Issues
Select Version
Visuddhimaggo(Dutiyo bhāgo)
Visuddhimaggo(Dutiyo bhāgo)

Cattārīsākāraanupassanākathā

Author: prañña charāto-ပြည် ဆရာတော် @ IAPT

သော ယောဂါဝစရော၊ သည်။ တဿေဝ၊ ထိုဆိုအပ်ပြီးသောအပြားရှိသည်သာလျှင်ဖြစ်သော။ ပဉ္စသု ခန္ဓေသု၊ တို့၌။ အနိစ္စဒုက္ခာနတ္တသမ္မသနဿ၊ အနိစ္စဒုက္ခအနတ္တဟု သုံးသပ်ခြင်း၏။ ထိရဘာဝတ္ထာယ၊ မြဲမြံသည်၏ အဖြစ်တည်းဟူသောအကျိုးငှါ။ ကတမေဟိ စတ္တာရီသာယအာကာရေဟိ။ ပ။ ဩက္ကမတီတိ ဧတဿ၊ ဟူသော ဤဥဒ္ဒေသ၏။ ဝိဘင်္ဂေ၊ ဝေဖန်၍ဟောရာပဒဘာဇနီ၌။
ပဉ္စက္ခန္ဓေ။ ပ။ သံကိလေသိကဓမ္မတောတိ၊ ဟူသော။
စတ္တာလီသာယ၊ သော။ အာကာရေဟိ၊ တို့ဖြင့်။
(ဝုတ္တံ-၌စပ်) ပဉ္စက္ခန္ဓေ။ ပ။ ဩက္ကမတီတိအာဒိနာ၊ ဤသို့အစရှိသော။ နယေန၊ နည်းဖြင့်။ အနုလောမဉာဏံ၊ (အရိယာမဂ်ကို ရခြင်းအားလျော်သောကြောင့်) အနုလောမ မည်သောဉာဏ်ကို။ ဝိဘဇန္တေန၊ ခွဲခြမ်းဝေဖန်တော်မူလိုသော။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ပဘေဒတော၊ အသီးအသီးခွဲခြမ်းဝေဖန်သောအားဖြင့်။ ယန္တံ အနိစ္စာဒိသမ္မသနံ၊ အကြင် အနိစ္စအစရှိသောအားဖြင့် သုံးသပ်ခြင်းကို။ ဝုတ္တံ၊ ပြီ။ တဿာပိ၊ (လေးဆယ့်လေးပါးသော ပကာရဘေဒရှိသော) ထိုအနိစ္စာဒိသမ္မသန၏လည်း။ ဝသေန၊ ဖြင့်။ ဣမေ ပဉ္စက္ခန္ဓေ၊ တို့ကို။ သမ္မသတိ၊ သုံးသပ်၏။ [ကတမေဟိ၊ အဘယ်မည်ကုန်သော။ စတ္တာရီသာယ၊ လေးဆယ်သော။ အာကာရေဟိ၊ အကြောင်းတို့ဖြင့်၊ ဝါ၊ အခြင်းအရာတို့ဖြင့်။ အနုလောမိကံ၊ အရိယမဂ်ကို ရခြင်းအားလျော်သော။ ခန္တိံ၊ အာရုံ၏ သဘောသို့သက်ဝင်၍ ဆုံးဖြတ်ပိုင်းခြားခြင်း၌ စွမ်းနိုင်သောသဘောရှိ၍ ခံချိသောဉာဏ်ကို။ ပဋိလဘတိ၊ ရသနည်း။ ကတမေဟိ၊ ကုန်သော။ စတ္တာရီသာယ၊ သော။ အာကာရေဟိ၊ တို့ဖြင့်။ သမ္မတ္တနိယာမံ၊ သမ္မာဒိဋ္ဌိစသည်ဟုဆိုအပ်သော မှန်သော သဘောရှိသည်ဖြစ်၍ မဆုတ်နစ်သောသ‌ဘောရှိသည်၏အဖြစ်ကြောင့် မြဲမြံသောအရိယမဂ်ကို။ ဩက္ကမတိ၊ သက်နိုင်သနည်း။ (ဣတိ ပုစ္ဆာယံ၊ ဤသို့သောအမေးသည်။ သတိ၊ သော်။) ပဉ္စက္ခန္ဓေ၊ တို့ကို။ အနိစ္စတော၊ အနိစ္စအားဖြင့်။ သမ္မသတိ၊ ၏။ (နောက်နောက်ကိုလည်း ဤနည်းယှဉ်) ဒုက္ခတော၊ ဒုက္ခအားဖြင့်။ ရောဂတော၊ ယာပျနာဟူသော မူလရောဂါနှင့်တူသောအားဖြင့်။ ဂဏ္ဍတော၊ အိုင်းအမာနှင့်တူသောအားဖြင့်။ သလ္လတော၊ မြားငြောင့်နှင့်တူသောအားဖြင့်။ အဃတော၊ အစီးအပွါးမဲ့ကို ဆောင်သောအားဖြင့်။ အာဗာဓတော၊ (ယာပျဗျာဓိဟူသော မူလရောဂါမှတစ်ပါးသော) ပြင်းပြသည်းစွာသော အနာအားဖြင့်။ ပရတော၊ ပြင်ပသူစိမ်းနှင့်တူသောအားဖြင့်။ ပလောကတော၊ ဗျာဓိဇရာမရဏတို့ဖြင့် ပေါက်ကွဲ ပျက်စီးသော အားဖြင့်။ ဤတိကော၊ (များစွာသော ဗျသနကိုဆောင်သည်ဖြစ်၍ အသစ် အာဂန္တုက အကုသလပက္ခိယဗျသနဟေတုနှင့်တူ၍) ပျက်စီးကြောင်းအားဖြင့်။ ဥပဒ္ဒဝတော၊ (အထူးထူး အပြားပြား များစွာသော အကျိုးမဲ့တို့ကို ဆောင်တတ်သည်၏အဖြစ်ကြောင့် အလုံးစုံသော)မင်းဘေးမင်းဒဏ်စသော ဥပဒ္ဒဝေါ၏တည်ရာဝတ္ထုအားဖြင့်။ ဘယတော၊ ခပ်သိမ်းသောဘေးတို့၏ တည်ရာအားဖြင့်။ ဥပသဂ္ဂတော၊ အကျိုးမဲ့တို့သည် အစဉ်လိုက်အပ်သည်ဖြစ်၍ ငြိတွယ်ခြင်းရှိသောအားဖြင့်၊ ဝါ၊ ရာဂစသော ဒေါသတို့နှင့်ကပ်ငြိခြင်း မကင်းသောအားဖြင့်။ စလတော၊ ဗျာဓိနှင့်ဇရာမရဏ လာဘ အလာဘစသော‌ ‌လောကဓံတရားတို့ကြောင့် တုန်လှုပ်သောအားဖြင့်။ ပဘင်္ဂုတော၊ ပျက်ခြင်းသို့ရောက်သောအားဖြင့်။ အဓုဝတော၊ မြဲမြံခိုင်ခံ့သောသဘော မရှိသောအားဖြင့်။ အတာဏတော၊ ဘေးကို မစောင့်မရှောက်နိုင်သောအားဖြင့်။ အလေဏတော၊ မှီခိုပုန်းအောင်းရာ မဟုတ်သောအားဖြင့်။ အသရဏတော၊ ကိုးကွယ်ရာ မဟုတ်သောအားဖြင့်။ ရိတ္တတော၊ ဓုဝသုဘသုခအတ္တစသည်အဖြစ်မှ ဆိတ်သော အားဖြင့်။ တုစ္ဆတော၊ အချည်းနှီးအားဖြင့်။ သုညတော၊ (သာမီ နိဝါသီ ကာရက ဝေဒက အဓိဋ္ဌာယကဟု တိတ္ထိတို့ကြံဆအပ်သော) အတ္တမှ ဆိတ်သောအားဖြင့်။ အနတ္တတော၊ (တိတ္ထိတို့ကြံဆအပ်သော) အတ္တ၏ ဆန့်ကျင်ဖက်အားဖြင့်။ အာဒီနဝတော၊ အပြစ်ဒေါသအားဖြင့်၊ ဝါ၊ အထီးကျန်သော ကပဏမနုဿနှင့်တူသောအားဖြင့်။ ဝိပရိဏာမဓမ္မတော၊ ဇရာမရဏဟူသော နှစ်ပါးသောအဖို့တို့ဖြင့် ဖောက်ပြန်ခြင်းသဘောရှိသောအားဖြင့်။ အသာရကတော၊ အနှစ်မဟုတ်အကာနှင့်တူသောအားဖြင့်။ အဃမူလတော၊ မကောင်းမှု၏ အကြောင်းမူလအားဖြင့်။ ဝဓကတော၊ (အဆွေခင်ပွန်းမျက်နှာကဲ့သို့ ချိုသာသောမျက်နှာရှိသည်ဖြစ်၍ အကျွမ်းဝင်သောသူကိုသတ်တတ်သော) သူသတ်ရန်သူနှင့်တူသော အားဖြင့်။ ဝိဘဝတော၊ အစီးအပွါးကင်းသောအားဖြင့်၊ ဝါ၊ ဝိဘဝတဏှာ ဝိဘဝဒိဋ္ဌိ၏ အကြောင်းအားဖြင့်။ သာသဝတော၊ အာသဝေါ၏ အာရုံအားဖြင့်၊ ဝါ၊ အာသဝေါ၏ ပဒဋ္ဌာန်အားဖြင့်။ သင်္ခတတော၊ ဟေတုအကြောင်း ပစ္စယအကြောင်းတို့သည် ပေါင်းစု၍ ပြုပြင်အပ်သောအားဖြင့်။ မာရာမိသတော၊ မစ္စုမာရ် ကိလေသမာရ်တို့၏အစာ အာမိသအားဖြင့်။ ဇာတိဓမ္မတော၊ ဖြစ်ခြင်း‌‌သဘောရှိသောအားဖြင့်။ ဇရာဓမ္မတော၊ ရင့်ခြင်းဟောင်းခြင်း သဘောရှိသောအားဖြင့်။ ဗျာဓိဓမ္မတော၊ နာခြင်းသဘောရှိသောအားဖြင့်။ မရဏဓမ္မတော၊ သေခြင်း ပျက်စီးခြင်းသဘောရှိသောအားဖြင့်။ သောကဓမ္မတော၊ ‌စိုးရိမ်ခြင်းသဘောရှိသောအားဖြင့်။ ပရိဒေဝဓမ္မတော၊ ငိုကြွေးခြင်း‌သဘောရှိသောအားဖြင့်။ ဥပါယာသဓမ္မတော၊ လွန်စွာပင်ပန်းခြင်းသ‌ဘောရှိသောအားဖြင့်။ သံကိလေသိကဓမ္မတော၊ တဏှာသံကိလေသ ဒိဋ္ဌိသံကိလေသ ဒုစ္စရိတသံကိလေသတို့၏ အာရုံအဖြစ်တည်းဟူသော သဘောအားဖြင့်။ သမ္မသတိ၊ ၏။ (ဤကား စတ္တာရိသာကာရ၏ သရုပ်ပြတည်း) ပဉ္စက္ခန္ဓေ၊ တို့ကို။ အနိစ္စတော၊ ဖြင့်။ ပဿန္တော၊ ရှုသောယောဂါဝစရသည်။ အနုလောမိကံ၊ သော။ ခန္တိံ၊ ကို။ ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ၊ ကုန်သော။ ခန္ဓာနံ၊ တို့၏။ နိရောဓေါ၊ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်သည်သာလျှင်။ နိစ္စံ၊ မြဲ၏။ နိဗ္ဗာနံ၊ ဝါနဟု ဆိုအပ်သောတဏှာမှ ထွက်မြောက်၏။ ဣတိ၊ သို့။ ပဿန္တော၊ ရှုသောယောဂါဝစရသည်။ သမ္မတ္တနိယာမံ၊ သို့။ ဩက္ကမတိ၊ သက်၏။ [ဤကား ဝိဘဇနာကာရပြပဌမပုဒ်တည်း]
