Issues
Select Version
Visuddhimaggo(Dutiyo bhāgo)
Visuddhimaggo(Dutiyo bhāgo)

Taṇhāpaccayāupādānapadavitthārakathā

Author: prañña charāto-ပြည် ဆရာတော် @ IAPT

တဏှာပစ္စယာ ဥပါဒါနပဒေ၊ ၌။ ဝိနိစ္ဆယော၊ ကို။ ဝေဒိတဗ္ဗော၊ ၏။
ဥပါဒါနာနိ၊ တို့သည်။ စတ္တာရိ၊ တို့သည်။ ဟောန္တိ၊ ကုန်၏။ တာနိ၊ ထိုလေးပါးသော ဥပါဒါန်တို့ကို။ အတ္ထဝိဘာဂတော၊ အနက်ကို ဝေဖန်သောအားဖြင့်၎င်း။ ဓမ္မသင်္ခေပဝိတ္ထာရာ၊ ဥပါဒါန်မည်သောဓမ္မ၏အကျဉ်းအကျယ်အားဖြင့် ၎င်း။ ကမတော စ၊ အစဉ်အားဖြင့်၎င်း။ ဝိဘာဝယေ၊ ပြရာ၏။
တတြ-တိဿံ ဂါထာယံ၊ ၌။ အယံ၊ ကား။ ဝိဘာဝနာ၊ တည်း။ ကာမုပါဒါနံ၊ ၎င်း။ ဒိဋ္ဌုပါဒါနံ၊ ၎င်း။ သီလဗ္ဗတုပါဒါနံ၊ ၎င်း။ အတ္တဝါဒုပါဒါနံ၊ ၎င်း။ ဣတိ၊ သို့။ တာဝ၊ စွာ။ ဧတ္ထ၊ ဤတဏှာပစ္စယာ ဥပါဒါန-ပုဒ်၌။ ဣမာနိ စတ္တာရိ၊ ဤလေးပါးတို့သည်။ ဥပါဒါနာနိ၊ ဥပါဒါန်မည်ကုန်၏။
တေသံ၊ ထိုလေးပါးသော ဥပါဒါန်တို့၏။ အယံ၊ ဤဆိုလတံ့သည်ကား။ အတ္ထဝိဘာဂေါ၊ အနက်ကိုဝေဖန်ခြင်းတည်း။ ဝါ၊ သရုပ်ကို ဝေဖန်ခြင်းတည်း။ (ယံ ဓမ္မဇာတံ၊ သည်။) ဝတ္ထုသင်္ခါတံ၊ ရူပါရုံသဒ္ဒါရုံစသော ဝတ္ထုကာမဟုဆိုအပ်သော။ ကာမံ၊ ကာမဂုဏ်ကို။ ဥပါဒိယတိ၊ ပြင်းစွာစွဲလမ်းတတ်၏။ ဝါ၊ မြဲစွာစွဲလမ်းတတ်၏။ ဣတိ-တသ္မာ၊ ကြောင့်။ (တံ ဓမ္မဇာတံ၊ သည်။) ကာမုပါဒါနံ၊ မည်၏။ သော-သဘာဝေါ၊ ထိုသဘောတရားသည်။ ကာမော စ၊ အလိုရှိတတ်သည်ဖြစ်၍ ကာမမည်သည်လည်း။ (ဟောတိ၊ ၏။) ဥပါဒါနဉ္စ၊ ပြင်းစွာစွဲလမ်းတတ်သည်ဖြစ်၍ ဥပါဒါန်မည်သည်လည်း။ (ဟောတိ၊ ၏။) ဣတိပိ၊ ဤသို့သော ကမ္မဓာရည်းသမာသ်ကြောင့်လည်း။ ကာမုပါဒါနံ၊ မည်၏။
ဥပါဒါနန္တိ၊ ကား။ ဒဠှဂ္ဂဟဏံ၊ မြဲစွာစွဲလမ်းတတ်သော တရားတည်း။
ဧတ္ထ၊ ဤဥပါဒါနံ-ဟူသောပုဒ်၌။ ဥပသဒ္ဒေါ၊ သည်။ ဥပါယာသဥပကုဋ္ဌာဒီသု၊ တို့၌။ ဥပသဒ္ဒေါဝိယ၊ ကဲ့သို့။ ဒဠှတ္ထော၊ ဒဠှအနက်ရှိ၏။ ရှေးဝိကပ်၌ ကာမံ-ပုဒ်ကို ကာမိယတီတိ ကာမော၊ တံ ကာမံ-ဟု ကမ္မသာဓ်ပြု၍ ဝတ္ထုကာမရစေ၊ မြဲစွာစွဲလမ်း၏ဟူသည် မလွှတ်လိုပဲ မြဲစွာသာယာသည်ဟူလို။ ဒဠှအဿာဒေတီတိ အတ္ထော။ ဋီကာ။ ကိတန္တသမာသ်ကိုပြပြီး၍ ကမ္မဓာရည်းသမာသ်ကိုပြပြန်လိုရကား ကာမော-စသည်ကို မိန့်သော်။ ယင်းဝါကျ၌ ကာမော-ပုဒ်ကို ကာမေတီတိ ကာမော-ဟု ကတ္တုသာဓနပြု၍ ကိလေသကာမ ရစေ။ ကာမော စ သောတိ ဧတ္ထ ကတ္တုသာဓနော ကိလေသကာမဿ အဓိပ္ပေတတ္တာ၊ ၎င်း။ ဥပါဒါန-သဒ္ဒါိကိုကား ဝိကပ်နှစ်ပါးစုံ၌ ကတ္တုသာဓနချည်းပြုလေ၊ ဥပါဒါနသဒ္ဒေါ ပန ဥဘယတ္ထာပိ ကတ္တုသာဓနောဝ။ ၎င်း ။ ဥပ-သဒ္ဒါ၏ဥပဂမနတ္ထ, ဒါ-ဓာတ်၏ဒါနတ္ထစသည်တို့ကို စင်စေလိုရကား ဥပါဒါနန္တိဒဠှဂ္ဂဟဏံ-မိန့်သော်။ ဒဠှာဒါနံ-မဆိုစကောင်းလော။ ကြောင့် ဒဠှတ္ထော ဟိ ဧတ္ထ ဥပသဒ္ဒေါ-မိန့်သော်။ ဒဠှတ္ထဟူသည်လည်း ဘုသတ္ထပင်တည်း။ ဘုသော အာယာသော ဥပါယာသော ဘုသံ ကုဋ္ဌံ ဥပကုဋ္ဌံ-စသည်တို့၌ကဲ့သို့တည်းဟု ပြလိုရကား ဥပါယာသ-စသည်ကိုမိန့်သော်။ (ပြည်)
တထာ၊ ထိုမှတစ်ပါး။ သာ-ဓမ္မဇာတိ၊ ထိုသဘောတရားသည်။ ဒိဋ္ဌိ စ၊ ဖောက်ပြန်သောအားဖြင့် မြင်တတ်သည် ဖြစ်၍ ဒိဋ္ဌိမည်သည်လည်း။ (ဟောတိ၊ ၏။) ဥပါဒါနဉ္စ၊ ပြင်းစွာစွဲလမ်းတတ်သည်ဖြစ်၍ ဥပါဒါန်မည်သည်လည်း။ (ဟောတိ၊ ၏။) ဣတိ-တသ္မာ၊ ကြောင့်။ ဒိဋ္ဌုပါဒါနံ၊ မည်၏။
ဝါ၊ ကား။ ဒိဋ္ဌိံ၊ ရှေးဖြစ်သောဒိဋ္ဌိကို။ ဥပါဒိယတိ၊ ပြင်းစွာစွဲလမ်းတတ်၏။ ဣတိ-တသ္မာ၊ ကြောင့်။ ဒိဋ္ဌုပါဒါနံ၊ မည်၏။
ဟိ-သစ္စံ၊ ၏။ သဿတော အတ္တာ စ လော‌ကော စာတိအာဒီသု၊ တို့၌။ ပုရိမဒိဋ္ဌိံ၊ ‌ရှေးဖြစ်သော ဒိဋ္ဌိကို။ (သဿတဘာဝေန၊ ဖြင့်။ ဂဏှန္တီ၊ ယူသည်ဖြစ်၍။) ဥတ္တရဒိဋ္ဌိ၊ နောက်ဖြစ်သော ဒိဋ္ဌိသည်။ ဥပါဒိယတိ၊ ပြင်းစွာစွဲလမ်းတတ်၏။ ဒိဋ္ဌုပါဒါန်၏အဖွင့်၌ ကမ္မဓာရည်းသမာသ်ကို ရှေးဦးမိန့်လေသည်ကား ဥပါဒါန-၏ အရ မိစ္ဆာဒိဋ္ဌိကိုထင်စေသည်၊ ဥပါဒါန-၏အရ မိစ္ဆာဒိဋ္ဌကိုထင်စေသည်၊ ဥပါဒါန-၏အရ ဒိဋ္ဌိဖြစ်လျက် အဘယ့်ကြောင့် ဒိဋ္ဌိံ ဥပါဒိယတီတိ ဝါ-ဟူသော ဒုတိယဝိကပ်ကိုမိန့်လေသနည်း? ကြောင့် သဿတော-စသည်ကို မိန့်သည်။ အတ္တဂဟဏသည် အတ္တဝါဒုပါဒါန်ဖြစ်၍ သဿတော အတ္တာ စ-ဟူသော စကားသည် ဤဒိဋ္ဌုပါဒါန်အရာ၌ လိုရင်းမဟုတ်၊ သဟစရိတအားဖြင့်သာလျှင် ပါသည်။ သဿတော ‌လောကော စ၊ ဟူသောစကားသည်ပင်လျှင်။ ဤဒိဋ္ဌုပါဒါန်ကိုဆိုရာ၌ လိုရင်းဖြစ်သည်ဟု ဋီကာ၌ဆိုသည်။ (ပြည်)
