သော၊ ထိုဝိပဿနာကမ္မိကယောဂါဝစရသည်။
ဧဝံ-ဣမိနာယထာဝုတ္တပ္ပကာရေန၊ ဤသို့ အကြင် အကြင်ဆိုအပ်ပြီးသော အပြားအားဖြင့်။
ယာထာဝသရသတော၊ မဖောက်မပြန် ဟုတ်မှန်သော မိမိသဘောအားဖြင့်။
နာမရူပံ၊ ကို။
ဝဝတ္ထပေတွာ၊ မှတ်၍။
(ဧတမတ္ထံ သံသန္ဒေတွာ ဝဝတ္ထပေတိ-၌စပ်)
သုဋ္ဌုတရံ၊ ကောင်းသည်ထက် ကောင်းမွန်စွာ။
သတ္တော ပုဂ္ဂလောတိ ဣမိဿာ လောကသမညာယ၊ သတ္တဝါပုဂ္ဂိုလ်ဟု ဖြစ်သောဤလောကသမ္မုတိကိုသော်လည်း။
ပဟာနတ္ထာယ၊ ပယ်ခြင်းငှါ
မိကျေ။ သတ္တဝါပုဂ္ဂိုလ်စသော လောကသမညာကို သော်လည်း ပယ်ခြင်းငှါ ဖြစ်တုံသေး၏၊ သတ္တော ဇီဝေါဟု ဖြစ်သော မိစ္ဆာဘိနိဝေသတို့ကား အဘယ်ဆိုဖွယ်ရှိအံ့နည်းဟူလို။
။
သတ္တသမ္မောဟဿ၊ သတ္တဝါဟု ဖြစ်သောလွန်စွာတွေဝေခြင်းကို။
သမတိက္ကမတ္ထာယ၊ ကောင်းစွာလွန်ခြင်းအကျိုးငှါ။
အသမ္မောဟဘူမိယံ၊ (သတ္တဝါဟုလွန်စွာတွေဝေသော သမ္မောဟ၏ ဆန့်ကျင်ဖက်ဖြစ်၍ ထိုသမ္မောဟကို ပယ်ခွါတတ်သော) အသမ္မောဟဘုံ၌။
စိတ္တံ၊ ကို။
ဌပနတ္ထာယ၊ ထားခြင်းအကျိုးငှါ
နာမ်ရုပ်မျှ၏ အဖြစ်ကို မဆုံးဖြတ်အပ်သည်၏ အဖြစ်ကြောင့်၎င်း သန္တာန်စသောအားဖြင့် အပေါင်းအခဲ ဃနကို ဝေဖန်ခွဲစိတ်ခြင်း၏ မပြုအပ်သည်၏ အဖြစ်ကြောင့်၎င်း ဝိပဿနာကို နှလုံးသွင်းခြင်း အဘိနိဝေသနှင့်ကင်း၍ အပေါင်းအခဲတစ်ခုတည်း၏ အဖြစ်ကို ယူခြင်း၏ အစွမ်းအားဖြင့် သတ္တဝါဟု ဖြစ်သော သမ္မောဟသည် သတ္တသံမောဟမည်၏။ ထိုသံမောဟကို ခွါခြင်းသည် ခွါတတ်သော ဝိပဿနာဉာဏ်သည် အသမ္မောဟဘုံမည်၏။
။
ဣဒံ ဓမ္မဇာတံ၊ ဤတေဘူမက တရားအပေါင်းသည်။
နာမရူပတ္တမေဝ၊ နာမ်နှင့်ရုပ်မျှသာလျှင်တည်း။
သတ္တော၊ သတ္တဝါသည်။
န အတ္ထိ၊ မရှိ။
ပုဂ္ဂလော၊ သည်။
န အတ္ထိ၊ မရှိ။
ဣတိ၊ သို့။
ဧတမတ္ထံ၊ နာမရူပမတ္တမေဝ-စသည်ဖြင့် ဆိုအပ်ပြီးသော ဤအနက်ကို။
သံသန္ဒေတွာ၊ နှီးနှော၍။
ဝဝတ္ထပေတိ၊ မှတ်၏။
ဟိ-သစ္စံ၊ ၏။
ယထာပိ။
ပ။
သမ္မုတီတိ၊ ဟူသော။
ဧတံ-ဝစနံ၊ ကို။
ဝုတ္တံ၊ ၏။
အင်္ဂသမ္ဘာရာ၊ ဝင်ရိုးလှည်းဘီးစသော အစိတ်သမ္ဘာရ အကြောင်းရှိသောကြောင့်။
သတ္ထော ရထော ဣတိ၊ လှည်းရထားဟူသော။
ဝေါဟာရော၊ ခေါ်ဝေါ်ခြင်းသည်။
ဟောတိ ယထာပိ၊ သို့လည်း
ဝင်ရိုးလှည်းဘီးစသော အစိတ်သမ္ဘာရအကြောင်းကို မလွှတ်မူ၍ ထိုအစိတ်သမ္ဘာရရှိသော်သာလျှင် လှည်းရထားဟူသော ဝေါဟာရ ဖြစ်သည်ဟူလို။
။
