Issues
Select Version
Visuddhimaggo(Dutiyo bhāgo)
Visuddhimaggo(Dutiyo bhāgo)

19. Kaṅkhāvitaraṇavisuddhiniddeso

Author: prañña charāto-ပြည် ဆရာတော် @ IAPT

[၂၃၃] ပန၊ တစ်သီးတစ်ခန်းဆိုအံ့။ ဧတဿေဝ၊ ထိုဒိဋ္ဌိဝိသုဒ္ဓိ၏ အာရုံ၏အဖြစ်ဖြင့် ပြအပ်ပြီးသည်သာလျှင် ဖြစ်သော။ နာမရူပဿ၊ နာမ်ရုပ်၏။ တီသု၊ ကုန်သော။ အဒ္ဓါသု၊ အဓွန့်တို့၌။ ကင်္ခံ၊ ယုံမှားခြင်းကို။ ဝိတရိတွာ၊ လွန်၍။ ဝါ၊ ခွါ၍။ ဌိတံ၊ တည်‌သော။ ဉာဏံ၊ သည်။ ကင်္ခါဝိတရဏဝိသုဒ္ဓိ နာမ၊ ယုံမှားခြင်းကို လွန်မြောက်နိုင်သည်ဖြစ်၍ ယုံမှားခြင်းတည်းဟူသော အညစ်အကြေးကို စင်ကြယ်စေတတ်သော ဉာဏ်မည်၏။
တံ၊ ထိုကင်္ခါဝိတရဏဝိသုဒ္ဓိကို။ သမ္ပာဒေတုကာမော၊ ပြည့်စုံစေလိုသော။ ဘိက္ခု၊ ယောဂီပုဂ္ဂိုလ်ရဟန်းသည်။ (အာပဇ္ဇတိ-၌စပ်) ယထာနာမ၊ ဥပမာမည်သည်ကား။ ကုသလော၊ လိမ္မာသော။ ဘိသက္ကော၊ သ္မားသည်။ ရောဂံ၊ အနာကို။ ဒိသွာ၊ ၍။ တဿ ရောဂဿ၊ ၏။ သမုဋ္ဌာနံ၊ ဖြစ်ကြောင်းကို။ ပရိယေသတိ ယထာ၊ ရှာသကဲ့သို့၎င်း။
အနုကမ္ပကော၊ သနားတတ်သော။ ပုရိသော၊ သည်။ ဒဟရံ၊ ငယ်စွာသော။ မန္ဒံ၊ နုံ့သောပညာရှိသော။ ဥတ္တာနသေယျကံ၊ ပက်လက်အိပ်တတ်ကာမျှဖြစ်သော။ ကုမာရံ၊ သူငယ်ကို။ ရထိကာယ၊ ခရီးမ၌။ နိပန္နံ၊ အိပ်သည်ကို။ ဒိသွာ၊ ၍။ အယံ ကုမာရော၊ ဤသူငယ်သည်။ ကဿ၊ အဘယ်သူ၏။ ပုတ္တကော နု ခေါ၊ သားငယ်နည်း။ ဣတိ၊ သို့။ တဿ၊ ထိုသူငယ်၏။ မာတာပိတရော၊ တို့ကို။ အာဝဇ္ဇတိ ယထာ ဝါ၊ ဆင်ခြင်သကဲ့သို့၎င်း။ ဧဝမေဝ၊ တူ။ တဿ နာမရူပဿ၊ ၏။ ဟေတုပစ္စယံ၊ ဟေတုအကြောင်းပစ္စယအကြောင်းကို။ ပရိယေသနံ၊ ရှာခြင်းကို။ အာပဇ္ဇတိ-ကရောတိ၊ ပြု၏။
သော-ဘိက္ခု၊ ထိုယောဂီရဟန်းသည်။ အာဒိတောဝ၊ အစ၌လျှင်။ ဣတိ၊ ဤဆိုလတံ့သောနည်းဖြင့်။ ပဋိသဉ္စိက္ခတိ၊ ဆင်ခြင်၏။ ဣဒံ နာမရူပံ၊ ဤနာမ်ရုပ်သည်။ တာဝ၊ ‌ရှေးဦးစွာ။ အဟေတုကံ၊ အကြောင်းမရှိသည်။ န၊ မဟုတ်။ သဟေတုကမေဝ၊ အကြောင်းရှိသည်သာတည်း။) ကသ္မာ၊ ကား။ သဗ္ဗတ္ထ၊ အလုံးစုံသော အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန်၌။ ဧကသဒိသဘာဝါပတ္တိတော၊ တစ်ခုတည်းကဲ့သို့ တူသည်၏အဖြစ်သို့ရောက်ခြင်းကြောင့်။ သဗ္ဗဒါ စ၊ ခပ်သိမ်းသော အခါ၌လည်း။ ဧကသဒိသဘာဝါပတ္တိတော၊ ကြောင့်။ သဗ္ဗေသဉ္စ၊ ခပ်သိမ်းသော ပုဂ္ဂိုလ်တို့အားလည်း။ ဧကသဒိသဘာဝါပတ္တိ‌တော၊ ရောက်ခြင်းကြောင့်တည်း ဤသို့ အသီးအသီးယှဉ်၍ သမ္ဗန်။ အကြောင်းကင်း၍ ဖြစ်သည်ရှိသော် သမ္ဗဓမ္မတို့၏ ဟေတုအဘာဝတူရကား သဗ္ဗ ဓမ္မတို့၏ တူသည်၏ အဖြစ်သည် ဖြစ်ရာ၏။ ထိုသို့ ဖြစ်ကလည်း သောတပဒေသစသော အဇ္ဈတ္တ၌၎င်း ဗဟိဒ္ဓ၌၎င်း စက္ခုဝိညာဉ်စသည်တို့၏ ဟေတုအဘာဝသည် ဖြစ်ရကား သဗ္ဗတ္ထ၊ အလုံးစုံသော အဇ္ဈတ္တဗဟိဒ္ဓသန္တာန်၌၎င်း စက္ခုစသည်တို့၏ ဖြစ်သည်မှ ရှေး၌လည်း ဟေတုအဘာဝ, ပျက်သည်မှ အထက်၌လည်း ဟေတုအဘာဝဖြစ်ရကား သဗ္ဗဒါ စ၊ ခပ်သိမ်းသောအခါ၌၎င်း, အန္ဓစသည်တို့၏လည်း အရူပပုဂ္ဂိုလ်တို့၏လည်း အသညသတ်ပုဂ္ဂိုလ်တို့၏လည်း ဟေတုအဘာဝဖြစ်ရကား သဗ္ဗေသဉ္စ၊ ခပ်သိမ်းသော ပုဂ္ဂိုလ်တို့အား၎င်း စက္ခုဝိညာဉ်စသည်တို့သည်ဖြစ်ရာ၏၊ အဘယ့်ကြောင့်နည်း? ဟေတုအဘာဝါဝိသေသတော၊ အကြောင်းမရှိခြင်း မထူးသောကြောင့်တည်း၊ ထိုသို့ဖြစ်ခြင်းသည်လည်းမရှိခဲ့၊ ထိုကြောင့် သဗ္ဗတ္ထ သဗ္ဗဒါ သဗ္ဗေသဉ္စ ဧကသဒိသဘာဝါပတ္တိတော-ဟု အဋ္ဌကထာဆရာမိန့်ပေသည်။ ဤသို့အဟေတုကဘာဝကို မြစ်ပြီးလတ်သော် တစ်စုံတစ်ခုသော ဝိသမဟေတုဝါဒီသည် ဤရုပ်နာမ်တရားသည် အဟေတုက အဘယ်သို့ဖြစ်ရသနည်း၊ သဟေတုက အကြောင်းရှိသည်သာတည်း။ အဘယ့်ကြောင့် ဖြစ်သနည်းဟူမူ? ဣဿရစသောအကြောင်းဖြင့် အကြောင်းရှိသည် ဟု ဆိုရာ၏၊ ထိုအယူကိုပယ်လိုသည်ဖြစ်၍ န ဣဿရာဒိဟေတုကံ-စသည်ကို မိန့်သည်။ (ပြည်) ။ (နာမရူပံ၊ သည်။) ဣဿရာဒိဟေတုကံ၊ ဣဿရစသည်အကြောင်းရှိသည်။ န ဟောတိ၊ မဖြစ်။ ကသ္မာ၊ ကား။ နာမရူပတော၊ မှ။ ဥဒ္ဓံ၊ လွန်။ ဣဿရာဒီနံ၊ ဣဿရစသည်တို့၏။ အဘာဝတော၊ မရှိခြင်းကြောင့်တည်း။
ဣဿရာဒယော၊ ဣဿရစသည်တို့သည်။ နာမရူပမတ္တမေဝ၊ နာမ်ရုပ်မျှသာတည်း။ ဣတိ၊ သို့။ ယေပိ၊ အကြင်ဆရာတို့သည်လည်း။ ဝဒန္တိ၊ ကုန်၏။ တေသံ၊ ထိုဆရာတို့၏။ ဝါဒေပိ၊ အယူ၌လည်း။ ဣဿရာဒိသင်္ခါတနာမရူပဿ၊ ဣဿရအစရှိသည်ဟု ဆိုအပ်သော နာမ်ရုပ်၏။ အဟေတုကဘာဝါပတ္တိတော၊ အကြောင်းမရှိသည်၏ အဖြစ်သို့ ရောက်ခြင်းကြောင့်။ နာမရူပံ၊ သည်။ ဣဿရာဒိဟေတုကံ၊ သည်။ န ဟောတိ၊ ဖြစ်။
တသ္မာ၊ ထို(သို့နာမ်ရုပ်၏ အကြောငးကင်းသည်လည်းမဟုတ်ဣဿရစသော ဝိသမအကြောင်းရှိသည်လည်း မဟုတ်သည်၏ အဖြစ်) ကြောင့်။ အဿ၊ ထိုနာမ်ရုပ်၏။ ဟေတုပစ္စယေဟိ၊ ဇနကအကြောင်းဥပတ္ထမ္ဘကအကြောင်းတို့သည်။ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။ တေ ဟေတုပစ္စယာ၊ တို့သည်။ ကေ ‌နု ခေါ၊ အဘယ်သည်တို့နည်း။ ဣတိ၊ သို့။ ပဋိသဉ္စိက္ခတိ၊ ၏။
ဧဝံ၊ ဖြင့်။ နာမရူပဿ၊ ၏။ ဟေတုပစ္စယေ၊ တို့ကို။ အာဝဇ္ဇေတွာ၊ ၍။ တာဝ၊ လက်ဦးစွာ။ ဣမဿ ရူပကာယဿ၊ ၏။ ဟေတုပစ္စယေ၊ တို့ကို။ ဧဝံ၊ ဤဆိုလတံ့သောနည်းဖြင့်။ ပရိဂ္ဂဏှာတိ၊ သိမ်းဆည်း၏။
အယံ ကာယော၊ ဤကိုယ်သည်။ နိဗ္ဗတ္တမာနော၊ ဖြစ်သည်ရှိသော်။ ဥပ္ပသပဒုမပုဏ္ဍရီကသောဂန္ဓိကာဒီနံ၊ ဥပ္ပလကြာ ပဒုမကြာ ပုဏ္ဍရိက်ကြာ ကြနားဍောင်းစသည်တို့၏။ အဗ္ဘန္တရေ၊ အတွင်း၌။ နေဝ နိဗ္ဗတ္တတိ၊ ဖြစ်သည်မဟုတ်။ မဏိမုတ္တာဟာရာဒီနံ၊ ပတ္တမြားပုလဲသွယ်စသည်တို့၏။ အဗ္ဘန္တရေ၊ ၌။ န နိဗ္ဗတ္တတိ၊ ဖြစ်သည်လည်းမဟုတ်။ အထခေါ၊ အဟုတ်အမှန်သော်ကား။ အာမာသယပက္ကာသယာနံ၊ အစာသစ်အိမ် အစာကျက်အိမ်တို့၏။ အန္တရေ၊ ၌။ ဥဒရပဋလံ၊ ဝမ်းရေလွှာကို။ ပစ္ဆတော ကတွာ၊ နောက်မှီပြု၍။ ပိဋ္ဌိကဏ္ဍကံ၊ ကျောက်ဆူးရိုးကို။ ပုရတော ကတွာ၊ ရှေ့ပြု၍။ အန္တအန္တဂုဏပရိဝါရိတော၊ အူမအူသိမ်တို့ဖြင့်ခြံရံအပ်သည်ဖြစ်၍။ သယံပိ၊ မိမိသည်လည်း။ ဒုဂ္ဂန္ဓဇေဂုစ္ဆပဋိက္ကူလော၊ မကောင်းသောအနံ့တို့ဖြင့် စက်ဆုပ်ရွံရှာဖွယ်ဖြစ်လျက်။ ဒုဂ္ဂန္ဓဇေဂုစ္ဆပဋိက္ကူလေ၊ မကောင်းစွာသောအနံ့တို့ဖြင့် စက်ဆုပ်ရွံရှာဖွယ်ရှိသော။ ပရမသမ္ဗာဓေ၊ အလွန်ကျဉ်းမြောင်းစွာသော။ ဩကာသေ၊ အရပ်၌။ (နိဗ္ဗတ္တိ-၌စပ်) ပူတိမစ္ဆပူတိကုမ္မာသဩဠိဂလ္လစန္ဒနိကာဒီသု၊ ငါးပုပ်မုယောမုံ့ပုပ်ညွန်နှင့်တကွ လုပ်ဆေးရေ ကိုယ်ဝန်အညစ်အကြေး အစရှိသည်တို့၏ သွန်ရာ ယိုစီးရာကျင်းအိုင်အရပ် ညွန်စီးရွှံ့ပုပ်ရှိသော တံစီးအိုင် အရပ်အစရှိသည်တို့၌။ ကိမိ ဝိယ၊ ပိုးလောက်ကဲ့သို့။ နိဗ္ဗတ္တတိ၊ ၏။
ဧဝံ၊ သို့။ နိဗ္ဗတ္တမာနဿ၊ သော။ တဿ၊ ထိုရူပကာယ၏။ အဝိဇ္ဇာ၊ ၎င်း။ တဏှာ၊ ၎င်း။ ဥပါဒါနံ၊ ၎င်း။ ကမ္မံ၊ ၎င်း။ ဣတိ၊ သို့။ ဣမေ စတ္တာရော ဓမ္မာ၊ ဤ‌လေးပါးသော တရားတို့သည်။ နိဗ္ဗတ္တကတ္တာ၊ ဖြစ်စေတတ်သည်၏အဖြစ်ကြောင့်။ ဟေတု၊ ဟေတုအကြောင်းမည်၏။ အာဟာရော၊ သည်။ ဥပတ္ထမ္ဘကတ္တာ၊ ထောက်ပံ့တတ်သည်၏အဖြစ်ကြောင့်။ ပစ္စယော၊ ပစ္စယအကြောင်းမည်၏။ ဣတိ၊ သို့။ ပဉ္စ ဓမ္မာ၊ တို့သည်။ ဟေတုပစ္စယာ၊ ဇနကအကြောင်း ဥပတ္ထမ္ဘကအကြောင်းတို့သည်။ ယထာရဟံ၊ စွာ။ ဟောန္တိ၊ ကုန်၏။
တေသုပိ၊ ထိုငါးပါးတို့တွင်လည်း။ အဝိဇ္ဇာဒယော၊ အဝိဇ္ဇာအစရှိကုန်သော။ တယော၊ သုံးပါးကုန်သောအကြောင်းတို့သည်။ ဣမဿ ကာယဿ၊ ဤရူပကာယ၏။ ဥပနိဿယာ၊ ဥပနိဿယအကြောင်းတို့သည်။ ဟောန္တိ၊ ကုန်၏။ ကိမိဝ၊ ကား။ မာတာ၊ သည်။ ဒါရကဿ၊ သူငယ်၏။
(ဥပနိဿယော၊ သည်။ ဟောတိ) ဝိယ၊ သို့တည်း။ ပိတာ၊ အဘသည်။ ပုတ္တဿ၊ သားကို။ (ဇနကော) ဝိယ၊ ဖြစ်စေသကဲ့သို့။ ကမ္မံ၊ သည်။ (ဣမဿ ကာယဿ၊ ကို။) [၂၃၄] ဇနကံ၊ ဖြစ်စေတတ်သည်။ ဟောတိ၊ ၏။
