ဘိက္ခဝေ၊ ရဟန်းတို့။
အရဟန္တော၊ ရဟန္တာ ပုဂ္ဂိုလ်တို့သည်။
ခေတ္တပမာ၊ ကောင်းသော လယ်မြေခေတ်နှင့် တူကုန်၏။
ဒါယာ၊ ဆွမ်း အစရှိသော လှူဘွယ်ဝတ္ထုတို့ကို ပေးလှူတတ်ကုန်သော ဒါယကာတို့သည်။
ကသာကူပမာ၊ လယ်လုပ်သော ယောင်္ကျားနှင့်တူကုန်၏။
ဒေယျဓမ္မံ၊ ဆွမ်း အစရှိသော ဆယ်ပါး သော လှူဖွယ်ဝတ္ထုသည်။
ဗီဇူပမံ၊ မျိုးစေ့နှင့်တူ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဒါယကော၊ ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထုတို့ကို ပေးလှူတတ်သော ပုဂ္ဂိုလ်သည်။
ပေတေ၊ တမလွန်ဘဝသို့ ပြောင်းသွားကုန်သောသူတို့ကို။
ဥဒ္ဒိဿ၊ ရည်မှတ်၍။
တေသံ၊ ထိုကောင်းသော လယ်မြေခေတ်နှင့် တူကုန်သော ရဟန္တာ ပုဂ္ဂိုလ်တို့အား။
ဒါနံ၊ ဆွမ်းအစရှိသော လှူဘွယ်ဝတ္ထုကို။
ယဒိဒေဘိ၊ အကယ်၍ ပေးလှူအံ့။
ဧတ္တော ဧဟသ္မာ၊ ထိုသို့ပေးလှူခြင်းကြောင့်။
ဧတံဗီဇံ၊ ထိုမျိုးစေ့နှင့် တူသော လှူဘွယ်ဝတ္ထုသည်လည်းကောင်း။
သာကသိ၊ ထိုလယ်လုပ်ခြင်းနှင့်တူသော အလှူပေးခြင်း သည်လည်းကောင်း။
ဧတံ ခေတ္တံ၊ ထိုကောင်းသော လယ်မြေခေတ်နှင့် တူသော ရဟန္တာ ပုဂ္ဂိုလ်သည်လည်းကောင်း။
ပေတာနဉ္စ၊ တမလွန်ဘဝသို့ ပြောင်းသွားကုန်သော သူတို့အား လည်းကောင်း။
ဒါယကဿစ၊ ဆွမ်းအစရှိသော လှူဘွယ်ဝတ္ထုတို့ကို ပေးလှူတတ်သော သူအားလည်းကောင်း။
ဖလံ၊ လူနတ်တို့၌ ဖြစ်သော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်းအစရှိသော ကောင်းကျိုးကို။
နိဗ္ဗတ္တတေ၊ ဖြစ်စေ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဒါယကေန၊ ဆွမ်း အစရှိသော လှူဘွယ်ဝတ္ထုကို ပေးလှူတတ်သော သူသည်။
ပေတေ၊ တမလွန်ဘဝသို့ပြောင်းသွားကုန်သော သူတို့ကို။
ဥဒ္ဒိဿ၊ ရည်မှတ်၍။
ဒါနေ၊ အလှူကို။
ဒိန္နေ၊ ပေးအပ်သည်ရှိသော်.
ယထာဝုတ္တခေတ္တကသိဗီဇ သမ္ပတ္တိယာစ၊ အကြင် အကြင် ဆိုအပ်ခဲ့ပြီးသော အလှူခံ အလှူပေးခြင်းလှူဘွယ်ဝတ္ထု၏ ပြည့်စုံခြင်းကြောင့်၎င်း။
အနုမောဒနာယစ၊ တမလွန်ဘဝသို့ ပြောင်းသွားကုန်သော သူတို့၏ အနုမောဒနာပြုခြင်းကြောင့် လည်းကောင်း။
ယံဒါနဖလံ၊ အကြင်ဒါန၏ အကျိုးသည်။
ပေတာနံ၊ တမလွန်ဘဝသို့ ပြောင်းသွားကုန်သော သူတို့အား။
ဥပကပ္ပတိ၊ ဖြစ်၏။
တံ ဒါနဖလံ၊ ထိုဒါန၏ အကျိုးကို။
ပေတာ၊ တမလွန်ဘဝသို့ ပြောင်းသွားကုန်သော သူတို့သည်။
ပရိဘုဉ္ဇန္တိ၊ သုံးဆောင်ခံစားရကုန်၏။
ဒါတာ၊ ပေးလှူတတ်သော သူသည်ကား။
အတ္တနော၊ မိမိ၏ ။
ဒါနမယပုညနိမိတ္တံ၊ ဒါနဖြင့် ပြီးသော ကောင်းမှုတည်းဟူသော အကြောင်းကြောင့်။
ပုညေန၊ လူနတ်တို့၌ ဖြစ်သော စည်းစိမ်ချမ်းသာ၏ ပြည့်စုံခြင်းအစရှိသောကောင်းမှု၏ အကျိုးဖြင့်။
ဝဍ္ဎတိ၊ ပွားများ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဒါယကော၊ တမလွန်ဘဝသို့ ပြောင်းသွားသောသူတို့ကို ရည်မှတ်၍ ပေးလှူတတ်သော သူသည်။
ပေတေ၊ တမလွန်ဘဝသို့ ပြောင်းသွားကုန်သော သူတို့ကို။
ပဋိပူဇယ၊ ရည်မှန်၍ ပေးလှူသော အားဖြင့် ခံစားအပ်သော ဆင်းရဲမှ လွတ်စေ၍။
ကုသလံ၊ ဒါနကုသိုလ်ကံကို။
ကတွာ၊ ပြုခြင်းကြောင့်လည်းကောင်း။
ဘဒ္ဒကံ၊ ပစ္စုပ္ပန်ကောင်းကျိုးကိုရစေတတ်သည်၏ အဖြစ်ကြောင့် ကောင်းမြတ်သော။
ကမ္မံ၊ ပတ္တိဒါန ကုသိုလ်ကံကို။
ကတွာ၊ ပြုခြင်းကြောင့် လည်းကောင်း။
ဣဓေဝ၊ ဤ မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ပင်လျှင်။
ဝိညူနံ၊ ပညာရှိတို့၏။
ဝိယာဒိကေ၊ ချစ်မြတ်နိုးခြင်း အစရှိသော။
ဒိဋ္ဌဓမ္မိကေ၊ မျက်မှောက်၌ဖြစ်ကုန်သော။
ဒါနာနိသံသေစ၊ ဒါန၏ အကျိုးတို့ကိုလည်း။
လဘတိ၊ ရ၏။
သမ္ပရာ ယေ၊ တမလွန်ဘဝ၌။
သဂ္ဂံ၊ နတ်ပြည်၌ဖြစ်သော အသက်ရှည်ခြင်း အစရှိသော ဆယ်ပါးသော အကြောင်းတို့ဖြင့် မြတ်သည်၏ အဖြစ်ကြောင့် သဂ္ဂဟု ဆိုအပ်သော။
ဌာနဉ္စ၊ နတ်ပြည်အရပ်သို့လည်း။
ဂမတိ၊ လားရ၏။
ဣတိ၊ အသို့။အ
အဘာသိ၊ ဟောတောာ်မူ၏။
ပဌမံ၊ ရှေးဦးစွာသော။
ခေတ္တူပမပေတဝတ္ထု၊ ကောင်းသောလယ်နှင့်တူသော ပြိတ္တာ၏ အကြောင်းသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။