[၂၄၇] ကထံ၊ အဘယ်သို့သော အခြင်းအရာအားဖြင့်။ သမ္မသတိ၊ နည်း။
ဟိ၊ ချဲ့အံ့။ သော ယောဂါဝစရော၊ ထိုယောဂါဝစရ ပုဂ္ဂိုလ်သည်။ ဧကေကံ၊ တစ်ပါး တစ်ပါးသော။ ခန္ဓံ၊ ကို။ (အနိစ္စာဒိသမ္မသနဿ ဝသေန သမ္မသတီတိ သမ္ဗန္ဓော။တဿ ပန သမ္မသနဿ ပဉ္စန္နံ ခန္ဓာနံ သာဓာရဏတာယ ဧကေကံ ခန္ဓန္တိ ဝုတ္တံ)။ အနစ္စန္တိကတာယ၊ နောက်အစွန်းကို လွန်နိုင်သော သဿတ မဟုတ်သည်၏အဖြစ်ကြောင့်၊ ဝါ၊ နောက်အစွန်းကို မလွန်နိုင်သည်၏ အဖြစ်ကြောင့် အန္တံ အတိက္ကန္တန္တိ အစ္စန္တံ။ အန္တံ ပရကောဋိံ၊ နောက်အစွန်းကို။အတိက္ကန္တံ၊ လွန်သည်တည်း။ အစ္စန္တံ၊ နောက်အစွန်းကိုလွန်သည်။ အစ္စန္တမေဝ အစ္စန္တိကံ။ သဿတရသတည်း။ န အစ္စန္တိကံ အနစ္စန္တိကံ။ အသဿတ ရသတည်း။ အနစ္စန္တိကဿ ဘာဝေါ အနစ္စန္တိကတာ၊ တာယ အနစ္စန္တိကတာယ။ အနိစ္စန္တိက ရှိသည်ကား အမှား။ အနစ္စန္တိကတာယာတိ အစ္စန္တိကတာဘာဝတော။ အသဿတတာယာတိ အတ္ထော။ သဿတံ ဟိ အစ္စန္တိကံ အပရာယ ကောဋိယာ အဘာဝတာ။ ဋီကာ။ ။ အာဒိအန္တဝန္တတာယ စ၊ ဖြစ်ခြင်း ပျက်ခြင်းဟု ဆိုအပ်သောရှေးအစွန်း နောက်အစွန်းရှိသည်၏ အဖြစ်ကြောင့်၎င်း။ အနိစ္စတော၊ နိစ္စဓုဝမဟုတ်သောအားဖြင့်။ (သမ္မသတိ၊ ၏။)
(သမ္ဗန်။ ဧသ နယော သဗ္ဗတ္ထ) ဥပ္ပါဒဝယပဋိပီဠနတာယ၊ ဖြစ်ခြင်း ပျက်ခြင်းဖြင့် ခဏတိုင်းခဏတိုင်းတံသမင်္ဂီ ပုဂ္ဂိုလ်ကို နှိပ်စက်တတ်သည်၏အဖြစ်ကြောင့်၎င်း၊ ဝါ၊ ဖြစ်ခြင်း ပျက်ခြင်းတို့သည်ခဏတိုင်းခဏတိုင်းနှိပ်စက်အပ်သည်၏အဖြစ်ကြောင့်၎င်း။ ဒုက္ခဝတ္ထုတာယ စ၊ သုံးပါးအပြားရှိသောဒုက္ခ၏၊ ဝါ၊ သံသရာဒုက္ခ၏ တည်ရာဝတ္ထု၏ အဖြစ်ကြောင့်၎င်း။ ဒုက္ခတော၊ ဖြင့်။ (သမ္မသတိ၊ ၏။)
ပစ္စယယာပနိယတာယ၊ ယထာရဟပစ္စည်းတို့ဖြင့် မျှစေအပ်သည်၏အဖြစ်ကြောင့်၎င်း။ ရောဂမူလတာယ စ၊ အစဉ်လိုက်သော အနာတို့၏ အကြောင်းမူလဖြစ်သောအနာနှင့်တူသည်၏အဖြစ်ကြောင့်၎င်း၊ ဝါ၊ အစဉ်လိုက်သောအနာတို့၏ အကြောင်းဖြစ်သော ယာပျအနာနှင့်တူသည်၏အဖြစ်ကြောင့်၎င်း။ ရောဂတော၊ အစဉ်လိုက်သော အနာတို့၏ အကြောင်းဖြစ်သော ယာပျရောဂါနှင့်တူသောအားဖြင့်။
ဒုက္ခတာသူလယောဂိတာယ၊ သုံးပါးအပြားရှိသောဒုက္ခတာဟုဆိုအပ်သောထိုးကျင့်ကိုက်ခဲခြင်းနှင့်ယှဉ်သည်၏အဖြစ်ကြောင့်၎င်း။ ကိလေသာသုစိပဂ္ဃရဏတာယ၊ (ထိုက်သည်အားလျော်စွာအာရုံအားဖြင့်၎င်း, သမ္ပယုတ်အားဖြင့်၎င်းရာဂအစရှိသော) ကိလေသာဟူသော မစင်မကြယ် စက်ဆုပ်ဖွယ်သောအညစ်ကို တစ်စစ်စစ်ယိုတတ်သည်၏အဖြစ်ကြောင့်၎င်း။ ဥပ္ပါဒဇရာဘင်္ဂေဟိ၊ ဥပါဒ်ဇရာဘင်တို့ဖြင့်။ ဥဒ္ဓုမာတကပရိပက္ကပဘိန္နတာယ စ၊ ဖူးဖူးယောင်သည်၏အဖြစ် မှည့်ကျက်သည်၏အဖြစ် ဖရိုဖရဲပေါက်ကွဲ ကွဲအက်ပျက်စီးသည်၏ အဖြစ်ကြောင့်၎င်း။ ဂဏ္ဍတော၊ အိုင်းအမာနှင့်တူသောအားဖြင့်။
(ရှေး၌မရှိမူ၍ ဖြစ်ခြင်းကြောင့် ဥပ္ပါဒဖြင့် ဥဒ္ဓုမာတ၊ ဤသို့စသည်ဖြင့် အစဉ်အတိုင်းဟပ်) ပီဠာဇနကတာယ၊ နှိပ်စက်ခြင်းကိုဖြစ်စေတတ်သည်၏အဖြစ်ကြောင့်၎င်း။ အန္တောတုဒနတာယ၊ ကိုယ်တွင်း၌ထိုးကျင့်စူးဝင်တတ်သည်၏အဖြစ်ကြောင့်၎င်း။ ဒုန္နီဟရဏီယတာယ စ၊ အရိယမဂ် တည်းဟူသောမွေးညှပ်နှင့်ကင်း၍နုတ်ခြင်းငှါ တတ်နိုင်ခဲသည်၏အဖြစ်ကြောင့်၎င်း။ သလ္လတော၊ ကိုယ်တွင်းစူးဝင်သောမြားငြောင့်အားဖြင့်။