ဓာတိ၊ အထိန်းသည်။ ဒါရကဿ၊ ကို။ (သန္ဓာရိကာ) ဝိယ၊ ကောင်းစွာဆောင်သကဲ့သို့။ အာဟာရော၊ သည်။ ဣမဿ ကာယဿ၊ ကို။ သန္ဓာရကော၊ သည်။ ဟောတိ၊ ၏။
ဣတိ ဧဝံ၊ သို့။ ရူပကာယဿ၊ ၏။ ပစ္စယပရိဂ္ဂဟံ၊ အကြောင်းဖြစ်သော ငါးပါးသောတရားကိုသိမ်းဆည်းခြင်းကို။ ကတွာ၊ ၍။ ပုန၊ ဖန်။ စက္ခုံ စ၊ စက္ခုပသာဒကိုလည်း။ ပဋိစ္စ၊ ၍။ ရူပေ စ၊ ရူပါရုံတို့ကိုလည်း။ ပဋိစ္စ၊ စွဲ၍။ စက္ခုဝိညာဏံ၊ သည်။ ဥပ္ပဇ္ဇတိ၊ ၏။ ဣတိအာဒိနာ၊ အစရှိသော။ နယေန၊ ဖြင့်။ နာမကာယဿ၊ နာမကာယ၏။ ပစ္စယပရိဂ္ဂဟံ၊ အကြောင်းဖြစ်သော စက္ခုရူပအစရှိသော ဓမ္မတို့ကို သိမ်းဆည်းခြင်းကို။ ကရောတိ၊ ၏။
သော-ဘိက္ခု၊ သည်။ ဧဝံ၊ သို့။ ပစ္စယတော၊ ကြောင့်။ နာမရူပဿ၊ ၏။ ပဝတ္တိံ၊ ယခုပစ္စုပ္ပန်ဘဝ၌ ဖြစ်ခြင်းကို။ ဒိသွာ၊ ၍။ ဣဒံ၊ ဤနာမ်ရုပ်သည်။ ဧတရဟိ၊ ယခုပစ္စုပ္ပန်ဘဝ၌။ (ပစ္စယတော၊ အဝိဇ္ဇာစသောအကြောင်းကြောင့်။ ပဝတ္တတိ) ယထာ၊ သို့။ ဧဝံ-တထာ၊ တူ။ အတီတေပိ အဒ္ဓါနေ၊ အတိတ်ဖြစ်သော အဓွန့်၌လည်း။ ဣဒံ၊ ဤနာမ်ရုပ်သည်။ ပစ္စယတော၊ ကြောင့်။ ပဝတ္တိတ္ထ၊ ဖြစ်ပြီ။ အနာဂတေပိ အဒ္ဓါနေ၊ အနာဂတ်အဓွန့်၌လည်း။ ပစ္စယတော၊ ကြောင့်။ ပဝတ္တိဿတိ၊ လတံ့။ ဣတိ၊ သို့။ သမနုပဿတိ၊ အဖန်တလဲလဲရှု၏။
ဧဝံ-ဝုတ္တနယေန၊ ဤဆိုအပ်ပြီးသောနည်းဖြင့်။ သမနုပဿတော၊ အဖန်တလဲလဲရှုသော။ တဿ၊ ထိုယောဂီအား။ ဝါ၊ သည်။ ပုဗ္ဗန္တံ၊ အတိတ်ဖြစ်သော ခန္ဓာပဗန္ဓကောဋ္ဌာသကို။ အာရဗ္ဘ-ဥဒ္ဒိဿ၊ ရည်၍။ အဟံ၊ ငါသည်။ အတီတမဒ္ဓါနံ၊ လွန်လေပြီးသောကာလ၌။ အဟောသိံ နု ခေါ၊ ဖြစ်ဘူးလေပြီးလော။ အတီတမဒ္ဓါနံ၊ ၌။ နနု ခေါ အဟောသိံ၊ မဖြစ်ဘူးလေလော။ အတီမဒ္ဓါနံ၊ ၌။ ကိံ နု‌ ခေါ အဟောသိံ၊ အဘယ်သို့သောသူဖြစ်ဘူးလေသနည်း။ အတီတမဒ္ဓါနံ၊ ၌။ ကထံ၊ အဘယ်သို့သောအခြင်းအရာအားဖြင့်။ အဟောသိံ နု ခေါ၊ ဖြစ်ဘူးလေသနည်း။ အတီတဒ္ဓါနံ၊ ၌။ ကိံ၊ အဘယ်သို့သောသူသည်။ ဟုတွာ၊ ဖြစ်၍။ ကိံ၊ အဘယ်သို့သောသူသည်။ အဟောသိံ နု ခေါ၊ ဖြစ်ဘူးလေသနည်း။ ဣတိ၊ သို့။ ပဉ္စဝိဓာ၊ သော။ ယာ ဝိစိကိစ္ဆာ၊ အကြင်ယုံမှားခြင်းကို။ ဝုတ္တာ၊ ဟောတော်မူအပ်ပြီ။ အပရန္တံ၊ အနာဂတ်ဖြစ်သော ခန္ဓာပဗန္ဓကောဋ္ဌာသကို။ အာရဗ္ဘ၊ ရည်မှတ်၍။ အဟံ၊ သည်။ အနာဂတမဒ္ဓါနံ၊ အနာဂတ်ဖြစ်သောကာလ၌။ ဘဝိဿာမိ နု ခေါ၊ ဖြစ်ရလတံ့လော။ အနာဂတမဒ္ဓါနံ၊ ၌။ နနု ခေါ ဘဝိဿာမိ၊ မဖြစ်ရလတံ့ လော။ အနာဂတမဒ္ဓါနံ၊ ၌။ ကိံ၊ အဘယ်သို့သောသူသည်။ ဘဝိဿာမိ နုခေါ၊ ဖြစ်ရလတံ့နည်း။ အနာဂတမဒ္ဓါနံ၊ ၌။ ကထံ၊ အဘယ်သို့သောအခြင်းအရာအားဖြင့်။ ဘဝိဿာမိ နု ခေါ၊ ဖြစ်ရလတံ့နည်း။ အနာဂတမဒ္ဓါနံ၊ ၌။ ကိံ၊ အဘယ်သို့သောသူသည်။ ဟုတွာ၊ ၍။ ကိံ၊ အဘယ်သို့သောသူသည်။ ဘဝိဿာမိ နု ခေါ၊ ဖြစ်ရလတံ့နည်း။ ဣတိ၊ သို့။ ပဉ္စဝိဓာ၊ သော။ ယာ ဝိစိကိစ္ဆာ၊ အကြင်ယုံမှားခြင်းကိုလည်း။ ဝုတ္တာ၊ ပြီ။ ပစ္စုပ္ပန္နံ၊ ပစ္စုပ္ပန်ဖြစ်သော ခန္ဓာပဗန္ဓကောဋ္ဌာသကို။ အာရဗ္ဘ၊ ၍။ ဧတရဟိ ဝါ ပန၊ ယခုမျက်မှောက်၌မူလည်း။ ပစ္စုပ္ပန္နအဒ္ဓါနံ၊ ပဋိသန္ဓေအစ စုတိအဆုံးရှိသော အလုံးစုံသော ဝတ္တမာန်ကာလကို။ အာရဗ္ဘ၊ ၍။ ကထံ-ကထီ၊ မိမိခန္ဓာ၌ သို့လောသို့လောဟု ယုံမှားသည်။ ဟောတိ၊ ၏။ အဟံ၊ သည်။ အသ္မိ နု ခေါ၊ ဟုတ်ပါလေ၏‌လော။ နော နု ခေါ အသ္မိ၊ မဟုတ်လေသလော။ ကိံ၊ အဘယ်သို့သောသူသည်။ အသ္မိ နု ခေါ၊ ဖြစ်လေသနည်း။ ကထံ၊ အဘယ်သို့သော အခြင်းအရာအားဖြင့်။ အသ္မိ နု ခေါ၊ ဖြစ်လေသနည်း။ အယံသတ္တော၊ ဤသတ္တဝါသည်။ ကုတော၊ အဘယ်ဘဝမှ။ အာဂတော နု ခေါ၊ လာသနည်း။ သော သတ္တော၊ သည်။ ကုဟိံ ဂါမီ၊ အဘယ်ဘဝသို့လားသည်။ ဘဝိဿတိ နုခေါ၊ ဖြစ်လတံ့နည်း။ ဣတိ၊ သို့။ ဆဗ္ဗိဓာ၊ ခြောက်ပါးအပြားရှိသော။ ယာ ဝိစိကိစ္ဆာပိ၊ ကိုလည်း။ ဝုတ္တာ၊ ပြီ။ သာ သဗ္ဗာပိ၊ ထို(ဆိုအပ်ပြီးသောတစ်ဆယ့်ခြောက်ပါးအပြားရှိသော)အလုံးစုံသောဝိစိကိစ္ဆာကိုလည်း။ ပဟီယတိ၊ ဝိက္ခမ္ဘနအားဖြင့် ပယ်အပ်၏ အဓိပ္ပါယ်ကား အဟောသိံ နု ခေါ န နုခေါ အဟောသိံ-ဟူသော ဤနှစ်ပုဒ်ဖြင့် သဿတာကာရကို၎င်း အဓိစ္စသမုပ္ပတ္တိအာကာရကို၎င်းမှီ၍ အတိတ်၌ မိမိ၏ ရှိခဲ့သည်၏ အဖြစ်ကို၎င်း မရှိခဲ့သေးသည်၏အဖြစ်ကို၎င်း ယုံမှားသည်ကိုပြသည်။ ကိံ နုခေါ အဟောသိံ-ပါဌ်ဖြင့် ဇာတိလိင်္ဂဥပပတ္တိကိုမှိ၍အဘယ်သို့ဖြစ်ဘူးလေသနည်း၊ ဗြာဟ္မဏ ဂဟဋ္ဌဒေဝစသည်တို့တွင် တစ်ပါးပါးဖြစ်ဘူးလေသ‌လောဟု ယုံမှားသည်ကိုပြသည်။ ကထံ နု ခေါ အာဟာသိံ-ဟူသောပါဌ်ဖြင့် သဏ္ဌာနာကာရကိုမှီ၍ မြင့်သောသဏ္ဍာန် ဖြစ်ဘူးသလော နိမ့်သောသဏ္ဍာန်ဖြစ်ဘူးသလော အဖြူအမည်းအဆင်းအစရှိသည်တို့တွင် အဘယ်အဆင်းသဏ္ဍာန်ဖြစ်ဘူးလေသနည်းဟု ယုံမှားသည်ကိုပြသည်။ ကိံဟုတွာ ကိံ အဟောသိံ-ဟူသောပါဌ်ဖြင့် ဇာတ်စသည်မှီ၍ မင်းဖြစ်ပြီး၍ ပုဏ္ဏားဖြစ်ခဲ့ဘူးသ‌လော နတ်ဖြစ်ပြီး၍ လူဖြစ်ခဲ့ဘူး သလောဟု မိမိ၏အဆင့်ဆင့်ဖြစ်ခဲ့ခြင်းကို ယုံမှားသည်ကိုပြသည်။ ဘဝိဿာမိ နု ခေါ န နုခေါ ဘဝိဿာမိ-ဟူသောပါဌ်ဖြင့် သဿတာကာရကို၎င်း ဥစ္ဆေဒါကာရကို၎င်း မှီ၍ အနာဂတ်၌ မိမိ၏ရှိမြဲရှိမည့်အဖြစ် မရှိမည့်အဖြစ်ကို ယုံမှားခြင်းကိုပြသည်။ အကြွင်းနည်းတူ မှီ၍ သိလေ။ အဟံ နု ခေါ အသ္မိ-‌ဟူသောပါဌ်ဖြင့် မိမိ၏အတ္တဘောကို ယုံမှားသည်ကို ပြသည်။ အဘယ်သို့ မိမိကိုယ်ကို ငါဟုတ်ပါ၏လောဟု ယုံမှားခြင်းသည် သင့်အံ့နည်းဟူမူ? ဤ၌ ယုတ္တ အယုတ္တဟု ကြံခြင်းသည်မသင့်၊ ဗာလပုထုဇဉ်သည် ဥမ္မတ္တကကဲ့သို့ ဖြစ်သတည်း။ န နု ခေါ အသ္မိ-ဟူသောပါဌ်ဖြင့် မိမိ၏နတ္ထိဘာဝကို ယုံမှားသည်ကိုပြသည်။ ကိံ နု ခေါ အသ္မိ-ဟူလောပါဌ်ဖြင့် မင်းဖြစ်လျက် မိမိ၏မင်းအဖြစ်ကို ယုံမှားသည် ပုဏ္ဏားဖြစ်လျက် ပုဏ္ဏားအဖြစ်ကို ယုံမှားသည်ကိုပြသည်။ ကထံ နု ခေါ အသ္မိ-ပါဌ်သည် ငုတ္တနယတည်း။ ဤ၌ အထူးကား အဗ္ဘန္တရ၌ ဇီဝမည်သည်ရှိ၏ဟုယူ၍ ထိုဇီဝ၏ ဒီဃရဿ ဩဒါတစသည်၏ အဖြစ်ကို ယုံမှားသည်၊ ပစ္စုပ္ပန်ဖြစ်သောမိမိ၏ ကိုယ်သဏ္ဍာန်ကို မသိသော သူမည်သည်ကားမရှိ ကုတော အာဂတော၊ ကုဟိံ ဘဝိဿာမိ-ဟု အတ္တတော၏ အာဂတိဂတိဌာန လာရာအရပ် သွားရာအရပ်ကို ယုံမှားသည်။ ။
အပရော၊ တစ်ဦးသောယောဂီသည်။ သာဓာရဏာသာဓာရဏဝသေန၊ ဆက်ဆံသည်မဆက်ဆံသည်၏အစွမ်းဖြင့်။ ဒုဝိဓံ၊ သော။ နာမဿ၊ ၏။ ပစ္စယံ၊ ကို။ ပဿတိ၊ ရှု၏။ ကမ္မာဒိဝသေန၊ ကံစိတ်ဥတုအာဟာရတို့၏အစွမ်းဖြင့်။ စတုဗ္ဗိဓံ၊ သော။ ရူပဿ၊ ၏။ ပစ္စယံ၊ ကို။ ပဿတိ၊ ၏။
ဟိ၊ ချဲ့အံ့။ နာမဿ၊ ၏။ ပစ္စယော၊ သည်။ သာဓာရဏော စ၊ ၎င်း။ အသာဓာရဏော စ၊ ၎င်း။ ဣတိ၊ သို့။ ဒုဝိဓော၊ သည်။ ဟောတိ၊ ၏။
တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ စက္ခာဒီနိ၊ စက္ခုဒွါရ အစရှိကုန်သော။ ဆ၊ ကုန်သော။ ဒွါရာနိ၊ တို့သည်၎င်း။ ရူပါဒီနိ၊ ရူပါရုံ အစရှိကုန်သော။ ဆ၊ ကုန်သော။ အာရမ္မဏာနိ၊ တို့သည်။ နာမဿ၊ ၏။ သာဓာရဏော၊ သော။ ပစ္စယော၊ သည်။ ဟောတိ၊ ၏။ (ကသ္မာ၊ ကား။) ကုသလာဒိဘေဒတော၊ ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာအပြား ထိုဘေဒ၏လည်း သောမနဿသဟဂတစသော တစ်ပါးပါးသော အပြားအားဖြင့်။ သဗ္ဗပ္ပကာရဿပိ၊ အကြွင်းအကျန်မရှိ အလုံးစုံသော အပြားရှိသည်လည်းဖြစ်သော။ (နာမဿ၊ ၏။) တတော၊ ထိုစက္ခု အစရှိသောဒွါရ ရူပါရုံအစရှိသောအာရုံကြောင့်။ ပဝတ္တိတော၊ ဖြစ်ခြင်းကြောင့်။
(သာဓာရဏော၊ သော။ ပစ္စယော၊ သည်။ ဟောတိ၊ ၏ ဤကား အတ္တနောမတိတည်း။ ဋီကာ၌ကား ကုသလာဒိဘေဒတော သဗ္ဗပ္ပကာရဿာပိ နာမဿ သာဓာရဏော ပစ္စယောတိ၊ တတော ပဝတ္တိတော မနသိကာရာဒိကော ကုသလာဒိဘေဒတော သဗ္ဗပ္ပကာရဿာပိ နာမဿ အသာဓာ‌ရဏော ပစ္စယောတိ စ ယောဇေတဗ္ဗံ-ဟု ရှေးဝါကျ၏ ဟိတ်အနက်မယူနောက်စကား၏ ဝိသေသနမူ၏။ ဂဏ္ဌိဆရာနိဿယဆရာတို့လည်း ဋီကာသို့သာလိုက်‌လျော၍ ယောဇနာ၏၊ ဆင်ခြင်။ ။) မနသိကာရာဒိ‌ကော၊ ယောနိသောမနသိကာရအယောနိသောမနသိကာရ စသည် ကမ္မဘဝစသည်သည်။ ကုသလာဒိဘေဒတော၊ ဖြင့်။ သဗ္ဗပ္ပကာရဿာပိ၊ သော။ နာမဿ၊ ၏။ အသာဓာရဏော၊ သော။ ပစ္စယော၊ သည်။ ဟောတိ၊ ၏။
