Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Sīlakkhandhavaggaṭṭhakathā
(DN) Sīlakkhandhavaggaṭṭhakathā

Addhānagamanavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဧဝံ မေ သုတံ၊ ပေ၊ ကောသလေသူတိ၊ ဟူသောဤသုတ်သည်။ (တစ်နည်း) ဧဝံ မေ သုတံ၊ ပေ၊ ကောသလေသုဟူသော အစအပိုင်းအခြားရှိသော ဤသုတ်သည်။ အမ္ဗဋ္ဌသုတ္တံ၊ အမ္ဗဋ္ဌသုတ်တည်း။ [ဣတိသဒ္ဒါအတွက် အနက် ၂ မျိုးပေးရပုံကို သာမညဖလသုတ်အစ၌ ပြခဲ့ပြီ။]
တတြ၊ ထိုအမ္ဗဋ္ဌသုတ်၌။ အယံ၊ ဤဆိုအပ်လတံ့ကား။ အပုဗ္ဗပဒဝဏ္ဏနာ၊ ရှေးမဟုတ်သောပုဒ်တို့၏ အဖွင့်တည်း။ ဝါ၊ အသစ်ဖြစ်သောပုဒ်တို့၏ အဖွင့်တည်း။ [အနုပုဗ္ဗပဒဝဏ္ဏနာပုဒ်နှင့်တကွ ဤပုဒ်ကိုလည်း သာမညဖလသုတ် အစ၌ ဖွင့်ခဲ့ပြီ။]
**ကောသလေသူ**တိ (ဧတ္ထ)၊ ၌။ ကောသလာ နာမ၊ ကောသလတို့မည်သည်။ ဇနပဒိနော၊ ဇနပုဒ်ရှိကုန်သော။ ဝါ၊ ဇနပုဒ်ကို အစိုးရကုန်သော။ ရာဇကုမာရာ၊ မင်းသားတို့တည်း။
တေသံ၊ ထို ကောသလမင်းသားတို့၏။ နိဝါသော၊ နေရာဖြစ်သော။ ဧကောပိ ဇနပဒေါ၊ ဇနပုဒ်တစ်ခုတည်းကိုလည်း။အမ္ဗဋ္ဌသုတ္တံ။ ။ ရှေ့၌ "သာမညဖလ သုတ္တဝဏ္ဏနာ နိဋ္ဌိတာ" ဟု ဆိုပြီးလျှင် ထို စကား၏ အခြားမဲ့၌ "ဧဝံ မေ သုတံ ၊ ကောသလေသူတိ အမ္ဗဋ္ဌသုတ္တံ" ဟု ဆိုသောကြောင့် "သာမညဖလသုတ်ကို ဖွင့်ပြီးသည်၏အခြားမဲ့၌ အမ္ဗဋ္ဌသုတ်ကိုဖွင့်ဖို့ရန် အခွင့်ရောက်လာပြီဟူသော အနက်အဓိပ္ပာယ်ကို ဝိဘာဝနတ္ထအဖြစ်ဖြင့်လည်းကောင်း, သံဂါယနာတင်တုန်းက သာမညဖလသုတ်၏ အခြားမဲ့၌ အမ္ဗဋ္ဌသုတ်ကို သံဂါယနာတင်ကြောင်းကို ပကာသနတ္ထ အဖြစ်ဖြင့်လည်းကောင်းပြ၏" ဟု သိစေသည်။ [ဋီကာသစ် ကျမ်းတက်ပုံကို မှီးသည်း ဝိဘာဝနတ္ထ, ပကာသနတ္ထ၏အဓိပ္ပာယ်ကို ရှေ့ဧဝံ မေ သုတံအဖွင့်၌ ပြခဲ့ပြီ။]
ဇနပဒိနော။ ။ "ဇနပဒေါ ဧတေသံ အတ္ထိ" ဟု ပြု၍ ဏီပစ္စည်းသက်လျှင် အနုဗန်ကြောင့် "ဇာနပဒိနော" ဟုဖြစ်နိုင်ပါ၏၊ သို့သော် အဿတ္ထိအနက်၌ ဏီပစ္စည်း တိုက်ရိုက်မရှိ၊ ဋီကာ၌ကား (ဤ) ပစ္စည်းဖြင့် ဝုဒ္ဓိမရောက်ဘဲ "ဇနပဒိနော" ဟု ရှိ၏၊ "ဇန ဟူရာ၌ ဇနပုဒ်ကို အပိုင်စားရသောမင်းသားများတည်း၊ (တစ်နည်း) "ဇနပဒဿ ဣဿရာ" ဟု ပြု၍ ဣဿရအနက်၌ ထိုပစ္စည်းများ သက်ပါ။ [ဇနပဒိနောတိ ဇနပဒဝန္တော၊ ဇနပဒဿဝါ ဣဿရာ၊ ဋီကာ။]
ဧကောပိ။ ။ ပိ (အပိ)သည် ဂရဟာဇောတက သမ္ဘာဝနာသမုစ္စည်းတည်း။ [ဋီကာသစ်၌ ပိ (အပိ)ကို "အနုဂ္ဂဟ (သမ္ဘာဝနာ) ဇောတက" ဟု ဆို၏။] မိမိအယူသည် "အပ္ပ-ဟီန, ဝါစကနောက်, ရောက်သည့်ဂရဟာ, ပိ သဒ္ဒါကား, သမ္ဘာဝနာကို ပေါင်းဆည်းထွန်းမြဲ" ဟူသော နိယံနှင့်ညီ၏၊ ဋီကာသစ်ဖွင့်ပုံကား "အနည်းအယုတ်, ပုဒ်နောင်ထုတ်၍ ပိယုတ်ဂရဟာ,ဖြစ်တုံပါလည်း, စပ်ရာပုဒ်မှာ, များမြတ်ပါမူ, သမ္ဘာဝနာပင်ယူ" ဟူသော နိယာမ် နှင့်ညီ၏၊ ဧကောဟူသော အနည်းနောက်ထိုင်၍ ဂရဟာဖြစ်သော်လည်း စပ်ရာပုဒ်က "ကောသလာတိ ဝုစ္စတိ" ဟု ဗဟုဝုစ်ခေါ်နိုင်ပုံကို ပြသောကြောင့် သမ္ဘာဝနာဟုပင် ယူပါဟူလို၊ နှစ်သက်ရာယူပါ။
[(တစ်နည်း) ဧကော၊ တစ်ခုတည်းသည်။ (သမာနော)ပိ၊ ဖြစ်ပါသော်လည်း။ ဝါ၊ ဖြစ်သည်လည်းဖြစ်သော။ ဇနပဒေါ၊ ကို။] ရုဠှီသဒ္ဒေန၊ ရုဠှီသဒ္ဒါအားဖြင့်။ ဝါ၊ ရုဠှီသဒ္ဒါ၏အဖြစ်ကြောင့်။ ကောသလာတိ၊ ကောသလာတို့ဟူ၍။ ဝုစ္စတိ၊ ၏။ ကောသလေသု၊ ကောသလာဟု ဗဟုဝုစ် အမည်ရသော။ တသ္မိံ ဇနပဒေ၊ ထိုဇနပုဒ်၌။ ["စရမာနော အဝသရိ" တို့၌စပ်။]ရုဠှီသဒ္ဒေန။ ။ "တစ်ခုတည်းဖြစ်ပါလျက် အဘယ်နည်းအားဖြင့် ဗဟုဝုစ် သနည်း" ဟု မေးဖွယ်ရှိသောကြောင့် "ရဠှီသဒ္ဒေန" ဟု မိန့်သည်၊ ဇနပုဒ်တစ်ခုတည်းဖြစ်သော်လည်း ရဠှီသဒ္ဒါအားဖြင့် (ရုဠှီသဒ္ဒါဖြစ်သောကြောင့်) ကောသလာဟု ဗဟုဝုစ်ဆိုနိုင်ပါသည် ဟူလို၊ ရုဟတိ-မူလအနက်မှ တစ်ပါးသောအနက်၌ တက်ရောက်တတ်၏၊ ဣတိ ရုဠှီ။ [ရုဟဓာတ်, တ ပစ္စည်း၊ [ဣတ္ထိဇောတက ဤပစ္စည်း။] ရုဠှီစ+သာ+သဒ္ဒေါစာတိ ရုဠှီသဒ္ဒေါ၊ (တစ်နည်း) ရုဠှီယာ+ပဝတ္တော+သဒ္ဒေါ (ရုဠှီသဒ္ဒေါ (ရုဋီအားဖြင့်ဖြစ်သောသဒ္ဒါ)။
အတင်ရုဠှီ။ ။ ထိုရုဠှီသည် အတင်, အတွင်, အထင်အားဖြင့် ၃ မျိုးရှိ၏၊ ဤနေရာ၌ကား မင်းသားတို့၏ "ကောသလာ" ဟူသော ဗဟုဝုစ်နာမည်ကို ဇနပုဒ်တစ်ခု၌တင်စားသောကြောင့် "အတင်ရဠှီ" တည်း၊ ဥပစာအားဖြင့်ကား ဌာနီမင်းသားတို့၏ ဗဟုဝုစ်အမည်ကို ဌာနဇနပုဒ်၌ တင်စားသောကြောင့် ဌာနျူပစာတည်း၊ ဤသို့ တင်စားရာ၌ မူလအနက်၏ လိန်ဝုစ်အတိုင်း ရှိရသောကြောင့် ဇနပုဒ်တစ်ခုတည်းကိုပင် ကောသလာ (ကောသလေသု) ဟု ဗဟုဝုစ် ဆိုနိုင်ပါသည်၊-ဟူလို။
ဋီကာ။ ။ ယဒိ ဧကော ဇနပဒေါ၊ ကထံ (အဘယ်နည်းဖြင့်) ဗဟုဝုဝစနံတိ အာဟ-ရုဠှီသဒ္ဒေနာတိ၊ အက္ခရစိန္တကာ ဟိ ဤဒိသေသု ဌာနေသု ယုတ္တေဝိယ ဤဒိသလိင်္ဂ ဝစနာနိ ဣစ္ဆန္တိ၊ အယမေတ္ထ ရုဠှီ ၊ ပေ၊ တဗ္ဗိသေသနေ ပန ဇနပဒသဒ္ဓေ ဇာတိသဒ္ဒေ ဧကဝစန မေဝါ ၊ ဆိုလိုရင်းကား- အက္ခရာပုဒ်ပါဌ်ကို သိတတ်ကုန်သော သဒ္ဒါကျမ်းပြုဆရာတို့သည် ဤကဲ့သို့သော အရာဌာနတို့၌ (ယုတ္တေဝိယ-မူလအနက်၌ကဲ့သို့) ဤကဲ့သို့လိန်ဝုစ်တို့ကို အလိုရှိကြကုန်၏၊ ဤသို့ မူလအနက်မှ အခြားအနက်၌ တင်စားခြင်းသည် ဤအရာ၌ ရုဠှီတည်း၊ ဇနပဒသဒ္ဒါသည် "ကောသလေသု" ဟူသော ဗဟုဝုစ်ဝိသေသနရှိပါသော်လည်း (ဇနပုဒ် သာမညကိုဟောသော ဇာတိသဒ္ဒါ-သာမညသဒ္ဒါဖြစ်သောကြောင့်) ဧကဝုစ်သာဖြစ်ရသည်။