ဝိဂရဟဏီယတာယ၊ အကုသိုလ်တရားတို့ကဲ့သို့ဘုရားအရိယာတို့သည်ကဲ့ရဲ့အပ်သည်၏အဖြစ်ကြောင့်၎င်း။ အဝဍ္ဎိအာဝဟနတာယ၊ သတ္တဝါ အများတို့၏ စီးပွါးမဲ့ကို လွန်စွာဆောင်တတ်သည်၏အဖြစ်ကြောင့်၎င်း။ အဃဝတ္ထုတာယ စ၊ အဃဟုဆိုအပ်သောအကုသိုလ်ထိုထို၏တည်ရာဝတ္ထု၏အဖြစ်ကြောင့်၎င်း။ အဃတော၊ ဘုရားအရိယာတို့ကဲ့ရဲ့များ၍ စီးပွါးမဲ့ကို ဆောင်တတ်သော မကောင်းမှု အကုသိုလ်တို့၏ တည်ရာဝတ္ထုအားဖြင့်။
အသေရိဘာဝဇနကတာယ၊ (ဣရိယာပုတ်လေးပါး၌ ကိုယ်စွမ်းအားဖြင့် မတတ်နိုင်) မိမိနှင့်စပ်ခြင်းမရှိသူတစ်ပါးနှင့်စပ်ခြင်းရှိသည်၏အဖြစ်ကို ဖြစ်စေတတ်သည်၏အဖြစ်ကြောင့်၎င်း သေန အတ္တနာ ဤရော အာယတ္တော သေရော၊ သေရော အဿ အတ္ထထီတိ သေရီ၊ န သေရီ အသေရီ။ သူတစ်ပါးတို့သည် လုပ်ကျွေးပြုစုခြင်း ထူပေးခြင်း လှည်းပေးခြင်း စသည်ဖြင့်သူတစ်ပါးနှင့်စပ်သော ကိုယ်၏ဖြစ်ခြင်းရှိသည်ဖြစ်၍ သူနာသည် အသေရီမည်သကဲ့သို့ ခန္ဓာတို့သည်လည်း ‌အသေရီဘာဝ သူတစ်ပါးနှင့်စပ်ခြင်းရှိသည်ကို ဖြစ်စေသည်ဟူလို။ ။ အာဗာဓပဒဋ္ဌာနတာယ စ၊ အသည်းအသန် လွန်စွာနှိပ်စက်သော အနာ၏ အကြောင်း၏ အဖြစ်ကြောင့်၎င်း။ အာဗာဓတော၊ အသည်းအသန် လွန်စွာနှိပ်စက်သော အနာနှင့်တူသောအားဖြင့်။
အဝသတာယ၊ အလိုသို့မလိုက်တတ်သည်၏အဖြစ်ကြောင့်၎င်း။ အဝိဓေယျတာယ၊ (မအိုစေလင့် မနာစေလင့် မသေစေလင့် ဤသို့စသည်ဖြင့် စီရင်ခြင်းငှါ မတတ်ကောင်းသည်၏အဖြစ်ကြောင့်၎င်း။ ပရတော၊ သူစိမ်းပြင်ပအားဖြင့်။
ဗျာဓိဇရာမရဏေဟိ၊ ဗျာဓိဇရာမရဏတို့ဖြင့်။ ပလုဇ္ဇနတာယ၊ ပြိုကွဲပေါက်ပြဲပျက်စီးတတ်သည်၏အဖြစ်ကြောင့်။ ဝါ၊ ပလုဇ္ဇနတာယ၊ လွန်စွာပျက်စီးခြင်း ဗျသနသဘောရှိသည်၏အဖြစ်ကြောင့်။ ပလောကတော၊ ဗျာဓိဇရာမရဏတို့ဖြင့် ပြိုကွဲပျက်စီးတတ်သည်၏အဖြစ်ဖြင့်၊ ဝါ၊ ဗျာဓိဇရာမရဏတို့ဖြင့်လွန်စွာပျက်စီးခြင်း ဗျသနရှိသည်၏အဖြစ်ဖြင့်။
အနေကဗျသနာဝဟနတာယ၊ အထွေထွေ အပြားပြား များစွာသောပျက်စီးခြင်းကို ဆောင်တတ်သည်၏အဖြစ်ကြောင့်။ ဤတိတော၊ (ပျက်စီးခြင်းငှါ ရောက်လာသောအာဂန္တုက အကုသလအပင်းအသင်းများနှင့်တူသော)ပျက်စီးခြင်း၏ အကြောင်းအားဖြင့်။
အဝိဒိတာနံယေဝ၊ (ဥထဲကြက်ငယ် ပေါက်ဝယ်ကျေးသို့)တွေးဆ၍သိခြင်းငှါ မတတ်အားသည်သာလျှင် ဖြစ်ကုန်သော။ ဝိပုလာနံ၊ ပြန့်ပြောပေါများကုန်သော။ အနတ္ထာနံ၊ မင်းဘေး မင်းဒဏ်စသော အကျိုးမဲ့တို့ကို။ အာဝဟနတော စ၊ ဆောင်တတ်သည်၏အဖြစ်ကြောင့်၎င်း။ သဗ္ဗုပဒ္ဒဝဝတ္ထုတာယ စ၊ အလုံးစုံကပ်၍နှိပ်စက်တတ်သော ဥပဒ္ဒဝေါ၏ ‌တည်ရာဝတ္ထုယာခင်း ဖြစ်သည်၏အဖြစ်ကြောင့်၎င်း။ ဥပဒ္ဒဝတော၊ များစွာသော မင်းဘေး မင်းဒဏ် မကြံစည်အပ် ကပ်၍နှိပ်စက်တတ်သော ဥပဒ္ဒဝေါအားဖြင့်။