ဟိ၊ ချဲ့အံ့။ ယောနိသောမနသိကာရသဒ္ဓမ္မဿဝနာဒိကော၊ အသင့်အတင့်အားဖြင့် နှလုံးသွင်းခြင်း, သူတော်ကောင်းတရားကို နာခြင်း စသည်သည်။ ကုသလဿေဝ၊ ၏သာလျှင်။ ပစ္စယော၊ သည်။ ဟောတိ၊ ၏။ ဝိပရီတော၊ ထိုယောနိသောမနသိကာရ စသည်မှပြန်သော အယောနိသောမနသိကာရ အသဒ္ဓမ္မဿဝန အသပ္ပုရိသူပနိဿယ စသည်သည်။ အကုသလဿ၊ ၏သာလျှင်။ ပစ္စယော၊ သည်။ ဟောတိ၊ ၏။ ကမ္မာဒိကော၊ ကံ အဝိဇ္ဇာစသည်သည်။ ဝိပါကဿ၊ ၏။ ပစ္စယော၊ သည်။ ဟောတိ၊ ၏။ ဘဝင်္ဂါဒိကော၊ ဘဝင်စသည်သည်။ ကြိယဿ၊ ၏။ ပစ္စယော၊ သည်။ ဟောတိ၊ ၏။ ဣတိ၊ ဤ‌ရွေ့တရပ်အပြီးတည်း။ ဝါ၊ ဣတိ-တသ္မာ၊ ကြောင့်။ မနသိကာရာဒိကော၊ သည်။ သာဓာရဏော၊ သော။ အသာဓာရဏော၊ သော။ ပစ္စယော၊ သည်။ ဟောတိ၊ ၏။
ပန၊ ပါး။ ရူပဿ၊ ၏။ ကမ္မံ၊ ၎င်း။ စိတ္တံ၊ ၎င်း။ ဥတု၊ ၎င်း။ အာဟာရော၊ ၎င်း။ ဣတိ၊ သို့။ ကမ္မာဒိတော၊ ကံစသောအားဖြင့်။ အယံ စတုဗ္ဗိဓော၊ ဤလေးပါးသောတရားသည်။ ပစ္စယော၊ သည်။ ဟောတိ၊ ၏ ကမ္မာဒိကော-ရှိမူ အယံ ကမ္မာဒိကော၊ ဤကံစသောတရားသည်။ ပစ္စယော၊ သည်။ ဟောတိ၊ ၏။ ပေး။ ။
တတ္ထ၊ ထိုကံအစရှိသောရုပ်ကို ဖြစ်စေတတ်သောအကြောင်းတို့တွင်။ အတီတမေဝ၊ အတိတ်သာလျှင်ဖြစ်သော။ ကမ္မံ၊ သည်။ (တစ်နည်း) ကမ္မံ၊ သည်။ အတီတမေဝ၊ ဖြစ်၍သာလျှင်။ ကမ္မသမုဋ္ဌာနဿ၊ ကံလျှင်ဖြစ်ကြောင်းရှိသော။ ရူပဿ၊ ၏။ ပစ္စယော၊ သည်။ [၂၃၅] ဟောတိ၊ ၏။
စိတ္တံ၊ သည်။ ဥပ္ပဇ္ဇမာနံ၊ ဖြစ်ဆဲဖြစ်၍သာလျှင်။ စိတ္တသမုဋ္ဌာနဿ၊ စိတ်လျှင်ဖြစ်ကြောင်းရှိသော။ ရူပဿ၊ ၏။ ပစ္စယော၊ သည်။ ဟောတိ၊ ၏။
ဥတုအာဟာရာ၊ တို့သည်။ ဥတုအာဟာရသမုဋ္ဌာနဿ၊ ဥတုသမုဋ္ဌာန်အာဟာရသမုဋ္ဌာန်ဖြစ်သော။ ရူပဿ၊ ၏။ ဌိတိက္ခဏေ၊ မိမိ၏ဌီခဏ၌။ ပစ္စယော၊ သည်။ ဟောန္တိ၊ ကုန်၏။ ဣတိ၊ မှတ်အပ်၏။
ဧဝံ ဣမိနာ ဝုတ္တပ္ပကာရေန၊ ဤသို့ သာဓာရဏာသာဓာရဏဝသေန-စသည်ဖြင့် ဆိုအပ်ပြီးသောအပြားအားဖြင့်။ ဧကော၊ တစ်ဦးသောယောဂီသည်။ နာမရူပဿ၊ ၏။ ပစ္စယပရိဂ္ဂဟံ၊ ကို။ ကရောတိ၊ ၏။
သော၊ ယောဂီသည်။ ဧဝံ ဝုတ္တနယေန၊ ဖြင့်။ ပစ္စယတော၊ ကြောင့်။ နာမရူပဿ၊ ၏။ ပဝတ္တိံ၊ ဖြစ်ခြင်းကို။ ဒိသွာ၊ ၍။ ဣဒံ၊ ဤနာမ်ရုပ်သည်။ ဧတရဟိ၊ ယခုပစ္စုပ္ပန်၌။ ပစ္စယတော၊ ကြောင့်။ ပဝတ္တတိ ယထာ၊ ဖြစ်၏သို့။ ဧဝံ-တထာ၊ တူ။ အဘီတေပိ အဒ္ဓါနေ၊ အတိတ်အဓွန့်၌လည်း။ ပစ္စယတော၊ ကြောင့်။ ပဝတ္တိတ္ထ၊ ဖြစ်ဘူးပြီ။ အနာဂတေပိ အဒ္ဓါနေ၊ အနာဂတ်အဓွန့်၌လည်း။ ပစ္စယတော၊ ကြောင့်။ ပဝတ္တိဿတိ၊ ဖြစ်လတံ့။ ဣတိ၊ သို့။ သမနုပဿတိ၊ အဖန်ဖန်ရှု၏။
ဧဝံ၊ ဤသို့။ သမနုပဿတော၊ သော။ တဿ၊ ထိုယောဂီအား။ ဝါ၊ ယောဂီသည်။ ဝုတ္တနယေနေဝ၊ လျှင်။ တီသု အဒ္ဓါသု၊ သုံးပါးသော အဓွန့်တို့၌။ ဝိစိကိစ္ဆာ၊ သည်။ ပဟီယတိ၊ ပျောက်၏။ ဝါ၊ ဝိစိကိစ္ဆာ၊ ကို။ ပဟီယတိ၊ ပယ်အပ်၏။
အပရော၊ တစ်ဦးသောယောဂီသည်။ နာမရူပသင်္ခါတာနံ၊ နာမ်ရုပ်ဟုဆိုအပ်ကုန်သော။ တေသံယေဝ သင်္ခါရာနံ၊ ထိုသင်္ခါရတို့၏သာလျှင်။ ဇရာပတ္တိံ၊ ဇရာသို့ရောက်ခြင်းကို၎င်း။ ဇိဏ္ဏာနံ၊ ဇရာသို့ရောက်ကုန်ပြီးသောသင်္ခါရတို့၏။ ဘင်္ဂဉ္စ၊ မရဏကို၎င်း။ ဒိသွာ၊ မြင်၏။ သင်္ခါရာနံ၊ သင်္ခါရတို့၏။ ဣဒံ ဇရာမရဏံ နာမ၊ ဤဇရာမရဏမည်သည်ကား။ ဇာတိယာ၊ ဇာတိသည်။ သတိ၊ ရှိသော်သာလျှင်။ ဟောတိ၊ ၏။ ဇာတိ၊ ဇာတိမည်သည်။ ဘဝေ၊ ကမ္မဘဝသည်။ သတိ၊ ရှိသော်သာလျှင်။ ဟောတိ၊ ၏။ ဘဝေါ၊ ဘဝမည်သည်။ ဥပါဒါနေ၊ ဥပါဒါန်သည်။ သတိ၊ လျှင်။ ဟောတိ၊ ၏။ ဥပါဒါနံ၊ ဥပါဒါန်မည်သည်။ တဏှာယ၊ သည်။ သတိ၊ လျှင်။ ဟောတိ၊ ၏။ တဏှာ၊ သည်။ ဝေဒနာယ၊ သည်။ သတိ၊ လျှင်။ ဟောတိ၊ ၏။ ဝေဒနာ၊ သည်။ ဖဿေ၊ သည်။ သတိ၊ လျှင်။ ဟောတိ၊ ၏။ ဖဿော၊ သည်။ သဠာယတနေ၊ သည်။ သတိ၊ လျှင်။ ဟောတိ၊ ၏။ သဠာယတနံ၊ သည်။ နာမရူပေ၊ သည်။ သတိ၊ လျှင်။ ဟောတိ၊ ၏။ နာမရူပံ၊ သည်။ ဝိညာဏေ၊ သည်။ သတိ၊ လျှင်။ ဟောတိ၊ ၏။ ဝိညာဏံ၊ သည်။ သင်္ခါရေသု၊ တို့သည်။ သတိ-သန္တေသု၊ ရှိကုန်သော်သာလျှင်။ ဟောတိ၊ ၏။ သင်္ခါရာ၊ တို့သည်။ အဝိဇ္ဇာယ၊ သည်။ သတိ၊ လျှင်။ ဟောန္တိ၊ ကုန်၏။ ဣတိ-ဧဝံ၊ သို့။ ပဋိလောမပဋိစ္စသမုပ္ပါဒဝသေန၊ ပဋိလောမပဋိစ္စသမုပ္ပါဒ်၏အစွမ်းဖြင့်။ နာမရူပဿ၊ ၏။ ပစ္စယပရိဂ္ဂဟံ၊ ကို။ ကရောတိ၊ ၏။
အထ၊ ထိုသို့ သိမ်းဆည်းလတ်သော်။ အဿ၊ ထိုယောဂီအား။ ဝါ၊ ယောဂီသည်။ ဝုတ္တနယေနေဝ၊ လျှင်။ ဝိစိကိစ္ဆာ၊ သည်။ ပဟီယတိ၊ ပျောက်၏။ ဝါ၊ ဝိစိကိစ္ဆာ၊ ကို။ ပဟီယတိ၊ ပယ်အပ်၏။
အပ‌ရော၊ တစ်ဦးသောယောဂီသည်။ ဣတိ ခေါ၊ ဤသို့လျှင်။ အဝိဇ္ဇာပစ္စယာ၊ ကြောင့်။ သင်္ခါရာ၊ တို့သည်။ သမ္ဘဝန္တိ၊ ကုန်၏။ ဣတိ၊ သို့။ ပုဗ္ဗေ၊ ၌။ ဝိတ္ထာရေတွာ၊ အဆုံးမှစ၍ ပဋိလောမနည်းအားဖြင့် အစအဝိဇ္ဇာတိုင်အောင် ချဲ့တော်မူ၍။ ဒဿိတအနုလောမပဋိစ္စသမုပ္ပါဒဝသေနေဝ၊ ပြအပ်ပြီးသော အနုလောမ ပဋိစ္စသမုပ္ပါဒ်၏ အစွမ်းဖြင့်သာလျှင်။ နာမရူပဿ၊ ၏။ ပစ္စယပရိဂ္ဂဟံ၊ ကို။ ကရောတိ၊ ၏။
အထ၊ ထိုသို့သိမ်းဆည်းလတ်သော်။ အဿ၊ ထိုယောဂီအား။ ဝါ၊ ယောဂီသည်။ ဝုတ္တနယေနေဝ၊ လျှင်။ ကင်္ခါ၊ ယုံမှားခြင်းသည်။ ပဟီယတိ၊ ပျောက်၏။ ဝါ၊ ယုံမှားခြင်းကို။ ပဟီယတိ၊ ပယ်အပ်၏ အဆုံးမှစ၍ ပဋိ‌လောမနည်းအားဖြင့် အစသို့ ရောက်စေသဖြင့် ချဲ့ပြီး၍ ပြအပ်သော အနုလောမပဋိစ္စသမုပ္ပါဒ်အစွမ်းဖြင့် ပြသည်ရှိသော် အသတိဇာတိယာ နတ္ထိ ဇရာမရဏံ၊ အစရှိသည်ဖြင့် ပဋိလောမအားဖြင့် ပြအပ်သော ပဋိစ္စသမုပ္ပါဒ်၌ အကြင်တရား၏ မရှိခြင်းကြောင့် အကြင်တရား၏ မရှိခြင်းသည်ဖြစ်၏၊ ထိုတရားသည် ထိုတရား၏ အကြောင်းဟု ‌ဗျတိရေကအားဖြင့်၎င်း အနွယအားဖြင့်၎င်း နာမ်ရုပ်၏အကြောင်းကို သိမ်းဆည်းလွယ်ပါ၏ ဟူလိုသတည်း။ ။
အပရော၊ တစ်ဦးသောယောဂီသည်။ ပုရိမကမ္မဘဝသ္မိံ၊ ရှေးဖြစ်သောကမ္မဘဝကို။ ကရိယမာနေ၊ ပြုအပ်သည်ရှိသော်။ မောဟော၊ တွေဝေခြင်းသဘောသည်။ အဝိဇ္ဇာ၊ မည်၏။ အာယူဟနာ၊ အားထုတ်ခြင်း ပေါင်းစည်းရုံးစုခြင်း သဘောသည်။ သင်္ခါရာ၊ သင်္ခါရမည်ကုန်၏။ နိကန္တိ၊ တပ်ခြင်းသဘောသည်။ တဏှာ၊ တဏှာမည်၏။ ဥပဂမနံ၊ ကပ်ခြင်း စွဲလမ်းခြင်း သဘောသည်။ ဥပါဒါနံ၊ ဥပါဒါန်မည်၏။ စေတနာ၊ သည်။ ဘဝေါ၊ ဘဝမည်၏။ ဣမေ ပဉ္စ ဓမ္မာ၊ ဤငါးပါးသောတရားတို့သည်။ ပုရိမကမ္မဘဝသ္မိံ၊ ရှေးဖြစ်သော ကမ္မဘဝကို။ ကရိယမာနေ၊ ပြုအပ်သည်ရှိသော်။ ဣဓ၊ ဤပစ္စုပ္ပန်၌။ ပဋိသန္ဓိယာ၊ ပဋိသန္ဓေ၏။ ပစ္စယာ၊ အကြောင်းတို့သည်။ ဟောန္တိ၊ ကုန်၏။ ဣဓ၊ ဤပစ္စုပ္ပန်၌။ ပဋိသန္ဓိ၊ သည်။ ဝိညာဏံ၊ ဝိညာဉ်မည်၏။ ဩက္ကန္တိ၊ အမိဝမ်း၌ သက်ဝင်သကဲ့သို့ဖြစ်ခြင်းသည်။ နာမရူပံ နာမ၊ နာမရူပမည်၏။ ပသာဒေါ၊ ဘုတ်တို့ကိုကြည်စေတတ်သောပသာဒငါးပါးသည်။ အာယတနံ၊ မည်၏။ ဖုဋ္ဌော၊ အာရုံကိုတွေ့ခြင်းသဘောသည်။ ဖဿော၊ မည်၏။ ဝေဒယိတံ၊ ခံစားသောအခြင်းအရာဖြင့်ဖြစ်သော သဘောသည်။ ဝေဒနံ၊ ဝေဒနာမည်၏။ ဣတိ၊ သို့။ ဣဓ၊ ဤပစ္စုပ္ပန်၌။ ဥပပတ္တိဘဝသ္မိံ၊ ဥပပတ္တိဘဝသည်။ သတိ၊ သော်။ ဣမေ ပဉ္စ ဓမ္မာ၊ ဤငါးပါးသောတရားတို့သည်။ ပုရေကတဿ၊ ရှေးဘဝ၌ပြုအပ်သော။ ကမ္မဿ၊ ကံ၏။ ဝါ၊ ကံဟူသော။ ပစ္စယာ၊ အကြောင်းကြောင့်။ ဟောန္တိ၊ ကုန်၏။
