Issues
Select Version
叶均居士
中文
prañña charāto-ပြည် ဆရာတော်
မြန်မာဘာသာ
云台教理组
中文
Visuddhimaggo(Dutiyo bhāgo)
Visuddhimaggo(Dutiyo bhāgo)

Ānisaṃsapakāsanā

Author: prañña charāto-ပြည် ဆရာတော် @ IAPT

[၃၄၀] ပန၊ ထိုမှတစ်ပါး။ ပညာဘာဝနာယ ကော အာနိသံ‌သောတိ၊ ဟူ၍။ ယံ-ဝစနံ၊ ကို။ ဝုတ္တံ၊ ပြီ။ တတ္ထ-ဝစနေ၊ ၌။ (မယံ၊ တို့သည်။) ဝဒါမ၊ အဖြေကိုဆိုကုန်အံ့။
ဟိ၊ ချဲ့အံ့။ အယံ ပညာဘာဝနာနာမ၊ ဤပညာဘာဝနာ မည်သည်။ (သာဝကဗောဓိအာဒိဝိပုလောဒါတဂုဏဝိသေသာဝဟတ္တာ၊ သာဝကဗောဓိ အစရှိသော ပြန့်ပြော ဖြူစင်သော အာနိသင်အထူးကို ဆောင်တတ်သည်၏အဖြစ်ကြောင့်။) အနေကသတာနိသံသာ၊ အရာမကများသော အာနိသင်ရှိ၏။
တဿာ၊ ထိုပညာဘာဝနာ၏။ အာနိသံသံ၊ ကို။ ဒီဃေနာပိ အဒ္ဓုနာ၊ ရှည်ကြာစွာသောကာလဖြင့်လည်း။ ဝိတ္ထာရတော၊ (နယဒဿနကိုမပြုမူ၍ အယံပိ ပညာဘာဝနာယ အာနိသံသော အယံပိ အာနိသံသော-ဟု အနုပဒဒဿနကိုပြု၍) ချဲ့ဖွင့်သောအားဖြင့်။ ပကာသေတုံ၊ ပြခြင်းငှာ။ (အတိဗဟုဘာဝတော၊ အလွန်များသည်၏အဖြစ်ကြောင့်။) န သုဂရံ၊ မလွယ်။
ပန၊ ထိုသို့အကျယ်အားဖြင့်ပြခြင်းငှာမတတ်အားသော်လည်း။ အဿာပညာဘာဝနာယ၊ ထိုပညာဘာဝနာ၏။ သင်္ခေပတော၊ အကျဉ်းအားဖြင့်။ နာနာကိလေသဝိဒ္ဓံသနံ၊ သက္ကာယဒိဋ္ဌိဝိစိကိစ္ဆာစသောအားဖြင့် များစွာသော ကိလေသာတို့ကို တဒင်္ဂပဟာန်စသည်တို့၏အစွမ်းဖြင့် ပယ်ခြင်းဖျက်ဆီးခြင်း၎င်း။ အရိယဖလရသာနုဘဝနံ၊ သောတာပတ္တိဖိုလ်အစရှိသောအရိယဖိုလ် ချမ်းသာ၏ အရသာကို ခံစားရခြင်း၎င်း။ နိရောဓသမာပတ္တိသမာပဇ္ဇနသမတ္ထတာ၊ နိရောဓသမာပတ်ကို ဝင်စားခြင်းငှာ စွမ်းနိုင်သည်၏အဖြစ်၎င်း။ အာဟုနေယျဘာဝါဒိသိဒ္ဓိ၊ အာဟုနေယျအဖြစ်စသည်၏ပြီးခြင်း၎င်း။ ဣတိ၊ သို့။ အယံ အာနိသံသော၊ ဤရေတွက်အပ်သောအာနိသင်ကို။ ဝေဒိတဗ္ဗော၊ ၏။