ဟိ-သစ္စံ၊ ၏။ သော ဣဒ္ဓိမာ၊ သည်။ ယံ ယဒေဝ၊ အကြင်အကြင် အမှုကိုလျှင်။ ကရောတိ၊ အံ့။ နိမ္မိတောပိ၊ သည်လည်း။ တံ တဒေဝ၊ ထိုထို အမှုကိုလျှင်။ ကရောတိ၊ ၏။ ဣတိ အယံ၊ ကား။ ပါဠိ၊ တည်း ``
``
ပန၊ ထိုမှတပါး။ ဝိကုဗ္ဗနာယ စ၊ ဝိကုဗ္ဗနာဣဒ္ဓိ၏၎င်း။ မနောမယာယ စ၊ မနောမယိဒ္ဓိ၏၎င်း။ ဣဒံ၊ ဤဆိုလတ္တံ့သည်ကား။ နာနာကရဏံ၊ အထူးတည်း
ဤနှစ်ပါးသော ဣဒ္ဓိတို့သည် အဓိဋ္ဌာန်၏ အစွမ်အားဖြင့် ပြီးသော်လည်း ဤဆို လတံ့သော အထူးရှိသေး၏ ဟူလို။ (ပြည်)
တာဝ၊ စွာ။ ဝိကုဗ္ဗနံ၊ ဝိကုဗ္ဗနိဒ္ဓိကို။ ကရောန္တေန၊ ပြုသောသူသည်။ (အဓိဋ္ဌာတဗ္ဗံ-၌စပ်) သော၊ ထိုတန်ခိုးရှင်သည်။ ပကတိဝဏ္ဏံ၊ မိမိ၏ပကတိအဆင်းသဏ္ဌာန်ကို။ ဝိဇဟိတွာ၊ ပယ်၍။ ကုမာရကဝဏ္ဏံ ဝါ၊ သူငယ်သဏ္ဌာန်ကိုမူလည်း။ ဒဿေတိ၊ ၏။ နာဂဝဏ္ဏံ ဝါ၊ နဂါးသဏ္ဌာန်ကိုမူလည်း။ ဒဿေတိ၊ ၏။ သုပဏ္ဏဝဏ္ဏံ ဝါ၊ ကိုမူလည်း။ ဒဿေတိ၊ ၏။ အသုရဝဏ္ဏံ ဝါ၊ ကိုမူလည်း။ ဒဿေတိ၊ ၏။ ဣန္ဒဝဏ္ဏံ ဝါ၊ ကိုမူလည်း။ ဒဿေတိ၊ ၏။ ဒေဝဝဏ္ဏံ ဝါ၊ ကိုမူလည်း။ ဒဿေတိ၊ ၏။ ဗြဟ္မဝဏ္ဏံ ဝါ၊ ကိုမူလည်း။ ဒဿေတိ၊ ၏။ သမုဒ္ဒဝဏ္ဏံ ဝါ၊ ကိုမူလည်း။ ဒဿေတိ၊ ၏။ ပဗ္ဗတဝဏ္ဏံ ဝါ၊ ကိုမူလည်း။ ဒဿေတိ၊ ၏။ သီဟဝဏ္ဏံ ဝါ၊ ကိုမူလည်း။ ဒဿေတိ၊ ၏။ ဗျဂ္ဃဝဏ္ဏံ ဝါ၊ ကိုမူလည်း။ ဒဿေတိ၊ ၏။ ဒီပိဝဏ္ဏံ ဝါ၊ ကိုမူလည်း။ ဒဿေတိ၊ ၏။ ဟတ္ထိမ္ပိ၊ ဆင်ကိုလည်း။ ဒဿေတိ၊ ၏။
မိမိကိုယ်ကိုလည်း ဆင်ပြု၍ ပြ၏ ၊ အပ၌လည်း ဆင်ကိုပြ၏ဟု ဆိုလို၏ ။ (ပြည်)
အဿမ္ပိ၊ ကိုလည်း။ ဒဿေတိ၊ ၏။ ရထမ္ပိ၊ ကိုလည်း။ ဒဿေတိ၊ ၏။ ပတ္တိမ္ပိ၊ ကိုလည်း။ ဒဿေတိ၊ ၏။ ဝိဝိဓမ္ပိသေနာဗျူဟံ၊ အထူးထူးသော စစ်သည်အပေါင်းကိုလည်း။ ဒဿေတိ၊ ၏။ ဣတိ ဧဝံ၊ သို့။ ဝုတ္တေသု၊ ကုန်သော။ ကုမာရကဝဏ္ဏာဒိသု၊ တို့တွင်။ ယံ ယံ၊ အကြင် အကြင် သဏ္ဌာန်ကို။ အာကင်္ခတိ၊ တောင့်တ၏။ တံတံ၊ ကို။ အဓိဋ္ဌာတဗ္ဗံ၊ ၏။