မှတ်ချက်။ ။ "ပစ္စယတ္တေန-ပစ္စည်း၏အနက်နှင့်၊ သဟ, အတ္တာနံ-မိမိကို၊ ယုဇ္ဇတိ-ယှဉ်စပ်တတ်၏၊ ဣတိ ယုတ္တိ" ဟု ပြု၍ ပကတိဖြစ်သောပုဒ် ဓာတ်၏အနက်ကိုသာ "ယုတ္တ" ဟု ခေါ်ရသော်လည်း ဤနေရာ၌ကား ဥပစာမတင်မီက မူလပုဒ်ကိုလည်း "ယုတ္တ" ဟု ယူပါ၊ ဤဥပစာတင်ပုံများကို ဗြဟ္မဇာလသုတ် အမ္ဗလဋ္ဌိကာယံပုဒ်အဖွင့်၌လည်း ပြခဲ့ပြီ၊ [ကျေးဇူးရှင် အဘယာရာမဆရာတော်၏ မောဂ္ဂလ္လာန်နိဿယ ဏာဒိကဏ္ဍ (၁၉) သုတ်၌ကား ဤဋီကာတို့ ဖွင့်ပုံသည် မူလသဒ္ဒါကျမ်းတို့၏ အဆိုနှင့်မညီ" ဟု အကျယ် ဆုံးဖြတ်တော်မူသည်၊ ထိုသို့ မူလသဒ္ဒါကျမ်းတို့အဆိုနှင့် မညီသော်လည်း မူလပုဒ်၏ လိန်ဝုစ်သို့ကား လိုက်ရမည်သာ။]
ပန၊ ဝါဒန္တရ ဝိသေသကား။ ပေါရာဏာ၊ ရှေး၌ဖြစ်သော အဋ္ဌကထာဆရာတို့သည်။ အာဟု၊ မိန့်တော်မူကြကုန်ပြီ။ (ကိံ)။ ယသ္မာ, ပုဗ္ဗေ၊ ရှေး၌။ မဟာပနာဒံ၊ မဟာပနာဒမည်သော။ ရာဇကုမာရံ၊ ကို။ နာနာ နာဋကာဒီနိ၊ ကချေသည်တို့၏ အမျိုးမျိုးသောကပုံကနည်းတို့ကို။ ဒိသွာ၊ မြင်၍။ သိတမတ္တံပိ၊ ပြုံးရုံမျှကိုလည်း။ အကရောန္တံ၊ မပြုသည်ကို။ သုတွာ၊ ကြားရ၍။ ရာဇာ၊ ခမည်းတော်သုရုစိမင်းသည်။ အာဟ၊ ပြီ။
(ကိံ)။ ယော၊ အကြာင်ပုဂ္ဂိုလ်သည်။ မမ၊ ၏။ ပုတ္တံ၊ ကို။ ဟသာပေတိ၊ ပြုံးရယ်စေနိုင်၏။ နံ၊ ထိုပုဂ္ဂိုလ်ကို။ သဗ္ဗာလင်္ကာရေန၊ အလုံးစုံသောတန်ဆာဖြင့်။ အလင်္ကာရောမိ၊ တန်ဆာဆင်အံ့။ ဣတိ၊ ဤသို့ပြောပြီ။
တတော၊ ထိုသို့ပြောခြင်းကြောင့်။ နင်္ဂလာနိပိ၊ ထွန်တုံးတို့ကိုသော်မှလည်း။ [ပိသည် သမ္ဘာဝနာဇောတက။ "အသက်မွေးကြောင်းဖြစ်၍ တိုင်းပြည်၌ အရေးကြီးသော ထွန်တုံးတို့ကိုသော်မှ လည်း" ဟူလို။] ဆဋ္ဋေတွာ၊ စွန့်ပစ်၍။ မဟာဇနကာယေ၊ များစွာသော လူအပေါင်းသည်။ သန္နိပတိတေ၊ စုဝေးမိလသော်။ မနုဿာ၊ တို့သည်။ သာတိရေကာနိ၊ အပိုအလွန်နှင့်တကွဖြစ်ကုန်သော။ပေါရာဏာ ပန။ ။ ပန သဒ္ဒါသည် ရှေးနည်းမှထူးသော တစ်နည်းကို ပြသောကြောင့် ဝိသေသတ္ထဇောတကတည်း၊ ရှေ့နည်း၌ ရုဠှီသဒ္ဒါဖြစ်သောကြောင့် ဗဟုဝုစ်ဆိုရသည်ဟု ယူ၍ ဤနည်း၌ကား ကောသလမည်သော အရပ်၏ များပြားခြင်းကြောင့် ရုဠှီမဟုတ်ဘဲ မုချအားဖြင့် ဗဟုဝုစ်ဆိုရသည်ဟု ယူသည်။
ဋီကာ။ ။ ပေါရာဏာပနာတိ ပနသဒ္ဒေါ ဝိသေသတ္ထဇောတနော၊ တေန (ထိုပနသဒ္ဒါဖြင့်) ပုထုအတ္ထ ဝိသယတာယ ဧဝစေတံ ပုထုဝစနံတိ ဝက္ခမာနဝိသေသံ ဇောတတိ များသောအနက်ဟူသော ဟောရာဝိသယရှိသည်၏အဖြစ်ကြောင့်သာ ဤဗဟုဝုစ်သဒ္ဒါဖြစ်သည်ဟု ဆိုအပ်လတံ့သောအထူးကို ထွန်းပြသည်၊ ဗဟုပ္ပဘေဒေါ ဟိ သောပဒေသော, ယောဇနသတ ပရိမာဏတာယ (မှန်၏-ထိုအရပ်သည် ယူဇနာတစ်ရာအတိုင်းအရှည်ရှိသောကြောင့် များသောအပြားရှိ၏)။
မဟာပနာဒံ။ ။ "မဟာပနာဒဇာတ်, သုရုစိဇာတ်တို့၌လာသော "မဟာပနာဒ" မည်သောမင်းသားကို" ဟူလို၊ ထိုမင်းသားသည် သုရုစိမည်သော ဝိဒေဟမင်း၏ သားတော်တည်း၊ နတ်ပြည်မှ စုတေခဲ့သူဖြစ်၍ နတ်ကချေသည်များ၌ အလေ့အကျက် (ကြည့်ရှုခဲ့ရမှု) များသောကြောင့် လူ့ကချေသည်တို့၏ ကပုံ သီဆိုပုံ ပျက်လုံးထုတ်ပုံအားလုံးကိုပင် သဘောမကျနိုင်ချေ၊ ထို့ကြောင့် ပြုံးရုံမျှပင် မပြုံးဘဲ နေလေသည်။
နင်္ဂလာနို ဆဋ္ဋေတွာ။ ။ အလုပ်ကိုမလုပ်ကြတော့ဘဲ ထွန်တို့ကိုစွန့်ပစ်၍ လူအများ စုဝေးကြသည်-ဟူလို၊ ထို မဟာဇနကာယ၌ လယ်သမားတွေသာမက, အခြားအခြားသော အလုပ်သမားတို့လည်း မိမိဆိုင်ရာအလုပ်ကိုစွန့်၍ စုဝေးမိကြ၏၊ ထို့ကြောင့် "နင်္ဂလာနိ ဆဋ္ဋေတွာ"သည် အလုပ်စွန့်ပုံ ဥဒါဟရုဏ်ကိုပြသော နိဒဿနနည်းသာတည်း။ ["နင်္ဂလာမို့" နေရာဝယ် "နင်္ဂလာဒီနိ" ဟု ရှိသည်ကား "နင်္ဂလာနိ ဆဋ္ဋေတွာတိ ၊ပေ၊ နိဒဿနဝစနမေတံ" ဟူသော ဋီကာနှင့်မညီ၊ အာဒိသဒ္ဒါပါလျှင် အားလုံးအလုပ်တွေကို ယူနိုင်သောကြောင့် နိဒဿန နည်းဟု ဆိုဖွယ်မလို။]
သတ္တဝဿာနိ၊ ခုနစ်နှစ်တို့ပတ်လုံး။ နာနာကီဠာယော၊ အမျိုးမျိုးသော ပျော်မြူးဖွယ်တို့ကို။ ဒဿေတွာပိ၊ ပြ၍လည်း။ တံ၊ ထိုမဟာပနာဒမင်းသားကို။ ဟသာပေတုံ၊ ပြုံးရယ်စေခြင်းငှာ။ နာသက္ခိံသု၊ မစွမ်းနိုင်ကြကုန်။ တတော၊ ထိုမှနောက်၌။ ဝါ၊ ထိုသို့ပြုံးရယ်စေခြင်းငှာ မစွမ်းနိုင်ခြင်းကြောင့်။ ဒေဝရာဇာ၊ နတ်တို့၏မင်းဖြစ်သော။ သက္ကော၊ သိကြားသည်။ နဋကံ၊ နတ်ကချေသည်ကို။ ပေသေသိ၊ စေလွှတ်ပြီ။ သော၊ ထိုနတ်ကချေသည်သည်။ ဒိဗ္ဗနာဋကံ၊ နတ်၌ဖြစ်သော ကပုံ ကနည်းကို။ ဒဿေတွာ၊ ပြ၍။ ဟသာပေသိ၊ ပြုံးရယ်စေပြီ။ [ဒိဗ္ဗနဋက၏ ကပြပုံကို ဋီကာသစ်၌ ရှုပါ]။
အထ၊ ပြုံးရယ်ရာ ထိုအခါ၌။ တေ မနုဿာ၊ တို့သည်။ အတ္တနော အတ္တနော၊ မိမိ မိမိ၏။ ဝသနောကာသာဘိမုခါ၊ နေရာအရပ်သို့ ရှေးရှုကုန်သည်။ (ဟုတွာ)။ ပက္ကမိံသု၊ ဖဲသွားကြကုန်ပြီ။
တေ၊ ထိုလူတို့သည်။ ပဋိပထေ၊ ရှေးရှုဖြစ်သောခရီး၌။ ဝါ၊ ခရီးရပ်ဆိုင်။ မိတ္တသုဟဇ္ဇာဒယော၊ မိတ်ဆွေ, ချစ်ကျွမ်းဝင်သူ အစရှိသည်တို့ကို။ (ပွဲပြီးမှန်းမသိ၍ ရှေးရှုလာသူတို့ကို။) [သုန္ဒရံ+ဟဒယံ ယဿာတိ သုဟဒေါ။ ယကို ချေ။ သုဟဒေါယေဝ သုဟဇ္ဇံ။ သွတ္ထ၌ ဏျပစ္စည်း။] ဒိသွာ၊ တွေ့၍။ ပဋိသန္ထာရံ၊ ပဋိသန္ထာရကို။ ကရောန္တာ၊ ပြုကုန်လတ်သော်။
ဘော၊ အမောင်။ ကစ္စိ၊ အဘယ်သို့နည်း။ ဝါ၊ ဘယ်နှယ့်လဲ။ ကုသလံ၊ ကျမ်းမာပါ၏လော။ ဘော ကစ္စိ ကုသလံ။ ဣတိ, အာဟံသု။
တသ္မာ၊ ကြောင့်။ ကုသလန္တိ၊ ကုသလံဟူသော။ တံ ဝစနံ၊ ထိုစကားကို။ ဥပါဒါယ၊ ကပ်ယူ၍။ ဝါ၊ စွဲ၍။ သော ပဒေသော၊ ထိုအရပ်ကို။ ကောသလာတိ၊ ကောသလာဟူ၍။ ဝုစ္စတိ၊ ၏။ ဣတိ၊ ဤသို့။ (အာဟု၊ ကုန်ပြီ)။နဋကံ ပေသေသိ။ ။ ကချေသည် အနက်ကိုဟောရာ၌ "နတ္ထက, နဋက, နဋ ဟု အဘိဓာန် (၁ဝ၁) ၌ ၃ ပုဒ်သာရှိ၏၊ နဋတီတိ နဋော၊ နဋောယေဝ နဋကော၊ ထိုနဋက၏ ပြမှုစသည်ကိုသာ "နဋကဿ+ကမ္မံ" အရ "နာဋကံ" ဟု ခေါ်ရသည်၊ ထို့ကြောင့် "သော ဒိဗ္ဗနာဋကံ ဒဿေတွာ-ထို နတ်ကချေသည်သည် နတ်၌ဖြစ်သောကချေသည်၏ ကပြသီဆိုမှုကိုပြ၍" ဟု နာဋကသဒ္ဒါဖြင့် ဆိုသည်။
