Issues
Select Version
နိဿယ
မြန်မာဘာသာ
Petavatthupāḷi

6. Pañcaputtakhādapetivatthu

Author: နိဿယ @ IAPT

‌ဘောတိဣတ္ထိ၊ အိုမိန်းမ။ တွံ၊ သင့်သည်။ နဂ္ဂါ၊ အဝတ်မရှိသည်။ အသိ၊ ဖြစ်၏။ ဒုဗ္ဗဏ္ဏရူပါ၊ အဆင်းမလှသည်လည်း။ အသိ၊ ဖြစ်၏။ ဒုဂ္ဂန္ဓါ၊ မကောင်းသော အနံ့ရှိသည်လည်း။ အသိ၊ ဖြစ်၏။ တဝ၊ သင်၏။ သရီရတော၊ ကိုယ်မှ။ ပူတိ၊ ပုပ်သော အနံ့သည်။ ဝါယတိ၊ လှိုင်၏။
မက္ခိကာဟိ၊ ထင်မဲယင်တို့ဖြင့်။ ပရိကိဏ္ဏာ၊ ထက်ဝန်းကျင် ပြွမ်းသည်လည်း။ အသိ၊ ဖြစ်၏။ ကာနု၊ အဘယ်အမည်ရှိသော။ တွံ၊ သင်သည်။ ဣဓ၊ ဤအရပ်၌။ တိဋ္ဌတိ၊ တည်သနည်း။ ဣတိ၊ ဤသို့။ ပုစ္ဆိ၊ မေး၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။ အဟံ၊ အကျွန်ုပ်သည်။ ဒုဂ္ဂတာ၊ ဒုဂ္ဂတိဘုံသို့ ရောက်သော ။ ယမလောကိကာ၊ ယမလောက၌ အကျုံးဝင်သဖြင့် သိအပ်သော ပြိတ္တာဘုံ၌ အကျုံးဝင်သော။ ပေတီ၊ ပြိတ္တာမသည်။ အမှိ၊ ဖြစ်၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။ အဟံ၊ အကျွန်ုပ်သည်။ ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်းအကြောင်း ဖြစ်သော မကောင်းမှုကံကို။ ကရိတွာန၊ ပြုမိ၍။ ဣတော၊ ဤလူ့ပြည်မှ။ ပေတလောကံ၊ ပြိတ္တာဘုံ၌။ ဂတာ၊ ဖြစ်၏။
ကာလေန၊ နံနက်အခါ၌။ ပဉ္စပုတ္တာနိပဉ္စပုတ္တေ၊ ငါးယောက်သော သားတို့ကို။ ဝိဇာယိတွာန၊ ဖွားပြီး၍။ ခါဒါမိ၊ စားရ၏။ သာယံ၊ ညနေချမ်းအခါ၌။ ပုန၊ တဘန်။ အပရေ၊ တပါးကုန်သော။ ပဉ္စပုတ္တေ၊ ငါးယောက်သော သားတို့ကို။ ဝိဇာယိတွာန၊ ဖွားပြီး၍။ ဘဒ္ဒန္တေ၊ အရှင်ကောင်း။ ဧကဒိဝသံ၊ တနေ့တနေ့၌။ တေဝိဒသပုတ္တာ၊ ထိုတကျိပ်သော သားတို့သည်လည်း။ မေ၊ အကျွန်ုပ်၏။ ခုဒ္ဒါ၊ ငတ်မွတ်ဆာလောင်ခြင်းကို။ ပဋိဃာတာယ၊ ဖျောက်ခြင်းငှါ။ အလံပရိယတ္တာ၊ စွမ်းနိုင်ကုန်သည်။ န ဟောန္တိ၊ မဖြစ်ကုန်။
ခုဒ္ဒါယ၊ ငတ်မွတ်ဆာလောင်ခြင်းသည်။ ပ္ပဗာဓိသမာနာယ၊ နှပ်စက်အပ်သော။ မမ၊ အကျွနိုပ်၏။ ဟဒယံ၊ နှလုံးသည်။ ပရိဒယှတိ၊ ထက်ဝန်းကျင်မှ ပူလောင်၏။ ဓုမာယတိ၊ အခိုးထွက်သကဲ့သို့ ဖြစ်၏။ ပိပါသာဘိဘူတာ၊ ရေမွတ်ခြင်းသည် နှိပ်စက်အပ်သည်ဖြစ်၍။ တတ္ထ တတ္ထ၊ ထိုထိုသို့သော အရပ်၌။ ဝိစရန္တီ၊ သွားလာသော။
အဟံ၊ အကျွန်ုပ်သည်။ ပါနီယံ၊ သောက်ရေကို။ ပါတုံ၊ သောက်ခြင်းငှါ။ န လဘေ၊ မရ။ ဘဒ္ဒန္တေ၊ အရှင်ကောင်း။ ဣဒိသံ၊ ဤသို့သဘောရှိသော။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ဂတံ၊ ရောက်သော။ မံ၊ အကျွန်ကို။ တွံ၊ အရှင်ဘုရားသည်။ ပဿ၊ ရှုတော်မူလော။