သဗ္ဗဘယာနံ၊ မျက်မြင်လောက ပစ္စုပ္ပန်ဘဝ ရောက်သောဘေး တမလွန်လောက ရောက်သောဘေးဟု ဆိုအပ်ကုန်သော အလုံးစုံသောဘေးတို့၏။ အာကရတာယ၊ တည်ရာ(ဘေးတွင်းသဖွယ်)၏ အဖြစ်ကြောင့်၎င်း။ ဒုက္ခဝူပသမသင်္ခါတဿ၊ ဆင်းရဲခပ်သိမ်း ငြိမ်းအေးချမ်းမြေ့ရာဟု ဆိုအပ်သော။ ပရမဿာသဿ၊ လွန်စွာသက်သာရာဟု ဆိုအပ်သောနိဗ္ဗာန်၏။ ပဋိပက္ခဘူတတာယ စ၊ ဆန့်ကျင်ဖက်ဖြစ်၍ဖြစ်သည်၏ အဖြစ်ကြောင့်၎င်း။ ဘယတော၊ ချမ်းသာစသည်နှင့်မရော ပြန့်ပြောများပြားကြီးမားသောဘေးအားဖြင့်။
အနေကေဟိ၊ များစွာကုန်သော။ အနတ္ထေဟိ၊ ဗဟိဒ္ဓ၌ ဉာဘိဗျသနစသည် အဇ္ဈတ္တ၌ရောဂါစသည် အပြားရှိကုန်သော အနတ္ထတို့သည်။ အနုဗန္ဓတာယ၊ အစဉ်လိုက်အပ်သည်၏အဖြစ်ကြောင့်၎င်း။ ဒေါသုပသတ္တတာယ၊ အာရုံအားဖြင့်၎င်း သမ္ပယုတ်အားဖြင့်၎င်း ရာဂအစရှိသောဒေါသတို့နှင့် ကပ်ငြိရှက်တွယ်သည်၏ အဖြစ်ကြောင့်၎င်း။ ဥပသဂ္ဂေါ ဝိယ၊ ဘီလူးဥပါ ယုတ်မာသောနတ်ဆိုးတို့သည် ဆောင်အပ်ဖြစ်စေအပ်သော ရောဂါဗျာဓိအစရှိသော အနတ္ထကဲ့သို့။ အနဓိဝါသနာရဟတာယ စ၊ သည်းခံခြင်းငှါ မထိုက်သည်၏ အဖြစ်ကြောင့်၎င်း။ ဥပသဂ္ဂတော၊ ဗဟိဒ္ဓအဇ္ဈတ္တဉာတိဗျသနရောဂစသော အနတ္ထတို့ဖြင့် ကပ်၍ ငြိတွယ် နှိပ်စက် ခွါနိုင်ခက်သောအားဖြင့်၎င်း၊ ဝါ၊ ဘီလူးဥပါယုတ်မာသောနတ်ဆိုးတို့သည် ဆောင်အပ်ဖြစ်စေအပ်သော ရောဂါဗျာဓိ အစရှိသော အနတ္ထနှင့်တူသည်၏ အဖြစ်ဖြင့်၎င်း။
ဗျာဓိဇရာမရဏေဟိ စေဝ၊ တို့ကြောင့်၎င်း။ လာဘာလာဘာဒီဟိ၊ လာဘအလာဘ အစရှိကုန်သော။ လောကဓမ္မေဟိ စ၊ လောကဓံတို့ကြောင့်၎င်း။ ပစလိတတာယ၊ မတည်မတံ့စား အပြားအားဖြင့် တုန်လှုပ်သည်၏ အဖြစ်ကြောင့်။ စလတော၊ ဗျာဓိဇရာမရဏလာဘာလာဘစသော လောကဓံတို့ကြောင့် မတည်ကြည်မတံ့စား တုန်လှုပ်သောအားဖြင့်။
ဥပက္ကမေန စေဝ၊ မိမိ၏၎င်း သူတစ်ပါး၏၎င်း ပယောဂလုံလဖြင့်၎င်း။ သရသေန-သဘာဝေန စ၊ သဘောအားဖြင့်၎င်း။ ပဘင်္ဂုပဂမနသီလတာယ၊ ဖရိုဖရဲပျက်စီးခြင်းသို့ရောက်ခြင်းအလေ့ရှိသည်၏ အဖြစ်ကြောင့်။ ပဘင်္ဂုတော၊ မိမိလုံ့လ သူတစ်ပါးလုံ့လဖြင့်၎င်း သဘောအားဖြင့်၎င်း ဖရိုဖရဲပျက်စီးခြင်းသို့ ရောက်တတ်သောအားဖြင့်။
သဗ္ဗာဝတ္ထနိပါတိတာယ၊ အလွန်နုသောကာလမှစ၍ တချွေချွေ ကြွေ၍ကျသော သစ်သီးကဲ့သို့ မန္ဒာခိဍ္ဍစသော အလုံးစုံသောအဝတ္ထာ တို့၌ ကြွေကျခြင်းသဘောရှိသည်၏ အဖြစ်ကြောင့်၎င်း။ ထိရဘာဝဿ၊ မကြွေကျသော်လည်း ခပ်သိမ်းသော အခြင်းအရာအားဖြင့် အနှစ်မဲ့သည်ဖြစ်၍ မြဲမြံခိုင်ခံ့သောအဖြစ်၏။ အဘာဝတာယ စ၊ မရှိသည်၏အဖြစ်ကြောင့်၎င်း။ အဒ္ဓုဝတော၊ မမြဲမြံမခိုင်ခံ့သောအားဖြင့်။
(ထိရံ ဟိ ဓုဝံ နာမ ဟောတိ) အတာယနတာယ စေဝ၊ စောင့်ရှောက်ခြင်းငှါ မစွမ်းနိုင်သည်၏အဖြစ်ကြောင့်၎င်း။ အလဗ္ဘနေယျခေမတာယ စ၊ (စောင့်ရှောက်စေလိုသောအာသာဖြင့်ဆည်းကပ်ပါသော်လည်း)မရအပ်သော ဘေးကင်းခြင်းရှိသည်၏ အဖြစ်ကြောင့်၎င်း။ အတာဏတော၊ ဘေးမဲ့စိမ့်သောငှါ မစောင့်ရှောက်တတ်သောအားဖြင့်။