သော ပဒေသော။ ။ပဒေသသာမညတော ဝုတ္တံ-ဇာတျာပေက္ခနည်းအားဖြင့် ပဒေသ အများကိုပင် ပဒေသသာမည အဖြစ်ဖြင့်ယူ၍ "သော ပဒေသော" ဟု ဧကဝုစ်ဆိုသည်၊ ဝစနဝိပလ္လာသေနဝါ တေပဒေသာတိ အတ္တော၊ (တစ်နည်း) ဝစနဝိပလ္လာသနည်းအားဖြင့် "သော ပဒေသော" ဟု ဆိုသည်၊ "တေ ပဒေသာ" ဟု အနက်မှတ်ပါ၊ ဤသို့ယူမှ "ကောသလာ" ဟူသော ဗဟုဝုစ်နှင့် လိုက်လျောမည်-ဟူလို။
ကောသလာတိ။ ။ "တံ ကုသလန္တိ ဝစနံ ဥပါဒါယသော ပဒေသော ကောသလာတိ ဝုစ္စတိ" ဟူသော အဋ္ဌကထာဖွင့်အတိုင်း စဉ်းစားလျှင် ထိုလူတို့၏ "ကုသလံ-ကုသလံ" ဟူသော အမေးအဖြေစကားကို အကြောင်းပြု၍ ထိုအရပ်ကို (အရပ်အများကို) အတင်ရဠှီအားဖြင့် "ကုသလာ" ဟု ပဌမနာမည် မှည့်ပြီးဖြစ်၏၊ ထို့နောက်မှ သွတ္တ၌ ဏပစ္စည်းသက်၍ "ကုသလာယေဝ ကောသလာ" ဟုဖြစ်ရသည်၊ ဤသို့သာ အဓိပ္ပာယ်ရ၏၊ ဤဋီကာ၌လည်း "ကောသလာတိ ဝုစ္စတိ ကုသလာဧဝ ကောသလာတိ ကတွာ" ဤအဓိပ္ပာယ်ကိုပင် ဖွင့်၏ သို့သော် ဤဋီကာဆရာသည်ပင် မူလပဏ္ဏာသ၌ တစ်မျိုးဖွင့်ထားပြန်၏၊ ဖွင့်ပုံကား
**စာရိကံ စရမာနော**တိ၊ ကား။ အဒ္ဓါနဂမနံ၊ အဓွန့်ရှည်သောခရီးကိုကြွတော်မူခြင်းကို။ ဂစ္ဆန္တော၊ ကြွတော်မူလသော်။ (အဝသရိ ၌စပ်)။ [ထိုစာရိကကို တုရိတ အတုရိတအားဖြင့် ခွဲခြား၍ပြလိုသောကြောင့် "စာရိကာစ နာမေသာ" စသည်မိန့်။ (တုရိတာ၊ လျင်မြန်သော+စာရိကာ တုရိတစာရိကာ)။
စ၊ ဆက်။ ဘဂဝတော၊ ၏။သာလေယျကသုတ်ဋီကာ။ ။ "ကုသလံ ကုသလန္တိ ဝစနံ ဥပါဒါယာတိ "ကစ္စိကုသလံ-ဘယ့်နှယ်လဲ ကျမ်းမာရဲ့နော်၊ အာမ, ကုသလန္တိ" ဝစနပ္ပဋိဝစနဝသေန ပဝတ္တကုသလ ဝါဒိတာယ တေ မနုဿာ အာဒိတော ကုသလာတိ သမညံ လဘိံသု၊ တေသံ ကုသလာနံ (ထိုကုသလမည်သော လူတို့၏)+ဣဿရာ ဣတိ ရာဇကုမာရာ ကောသလနာမ ဇာတာ တေသံ နိဝါသောတိ သဗ္ဗေ ပုဗ္ဗေ ဝုတ္တနယမေဝ။
စာရိကံ စရမာနော။ ။ စရဏံ-လှည့်လည်ခြင်း (သွားခြင်း), စာရိကာ-ခြင်း, စရဓာတ်, ဏျပစ္စည်း, ဣလာ, ယကို ကပြု၊ (တစ်နည်း) စရဏံ စာရော-လှည့်လည်ခြင်း (သွားခြင်း)၊ စာရော ဧဝ စာရိကာ၊ သွတ္ထ၌ ဣကပစ္စည်း။ [ပါရာဇိကဏ်ဘာသာဋီကာ ဝေရဉ္ဇကဏ္ဍ "ဇနပဒစာရိကံ" ၌ ဏိကပစ္စည်းဟု ဆိုမှား၏။] ဤသို့ "စာရိကာ" အရ သွားခြင်းကြိယာရသောကြောင့်လည်းကောင်း, ထိုစာရိကာအရ ခရီးရှည် ကြွသွားခြင်းကို ယူစေလိုသောကြောင့် လည်းကောင်း "အဒ္ဓါနဂမနံ" ဟု ဖွင့်သည်၊ ရှေးစာအုပ်များ၌ "အဒ္ဓါနမဂ္ဂံ" ဟု ရှိသည်ကား ပါဌ်ပျက်၊ ဘာကြောင့်နည်း၊-"စာရိကာသဒ္ဒါ၏ မဂ္ဂအနက်ကို မဟောသောကြောင့်တည်း" ဟု ဋီကာသစ်ဆိုသည်။
ကြိယာဝိသေသန။ ။ စာရိကံပုဒ်သည် စရမာနော၌ ကြိယာဝိသေသနစပ်ရသော ဘာဝန, သကပုဒ်တည်း၊ ဤအလို "စာရိကံ-ခရီးရှည် လှည့်လည်ခြင်းအားဖြင့်၊ စရမာနော-လှည့်လည်တော်မူလသော်" ဟု ပေးရလိမ့်မည်။ [ဘာဝနပုံသကံ စေတံ၊ အဒ္ဓါနဂမနသင်္ခါတာယ စာရိကာယ စရမာနောတိ ဝုတ္တံ ဟောတိ။-ဋီကာသစ်။]
အဘေဒဘေဒူပစာ။ ။တစ်နည်း-"စာရိကံ-လှည့်လည်ခြင်းကို၊ စရမာနော-သော်" ဟု ပေးပါ၊ ဤသို့ပေးရာ၌ "စာရိကံ" အရ လှည့်လည်ခြင်းရ၍ "စရမာနော" ၌ စရအရလည်း လှည့်လည်ခြင်းကြိယာပင် ရသောကြောင့် အဘေဒဘေဒူပစာရ (ကံနှင့်ကြိယာ မပြားဘဲလျက်ပြားသကဲ့သို့, ကံ+ကြိယာအဖြစ်ဖြင့် ခွဲ၍ဆိုအပ်သော) စကားဟု ကြံပါ၊ ဥပမာ-"ဒိဝါဝိဟာရံ နေ့အခါ၌ နေခြင်းကို+နိသီဒိ-နေပြီ" ဟူရာ၌ကဲ့သို့တည်း။ [အဘေဒေပိ ဝါ ဘေဒဝေါဟာရေန ရတ္တံ၊ ယထာ-ဒိဝါဝိဟာရံ နိသီဒီတိ၊-ဋီကာသစ်။] "စရိယတေတိ စာရိကာ" ဟု ကံဟောဏျ ပစ္စည်းကြံလျှင် "စာရိကာ" အရ လှည့်လည်အပ်သော ခရီးဒြဗ်ရသောကြောင့် စရမနောနှင့် အရမတုရကား အဘေဒဘေဒူပစာရ ကြံဖွယ်မလိုတော့။
ဧသာ စာရိကာနာမ၊ ဤစာရိကာမည်သည်။ ဝါ၊ ဤဒေသစာရီ, ကြွချီတော်မူခြင်း မည်သည်။ တုရိတစာရိကာစ၊ လျင်မြန်သော ကြွတော်မူခြင်းလည်းကောင်း။ အတုရိတစာရိကာစ၊ မလျင်မြန်သော ကြွတော်မူခြင်းလည်းကောင်း။ (ဣတိ၊ သို့) ဒုဝိဓာ၊ ရှိသည်။ ဟောတိ။
တတ္ထ၊ ထိုစာရိကာ ၂ပါးတို့တွင်။ ဒူရေပိ၊ အဝေး၌လည်း။ ဗောဓေနေယျပုဂ္ဂလံ၊ သစ္စာ ၄ ပါးကို သိစေထိုက်သော ပုဂ္ဂိုလ်ကို။ ဒိသွာ၊ မြင်တော်မူ၍။ (တဿ၊ ထိုဗောဓနေယျပုဂ္ဂိုလ်ကို။ ဗောဓနတ္ထာယ၊ သိစေတော်မူခြင်းအကျိုးငှာ။ သဟသာ၊ လျင်စွာ။ ဂမနံ၊ ကြွတော်မူခြင်းသည်။ **တုရိတစာရိကာ** နာမ၊ တုရိတစာရိကာမည်၏။ ဝါ၊ လျင်မြန်သော ကြွတော်မူခြင်းမည်၏။ [အချန်ကြာအောင် မဆိုင်းငံ့ခြင်းကို "သဟသာ" ဟု ဆိုသည်။ သာ၊ ထိုတုရိတစာရိကာကို။ မဟာကဿပဿ၊ မဟာကဿပကို။ ပစ္စုဂ္ဂမနာဒီသု၊ ခရီးဦး ကြိုတော်မူခြင်း အစရှိသည်တို့၌။ ဒဋ္ဌဗ္ဗာ၊ မှတ်ထိုက်၏။
ဟိ၊ ချဲ့။ ဘဂဝါ၊ သည်။ မဟာကဿပံ၊ မဟာကဿပကို။ [စာအုပ်တို့၌ "မဟာကဿပတ္ထရံ" ဟု ရှိ၏။ သို့သော် "မဟာကဿပဿ" ဟူသော ရှေ့စကားနှင့်မညီသောကြောင့်လည်းကောင်း, ထေရ်မဖြစ်သေးသောကြောင့်လည်းကောင်းမကောင်း။] ပစ္စုဂ္ဂစ္ဆန္တော၊ ခရီးဦးကြိုတော်မူလသော်။ မုဟုတ္တေန၊ တမုဟုတ်မျှဖြင့်။ (တုရိတဖြစ်ကြောင်းကို ပြသည်။) တိဂါဝုတံ၊ ၃ ဂါဝုတ်ရှိသော။ မဂ္ဂံ၊ လမ်းကို။ အဂမာသိ၊ ကြွတော်မူပြီ။ (နိဒါနဝဂ္ဂ, ကဿပသံယုတ် ကြည့်ပါ)
အာဠာဝကဿ၊ အာဠာဝက၏။ အတ္ထာယ၊ အကျိုးငှာ။ တိံသယောဇနံ၊ ၃ဝ ယူဇနာရှိသော။ (မဂ္ဂံ အဂမာ သိ)။ [သဂါထာဝဂ္ဂ, ယက္ခသံယုတ်, အာဠာဝကသုတ်ကြည့်ပါ။] အင်္ဂုလိမာလဿ၊ အင်္ဂုလိ မာလ၏။ (အတ္ထာယ၊ ငှာ။) တထာ၊ ထို့အတူ ၃ဝ ယူဇနာရှိသော။ (မဂ္ဂံ အဂမာသိ။) [မဇ္ဈိမပဏ္ဏာသ, ရာဇဝဂ်, အင်္ဂုလိမာလသုတ် ကြည့်ပါ။]
