစီးစေဘဲ အချည်းနှီး အလုပ်လက်မဲ့အနေဖြင့် ဖြစ်ပေါ်လာရာရောက်၏ဟူ၍ ထိုဋီကာဝါကျ၏ အကျဉ်းချုပ်ဆိုလိုရင်း သိရ၏။ အနည်းငယ်ချဲ့၍ ပြရသော် -
လူတစ်ယောက်က သွားချင်စိတ်ဖြစ်လာသောအခါ ထိုသွားချင်စိတ်သည် ဝါယောဓာတ်ကို ဖြစ်စေ၏ဟု အဋ္ဌကထာဆိုရာ၌ ဝါယောဓာတ်တစ်ခုတည်းကိုသာ ဖြစ်စေသည်မဟုတ်၊ ဝါယောဓာတုအဓိကံ ရူပကလာပံ ဥပ္ပါဒေတိ (ဝါယောဓာတ်ပိုမိုလွန်ကဲစွာပါရှိသော စိတ္တဇရုပ် ကလာပ်တစ်ခုလုံးကို ဖြစ်စေ၏။) ထိုဝါယောဓာတ်သည် အတူတကွဖြစ်ဖော်ဖြစ်ဖက် ရုပ်များထက် ပိုလွန်၏။ သို့သော် ယင်းသို့ ပိုလွန်ရာ၌ ဝါယောဓာတ်အရေအတွက် ပမာဏ ပိုလွန်သည်မဟုတ်၊ အစွမ်းသတ္တိပိုမိုလွန်ကဲခြင်းသာဖြစ်၏ယင်းသို့ ဝါယောဓာတ်အစွမ်းသတ္တိ ပိုမိုလွန်ကဲခြင်း ကြောင့် -
(၁) ဘောလုံးထဲ လေတွေသွင်းလိုက်သကဲ့သို့ ဤရုပ်ခန္ဓာကိုယ်ကြီး တောင့်တောင့်တင်းတင်း ဖြစ်လာမှုဟူသော သန္တမ္တန (၂) ဤခန္ဓာကိုယ်ကြီး ပြောအိမသွားအောင် လဲကျမသွားအောင် ဆောင်ထားနိုင်ခြင်းဟူသော သန္ဓာရဏ (၃) လှုပ်လှုပ်ရှားရှားဖြစ်လာခြင်းဟူသော စလန၊ ဤသုံးမျိုးဖြင့် ထူးခြားသော ခန္ဓာကိုယ်ကြီးဖြစ်လာအောင် ဝါယောဓာတ်က ခန္ဓာကိုယ်ကြီးကို ကူညီထောက်ပံ့လိုက်၏။ ထို့ကြောင့် ဝါယောဓာတ်၌ ယင်းသို့ ကူညီထောက်ပံ့နိုင်သော အာကာရ ဝိသေသခေါ် အစွမ်းသတ္တိသုံးမျိုးရှိ၏၊ ယင်းသို့သော အစွမ်းသတ္တိသုံးမျိုးဖြင့် ဖြစ်ပေါ်လာသောဝါယောဓာတ်ကို ရည်ရွယ်၍ “ဝါယော ဝိညတ္တိံ ဇနေတိ”ဟူ၍ အဋ္ဌကထာမိန့်ဆိုခြင်းဖြစ်၏၊ ထို့အပြင် -
“အဓိပ္ပါယသဟဘာဝီ ဟိ ဝိကာရော ဝိညတ္တိ”ဟူသော ဋီကာနှင့် အညီ လူတယောက် သွားနေရာ၌ ထိုလူသွားနေသည်ဟု လူ၏ အတွင်းသဘောဆန္ဒကို သိစေနိုင်သော အမူအရာထူး (ဝိကာရ)သည် ဝိညတ်မည်၏၊ ထိုအမူအရာထူးသည် ဝါယောဓာတ်၌ မရှိပါ၊ ထိုအမူအရာ ဝိကာရ ဝိညတ်ဖြစ်အောင်လည်း ဝါယောဓာတ်မစွမ်းဆောင်ပါ၊ အကယ်၍ ဝါယောဓာတ်သည် ထိုအစွမ်းသတ္တိပိုမိုလွန်ကဲစွာ ဖြစ်ပေါ်လာသည်ဟု အနက်အဓိပ္ပါယ်မယူဘဲ ဝါယောဓာတ်က ဝိညတ်ရုပ်ကို ဖြစ်စေသည်ဟု စာရှိသည့်အတိုင်း ယူဆပါက အဘယ်အပြစ်ရှိပါသနည်းဟု မေးဖွယ်ရှိသောကြောင့် “အညထာ ဝိညတ္တိယာပ။သိယာ”ဟု ဋီကာမိန့်ဆို၏။