အလ္လီယိတုံ၊ (ဆင်းရဲဒုက္ခမှကြောက်သည်ဖြစ်၍ ခိုမှီကပ်ရပ်လိုသော အာသာဖြင့်) ကပ်ရပ်ခိုမှီခြင်းငှါ။ အနရဟတာယ၊ မထိုက်သည်၏အဖြစ်ကြောင့်၎င်း။ အလ္လီနာနမ္ပိ၊ (ခိုမှီကပ်ရပ်လိုသောအာသာဖြင့်)ကပ်ရပ်ခိုမှီလာသော သူတို့အားလည်း။ လေဏကိစ္စာကာရိတာယ၊ (ဆင်းရဲဒုက္ခကို ပျောက်ကွယ်နစ်စေခြင်း ဟူသော) ပုန်း‌အောင်းရာကိစ္စကို မပြုတတ်သည်၏ အဖြစ်ကြောင့်၎င်း။ အလေဏတော၊ (ဆင်းရဲဒုက္ခမှကြောက်၍ ကွယ်ပျောက်စေခြင်းငှါ) ပုန်းအောင်းခိုမှီရာမဟုတ်သောအားဖြင့်။
နိဿိတာနံ၊ (ဇာတိဇရာဗျာဓိစသောဘေးကိုကြောက်၍) မှီခိုကပ်ရပ်ကုန်သောသူတို့၏။ ဘယသာရကတ္တာဘာဝေန၊ ဇာတိဇရာဗျာဓိမရဏ စသောဘေးကို ညှဉ်းဆဲဖျောက်ပယ်တတ်သော အဖြစ်၏ မရှိခြင်းကြောင့်။ အသရဏတော၊ ဇာတိဇရာဗျာဓိမရဏစသောဘေးကိုမဖျောက်ပယ်မလွှင့်ပျက်တတ်သောအားဖြင့်၊ ဝါ၊ ကိုးကွယ်ရာမဟုတ်သောအားဖြင့်။
ယထာပရိကပ္ပိတေဟိ၊ (ပရမတ္ထအားဖြင့် ထင်ရှားမရှိ) အတိဗာလပုဂ္ဂိုလ်တို့သည် ကြံဆအပ်သော အပြားရှိကုန်သော။ ဓုဗသုဘသုခအတ္တဘာဝေဟိ၊ ခိုင်ခံ့မြဲမြံသည်၏အဖြစ် တင့်တယ်လျောက်ပတ်သည်၏အဖြစ် ချမ်းသာသည်၏အဖြစ် အတ္တ၏အဖြစ်တို့ဖြင့်။ ရိတ္တတာယ၊ အတွင်းသားအနှစ်ကင်းသည်၏အဖြစ်ကြောင့်။ ရိတ္တတော၊ ဓုဝသုဘသုခအတ္တ အဖြစ်ဟူသော အတွင်းအနှစ်ကင်းသော အားဖြင့်။ (အန္တော သာရာဘာဝေါ ရိတ္တတာ)
ရိတ္တတာယေဝ၊ အတွင်းသားအနှစ်ကင်းသည်၏အဖြစ်ကြောင့်သာလျှင်။ တုစ္ဆတော၊ အချည်းနှီးအားဖြင့်။ ဝါ၊ ကား။ အပ္ပကတ္တာ၊ သေးငယ်သည်၏အဖြစ်ကြောင့်၊ ဝါ၊ ယုတ်ညံ့သည်၏အဖြစ်ကြောင့်။ တုစ္ဆတော၊ သေးငယ်သောအားဖြင့်၊ဝါ၊ ယုတ်ညံ့သောအားဖြင့်။ ဟိ-သစ္စံ၊ ၏။ လောကေ၊ ၌။ အပ္ပကမ္ပိ၊ သေးငယ်သည်ကိုလည်း၊ ဝါ၊ ယုတ်ညံ့သည်ကိုလည်း။ တုစ္ဆန္တိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။
သာမိနိဝါသိကာရကဝေဒကာဓိဋ္ဌာယကဝိရဟိတတာယ၊ အရှင်သခင်, အမြဲနေသူ, ပြုလုပ်တတ်သည်, ခံစားတတ်သည်, ဓိဋ္ဌာန်ဆောက်တည်တတ်သည်ဟုဆိုအပ်သော အတ္တမှကင်းသည်ဆိတ်သည်၏အဖြစ်ကြောင့်။ သုညတော၊ သာမီ နိဝါသီ ကာရက ဝေဒက အဓိဋ္ဌာယက ဟု ဗာလတိတ္ထိတို့သည် ကြံဆအပ်သော အတ္တမှ ဆိတ်သောအားဖြင့်။ (နတ္ထိ အတ္တာ ဧတဿာတိ အနတ္တာ။ ပြု။)
သယဉ္စ၊ မိမိ၏လည်း။ အသာမိကဘာဝါဒိတာယ၊ အရှင်မဟုတ်သည်၏အဖြစ်အစရှိသည်၏အဖြစ်ကြောင့်။ အနတ္တတော၊ သာမီ နိဝါသီ ကာရက ဝေဒက အဓိဋ္ဌာယက ဟု ဗာလတိတ္ထိတို့သည် ကြံဆအပ်သော အတ္တမဟုတ်သောအားဖြင့်။
(န အတ္တာတိ ဟိ အနတ္တာတိ) ပဝတ္တိဒုက္ခတာယ၊ ပဝတ္တိဟူသော ဝဋ်ဒုက္ခ၏အဖြစ်ကြောင့်၎င်း ပဝတ္တိ နိဝတ္တိ နှစ်ပါးတို့တွင် ပဝတ္တိကား ဝဋ္ဋဖြစ်၍ ဒုက္ခတည်း၊ နိဝတ္တိကား နိရောဓနိဗ္ဗာနဖြစ်၍ သုခတည်း။ ပဉ္စန္နံ ခန္ဓာနံ နိရောဓေါ သုခံ နိဗ္ဗာနံ-ဟူသကား။ ။ ဒုက္ခဿ၊ ၏။ အာဒီနဝတာယ စ၊ အပြစ်ဒေါသ၏အဖြစ်ကြောင့်၎င်း။ အာဒီနဝတော၊ ဝဋ်ဒုက္ခဟူသော အပြစ်ဒေါသအားဖြင့်။ အထ ဝါ၊ ကား။ အာဒီနံ၊ အလွန်အထီးကျန်သည်ဖြစ်၍ ဆင်းရဲရိရှား ပင်ပန်းလှစွာ အာဒီနန္တိ ဘာဝနပုံသကနိဒ္ဒေသော ယထာ ဧကမန္တန္တိ၊ အတိ ဝိယ ကပဏန္တိ အတ္ထော။ ဘူသတ္ထော ဟိ အယမာကာရော။ ဋီ။ ။ ဝါတိ ဂစ္ဆတိ ပဝတ္တတိ၊ ဖြစ်တတ်၏။ ဣတိ-တသ္မာ၊ ကြောင့်။ အာဒီနဝေါ၊ မည်၏။ ဧတံ၊ ဤအာဒီနဝဟူသောအမည်သည်။ ကပဏမနုဿဿ၊ အထီးကျန်သောသူဆင်းရဲ၏။ အဓိဝစနံ၊ အမည်တည်း။ စ၊ ဆက်၍ဆိုအံ့။ ခန္ဓာပိ၊ ခန္ဓာတို့သည်လည်း။ ကပဏာယေဝ၊ ဆင်းရဲရိရှားပင်ပန်းစွာအထီးကျန်သော သူဆင်းရဲနှင့်တူကုန်သည်သာတည်း။ ဣတိ-တသ္မာ၊ ကြောင့်။ အာဒီနဝသဒိသတာယ၊ ဆင်းရဲရိရှားပင်ပန်းစွာ အထီးကျန်သောသူဆင်းရဲနှင့်တူသည်၏အဖြစ်ကြောင့်။ အာဒီနဝတော၊ ငတ်မွတ်ချည်းနှီး အထီးကျန်သောသူဆင်းရဲနှင့်တူသောအားဖြင့်။
