Issues
Select Version
နိဿယ
မြန်မာဘာသာ
Petavatthupāḷi

5. Tirokuṭṭapetavatthu

Author: နိဿယ @ IAPT

မဟာရာဇ၊ မင်းမြတ်။ တေ၊ ဒါယကာမင်းမြတ်၏။ ဉာတကာ၊ အဆွေအမျိုးဖြစ်ကုန် ပိတ္တာတို့သည်။ သကံဃရံ၊ မိမိတို့၏ အိမ်အိမ်ဟူသော အမှတ်ဖြင့် ဒါယကာမင်းမြတ်၏ အိမ်သို့။ အာဂန္တွာန၊ လာကုန်၍။ တိရောကုဋ္ဋေသုစ၊ နံရံ၏ တဖက်တို့၌လည်း။ တိဋ္ဌန္တိ၊ တည်ကုန်၏။ သန္ဓိသိင်္ဃာဋတေသုစ၊ အိမ်ခြံစပ်နံရံစပ်လေသွန်တံခါးစပ် ခရီးဆုံးတို့၌လည်း။ တိဋ္ဌန္တိ၊ တည်ကုန်၏။
ဒွါရဗာဟာသုစ၊ တံခါးအပေါင်းတို့၌လည်း။ တိဋ္ဌန္တိ၊ တည်ကုန်၏။ မဟာရာဇ၊ မင်းမြတ်။ ကေဟိစိမနုဿေတိ၊ အမိအဘ အစရှိကုန်သော အမှတ် မရှိသော လူတို့သည်။
ဗဟုတေ၊ များစွာသော အလိုအတိုင်းသုံးဆောင်အပ်သော။ အန္နပါနမှိ၊ ထမင်းအဖျော်ကို၎င်း။ ခဇ္ဇဘောဇ္ဇေ၊ ခဲဘွယ်လျက်ဘွယ်ကို၎င်း။ ဥပဋ္ဌိတေ၊ ကပ်၍ စီရင်အပ်သော်လည်း။
တေသံသတ္တာနံ၊ ထို ပြိတ္တာဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့၏။ ကမ္မပစ္စယာ၊ မိမိ သည် ပြုအပ်သော အလှူမပေးခြင်း သူတပါးပေးလှူသည်ကို မြစ်တားခြင်းစသော အပြားရှိသော အကုသိုလ်ကံကြောင့်။ တေသတ္တေ၊ ထိုပြိတ္တာ ဘုံ၌ဖြစ်ကုန်သော သတ္တဝါတို့ကို။ ကောစိ၊ အမိအဘအစရှိသော တစုံတယောက်သော သူသည်။ န သရတိ၊ မအောက်မေ့နိုင်။
မဟာရာဇ၊ မင်းမြတ်။ တေသံ သတ္တာနံ၊ ထို သတ္တဝါတို့၏။ ကမ္မပစ္စယာ၊ မိမိလည်း မပေးလှူခြင်း သူတပါးပေးလှူသည်ကိုလည်း မြစ်တားခြင်းစသော အပြားရှိသော အကုသိုလ်ကံကြောင့်။ ကေသုစိ၊ အမိအဘ အစရှိကုန်သော တစုံတယောက်သော သူတို့သည်။ အသရန္တေသုပိ၊ မအောက်မေ့နိုင်ကုန်သော်လည်း။ ထေဉာတကာ၊ အကြင် လူ့ဘုံ၌ဖြစ်ကုန်သော အမိအဘ အစရှိကုန်သော အဆွေအမျိုးတို့သည်။ ဧဝံ၊ ဤဒါယကာ မင်းမြတ်ကဲ့သိ့။ ဉာတီနံ၊ ပြိတ္တာဘုံ၌ ဖြစ်ကုန်သော အဆွေအမျိုးတို့အား။ အနုကမ္ပကာ၊ သနားတတ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