ယင်းသို့ ယူဆပါက လှုပ်ရှားသွားလာနေသော လူတစ်ယောက်၌ သွားလိုသော အလိုဆန္ဒ ဖြစ်နေသည်ဟု သိစေနိုင်သော ပြခဲ့သော အမူအရာသည် ဝိညတ်၌ မရှိ၊ ဝါယောဓာတ်၌သာ ရှိသည်ဟု ဆိုရမည်ကဲ့သို့ ဖြစ်နေသောကြောင့် ဝိညတ္တိယာ ဥပါဒါယရူပဘာဝေါ ဒုရုပပါဒေါ သိယာ (ဝိညတ်ရုပ်သည် ဥပါဒါရုပ်အဖြစ်ဖြင့် ဖြစ်လာသော်လဲ ဘာကိစ္စကိုမျှ မပြီးစီးစေဘဲ အချည်းနှီးအလုပ်လက်မဲ့ဖြစ်နေသည်ဟု ဆိုဖွယ်အပြစ်ဖြစ်နေလေ၏။

၊ ဥပါဒါယရုပ်၏ အဖြစ်သည်။ ဝါ၊ ဥပါဒါရုပ်ဖြစ်ပေါ်လာမှုသည်။ ဒုရုပပါဒေါ၊ အလိုဆန္ဒကို သိစေခြင်းတည်းဟူသော မိမိကိစ္စပြီးစီးခြင်းမရှိသည်။ ဝါ၊ မိမိကိစ္စကို မပြီးစီးစေသည်။ သိယာ၊ ဖြစ်လေရာ၏။

ပုရတော၊ ရှေ့သို့။ အဘိနီဟာရော၊ ရှေ့ရှုဆောင်ခြင်းသည်။ ပုရတောဘာဂေန၊ ရှေ့ဘက်ပိုင်းဖြင့် ။ ဝါ၊ သို့။ ကာယဿ၊ ခန္ဓာကိုယ်ကို။ ပဝတ္တနံ၊ ဖြစ်စေခြင်းသည်။ (ဂမနံ၊ သွားခြင်းတည်း။) ယော၊ ယင်းသို့ ရှေ့ဘက်သို့ ရှေ့ရှုဆောင်ခြင်းကို။အဘိက္ကမောတိ= အဘိက္ကမောဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ဧသေဝ နယောတိ၊ ဧသေဝ နယော-ဟူ၍။ အတိဒေသေန၊ ပြအပ်ပြီးသော ပုဒ်အဖွင့်နှင့် နည်းတူအဖြစ်ဖြင့် ညွှန်ပြခြင်းဖြင့်။ သင်္ခေပတော၊ အကျဉ်းချုပ်အားဖြင့်။ ဝတာ၊ ဖွင့်ဆိုပြီး၍။ တမတ္တံ၊ ထိုအကျဉ်းချုပ်ဖွင့်ဆိုအပ် ပြီးသော အနက်ကို။ ဝိဝရိတုံ၊ အကျယ်ဖွင့်ပြခြင်းငှာ။ တတြာပိ ဟီတိအာဒိ၊ တတြာပီဟိ အစရှိသော စကားရပ်ကို။ (အာစရိယေန) ဝုတ္တံ။
ကောဋိတော ပဋ္ဌာယာတိ၊ ကား။ ဟေဋ္ဌိမကောဋိတော၊ အောက်ဆုံး၌ ဖြစ်သော အစွန်အဖျားအရပ်မှ။ ပဋ္ဌာယ၊ စ၍။ ပါဒတလကော၊ ခြေဖဝါးမှ။ ပဋ္ဌာယ၊ စ၍။