တထာ၊ ပါး။ (အသုဒ္ဓိမဂ္ဂဘူတံ၊ စင်ခြင်း၏အကြောင်းမဟုတ်သည်ဖြစ်၍ ဖြစ်သော။) သီလဗ္ဗတံ၊ နွားစသည်တို့၏အလေ့အကျင့်ကို။ သုဒ္ဓိမဂ္ဂေါတိ၊ ‌စင်ခြင်း၏အကြောင်းဟူ၍။ ဥပါဒိယတိ၊ မြဲစွာစွဲလမ်းတတ်၏။ ဣတိ-တသ္မာ၊ ကြောင့်။ သီလဗ္ဗတုပါဒါနံ၊ မည်၏။
တံ-ဓမ္မဇာတံ၊ သည်။ သီလဗ္ဗတဉ္စ၊ နွားစသည်တို့၏ အလေ့အကျင့်သည်လည်း။ ဝါ၊ နွားစသည်တို့၏ အလေ့အကျင့်ကို စွဲလမ်းသော မိစ္ဆာအယူသည်လည်း။ ဟောတိ၊ ၏။ ထိုသီလဗ္ဗတနှင့် သဟစရိတဖြစ်သော ပရာမာသသည်လည်း သီလဗ္ဗတပင်တည်းဟု ပြလိုရကား သီလဗ္ဗတဉ္စ-စသော နောက်ဝိကပ်ကို မိန့်ပြန်သည်။ ယင်းသို့သော် ဂေါသီလဂေါဝတစသည်သည် ဥပါဒါန်မဟုတ်ခဲ့၊ အသို့လျှင် သမာနာဓိကရဏဖြစ်လေ့အံ့နည်း? ကြောင့် ဂေါသီလဂေါဝတာဒီဟိ-စသည်ကိုမိန့်သည်။ (ပြည်) ဥပါဒါနဉ္စ၊ ဥပါဒါန်မည်သည်လည်း။ ဟောတိ၊ ၏။ ဣတိပိ၊ ကြောင့်လည်း။ သီလဗ္ဗတုပါဒါနံ၊ မည်၏။
ဟိ-သစ္စံ၊ ၏။ ဂေါသီလဂေါဝတာဒီနိ၊ နွားတို့၏အလေ့ နွားတို့၏အကျင့် စသည်တို့သည်။ ဝါ၊ နွားတို့၏အလေ့ နွားတို့၏အကျင့်စသည်တို့ကို သုဒ္ဓိမဂ္ဂဟု မှားသောအားဖြင့် စွဲလမ်းသောမိစ္ဆာအယူတို့သည်။ ဧဝံ၊ ဤသို့နွားတို့၏အလေ့အကျင့်စသည်ဖြင့်။ သုဒ္ဓိ၊ သံသရာမှစင်ခြင်းသည်။ (ဘဝိဿတိ၊ လတံ့။) ဣတိ၊ သို့။ အဘိနိဝေသတော၊ ပြင်းစွာအမှား နှလုံးသွင်းသည်၏အဖြစ်ကြောင့်။ သယမေဝ၊ ပင်လျှင်။ ဥပါဒါနာနိ၊ မည်ကုန်သည်။
တထာ၊ ထိုမှတစ်ပါး။ ဧတေန-သဘာဝေန၊ ဖြင့်။ သတ္တာ၊ ‌တို့သည်။ ဝဒန္တိ၊ ဆိုတတ်ကုန်၏။ ဣတိ-တသ္မာ၊ ထိုသို့ဆိုကြောင်း၏ အဖြစ်ကြောင့်။ (သော သဘာဝေါ၊ သည်။) ဝါဒေါ၊ မည်၏။ [၂၀၄] ဧတေနဓမ္မဇာတေန၊ ဖြင့်။ သတ္တာ၊ တို့သည်။
ဥပါဒိယန္တိ၊ မြဲစွာစွဲလမ်းတတ်ကုန်၏။ ဣတိ-တသ္မာ၊ ထိုသို့စွဲလမ်းကြောင်း၏ အဖြစ်ကြောင့်။ တံ ဓမ္မဇာတံ၊ သည်။ ဥပါဒါနံ၊ မည်၏။
ကိံ၊ ကို။ ဝဒန္တိ၊ နည်း။ ဥပါဒိယန္တိ ဝါ၊ မြဲစွာမူလည်းစွဲလမ်းကုန်သနည်း။ ဝါဒသင်္ခါတံ ဝါ‌ဒမေဝ ဝါ ဥပါဒါနံ ဝါဒုပါဒါနံ၊ အတ္တနော ဝါဒုပါဒါနံ အတ္တဝါဒုပါဒါနံ-ဟူသော ဝစနတ္ထကိုပြလိုရကား ကိံ ဝဒန္တိ-စသည်ကို မိန့်သော်။ အတ္တသည် ဝဒန္တိ ဥပါဒိယန္တိ-ကြိယာနှင့်စပ်သော် ကံ, ကရဏသာဓ်ပြုပြီးသော ဝါဒေါ ဥပါဒါနံ-တို့နှင့်စပ်သော် သမ္ဗန်၊ ထိုကြောင့် ကရဏာသာဓ်၊ အဓိကရဏသာဓ်၊ နောက်ပုဒ်မှတ်မူ၊ ရှေးပါဌ်ဆဋ္ဌီ၊ တွဲမြဲပြီ-ဟု ဆရာတို့ဆိုကုန်၏၊ အတ္တသည် ပရမတ္ထအားဖြင့် ထင်ရှားမရှိခဲ့ရကား အဘယ်သို့လျှင် စွဲလမ်းနိုင်အံ့နည်း၊ ယင်းသို့ ပဌမဝိကပ်၌ အပြစ်ကိုမြင်ရကား အတ္တဝါဒမေဝ ဝါ-စသော ဒုတိယဝိကပ်ကိုမိန့်သည်။
(ကံကိုမေးသည်) အတ္တာနံ၊ အတ္တကို။ ဝဒန္တိ၊ ကုန်၏။ ဥပါဒိယန္တိ ဝါ၊ ကုန်၏။
(ဖြေသည်) အတ္တနော၊ အတ္တ၏။ ဝါဒုပါဒါနံ၊ ဆိုကြောင်း မြဲစွာစွဲလမ်းကြောင်းတည်း။ အတ္တဝါဒုပါဒါနံ၊ ကြောင်း။ ဝါ၊ ကား။ ဧတေန-ဓမ္မဇာတေန၊ ဖြင့်။ သတ္တာ၊ တို့သည်။ (အတ္ထဿ၊ အနက်၏။ အဘာဝါ၊ ကြောင့်။)
အတ္တဝါဒမတ္တမေဝ၊ အတ္တဟူသောစကားမျှကိုသာလျှင်။ ဝါ၊ စကား၏ အကြောင်းမျှဖြစ်သောအတ္တကိုသာလျှင်။ အတ္တာတိ၊ ဟူ၍။ ဥပါဒိယန္တိ၊ မြဲစွာစွဲလမ်းတတ်ကုန်၏။ ဣတိ-တသ္မာ၊ ကြောင့်။ (တံ ဓမ္မဇာတံ၊ သည်။) အတ္တဝါဒုပါဒါနံ၊ မည်၏။ အတ္တဝါဒဿ ဥပါဒါနံ အတ္တဝါဒုပါဒါနံ-ပြု။ အတ္တဝါဒဟူသည်လည်း စင်စစ် ပရမတ္ထ အားဖြင့် အတ္တမရှိရကာ အတ္တဟူသောစကားမျှကိုပင် အတ္တဟူ၍ မြဲစွာစွဲလမ်းကုန်သတည်း။ ဒိဋ္ဌိဂတိကတို့သည်ဆိုအပ်ကုန်သော နိစ္စ သုဘ ဤသို့စသောစကားတို့၏၎င်း ဒိဋ္ဌိကင်းကုန်သောသူတို့သည် ဆိုအပ်ကုန်သော ဂဂနကုသုမ ကောင်းကင်ပန်းစသော လောကဝေါဟာရစကားတို့၏၎င်း အကြောင်းဖြစ်သောဝတ္ထုသည် ဝါစာဝတ္ထုမတ္တမည်သတည်း၊ အရကောက်သော် ပရမတ္ထအားဖြင့် တရားကိုယ်မရှိ စင်စစ်မိမိတို့ထင်အပ်သော အာရုံမျှပင်တည်း။ (ပြည်)
အယံ၊ ကား။ တာဝ၊ စွာ။ တေသံ၊ ထိုလေးပါးသော ဥပါဒါန်တို့၏။ အတ္ထဝိဘာဂေါ၊ အနက်ကို ဝေဖန်ခြင်းတည်း။
ပန၊ ပါး။ ဓမ္မသင်္ခေပဝိတ္ထာရေ၊ တွင်။ ကာမုပါဒါနံ သင်္ခေပတော တဏှာဒဠှတ္တံ၊ သေသုပါဒါနတ္တယံ ပန သင်္ခေပတော ဒိဋ္ဌိမတ္တမေဝ။ ဝိတ္ထာရတော ပန ဟူ၍ ဓမ္မသင်္ခေပဝိတ္ထာရ သမုဒါယမှ ထိုအပေါင်း၏အစိတ်ဖြစ်သော သင်္ခေပကို၎င်း ဝိတ္ထာရကို၎င်း ထုတ်သောကြောင့် နိဒ္ဓါရဏ၌ဘူမဝစနဖြစ်သတည်း။ (ပြည်) ကာမုပါဒါနံ၊ ကာမုပါဒါန်ကို။ တာဝ၊ စွာ။
