ဟိ၊ မှန်။ ဧတ္ထ ဧတ္ထ ဟိ။ ပေ။ သံသယတ္ထံတိ။ ။ ယမိုက်တကျမ်းလုံး၏ ထုံးစံလက္ခဏာကို ပြ၍ ဆိုအပ်ပြီးသော စကားကို ခိုင်မြဲစေလိုသောကြောင့် "ဧတ္ထ ဟိ" စသည်ကို မိန့်။ [ဧတ္ထာတိ အနာဂတကာလဘေဒေ၊-မဓု။] ပဌမပုစ္ဆာသု။ ပေ။ နိဿယော၊ (ယဿ စက္ခုန္ဒြိယံ ဥပ္ပဇ္ဇိဿတိ။ တဿ သောမနဿိန္ဒြိယံဥပ္ပဇ္ဇိဿတိ) ဟု ပြအပ်ခဲ့သော ပဌမပုစ္ဆာတို့၌ "ယဿ စက္ခုန္ဒြိယံ ဥပ္ပဇ္ဇိဿတိ" ဟူသော သန္နိဋ္ဌာန်ပုဒ်၏ "ဖြစ်လတ္တံ့ စက္ခုန္ဒြေရှိသော အကြင်ပုဂ္ဂိုလ်" ဟူသောအနက်သည် "တဿ သောမနဿိန္ဒြိယံ ဥပ္ပဇ္ဇိဿတိ" ဟု မေးထိုက်သော သံသယပုဒ်အနက်၏ မှီရာဖြစ်၏။
ဆိုလိုရင်းကား----"သောမနဿိန္ဒြေ ဖြစ်လတံ့လော" ဟု မေးအပ်သော ထိုပုဂ္ဂိုလ်ဟူသည် ဖြစ်လတံ့သောစက္ခုန္ဒြေရှိသော ပုဂ္ဂိုလ်ပင်ဖြစ်ရကား မေးထိုက်သော သံသယပုဒ် အနက်သည် သန္နိဋ္ဌာန်ပုဒ်၏အနက်ကို အမြဲမှီရိုးဖြစ်သည်၊-ဟူလို။ [ပုစ္ဆိတဗ္ဗတ္ထနိဿယော သည် "သန္နိဋ္ဌာနတ္ထမေဝ နိယမေတိ, န (နိယမေတိ)" တို့၏ ကတ္တားတည်း။ နိဿယော၌ကား အပ္ပဓာနစပ်။] ၊ ဤအနာဂတဝါရ၌။ ပဌမပုစ္ဆာသု၊ တို့၌။ သန္နိဋ္ဌာနတ္ထော၊ သန္နိဋ္ဌာန်ပုဒ်၏ အနက်သည်။ ပုစ္ဆိတဗ္ဗတ္ထနိယယော၊ မေးထိုက်သော သံသယပုဒ်၏ အနက်၏မှီရာသည်။ (ဟုတွာ၊ ၍။) မာဒိသောဝ မာဒိသောဝ။ ပေ။ ဧဝံ ဝိယ။ ။ ဤစကားသည် သန္နိဋ္ဌာန်ပုဒ်၏အနက်က မပြောသော်လည်း ပြောသကဲ့သို့ ကြံကြံစည်စည် ဆိုအပ်သော ပရိကပ္ပစကားတည်း။ "ယဿ စက္ခုန္ဒြိယံ ဥပ္ပဇ္ဇိဿတိ ဖြစ်လတံ့သော စက္ခုန္ဒြေရှိသူ" ဟူသော ငါ (သန္နိဋ္ဌာန်ပုဒ်၏အနက်) ကဲ့သို့ ပဋိသန္ဓေအခါ၌ ဖြစ်ခြင်း ဥပါဒ်အခိုက်ရှိသော ဣန္ဒြေရှိသူမူလည်းဖြစ်စေ, ပဋိသန္ဓေ ပဝတ္တိအခါ ၂ပါး၌ ဖြစ်ခြင်း ဥပါဒ်အခိုက်ရှိသော ဣန္ဒြေရှိသူမူလည်းဖြစ်စေ ထိုဣန္ဒြေရှိသော ပုဂ္ဂိုလ်ဟူသော သန္နိဋ္ဌာန်အနက်သည်----- ၊ ငါကဲ့သို့ရှုအပ်သည်သာဖြစ်သော။ (အတ္တော၌စပ်) ဥပပတ္တိဥပ္ပါဒိန္ဒြိယဝါ၊ ပဋိသန္ဓေအပါ၌ဖြစ်ခြင်း အခိုက်အတန့်ရှိသော ဣန္ဒြေရှိသူသည် မူလည်း ဖြစ်သော။ ဥဘယုပ္ပါဒိန္ဒြိယဝါ၊ ၂-ပါးစုံသော၊ ပဋိသန္ဓေအခါ, ပဝတ္တိအခါ၌ ဖြစ်ခြင်းအခိုက်အတန့်ရှိသော ဣန္ဒြေရှိသည်မူလည်း ဖြစ်သော။ အတ္ထော၊ သည်။ ပဋိနိဝတ္တိတွာပိ ပဋိနိဝတ္တိတွာပိ။ ပေ။ နိဿယော။ ။ "ယဿ ဝါ ပန" စသည်ဖြင့်ပြန်၍ မေးအပ်သော ဒုတိယပုစ္ဆာအနက်၏လည်း မှီရာဖြစ်၏။ ဆိုလိုရင်းကား- ပဌမပုစ္ဆာ၌ သန္နိဋ္ဌာန်ပုဒ်၏အနက်သည် မေးထိုက်သော သံသယပုဒ် အနက်၏မှီရာဖြစ်သကဲ့သို့ ဒုတိယပုစ္ဆာ၌လည်း ပဌမပုစ္ဆာဝယ်သန္နိဋ္ဌာန်ဖြစ်သော ငါကဲ့သို့သောအနက်သည်ပင် မေးထိုက်သည့် သံသယပုဒ်အနက်၏ မှီရာ ဖြစ်သည်၊-ဟူလို။ ၊ ပြန်နစ်၍လည်း။ ပုစ္ဆိတဗ္ဗတ္ထဿ၊ မေးထိုက်သောအနက်၏။ နိဿယော၊ မှိရာသည်။ (ဟောတိ၊ ဖြစ်ရ၏။ ဝါ၊ ဖြစ်ရသည်။) ဣတိ ဧဝံ ဝိယ ဧဝံ ဝိယ။ ပေ။ နိယမေတိ။ ။ [ဧဝံ ဣမိနာ ဝိယ အဇ္ဈာသယေန၊-အနု။] ပဌမပုစ္ဆာ၏ သန္နိဋ္ဌာန်ပုဒ်မှာ ဤကဲ့သို့ အဇ္ဈာသယ (အလိုဆန္ဒ) မရှိသော်လည်း ရှိသကဲ့သို့ ထိုပဌမပုစ္ဆာ၏ သန္နိဋ္ဌာန်ပုဒ်အနက်က ဒုတိယပုစ္ဆာတို့၌ သန္နိဋ္ဌာန်ပုဒ်အနက်ကို (မိမိကဲ့သို့ မှီရာဖြစ်ဖို့ရန်) ပိုင်းခြား သတ်မှတ်ဆုံးဖြတ်လိုက်သည်။ ၊ ဤသို့သော အဇ္ဈာသယဖြင့်ကဲ့သို့။ ဒုတိယပုစ္ဆာသု၊ တို့၌။ သန္နိဋ္ဌာနတ္ထမေဝ၊ သန္နိဋ္ဌာန်ပုဒ်၏, အနက်ကိုပင်။ နိယမေတိ၊ ပိုင်းခြား သတ်မှတ် ဆုံးဖြတ်၏။ တတ္ထေဝ န တတ္ထေဝ။ ပေ။ သံသယတ္ထံ။ ။ [တတ္ထေဝ တာသု ဧဝ ပုဗ္ဗေ ဝုတ္တ ပဌမပုစ္ဆာသု ဧဝ၊-အနု။] ထိုပဌမပုစ္ဆာတုန်းကပင် သန္နိဋ္ဌာန်ပုဒ်အနက်ကို သတ်မှတ်သကဲ့သို့ "တဿ သောမနဿိန္ဒြိယံ ဥပ္ပဇ္ဇိဿတိ" စသော သံသယပုဒ်အနက်ကိုကား အနာဂတ်ဖြစ်ရုံမျှဖြင့် "သောမနဿိန္ဒြိယံ ဥပ္ပဇ္ဇိဿတိ" ဟုသရုပ်အားဖြင့် ယူအပ်သော ဥပ္ပါဒ (သံသယ အနက်)ကို၎င်း, "တဿ သောမနဿိန္ဒြိယံနိရုဇ္ဈိဿတိ" ဟု သရုပ်အားဖြင့် ယူအပ်သော နိရောဓ (သံသယအနက်) ကို၎င်းမှီရာအဖြစ်ဖြင့်မသတ်မှတ်။ ဤကား ယမကဒေသနာ၏ လက္ခဏာပင်တည်း။ ၊ ထိုပဌမပုစ္ဆာတို့၌ပင်။ ပုစ္ဆိတဗ္ဗံ၊ သော။ အနာဂတဘာဝမတ္တေန၊ အနာဂတ်၏ အဖြစ်မျှဖြင့်။ သရူပတော၊ သရုပ်သကောင်အားဖြင့်။ ဂဟိတံ၊ ယူတော်မူအပ်သော။ ဥပ္ပါဒံ ဝါ၊ = ဖြစ်ခြင်းမူလည်း ဖြစ်သော။ နိရောဓံ ဝါ၊ ချုပ်ခြင်းမူလည်း ဖြစ်သော။ သံသယတ္ထံ၊ သံသယအနက်ကို။ န နိယမေတိ၊ မသတ်မှတ်။ ဣတိ၊ ဤကား။ (ယမကလက္ခဏံ၊ ယမိုက်တကျမ်းလုံး၏ လက္ခဏာတည်း။)
ဟိ ယထာဟိ။ ပေ။ ယောဇေတုံ။ ။ ဆိုအပ်ပြီးသောအဓိပ္ပါယ်ကို ထင်ရှားပြသော စကားတည်း။ ဤဝါကျ၌ "ဥပ္ပါဒ နိရောဓေ အတိက္ကမိတွာ ဥပ္ပါဒနိရောဓာ သမ္ဘဝန္တိ ယောဇေတုံ။ ဥပ္ပါဒနိရောဓေ အပ္ပတွာ ဥပ္ပါဒနိရောဓာ သမ္ဘဝန္တိ ယောဇေတုံ" ဟု ၂-ဝါကျ ခွဲပါ။ ထိုတွင် "ဥပ္ပါဒနိရောဓေ အတိက္ကမိတွာ" ဖြင့် "ယဿ စက္ခုန္ဒြိယံ ဥပ္ပဇ္ဇိဿတိ" စသော ပုစ္ဆာ၌ ကာမဘုံဝယ် လက်ရှိ ပုရိသဖြစ်သူသည် ထိုလက်ရှိ ဥပ္ပါဒကို လွန်၍ ရူပဘုံ၌ ပရိနိဗ္ဗာန်စံလတံ့ ပုဂ္ဂိုလ်မျိုးကိုပြ၏။ "ဥပ္ပါဒ နိရောဓေ အပ္ပတွာ" ဖြင့် "ယေ ရူပါဝစရံ ဥပပဇ္ဇိတွာ ပရိနိဗ္ဗာယိဿန္တိ" အရ ဖြစ်ခြင်းသို့ မရောက်သေးတဲ့ ချုပ်လတံ့ပုဂ္ဂိုလ်ကို ပြသည်။ နိရောဓဖြစ်ပုံကိုလည်း နည်းမှီ၍စိစစ်ပါ။ ၊ ချဲ့။ ဥပ္ပါဒနိရောဓေ၊ တို့ကို။ အတိက္ကမိတွာ၊ ၍။ ဥပ္ပါဒနိရောဓာ၊ တို့သည်။ ဝါ၊ တို့ကို။ ယောဇေတုံ၊ ငှာ။ သမ္ဘဝန္တိ ယထာ၊ သို့၎င်း။ ဥပ္ပါဒနိရောဓေ၊ တို့သို့။ အပ္ပတွာ၊ မရောက်မူ၍။ ဥပ္ပါဒနိရောဓာ၊ တို့သည်။ ဝါ၊ တို့ကို။ ယောဇေတုံ, သမ္ဘဝန္တိ ယထာ၊ ၎င်း။ ဧဝံ နဧဝံ။ ပေ။ သမ္ဘဝါနုပ္ပတ္တိတော။ ။ ဤနိရောဓဝါရ ပစ္စနိက်၌အနုပ္ပါဒ အနိရောဓတို့ကို လွန်၍၎င်း အနုပ္ပါဒ အနိရောဓသို့ မရောက်မီ၎င်း ယှဉ်စေခြင်းငှာ မဖြစ်သင့်ကုန်။ ဘာ့ကြောင့်နည်း... အဘူတ၊ ထင်ရှားမရှိသော ဣန္ဒြေ၏ ဖြစ်ခြင်းချုပ်ခြင်း၏+အဘာဝ၊ မရှိခြင်းကို လွန်၍၎င်း မရောက်သေးဘဲ၎င်း ဖြစ်သင့်ခြင်း၏ မဖြစ်နိုင်သောကြောင့် တည်း။ အဘူတာဘာဝဿာတိ အဘူတဿ အဘာဝဿ၊ အဘူတဿဥပ္ပါဒဿ နိရောဓဿစ အဘာဝဿာတိ အဓိပ္ပါယော၊ [မြန်မာစကား၌ မရှိသော ယုံချို၏ မဖြစ်ခြင်းကို မရနိုင်သကဲ့သို့တည်း။] အနုပ္ပါဒ နိရောဓေ၊ မဖြစ်ခြင်း, မချုပ်ခြင်းတို့ကို။ အတိက္ကမိတွာ၊ ၍။ အနုပ္ပါဒ နိရောဓာ၊ တို့သည်၎င်း။ အနုပ္ပါဒနိရောဓေ၊ တို့သို့။ အပ္ပတွာ၊ ၍။ အနုပ္ပါဒ နိရောဓာ၊ တို့သည်။ န သမ္ဘဝန္တိ။ (ကသ္မာ) အဘူတာ ဘာဝဿ၊ ထင်ရှားမရှိသော ဖြစ်ခြင်း ချုပ်ခြင်းတို့၏ မဖြစ်ခြင်း၏။ အဘူတာဘာဝံ၊ ကို။ အတိက္ကမိတွာ၊ ၍၎င်း။ အဘူတာဘာဝဿ၊ ၏။ အဘူတာဘာဝံ၊ သို့။ အပ္ပတွာစ၊ ၍၎င်း။ သမ္ဘဝါနုပတ္တိတော၊ ဖြစ်သင့်ခြင်း၏ မဖြစ်ခြင်းကြောင့်တည်း။
