Issues
Select Version
နိဿယ
မြန်မာဘာသာ
Petavatthupāḷi

7. Sattaputtakhādapetivatthu

Author: နိဿယ @ IAPT

ဘောတိ ဣတ္ထိ၊ အိုမိန်းမ။ တွံ၊ သင်သည်။ နဂ္ဂါ၊ အဝတ်မရှိသည်။ အသိ၊ ဖြစ်၏။ ဒုဗ္ဗဏ္ဏာရူပါ၊ အဆင်းမလှသည်။ အသိ၊ ဖြစ်၍။ ဒုဂ္ဂန္ဓါ၊ မကောင်းသော အနံ့ရှိသည်လည်း။ အသိ၊ ဖြစ်၏။ တဝ၊ သင်၏။ သရီရတော၊ ကိုယ်မှ။ ပူတိ၊ ပု်ပသော အနံ့သည်။ ဝါယတိ၊ လှိုင်၏။
မက္ခိကာဟိ၊ ယင်တို့ဖြင့်။ ပရိကိဏ္ဏာ၊ ထက်ဝန်းကျင် ပြွမ်းသည်လည်း ။ အသိ၊ ဖြစ်၏။ ကာနု၊ အဘယ်မည်သော ။ တွံ၊ သင်သည်။ ဣဓ၊ ဤအရပ်၌။ တိဋ္ဌသိ၊ တည်သနည်း။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။ အသံ၊ အကျွန်ုပ်သည်။ ဒုဂ္ဂတာ၊ ဒုဂ္ဂတိဘုံ၌ အကျုံဝင်သော။ ယမလောကိကာ၊ ယမမင်း၏ နိုင်ငံ၌ အကျုံးဝင်သဖြင့် မှတ်အပ်သော ပြိတ္တာဘုံ၌ အကျုံဝင်သော။ ပေတီ၊ ပြိတ္တာမသည်။ အမှိ၊ ဖြစ်၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။ အဟံ၊ အကျွန်ုပ်သည်။ ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏ အကြောင်း မကောင်းမှုကံကို။ ကရိတွာန၊ ပြုမိသောကြောင့်။ ဣတော၊ ဤလူ့ထံမှ။ ပေထလောကံ၊ ပြိတ္တာဘုံ၌။ ဂတာ၊ ဖြစ်၏။
ကာလေန၊ နံနက်အခါ၌။ သတ္တပုတ္တနိသတ္တပုတ္တေ၊ ခုနစ်ယောက်သော သားတို့ကို။ ဝိဇာယိတွာန၊ ဖွားပြီး၍။ ခါဒါမိ၊ စားရ၏။ သာယံ၊ ညချမ်းအခါ၌။ ပုန၊ တဖန်။ အပရေ၊ တပါးကုန်သော။ သတ္တပုတ္တေ၊ ခုနစ်ယောက်သော သားတို့ကို။ ဝိဇာယိတွာန၊ ဖွားပြီး၍။ ခါဒါမိ၊ စားရ၏။
ဘဒ္ဒန္တေ၊ အရှင်ကောငး်။ ဧကဒိဝသံ၊ တနေ့တနေ့၌။ တေပိ စုဒ္ဒသပုတ္တာ၊ ထိုတကျိပ်လေးယောက်ကုန်သော သားတို့သည်လည်း။ မေ၊ အကျွန်ုပ်၏။ ခုဒ္ဒါယ၊ ငတ်မွတ်ဆာလောင်ခြင်းကို။ ပဋိဃာတာယ၊ ဖျောက်ခြင်းငှါ။ အလံပရိယတ္တာ၊ စွမ်းနိုင်ကုန်သည်။ နဟောန္တိ၊ မဖြစ်ကုန်။
ခုဒ္ဒါယ၊ ငတ်မွတ်ဆာလောင်ခြင်းသည်။ ဗာဓိယမာနာယ၊ နှပ်စက်အပ်သော။ မမ၊ အကျွန်ုပ်၏။ ဟဒယံ၊ နှထုံးသည်။ ပရိဍယှတိ၊ ထက်ဝန်းကျင်မှ ပူလောင်၏။ ဓူမာယတိ၊ အခိုးထွက်သကဲ့သို့ဖြစ်၏။
