Issues
Select Version
နိဿယ
မြန်မာဘာသာ
Petavatthupāḷi

9. Mahāpesakārapetivatthu

Author: နိဿယ @ IAPT

ဒေဝပုတ္တ၊ နတ်သား။ အယ့နာရီ၊ ဤမိန်းမသည်။ ဂူထဉ္စ၊ ကျင်ကြီးကို လည်းကောင်း။ မုတ္တဉ္စ၊ ကျင်ငယ်ကိုလည်းကောင်း။ ရုဟိရဉ္စ၊ သွေးကိုလည်းကောင်း။ ပုဗ္ဗဉ္စ၊ ပြည်ကိုလည်းကောင်း။ ပရိဘုဉ္စတိ၊ စားသောက်ရ၏။ အယံ ဝိပါကော၊ ဤအကျိုးသည်။ ကဿကမ္မဿ၊ အဘယ်သို့ သဘောရှိသော ကံ၏။ ဝါပါကော၊ အကျိုးနည်း။
ဒေဝပုတ္တ၊ နတ်သား။ ဟာနာရီ၊ အကြင် မိန်းမသည်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ လောဟိတပုဗ္ဗဘက္ခာ၊ သွေးပြည်သာလျှင် အစရှိ၏။ အယံနာရီ၊ ဤမိန်းမသည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ ကိံ ကမ္မံ၊ အဘယ်သို့သဘောရှိသော အကုသိုလ်ကံကို။ အကာသိနု၊ ပြုကဲ့သနည်း။
သုဘာနိစေဝ၊ တင့်တယ်ရှုဘွယ်သော အဆင်းလည်း ရှိကုန်ထသော။ ရနုနိစ၊ နူးညံ့သော အတွေ့လည်း ရှိကုန်ပေသော။ သုဒ္ဓါနိစ၊ စင်ကြယ်သော အဆင်းရှိကုန်ထေသော။ လောမသာနိစ၊ အမွေးလည်းရှိကုန်ထသော။ ယာနိဝတ္ထာနိ၊ အကြင်အဝတ်တို့ကို။ အဿာ၊ ထိုမိန်းမအား။ တယာ၊ သင်သည်။ ဒိန္နာနိ၊ ပေးလှူအပ်ကုန်၏။
တာနိ၊ ထိုအဝတ်တို့သည်။ တဿာ၊ ထိုမိန်းမအား။ ကိဋကာ၊ သံပြားတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဒေဝ ပုတ္တ၊ နတ်သား။ အယံနာရီ၊ ဤမိန်းမသည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ ကိံ ကမ္မံ၊ အဘယ်သို့ သဘောရှိသော အကုသိုလ်ကံကို။ အကာသိနု၊ ပြုဘိသနည်း။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။ ဧသာနာရီ၊ ထိုမိန်းမသည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ မမ၊ အကျွန်ုပ်၏။ ဘရိယာ၊ မယားသည်။ အဟု၊ ဖြစ်၏။ ဧသာနာရီ၊ ဤမိန်းမသည်။ အဒါယိကာ၊ တစုံတယောက်သော သူအားတစုံတခုသော ဝတ္ထုကို မျှပေးကမ်းလှူဒါန်းလေ့မရှိသည်။ အဟု၊ ဖြစ်၏။ မစ္ဆရိနီစ၊ မိမိဥစ္စာကို မပေးလှူရက် လျို့ဝှက်ခြင်း၏ အစွမ်းဖြင့် ဖြစ်သော ညံ့သော မစ္ဆေ ရရှိသည်လည်း။ အဟု၊ ဖြစ်၏။ ကဒရိယာစ၊ သူတပါးပေးလှူသည်ကို မြစ်တားသည်၏ အစွမ်းဖြင့် ဖြစ်သော ကြမ်းသော မစ္ဆေရရှိသည်လည်း။ အဟု၊ ဖြစ်၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။ သာနာရီ၊ ထိုမိန်းမသည်။ သမဏဗြဟ္မဏာနံ၊ ရဟန်း ပုဏ္ဏားတို့အား။ ဒဒန္တံ၊ ပေးလှူသော။ မံ၊ အကျွန်ုပ်ကို။
တွံ၊ သင်သည်။ ဂူထဉ္စ၊ ကျင်ကြီးကိုလည်းကောင်း။ မုတ္တဉ္စ၊ ကျင်ငယ်ကို လည်းကောင်း။ ရုဟိရဉ္စ၊ သွေးကိုလည်းကောင်း။ ပုဗ္ဗဉ္စ၊ ပြည်ကိုလည်းကောင်း။ ပရိဘုဉ္စ၊ စားသောက်ရသည် ဖြစ်စေသတည်း။ တယာ၊ သင်သည်။ သမဏာနံ၊ သာကီဝင်မင်းသား ရဟန်းတို့အား။ ယံဒါနံ၊ အကြင်ထမင်း အဖျော်အဝတ်သင်္ကန်းတည်း ဟူသော လှူဘွယ်ဝတ္ထုကို။ ဒိန္နံ၊ ပေးလှူအပ်၏။
ဧတံ၊ ထို သင်ပေးလှူအပ်သော ထမင်းအဖျော်သည်။ ပရလောကသ္မိံ၊ တမလွန်ဘဝ၌။ တေ၊ သင်အား။ သဗ္ဗကာလံ၊ အခါခပ်သိမ်း။ အသုစိ၊ မစင်ကြယ်သော ဝတ္ထုသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဝတ္ထာစ၊ အဝတ်တို့သည်လည်း။ တေ၊ သင်အား။ ကိဋကသမာ၊ သံပြားနှင့်တူကုန်သည်။ ဘဝန္တု၊ ဖြစ်စေကုန်သတည်း။ ဣတိ၊ ဤသို့။ အက္ကောသတိစ၊ ဆဲလည်း ဆဲရေး၏။ ပရိတာသတိစ၊ ဘေးကိုပြ၍ လည်း ခြိမ်းခြေခံ၏။
ဘဒ္ဒန္တေ၊ အရှင်ကောငး်။ ဧကာဒိသံ၊ ဤသို့ ထိုထိုပြခဲ့ပြီးသော။ ဒုစ္စရိတံ၊ ဝစီဒုစရိုက် အစရှိသော အကုသိုလ်ကံကို။ စရိတွာ၊ ကျင့်သောကြောင့်။ သာနာရီ၊ ထိုမိန်းမသည်။ ဣဓံပေတထောကံ၊ ဤပြိတ္တာဘုံ၌။ အာဂတာ၊ လာရောက်သည်ဖြစ်၍။ စိရရတ္တာယ စိရံကာလံ၊ ကြာမြင့်စွာသော ကာလပတ်လုံး။ ဂူထာဒိမေဝ၊ ကျင်ကြီး အစရှိသည်ကို သာလျှင်။ ခါဒတိ၊ စားသောက်ရ၏။ ဣတိ၊ ဤသို့။ အဘာသိ၊ ရွတ်ဆို၏။
နဝမံ၊ ကိုးခုမြောက်‌သော။ မဟာပေသကာရပေတဝတ္ထု၊ ကြီးစွာသော ရက်ကန်းပြိတ္တာမသည်၏ အကြောင်းသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသိ့ ရောက်ပြီ။