Issues
Select Version
နိဿယ
မြန်မာဘာသာ
Petavatthupāḷi

8. Goṇapetavatthu

Author: နိဿယ @ IAPT

ထာတသုဇာတ၊ ချစ်သား သုဇာတ။ ကိံနု၊ အဘယ့်ကြောင့်။ တွံ၊ သင်သည်။ ဥမ္မတ္တရူပေါဝ၊ ရူးသော သဘောရှိသကဲ့သို့။ ဟရိတံ၊ စိမ်းသော။ တိဏံ၊ မြက်ကို။ လာယိတွာ၊ ရိပ်၍။
ဂတသတ္တံ၊ ကင်းသော ဇီဝိတိန္ဒြေရှိသော။ ဇရဂ္ဂဝံ၊ နွားအိုကို။ ခါဒ၊ ခဲလော့။ ဣတိ၊ ဤသို့။ လပသိ၊ ဆိုသိသနည်း။
တာတသုဇာတ၊ ချစ်သား သုဇာတ။ တယာ၊ သင်သည်။ ဒိန္နေန၊ ပေးအပ်သော။ အန္နေနဝါ၊ မြက်ဖြင့် လည်းကောင်း။ ပါနေနဝါ၊ ရေဖြင့်လည်းကောင်း။ မတော၊ သေပြီးသော။ ဂေါဏော၊ နွားသည်။ လဒ္ဓဇီဝိတော၊ ရအပ်သော ဇီဝိန္ဒြေ ရှိသည်ဖြစ်၍။ န တိသရဋ္ဌတေ၊ မထရာ ။
တာတသုဇာတ၊ ချစ်သားသုဇာတ။ အညော၊ သင်မှတပါးသော။ ဒုမ္မတိ၊ ပညာမရှိသော သူသည်။ ဝိထပေယျ၊ ဆိုမြည်သကဲံသို့။ ဧတံတထာ၊ ထို့အတူ။ တွံ၊ သင်သည်။ နိရတ္ထကံ၊ အကျိုးမရှိသော ဆိုမြည်ခြင်းကို ။ ဝိလပသိ၊ ဆိုမြည်ဘိ၏။ တွံ၊ သင်သည်။ ဗာလောစ၊ ရိက်သည်လည်း။ အသိ၊ ဖြစ်၏။ ဒုမ္မေဓောစ၊ ပညာမရှိသည်လည်း။ အသိ၊ ဖြစ်၏။
တာတ၊ သခင်။ ဣမဿဂေါဏဿ၊ ဤနွား၏။ ဣမေပါဒါ၊ ဤခြေလေးချောင်း တို့သည်လည်းကောငး်။ ဣဒံသီသံ၊ ဤဥက္ခေါင်းသည်လည်းကောင်း။ သဝါလဓိ၊ အမြီးနှင့်တကွဖြစ်သော။ အယံကာယော၊ ဤကိုယ်သည် လည်းကောင်း။ ဣမေ နေတ္တာ၊ ဤမျက်စိတို့သည်လည်းကောင်း။ ပုဗ္ဗေ၊ မသေမီ ရှေးအတို့ဖြစ်သော ကာလ၌။ တိဋ္ဌန္တိယထာ၊ တည်ကုန်သကဲ့သို့။
တထေဝ၊ ထိုအတူသာလျှင်။ တိဋ္ဌန္တိ၊ တည်ကုန်၏။ ဣမသ္မာကာရဏာ၊ ဤသို့တည်ခြင်း တည်းဟေူသော အကြောင်းကြောင့်။ အယံဂေါဏော၊ ဤနွားသည်။ သရဋ္ဌတေသရ ဋ္ဌတေယျ၊ ထရာ၏ ဣတိ၊ အသို့။ မမ၊ အကျွန်ုပ်၏။ စိတ္တံ၊ စိတ်သည်။ ဘဝေယျ၊ ဖြစ်ရာ၏။
တာတ၊ သခြင်။ မယှံ၊ အကျွန်ုပ်၏။ အယျကဿ၊ အတိုး၏။ ဟတ္တပါဒါ၊ လက် ခြေတို့သည်လည်းကောင်း။ ကာယော၊ ကိုယ်သည်လည်းကောင်း။ သီသံ၊ ဥက္ခေါင်း သည်၎င်း။ နဒိဿတိ၊ မထင်။
အထ၊ ထိုသို့မထင်ဘဲလျက်။ မတ္တိကထူပသ္မိံ၊ အရိုးစုတည်ရာ ပြာပုံ၌။ ရုဒံရုဒန္တော၊ ငိုမြည်တမ်းသော။ တွံယေဝ၊ သင်သခင်သည်သာလျှင်။ သတဂုဏေန၊ အဆအရာဖြင့်လည်းကောင်း။ သဟဿဂုဏေန၊ အဆအထောင်ဖြင့် လည်းကောငး။ ဒုမ္မတိနူန၊ ပညာမရှိကုန်သည် မဟုတ်လော့။ တေနကာရဏေန၊ ထိုသို့ တည်ခြင်းကြောင့်။ အယံဂေါဏော၊ ဤနွားသည်။ သဟသာယိကာယ၊ အနိုင်အထက် ထူထောင်သဖြင့်။ သမုဋ္ဌတေ၊ ထရာ၏။ ဣတိ၊ ဤသို့။ အဩံ၊ အကျွန်ုပ်သည်။ မညေ၊ အောက်မေ့၍။