ဣဓ၊ ဤပစ္စုပ္ပန်ဘဝ၌။ အာယတနာနံ၊ အာယတနတို့၏။ ပရိပက္ကတ္တာ၊ ရင့်ပြီးသည်၏အဖြစ်ကြောင့်။ မောဟော၊ ‌မောဟသည်။ အဝိဇ္ဇာ၊ အဝိဇ္ဇာမည်၏။ ပ။ စေတနာ၊ သည်။ ဘဝေါ၊ ဘဝမည်၏။ ဣတိ၊ သို့။ ဣဓ၊ ဤပစ္စုပ္ပန်၌။ ကမ္မဘဝသ္မိံ၊ ကို။ ကရိယမာနေ၊ သော်။ ဣမေ ပဉ္စ ဓမ္မာ၊ တို့သည်။ အာယတိံ၊ နောင်အခါ၌။ ပဋိသန္ဓိယာ၊ ၏။ ပစ္စယာ၊ အကြောင်းတို့သည်။ ‌ဟောန္တိ၊ ကုန်၏။ ဣတိ ဧဝံ၊ သို့။ ကမ္မဝဋ္ဋဝိပါကဝဋ္ဋဝသေန၊ ကမ္မဝဋ်ဝိပါကဝဋ်၏အစွမ်းဖြင့်။ နာမရူပဿ၊ ၏။ ပစ္စယပရိဂ္ဂဟံ၊ ကို။ ကရောတိ၊ ၏။ (ကံ၏အပေါင်းအဖော်ဖြစ်ရကား ကိလေသဝဋ်ကို ကမ္မဝဋ်၌သွင်း၍ နှစ်ပါးပြသည်)။
တတ္ထ၊ ထိုကမ္မဝဋ္ဋဝိပါကဝဋ္ဋဝသေန-ဟူသောပါဌ်၌။ ကမ္မံ၊ သည်။ ဒိဋ္ဌဓမ္မဝေဒနီယံ၊ မျက်မှောက်သောကိုယ်၏အဖြစ်၌ ခံစားအပ်သောအကျိုးရှိသောကံ၎င်း။ ဥပပဇ္ဇဝေဒနီယံ၊ အခြားမဲ့သောကိုယ်၏အဖြစ်၌ခံစားအပ်သော အကျိုးရှိသောကံ၎င်း။ အပရာပရိယဝေဒနီယံ၊ ဤအတ္တဘာဝနှင့် အနန္တရအနာဂတအတ္တဘာဝမှ တစ်ပါးသော အတ္တဘာဝအဆက်ဆက် အပြန်ပြန်၌ ခံစားအပ်သော အကျိုးရှိသောကံ၎င်း အပရာပရိယာယေ ဒိဋ္ဌဓမ္မာနန္တရနာဂတတော အညသ္မိံ အတ္တဘာဝပရိယာယေ အတ္တဘာဝပရိဝတ္တေ ဝေဒိတဗ္ဗဖလံ ကမ္မံ အပရာပရိယာယဝေဒနီယကမ္မံ။ အပရာပရိယာယ-၌ အပရ-သဒ္ဒါသည် အညအနက်ကိုဟော၏၊ ထိုအညသည် အပါဒါန်ကိုငဲ့ရကား ဒိဋ္ဌဓမ္မာနန္တရာနာဂတတော အညသ္မိံ-မိန့်သော်၊ ပရိယာယ-သဒ္ဒါသည် အဆက်ဆက်အပြန်ပြန်ဟူသော ပရိဝတ္တအနက်၌ ဖြစ်၏၊ ထိုကြောင့် အတ္တဘာဝပရိယာယေ အတ္တဘာဝပရိဝတ္တေမိန့်သော်၊ ထိုကြောင့် အပရာပရိယာယဝေဒနီယကမ္မံ၊ ဤအတ္တဘာဝ၏ အနန္တရအနာဂတအတ္တဘာဝမှတစ်ပါး အတ္တဘာဝအဆက်ဆက် အပြန်ပြန်၌ ခံစားအပ်သော ကံဟူသော အနက်ကိုသိအပ်သတည်း။ ။ အဟောသိကမ္မံ၊ (ဖြစ်ပြီးသောအကျိုး ရှိသည်လည်းမဟုတ် ဖြစ်လတံ့သောအကျိုးရှိသည်လည်းမဟုတ် ဖြစ်ဆဲ‌သော အကျိုးရှိသည်လည်းမဟုတ် ဖြစ်ပြီးသည်သာလျှင် ကံမည်သော) အဟောသိကံ၎င်း။ ဣတိ၊ သို့။ စတုဗ္ဗိဓံ၊ သည်။ ဟောတိ၊ ၏။
တေသု၊ ထိုလေးပါးသောကံတို့တွင်။ ဧကဇဝနဝီထိယံ၊ တစ်ခုသောဇောဝီထိ၌။ သတ္တသု စိတ္တေသု၊ ခုနစ်ပါးသော ဇောစိတ်တို့တွင်။ [၂၃၆] ကုသလာ ဝါ၊ ကုသိုလ်မူလည်းဖြစ်စေ။ အကုသလာ ဝါ၊ မူလည်းဖြစ်စေ။ ပဌမဇဝနစေတနာ၊ ပဌမဇောနှင့် ယှဉ်‌သောစေတနာသည်။ ဒိဋ္ဌဓမ္မဝေဒနီယကမ္မံ နာမ၊ ကံမည်၏။
တံ၊ ထိုဒိဋ္ဌဓမ္မဝေဒနီယကံသည်။ ဣမသ္မိံ ယေဝ အတ္တဘာဝေ၊ ဤပစ္စုပ္ပန်အတ္တဘော၌သာလျှင်။ ဝိပါကံ၊ ကို။ ဒေတိ၊ ပေး၏။
တထာ၊ ထိုပစ္စုပ္ပန်အတ္တဘာဝ၌ အကျိုးပေးခြင်းငှါ။ အသက္ကောန္တံ ပန၊ မစွမ်းနိုင်သောကံသည်ကား။ ကမ္မံ၊ သည်။ အဟောသိ၊ ဖြစ်ပြီ။ ကမ္မဝိပါကော၊ ကံ၏အကျိုးသည်။ နာဟောသိ၊ ဖြစ်ပြီးသည်လည်းမဟုတ်။ ကမ္မဝိပါကော၊ သည်။ န ဘဝိဿတိ၊ ဖြစ်လတံ့သည်လည်းမဟုတ်။ ကမ္မဝိပါကော၊ သည်။ နတ္ထိ၊ ဖြစ်ဆဲလည်းမဟုတ်။ ဣတိ၊ သို့။ ဣမဿ တိကဿ၊ ဤတိက်၏။ ဝသေန၊ ဖြင့်။ အဟောသိကမ္မံ နာမ၊ မည်သည်။ ဟောတိ၊ ၏။
ပန၊ ပါး။ အတ္ထသာဓိကာ၊ ဒါနစသော ပါဏာတိပါစသောကိစ္စကို ပြီးစေတတ်သော။ သတ္တမဇဝနစေတနာ၊ သတ္တမဇောနှင့်ယှဉ်သောစေတနာသည်။ ဥပပဇ္ဇဝေဒနီယကမ္မံ နာမ၊ ကံမည်၏။
တံ၊ ထိုဥပပဇ္ဇဝေဒနီယကံသည်။ အနန္တရေ၊ ပစ္စုပ္ပန်အတ္တဘာဝ၏ အခြားမဲ့ဖြစ်သော။ အတ္တဘာဝေ၊ ၌။ ဝိပါကံ၊ ကို။ ဒေတိ၊ ၏။
တတ္ထ၊ ထိုအနန္တရအတ္တဘာဝ၌။ (ဝိပါကံ၊ အကျိုးကို။ ဒါတုံ၊ ပေးခြင်းငှါ။) အသက္ကောန္တံ၊ ကံသည်။ ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသောနည်းဖြင့်သာလျှင်။ အဟောသိကမ္မံ နာမ၊ မည်သည်။ ဟောတိ၊ ၏။
ဥဘိန္နံ၊ ပဌမဇောသတ္တမဇော နှစ်ပါးတို့၏။ အန္တရေ၊ အကြား၌။ ပဉ္စ ဇဝနစေတနာ၊ ဇောငါးချက်နှင့်ယှဉ်သောစေတနာသည်။ အပရာပရိယဝေဒနီယကမ္မံ နာမ၊ မည်သည်။ ဟောတိ၊ ၏။
တံ၊ ထိုအပရာပရိယဝေဒနီယကံသည်။ အနာဂတေ၊ ၌။ ယဒါ၊ ၌။ ဩကာသံ၊ အခွင့်ကို။ လဘတိ၊ ၏။ တဒါ၊ ၌။ ဝိပါကံ၊ ကို။ ဒေတိ၊ ၏။
သံသာရပဝတ္တိယာ၊ သံသရာဟူသော မပြတ်မစဲဖြစ်ခြင်းသည်။ သတိ၊ သော်။ အဟောသိကမ္မံ နာမ၊ မည်သည်။ န ဟောတိ၊ မဖြစ်။
အပရံပိ၊ တစ်ပါးလည်းဖြစ်သော။ ကမ္မံ၊ သည်။ ယံ ဂရုကံ၊ အကြင်မဟာသာဝဇ္ဇဖြစ်သောအကုသိုလ်မဟာနုဘာဝဖြစ်သောကုသိုလ်ဟူသောလေးသောကံ၎င်း။ ယံ ဗဟုလံ၊ အကြင်အကြိမ်များစွာ ပြုအပ်ကောင်းစွာ မှီဝဲအပ်ပြီးသော ကံ၎င်း။ ယဒါသန္နံ၊ အကြင်မရဏာသန္နအခါပြုအပ် အောက်မေ့အပ်သော ကံ၎င်း။ ကဋတ္တာ ဝါ ပန ကမ္မံ၊ ရှေးဘဝပြုအပ်ပြီးသည်၏အဖြစ်ကြောင့် ကဋတ္တာမည်သော ကံ၎င်း။ ဣတိ၊ သို့။ စတုဗ္ဗိဓံ၊ သည်။ ဟောတိ၊ ၏။
တတ္ထ၊ ထိုလေးပါး‌တို့တွင်။ ကုသလံ ဝါ၊ သည်မူလည်း။ ဟောတု၊ စေ။ အကုသလံ ဝါ၊ သည်မူလည်း။ ဟောတု၊ စေ။ ဂရုကာဂရုကေသု၊ ဂရုကကံ, အဂရုကကံတို့တွင်။ မာတုဃာတာဒိကမ္မံ ဝါ၊ မာတုဃာတစသော ကံမူလည်းဖြစ်သော။ မဟဂ္ဂတကမ္မံ ဝါ၊ မဟဂ္ဂုတ်ကံမူလည်း ဖြစ်သော။ ယံ ဂရုကံ၊ အကြင်ဂရုကကံသည်။ အတ္ထိ၊ ရှိ၏။ တဒေဝ၊ ထိုမဟာသာဝဇ္ဇ မဟာနုဘာဝဖြစ်၍ လေးသော ဂရုကကံသည်သာလျှင်။ ပဌမံ၊ ရှေးဖျားလက်မွန်။ ဝိပစ္စတိ၊ အကျိုးကိုဖြစ်စေ၏။
တထာ၊ တူ။ ဗဟုလာဗဟုလေသုပိ၊ အကြိမ်များစွာပြုအပ် အကြိမ်များစွာမှီဝဲအပ်သော ဗဟုလကံ, အကြိမ်များစွာ မပြုအပ် အကြိမ်များစွာ မမှီဝဲအပ်သော အဗဟုလကံတို့တွင်လည်း။ သုသီလျံ ဝါ၊ သုသီလျမူလည်းဖြစ်သော။ ဒုဿီလျံ ဝါ၊ ဒုဿီလျမူလည်းဖြစ်သော။ ယံ၊ အကြင်ကံသည်။ ဗဟုလံ၊ အကြိမ်များစွာပြုအပ်အကြိမ်များစွာမှီဝဲအပ်သည်။ ဟောတိ၊ ၏။ တဒေဝ၊ ထိုဗဟုလအာစိဏ္ဏကံသည်သာလျှင်။ ပဌမံ၊ စွာ။ ဝိပစ္စတိ၊ ၏။
မရဏကာလေ၊ သေခါနီးကာလ၌။ အနုဿရိတကမ္မံ၊ အဖန်တလဲလဲအောက်မေ့အပ်သောကံသည်။ ယဒါသန္နံ နာမ၊ ယဒါသန္နကံမည်၏။
ဟိ-သစ္စံ၊ ၏။ ယံ ကမ္မံ၊ ကို။ အာသန္နမရဏော၊ နီးသော သေခြင်းရှိသောသူသည်။ အနုဿရိတုံ၊ အဖန်တလဲလဲ အောက်မေ့ခြင်းငှါ။ သက္ကောတိ၊ ၏။ တေနေဝ၊ ထိုကံဖြင့်သာလျှင်။ ဥပပဇ္ဇတိ၊ ဖြစ်၏။
(အာသန္နကာလေ ကတေ ဝတ္တဗ္ဗမေဝ နတ္ထိ-ဟူလိုသည်) ပန၊ ပါး။ ဧတေဟိ တီဟိ၊ ထိုသုံးပါးသောကံတို့မှ။ မုတ္တံ၊ လွတ်သော။ ပုနပ္ပုနံ၊ လဲလဲ။ လဒ္ဓါသေဝနံ၊ ရအပ်သော အာသေဝနရှိသောကံသည်။ ကဋတ္တာဝါပနကမ္မံနာမ၊ ကဋတ္တာကံမည်သည်။ ဟောတိ၊ ၏။ တေသံ၊ ထိုဂရုကအစရှိသောသုံးပါးသောကံတို့၏။ အဘာဝေ၊ သည်။ သတိ၊ ဖြစ်လတ်သော်။ တံ၊ ထိုကဋတ္တာကံသည်။ ပဋိသန္ဓိံ၊ ကို။ အာကဍ္ဎတိ၊ ငင်၏။
အပရမ္ပိ၊ သော။ ကမ္မံ၊ သည်။ ဇနကံ၊ ဝိပါက်ကဋတ္တာရုပ်ကိုဖြစ်စေတတ်သော ကံ၎င်း။ ဥပတ္ထမ္ဘကံ၊ ထောက်ပံ့တတ်သောကံ၎င်း။ ဥပပီဠကံ၊ ကပ်၍နှိပ်စက် ညှဉ်းဆဲတတ်‌သောကံ၎င်း။ ဥပဃာတကံ၊ ကပ်၍ဖြတ်တပ်သောကံ၎င်း။ ဣတိ၊ သို့။ စတုဗ္ဗိဓံ၊ သည်။ ဟောတိ၊ ၏။
တတ္ထ၊ ထိုလေးပါးသောကံတို့တွင်။ ဇနကံ နာမ၊ ကံမည်သည်။ ကုသလမ္ပိ၊ သည်လည်း။ ဟောတိ၊ ၏။ အကုသလမ္ပိ၊ သည်လည်း။ ဟောတိ၊ ၏။
တံ၊ ထိုဇနကကံသည်။ ပဋိသန္ဓိယမ္ပိ၊ အခါ၌၎င်း။ ပဝတ္တေပိ၊ အခါ၌၎င်း။ ရူပါရူပဝိပါကက္ခန္ဓေ၊ ကဋတ္တာရုပ် ဝိပါက်နာမက္ခန္ဓာတို့ကို။ ဇနေတိ၊ ဖြစ်စေ၏။
ပန၊ ပါး။ ဥပတ္ထမ္ဘကံ၊ ကံသည်။ ဝိပါကံ၊ ဝိပါက်ကို။ ဇနေတုံ၊ ငှါ။ န သက္ကောတိ၊ နိုင်။ အညေန၊ သော။ ကမ္မေန၊ သည်။ ပဋိသန္ဓိယာ၊ ကို။ ဒိန္နာယ၊ ပေးအပ်သည်ရှိသော်။ ဝိပါကေ၊ ကို။ ဇနိတေ၊ ဖြစ်စေအပ်သည်ရှိသော်။ ဥပ္ပဇ္ဇမာနကသုခဒုက္ခံ၊ ဖြစ်ဆဲသောချမ်းသာဆင်းရဲကို။ ဥပတ္ထမ္ဘေတိ၊ ထောက်ပံ့တတ်၏။ အဒ္ဓါနံ၊ ရှည်စွာသောအဓွန့်ကာလပတ်လုံး။ ပဝတ္တေတိ၊ စေတတ်၏။
ဥပပီဠကံ၊ ကကံသည်။ အညေန၊ သော။ ကမ္မေန၊ ‌သည်။ ပဋိသန္ဓိယာ၊ ကို။ ဒိန္နာယ၊ သော်။ ဝိပါကေ၊ ကို။ ဇနိတေ၊ သော်။ ဥပ္ပဇ္ဇမာနကသုခဒုက္ခံ၊ ဖြစ်ဆဲသောချမ်းသာဆင်းရဲကို။ ပီဠေတိ၊ နှိပ်စက်တတ်၏။ ဗာဓတိ၊ ညှဉ်းဆဲတတ်၏။ အဒ္ဓါနံ၊ ကြာမြင့်စွာသောကာလပတ်လုံး။ ပဝတ္တိတုံ၊ စေခြင်းငှါ။ န ဒေတိ၊ အခွင့်မပေး။