(တဏှာဒဠှတ္တံ ဝုစ္စတိ-၌စပ်) ကာမေသု၊ ငါးပါးသောကာမဂုဏ်တို့၌။‌ ယော ကာမစ္ဆန္ဒော၊ အကြင်လိုချင်တောင့်တသော ကာမဟူသော ဆန္ဒသည်။ (န ကတ္တုကမျတာဆန္ဒော၊ န စ ဓမ္မဆန္ဒော၊ လှန်) ယော ကာမရာဂေါ၊ အကြင်ကာမဟုဆိုအပ်သော တပ်စွန်းတတ်သောလောဘသည်။ ယာ ကာမနန္ဒီ၊ အကြင်ကာမဟူသော နှစ်သက်တတ်သောလောဘသည်။ ယာ ကာမတဏှာ၊ အကြင်ကာမဟူသောအာရုံကိုဆာလောင်တောင့်တတတ်သော လောဘသည်။ ယော ကာမသ္နေဟော၊ အကြင်ကာမဟူသော စေးကပ်တတ်သော လောဘသည်။ ယော ကာမပရိဠာ‌ဟော၊ အကြင်ကာမဟူသော ပူပန်စေတတ်သော ‌လောဘသည်။ ယာ ကာမမုစ္ဆာ၊ အကြင်ကာမဟူသော တွေဝေမိန်းမောစေတတ်သောလောဘသည်။ ယံ ကာမဇ္ဈောသာနံ၊ အကြင်ကာမဟူသော မျို၍ပြီးဆုံးစေတတ်သော လောဘသည်။ အတ္ထိ၊ ၏။ ဣဒံ၊ ဤယော ကာမေသုကာမစ္ဆန္ဒော-စသည်ဖြင့်ဆိုအပ်သောတရားအပေါင်းကို။ ကာမုပါဒါနန္တိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ ဣတိ၊ သို့။ (ဣတိ-ကြေသည်) အာဂတတ္ထာ၊ လာသည်၏အဖြစ်ကြောင့်။ သင်္ခေပတော၊ အားဖြင့်။ တဏှာဠှတ္တံ၊ တဏှာ၏မြဲမြံသည်၏အဖြစ်ကို။ ဝုစ္စတိ၊ ၏။
ပုရိမတဏှာဥပနိဿယပစ္စယေန၊ ရှေးတဏှာဟူသော ဥပနိဿယပစ္စည်းကြောင့်။ ဒဠှာယ ဘာဝေါ ဒဠှတ္တံ၊ တဏှာယ ဒဠှတ္တံ တဏှာဒဠှတ္တံ-ဟုပြု၍ တဏှာ၏ဒဠှဂါဟသတ္တိကို မုချပဓာနကောက်ယူအံ့စိုးရကား တဏှာဒဠှတ္တံ နာမ-စသည်ကိုမိန့်သည်။ တဏှာဟူကအတူတူသာဖြစ်ကောင်းလျက် အသို့မူ၍ ဒဠှသမ္ဘူတာ ဥတ္တရတဏှာ-ဟု မိန့်လေသနည်း? ကြောင့် ပုရိမတဏှာ ဥပနိဿယပစ္စယေန-မိန့်ရပြန်သည်။ (ပြည်) ဒဠှသမ္ဘူတာ၊ မြဲမြံသည် ဖြစ်၍ဖြစ်သော။ ဥတ္တရတဏှာဝ၊ နောက်ဖြစ်သော တဏှာဒြပ်သည်သာလျှင်။ တဏှာဒဠှတ္တံ နာမ၊ တဏှာဒဠှတ္တမည်၏။ န၊ တဏှာ၏ ဒဠှဂ္ဂါဟသတ္တိသည် ပဓာနအားဖြင့် တဏှာဒဠှတ္တမမည်။ အဓိပ္ပါယ်ကား ဥဒ္ဒေသံ အာဂစ္ဆန္တိ- ၌ ဥဒ္ဒိသီယတေတိ ဥ‌ဒ္ဒေသော-ဟု ကမ္မသာဓနပြုငြားသော်လည်း အကျဉ်းပြအပ်သောကံဒြပ်ကိုမရ၊ ဘာဝပ္ပဓာနကမ္မသာဓနဖြစ်၍ အန္တတ္ထကြိယာကိုရသည်ဟု သိစေခြင်းငှါ ဥဒ္ဒိသိတဗ္ဗတံ အာဂစ္ဆန္တိ-ဖွင့်ရသကဲ့သို့၎င်း သဒေဝကဿ လောကဿ သာသနတော သတ္ထာ-၌ သာသတီတိ သာသနော-ဟု ကတ္တုသာဓနပြုငြားသော်လည်း ဆုံးမတတ်သော ကတ္တားငြပ်ကိုမရ၊ ဘာဝပ္ပဓာနကတ္တုသာဓနဖြစ်၍ အန္တတ္ထကြိယာကိုရသတည်းဟု သိစေခြင်းငှါ သာသနတော အနုသာသနဘာဝတော-ဖွင့်ရသကဲ့သို့၎င်း ဘာဝပ္ပဓာနကမ္မသာဓန ကတ္တုသာဓနရှိသကဲ့သို့ ဒဗ္ဗပဓာနဘာဝသာဓနဘာဝတဒ္ဓိတ်သည်လည်း ရှိခဲ့ရကား ဘာဝတဒ္ဓိတ်မူသော်လည်း ဒြပ်ကိုပဓာနအရယူဟု သိစိမ့်သောငှါ တဏှာဒဠှတ္တံ နာမ။ ပ။ ဥတ္တရတဏှာဝ-မိန့်သော်။ (ပြည်)
(သကဝါဒမှ တစ်ပါးကေစိဝါဒကိုပြလိုရကား ကေစိ ပနာဟု-စသည်ကိုမိန့်သော်) ပန၊ ဝါဒထူးကိုဆိုအံ့။ ကေစိ၊ တို့သည်။ အပ္ပတ္တဝိသယပတ္ထနာ၊ မရောက်သေးသောအာရုံကိုတောင့်တသောလောဘသည်။ တဏှာ၊ မည်၏။ (အာရမ္မဏေ ပရိတဿနဘာဝတော၊ အာရုံကို တောင့်တတတ်သည်၏အဖြစ်ကြောင့်တည်း။) အန္ဓကာရေ၊ အမိုက်မှောင်၌။ စောရဿ၊ ၏။ ဟတ္ထပသာရဏံ ဝိယ၊ ဥစ္စာထုပ်ကို စမ်းခြင်းငှါ လက်ကိုဆန့်တန်းခြင်းကဲ့သို့တည်း။ သမ္ပတ္တဝိသယဂ္ဂဟဏံ၊ ရောက်ပြီးသောအာရုံကို စွဲလမ်းသောလောဘသည်။ ဥပါဒါနံ၊ မည်၏။ (အာရမ္မဏေ ဒဠှဂ္ဂဟဏဘာဝတော၊ အာရုံကို မြဲစွာစွဲလမ်းတတ်သည်၏အဖြစ်ကြောင့်တည်း။) တဿေဝ၊ ထိုခိုးသူ၏သာလျှင်။ ဘဏ္ဍဂ္ဂဟဏံ ဝိယ၊ စမ်းမိသောဘဏ္ဍာကို မြဲစွာကိုင်ခြင်းကဲ့သို့တည်း။
တေ ဓမ္မာ၊ ထိုတဏှာဥပါဒါန်တရား နှစ်ပါးတို့သည်။ အပိစ္ဆတာသန္တုဋ္ဌိတာပဋိပက္ခာ စ၊ အလိုနည်းသည်၏ အဖြစ်၏ ဆန့်ကျင်ဖက်, ထင်ရှားရှိသော ဥစ္စာဖြင့် ရောင့်ရဲလွယ်သည်၏ အဖြစ်၏ ဆန့်ကျင်ဖက်တို့သည်လည်း။ ဟောန္တိ၊ ကုန်၏။
(ဝိသယာဘိမုခဘာဝတော၊ အာရုံသို့‌ရှေးရှုသည်၏အဖြစ်ကြောင့်၎င်း။ တဏှာဒဠှတ္တံ ဟုတွာ အတြိစ္ဆတာဘာဝတော၊ တဏှာဒဠှတ္တဖြစ်၍ ထိုထိုအာရုံကို အလိုရှိသည်၏ အဖြစ်၏ဖြစ်ခြင်းကြောင့်တည်း။) (အစဉ်အတိုင်းဟိတ်) တထာ-တေ ဓမ္မာ၊ ထိုတဏှာဥပါဒါန် တရားနှစ်ပါးတို့သည်။ ပရိယေသနာရက္ခဒုက္ခမူလာ၊ ရှာမှီးခြင်းကြောင့်ဖြစ်သော ဆင်းရဲ၏ အကြောင်းမူလ, စောင့်ရှောက်ရခြင်းကြောင့်ဖြစ်သော ဆင်းရဲ၏ အကြောင်းမူလတို့သည်လည်း။ (ဟောန္တိ၊ ကုန်၏။) ဣတိ၊ သို့။ (အာဟု၊ ကုန်၏။) ပရိယေသနဒုက္ခမူလံ တဏှာ အပ္ပတ္တဝိသယပတ္ထနာဘာဝတော၊ အာရက္ခဒုက္ခမူလံ ဥပါဒါနံ သမ္ပတ္တဝိသယဂ္ဂဟဏဘာဝတော-ဟု ယထာက္ကမဟိတ်နှင့်တကွမှတ်။ (ပြည်)