ပန၊ ကား။ ပက္ကုသာတိဿ၊ ပက္ကုသာတိမင်း၏။ (အတ္ထာယ)။ ပဉ္စစတ္တာလီသယောဇနံ၊ ၄၅ ယူဇနာရှိသော။ (မဂ္ဂံ အဂမာသိ။) [ဥပရိပဏ္ဏာသ၊ ၄- ဝဂ်, ၁၀- သုတ်ကြည့်ပါ။]
မဟာကပ္ပိနဿ၊ မဟာကပ္ပိနမင်း၏။ (အတ္ထာယ)။ ဝီသယောဇနသတံ၊ ယူဇနာတစ်ရာ့နှစ်ဆယ်ရှိသော။ (မဂ္ဂံ အဂမာသိ။) [ဓမ္မပဒ ပဏ္ဍိတဝဂ်၊ မဟာကပ္ပိနတ္ထေရဝတ္ထု ကြည့်။]
ဓနိယဿ၊ ဓနိယ၏။ (အတ္ထာယ)။ သတ္တယောဇနသတာနိ၊ ယူဇနာ ခုနစ်ရာတို့တိုင်တိုင်။ အဂမာသိ။ [သုတ္တနိပါတ်၊ ဥရဂဝဂ် ဓနိယသုတ် ကြည့်ပါ။]ဒူရေပိ ဗောဓနေယျ။ ။ ပိ (အပိ) ဖြင့် နာတိဒူရေကို ဆည်းပါ၊ အဝုတ္တသမုစ္စည်းတည်း၊ ဋီကာသစ်၌ သမ္မိဏ္ဍနဟု ဆို၏၊ ဗောဓီယတေ-သစ္စာ ၄ ပါးကို သိစေခြင်း၊ ဗောဓနံ-ခြင်း၊ ဗောဓနံ+အရဟတီတိ ဗောဓနေယျော၊ အရဟတိအနက်၌ ဏေယျပစ္စည်းသက်၊ ပုဂ္ဂလနှင့်သမာသ်တွဲ။ [စတုသစ္စပဋိဝေဓနဝသေန ဗောဓနာရဟပုဂ္ဂလံ၊-ဋီကာသစ်။]
ဓမ္မသေနာပတိနော၊ တရားစစ်သူကြီးဖြစ်တော်မူသော အရှင်သာရိပုတြာ၏။ သဒ္ဓိဝိဟာရိကဿ၊ အတူနေတပည့်ဖြစ်သော။ ဝနဝါသိ တိဿသာမဏေရဿ၊ တော၌နေလေ့ရှိသော တိဿသာမဏေ၏။ (အတ္ထာယ)။ တိဂါဝုတာမိကံ၊ ၃ ဂါဝုတ် အပိုအလွန်ရှိသော။ ဝီသယောဇနသတံ၊ ယူဇနာတစ်ရာ့နှစ်ဆယ်ရှိသောခရီးကို။ (အဂမာသိ)။ [ဓမ္မပဒ၊ ဗာလဝဂ် ဝနဝါသီတိဿသာမဏေရဝတ္ထု၌ကြည့်ပါ။]
[ထိုတိဿသာမဏေအတွက် ဒေသစာရီ အကျယ်ကိုပြလို၍ "ဧကဒိဝသံ ကိရ" စသည်မိန့်။] ကိရ၊ ချဲ့။ ဧကဒိဝသံ၊ တစ်နေ့သ၌။ ထေရော၊ အရှင်သာရိပုတြာထေရ်သည်။
ဘန္တေ၊ မြတ်စွာဘုရား။ တိဿသာမဏေရဿ၊ ၏။ သန္တိကံ၊ အထံသို့။ ဂစ္ဆာမိ၊ သွားပါရစေ။ ဣတိ, အာဟ၊ လျှောက်ပြီ။
ဘဂဝါ၊ သည်။
အဟမ္ပိ၊ သည်လည်း။ ဂမိဿာမိ၊ လိုက်ဦးအံ့။ ဣတိ၊ သို့။ ဝတွာ၊ မိန့်တော်မူပြီး၍။ အာယသ္မန္တံ အာနန္ဒံ၊ ကို။ အာမန္တေသိ၊ အမိန့်ရှိတော်မူပြီ။
(ကိံ)။ အာနန္ဒ ဝီသတိသဟဿာနံ၊ ၂ သောင်းကုန်သော။ ဆဠဘိညာနံ၊ ၆ ပါးသောအဘိညာဉ်ရှိသောရဟန်းတို့အား။ အာရောစေဟိ၊ ပြောလိုက်လော။ (ကိံ)။ ဘဂဝါ၊ သည်။ ဝနဝါသိဿ၊ တော၌ နေလေ့ရှိသော။ တိဿသာမဏေရဿ၊ ၏။ သန္တိကံ၊ သို့။ ဂမိဿတိ ကိရ၊ ကြွတော်မူလိမ့်မည်တဲ့။ ဣတိ၊ ဤသို့ပြောလိုက်လော။ ဣတိ၊ ဤသို့ အမိန့်ရှိတော်မူပြီ။ [အာကာသ၌ ကြွနိုင်သောသာဝကတို့ဖြင့်ချည်း ကြွတော်မူလိုသောကြောင့် "ဆဠ ဘိညာနံ အာရောစေဟိ" ဟု မိန့်တော်မူသည်။]
တတော၊ ထိုမှနောက်၌။ ဒုတိယဒိဝသေ၊ ဒုတိယနေ့၌။ ဝီသတိသဟဿခီဏာသဝ ပရိဝါရော၊ ၂ သောင်းသော ရဟန္တာအခြံအရံရှိတော်မူသည်။ (ဟုတွာ)။ အာကာသေ၊ ၌။ ဥပ္ပတိတွာ၊ တက်တော်မူ၍။ ဝီသတိယောဇနသတမတ္ထကေ၊ ယူဇနာတစ်ရာ့နှစ်ဆယ်၏ အထက်၌။ တဿ၊ ထိုတိဿသာမဏေ၏။ ဂေါစရ ဂါမဒွါရေ၊ ဆွမ်းခံရွာ၏ တံခါးပေါက်၌။ ဩတရိတွာ၊ သက်ဆင်းတော်မူ၍။ စီဝရံ၊ သင်္ကန်းကို။ ပါရုပိ၊ ရုံတော်မူပြီ။
တံ၊ ထိုမြတ်စွာဘုရားကို။ ကမ္မန္တံ၊ အလုပ်သို့။ ဝါ၊ အလုပ်လုပ်ရာ အရပ်သို့။ ဂစ္ဆမာနာ၊ သွားကုန်သော။ မနုဿာ၊ တို့သည်။ ဒိသွာ၊ မြင်၍။
နော၊ ငါတို့၏။ သတ္ထာ၊ ဆရာဘုရားသည်။ အာဂတော၊ ကြွလာတော်မူပြီ။ ကမ္မန္တံ၊ သို့။ မာအဂမိတ္ထ၊ မသွားကြကုန်လင့်။ ဣတိ, ဝတွာ၊ ပြော၍။ အာသနာနိ၊ နေရာတို့ကို။ ပညပေတွာ၊ ခင်း၍။ ယာဂုံ၊ ယာဂုကို။ ဒတွာ၊ လှူပြီး၍။ ပါတရာသဘတ္တံ၊ နံနက်စာဆွမ်းကို။ ကရောန္တာ၊ ပြုကုန်စဉ်။
ဘန္တေ၊ အရှင်ဘုရားတို့။ ဘဂဝါ၊ သည်။ ကုဟိံ၊ အဘယ်အရပ်သို့။ ဂစ္ဆတိ၊ ကြွတော်မူမည်လို့ပါနည်း။ ဣတိ၊ သို့။ ဒဟရဘိက္ခူ၊ ရဟန်းငယ်တို့ကို။ ပုစ္ဆိံသု၊ မေးလျှောက်ကြကုန်ပြီ။
ဥပါသကာ၊ တို့။ ဘဂဝါ၊ သည်။ အညတ္ထ၊ အခြားအရပ်သို့။ နဂစ္ဆတိ၊ ကြွတော်မူမည်လို့ မဟုတ်။ ဣဓေဝ၊ ဤအရပ်သို့သာ။ တိဿသာမဏေရဿ၊ ကို။ ဒဿနတ္ထာယ၊ ကြည့်ရှုတော်မူခြင်းအကျိုးငှာ။ အာဂတော၊ ကြွလာတော်မူပြီ။ ဣတိ၊ ဤသို့ပြောကြကုန်ပြီ။
တေ၊ ထိုဥပါသကာတို့သည်။
အမှာကံ၊ တို့၏။ ကုလူပကဿ၊ အမျိုးသို့ ချဉ်းကပ်တတ်သော။ ထေရဿ၊ ထေရ်ကို။ [လေးစားလောက်၍ ထေရ်ဟုခေါ်သည်။] ဒဿနတ္ထာယ၊ ငှာ။ သတ္ထာ၊ သည်။ အာဂတောကိရ၊ ကြွလာတော်မူသတတ်။ နော၊ ငါတို့၏။ ထေရော၊ သည်။ ဩရမတ္တကော၊ ဂုဏ်အားဖြင့် ယုတ်လျော့သော အတိုင်းအရှည်ရှိသည်။ နော ဝတ၊ မဖြစ်လေစွာ့တကား။ ဣတိ၊ သို့။ သောမနဿ ဇာတာ၊ ဖြစ်သော ဝမ်းမြောက်ခြင်းရှိကုန်သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။
အထခေါ၊ နှစ်သက်ဝမ်းမြောက်ကြရာ ထိုအခါ၌။ ဘဂဝတော၊ ၏။ ဘတ္တကိစ္စပရိယောသာနေ၊ ဆွမ်းကိစ္စ၏ အဆုံး၌။ သာမဏေရော၊ သည်။ ဂါမေ၊ ၌။ ပိဏ္ဍာယ၊ ဆွမ်းအလို့ငှာ။ စရိတွာ၊ လှည့်လည်ပြီး၍။
ဥပါသကာ၊ ဥပါသကာတို့။ ဘိက္ခုသံဃော၊ သည်။ မဟာ၊ များလှချည့်တကား။ ဣတိ၊ သို့။ ပုစ္ဆိ။
အထ၊ မေးရာ ထိုအခါ၌။ အဿ၊ ထိုသာမဏေအား။ တေ၊ ထိုဥပါသကာတို့သည်။ ဘန္တေ သတ္ထာ၊ သည်။ အာဂတော၊ ကြွလာတော်မူပြီ။ ဣတိ, အာရောစေသုံ၊ လျှောက်ကြကုန်ပြီ။
သော၊ ထိုသာမဏေသည်။ ဘဂဝန္တံ၊ ကို။ ဝါ၊ သို့။ ဥပသင်္ကမိတွာ၊ ၍။ ပိဏ္ဍပါတေန၊ ဖြင့်။ အာပုစ္ဆိ၊ ပန်လျှောက်ပြီ။
သတ္ထာ, တဿ၊ ထိုသာမဏေ၏။ ပတ္တံ၊ ကို။ ဟတ္ထေန၊ လက်တော်ဖြင့်။ ဂဟေတွာ၊ ကိုင်တော်မူ၍။
တိဿ၊ တိဿ။ အလံ၊ တော်ပြီ။ ဘတ္တကိစ္စံ၊ သည်။ နိဋ္ဌိတံ၊ ပြီးပြီ။ ဣတိ, အာဟ၊ မူပြီ။
တတော၊ ထိုမှနောက်၌။ ဥပဇ္ဈာယံ၊ ကို။ အာပုစ္ဆိတွာ၊ ပြီး၍။ အတ္တနော၊ ၏။ ပတ္တာသနေ၊ ရောက်အပ်သောနေရာ၌။ ["ရဟန်းတော်တို့၏ အစွန်ဆုံးနေရာ၌" ဟူလို။] နိသီဒိတွာ၊ ထိုင်၍။ ဘတ္တကိစ္စံ၊ ကို။ အကာသိ။
