Issues
Select Version
နိဿယ
မြန်မာဘာသာ
Petavatthupāḷi

2. Sūkaramukhapetavatthu

Author: နိဿယ @ IAPT

အမ္ဘောပုရိသ၊ အိုယောင်္ကျား။ တေ၊ သင်၏။ ကာယော၊ ကိုယ်သည်။ သဗ္ဗသာဝဏ္ဏော၊ အလုံးစုံရွှေအဆင်းကဲ့သို့သော အဆင်းရှိ၏။ တဿ၊ ထို ကိုယ်၏။ ပဘာယ၊ အရောင်ဖြင့်။ သဗ္ဗဒိသာ၊ ခပ်သိမ်းသော အရပ်မျက်နှာသည်။ ဩဘာသတေ၊ ထွန်းပ၏။
တေ၊ သင်၏။ မုခံ၊ နှုတ်သီးသည်ကား။ သုကရသာ၊ ဝက်၏။ ရခံဣဂ၊ နှုတ်သီးနှင့်တူ၏။ အမ္ဘောပုရိသ၊ အို‌ယောင်္ကျား။ တွံ၊ သင်သည်။ ပုရေ၊ ရှေးဘဝ၌။ ကိံ ကမ္မံ၊ အဘယ်သို့ သဘောရှိသော ကံကို။ အကရာ၊ ပြုကဲ့ဘူးသနည်း။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။
နာရဒ၊ အရှင်နာရဒ။ အဟံ၊ အကျွန်ုပ်သည်။ ပုရေ၊ ရှေးဘဝ၌။ ကာယေန၊ ကိုယ်ဖြင့်။ သညတော၊ မကောင်းမှုကို စောင့်စည်းသည်။ အာသိံ၊ ဖြစ်၏။ ဝါစာယ၊ နှုတ်ဖြင့်။ အသညဘော၊ မကောင်းမှုကို မစောင့်စည်းသည်။ အာသိံ၊ ဖြစ်၏။
နာရဒ၊ အရှင်နာရဒ။ တေန ဥဘယေန၊ ထိုယ်ကိုယ်ဖြင့် မကောင်းမှုကို စောင့်စည်းခြင်းနှုတ်ဖြင့် မကောင်းမှုကို မစောင့်စည်းခြင်းဟု ဆိုအပ်သော နှစ်ပါးသော ကံကြောင့်။ ယထာယာဒိသံ၊ အကြင်သို့ သဘောရှိသော။ ဝဏ္ဏံ၊ အဆင်းသဏ္ဌာကို။ တွံ၊ အရှင်နာရဒသည်။ ပစ္စက္ခတော၊ မျက်မှောက်အားဖြင့်။ ပဿတိ၊ မြင်ရ၏။ တာဒိသော၊ ထိုသို့ သဘောရှိသော ရွှေအဆင်းကဲ့သို့သော် အရေအဆင်းဝက်နှုတ်သီးနှင့်တူသော နှုတ်သီးရှိသော။ ဝဏ္ဏော၊ အဆင်းသဏ္ဌာန်သည်။ မေ၊ အကျွန်ုပ်အား။ အဟောတိ၊ ဖြစ်၏။
နာရဒ၊ အရှင်နာရဒ။ မမ၊ အကျွန်ု၏။ ဣဒံ သရိရံ၊ ဤသည်မှ အောက်၌ လူသဏ္ဌာန်အထက်ပ ဝသဏ္ဌာန်ရှိသော ကိုယ်ကို။ တယာ၊ အရှင်နာရဒသည်။ သာမံ၊ ကိုယ်တိုင်။ ယသ္မာ၊ အကြင့်ကြောင့်။ ဒိဋ္ဌံ၊ မြင်အပ်ပြီ။ တံတသ္မာ၊ ထိုသို့မြင်ရသောကြောင့်။ တေ၊ အရှင်နာရဒအား။ ဩဝါဒဝသေန၊ ဆုံးမသည်၏ အစွမ်းအားဖြင့်။ အဟံ၊ အကျွန်ုပ်သည်။ ဗြူမိ၊ ဆို၏။
တွံ၊ အရှင်နာရဒသည်။ မုဿ၊ နှုတ်ဖြင့်။ ပါပံ၊ မကောင်းမှုကို။ မာအကာသိ၊ မပြုသင့်။ အဟံပိယ၊ အကျွန်ုပ်ကဲ့သို့။ သူကရမုခေါ၊ ဝက်နှုတ်သီးနှင့် တူသော နှုတ်သီးရှိသည်။ မာခေါ အဟု၊ အဖြစ်လေလင့်။ ဣတိ၊ ဤသို့။ အာဟ၊ လျှောက်ပြီ။
ဒုတိယံ၊ နှစ်ခုမြောက်သော ။ သုကရမုခပေတဝတ္ထု၊ ဝက်နှုတ်သီးနှင့်တူသော နှုတ်သီးရှိသော ပြိတ္တာ၏ အကြောင်းသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။