ထာတသုဇာတ၊ ချစ်သားသုဇာတ။ ယောကောစိ၊ အမှတ်မရှိသော သူသည်။ ဃာတသိတ္တံဝ၊ ထောပတ်ဖြင့် သွန်းအပ်သည်သာလျှင်ဖြစ်သော။ ပါဝကံ၊ မီးကို။ ဝါရိနာ၊ ရေဖြင့်။ ဩသိဉ္စဩသဉ္စန္တော၊ ဆွတ်ဖြန်းလျက်။ နိဗ္ဗပယတိဝိယ၊ ငြိမ်းစေဘိသကဲ့သို့။ တွံ၊ သင်သုဇာတသည်။ အာဒိတ္တံ၊ စိုးရိမ်ခြင်းတည်းဟူသော မီးဖြင့် ပူလောင်သည်ဖြစ်၍။ သန္တံသမာနံ၊ ဖြစ်သော။ မံ၊ ငါ့သခင်ကို။ သဗ္ဗံ၊ အလုံးစုံသော။ ဒရံစိတ္တရထံ၊ စိတ်၏ ပူပန်ခြင်းကို။ ဝတ၊ စင်စစ်သောအားဖြင့်။ နိဗ္ဗာပယေ၊ ငြိမ်းစေပြီ။
တာတသုဇာထ၊ ချစ်သားသုဇာတ။ ယောတွံ၊ အကြင်သုဇာတသည်။ ယောကပရေတဿ၊ စိုးရိမ်ခြင်းသည် နှိပ်စက်တတ်သော။ မေ၊ ငါသခြင်၏။ ပိတုသောကံ၊ အဘကို အကြောင်းပြု၍ ဖြစ်သော စိုးရိမ်ခြင်းကို။ အပါနုဒိအပနေသိ၊ ပယ်၏။ သောတွံ၊ ထိုသင်သုဇာတသည်။ မေ၊ ငါသခင်၏။ ဟဒနိဿိတံ၊ စိတ်၌မှီ၍ ဖြစ်သော။ သောကံ၊ စိုးရိမ်ခြင်းတည်းဟူသော။ သလ္လံ၊ ငြောင့်တံသင်းကို။ ဝတ၊ စင်စစ်။ အဗ္ဘုဠံ၊ နှုတ်အပ်ပြီ။
မာဏဝ၊ ပျိုငယ်သော အရွယ်ရှိသော။ တာတသုဇာတ၊ ချစ်သားသုဇာတ။ သွာဟံသောအဟံ၊ ထိုငါသခင်သည်။ တဝ၊ သင်သုဇာတ၏။ ဝစနံ၊ စကားကို။ သုတွာ၊ ကြားရ၍။ အဗ္ဘုဠသလ္လော၊ နှုတ်အပ်ပြီးသော စိုးရိမ်ခြင်းတည်းဟူသော ငြောင့်ရှိသည်။ အသ္မိ၊ ဖြစ်၏။ သီတိဘူတော၊ ငြိမ်းအေးသည် ဖြစ်၍ ဖြစ်သည်။ အသ္မိ၊ ဖြစ်၏။ နိဗ္ဗုတော၊ စိတ်၏ ပူပန်ခြင်းမှ ငြိမ်းပြီးသော။
သော အဟံ၊ ထိုငါသည်။ ဣဒါနိ၊ ယခုအခါ၌။ နဿောစာပိ၊ မစိုးရိမ်။ နရောဒါမိ၊ မငိုမြည်တမ်း။ ဘောန္တော၊ အချင်းတို့။ သုဇာတော၊ ငါ့သား သုဇာတသည်။ အတ္တနော ဝိတရံ၊ မိမိ၏ အဘဖြစ်သော။ မမံ၊ ငါ့ကို။ သောကတော၊ စိုးရိမ်ခြင်းမှ။ နိဝတ္တေသိယထာ၊ နစ်စေဘိသကဲ့သို့။ အညေပိ၊ တပါးတည်းဖြစ်ကုန်သော။ ယေသပ္ပညာ၊ အကြင်ပညာရှိတို့သည်။ အနုကမ္ပကာ၊ သနားတတ်သော အလေ့ရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
တေ သပ္ပညာ၊ ထိုပညာရှိတို့သည်။ ဧဝံ၊ ဤငါ့သားသုဇာတပြုသကဲ့သို့။ ကရောန္တိ၊ ပြုကုန်၏။ သောကမှာ၊ စိုးရိမ်ခြင်းမှ။ နိဝတ္တယန္တိ၊ နစ်စေကုန်၏။ ဣတိ၊ ဤသို့။ အာဘာသိ၊ ရွတ်ဆို၏။
အဋ္ဌမံ၊ ရှစ်ခုမြောက်သော။ ဂေါဏပေတ္တဝတ္ထု၊ နွားသေကို မြက်ရေကျွေးရ‌သော ပြိတ္တာ၏ အကြောင်းသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။