ဥဿိတ ဘာပေါတိ၊ ကား။ ဥဗ္ဗိဒ္ဓဘာဝေါ၊ အထက်သို့ ထောင်တက်သည်အဖြစ်ကို။ (ဌာနန္တိ ဝုစ္စတိ)
ဧဝံ ပဇာနတောတိ၊ ကား။ ဧဝံ၊ ဤသို့ ဖွင့်ဆိုအပ်ပြီးသည့်အတိုင်း။ စိတ္တကိရိယ ဝါယောဓာတုဝိပ္ဖါရေနေဝ၊ စိတ်သည် ပြုအပ်သော ဝါယောဓာတ်လွန်ကဲသော စိတ္တဇရုပ်၏ လှုပ်ရှားခြင်းကြောင့်သာလျှင်။ ဂမနာဒိ၊ သွားခြင်းအစရှိသော အမူအရာသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ပဇာနတော၊ သိသော။
တဿ၊ ထိုယောဂီရဟန်း၏။ ဧဝံ၊ ဤအတိုင်း။ ပဇာနနာယ၊ သိခြင်းအကျိုးငှာ။ နိစ္ဆယဂမနတ္ထံ၊ ဆုံးဖြတ်ခြင်းသို့ ရောက်ခြင်းအကျိုးငှာ။ ဧဝံ ဟောတီတိ၊ ဧဝံ ဟောတိ-စသည်ဖြင့်။ ဝိစာရဏာ၊ စဉ်းစားဆင်ခြင်ခြင်း သည်။ (ဟောတိ၊ ဖြစ်၏။ ကိန္တိ၊ အဘယ်သို့။ ဟောတိ၊ ဖြစ်သနည်းဟူမူ။) လောကေ၊ သတ္တလောက၌။ ယထာဘူတံ၊ ဟုတ်မှန်စွာ။ အဇာနန္တေဟိ၊ မသိသူတို့သည်။ မိစ္ဆာဘိနိဝေသဝသေနဝါ၊ မှားယွင်းစွာ စဉ်းစားတွေးခေါ်ခြင်းအနေအားဖြင့်သော်လည်း ကောင်း။ လောကဝေါဟာရဝသေန ဝါ= လူတို့ပြောရိုးဆိုစဉ်အနေအားဖြင့်သော်လည်း ကောင်း။ (သတ္တော၊ သတ္တဝါသည်။ ဂစ္ဆတိ၊ သွား၏။ သတ္တော၊ သည်။ တိဋ္ဌတိ၊ ရပ်တည်၏။ ဣတိ၊ ဤသို့) ဝုစ္စတိ၊ ပြောဆိုအပ်၏။
အတ္တိ ပနာတိ၊ အတ္ထိ ပန-ဟူသော သဒ္ဒါသည်။ အတ္တနော၊ မိမိ၏။ ဧဝံ၊ ဤသို့။ ဝီမံသနာသေန၊ စူးစမ်းမှုအနေအားဖြင့်။ ပုစ္ဆာဝစနံ၊ မေးမြန်းခြင်းအနက်ကို ဟောသောသဒ္ဒါတည်း။
နတ္ထီတိ၊ နတ္ထိ-ဟူသောသဒ္ဒါ သည်။ နိစ္ဆယဝသေန၊ ဆုံးဖြတ်ခြင်းအနေအားဖြင့်။ သတ္တဿ၊ သတ္တဝါကို။ ပဋိက္ခေပဝစနံ၊ မရှိဟု ပယ်မြစ်ခြင်းအနက်ဟောသဒ္ဒါတည်း။ [ယခု အဋ္ဌကထာစာအုပ်၌ “အတ္ထတော ပန”ဟု ရှိပြီး ဋီကာဆရာ၏ စာမူ၌ “အတ္ထိ ပန”ဟု ရှိ၏၊ ထို့ကြောင့် ဋီကာအလို “အတ္ထိ ပန ကောစိ သတ္တော ဂစ္ဆန္တော ဝါ ဌိတောဝါ”သည် ပုစ္ဆာဝါကျဖြစ်ပြီး “နတ္ထိ”သည် ငြင်းပယ်သော အားဖြင့် ဖြေဆိုသော ဝါကျဖြစ်၏။]
