ဆဋ္ဌေ၊ ဆဋ္ဌသုတ်၌။
ပုဗ္ဗာပယမာနောတိ၊ ပုဗ္ဗာပယမာနောဟူသည်ကား။
ပုဗ္ဗသဒိသာ၊ ရှေးနှင့်တူကုန်သော။
ဂတ္တာနိ၊ ကိုယ်တို့ကို။
ကုရုမာနော၊ ပြုလျက်။
ကွတ္ထာ ဝုသော
တိပဒဿ၊ ကွတ္ထာ ဝုသောဟူသောပုဒ်ကို။
ကော ဧတ္ထ အာဝုသောတိပဒစ္ဆေဒေါ၊ ကော ဧတ္ထအာဝုသောဟူသောပုဒ်ဖြတ်ခြင်းကို။
ကာတဗ္ဗော၊ ပြုအပ်၏။
အာဝုသော၊ ငါ့ရှင်။
ဧတ္ထ၊ ဤအရပ်၌။
ကော၊ အဘယ်သူနည်း။
ယာဝတာ အာဝုသော ဒိဋ္ဌီတိ၊ ယာဝတာ အာဝုသော ဒိဋ္ဌိဟူသည်ကား။
ယတ္တိကာ၊ အကြင်မျှလောက်သော။
ဒွါသဋ္ဌိဝိဓာပိ၊ ခြောက်ဆယ့် နှစ်ပါးအပြားရှိသည်လည်းဖြစ်သော။
ဒိဋ္ဌိ နာမ၊ ဒိဋ္ဌိမည်သည်။
ဟောတိ၊ ဖြစ်၏။
ယာဝတာ ဒိဋ္ဌိဋ္ဌာနန္တိ၊ ယာဝတာ ဒိဋ္ဌိဋ္ဌာနံဟူသည်ကား။
ခန္ဓာပိ၊ ခန္ဓာတို့သည်လည်း။
ဒိဋ္ဌိဋ္ဌာနံ၊ ဒိဋ္ဌိ၏တည်ကြောင်းတည်း။
အဝိဇ္ဇာပိ၊ အဝိဇ္ဇာသည်လည်း။
ဒိဋ္ဌိဋ္ဌာနံ၊ ဒိဋ္ဌိ၏တည်ကြောင်းတည်း။
ဖဿောပိ၊ ဖဿသည်လည်း။
ဒိဋ္ဌိဋ္ဌာနံ၊ ဒိဋ္ဌိ၏တည်ကြောင်းတည်း။
သညာပိ၊ သညာသည်လည်း။
ဒိဋ္ဌိဋ္ဌာနံ၊ ဒိဋ္ဌိ၏တည်ကြောင်းတည်း။
ဝိတက္ကောပိ၊ ဝိတက်သည်လည်း။
ဒိဋ္ဌိဋ္ဌာနံ၊ ဒိဋ္ဌိ၏တည်ကြောင်းတည်း။
အယောနိသောမနသိကာရောပိ၊ မသင့်သောအားဖြင့် နှလုံးသွင်းခြင်းသည်လည်း။
ဒိဋ္ဌိဋ္ဌာနံ၊ ဒိဋ္ဌိ၏တည်ကြောင်းတည်း။
ပါပမိတ္တောပိ၊ ယုတ်မာသောအဆွေခင်ပွန်းသည်လည်း။
ဒိဋ္ဌိဋ္ဌာနံ၊ ဒိဋ္ဌိ၏တည်ကြောင်းတည်း။
ပရတော၊ သူတစ်ပါးမှ။
ဃောသောပိ၊ အသံသည်လည်း။
ဒိဋ္ဌိဋ္ဌာနံ၊ ဒိဋ္ဌိ၏တည်ကြောင်းတည်း။
ဣတိဧဝံ၊ ဤသို့။
ယတ္တကံ၊ အကြင်မျှလောက်သော။
အဋ္ဌဝိဓံ၊ ရှစ်ပါးအပြားရှိသော။
ဒိဋ္ဌိဋ္ဌာနံ၊ ဒိဋ္ဌိ၏တည်ကြောင်းသည်။
ဒိဋ္ဌိကာရဏံနာမ၊ ဒိဋ္ဌိ၏အကြောင်းမည်သည်။
အတ္ထိ၊ ရှိ၏။
ဒိဋ္ဌာဓိဋ္ဌာနန္တိ၊ ဒိဋ္ဌာဓိဋ္ဌာနံဟူသည်ကား။
ဒိဋ္ဌာဓိဋ္ဌာနံ၊ မိစ္ဆာဒိဋ္ဌိ ကိုဆောက်တည်ခြင်းတည်း။
ဧတံ၊ ဤဒိဋ္ဌာဓိဋ္ဌာနံဟူသောအမည်သည်။
အဓိဘိဋ္ဌိတွာအဓိဘဝိတွာ၊ ဆောက်တည်၍။