ပန၊ ပါး။ ဥပဃာတကံ၊ ကကံသည်။ သယံ၊ မိမိသည်။ ကုသလမ္ပိ၊ သည်၎င်း။ အကုသလမ္ပိ၊ သည်၎င်း။ သမာနံ၊ ဖြစ်လတ်၍။ အညံ၊ မိမိမှတစ်ပါးသော။ ဒုဗ္ဗလကမ္မံ၊ အားနည်းသောကံကို။ ဃာတေတွာ-ဥပစ္ဆိန္ဒိတွာ၊ ဖြတ်၍။ တဿ၊ ထိုကံ၏။ ဝိပါကံ၊ ကို။ ပဋိဗာဟေတွာ၊ တားမြစ်၍ ကံကိုဖြတ်ခြင်းမည်သည် ထိုကံ၏ဝိပါက်ကို တားမြစ်ခြင်းပင်တည်းဟု တဿ ဝိပါကံ ပဋိဗာဟေတွာ-မိန့်သော်။ ။ အတ္တနော၊ ၏။ ဝိပါကဿ၊ ၏။ ဩကာသံ၊ ကို။ ကရောတိ၊ ၏ ထိုသို့တားမြစ်ခြင်းသည်လည်း မိမိဝိပါက်ဖြစ်ခြင်း၏အခွင့်ကို ပြုခြင်းပင်ဟု အတ္တနော ဝိပါကဿ ဩကာသံ ကရောတိ-မိန့်သော်။ ။
ပန၊ ဆက်၍ဆိုအံ့။ ဧဝံ၊ သို့။ ကမ္မေန၊ သည်။ ဩကာသေ၊ ကို။ ကတေ၊ ပြုအပ်သည်ရှိသော်။ တံ ဝိပါကံ၊ ထိုဝိပါက်ကို။ ဥပ္ပန္နံ နာမ၊ ဖြစ်သည်မည်၏ဟူ၍။ ဝုစ္စတိ၊ ၏ ပဋိသန္ဓေကိုပေးခြင်း စသောအားဖြင့် နာမ်ရုပ်ဖြစ်သော ဝိပါက်အစဉ်ကို ဖြစ်စေတတ်သောကံသည် ဇနကကံမည်၏။ ထိုကြောင့် တံ ပဋိသန္ဓိယံပိ ပဝတ္တေပိ ရူပါရူပဝိပါကက္ခန္ဓေ ဇနေတိ-မိန့်သော်။ ကံတစ်ပါးသည် ဖြစ်စေအပ်သော သုခ ဒုက္ခသန္တာန်၌။ "၏" တစ်နည်း နာမရူပ ပဗန္ဓ၏ စိရတရပဝတ္တိ၏ အကြောင်းဖြစ်၍ ထောက်ပံ့တတ်‌သော ကံသည် ဥပတ္ထမ္ဘကမည်၏၊ ထိုကြောင့် သုခဒုက္ခံ ဥပတ္ထမ္ဘေတိ အဒ္ဓါနံ ပဝတ္တေတိ-ဟု မိန့်‌သော်။ သုခ ဒုက္ခ ပဗန္ဓဖြစ်ရာ၌ တဖြည်းဖြည်း ထိုသုခဒုက္ခကို ယုတ်စေသဖြင့် ညှဉ်းဆဲတတ်သောကံသည် ဥပပီဠကကံမည်၏။ ထိုကြောင့် သုခဒုက္ခံ ပီဠေတိ ဗာဓတိ အဒ္ဓါနံ ပဝတ္တိတုံ န ဒေတိ-ဟု မိန့်သော်။ ။
[၂၃၇] ဣတိ၊ သို့။ ဣမေသံ ဒွါဒသန္နံ ကမ္မာနံ၊ ဤတစ်ဆယ့်နှစ်ပါးသောကံတို့၏။ ကမ္မန္တရဉ္စေဝ၊ ကံတို့၏ အားရှိသည်၏အဖြစ် အားမရှိသည်၏ အဖြစ်ဟုဆိုအပ်သော အထူးအပြားသည်၎င်း။ ဝိပါကန္တရဉ္စ၊ ဝိပါက်တို့၏ယုတ်သည်၏အဖြစ် မြတ်သည်၏အဖြစ်စသော အထူးအပြားသည်၎င်း။ ဗုဒ္ဓါနံ၊ သဗ္ဗညုရှင်တော်ဘုရားတို့၏။ ကမ္မဝိပါကဉာဏဿေဝ၊ ကံအထူးဝိပါက်အထူးကို သိသောဉာဏ်အားသာလျှင်။ ယာထာဝသရသတော၊ မ‌ဖောက်မပြန် ဟုတ်မှန်သောမိမိကိစ္စအားဖြင့်။ ပါကဋံ၊ ထင်ရှားသည်။ ဟောတိ၊ ၏။ သာဝကေဟိ၊ သာဝကတို့နှင့်။ အသာဓာရဏံ၊ မဆက်ဆံသည်။ ဟောတိ၊ ၏။
ပန၊ ထိုသို့ အသာဓာရဏဖြစ်သော်လည်း။ ဝိပဿကေန၊ ဝိပဿနာရှုသောပုဂ္ဂိုလ်သည်။ ကမ္မန္တရဉ္စ၊ ကို၎င်း။ ဝိပါကန္တရဉ္စ၊ ကို၎င်း။ ဧကဒေသတော၊ တစ်စိတ်အားဖြင့်။ ဇာနိတဗ္ဗံ၊ သိသင့်၏။
တသ္မာ၊ ထိုသို့ တစ်စိတ်အားဖြင့် သိသင့်သည်၏အဖြစ်ကြောင့်။ မုခမတ္တဒဿနေန၊ အမြွက်မျှကိုပြသဖြင့်။ အယံ ကမ္မဝိသေသော၊ ဤကံအထူးကို။ မယာ၊ သည်။ ပကာသိတော၊ ပြအပ်၏။ ဣတိ၊ မှတ်အပ်၏။
ဣတိ၊ သို့။ ဒွါဒသဝိဓံ၊ သော။ ဣဒံ ကမ္မံ၊ ပစ္စုပ္ပန်ဝိပါက်အစီအစဉ်၏အကြောင်းမျှဖြစ်သော ဤကံကစိတ်ကို။ ကမ္မဝဋ္ဋေ၊ အပေါင်းဖြစ်သောကမ္မဝဋ်၌။ ပက္ခိပိတွာ၊ ထည့်၍ ယခင်ဆိုအပ်ခဲ့ပြီးသော ကံကို ပစ္စုပ္ပန်ဝိပါက်အစဉ်၏အကြောင်းဟူ၍သာလျှင် အလိုရှိအပ်ရကား ကံတစ်စိတ်မျှ၏ အဖြစ်ကြောင့် ဒွါဒသဝိဓံ ကမ္မံ ကမ္မဝဋ္ဋေ ပက္ခိပိတွာ-ဟူသတည်း။ ကိလေသဝဋ်ကိုလည်း ကမ္မသဟာယ၏ အဖြစ်ကြောင့် ကမ္မဝဋ်အဖို့ရှိသည်ကိုသာလျှင်ပြု၍ ကမ္မဝဋ္ဋဝိပါကဝဋ္ဋဝသေန-ဟူသတည်း။ ။ ဧဝံ၊ သို့။ ဧကော၊ တစ်ဦးသောယောဂီသည်။ ကမ္မဝဋ္ဋဝိပါကဝဋ္ဋဝသေန၊ ဖြင့်။ နာမရူပဿ၊ ၏။ ပစ္စယပရိဂ္ဂဟံ၊ ကို။ ကရောတိ၊ ၏။
သော၊ ထိုယောဂီသည်။ ဧဝံ၊ သို့။ ကမ္မဝဋ္ဋဝိပါကဝဋ္ဋဝသေန၊ ဖြင့်။ ပစ္စယတော၊ အားဖြင့်။ နာမရူပဿ၊ ၏။ ပဝတ္တိံ၊ အဆက်ဆက်အဆင့်ဆင့်အားဖြင့်ဖြစ်ခြင်းကို။ ဒိသွာ၊ ၍။ ဣဒံ၊ ဤနာမ်ရုပ်တရားသည်။ ဧတရဟိ၊ ယခုမျက်မြင် ပစ္စုပ္ပန်ဘဝ၌။ ကမ္မဝဋ္ဋဝိပါကဝဋ္ဋဝသေနေဝ၊ ဖြင့်သာလျှင်။ ပစ္စယတော၊ ဖြင့်။ ပဝတ္တတိ ယထာ၊ သို့။ ဧဝံ-တထာ၊ တူ။ အတီတေပိ အဒ္ဓါနေ၊ ၌လည်း။ ကမ္မဝဋ္ဋဝိပါကဝဋ္ဋဝသေနေဝ၊ ဖြင့်သာလျှင်။ ပစ္စယတော၊ ဖြင့်။ ပဝတ္တိတ္ထ၊ ဖြစ်ခဲ့ပြီ။ အနာဂတေပိအဒ္ဓါနေ၊ ၌လည်း။ ကမ္မဝဋ္ဋဝိပါကဝဋ္ဋဝသေနေဝ၊ သာလျှင်။ ပစ္စယတော၊ ဖြင့်။ ပဝတ္တိဿတိ၊ လတံ့။ ဣတိ၊ သို့။ ပစ္စယပရိဂ္ဂဟံ၊ ကို။ ကရောတိ၊ ၏။
ဣတိ၊ သို့။ ကမ္မဉ္စေဝ၊ သည်၎င်း။ ကမ္မဝိပါကောစ၊ သည်၎င်း။ ကမ္မဝဋ္ဋဉ္စ၊ ကံဟုဆိုအပ်သောအဆင့်ဆင့်လည်သောတရားသည်၎င်း။ ဝိပါကဝဋ္ဋဉ္စ၊ ဝိပါက်ဟုဆိုအပ်သော အဆင့်ဆင့်လည်သော တရားသည်၎င်း။ ကမ္မပဝတ္တဉ္စ၊ ကံဟုဆိုအပ်သော အဆင့်ဆင့်ဖြစ်သော တရားသည်၎င်း။ ဝိပါကပဝတ္တဉ္စ၊ ဝိပါက်ဟုဆိုအပ်သော အဆင့်ဆင့်ဖြစ်‌သော တရားသည်၎င်း။ ကမ္မသန္တတိ စ၊ ကံဟုဆိုအပ်သော ဟေတုဖလအဖြစ်ဖြင့် စပ်သောအစဉ်သည်၎င်း။ ဝိပါကသန္တတိ စ၊ ဝိပါက်ဟုဆိုအပ်သော ဟေတုဖလအဖြစ်ဖြင့်စပ်သောအစဉ်သည်၎င်း။ ကိရိယာ စ၊ ပြုခြင်းသည်၎င်း။ ဝါ၊ အကျိုးကိုပြုတတ်သောတရားသည်၎င်း။ ဝါ၊ မိမိပစ္စည်းတို့သည် ပြုအပ်သောတရားသည်၎င်း။ ကိရိယာဖလဉ္စ၊ ကိရိယာ၏အကျိုးသည်၎င်း။ ပဝတ္တတိ၊ ဖြစ်၏။
ကမ္မာ၊ ကံကြောင့်။ ဝိပါကာ၊ တို့သည်။ ဝတ္တန္တိ၊ ကုန်၏။ ဝိပါကော၊ သည်။ ကမ္မသမ္ဘဝေါ၊ ကံဟူသောဖြစ်ကြောင်းရှိ၏။ (သမ္ဘဝတိ ဧတသ္မာတိ သမ္ဘဝေါ၊ ကမ္မံ သမ္ဘဝေါ ဧတဿာတိ ကမ္မသမ္ဘဝေါ) ကမ္မာ၊ ကံကြောင့်။ ပုနဗ္ဘဝေါ၊ တစ်ဖန်အသစ်ဖြစ်သောဘဝသည်။ ဟောတိ၊ ၏။ ဧဝံ၊ သို့။ လောကော၊ သည်။ ပဝတ္တတိ၊ အဆင့်ဆင့်ဖြစ်၏။ ဣတိ၊ သို့။
သမနုပဿတိ၊ ၏။
ဧဝံ-ဝုတ္တနယေန၊ ဖြင့်။ သမနုပဿတော၊ သော။ တဿ၊ ထိုယောဂီပုဂ္ဂိုလ်အား။ ပုဗ္ဗန္တာဒယော၊ အတိတ်ဖြစ်သောခန္ဓကောဋ္ဌာသ စသည်တို့ကို။ အာရဗ္ဘ၊ ရည်၍။ အဟောသိံ နု ခေါ အဟန္တိအာဒိနာ၊ သော။ နယေန၊ ဖြင့်။ ဝုတ္တာ၊ သော။ သောဠသဝိဓာ၊ တစ်ဆယ့်ခြောက်ပါးအပြားရှိသော။ ယာ သာ ဝိစိကိစ္ဆာ၊ ထိုဆိုအပ်ပြီးသောသဘောရှိသောအကြင်ဝိစိကိစ္ဆာသည်။ အတ္ထိ၊ ၏။ သဗ္ဗာ၊ သော။ သာ ဝိစိကိစ္ဆာ၊ သည်။ ပဟီယတိ၊ ပျောက်၏။
သဗ္ဗဘဝယောနိဂတိဌိတိနိဝါသေသု၊ အလုံးစုံသောဘဝ အလုံးစုံသောယောနိ အလုံးစုံသောဂတိ အလုံးစုံသောဝိညာဏဋ္ဌိတိ အလုံးစုံသောသတ္တာဝါသတို့၌။ ဟေတုဖလသမ္ဗန္ဓဝသေန၊ အကြောင်းအကျိုးစပ်သည်၏အစွမ်းဖြင့်။ ပဝတ္တမာနံ၊ အဆင့်ဆင့်ဖြစ်သော။ နာမရူပမတ္တမေဝ၊ မျှသည်သာလျှင်။ ခါယတိ၊ ထင်၏။
သော၊ ထိုယောဂီသည်။ ကာရဏတော၊ အကြောင်းတရားထက်။ ဥဒ္ဓံ၊ အလွန်။ ကာရကံ၊ ပြုတတ်သောဗြဟ္မာဗိဿနိုးစသောကတ္တားကို။ နေဝ ပဿတိ၊ မမြင်။ ဝိပါကပဝတ္တိတော၊ ဝိပါက်၏ အဆင့်ဆင့်ဖြစ်ခြင်းထက်။ ဥဒ္ဓံ၊ အလွန်။ ဝိပါကပဋိသံဝေဒကံ၊ ဝိပါက်ကိုခံစားတတ်သော ပုဂ္ဂိုလ်ကတ္တားကို။ န ပဿတိ၊ မမြင်။
ပန၊ စင်စစ်သော်ကား။ ကာ‌ရဏေ၊ အကြောင်းသည်။ သတိ၊ သော်။ ကာရကောတိ၊ ပြုတတ်သသူဟူ၍။ ဝိပါကပဝတ္တိယာ၊ ဝိပါက်၏အဆင့်ဆင့်ဖြစ်ခြင်းသည်။ သတိ၊ သော်။ ပဋိသံ‌ဝေဒကောတိ၊ ခံစားတတ်သသူဟူ၍။ သမညာမတ္တေန၊ ပညတ်မျှဖြင့်။ ပဏ္ဍိတာ၊ တို့သည်။ ဝေါဟရန္တိ၊ ခေါ်ဝေါ်ကုန်၏။ ဣစ္စေဝ၊ ဤသို့သာလျှင်။ အဿ၊ ထိုယောဂီသည်။ သမ္မပ္ပညာယ၊ အသင့်မြင်တတ်သော ဝိပဿနာပညာဖြင့်။ သုဒိဋ္ဌံ၊ ကောင်းစွာမြင်အပ်သည်။ ဟောတိ၊ ၏။
တေန၊ ထိုကြောင့်။ ပေါရာဏာ၊ ရှေးသူဟောင်းတို့သည်။
ကမ္မဿ။ ပ။ ပစ္စယာတိ၊ ဟူ၍။ အာဟု၊ ကုန်ပြီ။ ကမ္မဿ၊ ကို။ ကာ‌ရတော၊ ပြုတတ်သောသူသည်။ နတ္ထိ၊ မရှိ။ ဝိပါကဿ၊ ဝိပါက်ကို။ ဝေဒကော စ၊ ခံစားတတ်သောသူသည်လည်း။ နတ္ထိ၊ မရှိ။ သုဒ္ဓဓမ္မာ၊ သက်သက်သောနာမ်ရုပ်ဟုဆိုအပ်သော တရားတို့သည်သာလျှင်။ ပဝတ္တန္တိ၊ ကုန်၏။ ဧဝံဝိဓံ၊ ဤဆိုအပ်ပြီးသော သဘောရှိသော။ ဧတံ ဒဿနံ၊ ထိုသို့သောအမြင်သည်သာလျှင်။ သမ္မဒဿနံ-အဝိ-ပရီတဒဿနံ၊ မဖောက်မပြန် ဟုတ်မှန်သောအမြင်သည်။ ဟောတိ၊ ၏။