တေဉာတကာ၊ ထိုလူ့ဘုံ၌ဖြစ်ကုန်သော အမိအဘ အစရှိကုန်သော အဆွေအမျိုးတို့သည်။ ဣဒံဒေယျဓမ္မံ၊ ဤ ဆွမ်းအဖျော်အစရှီသော လှူဘွယ် ဝတ္ထုသည်။ ဉာတီနံ၊ ပြိတ္တာဘုံ၌ ဖြစ်ကုန်သော အဆွေအမျိုးတို့အား။ ဟောတု၊ ဖြစ်စေသတည်း။ ဉတယော၊ ပြိတ္တာဘုံ၌ဖြစ်ကနု်သော အဆွေအမျိုးတို့သည် ။ ဣဒံဖလံ၊ ဤဒါန၏ အကျိုးကို။ ပစ္စုနုဘောန္တာ၊ ခံစားကုန်လျက်။ သုခိတာ၊ ချမ်းသာခြင်း သို့ရောက်ကုန်သည်။ ဟောန္တို၊ ဖြစ်စေကုန်သတည်း။ ဣတိ၊ ဤသို့။ ဥဒ္ဒိဿ၊ ရည်မှတ်ကုန်၍။ ဧဝံ၊ ဤဒါယကာ မင်းမြတ်ပေးလှူသကဲ့သို့။ ကာယေန၊ လျောက်ပတ်သော အခါ၌။ သုစိံ၊ စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော ။ ပဏီတံ၊ မွန်မြတ်ပြန်‌ပြောသော ။ ကပ္ပိယံ၊ သူတော်ကောင်းတို့အား ထိုက်လျောက်ပတ်သော။ ပါနဘောဇနံ၊ အဖျော်ဘောဇဉ် စသော လှူဘွယ်ဝတ္ထုကို။ ဒဒန္တိ၊ ပေးလှူကုန်၏။
သမာဂတာ၊ ကောင်းစွာလာကြကုန်သော။ တေစဉာတိပေတာ၊ ထိုဆွေမျိုးပြိတ္တာတို့သည်လည်း။ တတ္ထ၊ အကြင်အရပ်၌။ ဒါနံ၊ အလှူကို။ ဒီယတိ၊ ပေးအပ်၏။ တတ္ထ၊ ထိုအလှူပေးရာအရပ်သို့။ သမာဂန္တွာ၊ ကောင်းစွာ ထားကြကုန်၍။
ပဟုတေ၊ များစွာသေ. အန္နပါနမှီ၊ ထမင်းအဖျော်၌။ သက္ကစ္စံ၊ ကောင်းမွန်စွာ။ အနုမောဒရေ၊ အနုမောဒရပြုကြကုန်၏။
ယေသံဉာတီနံ၊ အကြင်လူဘုံ၌ ဖြစ်ကုန်သော အဆွေအမျိုးတို့၏။ ဟေတု၊ အကြောင်းကြောင့်။ ဣဒိသံသမ္ပတ္တိံ၊ ဤသို့ သဘောရှိသော စည်းစိမ် ချမ်းသာကို။ မယံ၊ ငါတို့သည်။ လဘာမသေ၊ ရကုန်၏။
ဥဒ္ဒိဿန္တေဟိ၊ ရည်မှတ်၍ ပေးလှူတတ်ကုန်သော။ ဒါယကေဟိ၊ ဒါယကာတို့သည်။ အမှာကဉ္စ၊ ငါတို့အားတည်း။ ပူဇာ၊ ပူဇော်ခြင်းကို။ ကတာ၊ ပြုအပ်၏။ ဒါယကာစ၊ ပေးလှူတတ်ကုန်သော မိမိတို့သည်လည်း။ အနိပ္ဖလာ၊ အကျိုးရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ နော၊ ငါတို့၏။ တေဉာတီ၊ ထိုလူ့ဘုံ၌ ဖြစ်ကုန်သော အဆွေအမျိုးတို့သည်။ စိရံစိရကာလံ၊ ကြာမြင့်စွာ သောကာလပတ်လုံး။ ဇီဝန္တု၊ အသက်ရှည်စေကုန်သည်သတည်း။ ဣတိ၊ ဤသို့။ သောမေန္တိ၊ ချီးမွမ်းကုန်၏။
မဟာရာဇ၊ မင်းမြတ်။ ပေတာ၊ ပြိတ္တာဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်။ ယံကသိံ၊ အကြင်လယ်လုပ်ခြင်းကို။ နိဿာယ၊ မှီကုန်၍။ သုခေန၊ ချမ်းသာသဖြင့်။ ဇီဝေယျုံ၊ အသက်မွေးကုန်ရာ၏။ သာကတိ၊ ထိုလယ်လုပ်ြခင်းသည်။ တတ္ထ၊ ထို ပြိတ္တာဘုံ၌။ နဟိအတ္ထိ၊ မရှိ။ သာဂေါရက္ခာ၊ ထို စောင့်ရှောက်ခြင်းသည်လည်း။ ဧတ္ထ၊ ဤပြိတ္တာဘုံ၌။ န ဝိဇ္ဇတိ၊ မရှိ။