ပဝတ္တာယ၊ ဖြစ်သော။
ဒိဋ္ဌိယာ၊ ဒိဋ္ဌိ၏။
နာမံ၊ အမည်တည်း။
ဒိဋ္ဌိပရိယုဋ္ဌာနန္တိ၊ ဒိဋ္ဌိပရိယုဋ္ဌာနံဟူသည်ကား။
ကတမာနိ အဋ္ဌာရသ ဒိဋ္ဌိပရိယုဋ္ဌာန ( ပ ) ဣမာနိ အဋ္ဌာရသ ဒိဋ္ဌိပရိယုဋ္ဌာနာနီတိ၊ ကတမာနိ အဋ္ဌာရသ ဒိဋ္ဌိပရိယုဋ္ဌာနာနိ( ပ )ဣမာနိ အဋ္ဌာရသဒိဋ္ဌိပရိယုဋ္ဌာနာနိဟူ၍။
ဧဝံ၊ ဤသို့။
ဝုတ္တံ၊ ဟောတော်မူအပ်သော။
ဒိဋ္ဌိပရိယုဋ္ဌာနံ၊ ထိုကျင့်နှိပ်စက်တတ်သောမိစ္ဆာဒိဋ္ဌိတည်း။
အဋ္ဌာရသ၊ တစ်ဆယ့် ရှစ်ပါး ကုန်သော။
ဒိဋ္ဌိပရိယုဋ္ဌာနာနိ၊ ထိုးကျင့်နှိပ်စက်တတ် သော မိစ္ဆာဒိဋ္ဌိတို့သည်။
ကတမာနိ၊ အဘယ်သည်တို့နည်း။
ယာဒိဋ္ဌိ၊ အကြင်မိစ္ဆာဒိဋ္ဌိသည်။
ယံဒိဋ္ဌိဂတံ၊ အကြင်မိစ္ဆာဒိဋ္ဌိအယူသည်။
ယံဒိဋ္ဌိဂဟနံ၊ အကြင် မိစ္ဆာဒိဋ္ဌိတည်းဟူသောတောအုပ်သည်။
ယံဒိဋ္ဌိကန္တာရံ၊ အကြင်မိစ္ဆာဒိဋ္ဌိတည်းဟူသောခရီးသည်။
ယံဒိဋ္ဌိဝိသုကံ၊ အကြင်မိစ္ဆာဒိဋ္ဌိတည်းဟူသော ဆန့်ကျင်သောသဘောတရားသည်။
ယံဒိဋ္ဌိဝိပ္ဖန္ဒနံ၊ အကြင်မိစ္ဆာဒိဋ္ဌိတည်းဟူသော တုန်လှုပ်တတ်သောသဘောတရားသည်။
သံဒိဋ္ဌိသံယောဇနံ၊ အကြင်မိစ္ဆာဒိဋ္ဌိတည်းဟူသော သံယောဇဉ် သည်။
ယံဒိဋ္ဌိသလ္လံ၊ အကြင်မိစ္ဆာဒိဋ္ဌိတည်းဟူသော ငြောင့်သည်။
ယော ဒိဋ္ဌိသမ္ဗာဓော၊ အကြင်မိစ္ဆာဒိဋ္ဌိတည်းဟူသော နှိပ်စက်တတ်သောတရားသည်။
ယော ဒိဋ္ဌိပလိဗောဓော၊ အကြင်မိစ္ဆာဒိဋ္ဌိတည်းဟူသော တားမြစ်တတ်သောတရားသည်။
ယံဒိဋ္ဌိဗန္ဓနံ၊ အကြင်မိစ္ဆာဒိဋ္ဌိတည်းဟူသော နှောင်ဖွဲ့တတ်သောတရားသည်။
ယော ဒိဋ္ဌိပပါတော၊ အကြင်မိစ္ဆာဒိဋ္ဌိတည်းဟူသော ကမ်းပါးပြတ်သည်။
ယော ဒိဋ္ဌာနုသယော၊ အကြင်မိစ္ဆာ ဒိဋ္ဌိတည်းဟူသော အနုသယသည်။
ယော ဒိဋ္ဌိသန္တာပေါ၊ အကြင်မိစ္ဆာဒိဋ္ဌိတည်းဟူသော ပူပန်စေတတ်သောတရားသည်။
ယော ဒိဋ္ဌိပရိဠာဟော၊ အကြင်မိစ္ဆာဒိဋ္ဌိတည်းဟူသော ပူလောင်တတ်သောတရားသည်။
ယော ဒိဋ္ဌိဂန္ဓော၊ အကြင်မိစ္ဆာဒိဋ္ဌိတည်းဟူသော ထုံးဖွဲ့တတ်သောတရားသည်။