ဗီဇရုက္ခာဒိကာနံ၊ မျိုးစေ့သစ်ပင်စသည်တို့၏။ ပုဗ္ဗာ ကောဋိ၊ ရှေးဖြစ်သော အစွန်းအစကို။ န နာယတိ ဣဝ၊ မသိအပ်သကဲ့သို့။ ဧဝံ-တထာ၊ တူ။ သဟေတုကေ၊ အကြောင်းနှင့်တကွ။ ပဝတ္တမာနေ၊ ဖြစ်သော။ ကမ္မေ စ၊ ၌၎င်း။ ဝိပါကေ စ၊ ဝိပါက်၌၎င်း။ ပုဗ္ဗာကောဋိ၊ ရှေးဖြစ်သောအစွန်းအစကို။ န နာယတိ၊ မသိအပ်။ (အတီတေ ယထာ၊ ၌ကဲ့သို့။ ဧဝံ တထာ၊ တူ။) အနာ‌ဂတေပိ၊ အနာဂတ်အဓွန့်၌လည်း။ သံသာရေ၊ ခန္ဓာနဉ္စ ပဋိပါဋိ-ဤသို့စသည်ဖြင့်ဟောတော်မူအပ်သော သံသရာသည်။ သတိ၊ သော်။ ကမ္မဝိပါကာနံ၊ တို့၏။ အပ္ပဝတ္တံ၊ မဖြစ်ခြင်းသည်။ န ဒိဿတိ၊ မထင်။ ပဝတ္တိ ဧဝ၊ အဆက်ဆက် ဖြစ်ခြင်းသည်သာလျှင်။ ဒိဿတိ၊ ၏။ (လှန်)
[၂၃၈] ဧတမတ္ထံ၊ ကမ္မဿ ကာရကော နတ္ထိ- စသည်ဖြင့်ဆိုအပ်ပြီးသောဤအနက်ကို။ အနညာယ၊ မသိမူ၍။ ဝါ၊ မသိခြင်းကြောင့်။ တိတ္ထိယာ၊ တို့သည်။ အသယံဝသီ၊ မဖောက်မပြန်ဉာဏ်အမြင်ဟူသောမိမိအလိုသို့ မလိုက်ကုန်။ (မှားသောအားဖြင့် နှလုံးသွင်းခြင်းဟု ဆိုအပ်သောသူတစ်ပါးအလိုသို့ လိုက်ကုန်သည် ဟူလို)။ ယေ တိတ္ထိယာ၊ အကြင်တိတ္ထိတို့သည်။ သတ္တသညံ၊ ပရမတ္ထအားဖြင့် သတ္တဝါဖြစ်၏ဟူသော အမှတ်သညာကို။ ဂဟေတွာန၊ ယူကုန်၍။ သဿတုစ္ဆေဒဒဿိနော၊ သဿတအယူ, ဥစ္ဆေဒအယူ ရှိကုန်သည်ဖြစ်၍။ ဝါ၊ သဿတဥစ္ဆေဒအားဖြင့် ရှုကုန်သည်ဖြစ်၍။ ဒွါသဋ္ဌိဒိဋ္ဌိံ၊ ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာအယူကို။ ဂဏှန္တိ၊ ယူကုန်၏။ အညမညဝိရောဓိတာ၊ အချင်းချင်း အယူတို့ကို ဆန့်ကျင်စေအပ်ကုန်သော။ ဝါ၊ အယူအားဖြင့်အချင်းချင်းဆန့်ကျင်ကြကုန်သော။
ဒိဋ္ဌိဗန္ဓနဗဒ္ဓါ၊ မိစ္ဆာဒိဋ္ဌိဟူသော အနှောင်အဖွဲ့ဖြင့် ဖွဲ့အပ်ကုန်သော။ တေ တိတ္ထိယာ၊ တို့သည်။ တဏှာသောတေန၊ တဏှာတည်းဟူသောရေအယဉ်ဖြင့်။ ဝုယှရေ၊ မြောစုန်ကုန်၏။ တဏှာသောတေန၊ ဖြင့်။ ဝုယှန္တာ၊ မြောစုန်ကုန်သော။ တေ တိတ္ထိယာ၊ တို့သည်။ ဒုက္ခာ၊ ဆင်းရဲအပေါင်းမှ။ န ပမုစ္စရေ၊ မလွှတ်ကုန်။
ဧဝံ၊ သို့။ ဧတံ အတ္ထံ၊ ထိုဆိုအပ်ပြီးသောအနက်ကို။ ဗုဒ္ဓဿ၊ သဗ္ဗညုရှင်တော်ဘုရား၏။ သာဝကော၊ တပည့်ဖြစ်သော။ ဘိက္ခု၊ သည်။ အဘိညာယ၊ ထူးသောဉာဏ်ဖြင့်သိ၍။ ဂမ္ဘီရံ၊ နက်နဲသောဉာဏ်၏အာရုံဖြစ်သောကြောင့်နက်နဲစွာထသော။ နိပုဏံ၊ သိမ်မွေ့သောဉာဏ်၏အာရုံဖြစ်သောကြောင့်သိမ်မွေ့စွာ‌ထသော။ သုညံ၊ သတ္တဇီဝမှ ဆိတ်သော, ဝါ၊ တစ်ပါးသည် တစ်ပါး၏သဘောမှ ဆိတ်ထသော။ ပစ္စယံ၊ နာမ်ရုပ်၏အကြောင်းကို။ ပဋိဝိဇ္ဈတိ၊ ထိုးထွင်း၍။ (ထိုနာမ်ရုပ်၏အကြောင်းကိုထိုးထွင်း၍သိသဖြင့်ပင်လျှင်အလုံးစုံသောနာမ်ရုပ်ကိုထိုးထွင်း၍သိသည်ဟူလို)။
ဝိပါကမှိ၊ ဝိပါက်၌။ ကမ္မံ၊ သည်။ နတ္ထိ၊ မရှိ။ ဝိပါကော၊ ဝိပါက်သည်။ ကမ္မေ၊ ၌။ န ဝိဇ္ဇတိ၊ မရှိ။ ဥဘော၊ ကံနှင့်ဝိပါက်နှစ်ပါးတို့သည်။ အညမညံ၊ အချင်းချင်း။ သုညာ၊ ဆိတ်ကုန်၏။ ကမ္မံ၊ ကို။ ဝိနာ၊ ကြဉ်၍။ ဖလံ၊ အကျိုးသည်။ န စ ပဝတ္တတိ၊ မဖြစ်လျှင်းတည်း။
သူရိယေ၊ နေ၌။ အဂ္ဂိ၊ မီးသည်။ န အတ္ထိ၊ မရှိ။ မဏိမှိ၊ သူရိယကန်ကျောက်၌။ အဂ္ဂိ၊ မီးသည်။ န အတ္ထိ၊ မရှိ။‌ ဂေါမယေ၊ နွားချေး၌။ အဂ္ဂိ၊ မီးသည်။ န အတ္ထိ၊ မရှိ။ သော အဂ္ဂိ၊ ထိုမီးသည်။ တေသံ၊ ထိုနေစသည်တို့၏။ ဗဟိ၊ အပ၌။ န အတ္ထိ၊ မရှိ။ သမ္ဘာရေဟိ စ၊ နေပူ အစရှိသောအကြောင်းအဆောက်အဦးတို့ကြောင့်သာလျှင်။ အဂ္ဂိ၊ သည်။ ဇာယတိ ယထာ၊ သကဲ့သို့။
တထာ၊ တူ။ ကမ္မဿ၊ ၏။ အန္တော၊ အတွင်း၌။ ဝိပါကော၊ ကို။ န ဥပလဗ္ဘတိ၊ မရအပ်။ ကမ္မဿ၊ ၏။ ဗဟိဒ္ဓါပိ၊ အပ၌လည်း။ န ဥပလဗ္ဘတိ၊ မရအပ်။ တတ္ထ၊ ထိုဝိပါက်၌။ ကမ္မမ္ပိ၊ သည်လည်း။ န ဝိဇ္ဇတိ၊ မရှိ။
တံ ကမ္မံ၊ ထိုကံသည်။ ဖလေန၊ အကျိုးမှ။ သုညံ၊ ဆိတ်၏။ (သုညရှိမူ ဆန်းသို့လိုက်၍ နိဂ္ဂဟိတ်ကြေသည်) ဖလံ၊ သည်။ ကမ္မေ၊ ၌။ န ဝိဇ္ဇတိ၊ မရှိ။ ခေါ၊ စစ်။ ကမ္မဉ္စ၊ ကိုသာလျှင်။ ဥပါဒါယ၊ စွဲ၍။ တတော၊ ထိုကံကြောင့်။ ဖလံ၊ သည်။ နိဗ္ဗတ္တတေ၊ ဖြစ်၏။
ဟိ-သစ္စံ၊ ၏။ ဧတ္ထ၊ ဤသတ္တလောက၌။ သံသာရဿ၊ သံသရာကို။ ကာရကော၊ ပြုလုပ်ဖန်ဆင်းတတ်သော။ ဒေဝေါ ဝါ၊ နတ်သည်၎င်း။ ဗြဟ္မာ ဝါ၊ ဗြဟ္မာသည်၎င်း။ န အတ္ထိ၊ မရှိ။ ဟေတုသမ္ဘာရပစ္စယာ၊ အကြောင်းအပေါင်းဟူသောအကြောင်းကြောင့်။ ဝါ၊ ဇနကဟူသောဟေတုအကြောင်း ဥပတ္ထမ္ဘသမ္ဘာရဟူသော ပစ္စယအကြောင်းကြောင့်။ သုဒ္ဓဓမ္မာ၊ သက်သက်သော နာမ်ရုပ်တရားတို့သည်သာလျှင်။ ပဝတ္တန္တိ၊ အဆက်ဆက် အဆင့်ဆင့် ဖြစ်ကုန်၏။
ဧဝံ-ယထာဝုတ္တနယေန၊ ဖြင့်။ ကမ္မဝဋ္ဋဝိပါကဝဋ္ဋဝသေန၊ ဖြင့်။ နာမရူပဿ၊ ၏။ ပစ္စယပရိဂ္ဂဟံ၊ ကို။ ကတွာ၊ ၍။ ဝါ၊ ကြောင့်။ တီသုအဒ္ဓါသု၊ သုံးပါးသောအဓွန့်တို့၌။ ပဟီနဝိစိကိစ္ဆဿ၊ ပယ်အပ်ပြီးသောဝိစိကိစ္ဆာရှိ‌သော။ တဿ၊ ထိုယောဂီအား။ သဗ္ဗေ၊ ကုန်သော။ အတီတာနာဂတပစ္စုပ္ပန္နဓမ္မာ၊ တို့သည်။ စုတိပဋိသန္ဓိဝသေန၊ အစွမ်းဖြင့်။ ဝိဒိတာ၊ ထင်ရှားကုန်သည်။ ဟောန္တိ၊ ကုန်၏။ (သာဿ-ကို သာ အဿဖြတ်) သာ၊ ထိုနာမရူပပရိဂ္ဂဟနှင့် ပစ္စယပရိဂ္ဂဟကို ပြုကြောင်းဖြစ်သောပညာသည်။ အဿ-ယောဂိနော၊ ၏။ ဉာတပရိညာ၊ (ဣဒံ နာမံ ဧတ္တကံ နာမံ ဤသို့ စသည်ဖြင့်၎င်း, တဿ အယံ ပစ္စယော ဧတ္တကော ပစ္စယော ဤသို့စသည်ဖြင့်၎င်း) ပိုင်းခြားသည်၏အစွမ်းအားဖြင့် သိခြင်းရှိသော။ ဝါ၊ သိအပ်သောနာမ်ရုပ်နှင့်အကြောင်းတရားတို့ကိုပိုင်းခြား၍သိသောပရိညာသည်။ ဟောတိ၊ ၏။
သော၊ ထိုယောဂီသည်။ ဧဝံ၊ ဤသို့ဆိုလတံ့သော အခြင်းအရာအားဖြင့်။ ပဇာနာတိ၊ အပြားအားဖြင့် သိ၏။ အတီတေ၊ အတိတ်ဖြစ်သောဘဝ၌။ ကမ္မပစ္စယာ၊ ကံဟူသောအကြောင်းကြောင့်။ နိဗ္ဗတ္တာ၊ ကုန်သော။ ယေ ခန္ဓာ၊ အကြင်ခန္ဓာတို့သည်။ ဟောန္တိ၊ ကုန်၏။ တေ၊ ထိုအတိတ်ဖြစ်သောဘဝ၌ကံဟူသောအကြောင်းကြောင့်ဖြစ်ကုန်သောခန္ဓာတို့သည်။ တတ္ထေဝ၊ ထိုအတိတ်ဘဝ၌သာလျှင်။ နိရုဒ္ဓါ၊ ချုပ်ကုန်ပြီ။ ပန၊ စင်စစ်သော်ကား။ အတီတကမ္မပစ္စယာ၊ အတိတ်ကံဟူသောအကြောင်းကြောင့်။ ဣမသ္မိံ ဘဝေ၊ ဤပစ္စုပ္ပန်ဘဝ၌။ အညေ၊ အတိတ်ဘဝခန္ဓာမှတစ်ပါးကုန်သောခန္ဓာတို့သည်။ နိဗ္ဗတ္တာ၊ ကုန်၏။ အတီတဘဝတော၊ မှ။ ဣမံဘဝံ၊ ဤပစ္စုပ္ပန်ဘဝသို့။ အာဂတော၊ လာသော။ ဧကဓမ္မောပိ၊ တစ်ခုသောတရားသည်လည်း။ နတ္ထိ၊ မရှိ။ ဣမသ္မိမ္ပိ ဘဝေ၊ ဤပစ္စုပ္ပန်ဘဝ၌လည်း။ ကမ္မပစ္စယေန၊ ကံဟူသောအကြောင်းကြောင့်။ နိဗ္ဗတ္တာ၊ ကုန်သော။ ခန္ဓာ၊ တို့သည်။ နိရုဇ္ဈိဿန္တိ၊ အမြဲမတည် မရှည်မကြာ ချုပ်ကုန်လတံ့။ ပုနဗ္ဘဝေ၊ တစ်ဖန်ဘဝသစ်၌။ အညေ၊ ကုန်သောခန္ဓာတို့သည်။ နိဗ္ဗတ္တိဿန္တိ၊ ကမ္မပစ္စယကြောင့် ဖြစ်ကြကုန်လတံ့။ ဣမမှာ ဘဝါ၊ ဤပစ္စုပ္ပန်ဘဝမှ။ ပုနဗ္ဘဝံ၊ တစ်ဖန်ဘဝသစ်သို့။ ဧကဓမ္မောပိ၊ မျှလည်း။ န ဂမိဿတိ၊ မသွားလတံ့။
အပိ စ ခေါ၊ စင်စစ်သော်ကား။ အာစရိယမုခတော၊ ဆရာ၏ ခံတွင်းမှ။ သဇ္ဈာယော၊ သရဇ္ဈာယ်သံသည်။ အန္တေဝါသိကဿ၊ တပည့်၏။ မုခံ၊ ခံတွင်းသို့။ န ပဝိသတိ၊ မဝင်။ တပ္ပစ္စယာ၊ ထိုဆရာ၏ သရဇ္ဈာယ်ခြင်းဟူသောအကြောင်းကြောင့်။ [၂၃၉] တဿ၊ ထိုတပည့်၏။ မုခေ၊ ခံတွင်း၌။ သဇ္ဈာယော၊ ခြင်းသည်။ န စ န ပဝတ္တတိ၊ မဖြစ်သည်လည်းမဟုတ်။ ပဝတ္တတိ ဧဝ၊ ဖြစ်သည်သာတည်း။ ဒူတေန၊ သူနာစေခိုင်းအပ်သောတမန်သည်။ မန္တောဒကံ၊ ဆေးသွား၏ မန္တရားရေကို။ ဝါ၊ ‌ ရေမန်းကို။ ပီတံ၊ သောက်အပ်၏။ တံ၊ ထိုတမန်သောက်အပ်သောဆေးသ္မား၏မန္တရားရေသည်။ ယောဂိနော၊ အနာရှိသောသူ၏။ ဥဒရံ၊ ဝမ်းသို့။ န ပဝိသတိ၊ မဝင်။ တပ္ပစ္စယာ၊ ထိုဆေးသ္မား၏ မန္တရားရေကို တမန်သောက်ခြင်းဟူသောအကြောင်းကြောင့်။ တဿ၊ ထိုသူနာ၏။ ရောဂေါ၊ ရောဂါသည်။ န စ န ဝူပသမ္မတိ၊ မငြိမ်းသည်လည်းမဟုတ်။ ဝူပသမ္မတိ ဧဝ၊ ငြိမ်းသည်သာတည်း။ မုခေ၊ မျက်နှာ၌။ မဏ္ဍနဝိဓာနံ၊ ဆင်ယင်ပြုပြင်အပ်သောတန်းဆာသည်။ အာဒါသတလာဒီသု၊ ကြေးမုံပြင် စသည်တို့၌။ မုခနိမိတ္တံ၊ ထင်သောမျက်နှာရိပ်သို့။ န ဂစ္ဆတိ၊ မသွား။ တပ္ပစ္စယာ၊ ထိုမျက်နှာ၌ ဆင်ယင်ပြုပြင်အပ်သောတန်းဆာဟူသောအကြောင်းကြောင့်။ တတ္ထ၊ ထိုကြေးမုံပြင်အစရှိသည်တို့၌။ မဏ္ဍနဝိဓာနံ၊ ပြုပြင်ဆင်ယင်အပ်သောတန်းဆာသည်။ န စ န ပညာယတိ၊ မထင်သည်လည်းမဟုတ်။ ပညာယတိ ဧဝ၊ သာတည်း။ ဧကိဿာ ဝဋ္ဋိယာ၊ တစ်ခုသောဆီမီးစာမှ။ ဒီပသိခါ၊ ဆီမီးလျှံသည်။ အညံ ဝဋ္ဋံ၊ တစ်ပါးသောဆီမီးစာသို့။ န သင်္ကမတိ၊ မပြောင်း။ တပ္ပစ္စယာ၊ ထိုမူလဆီမီးစာ၌တည်သောမီးလျှံဟူသောအကြောင်းကြောင့်။ တတ္ထ၊ ထိုတစ်ပါးသောဆီမီးစာ၌။ ဒီပသိခါ၊ သည်။ န စ န နိဗ္ဗတ္တတိ၊ မဖြစ်သည်ကားမဟုတ်။ နိဗ္ဗတ္တတိ ဧဝ ယထာ၊ ဖြစ်သည်သာလျှင်ဖြစ်သကဲ့သို့။ ဧဝမေဝ၊ တူ။ အတီတဘဝတော၊ အတိတ်ဘဝဟောင်းမှ။ ဣမံ ဘဝံ၊ ဤပစ္စုပ္ပန် ဘဝသစ်သို့။ ကောစိ ဓမ္မော၊ တစ်စုံတစ်ခုသော ခန္ဓာဟူသောတရားသည်။ န သင်္ကမတိ၊ မပြောင်း။ ဣတော ဝါ၊ ဤပစ္စုပ္ပန်ဘဝမှမူလည်း။ ပုနဗ္ဘဝံ၊ တစ်ဖန်ဘဝသစ်သို့။ ကောစိ ဓမ္မော၊ သည်။ န သင်္ကမတိ၊ မပြောင်းမသွား။ အတီတဘဝေ၊ ဘဝဟောင်း၌။ ခန္ဓာယတနဓာတုပစ္စယာ၊ ခန္ဓာအာယတနဓာတ်ဟူသောအကြောင်းကြောင့်။ ဣဓ၊ ဤပစ္စုပ္ပန်ဘဝ၌။ ခန္ဓာယတနဓာတုယော၊ တို့သည်။ န စ န နိဗ္ဗတ္တတိ၊ မဖြစ်သည်ကားမဟုတ်။ နိဗ္ဗတ္တတိ ဧဝ၊ သာတည်း။ ဣဓ ဝါ၊ ၌မူလည်း။ (နိဗ္ဗတ္တာ၊ ကုန်သော။) ခန္ဓာယတနဓာတုပစ္စယာ၊ ခန္ဓာယတနဓာတ်ဟူသောအကြောင်းကြောင့်။ ပုနဗ္ဘဝေ၊ တစ်ဖန်ဘဝသစ်၌။ ခန္ဓာယတနဓာတုယော၊ တို့သည်။ န စ န နိဗ္ဗတ္တန္တိ၊ မဖြစ်ကုန်သည်ကားမဟုတ်။ နိဗ္ဗတ္တန္တိဧဝ၊ ကုန်သည်သာတည်း။ ဣတိ၊ သို့။ ပဇာနာတိ၊ သိ၏။
မနောဓာတုအနန္တရံ၊ ကြိယာမနောဓာတ်၏အခြားမဲ့၌။ (လဗ္ဘမာနံ၊ ရအပ်သော။) စက္ခုဝိညာဏံ၊ သည်။ န စေဝ အာဂတံ၊ ကြိယာမနောဓာတ်မှလာသည်လည်းမဟုတ်။ အနန္တရံ၊ ထိုကြိယာမနောဓာတ်၏အခြားမဲ့၌။ နာပိ န နိဗ္ဗတ္တံ၊ မဖြစ်သည်လည်းမဟုတ်။ (နိဗ္ဗတ္တမေဝ၊ ဖြစ်သည်သာလျှင်။ ဟောတိ) ယထေဝ၊ သို့လျှင်။
တထေဝ၊ တူလျှင်။ ပဋိသန္ဓိမှိ၊ ၌။ စိတ္တသန္တတိ၊ စိတ်၏အစဉ်သည်။ ဝတ္တတေ၊ ဖြစ်၏ စုတိစိတ်မှ မလာသော်လည်း ပဋသိန္ဓေစိတ်သည် ထိုစုတိစိတ်မှအခြားမဲ့၌ မဖြစ်သည်ကားမဟုတ် ပစ္စယသာမဂ္ဂီ၏အစွမ်းဖြင့် ဖြစ်သည်သာလျှင်ဟူလို။ ဤ၌ သန္တတိ-သဒ္ဒါဖြင့်လည်း တစ်စုံတစ်ခုမှလာခြင်းမရှိသည်ကို ထင်စွာပြသတည်း။ အဘယ်ကြောင့်နည်း။ ‌ဟေတုဖလအဖြစ်ဖြင့် စပ်သည်ဖြစ်၍ ချဲ့တတ်သော၊ ဝါ၊ ကျယ်ပွါး‌တတ်သော ဓမ္မတို့၏ ဖြစ်ခြင်းသည်ပင်လျှင် သန္တတိမည်သောကြောင့်တည်း။ ထိုကြောင့် ပုရိမံ ဘိဇ္ဇတိ စိတ္တံ-စသည်ဆိုသည်။ ။ ပုရိမံ၊ ရှေး၌ဖြစ်သော။ စိတ္တံ၊ စုတိစိတ်သည်။ ဘိဇ္ဇတိ၊ ပျက်၏။ (တတော၊ ထိုသို့စုတိစိတ်မှ။ အနန္တရံ၊ အခြားမဲ့၌လျှင်။) ပစ္ဆိမံ၊ နောက်ဖြစ်သောပဋိသန္ဓေစိတ်သည်။ ဇာယတိ၊ ဖြစ်၏။ (ဇာယတီကား ကာမတော ဇာယတီ သောကော-ကဲ့သို့ ဆန်းဒီဃတည်း)။
တေသံ၊ ထိုစုတိပဋိသန္ဓေတို့၏။ အန္တရိကာ၊ ခြားဆီးခြင်းကို ပြုတတ်သော တစ်စုံတစ်ခုသောတရားသည်။ နတ္ထိ၊ ရှိ။ (ဝီစိ တေသံ န ဝိဇ္ဇတိ-ကား ထို၏သာလျှင်ဝေဝုစ်တည်း) တေသံ၊ စုတိစိတ် ပဋိသန္ဓေစိတ်တို့၏။ ဝီစိ၊ အကြားသည်။ န ဝိဇ္ဇတိ၊ မရှိ။ ဣတော၊ ဤစုတိစိတ်မှ။ ကိဉ္စိ၊ တစ်စုံတစ်ခုသောတရားသည်။ န စ ဂစ္ဆတိ၊ သွားသည်လည်းမဟုတ်။ အညမေဝ၊ စုတိစိတ်မှတစ်ပါးသာလျှင်ဖြစ်သော။ ပဋိသန္ဓိ စ၊ ပဋိသန္ဓေ ဝိညာဉ်သည်လည်း။ ဇာယတိ၊ အကြောင်းအားလျော်စွာဖြစ်၏။ ဣတိ၊ သို့။ ပဇာနာတိ၊ သိ၏။
ဧဝံ-ယထာဝုတ္တနယေန၊ ဖြင့်။ စုတိပဋိသန္ဓိဝသေန၊ စုတိပဋိသန္ဓေ၏အစွမ်းဖြင့်။ ဝိဒိတသဗ္ဗဓမ္မဿ၊ သိအပ်ပြီးသောအလုံးစုံသောတေဘူမက တရားရှိသော ယောဂီ၏။ သဗ္ဗာကာရေန၊ ခပ်သိမ်းသောအခြင်းအရာအားဖြင့်။ နာမရူပဿ၊ ၏။ ပစ္စယပရိဂ္ဂဟဉာဏံ၊ အကြောင်းကိုသိမ်းဆည်းသောဉာဏ်သည်။ ထာမဂတံ၊ သန်မြန်သောအားအစွမ်းသို့ရောက်သည်။ ဟောတိ၊ ၏။ သောဠသဝိဓာ ကင်္ခါ၊ တစ်ဆယ့်ခြောက်ပါးအပြားရှိသောယုံမှားခြင်းသည်။ သုဋ္ဌုတရံ၊ လွန်မင်းစွာ။ ပဟီယတိ၊ ပျောက်ကင်း၏။
ကေဝလဉ္စ၊ သက်သက်သော်ကား။ သာ ဧဝ၊ ထိုတစ်ဆယ့်ခြောက်ပါးအပြားရှိသောယုံမှားခြင်းသည်သာလျှင်။ ပဟီယတိ၊ ကင်းသည်။ န၊ မဟုတ်သေး။ သတ္ထရိ ကင်္ခတီတိအာဒိနယပ္ပဝတ္တာ၊ သတ္ထရိကင်္ခတိဤသို့စသောနည်းဖြင့်ဖြစ်သော။ အဋ္ဌဝိဓာ၊ သော။ ကင်္ခါပိ၊ ယုံမှားခြင်းသည်လည်း။ ပဟီယတိယေဝ၊ ပျောက်ကင်းသည်သာတည်း။ ဒွါသဋ္ဌိဒိဋ္ဌိဂတာနိ၊ ခြောက်ဆယ့်နှစ်ပါးသောမိစ္ဆာအယူတို့သည်လည်း။ ဝိက္ခမ္ဘန္တိ ဧဝ၊ ကွာကုန်သည်သာတည်း။
ဧဝံ၊ သို့။ နာနာနယေဟိ၊ အထူးထူးသောနည်းတို့ဖြင့်။ နာမရူပပစ္စယပရိဂ္ဂဟဏေန၊ နာမ်ရုပ်၏အကြောင်းကိုသိမ်းဆည်းခြင်းဖြင့်။ တီသု အဒ္ဓါသု၊ တို့၌။ ကင်္ခံ၊ ကို။ ဝိတရိတွာ-ဝိက္ခမ္ဘိတွာ၊ ခွါ၍။ ဌိတံ၊ သော။ ဉာဏံ၊ ကို။ ကင်္ခါဝိတရဏဝိသုဒ္ဓီတိ၊ ဟူ၍။ ဝေဒိတဗ္ဗံ၊ ၏။
ဓမ္မဋ္ဌိတိဉာဏန္တိပိ၊ ဓမ္မဋ္ဌိတိဉာဏံဟူသောအမည်သည်၎င်း။ ယထာဘူတဉာဏန္တိပိ၊ ယထာဘူတဉာဏံဟူသောအမည်သည်၎င်း။ သမ္မာဒဿနန္တိပိ၊ သမ္မာဒဿနံဟူသောအမည်သည်၎င်း။ ဧတဿေဝ၊ ထိုကင်္ခါဝိတရဏဝိသုဒ္ဓိ၏သာလျှင်။ ဝေစနံ၊ ‌ ဝေဝုစ်တည်း ဓရိယန္တိ အတ္တနော ပစ္စယေဟီတိ ဓမ္မာ။ ယေ ပစ္စယုပ္ပန္နာ၊ အကြင်ပစ္စယုပ္ပန်တရားတို့ကို။ အတ္တနော၊ ၏။ ပစ္စယေဟိ၊ ပစ္စည်းတရားတို့သည်။ ဓရိယန္တိ၊ ဆောင်အပ်ကုန်၏။ ဣတိ-တသ္မာ၊ ကြောင့်။ တေ ပစ္စယုပ္ပန္နာ၊ တို့သည်။ ဓမ္မာ၊ မည်ကုန်၏။ အကျိုးတရားရသတည်း။ တိဋ္ဌတိ ဧတ္ထ တဒါယတ္တဝုတ္တိတာယ ဖလန္တိ ဌိတိ။ ဧတ္ထ၊ ဤအကြောင်းတရား၌။ တဒါယတ္တဝုတ္တိတာယ၊ ထိုအကြောင်းနှင့်စပ်သော ဖြစ်ခြင်းရှိသည်၏အဖြစ်ကြောင့်။ ဖလံ၊ အကျိုးသည်။ တိဋ္ဌတိ၊ တည်တတ်၏။ ဣတိ-တသ္မာ၊ ထိုသို့တည်ရာ၏အဖြစ်ကြောင့်။ ဌိတိ၊ မည်၏။ အကျိုး၏တည်ရာအကြောင်းရ၏။ အကြောင်းနှင့်စပ်၍ဖြစ်သည်ကိုပင် အကြောင်း၌တည်သည်ဟူ၍ ဆိုသည်။ ဓမ္မာနံ ဌိတိ ဓမ္မဋ္ဌိတိ။ အကြောင်းတရား၎င်းရ၏။ တစ်နည်း ဓမ္မ ပဋိသမ္ဘိဒါ စသည်တို့၌ကဲ့သို့ ဓမ္မကား ကာရဏဟောတည်း၊ ဌိတိကား သဘာဝဝါစကတည်း။ ဓမ္မဿ ဌိတိသဘာဝေါ ဓမ္မဋ္ဌိတိ၊ ဓမ္မမှတစ်ပါးအသီးအခြား သဘောမည်သည်မရှိခဲ့ရကားအကြောင်းဖြစ်သော ပစ္စယဓမ္မတို့၏ကျေးဇူးပြုတတ်သည်၏အဖြစ်တည်းဟူသောသတ္တိသဘောသည် ဓမ္မဋ္ဌိတိမည်သတည်း။ ဓမ္မဋ္ဌိတိယံ ဉာဏံ ဓမ္မဋ္ဌိတိဉာဏံ။ ဓမ္မဋ္ဌိတိယံ၊ အကျိုးတရားတို့၏ တည်ရာအကြောင်းတရား၌၊ ရှေးဝိကပ်အလို။ ဓမ္မဋ္ဌိတိယံ ၊ အကြောင်းတရား၏ ကျေးဇူးပြုတတ်သည်၏အဖြစ်တည်းဟူသော သတ္တိသဘော၌၊ နောက်ဝိကပ်အလို။ ပဝတ္တံ၊ သော။ ဉာဏံ၊ သည်။ ဓမ္မဋ္ဌိတိဉာဏံ၊ မည်၏။ သင်္ခါရာနံ ယံ ယံ ဘူတံ ယထာဘူတံ။ သင်္ခါရာနံ၊ တို့၏။ ယံ ယံ၊ အကြင် အကြင်သို့သော။ ဘူတံ၊ ဟုတ်မှန်သောသဘောတည်း။ ယထာဘူတံ၊ အကြင် အကြင်သို့သော ဟုတ်မှန်သော‌သဘော။ သင်္ခါရတို့၏ မဖောက်မပြန်ဟုတ်မှန်သော အနိစ္စတာစသော သ‌ဘောရ၏။ ယထာဘူတေ ဉာဏံ ယထာဘူတဉာဏံ။ ယထာဘူတေ၊ သင်္ခါရတို့၏ အကြင် အကြင် မဖောက်မပြန်ဟုတ်မှန်သော အနိစ္စတာစသောသဘော၌။ ပဝတ္တံ၊ သော။ ဉာဏံ၊ သည်။ ယထာဘူတဉာဏံ၊ မည်၏။ သမ္မာပဿတီတိ သမ္မာဒဿနံ။ သမ္မာ၊ မဖောက်မပြန်။ ပဿတိ၊ မြင်တတ်၏။ ဣတိ-တသ္မာ၊ ကြောင့်။ သမ္မာဒဿနံ၊ မည်၏။ ။ ဟိ-သစ္စံ၊ ၏။ အဝိဇ္ဇာပစ္စယော။ ပ။ ဓမ္မဋ္ဌိတိဉာဏန္တိ၊ ဟူသော။ ဧတံ-ဝစနံ၊ ကို။ ဘဂဝတာ၊ သည်။
ဝုတ္တံ၊ ၏။
[အဝိဇ္ဇာ၊ သည်။ ပစ္စယော၊ ဟေတုသဟဇာတစသော သတ္တိဖြင့်သင်္ခါရတို့အား ယထာရဟကျေးဇူးပြုတတ်သည်။ ဟောတိ၊ ၏။ (တတော ဧဝ၊ ထိုသို့အဝိဇ္ဇာကျေးဇူးပြုသည်၏အဖြစ်ကြောင့်သာလျှင်။) သင်္ခါရာ၊ တို့သည်။ ပစ္စယသမုပ္ပန္နာ၊ အဝိဇ္ဇာဟူသောအကြောင်းကြောင့်ဖြစ်ကုန်သည်။ ဟောန္တိ၊ ကုန်၏။