ယာဝါဏိဇ္ဇာ၊ အကြင်ကုန်သွယ်ခြင်းသည်။ တေသံ၊ ထို ပြိတ္တာဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့၏။ သမ္ပတ္တိပဋိသသာဟေတု၊ စည်းစိမ်ချမ်းသာကို ရခြင်း၏ အကြောင်းသည်။ ဘဝေယျ၊ ဖြစ်ရာ၏။ တာဒိသီ၊ ထိုသို့သဘောရှိသော။ ဝါဏိစ္စာ၊ ကုန်သွယ်ခြင်းသည်။ တတ္ထ၊ ထို ပြိတ္တာဘုံ၌။ နတ္ထိ၊ မရှိ။ ဟိရညေန၊ ရွှေငွေဖြင့်။ ယံကယာကယံ၊ အကြင် ရောင်းဝယ်ခြင်းသည်။ နေသံ၊ ထို ပြိတ္တာတို့အား ။ သမ္ပတ္တိပဋိသာသဟေတု၊ စည်းစိမ်းချမ်းသာကို ရခြင်း၏ အကြောင်းသည်။ ဘဝေယျ၊ ဖြစ်ရာ၏။ ဘာဒိသံ၊ ထိုသို့သဘောရှိသော။ ဟိရညေန၊ ရွှေငွေဖြင့်။ ကာယကယံ၊ ရောင်းဝယ်ခြင်းသည်။ တတ္ထ၊ ထို ပြိတ္တာဘုံ၌။ နတ္ထိ၊ မရှိ။
ဣတော၊ ဤလူ့ပြည်မှ။ ဉာတီတိဝါ၊ အဆွေအမျိုးတို့သည်လည်းကောင်း။ မိတ္တာပစ္စေဟိဝါ၊ အဆွေခင်ပွန်းအကျွမ်းဝင်ကုန်သော သူတို့သည်လည်းကောင်း။ ဒိန္နေန၊ ရည်မှန်၍ ပေးလှူအပ်သော ဒါန၏ အကျိုးဖြင့်။ ကာလင်္ကတာ၊ သေခြင်းသို့ရောက်ကုန်သော။ ပေတာ၊ ပြိတ္တာဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်။ တဟိံ၊ ထိုပြိတ္တာဘုံ၌။ ယာပေန္တိ၊ မျှရကုန်၏။
မဟာရာဇ၊ မင်းမြတ်။ ဥန္နပေ၊ ကုန်းမြင့်ရာအရပ်၌။ ဝုဋ္ဌံ၊ ကောင်းကင်မှ ယိုစီးသော။ ဥဒကံ၊ ရိဃ်းရေသည်။ နိန္နံ၊ နိမ့်ရှိုင်းချိုင့်ရာ အရပ်သို့။ ပပတ္တိတိယထာ၊ စီးသွားလေသကဲ့သို့။
ဧဝမေဝဧဝံတထာ၊ ထို့အတူ။ ဣတော၊ ဤလူ့ပြည်မှ ။ ဒိန္နံ၊ အဆွေအမျိုးအဆွေအခင်ပွန်း အကျွမ်းဝင်ကုန်သော သူတို့သည် ရည်မှန်၍ ပေးလှူအပ်သော အလှူ၏ အကျိုးသည်။ ပေတာနံ၊ ပြိတ္တာဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့အား။ ဥပကပ္ပဘိနိပ္ပဇ္ဇတိ၊ ဖြစ်၏။
ဝါရိဝဟာ၊ ချောင်းငယ်မြင်းငယ်တို့သည်။ ပူရာ၊ ရေဖြင့် ပြည်ကုန်သည်ဖြစ်၍။ သာဂရံ၊ သမုဒ္ဒရာကို။ ပူရေန္တိယထာ၊ ပြည့်စေကုန်သကဲ့သို့။