ယထာ ပနာတိ အာဒိ၊ ယထာ ပန-အစရှိသော စကားရပ်သည်။ အတ္ထဿ၊ ထိုသွားသော ရပ်သော သတ္တဝါ တစ်စုံတစ်ခုမျှ မရှိခြင်းအနက်ကို။ ဥပမာယ၊ ဥပမာဖြင့်။ ဝိဘာဝနံ၊ ထင်ရှားဖော်ပြသော စကားရပ်တည်း။တံ= ထိုစကားရပ်သည်။ သုဝိညေယျမေဝ၊ လွယ်ကူစွာ သိနိုင်သည်သာ။
နာဂါ မာလုတဝေဝေနာတိ၊ ကား။ အစေတနာ၊ သွားအောင်အားထုတ်တတ်သော စေတနာမရှိသော။ နာဝါ၊ လှေသည်။ ဝါတဝေဂေန၊ လေ၏ အရှိန်အဟုန်ဖြင့်။ ဒေသန္တရံ၊ တခြားအရပ်သို့။ ယာတိ ယထာ စ၊ သွားသကဲ့သို့လည်းကောင်း။ အစေတနော၊ သော။ တေဇနံ ကဏ္ဍော၊ မြားသည်။ ဇယာဝေဂေန၊ လေးမြို့ လေးကြိုး၏ အရှိန်အဟုန်ဖြင့်။ ဒေသန္တရံ၊ သို့။ ယာတိယထာ စ၊ ကောင်း။ တထာ၊ ထို့အတူ။ အစေတနာ၊ သော။ ကာယော၊ ခန္ဓာကိုယ်သည်။ ဝါ တာဟတော၊ လေသည် သယ်ဆောင်အပ်သည်။ ယထာဝုတ္တဝါယုနာ၊ ဆိုအပ်ပြီးတိုင်း သော စိတ္တဇလေသည်။ နီတော၊ သယ်ဆောင်အပ်သည်။ (ဟုတွာ၊ ဖြစ်၍။) ဒေသန္တရံ၊ သို့။ ယာတိ၊ သွား၏။ ဣတိ၊ ဤသို့။ ဥပမာသံသန္ဒနံ၊ ဥပမာနနှင့် ဥပမေယျကို နှီးနှော တိုက်ဆိုင်ခြင်းကို။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။
ပန၊ ဆိုဖွယ်ရှိသေးသည်ကား။ ကောစိ၊ တစ်ယောက်ယောက်က။ သစေ ဝဒေယျ၊ အကယ်၍ဆိုရာအံ့။ (ကိန္တိ၊ အဘယ်သို့။ ဝဒေယျ၊ ဆိုလေရာသနည်း။) နာဝါတေဇနာနံ၊ လှေနှင့် မြားတို့ကို။ ပေလ္လကဿ၊ သွားအောင်ကြိုးပမ်းသော။ ပုရိသဿ၊ ယောက်ျား၏။ ဝသေန၊ အစွမ်းကြောင့်။ ဒေသန္တရဂမနံ၊ တခြားအရပ်သို့ လှေနှင့် မြားတို့ သွားခြင်းသည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ကာယဿာပိ၊ ခန္ဓာကိုယ်ကိုလည်း။ (ပေလ္လကဿ၊ သော။ ပုရိသဿ၊ ၏။ ဝသေန၊ ကြောင့်။ ဒေသန္တရဂမနံ၊ တခြားအရပ်သို့ သွားခြင်းသည်။ ဟောတိ၊ ဖြစ်သည်မဟုတ်ပါလော။ ဣတိ၊ ဤသို့။ သစေ ဝဒေယျ၊ အံ့။ ဧဝံ၊ ဤသို့ပြောသည့်အတိုင်း။ ဟောတု၊ ဖြစ်စေ။ အယံအတ္ထော၊ ဤပြောဆိုအပ် သော အနက်သည်။ ဧဝံ၊ ဤသို့ပြောဆိုသည်အတိုင်း။ ဣစ္ဆိတော၀၊ အလိုရှိအပ်သည်သာ ပါတည်း။ ဟိ၊ ချဲ့ပြပါအံ့။ နာဝါတေဇနာနံ၊ တို့၏။ သီဟတလက္ခဏသေဝ၊ သွားအောင် တွန်းပို့အပ်သည်အဖြစ်ဟူသော လက္ခဏာရှိသည်သာဖြစ်သော။ ပုရိသဿ၊ ၏။ ဝသေန၊ ကြောင့်။ ဂမနံ၊ သွားခြင်းသည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ အသံဟတ လက္ခဏဿ၊ သွားအောင် တွန်းပို့အပ်သည်အဖြစ်ဟူသော လက္ခဏာမရှိသော။ (ပုရိသဿ၊ ၏။ ပသေန၊ ကြောင့်။) ဂမနံ၊ သည်။ န ဟောတိ ယထာ၊ မဖြစ်သကဲ့သို့) ဧဝံ၊ ဤအတူ။ ကာယပိ၊ ၏လည်း။ (သံဟတလက္ခဏဿဝ ပုရိသဿ ဝသေန ဂမနံ ဟောတိ၊ ၏။ အသံဟတလက္ခဏဿ ပုရိသဿ ဝသေန ဂမနံ န ဟောတိ မဖြစ်။) ဣတိ၊ သို့။ (ဝဒေယျ၊ ပြန်ပြောသင့်၏။)
နော၊ ငါတို့၏။ ကာ ဟာနိ၊ အဘယ်နည်း အဘယ်ပုံ စောဒကအဆိုကို လိုက်လျောဝန်ခံအလျော့ပေးရခြင်းသည်။ ဘဝေယျ= ဖြစ်နိုင်ရာအံ့နည်း။ ဘိယျောပိ၊ ထို့ထက်ပိုလွန်၍လည်း။ ဓမ္မမတ္တတာဝ၊ ပုဂ္ဂိုလ်သတ္တဝါ မနှော တရားသဘောသက်သက်မျှသည်သာလျှင်။ ပတိဋ္ဌံ၊ ထောက်ရာတည်ရာ အလေးသာ မှုကို။ လဘတိ၊ ရပါ၏။ (တရားသဘောဘက်ကသာလျှင် ထောက်ရာတည်ရာ အသာစီး ရပါ၏ဟူလို။) ပုရိသဝါဒေါ၊ ပုဂ္ဂိုလ်သတ္တဝါအယူဝါဒသည်။ (ပတိဋ္ဌံ၊ ကို။ န လဘတိ၊ မရနိုင်ပါ။)
တေန၊ ထို့ကြောင့်။ အာဟ၊ ဆရာမိန့်ဆိုသည်ကား။ ယန္တသုတ္တဝသေနာတိ အာဒိ၊ အစရှိသည်တည်း။
တတ္ထ၊ ထိုယန္တသုတ္တဝသေန-အစရှိသော ဂါထာ၌။ ပယတ္တန္တိ = ကား။ ဟေဋ္ဌာ၊ အောက်၌။ ဝုတ္တနယေန၊ ဆိုအပ်ပြီးသော နည်းဖြင့်။ ဂမနာဒိကိရိယာဝသေန၊ သွားခြင်း အစရှိသော အမှုအရာအနေအားဖြင့်။ ပစ္စယေဟိ၊ အကြောင်းတရားတို့သည်။ ပယောဇိတံ၊ ယှဉ်တွဲအပ်သော။ (ကာယယန္တမ္ပိ၊ ကိုယ်ကာယဟူသော ယန္တရားသည်လည်း။)
ဌာတီတိ၊ ကား။ တိဋ္ဌတိ၊ ရပ်၏။
ဧတ္ထာတိ၊ ဣမသ္မိံ လောကေ ဤလောက၌။
ဝိနာ ဟေတု ပစ္စယေတိ၊ ကား။ ဂန္တုကာမတာစိတ္တ တံသမုဋ္ဌာနဝါယော ဓာတုအာဒိဟေတု ပစ္စယေဟိ၊ သွားခြင်းငှာ အလိုရှိသည်အဖြစ်ဟူသော စိတ်နှင့် ထိုစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်အစရှိသော အကြောင်းပစ္စည်းတို့နှင့်ဝိနာ ကင်း၍။