အထ၊ ဆွမ်းကိစ္စပြုပြီးရာ ထိုအခါ၌။ အဿ၊ ထိုသာမဏေ၏။ ဘတ္တကိစ္စ ပရိယောသာနေ၊ ၌။ သတ္ထာ၊ သည်။ မင်္ဂလံ၊ ဆွမ်းအနုမောဒနာ မင်္ဂလာကို။ ဝတွာ၊ ဟောတော်မူပြီး၍။ [ထိုဆွမ်းဒါနနှင့်စပ်သော မင်္ဂလာတရားကို ဟောတော်မူပြီး၍။ နိက္ခမိတွာ၊ ထွက်တော်မူပြီး၍။ ဂါမဒွါရေ၊ ရွာတံခါးပေါက်၌။ ဌတွာ၊ ရပ်တော်မူ၍။
တိဿ , တေ၊ သင်၏။ ဝသနဋ္ဌာနံ၊ နေရာအရပ်သို့။ ဂတမဂ္ဂေါ (ဂမနမဂ္ဂေါ)၊ သွားကြောင်းလမ်းသည်။ ကတရော၊ အဘယ်နည်း။ ဣတိ, အာဟ။ ["ဂတမဂ္ဂေါ ဂမနမဂ္ဂေါ" ဟု ပါဌ် ၂ ထွေရှိ၏။ ဂမန မဂ္ဂေါကသာ၍ ရှင်းသည်။]
ဘဂဝါ၊ မြတ်စွာဘုရား။ အယံ၊ ဤလမ်းသည်။ (မေ၊ ၏။ ဝသနဋ္ဌာနံ၊ သို့။ ဂတမဂ္ဂေါ (ဂမန မဂ္ဂေါ၊ ပါတည်း။) ဣတိ၊ ဤသို့လျှောက်ပြီ။
တိဿ , မဂ္ဂံ၊ လမ်းကို။ ဒေသယမာနော၊ ညွှန်ပြလျက်။ ပုရတော၊ ရှေ့၌။ ဝါ၊ ရှေ့က။ ယာဟိ၊ သွားလော။ ဣတိ၊ ဤသို့မိန့်တော်မူပြီ။
ဘဂဝါ၊ သည်။ သဒေဝကဿ၊ နတ်နှင့်တကွဖြစ်သော။ လောကဿ၊ သတွာအပေါင်း၏။ မဂ္ဂဒေသကော၊ သုဂတိလမ်း နိဗ္ဗာန်လမ်းကို ညွှန်ပြသော ပုဂ္ဂိုလ်သည်။ သမာနောပိ၊ ဖြစ်ပါသော်လည်း။ သကလေ၊ အလုံးစုံသော။ တိဂါဝုတေ၊ ၃ ဂါဝုတ်ရှိသော။ မဂ္ဂေ၊ လမ်းခရီး၌။ (သာမဏေ၏ ဝသန ဋ္ဌာနသို့သွားကြောင်းခရီး၌။ သာမဏေရံ၊ ကို။ ဒဋ္ဌုံ၊ ကြည့်ရှုခြင်းငှာ။ လစ္ဆာမိ၊ ရတော်မူလိမ့်မည်။ ဣတိ၊ ဤသို့ နှလုံးသွင်းတော်မူ၍။ ဝါ၊ ဤသို့နှလုံးသွင်းတော်မူခြင်းကြောင့်။ တံ၊ ထိုသာမဏေကို။ မဂ္ဂဒေသကံ၊ လမ်းညွှန်ပြသူကို။ အကာသိကိရ၊ ပြုတော်မူသတတ်။
သော၊ ထိုသာမဏေသည်။ အတ္တနော၊ ၏။ ဝသနဋ္ဌာနံ၊ သို့။ ဂန္တွာ၊ ရောက်၍။ ဘဂဝတော၊ ၏။ ဝတ္တံ၊ ဝတ်ကြီးဝတ်ငယ်ကို။ အကာသိ။
အထ၊ ဝတ်ကြီးဝတ်ငယ်ပြုပြီးရာ ထိုအခါ၌။ နံ၊ ထိုသာမဏေကို။ ဘဂဝါ၊ သည်။
တိဿ , တေ၊ ၏။ စင်္ကမော၊ စင်္ကြံသည်။ ကတရော၊ နည်း။ ဣတိ, ပုစ္ဆိတွာ၊ မူ၍။ တတ္ထ၊ ထိုစင်္ကြံသို့။ ဂန္တွာ၊ ကြွတော်မူ၍။ သာမဏေရဿ၊ ၏။ နိသီဒနပါသာဏေ၊ ထိုင်ရာ ကျောက်ဖျာ၌။ နိသီဒိတွာ၊ ထိုင်တော်မူပြီး၍။
တိဿ ဣမသ္မိံ ဌာနေ၊ ဤအရပ်၌။ သုခံ၊ စွာ။ ဝသသိ၊ နေရ၏လော။ ဣတိ, ပုစ္ဆိ၊ မူပြီ။ [ဝသသိနေရာ၌ အဇ္ဇတနီ ဩကို ဣပြု၍ "ဝသိ" ဟုလည်း ရှိ၏။]
သော၊ ထိုသာမဏေသည်။ အာဟ။
(ကိံ)။ ဘန္တေ, အာမ၊ မှန်ပါ။ ဣမသ္မိံ ဌာနေ၊ ၌။ ဝသန္တဿ၊ နေ့စဉ်။ (သုဏတော၌စပ်။) သီဟ၊ ပေ၊ မောရာဒီနံ၊ ခြင်္သေ့, ကျား, ဆင်, သားကောင်, ဥဒေါင်း အစရှိသောသတ္တဝါတို့၏။ သဒ္ဒံ၊ အသံကို။ သုဏတော၊ ကြားရလသော်။ အရညသညာ၊ တော၌ဖြစ်သော သညာသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်ပါ၏။ တာယ၊ ထိုတော၌ဖြစ်သော သညာဖြင့်။ သုခံ၊ စွာ။ ဝသာမိ၊ နေရပါ၏။ ဣတိ၊ ဤသို့လျှောက်ပြီ။ [ဤ၌ "ဝသာမိ"ကို ထောက်၍ ရှေ့၌ "ဝသသိ" ဟု ရှိသောပါဌ်က ကောင်းသည်။]
အထ၊ လျှောက် ပြီးရာ ထိုအခါ၌။ နံ၊ ထိုသာမဏေကို။ ဘဂဝါ၊ သည်။
တိဿ, ဘိက္ခုသံဃံ၊ ကို။ သန္နိပါတေဟိ၊ စည်းဝေးစေလော။ ဗုဒ္ဓဒါယဇ္ဇံ၊ ဘုရား၏အမွေတော်ကို။ တေ၊ အား။ ဒဿာမိ၊ ပေးတော်မူအံ့။မဂ္ဂဒေသကောပိ။ ။ [မဂ္ဂဒေသကောတိ နိဗ္ဗာနမဂ္ဂဿ သုဂတိမဂ္ဂဿဝါ ဒေသကော-ဋီကာသစ်။] ပိ(အပိ)သည် သမ္ဘာဝနာဇောတက၊ "ကိဉ္စာပိ သဒေဝကဿ၊ ပေ၊ မဂ္ဂဒေသကော၊ ပန တထာပိ၊ ပေ၊ မဂ္ဂဒေသကံ အကာသိ" ဟု ဆိုလိုသည်။
ဗုဒ္ဓါယဇ္ဇံ။ ။ ဗုဒ္ဓဿ+ဒါယဇ္ဇ ဗုဒ္ဓဒါယဇ္ဇ။ [ဥပသမ္ပဒါ (ရဟန်းခံမှု) ကိစ္စသည် သံဃကံ၏ အစွမ်းဖြင့် ပြီးပါသော်လည်း ထိုကံသည် ဗုဒ္ဓ၏ အာဏာတော်ဖြစ်သောကြောင့် "ဥပသမ္ပဒံ တေ ဒဿာမိ" ဟု မိန့်တော်မူသည်၊ တစ်ချို့က သာမဏေအတွက် အသက်မပြည့်သေးဘဲ ခွင့်ပြုတော်မူလိုသောကြောင့် "ဗုဒ္ဓဒါယဇ္ဇံ တေ ဒဿာမိ" ဟု မိန့်တော်မူကြောင်းကို ဆိုကြသတတ်၊ မည်သို့ပင်ဖြစ်စေ ရဟန်းပြုသောအခါ၌မူ ဓမ္မသေနာပတိထေရ်ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဖြစ်သည် ဟု မှတ်ပါ၊ ထို့ပြင်-ဓမ္မပဒ အဋ္ဌကထာ၌ "ဓမ္မသေနာပတိစသော ထေရ် တို့၏ မိမိတို့အခြံအရံနှင့်တကွ ကြွတော်မူကြ၍, ဗုဒ္ဓရှင်တော်ကား တစ်သီးတစ်ခြား တစ်ပါး တည်းသာ ကြွတော်မူကြောင်းကို ဆိုသည်၊ ထိုအဆိုသည် ခုဒ္ဒကဘာဏကဆောင် ထေရ်တို့၏ အလိုတည်း၊ ဤ၌ကား ဒီဃဘာဏကထေရ်တို့၏ အလိုအတိုင်းဆိုသည်" ဟု မှတ်ပါ။]
ဣတိ, ဝတွာ၊ မူပြီး၍။ ဘိက္ခုသံဃေ၊ သည်။ သန္နိပတိတေ၊ စည်းဝေးပြီးလသော်။ ဥပသမ္ပာဒေတွာ၊ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်စေတော်မူပြီး၍။ အတ္တနော၊ ကိုယ်တော်၏။ ဝသနဋ္ဌာနမေဝ၊ သို့သာ။ အဂမာသိ၊ ကြွတော်မူပြီ။ ဣတိ၊ ဤကားဝနဝါသီတိဿသာမဏေ၏အထံသို့ ဒေသစာရီကြွချီတော်မူပုံတည်း။
အယံ၊ ဤအရှင်မဟာကဿပ စသည်တို့၏အထံသို့ ဒေသစာရီကြွချီတော်မူခြင်းသည်။ **တုရိတစာရိကာ**နာမ၊ လျင်မြန်သော လှည့်လည်တော်မူခြင်းမည်၏။
ပန၊ ကား။ ဂါမနိဂမ ပဋိပါဋိယာ၊ ရွာ, နိဂုံးအစဉ်အားဖြင့်။ ဒေဝသိကံ၊ နေ့တိုင်း။ ယောဇန ဒွိယောဇနဝသေန၊ ၁ ယူဇနာ ၂ ယူဇနာ၏အစွမ်းဖြင့်။ (ဂမနံ ၌စပ်)။ ပိဏ္ဍပါတစရိယာဒီဟိ၊ ဆွမ်းခံလှည့်လည်တော်မူခြင်း အစရှိသည်တို့ဖြင့်။ လောကံ၊ သတ္တဝါအပေါင်းကို။ အနုဂ္ဂဏှန္တဿ၊ ချီးမြှောက်တော်မူသော မြတ်စွာဘုရား၏။ ယံ ဂမနံ၊ အကြင်ကြွတော်မူခြင်းသည်။ (အတ္ထိ)။ အယံ၊ ဤကြွတော်မူခြင်းသည်။ **အတုရိတစာရိကာ**နာမ၊ မလျင်မြန်သော လှည့်လည်တော်မူခြင်းမည်၏။
