[ယမိုက်ပါဠိတော်ကိုဖွင့်ပြပြီး၍ ပဋ္ဌာန်းပါဠိတော်ကိုဖဲင့်ပြလိုသော အဋ္ဌကထာဆရာသည် ဒေဝါတိဒေဝေါ စသည်ကိုမိန်။]
ဒေဝါတိဒေဝေါ၊ သမ္မုတိနတ် ဉပပတ္တိနတ် ဝိသုဒ္ဓိနတ်တို့ကို အဘိညာစသောဂုဏ်တို့ဖြင့် သာလွန်သောဝိသုဒီဓိနတ် ဖြစ်တော်မူထသော။ [အခြား အနက်များကို ဋီကာနိဿယ၌ကြည့်ပါ။]
ဒေဝ ဒါနဝပူဇိတော၊ သိကြားအစရှိသောနတ်, ပဟာရာဒအစရှိသော အသုရိန်တို့သည် ပူဇော်အပ်တော်မူထသော။
သုဒ္ဓသံယမော၊ သန့်ရှင်း စင်ကြယ်သော ကိုယ်နှုတ်တို့ကို စောင့်စည်းကြောင်း ဖြစ်သော ကာယသံယမ ဝစီသံယမ ဟူသော ပါတိမောက္ခသံဝရသီလ, ဣန္ဒြေတို့ကို စောင့်စည်းကြောင်း ဖြစ်သော ဣန္ဒြိယသံဝရသီလ, စိတ်ကို စောင့်စည်းကြောင်းဖြစ်သော စိတ္တသံယမ ဟူသော သာမဓိလည်း ရှိတော်မူထသော။
မဟာဝီရော၊ ကြီးမြတ်သော လုံ့လရှိတော်မူထသော။
ဣသိသတ္တမော၊ ဝိပဿီအစရှိသော ရှေးဘုရားရှင်တို့ကိုထောက်၍ ၇-ဆူမြောက် ဣသိ ဖြစ်တော်မူထသော။ [ဤအနက်ကို အနု၌သာဖွင့်ထားသည်။]
နာမရူပနိရောမနော၊ အကြောင်းသမုဒယကို ချုပ်စေခြင်းအားဖြင့် ဝဋ်၌အကြုံးဝင်သော နာမ်ရုပ်တို့ကို ချုပ်စေတော်မူပြီးထသော။
(ဘဂဝါ၊ သည်။)
["ဘဂဝါ သတ္တမော"ဟု ဋီကာဆိုသောကြောင့် ဘဂဝါဟု ဝိသေသျထည့်၍ ပေးပါသည်။ ရှေးနိဿယ၌ကား "သတ္ထာ"ဟု ထည့်၏။]
ဒေဝါနံ၊ တသောင်းသော စကြာဝဠာမှ စုဝေးရောက်လာ နတ်ဗြဟ္မာတို့အား။
ယမကံ၊ ယမကမည်သော။
ပကရဏံ၊ ကျမ်းကို။
(တစ်နည်း) ယမကံပကရဏံ၊ ယမိုက်ကျမ်းကို။
ဒေသယိတွာ၊ ပြီး၍။
အထ၊ ထိုယမိုက်ကျမ်းကို ဟောရာကာလမှ နောက်၌။
အတ္ထတော၊ အနက်အဓိပ္ပါယ်အားဖြင့်လည်းကောင်း။
ဓမ္မတောစေဝ၊ ပါဠိတော်အားဖြင့်လည်းကောင်း။
ဂမ္ဘီရဿ၊ နက်နဲသော။
တဿ၊ ထိုယမိုက်ကျမ်း၏။
အနန္တရံ၊ အခြားမဲ့၌။
သတ္တမံ၊ ၇-ကျမ်းမြောက်ဖြစ်သော။
အတိဂမ္ဘိရနယမဏ္ဍိတဒေသနံ၊ အလွန်နက်နဲ့သောနည်းတို့ဖြင့် တန်ဆာဆင်အပ်သော ဒေသနာတော်ဖြစ်သော။
နာမေန၊ အမည်အားဖြင့်။
ပဋ္ဌာနံ၊ ပဋ္ဌာနမည်သော။
ယံ (ပကရဏံ)၊ အကြင်ကျမ်းကို။
ဒေသေသိ၊ ဟောတော်မူပြီ။
ဣဒါနိ၊ ယမိုက်ကျမ်းကိုဖွင့်ပြပြီးရာယခုအခါ၌။
တဿ၊ ထိုပဋ္ဌာနမည်သောကျမ်း၏။
သံဝဏ္ဏနာက္ကမမော၊ ဖွင့်ကြောင်းဖွင့်ရာ အဋ္ဌကထာအစဉ်သည်။
ယသ္မာ၊ ကြောင့်။
သမ္ပတ္တော၊ ကောင်းစွာရောက်ပြီ။
တသ္မာ၊ ထို့ကြောင့်။ (ထိုသို့ ပဌာန်းကျမ်း၏အဖွင့် သံဝဏ္ဏနာ အဋ္ဌကထာအစဉ်၏ ကောင်းစွာရောက်လာသည်၏ အဖြစ်ကြောင့်။)
နံ၊ ထိုပဋ္ဌာန်းကျမ်းကို။
ဝဏ္ဏယိဿာမိ၊ ဖွင့်တော့အံ့။
တံ၊ ထိုပဋ္ဌာန်းကျမ်း၏ အဖွင့်သံဝဏ္ဏနာ အဋ္ဌကထာကို။
သမာဟိတာ၊ ကောင်းစွာ အာရုံ၌ထားအပ်သော စိတ်ရှိကုန်သည်။
(ဟုတွာ)၊
သုဏာထ၊ နာယူမှတ်သား ဆောင်ထားကြကုန်လော။
ဣတိ၊ သမယဒေသက စသည်ကို ဆိုရာစကားရပ် အပြီးသတ်တည်း။
အမှာ။ ။[သံ+အာပုဗ္ဗ ဓာဓာတ်သည် ထပနအနက်ဟောတည်း၊ ဓာ၌ အာကို ဣ, ဓကိုဟပြု "သမာဒဟီယတေတိ သမာဟိတံ (ကောင်းစွာ အာရုံ၌ ထားအပ်သောစိတ်) သမာဟိတံ+ယေသန္တိ သမာဟိတာ"ဟု အဿတ္ထိ တဒွိတ်ဆင့်ပါ။]