အာတာပေ၊ ပြင်းစွာသော နေပူ၌။ အဂ္ဂိဒဍ္ဎော၊ မိးသည်လောင်းအပ်သော ဝတ္ထုသည်။ နိဗ္ဗုတိံ၊ ငြိမ်းခြင်းကို။ နာဂိဂစ္ဆတိဣဝ၊ မရသကဲ့သို့။ အဟံ၊ အကျွန်ုပ်သည်။ နိဗ္ဗုတိံ၊ ငတ်မွတ်ဆာလောင်ခြင်း ဆင်းရဲခြင်း၏ ငြိမ်းခြင်းကို။ နာဓိဂစ္ဆာမိ၊ မရပါ။
ဘောဣတ္ထိ၊ အိုမိန်းမ။ ကိံနု၊ အသို့နည်း။ တယာ၊ သင်သည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ ကာယေန၊ ကိုယ်ဖြင့်။ ဒုက္ကဋံ၊ မကောင်းသော အမှုအကျင့်ကို။ ကထံ၊ ပြုအပ်သလော။ ဝါစာယ၊ နှုတ်ဖြင့်။ ဒုက္ကဋံ၊ မကောင်းသော အမှုအကျင့်ကို။ ကတံ၊ ပြုအပ်သော။ မနသာ၊ စိတ်ဖြင့်။ ဒုက္ကဋံ၊ မကောင်းသော အမှုအကျင့်ကို။ ကတံ၊ ပြုအပ်သလော။
ဘောဣတ္ထိ၊ အိုမိန်းမ။ ကိဿကမ္မဝိပါကေန၊ အဘယ်သို့သဘောရှိသော အကုသိုလ်ကံ၏ အကျိုးအားဖြင့်။ တွံ၊ သင်သည်။ ပုတ္တမံသာနိ၊ သားတို့၏ အသားတို့ကို။ ခါဒသိ၊ စားရသတည်း။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။ ပုဗ္ဗေ၊ ရှေးဘဝ၌။ မယှံ၊ အကျွန်ုပ်အား။ ဒုဝေ၊ နှစ်ယောက်ုန်သော။ ပုတ္တာ၊ သားတို့သည်။ အဟု၊ ရှိကုန်ၑ။ ဥဘော၊ နှစ်ယောက်ကုန်သော။ တေပုတ္တာ၊ ထိုသားတို့သည်။ သမ္ပတ္တယောဗ္ဗနံ၊ ရောသော အရွယ်ရှိကုန်သည်။ အဟေသုံ၊ ဖြစ်ကုန်၏။
သာဟံ၊ ထိုအကျွန်ပ်သည်။ ပုတ္တဗလူပေတာ၊ သားတည်းဟူသော အားနှင့်ပြည့်စုံသည်ဖြစ်၍။ သာမိကံ၊ ထင်ကို။ အတိမညိသံ၊ မထီမဲ့မြင် ပြုမိ၏။
ဘဒ္ဒန္တော၊ အရှင်ကောင်း။ တတော၊ ထိုမထီမဲ့မြင် ပြုခြင်းကြောင့်။ မေ၊ အကျွန်ုပ်၏။ သာမိကော၊ ထင်သည်။ ကုဒ္ဓေါ၊ အမျက်ထွက်သည်ဖြစ်၍။ မယှံ၊ အကျွန်ုပ်နှင့်။ သပတိံ၊ ထင်တူသည်ကို။ ကတွာ၊ ပြု၍။ ဣတ္ထိံ၊ မိန်းမကို။ အာနယိ၊ ဆောင်၏။
သာစ၊ ထို မယားငယ်ဖြစ်သော မိန်းမသည်လည်း။ ဂဗ္ဘံ၊ ကိုယ်ဝန်ကို။ အလဘိတ္ထ၊ ရ၏။
သာဟံ၊ ထိုအကျွန်ုပ်သည်။ ဂဗ္ဘံ၊ ကိုယ်ဝန်ကို။ အလဘိတ္ထ၊ ရ၏။