ပန၊ ပါး။ သေသုပါဒါနတ္တယံ၊ ကာမုပါဒါန်မှကြွင်းသော ဒိဋ္ဌုပါဒါန်, အတ္တဝါဒုပါဒါန်, သီလဗ္ဗတုပါဒါန်သုံးပါးအပေါင်းသည်။ သင်္ခေပတော၊ ဖြင့်။ ဒိဋ္ဌိမတ္တမေဝ၊ ဒိဋ္ဌိမျှသည်သာလျှင်။ ဟောတိ၊ ၏။
ပန၊ ပါး။ ဝိတ္ထာရတော၊ အားဖြင့်။ ပုဗ္ဗေ၊ ၌။ ရူပါဒီသု၊ တို့၌။ ဝုတ္တအဋ္ဌသတပဘေဒါယပိ၊ ဆိုအပ်ပြီးသော တစ်ရာ့ရှစ်ပါး အပြားရှိသည်လည်းဖြစ်သော။ တဏှာယ၊ ၏။ ဒဠှဘာဝေါ၊ မြဲသည်၏ အဖြစ်သည်။ ကာမုပါဒါနံ၊ မည်၏။ ဒဠှဘာဝေါ-ပင်ဆိုသော်လည်း ဒဗ္ဗပဓာနဘာဝဖြစ်၍ ပုရိမတဏှာ ဥပနိဿယပစ္စည်းဖြင့် ဒဠှသမ္ဘူတဥတ္တရတဏှာဒြပ်ကိုပင် ကာမုပါဒါန်ဟူ၍မှတ်။ (ပြည်)
ဒသဝတ္ထုကာ၊ ဆယ်ပါးသောဝတ္ထုရှိသော။ မိစ္ဆာဒိဋ္ဌိ၊ သည်။ ဒိဋ္ဌုပါဒါနံ၊ မည်၏။
ယထာဟ၊ ကား။
တတ္ထ ကတမံ ဒိဋ္ဌုပါဒါနံ?
နတ္ထိ ဒိန္နံ နတ္ထိ ယိဋ္ဌံ နတ္ထိ ဟုတံ နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော၊ နတ္ထိ အယံ လောကော၊ နတ္ထိ ပရော လောကော၊ နတ္ထိ မာတာ၊ နတ္ထိ ပိတာ၊ နတ္ထိ သတ္တာ ဩပပါတိကာ၊ နတ္ထိ လောကေ သမဏဗြာဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပ္ပန္နာ။ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ။ ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ ဒိဋ္ဌိဂဟနံ ဒိဋ္ဌိကန္တာရော ဒိဋ္ဌိဝိသုကာယိကံ ဒိဋ္ဌိဝိပ္ဖန္ဒိတံ ဒိဋ္ဌိသံယော‌ဇနံဂါ‌ဟော ပတိဋ္ဌာဟော အဘိနိဝေသော ပရာမာသော ကုမ္မဂ္ဂေါ မိစ္ဆာပတော မိစ္ဆတ္တံ တိတ္ထာယတနံ ဝိပရိယေသဂ္ဂါဟော။
ဣဒံ ဝုစ္စတိ ဒိဋ္ဌုပါဒါနန္တိ ဝိဘင်းပါဠိတော်မှယူ၍ ပေယျာလပါဖော်ထားသည်။ (ဆ-သံ-သော) ၊ ယူ၍။ အာဟ၊ ၏။ [တတ္ထ၊ ထိုလေးပါးသော ဥပါဒါန်တို့တွင်။ ဒိဋ္ဌုပါဒါနံ၊ သည်။ ကတမံ၊ နည်းဟူမူကား။ ဒိန္နံ၊ ဒါန၏အကျိုးသည်။ နတ္ထိ၊ မရှိ။ ယိဋ္ဌံ၊ မဟာဝိဇိတာဝီစကြာမင်း၏ ယစ်ကြီးနှင့်တူသော ယစ်ကြီးပူဇော်ခြင်းအကျိုးသည်။ နတ္ထိ၊ မရှိ။ ဟုတံ၊ အာဟုနပါဟုနမင်္ဂလကြိယာ၏အကျိုးသည်။ နတ္ထိ၊ ရှိ။ ပင့်ဖိတ်၍ ကျွေးမွေးလှူဒါန်းခြင်းသည် အာဟုနမည်၏၊ ရောက်လာသောဧည့်သည်တို့အား ဧည့်ခံကျွေးမွေးခြင်းသည် ပါဟုနမည်၏၊ သားသ္မီးတို့ကို ထိမ်းမြားလက်ထပ်ပေးခြင်းစသည်တို့၌ မင်္ဂလာအလို့ငှါ ကျွေးမွေးပေးလှူခြင်းသည် မင်္ဂလကြိယာ-မင်္ဂလာပြုခြင်းမည်၏။ ဋီကာအဖွင့် (ဆ-သံ-သော) သုကတဒုက္ကဋာနံ၊ ဆယ်ပါးသော ကုသလကမ္မပထ, ဆယ်ပါးသောအကုသလကမ္မပထဟုဆိုအပ်ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ အကျိုးစက်သည်။ ဝိပါကော၊ အကျိုးရင်းသည်။ နတ္ထိ၊ မရှိ။ အယံ လောကော၊ ဤလောကသည်။ နတ္ထိ၊ မရှိ။ ပရော လောကော၊ တစ်ပါးသော လောကသည်။ ပရလောကော-တမလွန်လောကသည်-ဟု ပြည်မူရင်း၌ ပြန်ထား၏၊ အများအားဖြင့် ထိုအတိုင်းပင် ပြန်လေ့ရှိကြ၏။ သို့သော် တမလွန်ဟူသည်မှာ နောင်ဘဝကိုဆိုသည်၊ ထိုနောင်ဘဝသည်လည်း လူ့ဘဝလည်းဖြစ်နိုင်၏။ ထိုကြောင့် ဣဓလောကနှင့်မကွဲပဲ ရှိလေရာ ၏။ ထိုပြင် ပရလောက၌ တည်သူသည် ဤလောကသို့ မလာရောက်နိုင်ဟုယူသော မိစ္ဆာဒိဋ္ဌိနှင့်၎င်း လာရောက်နိုင်သည်ဟုယူသော သမ္မာဒိဋ္ဌိနှင့်၎င်း နှီးနှောကြည့်လျှင် တမလွန်ဘဝမှ ပစ္စုပ္ပန်ဘဝသို့ လာရိုးမရှိသောကြောင့် မိစ္ဆာဒိဋ္ဌိက သဘာဝကျသကဲ့သို့ ဖြစ်လေရာ၏။ ထိုကြောင့် ပရလောက၏အရ နတ်လောက တိရစ္ဆာန်လောကစသော တစ်ပါးသောလောကဟု ယူခြင်းသည်သာလျှင် သင့်မြတ်ပေသည်။ (ဆ-သံ-သော) နတ္ထိ၊ မရှိ။ မာတာ၊ အမိ၌ပြုအပ်သော ကောင်းမှု မကောင်းမှုသည်။ နတ္ထိ၊ မရှိ။ ပိတာ၊ အဖ၌ပြုအပ်သောကောင်းမှုမကောင်းမှုသည်။ နတ္ထိ၊ မရှိ။ ဩပပါတိကာ၊ ပုရိမဘဝမှစုတေ၍ ပစ္ဆိမဘဝ၌ ကျခြင်းဖြစ်ခြင်း အလေ့ရှိကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ မရှိကုန်။ ဘဝဟောင်းမှသေ၍ ဘဝသစ်၌ ဖြစ်ခြင်းမရှိ၊ သေပြီးလျှင် ‌လုံးဝမရှိတော့ပဲ ပြတ်စဲသွားသည်ဟုဆိုလိုသော မိစ္ဆာအယူဖြစ်ပုံကိုပြသော စကားဖြစ်သည်။ ဩပပါတိကာ၊ ဥပပါတ် ပဋိသန္ဓေနေကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ မရှိကုန်-ဟု အနက်ပေးသည်မှာ ထိုပါဌ်၏အဖွင့်ဋီကာနှင့်မညီသောကြောင့် မှားသည်။ (ပြည်) ယေ၊ အကြင်သမဏ ဗြာဟ္မဏတို့သည်။ ဣမဉ္စ လောကံ၊ ဤမျက်မြင်ပစ္စုပ္ပန်လောကကို၎င်း။ ပရဉ္စ လောကံ၊ မျက်ကွယ်တမလွန်လောကတို့၎င်း။ သယံအတ္တနာဝ၊ ကိုယ်တိုင်သာလျှင်။ အဘိညာ-အဘိညာယ၊ ထူးသောဉာဏ်ဖြင့်သိ၍။ သစ္ဆိကတွာ၊ မျက်မှောက်ပြု၍။ ပဝေဒေန္တိ၊ ဟောကြားခြင်းငှါစွမ်းနိုင်ကုန်၏။ (သတ္တိအနက် အတွင်းဝင်သော ပုဒ်တည်း) တေ၊ ထိုသို့သဘောရှိကုန်သော။ သမ္မဂ္ဂတာ၊ အပြောနှင့် အကျင့်ကောင်းမွန် ဖြောင့်မှန်စွာဖြစ်ကုန်သော။ သမ္မာပဋိပန္နာ၊ အနုလောမပဋိပဒါကို ကောင်းစွာကျင့်ကုန်သော။ သမဏဗြာဟ္မဏာ၊ ဓမ္မိကဖြစ်သော သမဏဗြာဟ္မဏတို့သည်။ ‌လောကေ၊ ၌။ နတ္ထိ၊ ကုန်။ ဧဝရူပါ၊ ဤဆိုအပ်ပြီးသော နတ္ထိ ဒိန္နံ စသည်ဖြင့် အယူမှားသော သဘောရှိသော။ ယာ ဒိဋ္ဌိ၊ အကြင်မိစ္ဆာအယူသည်။ အတ္ထိ၊ ရှိ၏။ ဤယာ-ဟူသော ပုဒ်ကို ဒိဋ္ဌိဂတံ-စသည်တို့နှင့် လိင်အားလျော်စွာ ယံ ဒိဋ္ဌိဂတံ-စသည်ဖြင့် ယှဉ်သင့်သော်လည်း ရှုတ်အံ့သည်ကြောင့် ထိုအနိယတ်နှင့်မယှဉ်ပဲ သက်သက်သာယောဇနာအံ့။ (ပြည်) ယာ၊ အကြင်သို့သော။ ဒိဋ္ဌိ၊ မိစ္ဆာအယူသည်။ ဒိဋ္ဌိဂတံ၊ သည်။ ဤသို့မူလည်း ယော‌ဇနာသင့်၏။ (ဆ-သံ-သော) ဒိဋ္ဌိဂတံ၊ မိစ္ဆာအယူတို့၌ အတွင်းဝင်သောဖောက်ပြန်သောအမြင်သည်။ ဒိဋ္ဌိဂဟနံ၊ (လွန်နိုင်ခဲသောသဘောကြောင့်) မိစ္ဆာအယူဟူသော ခဲယဉ်းသောတောသည်။ ဒိဋ္ဌိကန္တာရော၊ (ရွံရှာခြင်းနှင့်တကွ ဘေးကျမ်းနှင့်တကွဖြစ်သော သဘောကြောင့်) ခရီးခဲနှင့်တူသော မိစ္ဆာအယူသည်။ ဝါ၊ မိစ္ဆာအယူဟူသော ခရီးခဲသည်။ ဒိဋ္ဌိဝိသုကာယိကံ၊ (သမ္မာအယူကို ထိုးလျှိုတတ် ဆန့်ကျင်တတ်သော သဘောကြောင့်) မိစ္ဆာအယူဟူသော ငြောင့်တံကျင်သည်။ ဝါ၊ ငြောင့်တံကျင်သဖွယ် ဖြစ်သောမိစ္ဆာအယူသည်။ ဒိဋ္ဌိဝိပ္ဖန္ဒိတံ၊ (ရံခါသဿတ-ရံခါဥစ္ဆေဒကို ယူတတ်၍ အဝပ်မကျ ဖောက်ပြန်သည်ဖြစ်၍) တုန်လှုပ်သော မိစ္ဆာအယူသည်။ ဝါ၊ မိစ္ဆာအယူဟူသော ဖောက်ပြန်တုန်လှုပ်သော အမြင်သည်။ ဒိဋ္ဌိသံယောဇနံ၊ မိစ္ဆာအယူဟူသော သံယောဇဉ်သည်။ ဂါဟော (မိကျောင်းစသည်တို့သည် သတ္တဝါကို ကိုက်ဖမ်းသကဲ့သို့) အာရုံကိုမြဲစွာကိုင်တတ် ဖမ်းတတ်သောသဘောသည်။ ပတိဋ္ဌာဟော-ပတိဋ္ဌဟိတွာ ဂါဟော၊ အားသန်စွာဖြစ်သည်၏အဖြစ်ဖြင့် မြဲစွာတည်၍ စွဲလမ်းတတ်သောသဘောသည်။ အဘိနိဝေသော၊ (အနိစ္စစသည်ကိုလျက် နိစ္စစသည်တို့၏ အစွမ်းအားဖြင့်) မြဲမြံစွာ နှလုံးသွင်းတတ်သော သဘောသည်။ ပရာမာသော၊ အနိစ္စစသောအမှန်သဘောမှတစ်ပါး နိစ္စစသောအားဖြင့် သုံးသပ်တတ်သောတရားသည်။ ကုမ္မဂ္ဂေါ၊ (အကျိုးမဲ့ကိုဆောင်တတ်သည်၏ အဖြစ်ကြောင့်) စက်ဆုပ်ဖွယ်သောခရီးသည်။ (ကုစ္ဆိတော မဂ္ဂေါ-ပြု) ဝါ၊ စက်ဆုပ်အပ်သော အပါယ်တို့၏ခရီးသည်။ (ကုစ္ဆိတာနံ အပါယာနံ မဂ္ဂေါ ကုမ္မဂ္ဂေါ-ပြု) မိစ္ဆာပတော၊ ဖောက်ပြန်မှားယွင်းသော ခရီးသည်။ မိစ္ဆတ္တံ၊ ဖောက်ပြန်သောသဘောရှိသောတရားသည်။ ဝါ၊ ဖောက်ပြန်သောသဘောသည်။ တိတ္ထာယတနံ၊ ဗာလပုဂ္ဂိုလ်တို့၏ ကူးသန်းငုပ်နစ်ရာဖြစ်၍ ရေဆိပ်သဖွယ်ဖြစ်သောအကျိုးမဲ့တို့၏ အကြောင်းဖြစ်သော တရားသည်။ ဝါ၊ မိစ္ဆာအယူရှိသော ပုဂ္ဂိုလ်တို့၏ ဖြစ်ရာဒေသနေရာဌာနဖြစ်သော တရားသည်။ ဝိပရိယေသဂ္ဂါဟော၊ ဖောက်ပြန်သည်ဖြစ်၍ဖြစ်သော အယူသည်။ ဝါ၊ ဖောက်ပြန်သောအားဖြင့်ကိုင်ယူစွဲလမ်းတတ်သောတရားသည်။ အတ္ထိ၊ ၏။ ဣဒံ၊ ဤနတ္ထိဒိန္နံ စသည်ဖြင့် ဆိုအပ်ပြီးသော မိစ္ဆာအယူကို။ ဒိဋ္ဌုပါဒါနံ၊ ဒိဋ္ဌုပါဒါန်ဟူ၍။ ဝုစ္စတိ၊ ၏။ သာဓကပါဠိတော်၏ အနက်။]
ပန၊ ပါး။ သီလဗ္ဗတေဟိ၊ နွားစသည်တို့၏ အလေ့အကျင့်တို့ဖြင့်။ သုဒ္ဓိ၊ သံသရာမှစင်ခြင်းသည်။ ဟောတိ၊ ၏။ ဣတိ-ဣမိနာ သံသာရသုဒ္ဓိဟေတုဘာဝေန၊ ဤသို့ သံသရာမှစင်ခြင်း၏ အကြောင်း၏အဖြစ်ဖြင့်။ ပရာမသနံ၊ မှားသောအားဖြင့် သုံးသပ်သောအယူသည်။ သီလဗ္ဗတုပါဒါနံ၊ မည်၏။
ယထာဟ၊ ကား။
တတ္ထ ကတမံ သီလဗ္ဗတုပါဒါနံ၊ သီလေန သုဒ္ဓိဝတေန သုဒ္ဓိ သီလဗ္ဗတေန သုဒ္ဓီတိ ယာ ဧဝရူပါ ဒိဋ္ဌိ။ ပ။ ဝိပရိယေသဂ္ဂါဟော။ ဣဒံ ဝုစ္စတိ သီလဗ္ဗတုပါဒါနန္တိ၊ ဟူ၍။ အာဟ၊ ၏။ [တတ္ထ၊ ထိုလေးပါးသောဥပါဒါန်တို့တွင်။ သီလဗ္ဗတုပါဒါနံ၊ သည်။ ကတမံ၊ အဘယ်နည်း။