ပန၊ ဆက်။ ဣမံ စာရိကံ၊ ဤအတုရိတစာရိကာကို။ စရန္တော၊ လှည့်လည်တော်မူသော။ ဘဂဝါ၊ သည်။ မဟာမဏ္ဍလံ၊ မဟာမဏ္ဍလလည်းကောင်း။ ဝါ၊ ကျယ်သောအဝန်းလည်းကောင်း။ မဇ္ဈိမမဏ္ဍလံ၊ မဇ္ဈိမမဏ္ဍလလည်းကောင်း။ ဝါ၊ မဟာမဏ္ဍလ, အန္တောမဏ္ဍလတို့၏ အလယ်၌ဖြစ်သောအဝန်းလည်းကောင်း။ အန္တောမဏ္ဍလံ၊ အန္တောမဏ္ဍလလည်းကောင်း။ ဝါ၊ မဟာမဏ္ဍလ မဇ္ဈိမမဏ္ဍလတို့၏ အတွင်းဖြစ်သောအဝန်းလည်းကောင်း။မဟာ, မဇ္ဈိမဏ္ဍလံ။ ။ "မဏ္ဍလံ ဂါမသန္ဒောဟေ, ဗိမ္ဗေ ပရိဓိရာသိသု" ဟူသော အဘိဓာန် (၉၉၃) လာ အနက်တို့တွင် ဗိမ္ဗ (အဝန်း) ဟူသောအနက်၌ဖြစ်၏၊ "ပြည်အဝန်း, တိုင်းပြည်အများ" ဟူလို၊ မဟန္တံ+မဏ္ဍလံ မဟာမဏ္ဍလံ၊ ယူဇနာ ၉ ရာရှိ၍ မဇ္ဈိမဒေသဝယ် တိုင်းအပြည်အားလုံး ငုံမိသောကြောင့် ကျယ်ဝန်းရကား "မဟာမဏ္ဍလ" ဟု ဆိုသည်၊ ယူဇနာ ၆ ရာရှိ၍ မဟာမဏ္ဍလ အန္တောမဏ္ဍလတို့၏ အလယ်အလတ်ဖြစ်သောကြောင့် "မဇ္ဈိမမဏ္ဍလ" ဟု ဆိုသည်။
အန္တောမဏ္ဍလံ။ ။ အန္တောသဒ္ဒါသည် အဆုံး (အငယ်) အနက်ကိုလည်းကောင်း, အတွင်းအနက်ကိုလည်းကောင်း ဟော၏၊ ယူဇနာ ၃ ရာသာရှိ၍ ကျဉ်းငယ်သောကြောင့်လည်းကောင်း ရှေ့မဏ္ဍလ ၂ မျိုး၏ အတွင်း၌ ပါဝင်သောကြောင့်လည်းကောင်း "အန္တော-အဆုံး ဝါ-အတွင်း၌+ပဝတ္တံ+မဏ္ဍလံ" အရ "အန္တောမဏ္ဍလ" ဟု ဆိုသည်။ [အန္တောမဏ္ဍလံတိ ဣတရေဟိ ခုဒ္ဒကံ မဏ္ဍလံ၊ ဣတရေသံဝါ အန္တောဂဓတ္တာ အန္တိမံ (အတွင်း၌ဖြစ်သော) မဏ္ဍလံ အဗ္ဘန္တရိမံ မဏ္ဍလံတိ ဝုတ္တံ ဟောတိ-ဋီကာသစ်။]
ဣတိ၊ သို့။ တိဏ္ဏံ၊ န်သော။ ဣမေသံ မဏ္ဍလာနံ၊ ဤအဝန်းတို့တွင်။ အညတရသ္မိံ၊ အမှတ်မထား တစ်ပါးပါးသောအဝန်း၌။ စရတိ၊ လှည့်လည်တော်မူ၏။
တတ္ထ၊ ထို ၃ ပါးသောမဏ္ဍလတို့တွင်။ မဟာမဏ္ဍလံ၊ သည်။ နဝယောဇနသတိကံ၊ ယူဇနာကိုးရာရှိ၏။ မဇ္ဈိမမဏ္ဍလံ၊ သည်။ ဆယောဇနသတိကံ၊ ယူဇနာခြောက်ရာရှိ၏။ အန္တောမဏ္ဍလံ၊ သည်။ တိယောဇနသတိကံ၊ ယူဇနာသုံးရာရှိ၏။
ယဒါ၊ အကြင်အခါ၌။ မဟာမဏ္ဍလေ၊ ၌။ စာရိကံ၊ ဒေသစာရီကို။ စရိတုကာမော၊ လှည့်လည်ခြင်းငှာ အလိုရှိတော်မူသည်။ ဟောတိ၊ ၏။ (တဒါ), မဟာပဝါရဏာယ၊ သီတင်းကျွတ်လပြည့်, မဟာပဝါရဏာနေ့၌။ ပဝါရေတွာ၊ ပဝါရဏာပြုစေတော်မူပြီး၍။ [မြတ်စွာဘုရားကိုယ်တော်တိုင် ပဝါရဏာပြုတော်မူသည်မဟုတ်, သံဃာများကို ပဝါရဏာပြုစေတော်မူသည်။] ပါဋိပဒဒိဝသေ၊ အထွက်တစ်ရက်နေ့၌။ မဟာဘိက္ခုသံဃ ပရိဝါရော၊ များစွာသောရဟန်းအပေါင်းအခြံအရံ ရှိတော်မူသည်။ (ဟုတွာ) နိက္ခမတိ၊ ထွက်တော်မူ၏။
သမန္တာ၊ ပတ်ဝန်းကျင်၌။ (ရောက်ရာအရပ်၏ ပတ်ဝန်းကျင်အရပ် ၄ မျက်နှာတို့၌။) ယောဇနသတံ၊ ယူဇနာတစ်ရာသည်။ ဧကကောလာဟလံ၊ တစ်ပြိုင်နက် အုတ်အုတ်ကျက်ကျက်သည်။ ဟောတိ။
ပုရိမံ ပုရိမံ၊ ရှေးဦးစွာ ရှေးဦးစွာ။ အာဂတာ၊ ပင့်ဖိတ်ဖို့ရန်လာသူတို့သည်။ နိမန္တေတုံ၊ ပင့်ဖိတ်ခြင်းငှာ။ ဝါ၊ ပင့်ဖိတ်ခွင့်ကို။ လဘန္တိ၊ ရကြကုန်၏။ [လူအများတို့ မစုဝေးခင် အရပ်အရပ်လာသူတို့သာ ပင့်ဖိတ်ခွင့်ရကြသည်။]
ဣတရေသု၊ မဟာမဏ္ဍလမှတစ်ပါးကုန်သော။ ဒွီသု၊ ကုန်သော။ မဏ္ဍလေသု၊ မဇ္ဈိမမဏ္ဍလ အန္တောမဏ္ဍလတို့၌။ သက္ကာရော၊ ကောင်းစွာပြုအပ်သော ပူဇော်ဖွယ်သည်။ မဟာမဏ္ဍလေ၊ ၌။ ဩသရတိ၊ သက်ရောက်၏။
တတ္ထ၊ ထိုမဟာမဏ္ဍလ၌။ ဘဂဝါ၊ သည်။ တေသု တေသု ဂါမနိဂမေသု၊ ထိုထိုရွာ, နိဂုံးတို့၌။ ဧကာဟံ၊ တစ်ရက်ပတ်လုံးသော်လည်းကောင်း။ ဒွိဟံ၊ ၂ ရက်ပတ်လုံးသော်လည်းကောင်း။ ဝသန္တော၊ သီတင်းသုံးတော်မူလျက်။ မဟာဇနံ၊ ကို။ အာမိသပ္ပဋိဂ္ဂဟဏေန၊ အာမိသကို ခံယူတော်မူခြင်းဖြင့်။ အနုဂ္ဂဏှန္တော၊ ချီးမြှောက်တော်မူလျက်လည်းကောင်း။ ဓမ္မဒါနေန၊ တရားအလှူတော်ကို ပေးတော်မူခြင်းဖြင့်။ အဿ၊ ထိုလူအပေါင်း၏။ ဝိဝဋ္ဋနိဿိတံ၊ ဝဋ်မှကင်းသော နိဗ္ဗာန်ကို မှီသော။ ကုသလံ၊ ကို။ ဝဍ္ဎေန္တောစ၊ တိုးပွားစေတော်မူလျက်လည်းကောင်း။ နဝဟိမာသေဟိ၊ ၉ လတို့ဖြင့်။ စာရိကံ၊ ကို။ ပရိယောသာပေတိ၊ ပြီးဆုံးစေတော်မူ၏။နဝယောဇနသတိကံ။ ။ ယူဇနာ ၉ ရာဟူသည် မဇ္ဈိမဒေသ၏ ပမာဏတည်း၊ ဤမဇ္ဈိမဒေသအတွင်း၌သာ ဘုရားရှင်သည် အတုရိတစာရိကာဖြင့် လှည့်လည်တော်မူ၏၊ ပစ္စန္တအရပ်၌ကား အကြောင်းကိစ္စရှိ၍ ကြွတော်မူရလျှင် တုရိတစာရိကာဖြင့်သာ ကြွတော်မူသည်၊ ထိုပစ္စန္တ၌ အရုဏ်လည်း တက်စေတော်မမူ။
ပန၊ ကား။ (မဟာမဏ္ဍလ၌ လှည့်လည်တော်မူပုံမှတစ်ပါး မဇ္ဈိမမဏ္ဍလ၌ လှည့်လည်တော်မူပုံကား။ အန္တောဝဿေ၊ ဝါတွင်း၌။ ဘိက္ခူနံ၊ တို့၏။ သမထဝိပဿနာ၊ တို့သည်။ တရုဏာ၊ နုကုန်သည်။ သစေ ဟောန္တိ၊ န်၏။ (ဧဝံဟောန္တေသု။) မဟာပဝါရဏာယ၊ ၌။ အပဝါရေတွာ၊ ပဝါရဏာပြုစေတော်မမူသေးဘဲ။ ပဝါရဏာသင်္ဂဟံ၊ ပဝါရဏာဖြင့် ချီးမြှောက်တော်မူခြင်းကို။ ဒတွာ၊ မူ၍။ ကတ္တိကပုဏ္ဏမာယံ၊ တန်ဆောင်မုန်းလပြည့်နေ့၌။ ပဝါရေတွာ၊ ၍။ မိဂသိရဿ၊ နတ်တော်လ၏။ ပဌမပါဋိပဒဒိဝသေ၊ ပဌမ အထွက်တစ်ရက်နေ့၌။ [မဇ္ဈိမဒေသ အခေါ်အားဖြင့် "မိဂသိရဿ ပဌမပါဋိပဒဒိဝသေ" ဟု ဆိုသည်။ မြန်မာအခေါ်အားဖြင့်ကား တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်တည်း။] မဟာဘိက္ခု သံဃပရိဝါရော နိက္ခမိတွာ မဇ္ဈိမ မဏ္ဍလေ ဩသရတိ။ [ရှေ့မဟာမဏ္ဍလ၌လည်းကောင်း, နောက် အန္တောမဏ္ဍလ၌ လည်းကောင်း "မဟာဘိက္ခုသံဃပရိဝါရော နိက္ခမတိ" ဟုချည်း ရှိ၏။ ဤ၌ရှိပုံမှာ စာသွားမကောင်းလှ။]
အညေန၊ အခြားသော။ (သမထဝိပဿနာ တရုဏအဖြစ်မှ အခြားသော။) ကာရဏေနပိ၊ အကြောင့်ကြောင့်လည်း။ မဇ္ဈိမမဏ္ဍလေစာရိတံစရိတုကာမော (ဟုတွာ), စတုမာသံ၊ ပတ်လုံး။ ဝသိတွာဝ၊ သီတင်းသုံးတော်မူပြီး၍သာလျှင်။ နိက္ခမတိ။
ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသောနည်းဖြင့်သာလျှင်။ (မဟာမဏ္ဍလ၌ ဆိုအပ်ပြီးသောနည်းဖြင့်သာလျှင်။) ဣတရေသု၊ ပေ၊ ဩသရတိ။
ဘဂဝါ၊ သည်။ ပုရိမနယေနေဝ၊ ရှေးနည်းဖြင့်သာ။ (မဟာမဏ္ဍလ၌ ဆိုအပ်ပြီးသောနည်း ဖြင့်သာ။) လောကံ၊ ကို။ အနုဂ္ဂဏှန္တော, အဋ္ဌဟိ မာသေဟိ စာရိကံ ပရိယောသာ ပေတိ။
ပန၊ ကား။ (မဇ္ဈိမမဏ္ဍလ၌ လှည့်လည်တော်မူပုံမှတစ်ပါး အန္တောမဏ္ဍလ၌ လှည့်လည်တော်မူပုံကား။ စတုမာသံ၊ ပတ်လုံး။ ဝုတ္ထဝဿဿာပိ၊ သီတင်းသုံးတော်မူပြီးသည်လည်းဖြစ်သော။ ဘဂဝတော၊ ၏။ (ဝိနေယသတ္တာ၌စပ်။) ဝါ၊ သည်။ (ဝိနေယ၊ ၌ စပ်။)သမထဝိပဿနာ တရုဏာ။ ။ သမထဿ တရုဏဘာဝေါ ဥပစာရ သမာဓိဝသေန (အပ္ပနာဈာန်သို့ မရောက်သေးမီ ဥပစာရအခိုက်ကို "သမထလေးသည်" ဟု ဆို) ဝိပဿနာယ ပန (တရုဏာဝေါ) သင်္ခါရပရိစ္ဆေဒညာဏံ (နာမရူပ ပရိစ္ဆေဒဉာဏ်ကို ဆိုသည်) ကင်္ခါဝိတရဏညာဏံ, သမ္ပသနညာဏံ မဂ္ဂါမဂ္ဂညာဏံတိ စတုန္နံ ဉာဏာနံ ဝသေန ဝေဒိတဗ္ဗော-ဋီကာ။
ပဝါရဏာသင်္ဂတံ။ ။ မဟာပဝါရဏာနေ့၌ ပဝါရဏာမပြုသေးဘဲ နေဖို့ရန်ခွင့်ပြုတော်မူခြင်းကို "ပဝါရဏာဖြင့် ချီးမြှောက်တော်မူခြင်း" ဟု ဆိုသည်၊ ပဝါရဏာသင်္ဂဟံ ဒတွာတိ အနုမတိဒါနပသေန (ပဝါရဏာ မပြုသေးဖို့ရန် ခွင့်ပြမှုကို ပေးတော်မူခြင်း၏အစွမ်းဖြင့်) ဒတွာ၊-ဋီကာ၊ ထိုသို့ ပေးတော်မူခြင်းအားဖြင့် သမထ, သို့မဟုတ် ဝိပဿနာ ရင့်လာအောင် ရဟန်းများကို ချီးမြှောက်တော်မူခြင်းကို "ပဝါရဏာယ+သင်္ဂဟော" အရ "ပဝါရဏာသင်္ဂဟ" ဟု ဆိုသည်။
ဝိနေယသတ္တာ၊ ဆုံးမထိုက်သော သတ္တဝါတို့သည်။ အပရိပက္ကိန္ဒြိယာ၊ မရင့်ကျက်သေးသော ဣန္ဒြေရှိကုန်သည်။ သစေ ဟောန္တိ၊ အကယ်၍ဖြစ်ကုန်အံ့။ (ဧဝံ ဟောန္တေသု။) တေသံ၊ ထိုဝိနေယသတ္တဝါတို့၏။ ဣန္ဒြိယပရိပါကံ၊ သဒ္ဓါစသော ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းကို။ (ရင့်ချိန်ကို။) အာဂမယမာနော၊ ဆိုင်းငံ့တော်မူလျက်။ အပရမ္ပိ၊ အခြားလည်းဖြစ်သော။ ဧကမာသံဝါ၊ တစ်လပတ်လုံးသော်လည်းကောင်း။ ဒွိမာသံဝါ၊ လုံးသော်လည်းကောင်း။ တိမာသံဝါ၊ သော်လည်းကောင်း။ စတုမာသံဝါ၊ သော်လည်းကောင်း။ [မာသံကို ပေယျာလမြှုပ်ထားသည်။] တတ္ထေဝ၊ ထိုဝါကပ်တော်မူရာအရပ်၌ပင်။ ဝသိတွာ၊ ပေ၊ နိက္ခမတိ။
ဝုတ္တနယေ နေဝ၊ ဖြင့်သာ။ (မဟာမဏ္ဍလ၌ ဆိုအပ်ပြီးသောနည်းဖြင့်သာ။) ပေ၊ဩသရတိ။
ဘဂဝါ ၊ ပေ၊ အနုဂ္ဂဏှန္တော၊ မူလျက်။ သတ္တဟိ မာသေဟိဝါ၊ တို့ဖြင့်သော်လည်းကောင်း။ (ရှေ့၌ ဧကမာသံ ဝသိတွာကို ရည်ရွယ်သည်။) ဆဟိ မာသေဟိ ဝါ တို့ဖြင့်သော်လည်းကောင်း။ (ဒွိမာသံ ဝသိတာကို ရည်ရွယ်သည်။) ပဉ္စဟိ မာသေဟိ ဝါ၊ တို့ဖြင့်သော်လည်းကောင်း။ (တိမာသံ ဝသိတွာကို ရည်ရွယ်သည်။) စတူဟိ မာသေဟိဝါ၊ တို့ဖြင့်သော်လည်းကောင်း။ (စတုမာသံ ဝသိတွာကို ရည်ရွယ်သည်။) စာရိကံ ပရိယောသာပေတိ။
[အဘယ်ကျိုးငှာ ဒေသစာရီ လှည့်လည်တော်မူပါသနည်း, သင်္ကန်းစသော လာဘ်အကျိုးငှာပါလော-ဟု စောဒနာဖွယ်ရှိသောကြောင့် "ဣတိ" စသည်ကို မိန့်။] ဣတိ၊ ဤသို့။ ဝါ၊ ဤဆိုအပ်ပြီးသောနည်းဖြင့်။ တီသု၊ န်သော။ ဣမေသု မဏ္ဍလေသု၊ ဤအဝန်းတို့တွင်။ ယတ္ထကတ္ထစိ၊ အမှတ်မထားတစ်ပါးပါးသောအဝန်း၌။ စာရိကံ၊ ကို။ စရန္တော၊ လသော်။ စီဝရာဒိဟေတု၊ သင်္ကန်းအစရှိသောအကြောင်းကြောင့်။ (သင်္ကန်းအစရှိသောလာဘ်ကို ရတော်မူခြင်းကြောင့်။) န စရတိ၊ လှည့်လည်တော်မူသည် မဟုတ်။
အထခေါ၊ အဟုတ်ကား။ ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ဝုတ္တဝဿဿ။ ။ဝဿံ-မိုဃ်းလပတ်လုံး+ဝုတ္တော-နေပြီး (သီတင်းသုံးတော်မူပြီး) တည်း၊ ဝုတ္ထဝသော-ပြီးသူ၊ ဤသို့ဖြစ်နိုင်ပါလျက် ဋီကာသစ်၌ "ဝသနံ ဝဿံ၊ ဝသန ကြိယာ၊ ဝုတ္တံ (ဝသိတံ)+ဝဿံ အဿာတိ ဝုတ္ထဝဿော-နေအပ်ပြီးသောနေခြင်းရှိသူ" ဟု ဖွင့်လေသည်၊ [မောဂ္ဂလ္လာန်အလို "ဝုဋ္ဌ" ရူပသိဒ္ဓိအလို "ဝုတ္ထ" ဟု ရှိ၏။
ဝိနေယသတ္တာ။ ။စရိတာနုရူပံ (စရိုက်အားလျော်စွာ) ဝိနေတဗ္ဗသတ္တာ၊ ဋီကာသစ်၊-ဤအလို "ဝိနေတဗ္ဗာတိ ဝိနေယျာ" ဟု ပြု၊ ဝိ+နီဓာတ် ဏျပစ္စည်း၊ ဝိနေယျာစ+ တေ+သတ္တာစာတိ ဝိနေယျသတ္တာ၊ ယခုစာအုပ်များ၌ "ဝေနေယျ" ဟု ရှိသည်ကား မကောင်းလှ၊ သက္ကတ၌ ယပစ္စည်းဖြင့် "ဝိနေယ" ဟု ရှိ၏၊ "သိက္ခနီယ-သင်ပြထိုက်သူ" ဟု အနက်ဆို၏။ ထိုအလို ယ သံယုတ်လည်း မရှိရ၊ "ဝိနေယ" ဟုသာ ရှိရလိမ့်မည်။
ဒုဂ္ဂတဗာဠဇိဏ္ဏဗျာဓိတာ၊ ဆင်းရဲကုန်, ပြင်းစွာအိုမင်းကုန်, လွန်စွာဖြစ်သော အနာရောဂါရှိကုန်သည်။ (ဟောန္တိ)။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ ကဒါ၊ အဘယ်အခါ၌။ တထာဂတံ၊ ကို။ အာဂန္တွာ၊ လာ၍။ ပဿိဿန္တိ၊ ဖူးမြင်နိုင်ကုန်လတံ့နည်း။ (န ပဿိဿန္တိ ဧဝ၊ မဖူးမြင်နိုင်ကုန်တော့သည်သာ။)
ပန၊ ဆက်။ မယိ၊ ငါဘုရားသည်။ ["တထာဂတေ" ဟု ရှိလျှင်ကောင်း၏။] စာရိကံ၊ ကို။ စရန္တေ၊ မူလသော်။ မဟာဇနော၊ သည်။ တထာဂတဿ၊ ကို။ ဒဿနံ၊ ဖူးမြင်ခြင်းကို။ ဝါ၊ ဖူးခွင့်ကို။ လဘိဿတိ၊ ရလတံ့။
တတ္ထ၊ ထိုများစွာသောလူအပေါင်းတွင်။ ကေစိ၊ အချို့လူတို့သည်။ စိတ္တာနိ၊ တို့ကို။ ပသာဒေဿန္တိ၊ ကြည်ညိုစေနိုင်ကုန်လတံ့။ ကေစိ, မာလာဒီဟိ၊ ပန်းအစရှိသော ပူဇော်ဖွယ်တို့ဖြင့်။ ပူဇေဿန္တိ၊ ပူဇော်နိုင်ကုန်လတံ့။ ကေစိ, ကဋစ္ဆုဘိက္ခံ၊ တစ်ယောက်ချိုလောက်သော ဆွမ်းကို။ ဝါ၊ တစ်ဇွန်းလောက်သော ဆွမ်းကို။ ဒဿန္တိ၊ လှူနိုင်ကုန်လတံ့။ ကေစိ, မိစ္ဆာဒဿနံ၊ မှားသော အယူကို။ ပဟာယ၊ ပယ်စွန့်၍။ သမ္မာဒိဋ္ဌိကာ၊ မှန်သော အယူရှိသူတို့သည်။ ဘဝိဿန္တိ။