သာဟံ၊ ထိုအကျွန်ုပ်သည်။ တဿာ၊ ထိုမယားငယ်ဖြစ်သော မိန်းမအား။ ပါပံ၊ မကောင်းသော အကြံကို။ အစေတယိံ၊ ကြံမိ၏။ ပဒုဋ္ဌမာနသာ၊ ပျက်စီးလိုသော စိတ်ဖြင့်။ ဂဗ္ဘပါတနံ၊ ကိုယ်ဝန်ကိုချခြင်းကို။ အကရိ၊ ပြုမိ၏။ တဿာ၊ ထို မယားငယ် ဖြစ်သော မိန်းမ၏။ တေမာသိကော၊ သုံးလရှိသော။ ဂဗ္ဘော၊ ကိုယ်ဝန်သည်။ ပုဗ္ဗလောဟိတကော၊ ပြည့်သွေးသည်။ ပတိ၊ ကျ၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။ တဒါ၊ ထိုအခါ၌။ အဿာ၊ ထို မယားငယ် မိန်းမ၏။ မာတာ၊ အမိသည်။ မယှံ၊ အကျွန်ုပ်အား။ ကုပိတာ၊ အမျက်ထွက်သည်ဖြစ်၍။ ဉာတီ၊ အဆွေအမျိုးတို့ကို။ သမာနယိ၊ ပေါင်းစု၏။
မံ၊ အကျွန်ုပ်ကို။ သပထဉ္စ၊ ကျိန်ခြင်းကိုလည်း။ အကာရေသိ၊ ပြုစေ၏။ မံ၊ ငါ့ကို။ ပရိဘာသာပယိစ၊ ဘေးဖြင့်လည်း ခြိမ်းခြောက်၏။
သာအဟံ၊ ထိုအကျွန်ုပ်သည်။ ဧတံဂဗ္ဘာပါတနံ၊ ထို ကိုယ်ဝန်ချခြင်းကို။ မယာ၊ အကျွန်ုပ်သည်။ စေပကထံ၊ အကယ်၍ ပြုအပ်သည်ဖြစ်အံ့။
ပုတ္တမံဿနိ၊ သားတို့၏ အသားတို့ကို။ ခါဒါမိ၊ စားရလို၏။ ဣတိ၊ ဤသို့။ ဃောရံ၊ ကြောက်လန့်ဘွယ်သော။ သပထဉ္စ၊ ကျိန်ခြင်းကိုလည်း။ အကရိံ၊ ပြုမိ၏။ ရသာဝါဒဉ္စ၊ မဟုတ်မမှန်သော စကားကိုလည်း။ အဘာသိသံ၊ ဆိုမိ၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။ တဿကမ္မဿ၊ ထိုထို ဝန်ချခြင်းဟု ဆိုအပ်သော။ ပါဏာတိပါတ၊ အကုသိုလ်ကံ၏ လည်းကောင်း။ မုသာဝါဒဿစ၊ မုသာဝါဒ၏လည်းကောင်း။ ဥဘယဿ၊ နှစ်ပါးစုံသော။ ကမ္မဿ၊ အကုသိုလ်ကံ၏။ ဥဘယံ ဥဘယေန၊ နှစ်ပါးသော။ ဝိပါကံ ဝိပါကေန၊ အကျိုးအားဖြင့်။
အဟံ၊ အကျွန်ုပ်သည်။ ပုဗ္ဗလောဟိတမက္ခိတာ၊ ပြည်သွေးအလိမ်းအလိမ်းကပ်သည်ဖြစ်၍။ ပုတ္တမံ သာနိ၊ သား၏ အသားတိ့ကို။ ခါဒါမိ၊ စားရ၏။ ဣတိ၊ ဤသို့။ အဘာသိ၊ ရွတ်ဆို၏။
သတ္တမံ၊ ခုနစ်ခုမြောက်သော။ သတ္တဝုတ္တခါပေတိဝတ္ထု၊ ခုနစ်ယောက်သော သားတို့၏ အသားစားသောပြိတ္တာမ၏ အကြောင်းသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။