သီလေန၊ နွားစသည်တို့၏ အလေ့ဖြင့်။ သုဒ္ဓိ၊ စင်ခြင်းသည်။ ဟောတိ၊ ၏။ ဝတေန၊ နွားစသည်တို့၏ အကျင့်ဖြင့်။ သုဒ္ဓိ၊ သည်။ ဟောတိ၊ ၏။ သီလဗ္ဗတေန၊ နွားစသည်တို့၏ အလေ့အကျင့်ဖြင့်။ သုဒ္ဓိ၊ သည်။ ဟောတိ၊ ၏။ ဣတိ၊ သို့။ ဧဝရူပါ၊ သီလေန သုဒ္ဓိစသည်ဖြင့် ယူမှားသောသဘောရှိသော။ ယာ ဒိဋ္ဌိ၊ သည်။ အတ္ထိ၊ ၏။ ပ။ ဝိပရိယေသဂ္ဂါဟော၊ သည်။
အတ္ထိ၊ ၏။ ဣဒံ၊ ဤဆိုအပ်ပြီးသော မိစ္ဆာအယူကို။ သီလဗ္ဗတုပါဒါနံ၊ ဟူ၍။ ဝုစ္စတိ၊ ၏။]
ဝီသတိဝတ္ထုကာ၊ နှစ်ဆယ်သောဝတ္ထုရှိသော။ သက္ကာယဒိဋ္ဌိ၊ သည်။ အတ္တဝါဒုပါဒါနံ၊ မည်၏။
ယထာဟ၊ ကား။
တတ္ထ ကတမံ အတ္တဝါဒုပါဒါနံ၊ ဣဓ အဿုတဝါ ပုထုဇ္ဇနော အရိယာနံ အဒဿာဝီ အရိယဓမ္မဿ အကောဝိဒေါ အရိယဓမ္မေ အဝိနီတော သပ္ပုရိသာနံ အဒဿာဝီ သပ္ပုရိသဓမ္မဿ အ‌ကောဝိဒေါ သပ္ပုရိသဓမ္မေ အဝိနီတော ရူပံ အတ္တတော သမနုပဿတိ၊ ရူပဝန္တံ ဝါ အတ္တာနံ၊ အတ္တနိ ဝါ ရူပံ၊ ရူပသ္မိံ ဝါ အတ္တာနံ။ ဝေဒနံ အတ္တတော သမနုပဿတိ။ ပ။ ဝိညာဏသ္မိံ ဝါ အတ္တာနံ၊ ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ ပ။ ဝိပရိယေသဂ္ဂါဟော။ ဣဒံ ဝုစ္စတိ အတ္တဝါဒုပါဒါနန္တိ၊ ဟူ၍။ အာဟ၊ ၏။ [တတ္ထ၊ ထို‌လေးပါးသော ဥပါဒါန်တို့တွင်။ အတ္တဝါဒုပါဒါနံ၊ သည်။ ကတမံ၊ နည်း။
ဣဓ၊ ဤလောက၌။ အဿုတဝါ၊ အာဂမသုတ အဓိဂမသုတကင်းသော။ ပုထုဇ္ဇနော၊ ပုထုဇဉ်သည်။ အရိယာနံ၊ ဘုရားပစ္စေကဗုဒ္ဓါအရိယာတို့ကို။ အဒဿာဝီ၊ မြင်ခြင်းသဘောမရှိသည်ဖြစ်၍။ ဝါ၊ မြင်ခြင်း၌အလေ့ပြုခြင်းမရှိသည်ဖြစ်၍။ ထိုအရိယာတို့ကို မမြင်သောသူသည်လည်း စက္ခုဖြင့်မမြင်သောသူ, ဉာဏ်ဖြင့်မမြင်သောသူဟူ၍ နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် ဉာဏ်ဖြင့်မမြင်သောသူကို ဤ၌ လိုအပ်၏။ ထိုစကားသင့်စွ၊ မံသစက္ခုဖြင့်မူလည်းဖြစ်စေ, ဒိဗ္ဗစက္ခုဖြင့်မူလည်းဖြစ်စေ အရိယာတို့ကိုမြင်အပ်ကုန်သော်လည်း မြင်အပ်ကုန်သည် မမည်ကုန်၊ အဘယ့်ကြောင့်နည်း? ထိုစက္ခုနှစ်ပါးတို့၏ အဆင်းမျှကို ယူတတ်သည်၏ အဖြစ်ကြောင့်၎င်း အရိယာ၏အဖြစ်ဟူသော မဂ်ဖိုလ်တရားကို အာရုံမမူနိုင်သည်၏ အဖြစ်ကြောင့်၎င်းတည်း။ အိမ်ခွေးမြေခွေးစသည်တို့သည်လည်း စက္ခုဖြင့် အရိယာကိုမြင်ပါကုန်၏၊ ထိုခွေးစသည်တို့သည် အရိယာကိုမြင်သည် မမည်ကုန်။ ထိုစကား၌ ဤဝတ္ထုကို သိအပ်၏။ စိတ္တလတောင်၌ သီတင်းသုံးနေသော ရဟန္တာ မထေရ်မြတ်၏ ဥပဋ္ဌာကဝုဍ္ဎပဗ္ဗဇိတရဟန်းကြီးသည် တနေ့သ၌ မထေရ်နှင့်တကွ ဆွမ်းခံကြွစဉ် မထေရ်၏ သပိတ်သင်္ကန်းကိုကိုင်လျက် နောက်မှလိုက်၍ အရှင်ဘုရား အရိယာတို့မည်သည် အဘယ်သို့သဘောရှိကုန်သနည်း-ဟု မဟာထေရ်ကိုမေးလျှောက်၏။ မဟာထေရ်သည်လည်း ဤသာသနာတော်၌ အချို့သော အသက်ကြီးသည် အရိယာတို့၏ သပိတ်သင်္ကန်းကိုကိုင်လျက် ဝတ်ကြီးဝတ်ငယ်ကိုပြု၍ တကွသွားလျက်လည်း အရိယာမှန်းမသိ၊ ဤသို့ အရိယာတို့မည်သည် သိနိုင်ခဲလှသည်တကားဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူသော်လည်း ဝုဍ္ဎပဗ္ဗဇိတသည် မရိမ်မိသည်သာတည်း။ ထိုကြောင့် စက္ခုဖြင့်မြင်သည်ကား အမြင်မမည်၊ ဉာဏ်ဖြင့် မြင်သည်သာလျှင် အမြင်မည်၏။ ထိုကြောင့် စက္ခုဖြင့်မြင်သော်လည်း ဉာဏ်ဖြင့်အရိယာတို့သည် မြင်အပ်သော အနိစ္စစသောလက္ခဏာကို မမြင်သော အရိယာတို့သည် ရအပ်သော ဝိပဿနာမဂ်ဖိုလ်တရားကို မရသောသူကို အရိယာအဖြစ်ကို ပြုတတ်ကုန်သော အနိစ္စာနုပဿနာစသော ဝိပဿနာ, ဝိပဿိယမာနဖြစ်သော အနိစ္စတာစသော သဘောတို့ကို၎င်း ဝိပဿနာမဂ်ဖိုလ်ဟု ဆိုအပ်သော အရိယာအဖြစ်ကို၎င်း မမြင်အပ်သည်၏အဖြစ်ကြောင့် အရိယာနံ အဒဿာဝီ-ဟု သိအပ်၏။ (ပြည်) အရိယဓမ္မဿ၊ သတိပဋ္ဌာန်စသည်အပြားရှိသော အရိယာတို့၏တရား၌။ အကောဝိဓော၊ မလိမ္မာသည် ဖြစ်၍။ အရိယဓမ္မေ၊ တရား၌။ အဝိနီတော၊ ငါးပါးသော သံဝရဝိနည်း, ငါးပါးသော ပဟာနဝိနည်းမှ ကင်းသည်ဖြစ်၍။ သီလသံဝရ သတိသံဝရ ဉာဏသံဝရ ခန္တီသံဝရ ဝီရိယသံဝရ၊ ဤသည်ကား သီ-သ-ဉာ-ခန်၊ ဝီရိယ၊ ငါးတန်သံဝရတည်း။ ပဟာန ဝိနည်းသည်လည်း-တဒင်္ဂပဟာန် ဝိက္ခမ္ဘနပဟာန် သမုစ္ဆေဒပဟာန် ပဋိပဿဒ္ဓိပဟာန် နိဿရဏပဟာန်ဟူ၍ ငါးပါးတည်း။ (ပြည်) သပ္ပုရိသာနံ၊ တင့်တယ်သောဂုဏ်နှင့်ပြည့်စုံသော