ဧဝမေဝဧဝံတထာ၊ ထို့အတူ။ ဣတော၊ ဤလူ့ပြည်မှ။ ဒိန္နံ၊ ပေးလှူအပ်သော အလှူသည်။ ပေတာနံ၊ ပြိတ္တာဘုံ၌ဖြစ်ကုန်သော သတ္တဝါတို့အား။ ဥပကပ္ပတိ၊ ဖြစ်၏။
မဟာရာဇ၊ မင်းမြတ်။ အယံ၊ ဤသူသည်။ မေ၊ ငါ့အား။ ဣဒံနာမဓနံ၊ ဤမည်သော ဥစ္စာကို။ အဒါသိ၊ ပေးလှူပြီ။ ဣတိစ၊ ဤသို့လည်းကောင်း။ အယံ၊ ဤသူသည်။ မေ၊ ငါ၏။ ဣဒံနာမဏိစ္စံ၊ ဤမည်သော အမှုကိစ္စကို။ အကာသိ၊ ပြုဘူး၏။ ဣတိစ၊ ဤသို့လည်းကောင်း။ အယံ၊ ဤသူသည်။ မေ၊ ငါ၏။ ဉာတိ၊ အမိအဘမှ စပ်သော အဆွေအမျိုးတည်း။ ဣတိစ၊ ဤသည်လည်းကောင်း။ အယံ၊ ဤသူသည်။ မေ၊ ငါ၏။ မိတ္တာ၊ ချစ်မြတ်နိုးအပ်သော အဆွေခင်ပွန်းတည်း။ ဣတိစ၊ ဤသို့လည်းကောင်း။ အယံ၊ ဤသူသည်။ မေ၊ ငါ၏။ သခါ၊ ငယ်ကျွမ်းဖြစ်သော ခင်ပွန်းတည်း။ ဣတိစ၊ ဤသို့လည်းကောင်း။
ပုဗ္ဗေ၊ ရှေး၌။ ကတံ၊ ပြုအပ်သော။ ဧတံသဗ္ဗံ၊ ထိုအလုံးစုံကို။ အနုဿရံအနုဿရန္တော၊ အောက်မေ့သော။ ကုလပုတ္တော၊ အမျိုးသားသည်။ ပေတာနံ၊ ပြိတ္တာဘုံ၌ဖြစ်ကုန်သော သတ္တဝါတို့အား။ ဥဒ္ဒိဿ၊ ရည်မှတ်၍။ ဒက္ခိဏဲံ၊ အလှူကို။ ဒဇ္ဇာ၊ ပေးရာ၏။
မဟာရာဇ၊ မင်းမြတ်။ ရုဏ္ဏံဝါ၊ မျက်ရည်ကို ဖြစ်စေခြင်းကို လည်း။ နဟိကာတဗ္ဗံ၊ မပြုအပ်။ သောကောဝါ၊ စိတ်၏ ပူပန်ခြင်းကိုလည်း။ နကာတဗ္ဗော၊ မပြုအပ်။ အညာ၊ မျက်ရည်ကို ဖြစ်စေခြင်းစိတ်၏ ပူပန်ခြင်း တပါးသော။ ယာစပရိဒေဝနာ၊ အကြင်အသံကို ဖြစ်စေ၍ ငိုမြည်တမ်းခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏။
သာပိ၊ ထို ငိုမြည်တမ်းခြင်းကိုလည်း။ နကာတဗ္ဗော၊ မပြုအပ်။ တံသဗ္ဗံ၊ ထိုမျက်ရည်ကို ဖြစ်စေခြင်းစိတ်၏ ပူပန်ခြင်းငိုမြည်တမ်းခြင်းဟု ဆိုအပ်သော အလုံးစုံသည်။ ပေတဿ၊ တမလွန်ဘဝသို့ ပြောင်းသွားသော သတ္တဝါ၏။ အတ္ထာယ၊ အကျိုးငှါ။ နဟောတိ၊ မဖြစ်။ မဟာရာဇ၊ မင်းမြတ်။ အဝိန္နသုနော၊ ပညာအဆင်အခြင် မရှိကုန်သော။ ဉာတယော၊ အဆွေအမျိုးတို့သည်။ ဧဝံ၊ ဤမျက်ရည်ကို ဖြစ်စေခြင်းစိတ်၏ ပူပန်ခြင်း ငိုမြည်တမ်းခြင်းဖြင့်။ တိဋ္ဌန္တိ၊ တည်ကုန်၏။ တေသံ၊ ထိုအဆွေမျိုးတို့အား။ အတ္တပရိတာပနမေဝ၊ ကိုယ်စိတ်၏ ပင်ပန်းကာမျှသာလျှင်။ ဟောတိ၊ ဖြစ်၏။