တိဋ္ဌတိ၊ ကား။ (ယော သတ္တော၊ အကြင်သတ္တဝါကောင်သည်။) တိဋ္ဌေယျ= ရပ်တည်လေရာ၏။
ဝဇေတိ၊ ကား။ ဝဇေယျ ဂစ္ဆေယျ၊ သွားလေရာ၏။ ကောနာမ၊ အဘယ်မည်သော ။ (သော သတ္တော၊ ထိုသတ္တဝါကောင်သည်။ ဘဝေယျ၊ ဖြစ်နိုင်ရှိနိုင်ပါ မည်နည်း။) ဣတိ၊ ဤသို့။ သမ္ဗန္ဓော၊ အနက်အားဖြင့် ပုဒ်တို့ကို ဆက်စပ်ခြင်းကို ။ (ကာတဗ္ဗော၊ ပြုပါလေ)
စ၊ ဆက်ဦးအံ့။ ဧတ္ထ၊ ဤကော နာမ-ဟူသော ပါဌ်၌။ ကိံ သဒ္ဒေါ၊ ကိံသဒ္ဒါသည်။ ပဋိက္ခေပတ္တော၊ ပယ်မြစ်ခြင်းအနက်ရှိ၏။ ဣတိ၊ ထို့ကြောင့်။ ) မာတုပစ္စယပိရဟေန၊ အကြောင်းပစ္စည်းတို့မှ ကင်းသောအားဖြင့်။ ဌာနဂမနပဋိက္ခေပ မုခေန၊ မိမိအစွမ်းဖြင့် သတ္တဝါကောင်၏ ရပ်ခြင်းသွားခြင်းကို ပယ်မြစ်ခြင်းကို အဦးအစပဓာနပြုသောအားဖြင့်။ သဗ္ဗာယပိ၊ အားလုံးစုံလည်းဖြစ်သော။ ဓမ္မပ္ပဝတ္တိယာ၊ တရားသဘောဖြစ်ခြင်း၏။ ပစ္စယာဓီနဝုတ္တိဘာဝိဘာဝနေန၊ အကြောင်းနှင့် ဆက်စပ်သော ဖြစ်ခြင်းရှိသည်အဖြစ်ကို ထင်ရှားပြခြင်းအားဖြင့်။ အတ္တသုညတာ၊ အတ္တမှ ဆိတ်သုန်းသည် အဖြစ်ကို။ ဝိဘာဝိတာ ဝိယ၊ ထင်ရှားပြအပ်သကဲ့သို့။ (တထာ၊ ထို့အတူ) အနိစ္စ ဒုက္ခတာပိ၊ အနိစ္စ ဒုက္ခ၏ အဖြစ်ကိုလည်း။ ဝိဘာဝိတာ= ထင်ရှားပြအပ်ပြီ။ ဣတိ၊ ဤသို့။ ဒဋ္ဌဗ္ဗာ၊ မှတ်ထိုက်၏။
ပဏိဟိတောတိ၊ ကား။ ယထာ ယထာ၊ အကြင် အကြင်သွားခြင်း ရပ်ခြင်းအစရှိ သော အပြုအမူတစ်ခုခုဖြင့်။ ပစ္စယေဟိ၊ စိတ်, ဝါယောဓာတ်အစရှိသော အကြောင်းတရား တို့သည်။ (ကာယော၊ ရုပ်ကိုယ်ကောင်ကို) ပကာရေဟိ၊ သွားခြင်းအစရှိသော အမျိုးမျိုး သော အပြားတို့ဖြင့်။ နိဟိတော၊ ထားအပ်ပြီ။ ဌပိတော၊ ထားအပ်ပြီ။