ယောကျ်ားမြတ်တို့ကို။ အဒဿာဝီ၊ မြင်ခြင်းသဘောမရှိသည်ဖြစ်၍။ ဝါ၊ မြင်ခြင်း၌ အလေ့ပြုခြင်းမရှိသည်ဖြစ်၍။ သပ္ပုရိသဓမ္မဿ၊ ယောကျ်ားမြတ်တို့၏ တရား၌။ အကောဝိဒေါ၊ မလိမ္မာသည်ဖြစ်၍။ သပ္ပုရိသဓမ္မေ၊ တရား၌။ အဝိနီတော၊ ကင်းသည်ဖြစ်၍။ ဝါ၊ ကင်းသော။ ပုထုဇ္ဇနော၊ ပုထုဇဉ်သည်။ ရူပံ၊ ရုပ်ကို။ အတ္တတော၊ အတ္တဟူ၍။ သမနုပဿတိ၊ မြဲစွာအဖန်တလဲလဲရှု၏။ ရူပဝန္တံ၊ ရုပ်ရှိသော။ အတ္တာနံ ဝါ၊ ကိုမူလည်း။ ဝါ၊ ကား။ အတ္တာနံ၊ ကို။ ရူပဝန္တံ ဝါ၊ ရုပ်ရှိ၏ဟူ၍မူလည်း။ သမနုပဿတိ၊ ၏။ အတ္တနိ ဝါ၊ အတ္တ၌မူလည်း။ ရူပံ၊ ကို။ သမနုပဿတိ၊ ၏။ ရူပသ္မိံ ဝါ၊ ရုပ်၌မူလည်း။ အတ္တာနံ၊ ကို။ သမနုပဿတိ၊ ၏။ (ဝေဒနံ အတ္တတော သမနုပဿတိ စသည်တို့၌ ဤနည်းနှင်နှင်ယောဇနာ) ဧဝရူပါ၊ ဤသို့ ရူပံ အတ္တတော သမနုပဿတိ-စသည်ဖြင့် စွဲလမ်းသော သဘောရှိသော။ ယာ ဒိဋ္ဌိ၊ သည်။ ယံ ဒိဋ္ဌိဂတံ၊ သည်။ ယော ဝိပရိယေသဂ္ဂါဟော၊ သည်။ အတ္ထိ၊ ၏။ ဣဒံ၊ ဤတရားအပေါင်းကို။ အတ္တဝါဒုပါဒါနံ၊ ဟူ၍။ ဝုစ္စတိ၊ ၏။]
အယံ၊ ကား။ ဧတ္ထ၊ ဤဥပါဒါန်၌။ ဓမ္မသင်္ခေပဝိတ္ထာရော၊ တည်း။
ပန၊ ပါး။ ကမတောတိ ဧတ္ထ၊ ၌။ ကမော၊ အစဉ်သည်။ ဥပ္ပတ္တိက္ကမော၊ ဥပ္ပတ္တိက္ကမ၎င်း။ ပဟာနက္ကမော၊ ၎င်း။ ဒေသနာက္ကမော စ၊ ၎င်း။ (ဣတိ၊ သို့။) တိဝိဓော၊ သည်။ ဟောတိ၊ ၏။
တတ္ထ၊ ထိုသုံးပါးတို့တွင်။ အနမတဂ္ဂေ၊ ဉာဏ်ဖြင့်လျှောက်၍ မသိအပ်သော အစရှိသော။ သံသာရေ၊ ၌။ ဣမဿ၊ ဤကိလေသာ၏။ ပဌမံ၊ စွာ။ ဥပ္ပတ္တိ၊ ဖြစ်ခြင်းသည်။ ဟောတိ၊ ၏။ ဣတိ၊ သို့။ (ပဌမုပ္ပတ္တိယာ၊ ရှေးဦးစွာဖြစ်ခြင်း၏။) အဘာဝတော၊ ကြောင့်။ ကိလေသာနံ၊ တို့၏။ နိပ္ပရိယာယေန၊ မုချအားဖြင့်။ ဥပ္ပတ္တိက္ကမော၊ ဖြစ်စဉ်ကို။ န ဝုစ္စတိ၊ မဆိုအပ်။
ပရိယာယေန ပန၊ ပရိယာယ်အားဖြင့်ကား။ ယေဘုယျေန၊ ဖြင့်။ ဧကသ္မိံ ဘဝေ၊ ၌။ အတ္တဂါဟပုဗ္ဗင်္ဂမော၊ အတ္တဟု စွဲလမ်းခြင်းလျှင် ရှေ့သွားရှိသော။ သဿတုစ္ဆေဒါဘိနိဝေသော၊ သဿတအားဖြင့် ဥစ္ဆေဒအားဖြင့် မြဲစွာ အမှားနှလုံးသွင်းခြင်းသည်။ ဟောတိ၊ ၏။ တတော၊ ထိုနောက်မှ။ အယံ အတ္တာ၊ ဤအတ္တသည်။ သဿတော၊ မြဲ၏။ ဣတိ၊ သို့။ ဂဏှ‌တော၊ ယူသောသူအား။ အတ္တဝိသုဒ္ဓတ္ထံ၊ အတ္တ၏စင်ကြယ်ခြင်းအကျိုးငှါ။ သီလဗ္ဗတုပါဒါနံ၊ သည်။ ဟောတိ၊ ၏။ (အယံ အတ္တာ၊ သည်။) ဥစ္ဆိဇ္ဇတိ၊ ပြတ်၏။ ဣတိ၊ သို့။ ဂဏှတော၊ ယူသည်ဖြစ်၍။ ပရလောကနိရပေက္ခဿ၊ တမလွန်လောကကို ငဲ့ခြင်းကင်းသောပုဂ္ဂိုလ်အား။ [၂၀၅] ကာမုပါဒါနံ၊ သည်။ ဟောတိ၊ ၏။ ဣတိ ဧဝံ၊ သို့။ ပဌမံ၊ စွာ။ အတ္တဝါဒုပါဒါနံ၊ သည်။ ဟောတိ၊ ၏။ တ‌တော၊ ထိုမှ။ (ပရံ၊ နောက်၌။) ဒိဋ္ဌိသီလဗ္ဗတကာမုပါဒါနာနိ၊ ဒိဋ္ဌုပါဒါန်သီလဗ္ဗတုပါဒါန်ကာမုပါဒါန်တို့သည်။ ဟောန္တိ၊ ကုန်၏။ ဣတိ အယံ၊ ကား။ ဧတေသံ၊ ထို‌လေးပါးသော ဥပါဒါန်တို့၏။ ဧကသ္မိံ ဘဝေ၊ ၌။ ဥပ္ပတ္တိက္ကမော၊ ဖြစ်စဉ်တည်း။
စ၊ ထိုမှတစ်ပါး။ ဧတ္ထ၊ ဤလေးပါးသော ဥပါဒါန်တို့တွင်။ ဒိဋ္ဌုပါဒါနာဒီနိ၊ တို့ကို။ ပဌမံ၊ စွာ။ ပဟီယန္တိ၊ ပယ်အပ်ကုန်၏။ ကသ္မာ၊ ကား။ သောတာပတ္တိမဂ္ဂဝဇ္ဇတ္တာ၊ သောတာပတ္တိမဂ်သည် သတ်အပ်သည်၏အဖြစ်ကြောင့်တည်း။
ကာမုပါဒါနံ၊ ကို။ ပစ္ဆာ၊ ၌။ (ပဟီယတိ၊ ပယ်အပ်၏။) ကသ္မာ၊ ကား။ အရဟတ္တမဂ္ဂဝဇ္ဇတ္တာ၊ အရဟတ္တမဂ်သည် သတ်အပ်သည်၏အဖြစ်ကြောင့်တည်း။ ဣတိ အယံ၊ ကား။ ဧတေသံ၊ ထိုလေးပါးသောဥပါဒါန်တို့၏။ ပဟာနက္ကမော၊ ပယ်စဉ်တည်း။
ပန၊ ထိုမှတစ်ပါး။ မဟာဝိသယတ္တာ၊ ကျယ်သောအရာရှိသည်၏အဖြစ်ကြောင့်၎င်း။ ပါကဋတ္တာ စ၊ ထင်ရှားသည်၏အဖြစ်ကြောင့်၎င်း။ ဧတေသု၊ ထိုလေးပါးသော ဥပါဒါန်တို့တွင်။ ကာမုပါဒါနံ၊ ကို။ ပဌမံ၊ စွာ။ ဒေသိတံ၊ ၏။
ဟိ၊ ဟိတ်နှစ်ပါးကို ချဲ့ဆိုအံ့။ တံ၊ ထိုကာမုပါဒါန်သည်။ အဋ္ဌစိတ္တသမ္ပယော‌ဂါ၊ ရှစ်ပါးလုံးသော လောဘမူစိတ်နှင့်ယှဉ်ခြင်းကြောင့်။ မဟာဝိသယံ၊ ကျယ်သော ဥပ္ပတ္တိဋ္ဌာနရှိသည်။ ဟောတိ၊ ၏။ ဣတရာနိ၊ ကာမုပါဒါန်မှတစ်ပါးကုန်သော သုံးပါးသောဥပါဒါန်တို့သည်။ စတုစိတ္တသမ္ပယော‌ဂါ၊ လေးပါးသော ဒိဋ္ဌိဂတသမ္ပယုတ်စိတ်နှင့်သာ ယှဉ်ခြင်းကြောင့်။ အပ္ပဝိသယာနိ၊ ကျဉ်းသောအရာရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။ စ၊ ပါး။ ယေဘုယျေန၊ အားဖြင့်။ ပဇာယ၊ သတ္တဝါ၏။ အာလယရာမတ္တာ၊ တဏှာဖြင့်မှီဝဲအပ်ကုန်သော။ ဝါ၊ ကာမုပါဒါန်၏ အဖန်တလဲလဲ ကိန်းဝပ်ရာဖြစ်သောငါးပါးသောဥပါဒါနက္ခန္ဓာတို့၌ မွေ့လျော်သည်၏အဖြစ်ကြောင့်။ အာလိယန္တိ သေဝိယန္တိ၊ အာ ပုနပ္ပုနံ ဝါ လယတိ ဧတ္ထ ကာမုပါဒါနန္တိ အာလယော၊ ပဉ္စုပါဒါနက္ခန္ဓာ။ တတ္ထ ရမတီတိ အာလယရာမာ၊ ပဇာ။ တဿာ ဘာဝေါ အာလယရာမတ္တံ။ တသ္မာ အာလယရာမတ္တာ။ (ပြည်) ပဇာယ၊ ၌။ (တန္တနည်း) ကာမုပါဒါနံ၊ သည်။ ပါကဋံ၊ သည်။ ဟောတိ၊ ၏။ ဣတရာနိ၊ ကာမုပါဒါန်မှတစ်ပါး သုံးပါးသောဥပါဒါန်တို့သည်။ ပါကဋာနိ၊ ကုန်သည်။ န ‌ဟောန္တိ၊ မဖြစ်ကုန်။