စ၊ ဆက်။ အဘူတုပ္ပါဒနိရောဓာဘာဝေါ အဘူတ။ ပေ။ ပုစ္ဆိတော။ ။ "ယဿ စက္ခုန္ဒြိယံ နုပ္ပဇ္ဇိဿတိ။ တဿ သောမနဿိန္ဒြိယံ နုပ္ပဇ္ဇိဿတိ" ဟု မေးရာ၌ ထင်ရှားဖြစ်ပြီး မဟုတ်သော စက္ခုသောမနဿ ဣန္ဒြေတို့၏ မဖြစ်လတံ့ကို မေး၏။ ထို့အတူ "န နိရုဇ္ဈိဿတိ" ဟုမေးရာ၌လည်း ထင်ရှားဖြစ်ပြီး မဟုတ်သော ဣန္ဒြေတို့၏ မချုပ်လတ္တံ့ကိုမေးသည်။ [တသ္မာကို "အာမန္တာတိ စ ဝုတ္တံ, န ဝုတ္တံ ဝိသဇ္ဇနံ" တို့၌ စပ်ပါ။] ၊ ထင်ရှားမရှိသော ဣန္ဒြေ၏ဖြစ်ခြင်း ချုပ်ခြင်း၏ မဖြစ်ခြင်းကို။ ပဋိလောမေ၊ ၌။ ပုစ္ဆိတော။ တသ္မာ၊ ကြောင့်။ (အဘူတုပ္ပါဒနိရောဓ၏ မဖြစ်ခြင်း၏ မေးတော်မူအပ်သည်၏အဖြစ်ကြောင့်)။ ဝတ္တမာနာနံ၊ ဖြစ်ဆဲဣန္ဒြေတို့၏။ ဥပ္ပါဒဿ၊ ဖြစ်ခြင်း၏။ (ကာလန္တရယောဂေါ၊ ကာလအထူးနှင့် ယှဉ်ခြင်းသည်။ ဘဝတိ) ဝိယ၊ သို့။ (တထာ), ဝိသေသရဟိတဿ၊ အထူးမှကင်းသော။ အဿ အဘူတာဘာဝဿ အဿ။ ပေ။ အဘူတာ ဘာဝဿ။ ။ "အဘူတ၊ ထင်ရှားမရှိသော ဣန္ဒြေ၏ဖြစ်ခြင်း မဖြစ်ခြင်း၏+အဘာဝ၊ မဖြစ်ခြင်း" ဟူရာ၌ ဝိသေသန ရှိ, မရှိ ၂-မျိုးရှိ၏။ ယခု ထင်ရှားမရှိသေးသော "ရူပါဘာဝ, ဝေဒနာဘာဝ" ဟု ဆိုရာ၌ ရုပ်ဟူသော ဝေဒနာဟူသော ဝိသေသန ပါရှိ၏။ သာမည အားဖြင့် "အဘာဝ" ဟုဆိုရာ၌ကား ဝိသေသန မရှိ။ ဤနေရာ၌ ဝိသေသန မရှိသော "အဘူတ, အဘာဝ" ကို ဆိုလိုသည်။ ၊ ဤထင်ရှားမရှိသော ဣန္ဒြေ၏ဖြစ်ခြင်း ချုပ်ခြင်း၏ မဖြစ်ခြင်း၏။ ကာလန္တရယောဂါဘာဝတော ကာလန္တရယောဂါဘာဝတော။ ။ ပစ္စုပ္ပန်ဖြစ်သော ဣန္ဒြေတို့၏ဖြစ်ခြင်းသည် "ယခုဖြစ်ဆဲ, ရှေးကဖြစ်ခဲ့ပြီး, နောက်၌ဖြစ်လတ္တံ့" ဟု ကာလအထူးနှင့် ယှဉ်နိုင်သကဲ့သို့ အဘူတဣန္ဒြေတို့၏ မဖြစ်ခြင်းသည် ထိုကဲ့သို့ ကာလအထူးနှင့် ယှဉ်ခြင်း၏ မဖြစ်နိုင်ခြင်းကြောင့်။ [ပုစ္ဆိတာ ဟောန္တိ၌ စပ်။] ၊ ကာလအထူးနှင့် ယှဉ်ခြင်း၏ မဖြစ်နိုင်ခြင်းကြောင့်။ ယာဒိသာနံ ယာဒိသာနံ။ ပေ။ သန္နိစ္ဆိတော။ ။ "ယဿ စက္ခုန္ဒြိယံ နုပ္ပဇ္ဇိဿတိ။ ပေ။ န နိရုဇ္ဈိဿတိ" ကို ကြည့်၍ "ယာဒိသာနံ စက္ခါဒီနံ" အရ အနာဂတ်ဖြစ်သော စက္ခုအစရှိသော ဣန္ဒြေတို့၏ ဥပ္ပါဒ နိရောဓ မရှိလတံ့၏ အဖြစ်ဖြင့် မေးထိုက်သောအနက်၏ မှီရာအနက်ကို သန္နိဋ္ဌာန်ပုဒ်ဖြင့် ကောင်းစွာ ဆုံးဖြတ်အပ်ပြီ(ယူအပ်ပြီ)။ ၊ အကြင်ကဲ့သို့ အနာဂတ်အဖြစ်ဖြင့် ရှုအပ်ကုန်သော။ စက္ခာဒီနံ၊ တို့၏။ ဥပ္ပါဒ နိရောဓာဘာဝေန၊ ဖြစ်ခြင်း ချုပ်ခြင်း၏ မရှိခြင်းဖြင့်။ ပုစ္ဆိတဗ္ဗဿ၊ မေးထိုက်သောအနက်၏။ နိဿယော၊ မှီရာ ဖြစ်သောအနက်ကို။ သန္နိဋ္ဌာနေန၊ သန္နိဋ္ဌာန်ပုဒ်ဖြင့်။ သန္နိစ္ဆိတော၊ ကောင်းစွာ ဆုံးဖြတ်အပ်ပြီ။ တန္နိဿယာ တန္နိဿယာ။ ပေ။ ပုစ္ဆိတာ။ ။ ထိုကဲ့သို့ မှီရာရှိကုန်သော ထိုကဲ့သို့အနာဂတ်ပင် ဖြစ်ကုန်သော "ပဋိသန္ဓေ, စုတိ" ဟူသော "ဖြစ်ခြင်း, ချုပ်ခြင်း ရှိကုန်သော ဇီဝိတ မနစသော ဣန္ဒြေတို့၏လည်း မဖြစ်ခြင်း မချုပ်ခြင်းတို့ကို သံသယပုဒ်ဖြင့် မေးအပ်ပြီ။ ဣတိ၊ ထို့ကြောင့်။ ["အာမန္တာတိ ဝုတ္တံ, န ဝုတ္တံ" တို့၌စပ်။] ၊ ထိုကောင်းစွာ ဆုံးဖြတ်အပ်ပြီးသော မှီရာအနက်ရှိကုန်သော။ တာဒိသာနံ ယေဝ၊ ထိုအနာဂတ်အဖြစ်ဖြင့် ရှုအပ်သည်သာ ဖြစ်ကုန်သော။ ဥပပတ္တိ စုတိ ဥပ္ပါဒ နိရောဓာနံ၊ ပဋိသန္ဓေ, စုတိဟု ဆိုအပ်သော ဖြစ်ခြင်း ချုပ်ခြင်းရှိကုန်သော။ ဇီဝိတာဒီနံပိ၊ တို့၏လည်း။ အနုပ္ပါဒါနိရောဓာ၊ မဖြစ်ခြင်း, မချုပ်ခြင်းတို့သည်။ ဝါ၊ တို့ကို။ သံသယပဒေန၊ ဖြင့်။ ပုစ္ဆိတာ ဟောန္တိ။ ဣတိ၊ ကြောင့်။ ယဿ။ ပေ။ အာမန္တာတိ စ၊ ဟူ၍၎င်း။