သဗ္ဗသင်္ဂါဟိက ဝစနန္တိ၊ ကား။ သဗ္ဗေသမ္ပိ၊ အားလုံးစုံလည်းဖြစ်ကုန်သော။ စတုန္နံ၊ (သွားရပ် ထိုင် လျောင်းဟု) လေးမျိုးကုန်သော။ ဣရိယာပထာနံ၊ ဣရိယာပုထ်တို့ကို။ ဧကဇ္ဈံ၊ တပေါင်းတည်း။ သင်္ဂဏှနဝစနံ၊ သိမ်းယူကြောင်း စကားတည်း။ ပုဗ္ဗေ၊ ရှေး၌။ (ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ၊ အစရှိသော ရှေးဖြစ်သော ကာယာနုပဿနာနည်း၌) ဝိသုံ ဝိသုံ၊ အသီးအသီး (ဣရိယာပုထ်တစ်ခုစီ တစ်ခုစီ) ဣရိယာပထာနံ၊ တို့၏။ ဝါ၊ တို့ကို။ ဝုတ္တတ္တာ၊ ဟောတော်မူအပ်ပြီးသည်အဖြစ်ကြောင့်။ ဣဒံ၊ ဤယထာ ယထာ ဝါ ပနဿ- အစရှိသော စကားတော်သည်။ နေသံ၊ ထိုဣရိယာပုထ်တို့ကို။ ဧကဇ္ဈံ၊ တပေါင်းတည်း။ ဂဟေတွာ၊ ယူ၍။ ဝစနံ၊ ဟောအပ်သော စကားတော်တည်း။ ဣတိ၊ ဤကား ။ အတ္ထော၊ တည်း။ ဝါ၊ တနည်းကား။
ပုရိမနယော၊ ရှေးဖြစ်သော ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ စသည်ဖြင့် ဟောတော်မူအပ်သော ကာယာနုပဿနာနည်းကို။ ဣရိယာပထပ္ပဓာနော၊ ဣရိယာပုထ်သာလျှင်။ ပဓာန၊ ရှိသည်။ ဝါ၊ ဣရိယာပုထ်ကိုသာ ပဓာနထားသည်။ (ဟုတွာ၊ ဖြစ်၍။) ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ထို့ကြောင့်။ တတ္ထ၊ ထိုရှေးနည်း၌။ ကာယော၊ ရုပ်ခန္ဓာကိုယ်သည်။ အပ္ပမာနော၊ ပဓာနမဟုတ်သည် ။ (ဟုတွာ) အနုနိပ္ဖါဒီ၊ နောက်လိုက်အဖြစ်ဖြင့် ပါဝင်ပြီးစီးရခြင်းရှိ၏။ ဣတိ၊ ထို့ကြောင့်။ ဣဓ၊ ဤယထာ ယထာ ဝါ ပနဿ-အစရှိသော ကာယာနုပဿနာ ရှုပွားပုံနည်း၌။ ကာယံ၊ ရုပ်ခန္ဓာကိုယ်ကို။ ပဓာနံ စ၊ ပဓာနထားသည်ကိုလည်းကောင်း။ အပ္ပဓာနံ၊ ပဓာနမဟုတ်သော။ ဣရိယာပထံ၊ ကို။ အနုနိပ္ဖါဒီ စ၊ ခြင်းရှိသည်ကိုလည်းကောင်း။ ကတွာ၊ ပြု၍။ ဒဿေတုံ၊ ပြတော်မူခြင်းငှာ။ ဒုတိယနယော၊ ကို။ ဝုတ္တော၊ ပြီ။ ဣတိ ဧဝံပိ၊ ဤသို့လည်း။ ဧတ္ထ၊ ဤကာယာနုပဿနာ၌။ ဒွိန္နံ၊ နှစ်မျိုးကုန်သော။ နယာနံ၊ နည်းတို့၏။ ဝိသေသော၊ ထူးခြားပုံကို။ ဝေဒိတဗ္ဗော၊ ၏။
ဌိတောတိ၊ ကား။ (ကာယော၊ သည်။) ပဝတ္တော၊ ဖြစ်သည်။ (ဟောတိ)။