ကာမုပါဒါနဝါ၊ ကာမုပါဒါန်ရှိသောသူသည်။ (အချို့သောဆရာတို့ကား ဝါ-ကို ဝိကပ်ကြံကုန်၏၊ မသင့်) ဝတ္ထုကာမာနံ၊ တို့ကို။ သမဓိဂမတ္ထံ၊ ရခြင်းအကျိုးငှါ။ ကောတူဟလမင်္ဂလာဒိဗဟုလော၊ (သုခဒုက္ခသည် ကံကြောင့်ဖြစ်၏ဟုမယူမူ၍) အသစ်အဆန်းဖြစ်သော ဒိဋ္ဌသုတမုတ မင်္ဂလာစသည်၌ လေ့လာများသည်။ ဟောတိ၊ ၏။ ဟောတိ-နောင်သဿတဒိဋ္ဌီတိ-ဟု ရှိသည်ကားအမှား၊ သဿတန္တိ-ဟု ရှိရမည်။ သဿကို သာ+အဿ-ဟု ပဒစ္ဆေဒပြု။ (ပြည်) ၎င်းသည် "သာ ကောတူဟလမင်္ဂလာဒိဗဟုလတာအဿ ကာမုပါဒါနဝတော တန္တိ ကာမုပါဒါနံ" ဟူသော ဋီကာနှင့်အညီ ပြဆိုထားခြင်းပေတည်း။ ယခုစာကိုယ်မူ၌ကား "သာဿဒိဋ္ဌီတိ" ဟု ရှိ၏၊ ထိုပါဌ်သည်လည်း "သာ၊ သည်။ အဿ၊ ၏။ ဒိဋ္ဌိ၊ ဒိဋ္ဌိပေတည်း၊ ဝါ၊ ဒိဋ္ဌိဥပါဒါန်ပေတည်း။ ဣတိ၊ ကြောင့်။" ဤသို့အနက်ရသောကြောင့် အတ္ထယုတ္တိလည်းရှိ၏။ သာ-ဟူသော တုလျတ်ပုဒ်သည် ဒိဋ္ဌိ-ဟူသော လိင်္ဂတ်ပဓာနပုဒ်နှင့် လိင်တူလျက်ရှိသောကြောင့် သဒ္ဒယုတ္တိလည်း ရှိပေ၏။ မှန်ပေ၏။ ကမ္မဓာရည်းဝါကျမှ တစ်ပါးသောအရာ၌ တုလျက် သို့မဟုတ် ပကတိကတ္တားဖြစ်သော ယ တ စသော သဗ္ဗနာမ်ပုဒ်တို့သည် ပဓာနဖြစ်သော လိင်္ဂတ် ဝိကတိကတ္တားပုဒ်နှင့် လိင်တူမြဲဖြစ်ပေသည်။ သို့သော် ထိုပါဌ်သည် ဋီကာနှင့်ကွဲနေသောကြောင့် မူရင်းပါဌ်ကောင်း ဟုတ်မဟုတ်ကား ဆင်ခြင်ဖွယ် ရှိ၏။ (ဆ-သံ-သော) အဿ၊ ထိုကာမုပါဒါန်ရှိသောသူ၏။ သာကောတူဟလမင်္ဂလာဒိဗဟုလတာ၊ ထိုကောတူဟလ မင်္ဂလာစသည်၌ လေ့လာများသည်၏ အဖြစ်သည်။ တံ ဒိဋ္ဌုပါဒါနံ၊ သည်။ ဟောတိ၊ ၏။ ဣတိ-တသ္မာ၊ ကြောင့်။ တဒနန္တရံ၊ ထိုကာမုပါဒါန်၏ အခြားမဲ့၌။ ဒိဋ္ဌုပါဒါနံ၊ ကို။ ဒေသိတံ၊ ၏။ တံ ဒိဋ္ဌုပါဒါနံ၊ သည်။ ပဘိဇ္ဇမာနံ၊ ကွဲပြားသည်ရှိသော။ သီလဗ္ဗတအတ္တဝါဒုပါဒါနဝသေန၊ ဖြင့်။ ဒုဝိဓံ၊ သည်။ ဟောတိ၊ ၏။
တသ္မိံ ဒွယေ၊ ထိုနှစ်ပါးအပေါင်းတွင်။ ဂေါကိရိယံ၊ နွား၏အမူအရာကို၎င်း။ ကုက္ကုရကိရိယံ ဝါ၊ ခွေး၏အမူအရာကို၎င်း။ ဒိသွာပိ၊ မြင်၍လည်း။ ဝေဒိတဗ္ဗတော၊ သိအပ်သည်၏ အဖြစ်ကြောင့်။ ဩဠာရိကံ၊ ရုန့်ရင်း၏။ ဣတိ-တသ္မာ၊ ကြောင့်။ သီလဗ္ဗတုပါဒါနံ၊ ကို။ ပဌမံ၊ စွာ။ ဒေသိတံ၊ ၏။
သုခုမတ္တာ၊ သိမ်မွေ့သည်၏ အဖြစ်ကြောင့်။ အန္တေ၊ အဆုံး၌။ အတ္တဝါဒုပါဒါနံ၊ ကို။ ဒေသိတံ၊ ၏။ ဣတိ အယံ၊ ကား။ ဧတေသံ၊ တို့၏။ ဒေသနာက္ကမော၊ တည်း။
စ၊ ထိုမှတစ်ပါး။ ဧတ္ထ၊ ဤဥပါဒါနစတုက္ကတွင်။ တဏှာ၊ ကာမတဏှာသည်။ ပုရိမဿ၊ ရှေးဦးဖြစ်သော ကာမုပါဒါန်အား။ ဧကဓာ၊ တစ်ပါးအဖို့အားဖြင့်။ ပစ္စယော၊ သည်။ ဟောတိ၊ ၏။ သေသတ္တယဿ၊ ကာမုပါဒါန်မှ ကြွင်းသောဥပါဒါန် သုံးပါးအပေါင်းအား။ သတ္တဓာ၊ ခုနစ်ပါးအပြားတို့ဖြင့်၎င်း။ အဋ္ဌဓာ ဝါပိ၊ ရှစ်ပါးအပြားဖြင့်၎င်း။ ပစ္စယော၊ သည်။ ဟောတိ၊ ၏။
စ၊ ချဲ့ဦးအံ့။ ဧတ္ထ-ဧဝံ ဒေသိတေ ဥပါဒါနစတုက္ကေ၊ ဤဆိုအပ်ပြီးသောအစဉ်ဖြင့် ဟောတော်မူအပ်သော ဥပါဒါနစတုက္ကတွင်။ ပုရိမဿ၊ သော။ ကာမုပါဒါနဿ၊ အား။ ကာမတဏှာ၊ သည်။ ဥပနိဿယဝသေန၊ ဖြင့်။ ဧကဓာဝ၊ ဖြင့်သာလျှင်။ ပစ္စယော၊ သည်။ ဟောတိ၊ ၏။ ကသ္မာ၊ ကား။ တဏှာဘိနန္ဒိတေသု၊ တဏှာဖြင့် ပြင်းစွာနှစ်သက်အပ်ကုန်သော။ ဝိသယေသု၊ တို့၌။ ဥပ္ပတ္တိတော၊ ဖြစ်ခြင်းကြောင့်တည်း။
ပန၊ ပါး။ သေသတ္တယဿ၊ အား။ သဟဇာတ။ ပ။ ဟေတုဝသေန၊ ဖြင့်။ သတ္တဓာ ဝါ၊ တို့ဖြင့်၎င်း။ ဥပနိဿယေန၊ နှင့်။ သဟ၊ ကွ။ အဋ္ဌဓာ ဝါပိ၊ တို့ဖြင့်၎င်း။ ပစ္စယော၊ သည်။ ဟောတိ၊ ၏။
စ၊ ဆက်၍ဆိုအံ့။ ယဒါ၊ ၌။ သာ၊ ထိုတဏှာသည်။ ဥပနိဿယဝသေန၊ ဖြင့်။ ပစ္စယော၊ သည်။ ဟောတိ၊ ၏။ တဒါ၊ ၌။ အသဟဇာတာဝ၊ ပစ္စယုပ္ပန်နှင့်သဟဇာတ် မဟုတ်သည်သာလျှင်။ ဟောတိ၊ ၏။ ဣတိ၊ ဤရွေ့အပြီးတည်း။
အယံ တဏှာပစ္စယာ ဥပါဒါနန္တိ ပဒသ္မိံ ဝိတ္ထာရကထာ။