မဟာရာဇ၊ မင်းမြတ်။ တယာ၊ သင်ဒါယကာ မင်းမြတ်သည်။ ပေတေ၊ ပြိတ္တာဘုံ၌ဖြစ်ကုန်သော သတ္တဝါတို့ကို။ ဥဒ္ဒိဿ၊ ရည်မှတ်၍။ ဒိန္နာ၊ ပေးလှူအပ်သော။ သံဃမှိ၊ သံဃာတော်၌။ သုပ္ပတိဋ္ဌိတာ၊ ကောင်းစွာတည်စေအပ်သော။
အယဉ္စခေါဒက္ခိဏာ၊ ဤအလှူသည်သာလျှင်။ အဿပေတဿ၊ ထို ပြိတ္တာဘုံ၌ဖြစ်သော သတ္တဝါအား။ ဒိဃရတ္တံ၊ ရှည်မြင့်စွာသော ကာလပတ်လုံး။ အတ္ထာယ၊ အကျိုးငှါ။ ဟောတိ၊ ဖြစ်၏။ ဌာနသောတင်္ခဏေယေဝ၊ ထိုရည်မှတ်၍ ပေးလှူသော ခဏ၌ပင်လျှင်။ ဥပကပ္ပတိနိပ္ပဇ္ဇတိ၊ အကျိုးပြီး၏။
မဟာရာဇ၊ မြင်းမြတ်။ ဒက္ခိဏာ၊ အလှူကို။ ဒိန္နေ၊ ရည်မှတ်၍ပေးလှူအပ်သော။ တယာ၊ သင်ဒါယကာ မင်းမြတ်သည်။ ဉာတီနံ၊ အဆွေအမျိုးတို့အား။ ဉာတီဟိ၊ အဆွေအမျိုးတို့သည်။ ကတ္တဗ္ဗကိစ္စကရဏေန၊ ပြုအပ်သော ကိစ္စကို ပြုခြင်းကြောင့်။ သောအယံဉာတိ ဓမ္မော၊ ထို အဆွေအမျိုးတို့ ပြုအပ်သော တရားသည်လည်း။ နိဒဿိတောစ၊ လူအများအပေါင်းအားညွှန်ပြအပ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ တေပေတေ၊ ထို ပြိတ္တာတို့ကို။ ဒိဗ္ဗသမ္ပတ္တိ အဓိဂမနေန၊ နတ်၌ဖြစ်သော စည်းစိမ်းချမ်းသာကို ရစေခြင်းကြောင့်။ ပေတာနံ၊ ပြိတ္တာတို့အား။ ဥဠာရာ၊ များစွာသော။ ပူဇာ၊ ပူဇော်ခြင်းကို။ ကတာစ၊ ပြုအပ်သည်လည်း။ ဟောတိ၊ ဖြစ်၏။
ဗုဒ္ဓပ္ပရခံ၊ ဘုရားအမှူးရှိသော။ ဘိက္ခုသံဃံ၊ ရဟန်းအပေါင်းကို။ အန္နပါနာဒီဟိ၊ ဆွမ်းအဖျော်အစရှိသည်တို့ဖြင့်။ သန္တပ္ပန္တေန၊ ကောင်းစွာရောင့်ရဲစေခြင်းကြောင့်။ ဘိက္ခူနံ၊ ရဟန်းတို့အား။ ဗလံ၊ အားကို။ အနုပ္ပဒိန္နံစ၊ ပေးအပ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ အနူကမ္ပာဒိဂုဏပရိဝါရိတံ၊ သနားခြင်း အစရှိသော ဂုဏ်သည်ခြံရံအပ်သော။ စာဂစေတနံ၊ စွန့်ကြံခြင်းစေတနာကို။ နိဗ္ဗတ္တေန္တေန၊ ဖြစ်စေခြင်းကြောင့်။ တုမှေဟိ၊ သင်တို့သည်။ အနပ္ပကံ၊ များစွာသော ။ ပုညံ၊ ကောင်းမှုကို။ ပသုဘဉ္စ၊ ဆည်းဘူးဆပ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ အဘာသိ၊ ဟောတော်မူ၏။
ပဉ္စမံ၊ ငါးခုမြောက်သော။ တိရောကုဋ္ဋပေတဝတ္ထု၊ နံရံ၏တဖက်ဖြစ်သော ပြိတ္တာတို့၏ အကြောင်းသ်ည။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ ‌ရောက်ပြီ။