ယံဒိဋ္ဌုပါဒါနံ၊ အကြင်မိစ္ဆာဒိဋ္ဌိတည်းဟူသော ပြင်းစွာစွဲလမ်းတတ်သောတရားသည်။
ယော ဒိဋ္ဌာဘိနိဝေသော၊ အကြင်မိစ္ဆာဒိဋ္ဌိတည်းဟူသောမှားသောအားဖြင့် နှလုံးသွင်းတတ်သောတရားသည်။
ယော ဒိဋ္ဌိပရာမာသော၊ အကြင်မိစ္ဆာဒိဋ္ဌိတည်းဟူသောမှားသောအားဖြင့် သုံး သပ်တတ်သောတရားသည်။
အတ္ထိ၊ ရှိ၏။
ဣမာနိ အဋ္ဌာရသ၊ ဤတစ်ဆယ့်ရှစ်ပါးတို့သည်။
ဒိဋ္ဌိပရိယုဋ္ဌာနာနိ၊ ထိုးကျင့်၍နှိပ်စက်တတ်သောတရားတို့မည်ကုန်၏။
သမုဋ္ဌာနန္တိ၊ သမုဋ္ဌာနံဟူသောသဒ္ဒါသည်။
ဒိဋ္ဌိဋ္ဌာနဿေဝ၊ ဒိဋ္ဌိဌာနဟူသောပုဒ်၏သာလျှင်။
ဝေဝနံ၊ ဝေဝုစ်တည်း။
ဟိသစ္စံ၊ မှန်၏။
ခန္ဓာဟေတု (ပ) သမုဋ္ဌာနဋ္ဌေနာတိ၊ ခန္ဓာဟေတု (ပ) သမုဋ္ဌာနဋ္ဌေနဟူ၍။
ဧတံ၊ ဤစကားကို။
ဝုတ္တံ၊ ဟောတော်မူအပ်၏။
ဣတိအာဒိ၊ ဤသို့အစရှိ သော။
သဗ္ဗံ၊ အလုံးစုံသောစကားကို။
ဝိတ္ထာရေတဗ္ဗံ၊ ချဲ့အပ်၏။
ခန္ဓာ၊ ခန္ဓာတို့သည်။
ဒိဋ္ဌီနံ၊ ဒိဋ္ဌိတို့ကို။
ဥပါဒါယ၊ စွဲ၍။
သမုဋ္ဌာနဋ္ဌေန၊ ဖြစ်ကြောင်းဖြစ်သော အနက်သဘောကြောင့်။
ဟေတု၊ ဇနကဖြစ်သောအကြောင်းမည်၏။
ခန္ဓာ၊ ခန္ဓာတို့သည်။
ဒိဋ္ဌီနံ၊ ဒိဋ္ဌိတို့ကို။
ဥပါဒါယ၊ စွဲ၍။
သမုဠာနဋ္ဌေန၊ ဖြစ်ကြောင်းဖြစ်သော အနက်သဘောကြောင့်။
ပစ္စယော၊ အထောက်အပံ့ ဖြစ်သောအကြောင်းမည်၏။
သောတာပတ္တိမဂ္ဂေါပန၊ သောတာပတ္တိမဂ်သည်ကား။
သမုဂ္ဃတော
နာမ၊ ဒိဋ္ဌိကိုအကြွင်းမဲ့ သတ်သောတရားမည်၏။
ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။
သဗ္ဗဒိဋ္ဌိယော၊ အလုံးစုံသောဒိဋ္ဌိတို့ကို။
သမုဂ္ဃာတကတ္တာ၊ အကြွင်းမဲ့ သတ်တတ်သည်၏အဖြစ်ကြောင့်တည်း။
တမဟန္တိ၊ တမဟံဟူသည်ကား။
တံသဗ္ဗံ၊ ထိုအလုံးစုံသောဒိဋ္ဌိဓိဋ္ဌာနအစရှိသည်ကို။
အဟံ၊ ငါသည်။
ဇာနာမိ၊ သိ၏။
ကျာဟံ ဝက္ခာမီတိ၊ ကျာဟံ ဝက္ခာမိဟူသည်ကား။
ကိံ ကာရဏံ၊ ဘယ်အကြောင်းကြောင့်။
အဟံ၊ ငါသည်။
ဝက္ခာမိ၊ ဆိုရအံ့နည်း။