ဇရာယ စေဝ၊ ဖြင့်၎င်း။ မရဏေန စ၊ ဖြင့်၎င်း။ ဣတိ၊ သို့။ ဒွိဓာ၊ နှစ်ဖို့အားဖြင့်။ ပရိဏာမပကတိတာယ၊ ဖောက်ပြန်ခြင်းသဘောရှိသည်၏အဖြစ်ကြောင့်။ ဝိပရီဏာမဓမ္မတော၊ ဇရာမရဏဟူသော နှစ်ဖို့အားဖြင့် ဖောက်ပြန်ခြင်းသဘောရှိသည်၏အဖြစ်အားဖြင့်။
ဒုဗ္ဗလတာယ၊ (အလိုလိုပင် ပျက်စီးတတ်၍) အားနည်းသည်၏အဖြစ်ကြောင့်၎င်း။ ဖေဂ္ဂု ဝိယ၊ အကာကဲ့သို့။ သုခဘဉ္ဇနီယတာယ စ၊ ဖျက်ဆီးလွယ်သည်၏အဖြစ်ကြောင့်၎င်း။ အသာရကတော၊ အကာသဖွယ် ပျက်စီးလွယ်သည်ဖြစ်၍ အနှစ်မဲ့သောအားဖြင့် အချို့သော ဒုဗ္ဗလသည် မုဒု၊ နူးညံ့သည်။ ကမ္မညဘာဝ၊ အမှု၌ ခံ့သည်၏အဖြစ်ဖြင့်။ ဒုဗ္ဗဓံသိယ၊ ဖျက်ဆီးနိုင်ခဲသည်။ ဤခန္ဓာတို့ကား ဤကဲ့သို့မဟုတ် အကာကဲ့သို့ ဒုဗ္ဗဓံသိယ၊ ဖျက်ဆီးလွယ်သည်သာတည်းဟူခြင်းငှါ ‌ဖေဂ္ဂု ဝိယ သုခဘဉ္ဇနီယတာ စ-ဟူသည်။ ။
အဃဟေတုတာယ၊ မကောင်းမှုအကုသိုလ်၏အကြောင်း၏အဖြစ်ကြောင့်။ အဃမူလတော၊ ကြမ်းကြုတ်ရုန့်ရင်းသော မကောင်းမှုအကုသိုလ်၏ အကြောင်းအဖြစ်ဖြင့်။
[၂၄၈] မိတ္တမုခသပတ္တော၊ အဆွေခင်ပွန်းမျက်နှာကဲ့သို့ ပြုံးချိုသောမျက်နှာရှိသော ရန်သူသည်။ ဝိဿာသဃာတီဝိယ၊ အကျွမ်းဝင်သောသူကို သတ်သကဲ့သို့။ ဝိဿာသဃာတိတာယ၊ အကျွမ်းဝင်သောသူကို သတ်သည်၏အဖြစ်ကြောင့်။ ဝဓကတော၊ အကျွမ်းဝင်‌သောသူကို သတ်တတ်သော မိတ္တမုခသပတ္တနှင့် တူသောအားဖြင့်။
ဝိဂတဘဝတာယ၊ ကင်းသောပွါးစီးခြင်း ရှိသည်၏အဖြစ်ကြောင့်၊ ဝါ၊ ပွါးစီးခြင်း ကင်းသည်၏အဖြစ်ကြောင့်၎င်း။ ဝိဘဝသမ္ဘူတတာယ စ၊ ဝိဘဝတဏှာ ဝိဘဝဒိဋ္ဌိမှ ဖြစ်သည်၏အဖြစ်ကြောင့်၎င်း။ ဝိဘဝတော၊ ပွါးစီးခြင်းကင်းသောအားဖြင့်၊ ဝါ၊ ဝိဘဝတဏှာ ဝိဘဝဒိဋ္ဌိမှ ဖြစ်သောအားဖြင့်။
အာသဝပဒဋ္ဌာနတာယ၊ အာသဝေါတရားတို့၏ ပဒဋ္ဌာန်၏အဖြစ်ကြောင့်။ သာသဝတော၊ အာသဝေါတရားတို့၏ အာရုံအားဖြင့်။
ဟေတုပစ္စယေဟိ၊ ဇနကအကြောင်း ဥပထမ္ဘက အကြောင်းတို့သည်။ အဘိသင်္ခတတာယ၊ ပြုပြင်အပ်သည်၏အဖြစ်ကြောင့်။ သင်္ခတတော၊ ဇနကအကြောင်း ဥပထမ္ဘကအကြောင်းတို့သည် အညီအညွတ်ကပ်၍ ပြုပြင်အပ်သည်၏အဖြစ်အားဖြင့်။
မစ္စုမာရကိလေသမာရာနံ၊ မစ္စုမာရ် ကိလေသမာရ်တို့၏။ အာမိသဘူတာယ၊ စားအပ်သောအစာ အာမိသဖြစ်၍ဖြစ်သည်၏အဖြစ်ကြောင့်။ မာရာမိသတော၊ မစ္စုမာရ် ကိလေသမာရ်တို့၏စားအပ်သောအစာ အာမိသအားဖြင့်။
ဇာတိဇရာဗျာဓိမရဏပကတိတာယ၊ ဇာတိသဘော ဇရာသဘော ဗျာဓိသဘော မရဏသဘောရှိသည်၏အဖြစ်ကြောင့်။ ဇာတိဇရာဗျာဓိမရဏဓမ္မတော၊ ဇာတိသဘော ဇရာသဘော ဗျာဓိသဘော မရဏသဘောရှိသောအားဖြင့်။