ဥဘောပိ၊ အဝိဇ္ဇာသင်္ခါရနှစ်ပါးလည်းဖြစ်ကုန်သော။ ဧတေ ဓမ္မာ၊ တို့သည်။ ပစ္စယသမုပ္ပန္နာ၊ ပစ္စည်းကြောင့် ဖြစ်ကုန်သည်။ ဟောန္တိ၊ ကုန်၏။ ဣတိ ဧဝံ၊ သို့။ ပစ္စယပရိဂ္ဂဟေ၊ အကြောင်းကိုသိမ်းဆည်းခြင်း၌။ (ပဝတ္တာ၊ သော။) ပညာ၊ သည်။ ဓမ္မဋ္ဌိတိဉာဏံ၊ မည်၏။
အနိစ္စတော၊ အနိစ္စအားဖြင့်။ (တစ်နည်း) အနိစ္စတော အနိစ္စဣတိ၊ အနိစ္စဟူ၍။ မနသိ ကရောန္တော၊ နှလုံးသွင်းသောပုဂ္ဂိုလ်သည်။ ကတမေဓမ္မေ၊ အဘယ်တရားတို့ကို။ ယထာဘူတံ၊ မဖောက်မပြန်ဟုတ်မှန်သောသဘောအလျောက်။ ဝါ၊ အကြင် အကြင် မဖောက်မပြန်ဟုတ်မှန်သောသဘောအားဖြင့်။ (ဤနောက်ဝိကပ်၌ အဗျယီဘောသမာသ်ဖြစ်၍ တတိယာ နာ ကို အံ-ရေးသည်) ဇာနာတိ၊ သိသနည်း။ ပဿတိ၊ မြင်သနည်း။ ကထံ၊ အဘယ်သို့သောအကြောင်းကြောင့်။ သမ္မာဒဿနံ၊ မဖောက်မပြန်အဟုတ်အမှန် မြင်တတ်သည်မည်သည်။ ဟောတိ၊ နည်း။ ကထံ၊ အသို့။ တဒနွယေန၊ ထိုသို့မြင်အပ်ပြီးသည်ကိုအစဉ်မှီးသဖြင့်။ သဗ္ဗေ သင်္ခါရာ၊ ခပ်သိမ်းကုန်သောသင်္ခါရတို့သည်။ အနိစ္စတော၊ အားဖြင့်။ ဝါ၊ ဟူ၍။ သုဒိဋ္ဌာ၊ ကောင်းစွာမြင်အပ်ကုန်သည်။ ဟောန္တိ၊ ကုန်သနည်း။ ကတ္ထ၊ အဘယ်တရား၌။ ကင်္ခါ၊ သည်။ ပဟီယတိ၊ ပျောက်ကင်းသနည်း။
ဒုက္ခတော၊ အားဖြင့်။ ပ။ အနတ္တတော၊ အားဖြင့်။ မနသိ ကရောန္တော၊ သည်။ ကတမေ ‌ဓမ္မေ၊ တို့ကို။ ယထာဘူတံ၊ သဘောအလျောက်။ ဝါ၊ သဘောအားဖြင့်။ ဇာနာတိ၊ နည်း။ ပဿတိ၊ နည်း။ ပ။ ကတ္ထ၊ ၌။ ကင်္ခါ၊ သည်။ ပဟီယတိ၊ နည်း။ ဣတိ-အယံ၊ သည်ကား။ ပုစ္ဆာ၊ တည်း ဤသို့ ‌အမေးပုစ္ဆာဖြစ်လတ်သော် သင်္ခါရတရားဟူသော နိမိတ်ကို ဤ၌ နိမိတ်ဟူ၍လိုအပ်သတည်း၊ ကသိုဏ်းနိမိတ် စသည်ကိုကား မလိုအပ်သတည်း။ သရုပ်အားဖြင့် မူကား ငါးပါးသောခန္ဓာတို့သည် သင်္ခါရနိမိတ်မည်သတည်း။ အဘယ့်ကြောင့်နည်း? အပေါင်းအခဲဟုမှတ်သော ဃနသညာဖြစ်ခြင်း၏ အကြောင်း၏ အဖြစ်ကြောင့် နိမိတ်မည်သတည်း။ တစ်နည်း လုံးလုံး‌လျောင်းလျောင်း တရားအထည်ကိုယ်ရှိသည်၏အဖြစ်ဖြင့် ဉာဏ်အားထင်ခြင်းကြောင့် နိမိတ်မည်သတည်း။ အကြင်ကြောင့်ကား အနိစ္စ၏ အဖြစ်မည်သည် သင်္ခါရတရာ.တို့၏ မဖောက်မပြန်မှန်သောအခြင်းအရာမည်သတည်း။ အဘယ်ကြောင့်နည်း? ထိုသင်္ခါရတရားတို့၌ မြဲသော နိစ္စအဖြစ်၏ အမြွက်မျှ၏လည်း မရှိခြင်းကြောင့် မဖောက်မပြန် မှန်သောအခြင်းအရာ မည်သတည်း။ ထိုကြောင့်ရကား အနိစ္စအားဖြင့်ရှုသော ယောဂီသည် မဖောက်မပြန် ဟုတ်မှန်သောသဘောအလျောက် ဝါ၊ အကြင် အကြင် မဖောက်မပြန် ဟုတ်မှန်သောသဘောဖြင့် သင်္ခါရတို့ကို သိသည်မည်သတည်း။ ထိုယထာဘူတ သိတတ်သောဉာဏ်သည်လည်း မဖောက်မပြန်ဟုတ်မှန်သောသဘောကို ယူတတ်မှတ်တတ်သည်၏အဖြစ်ကြောင့် သမ္မာဒဿနမဖောက်မပြန် အမှန်မြင်တတ်သည် မည်သတည်း။ ထိုယထာဘူတ သမ္မာဒဿန ပြည့်စုံသော ယောဂီသည်လည်း ပစ္စုပ္ပန်တရားတို့၌ကဲ့သို့ အတိတ််အနာဂတ်တရားတို့၌လည်း နည်းကိုဆောင်သည်ဖြစ်၍ ထိုအတိတ်အနာဂတ် ပစ္စုပ္ပန်တရားတို့သည် လှံမစောက်ထက်ဝန်းကျင်အားဖြင့် သိအပ်ကုန်သည် ဖြစ်သတည်း။ အနိစ္စ၏အဖြစ်မည်သည်လည်း ဖြစ်ခြင်းရှိသောတရား၏ အခြင်းအရာတည်း။ ဖြစ်သည်ပြီးသည်ရှိသော် ဝါ၊ ထင်ရှားသည်ရှိသော် သင်္ခါရတို့၏ သပစ္စယအဖြစ်ကို ပြီးစေသည်ဖြစ်၍ ယထာဝုတ္တသင်္ခါရကိုပယ်ခြင်းငှါ ကောင်းစွာဖြစ်သတည်း။ ဤသို့သော အနက်ကိုပြလိုသည်ဖြစ်၍ အနိစ္စတော မနသိ ကရောန္တော နိမိတ္တံ ယထာဘူတံ ဇာနာတိ-စသည်ကိုမိန့်သည်။ ။
[၂၄၀] အနိစ္စတော၊ အားဖြင့်။ မနသိ ကရောန္တော၊ သည်။ နိမိတ္တံ၊ သင်္ခါရနိမိတ်ကို။ ဝါ၊ ဃနသညာဖြစ်ခြင်း၏ အကြောင်း၏အဖြစ်ကြောင့်နိမိတ္တမည်သော သင်္ခါရပဉ္စက္ခန္ဓာကို။ ဝါ၊ လုံးလုံးလျောင်းလျောင်း တရားကိုယ်အထည်ရှိသည်၏အဖြစ်ဖြင့် ဉာဏ်အားထင်ခြင်းကြောင့် နိမိတ္တမည်သော ပဉ္စက္ခန္ဓာကို။ ယထာဘူတံ၊ အလျောက်။ ဝါ၊ အားဖြင့်။ ဇာနာတိ၊ ၏။ ပဿတိ၊ ၏။ တေန၊ ထိုသို့ ယထာဘူတမြင်ခြင်းကြောင့်။ သမ္မာဒဿနံ၊ မ‌ဖောက်မပြန် အမှန်မြင်တတ်သော တရားဟူ၍။ ဝုစ္စတိ၊ ၏။
ဧဝံ၊ သို့။ တဒနွယေန၊ ထိုသို့ပစ္စက္ခအားဖြင့် သိအပ်သည်ကို အစဉ်မှီးသဖြင့်။ သဗ္ဗေ၊ ကုန်သော။ သင်္ခါရာ၊ တို့သည်။ အနိစ္စတော၊ အားဖြင့်။ သုဒိဋ္ဌာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။
ဧတ္ထ-ယထာဒိဋ္ဌေသု ဓမ္မေသု၊ ဤယခင်မြင်အပ်ပြီးသောတရားတို့၌။ ကင်္ခါ၊ သည်။ ပဟီယတိ၊ ပျောက်ကင်း၏။
ဒုက္ခတော၊ အားဖြင့်။ မနသိ ကရောန္တော၊ သည်။ ပဝတ္တံ၊ ကိလေသအဘိသင်္ခါရတို့ကြောင့်အဆင့်ဆင့်ဖြစ်သော ဥပါဒိန္နခန္ဓာကို။ ယထာဘူတံ၊ အလျောက်။ ဝါ၊ အားဖြင့်။ ဇာနာတိ၊ ၏။ ပဿတိ၊ ၏။ ပ။ အနတ္တတော၊ အားဖြင့်။ မနသိ ကရောန္တော၊ သည်။ နိမိတ္တဉ္စ၊ သင်္ခါရနိမိတ်ကို၎င်း။ ပဝတ္တဉ္စ၊ ကိလေသအဘိသင်္ခါရတို့ကြောင့်အဆင့်ဆင့်ဖြစ်သောဥပါဒိန္နခန္ဓာကို၎င်း။ ယထာဘူတံ၊ အလျောက်။ ဝါ၊ အားဖြင့်။ ဇာနာတိ၊ ၏။ ပဿတိ၊ ၏။ တေန၊ ထိုသို့ ယထာဘူတမြင်ခြင်းကြောင့်။ သမ္မာဒဿနံ၊ မဖောက်မပြန် အမှန်မြင်တတ်သောတရားဟူ၍။ ဝုစ္စတိ၊ ၏။
ဧဝံ၊ သို့။ တဒနွယေန၊ မှီးသဖြင့်။ သဗ္ဗေ၊ ကုန်သော။ ဓမ္မာ၊ သဘောတရားတို့သည်။ အနတ္တတော၊ အားဖြင့်။ သုဒိဋ္ဌာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။
ဧတ္ထ- ယထာဒိဋ္ဌေသု ဓမ္မေသု၊ တရားတို့၌။ ကင်္ခါ၊ သည်။ ပဟီယတိ၊ ပျောက်ကင်း၏။
ယဉ္စ ယထာဘူတဉာဏံ၊ အကြင် ယထာဘူတဉာဏ်သည်၎င်း။ ယဉ္စ သမ္မာဒဿနံ၊ အကြင် သမ္မာဒဿနဉာဏ်သည်၎င်း။ ယာ စ ကင်္ခါဝိတရဏာ၊ အကြင် ကင်္ခါဝိတရဏဉာဏ်သည်၎င်း။ အတ္ထိ၊ ၏။ ဣမေ ဓမ္မာ၊ ဤသုံးပါးသော ဉာဏ်ပညာတရားတို့သည်။ နာနတ္ထာ၊ ထူးသောအနက်ရှိကုန်သလော။ ဝါ၊ အနက်အားဖြင့် ထူးပြားကြကုန်သ‌‌လော။ နာနာဗျဉ္ဇနာ၊ ထူးသောသဒ္ဒါရှိကုန်သ‌‌လော။ ဝါ၊ သဒ္ဒါအားဖြင့် ထူးပြားကြကုန်သလော။ ဥဒါဟု၊ ထိုသို့မဟုတ်မူကား။ ဧကတ္ထာ၊ တူသောအနက်ရှိကုန်သလော။ ဝါ၊ အနက်အားဖြင့်တူကြကုန်သလော။ ဗျဉ္ဇနမေဝ၊ သဒ္ဒါမျှသည်သာလျှင်။ နာနံ၊ ထူးခြားကွဲပြားသ‌လော။ ဣတိ အယံ၊ ကား။ ပုစ္ဆာ၊ တည်း။
ယဉ္စ ယထာဘူတဉာဏံ၊ အကြင်ယထာဘူတဉာဏ်သည်၎င်း။ ယဉ္စ သမ္မာဒဿနံ၊ အကြင်သမ္မာဒဿနဉာဏ်သည်၎င်း။ ယာ စ ကင်္ခါဝိတရဏာ၊ အကြင်ကင်္ခါဝိတရဏဉာဏ်သည်၎င်း။ အတ္ထိ၊ ရှိ၏။ ဣမေ ဓမ္မာ၊ ဤသုံးပါးသော ဉာဏ်ပညာတရားတို့သည်။ ဧကတ္ထာ၊ တူသောအနက်ရှိကုန်၏။ ဝါ၊ အနက်အားဖြင့် တူကုန်၏။ ဗျဉ္ဇနမေဝ၊ သဒ္ဒါမျှသည်သာလျှင်။ နာနံ၊ ၏။ ဣတိ-အယံ၊ ကား။ ပရိဟာရော၊ အဖြေတည်း။
ပန၊ အကျိုးကြီးမားသည်ကိုဆိုအံ့။ ဣမိနာ ဉာဏေန၊ ဤဆိုခဲ့ပြီးသောယထာဘူတဉာဏ်နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ ဝိပဿကော၊ ဝိပဿနာကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီသည်။ ဗုဒ္ဓသာသနေ၊ သဗ္ဗညုရှင်တော်ဘုရား သာသနာ၌။ လဒ္ဓဿာသော၊ ရအပ်သော သက်သာရာရှိသည်။ လဒ္ဓပတိဋ္ဌော၊ ရအပ်သောတည်ရာရှိသည်။ နိယတဂတိကော၊ မြဲသော သုဂတိရှိသည်ဖြစ်၍။ စူဠသောတပန္နော နာမ၊ စူဠသောတာပန်မည်သည်။ ဝါ၊ သောတာပန်ထွေးမည်သည်။ ဟောတိ၊ ၏။
တသ္မာ၊ ထိုသို့ယထာဘူတဉာဏ်၏ မဟာနိသံသရှိသည်၏အဖြစ်ကြောင့်။ ဘိက္ခု၊ သံသရာဘေးကို ရှုသောယောဂီသည်။ ကင်္ခါဝိတရဏတ္ထိကော၊ ကင်္ခါဝိတရဏဉာဏ်ကိုအလိုရှိသည်ဖြစ်၍။ သဒါ၊ အခါခပ်သိမ်း။ ဝါ၊ ညဉ့်၌၎င်း နေ့၌၎င်း။ သတော၊ သမ္မာသတိနှင့်ပြည့်စုံသည်ဖြစ်၍။ နာမရူပဿ၊ ၏။ ပစ္စယေ၊ အကြောင်းတို့ကို။ သဗ္ဗသော-သဗ္ဗကာရေန၊ (ဖြစ်စေတတ်သော အကြောင်းစသည်ကို သိမ်းဆည်းသောအားဖြင့်)အလုံးစုံသောအပြားဖြင့်။ ပရိဂ္ဂဏှေယျ၊ ပညာဖြင့် သိမ်းဆည်းဆင်ခြင်ရာ၏။ ဣတိ၊ ဤရွေ့အပြီးတည်း။