ပန၊ ဆက်။
တေ ခန္ဓာတေ ပန ခန္ဓာ။ ။အဘိဓမ္မာ တရားတော်ဟူသည် ထူးသောဉာဏ်ဖြင့် သိထိုက်သော အဘိညေယျကထာ ဖြစ်၏။ ထိုအဘိညေယျကထာသည်လည်း (ယာဝဒေဝပရိညာတတ္ထာ)၊ ပိုင်းခြား၍ သိခြင်းတိုင်အောင် အကျိုးရှိ၏။ ပိုင်းခြား၍ သိခြင်းဟူသော ပရိညာ တို့တွင်လည်း တီရဏပရိညာနှင့်ကင်း၍ ပဟာနပရိညာမဖြစ်နိုင်။ တီရဏပရိညာသည်လည်း ပြည့်စုံသော ပရာနုဂ္ဂဟကို အလိုရှိအပ်သည်၏ အဖြစ်ကြောင့် ကာလကို၎င်း၊ ပုဂ္ဂိုလ်ကို၎င်း ခန္ဓာတို့၏ဖြစ်ရာဘုံကို၎င်း ခွဲခြားဝေဘန်ခြင်းကို အဦးပြုသဖြင့် ခန္ဓာတို့၏ အသီးအသီး တပါးစီ၎င်း အတူတွဲ၍၎င်း ဖြစ်ခြင်း ချုပ်ခြင်း လက္ခဏာကို ပိုင်းခြား၍ယူခြင်း၏ အစွမ်းအားဖြင့် အလွန်အကဲနှင့်တကွဖြစ်၏။ ဤအနက် အဓိပ္ပါယ်ကိုပြလိုသောကြောင့် "ဆသု ကာလဘေဒေသု။ ပေ။ ပရိညာ စ ဝတ္တဗ္ဗာ" ဟူ၍ပဓာနစကားကို ထုတ်ပြသည်။ [ခန္ဓယမိုက်၌ ပရိညာဝါရသည် ပဓာနဖြစ်၏ဟူလို။]
ထိုစကားရပ်၌ တိရဏပရိညာနှင့် ကင်း၍ ပဟာနပရိညာ မဖြစ်နိုင်သကဲ့သို့ ဤအတူ ဉာတပရိညာနှင့် ကင်း၍ တီရဏပရိညာမဖြစ်နိုင်။ ထိုဉာတပရိညာသည်လည်း သုတမယဉာဏ် အရင်းခံရှိ၏။ ထို့ကြောင့် ဒေသနာ၌ ကျွမ်းကျင်တော်မူသော မြတ်စွာဘုရားသည် "ရူပံ+ရူပက္ခန္ဓော" အစရှိသော အနွယအားဖြင့်၎င်း။ "န ရူပံ+န ရူပက္ခန္ဓော" အစရှိသော ဗျတိရေကအားဖြင့်၎င်း ရူပက္ခန္ဓစသော အပေါင်းပုဒ်၏ အနက်, ရူပံ စသောအစိတ်ပုဒ်၏ အနက်စသည်ကို ခွဲခြား ဝေဘန်၍ ပြခြင်းကို အဦးပဓာနပြုသဖြင့် ခန္ဓာ ၅-ပါးတို့၌ ပရိညာအပြားကို ပြတော်မူလိုသောကြောင့် ပဉ္စက္ခန္ဓာ အစရှိသည်ဖြင့် ဒေသနာတော်ကို အားထုတ်တော်မူပြီ-ဟူသော အနက်အဓိပ္ပါယ်ကိုပြလိုသော ဋီကာဆရာသည် "တေ ပန ဓမ္မာ" အစရှိသော ပါဌ်ကို မိန့်သတည်း-။ အနုဋီကာ၏ အနုသန္ဓေတက်။
**မှတ်ချက်။ ။**ဤအနုသန္ဓေတက်ကို ထောက်၍ ခန္ဓယမက၌ ခန္ဓာ၅-ပါး၏ ဥပ္ပါဒနိရောဓကို ဟောတော်မူခြင်းသည် ပဟာနပရိညာအကျိုးငှာဖြစ်၏။ ထိုပဟာနပရိညာလည်း တီရဏပရိညာနှင့်ကင်း၍မဖြစ်။ တီရဏပရိညာလည်းဉာတပရိညာနှင့်ကင်း၍မဖြစ်။ ဉာတပရိညာလည်း ဤခန္ဓယမိုက်ကို ဆရာအထံဝယ် နာခံမှတ်သားရခြင်း ဟူသော သုတမယဉာဏ်နှင့်ကင်း၍ မဖြစ်။ ထို့ကြောင့် ဤယမိုက်ကို ပိုင်ပိုင်နိုင်နိုင် သိ၍ ဘာဝနာကမ္မဋ္ဌာန်း ကြိုးပမ်းအားထုတ်သော ပုဂ္ဂိုလ်သည် သမုဒယသစ္စာကို ပယ်သည်တိုင်အောင် လောကုတ္တရာအကျိုးကို ရနိုင်ပါသည်။
မူလဋီကာ။ ။
ရုပ္ပနလက္ခဏံ၊ ပေ၊ ပဟာနပရိညာ။- "ရုပ္ပနလက္ခဏံ ရူပံ ဖုသနလက္ခဏော ဖဿော" တိ အာဒိနာ သာမည ဝိသေသလက္ခဏပရိဂ္ဂါဟိကာသလက္ခဏ ပရိဂ္ဂါဟိကာ ဒိဋ္ဌိ ကင်္ခါဝိတရဏ ဝိသုဒ္ဓိယော ဉာတပရိညာ၊ တတော ပရံ ယာဝအနုလောမာ တီရဏပရိညာ၊ ဥဒယဗ္ဗယာ နုပဿနတော ပဋ္ဌာယ ယာဝမဂ္ဂါ ပဟာနပရိညာ။ ဓမ္မဟဒယ ဝိဘင်း၊ အဓိပ္ပါယ်ကို ထိုဝိဘင်းမူလဋီကာနိဿယ၌ ရူပါ။ ဤအဖွင့်အရ သုတမယဉာဏ်စသော ရှေးရှေးဉာဏ်နှင့် ကင်း၍ နောက်နောက် ဉာဏ်များမဖြစ်နိုင်ပုံ ထင်ရှားပါသည်။
၊ တို့ကို။ ရူပက္ခန္ဓောတိအာဒီဟိ၊ ကုန်သော။ ပဉ္စဟိ၊ ကုန်သော။ ပဒေဟိ၊ ပုဒ်တို့ဖြင့်။ ဝုစ္စန္တိ၊ ဟောတော်မူအပ်ကုန်၏။ တေသံ၊ ထို ၅-ပါးသောပုဒ်တို့၏။ အဝယဝပဒါနိ၊ အစိတ် ဖြစ်သော ပုဒ်တို့သည်။ ဒသ၊ ဆယ်ပုဒ်တို့တည်း။ (ရူပံတပုဒ်, ခန္ဓာတပုဒ်စသောအားဖြင့် ဆယ်ပုဒ်တို့တည်း)။