ဧဝံ-တထာ၊ တူ။
ခန္ဓေသု၊ ဥပါဒါနက္ခန္ဓာတို့သည်။
သန္တေသု၊ ရှိလတ်သော်။
သတ္တောတိ သမ္မုတိ၊ သတ္တဝါဟူသော ဝေါဟာရသည်။
ဟောတိ၊ ၏။
အပရံပိ၊ ထိုမှတစ်ပါးလည်းဖြစ်သော။
သေယျတာပိ။
ပ။
ဂစ္ဆတီတိ၊ ဟူသော။
(ဧတံ-ဝစနံ၊ ကို။)
ဝုတ္တံ၊ ၏။
[အာဝုသော၊ ငါ့ရှင်။
သေယျတာပိ၊ ဥပမာမည်သည်ကား။
ကဋ္ဌဉ္စ၊ သစ်ကိုလည်း။
ပဋိစ္စ၊ စွဲ၍။
ဝလ္လိဉ္စ၊ နွယ်ကိုလည်း။
ပဋိစ္စ၊ ၍။
မတ္တိကဉ္စ၊ မြေညက်ကိုလည်း။
ပဋိစ္စ၊ ၍။
တိဏဉ္စ၊ မြက်သက်ငယ်ကိုလည်း။
ပဋိစ္စ၊ ၍။
ပရိဝါရိတော၊ သစ်နွယ် မြေညက်သက်ငယ်တို့ဖြင့် ရံအပ်သော။
အာကာသော၊ ကောင်းကင်သည်။
အဂါရံတွေဝ၊ အိမ်ဟူ၍သာလျှင်။
သင်္ခံ၊ ခေါ်ဝေါ်ခြင်းသို့။
ဂစ္ဆတိယထာ၊ ရောက်သကဲ့သို့။
အာဝုသော၊ ငါ့ရှင်။
ခေါ၊ စင်စစ်။
ဧဝမေဝ၊ ဤအတူသာလျှင်။
အဋ္ဌိဉ္စ၊ အရိုးကိုလည်း။
ပဋိစ္စ၊ ၍။
နှာရုံ စ၊ အကြောကိုလည်း။
ပဋိစ္စ၊ ၍။
မံသဉ္စ၊ အသားကိုလည်း။
ပဋိစ္စ၊ ၍။
စမ္မဉ္စ၊ အရေကိုလည်း။
ပဋိစ္စ၊ ၍။
ပရိဝါရိတော၊ အရိုးအကြောစသည်တို့ဖြင့် ရံအပ်သော။
အာကာသော၊ ကောင်းကင်သည်။
ရူပံတွေဝ၊ ကိုယ်ဟူ၍သာလျှင်။
သင်္ခံ၊ သို့။
ဂစ္ဆတိ၊ ၏
သစ်စသည်တို့ကိုစွဲ၍ ထိုသစ်စသည်တို့၏ အမည်ကိုစွန့်၍ အိမ်ကျောင်းဟူ၍သာလျှင် အမည်သညာဝေါဟာရသို့ရောက်သကဲ့သို့ထိုအတူအရိုးအကြောစသည်ကိုစွဲ၍ ထိုအရိုးအကြောစသည်တို့၏ အမည်ကိုစွန့်၍ သရီရဟူ၍သာလျှင်ခေါ်ဝေါ်ခြင်းသို့ရောက်၏ဟူလို။ ဤ၌ရူပသည် သရီရ, ဝပု ပရိယာယ်တည်း။
။]
အပရံပိ၊ သော။
ဒုက္ခမေဝ။
ပ။
နိရုဇ္ဈတီတိ၊ ဟူသော။
(ဧတံ ဝစနံ၊ ကို။)
ဝုတ္တံ၊ ၏။
ဟိ-သစ္စံ၊ ၏။
ဒုက္ခမေဝ၊ (ဒုက္ခ ဒုက္ခတာစသောအပြားဖြင့် သုံးပါးအပြားရှိသော) ဒုက္ခသည်သာလျှင်။
သမ္ဘောတိ၊ အကြောင်းအားလျော်စွာဖြစ်၏။
ဒုက္ခံ၊ (ထိုသုံးပါးအပြားရှိသော) ဒုက္ခသည်သာလျှင်။
တိဋ္ဌတိ၊ (ခဏဋ္ဌိတိပဗန္ဓဋ္ဌိတိအားဖြင့်)တည်၏။
ဝေတိ စ၊ (ခဏနိရောဓ အာယုက္ခယနိရောဓ စသောအားဖြင့်) ချုပ်ပျက်မူလည်း ချုပ်ပျက်၏။
ဒုက္ခာ၊ (ဆိုအပ်ပြီးသော) ဒုက္ခကို။
အညတြ၊ ထား၍။
တတော၊ ထိုဆိုအပ်ပြီးသောဒုက္ခမှ။
အညံ၊ တစ်ပါးသော။
ကိဉ္စိ ဓမ္မဇာတံ၊ တစ်စုံတစ်ခုသောတရားသဘောသည်။
န သမ္ဘောတိ၊ မဖြစ်။
ဒုက္ခာ၊ (ထိုဆိုအပ်ပြီးသော) ဒုက္ခမှ။
အညံ၊ သော။
ကိဉ္စိ ဓမ္မဇာတံ၊ သည်။
န နိရုဇ္ဈတိ၊ ချုပ်သည်လည်းမဟုတ်။]