သောကပရိဒေဝဥပါယာသဟေတုတာယ၊ သောက၏အကြောင်းပရိဒေဝ၏အကြောင်းဥပါယာသ၏အကြောင်း၏အဖြစ်ကြောင့် ဓမ္မ-သဒ္ဒါသည် ဇာတိဓမ္မာနံ-စသည်တို့၌ကဲ့သို့ ပကတိအနက်ရှိသည်။ ဓမ္မပဋိသမ္ဘိဒါစသည်တို့၌ကဲ့သို့ ဟေတုအနက်ရှိသည်လည်းဖြစ်ရကား ဇာတိဇရာ ဗျာဓိမရဏ ပကတိယာသောကပရိဒေဝဥပါယာ သဟေတုတာယ-မိန့်သော်။ ။ သောကပရိဒေဝဥပါယာသဓမ္မတော၊ စိုးရိမ်ခြင်း၏အကြောင်းငိုကြွေးခြင်း၏အကြောင်းလွန်စွာပင်ပန်းခြင်း၏အကြောင်းအားဖြင့်။
တဏှာဒိဋ္ဌိဒုစ္စရိတသံကိလေသာနံ၊ တဏှာသံကိလေသ ဒိဋ္ဌိသံကိလေသ ဒုစ္စရိတသံကိလေသတို့၏။ ဝိသယဓမ္မတာယ၊ အာရုံဖြစ်သော တရား၏အဖြစ်ကြောင့်။ သံကိလေသိကဓမ္မတော၊ တဏှာသံကိလေသ ဒိဋ္ဌိသံကိလေသ ဒုစ္စရိတသံကိလေသတို့၏ အာရုံဖြစ်သောတရားအားဖြင့်။ သမ္မသတိ၊ ၏။ ဣတိ-ဧဝံ၊ သို့။ ပဘေဒတော၊ ‌လေးဆယ်သောအပြားအားဖြင့်။ ဝုတ္တဿ၊ ဆိုအပ်ပြီးသော။ အနိစ္စာဒိသမ္မသနဿ၊ အနိစ္စစသောအားဖြင့်သုံးသပ်ခြင်း၏။ ဝသေန၊ ဖြင့်။ သမ္မသတိ၊ ၏။
ဟိ၊ ဆက်၍ဆိုအံ့ လေးဆယ်သော သမ္မသနတို့သည်လည်းသုံးပါးသော အနုပဿနာတို့၌ အတွင်းဝင်သည်သာတည်း-ဟု ထိုသုံးပါးသော အနုပဿနာတို့၌ အတွင်းဝင်သည်၏အဖြစ်ကိုပြခြင်းငှါ ဧတ္ထ ဟိ-စသည်ကိုမိန့်သော်။ ။ ဧတ္ထ၊ ဤနယဝိပဿနာ၌၊ ဝါ၊ ကလာပသမ္မသန၌၊ ဝါ၊ လေးဆယ်သော သမ္မသနဘေဒတို့တွင်။ အနိစ္စတော၊ အနိစ္စအားဖြင့်။ ပ။ မရဏဓမ္မတော၊ ဖြင့်။ ဣတိ၊ သို့။ ဧကေကကသ္မိံ ခန္ဓေ၊ တစ်ခုတစ်ခုသောခန္ဓာ၌။ ဒသ ဒသ၊ ဆယ်ပါးဆယ်ပါးသော သမ္မသနတို့ကို။ ကတွာ၊ ၍။ ပညာသ အနိစ္စာနုပဿနာနိ၊ ငါးဆယ်သော အနိစ္စာနုပဿနာတို့၎င်း။
ပရတော၊ အားဖြင့်။ ပ။ အနတ္တတော၊ အားဖြင့်။ ဣတိ၊ သို့။ ဧကေကသ္မိံ ခန္ဓေ၊ ၌။ ပဉ္စ ပဉ္စ၊ သမ္မသနတို့ကို။ ကတွာ၊ ၍။ ပဉ္စဝီသတိအနတ္တာနုပဿနာနိ၊ နှစ်ဆယ့်ငါးပါးသော အနတ္တာနုပဿနာတို့၎င်း။
သေသာနိ၊ ဆိုအပ်ခဲ့ပြီးသောတစ်ဆယ့်ငါးပါးသော သမ္မသနတို့မှကြွင်းကုန်သော။ ဒုက္ခတော ရောဂတောတိအာဒီနိ၊ ဤသို့အစရှိကုန်သော။ ဧကေကသ္မိံ ခန္ဓေ၊ ၌။ ပဉ္စဝီသတိ ပဉ္စဝီသတိ၊ နှစ်ဆယ့်ငါးပါး နှစ်ဆယ့်ငါးပါးတို့ကို။ ကတွာ၊ ၍။ ပဉ္စဝီသတိသတံ ဒုက္ခာနုပဿနာနိ၊ တစ်ရာ့နှစ်ဆယ့်ငါးပါးသောအနုပဿနာတို့၎င်း။ ဣတိ၊ သို့။ (တေ ပဘေဒါ၊ ထိုလေးဆယ်သော သမ္မသနပဘေဒတို့သည်။ တီသု၊ သုံးပါးသော အနုပဿနာတို့၌။ အန္တောဂဓာ၊ အတွင်းဝင်ကုန်၏။)
ဣတိ-ဧဝံ၊ ဤသို့ဆိုပြီးသောနည်းဖြင့်။ ဒွိသတဘေဒေန၊ နှစ်ရာသောအပြားရှိသော။ ဣမိနာ အနိစ္စာဒိသမ္မသနေန၊ ဤအနိစ္စစသော သမ္မသနဖြင့်။ ပဉ္စက္ခန္ဓေ၊ တို့ကို။ သမ္မသတော၊ စုံစမ်းသုံးသပ်သော။ အဿယောဂိနော၊ ၏၊ ဝါ၊ အား။ နယဝိပဿနာသင်္ခါတံ၊ နယဝိပဿနာဟုဆိုအပ်သော။ တံ အနိစ္စဒုက္ခအနတ္တသမ္မသနံ၊ ထိုအနိစ္စဟု သုံးသပ်ခြင်းဒုက္ခဟု သုံးသပ်ခြင်း အနတ္တဟု သုံးသပ်ခြင်းသည်။ ထိရံ၊ မြဲမြံခိုင်ခံ့သည်။ ဟောတိ၊ ၏။
ဣဒံ၊ ဤဆိုအပ်ခဲ့ပြီးသောအစီအရင်သည်။ တာဝ၊ စွာ။ ဧတ္ထ၊ ဤလေးဆယ်သောသမ္မသနတို့၌၊ ဝါ၊ ဤနယဝိပဿနာ၌။ ပါဠိနယာနုသာရေန၊ ပါဠိနည်းကို အစဉ်မှီးသဖြင့်။ သမ္မသနာရဗ္ဘဝိဓာနံ၊ သုံးသပ်ခြင်း၌စ၍ အားထုတ်သောအစီအရင်တည်း။