ဣရိယာပထပရိဂ္ဂဏှနမ္ပိ၊ ဣရိယာပုထ်ကို (သွားခြင်း ရပ်ခြင်းအစရှိသည်ဖြင့်) ခွဲခြားယူခြင်းဟူသည်လည်း။ ဣရိယာပထဝတော၊ ဣရိယာပုထ်ရှိသော ။ ကာယဿေဝ၊ ဤရုပ်ကိုယ်ကိုသာလျှင်။ ပရိဂ္ဂဏှနံ၊ ခွဲခြားယူခြင်းတည်း။ (ကသ္မာ၊ နည်း။) တဿ၊ ထိုရုပ်ကိုယ်ကောင်၏။ အဝတ္ထာဝိသေသဘာဝတော၊ သွားခြင်းအစရှိသော အခိုက်အတန့်အထူး၏ အဖြစ်ကြောင့်တည်း။ ဣတိ၊ ထို့ကြောင့်။ ဣရိယာ။ပ။ ဝိဟရတီတိ၊ ဟူ၍။ (အာစရိယေန) ဝုတ္တံ၊ ပြီ။
တေနေဝ၊ ထိုကြောင့်သာလျှင်။ ဧတ္ထ၊ ဤဣရိယာပထပဗ္ဗအခန်း၌။ ရူပက္ခန္ဓဝသေနေဝ၊ ရူပက္ခန္ဓာအနေအားဖြင့်သာလျှင်။ သမုဒယာဒယော၊ (အဝိဇ္ဇာ, တဏှာအစရှိသော) ဖြစ်ကြောင်းတရားအစရှိသည်တို့ကို။ ဥဒ္ဓဋာ၊ ထုတ်ဆောင်အပ်ကုန်ပြီ။
ဧသသဝါရေသုပိ၊ ဣရိယာပထပဗ္ဗဝါရမှ ကြွင်းသော ဝါရတို့၌လည်း။ ဧသနယော၊ ဤနည်းကို ။ (ဝေဒိတဗ္ဗော၊ ၏။)
အာဒိနာတိ ဧတ္ထ၊ အာဒိနာ-ဟူသော ဤပါဌ်၌။ အာဒိသန္ဒေန၊ အာဒိသဒ္ဒါဖြင့်။ တဏှာသမုဒယာ။ပ။အာဟာရသမုဒယာတိ၊ တဏှာသမုဒယာ။ပ။သမုဒယာ-ဟူကုန်သော ။ (အာကာရာ တဏှာ, ကံ, အာဟာရ-ဟူသောဖြစ်ကြောင်းအခြင်းအရာတို့လည်းကောင်း) နိဗ္ဗတ္တိ၊ လက္ခဏံ- (အဝိဇ္ဇာ, တဏှာ, ကံ-စသော အကြောင်းမပါဘဲ) ဖြစ်ခြင်းလက္ခဏာသက်သက်ကို။ပဿန္တောပိ= ရှုလျှင်လည်း။ ရူပက္ခန္ဓဿ၊ ရူပက္ခန္ဓာ၏။ ဥဒယံ၊ ဖြစ်ခြင်းကို။ ပဿတိ၊ ရှု၏။ ဣတိ၊ ဤသို့ ပြဆိုအပ်သော ။ (အာကာရော၊ ဖြစ်ခြင်းလက္ခဏာ-ဟူသော အခြင်းအရာလည်းကောင်း။) စတ္တာရော၊ လေးမျိုးကုန်သော။ ဣမေ အာကာရာ၊ ဤအခြင်းအရာတို့ကို။ သင်္ဂယှန္တိ ယထာ၊ ပေါင်းယူရေတွက်အပ်ကုန်သကဲ့သို့။ ဧဝံ၊ ဤအတူ။ အဝိဇ္ဇာနိရောဓာတိအာဒယော၊ အဝိဇ္ဇာနိရောဓာ-အစရှိကုန်သော။ ပဉ္စအာကာရာပိ၊ ငါးပါးကုန်သော အခြင်းအရာတို့ကိုလည်း။ သင်္ဂဟိတာ၊ ပေါင်းယူ ရေတွက်အပ်ကုန်ပြီ။ ဣတိ၊ ဤသို့။ ဒဋ္ဌဗ္ဗာ၊ မှတ်ကြပါကုန်။
သေသံ၊ ကြွင်းသော စကားရပ်သည်။ ဝုတ္တနယမေဝ၊ ဆိုပြီးသော နည်းရှိသည်သာတည်း။
ဣရိယာပထပဗ္ဗ ဝဏ္ဏနာ၊ ဣရိယာပထအပိုင်းအဖွင့်သည်။ နိဋ္ဌိတာ၊ ပြီးပြီ။