ဘောတိဣတ္ထိ၊ အိုမိန်းမ။ ကိံနု၊ အသို့နည်း။ တယာ၊ သင်သည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ ကာယေန၊ ကိုယ်ဖြင့်။ ဒုက္ကဋံ၊ မကောင်းသော အမှုအကျင့်ကို။ ကတံ၊ ပြုအပ်သလော။ ဝါစာယ၊ နှုတ်ဖြင့်။ ဒုက္ကဋံ၊ မကောင်းသော အမှုအကျင့်ကို။ ကတံ၊ ပြုအပ်သလော။ မနသာ၊ စိတ်ဖြင့်။ ဒုက္ကဋံ၊ မကောင်းသော အမှုအကျင့်ကို။ ကထံ၊ ပြုအပ်သလော။
ဘောတိဣတ္ထိ၊ အိုမိန်းမ။ ကိဿကမ္မ ဝိပါကေန၊ အဘယ်သို့သ ဘော ရှိသော အကုသိုလ်ကံ၏ အကျိုးအားဖြင့်။ တွံ၊ သင်သည်။ ပုတ္တမံသာနိ၊ သား တို့၏ အသားတို့ကို။ ခါဒသိ၊ စားရသနည်း။ ဣတိ၊ ဤသို့။ ပုစ္ဆိ၊ မေး၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။ ပုဗ္ဗေ၊ ရှေးဘဝ၌။ မေမယာ၊ အကျွန်ုပ်နှင့်။ သပတိ၊ လင်တူဖြစ်သော။ ဣတ္ထီ၊ မိန်းမသည်။ ဂဗ္ဘိနီ၊ ကိုယ်ဝန်ရှိသည်။ အာသိ၊ ဖြစ်၏။ သာဟံ၊ ထိုအကျွနိုပ်သည်။ တဿာ၊ ထို မိန်းမငယ်အစား။ ပါပံ၊ မကောင်းသော အကြံကို။ အစေတယိံ၊ ကြံမိ၏။
ပဒုဋ္ဌမာနဿာ၊ ပြစ်မှားလိုသော စိတ်ဖြင့်။ ဂဗ္ဘပါဘနံ၊ ကိုယ်ဝန်ချခြင်းကို။ အကရိံ၊ ပြုမိ၏။
တဿာ၊ ထို မိန်းမငယ်၏။ ဒွေမာသိကော၊ နှစ်လရှိသော။ ဂဗ္ဘော၊ ကိုယ်ဝန်သည်။ လောဟိတဉ္စေဝ၊ သွေးသာလျှင်။ ဟုတွာ၊ ဖြစ်၍။ ပဂ္ဃရိ၊ လို၏။
ဘဒ္ဒန္တေ၊ အ ရှင်ကောင်း။ တဒါ၊ ထိုအခါ၌။ အဿ အဿာ၊ ထိုမိန်းမငယ်၏။ မာတာ၊ အမိသည်။ မယှံ၊ အကျွန်ုပ်အား။ ကုပ္ပိတာ၊ အမျက်ထွက်သည် ဖြစ်၍။ ဉာတီ၊ အဆွေအမျိုးတို့ကို။ သမာနယိ၊ ပေါင်းစု၏။
မံ၊ အကျွန်ုပ်ကို။ သပတဉ္စ၊ ကျိန်ခြင်းကိုလည်း။ အကာရသိ၊ ပြုစေ၏။ မံ၊ ငါ့ကို။ ပရိဘာသပယိစ၊ ဘေးဖြင့်လည်း ကြောက်စေ၏။
ဘဒ္ဒန္တေ၊ အရှင်ကောငး်။ သာဟံ၊ ထိုငါသည်။ ဧတံ ဂဗ္ဘပါတနံ၊ ထိုကိုယ်ဝန်ကိုချခြင်ကို။ မယာ၊ ငါသည်။ သစေဝကတံ၊ အကယ်၍ ပြုအပ်သည်ဖြစ်အံ့။
ပုတ္တမံသာနိ၊ သား၏ အသားတို့ကို။ ခါဒါမိ၊ စားရသည်ဖြစ်လို၏။ ဣတိ၊ ဤသို့။ ဃောရံ၊ ကြောင့်လန့်ဘွယ်သော။ သပတဉ္စ၊ ကျိန်ခြင်းကိုလည်း။ အဘရိံ၊ ပြုမိ၏။
မုသာဝါဒဉ္စ၊ မဟုတ်မမှန်သော စကားကိုလည်း။ အဘာသိသံ၊ ဆိုမိ၏။ ဘဒ္ဒန္တေ၊ အရှင်ကောင်း။ တဿကမ္မဿ၊ ထိုကိုယ်ဝန်ချခြင်း၏ အစွမ်းဖြင့်ဖြစ်သော ပါဏာတိပါတကံ၏ လည်းကောင်း။ ရသာဝါဒသာစ၊ မုသာဝါဒကံ၏ လည်းကောင်း။ ဥဘယာဿကမ္မဿ၊ နှစ်ပါးသော ကုသိုလ်ကံ၏။ ဥဘယံဥဘယေန၊ နှစ်ပါးသော။ ဝိပါကံဝိပါကေန၊ အကျိုးအားဖြင့်။ ပုဗ္ဗလောဟိတမက္ခိတာ၊ ပြည့်သွေးအလိမ်းအလိမ်းကပ်သည်။ ဟုတွာ၊ ဖြစ်၍။
ပုတ္တမံသာနိ၊ သား၏ အသားတို့ကို။ ခါဒါမိ၊ စားရ၏။
ဆဋ္ဌံ၊ ခြောက်ခုမြောက်သော။ ပဉ္စပုတ္တခါဒိတပေတိဝတ္ထု၊ ငါးယောက်သော သာတို့၏ အသားကို စားရသော ပြိတ္တာမ၏ အကြောင်းသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။