နေသံ၊ ထိုလူတို့၏။ တံ၊ ထိုပသာဒစသော ကောင်းမှုသည်။ ဒီဃရတ္တံ၊ ရှည်စွာသော ညဉ့်ပတ်လုံး။ ဟိတာယ၊ စီးပွားအလို့ငှာ။ သုခါယ၊ ချမ်းသာအလို့ငှာ။ ဘဝိဿတိ။
ဣတိ ဧဝံ သို့။ လောကာနုကမ္ပကာယ (ဧဝ)၊ သတ္တလောကကို သနားစောင့်ရှောက်တော်မူခြင်း အကျိုးငှာသာ။ စာရိကံ စရတိ။
အပိစ၊ သည်သာမကသေး။ ဇင်္ဃဝိဟာရဝသေန၊ သလုံးမြင်းခေါင်းတို့ဖြင့် လှည့်လည်နေတော်မူခြင်း၏ အစွမ်းဖြင့်။ဒုဂ္ဂတ၊ ပေ၊ ဗျာဓိတော။ ။ ဒုက္ခံ၊ ဂတာ ဒုဂ္ဂတာ-ဒုက္ခသိုရောက်သူတို့၊ ဝါ-ဆင်းရဲသူတို့၊ ဗာဠှံ-ပြင်းစွာ၊ ဝါ-အလွန်၊ဇိဏ္ဏာ-အိုမင်းသူတို့တည်း၊ ဗာဠဇီဏာ-တို့၊ သဉ္စာတော+ဗျာဝိ ဧတေသံတိ ဗျာဓိတာ-လွန်စွာဖြစ်သော အနာရောဂါရှိသူတို့။
လောကာနကမ္မကာယ။ ။ အနုရူပံ-လျော်စွာ၊ကမ္မာ-တုန်လှုပ်တတ်သောကရုဏာတည်း၊ "အနု (ပုနပ္ပနံ) ကမ္မာ အနုက္မာ" ဟုလည်းပြ၏။ [ကပိ-အ၊ ဣတ္ထိဇောတက အာပစ္စည်း သွတ္တ၌ က+ပစ္စည်းသက်၍ "အနုကမ္ပကာ"ဟုတွေ့ရ၏။ ပါဠိတော်များ၌ "လောကာနကမ္မကာ" ဟုသာအရှိများသည်။ ဤသဒ္ဒါနည်းအရ ကရုဏာကိုရသော်လည်း ထိုကရုဏာတော်ဖြင့် စောင့်ရှောက်တော်မူခြင်းတိုင်အောင်ယူပါ။ ထိုသို့ယူမှ သဝိဘတ်၏ကာရိယဖြစ်သော အာယ၏တဒတ္ထအနက်ဖြစ်နိုင်သည်။] "လောကာနုကမ္မကာယ ဧဝ" ဟုဋီကာသစ်၌ ဧဝထည့်၍ဖွင့်၏။ "န စီဝရာဒီဟေတု" ဟူသောဗျတိရေက စကားကိုကြည့်၍ ဧဝကိုထည့်ခြင်းတည်း။
ဝင်္ဃဝိဟာရ။ ။ ဇင်္ဃာဟိ-သလုံးမြင်းခေါင်း (ခြေ ၂ ချောင်း) တို့ဖြင့်+ဝိဟာရောလှည့်လည်သောအားဖြင့် နေတော်မူခြင်းတည်း ဇင်္ဃာဝိဟာရော-ခြင်း သွား၍ ချည်းအမြဲနေခြင်းမဟုတ်, သွား၍ ထိုထိုအရပ်၌ ဣရိယာပုထ် ၄ ပါးဖြင့် နေတော်မူခြင်းတည်း၊ ထိုကြောင့် " ဇင်္ဃာဟိ ဝိစရိတွာ တတ္ထ တတ္ထ ကတိပါယံ နိဝသနတသေနဝါ" ဟုဋီကာသစ်၌ တစ်နည်းဖွင့်၏။ ဤအလို "ဇင်္ဃာယိ+ဝိစရိတွာ+ဝိဟာရော ဇင်္ဃဝိဟာရော" ဟုပြ။
သရီရဖာသုကတ္ထာယ၊ ကိုယ်တော်၏ ကျန်းမာသည်၏အဖြစ်ဟူသော အကျိုးငှာလည်းကောင်း။ အဋ္ဌုပ္ပတ္တိကာလာဘိကင်္ခနတ္ထာယ၊ အဋ္ဌုပ္ပတ္တိကာလကို အလိုရှိတော်မူခြင်းဟူသော အကျိုးငှာလည်းကောင်း။ ဘိက္ခူနံ၊ တို့၏။ သိက္ခာပဒပညာပနတ္ထာယ၊ သိက္ခာပုဒ်ကို ပညတ်တော်မူခြင်းအကျိုးငှာလည်းကောင်း။ [သုရာပါနသိက္ခာပုဒ်ကို ဒေသစာရီလှည့်လည်တော်မူရင်း အရှင်သာဂတ၏ ဝတ္ထုကြောင်းပေါ်လာ၍ ပညတ်တော်မူရသည်။] တတ္ထ တတ္ထ၊ ထိုထိုမြို့ရွာတို့၌။ ပရိပါကဂတိန္ဒြိယေ၊ ရင့်ကျက်ခြင်းသို့ရောက်သော ဣန္ဒြေရှိကုန်သော။ ဗောဓနေယျသတ္တေ၊ သစ္စာ ၄ပါးကို သိစေထိုက်သောသတ္တဝါတို့ကို။ ဗောဓနတ္ထာယ၊ သစ္စာ ၄ ပါးကို သိစေခြင်းအကျိုးငှာလည်းကောင်း။ [အင်္ဂုလိမာလကို ချွတ်တော်မူရာအခါ၌ အင်္ဂုလိမာလရှိရာ တောတွင်းသို့ ဒေသစာရီကြွတော်မူရသည်။]
ဣတိ၊ သို့။ စတူဟိ, ကာရဏေဟိ၊ တို့ကြောင့်။ ဗုဒ္ဓါ၊ အလုံးစုံသောတရားကို သိတော်မူကုန်သော။ ဘဂဝန္တော၊ ဘုရားရှင်တို့သည်။ စာရိကံ စရန္တိ။ ["ကာရဏေဟိ" ဟု ဆိုသော်လည်း သရုပ်ပြသောအခါ အကျိုးကိုပြတော်မူ၏။ ထိုအကျိုးသည်ပင် "ဒေသစာရီ လှည့်လည်တော်မူခြင်း၏ အကြောင်းဖြစ်သည်" ဟူလို။] ဗုဒ္ဓံ၊ ကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆိဿန္တိ၊ ဆည်းကပ်ကြကုန်လိမ့်မည်။ ဣတိဝါ၊ ဤအကြောင်းကြောင့်သော်လည်းကောင်း။ ဓမ္မံ သရဏံ ဂစ္ဆိဿန္တိ ဣတိ ဝါ။ သံဃံ သရဏံ ဂစ္ဆိဿန္တိ ဣတိ ဝါ။ မဟတာ၊ ကြီးစွာသော။ [မဟတိယာ ဟု ဆိုလိုလျက် လိင်္ဂဝိပလ္လာသတည်း။] ဓမ္မဒေသနာယ၊ တရားဒေသနာတော်ဖြင့်။ [အချို့စာအုပ်၌ "မဟတာဓမ္မဝန" ဟု ရှိ၏။ ဤအလို မဟတာ၌ လိင်္ဂဝိပလ္လာ သမဟုတ်။ ဋီကာသစ်၌ "မဟတာတိ မဟတိယာ" ဟု ဖွင့်သောကြောင့် မဟတာဓမ္မဒေသနာယသည် ရှေးပါဌ်တည်း။]သရီရဖာသုကတ္ထာယ။ ။ အရပ်တစ်နေရာတည်း၌ ကြာရှည်စွာနေလျှင် ဥဿန္နဓာတုက-သလိပ်,သည်းခြေ လေစသော ဓာတ်တို့သည် များလာသောကြောင့် ခန္ဓာကိုယ်သည် လေးလံထိုင်းမှိုင်းကာ မကျန်းမမာဖြစ်တတ်၏၊ လှည့်လည်သွားလာသောအခါ ထိုဓာတ်တို့ လျော့သွားသောကြောင့် ခန္ဓာကိုယ်ပေါ့ပါး၍ ကျန်းမာ၏၊ [ဧကသ္မိံ ယေဝဌာနေ နိဗဒ္ဓဝါသဝသေန ဥဿန္နဓာတုကဿ သရီရဿ ဝိစရဏဝသေန ဖာသုကတ္ထာယ၊-ဋီကာ။] တစ်နေရာ၌ ကြာရှည်နေသော်လည်း လမ်းများများလျှောက်လျှင် ဥဿန္နဓာတုက မဖြစ်ပါ။
အဋ္ဌုပ္ပတ္တိ ၊ပေ၊ တ္ထာယ။ ။ အဂ္ဂိခန္ဓောပမသုတ်ကို ဟောတော်မူရာ၌ မီးလောင်နေသော သစ်ပင်ကြီးကို ဒေသစာရီ လှည့်လည်တော်မူစဉ် တွေ့မြင်တော်မူရ၏။ ထိုသစ်ပင်ကြီးကို တွေ့မြင်ရာအခါသည် ဒေသစာရီလှည့်လည်တော်မမူလျှင်ဖြစ်ပေါ်လာနိုင်မည်မဟုတ်၊ ဤကဲ့သို့သော အတ္ထုပ္ပတ္တိကာလကို အလိုရှိတော်မူခြင်းကို "အတ္ထုပ္ပတ္တိကာလာဘိကင်္ခန" ဟု ဆိုသည်၊ အဋ္ဌုပ္ပတ္တိပုဒ်အဖွင့်ကို ဗြဟ္မဇာလသုတ် ပရိဗ္ဗဇကကထာ အစ၌ ပြခဲ့ပြီ၊ [မဃဒေဝဇာတ်တော်ဖြစ်ပေါ်လာပုံကိုလည်း ထိုဇာတ်အဋ္ဌကထာ၌ ရှုပါ။]
စတာဿော၊ န်သော။ ပရိသာ၊ ပရိသတ်တို့ကို။ သန္တပ္ပေဿာမိ၊ နှစ်သိမ့်ရောင့်ရဲစေအံ့။
ဣတိဝါ၊ သော်လည်းကောင်း။ အပရေဟိပိ၊ ပေ၊ စာရိကံ စရန္တိ။ ပါဏာတိပါတာ၊ မှ။ ဝိရမိဿန္တိ၊ ရှောင်ကြဉ်ကြကုန်လိမ့်မည်။ ဣတိဝါ၊ ဤအကြောင်းကြောင့်သော်လည်းကောင်း။ အဒိန္နာဒါနာ ဝိရမိဿန္တိ ဣတိဝါ, ကာမေသုမိစ္ဆာရာ ဝိရမိဿန္တိ မုသာဝါဒါ ဝိရမိဿန္တိ။ ဣတိဝါ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝိရမိဿန္တိ။
ဣတိဝါ, အပရေဟိပိ၊ ပေ၊ စရန္တိ။ ပဌမံ ဈာနံ၊ ကို။ ပဋိလဘိဿန္တိ၊ ရကုန်လိမ့်မည်။ ဣတိဝါ၊ ကြောင့်သော်လည်းကောင်း။ ပေ၊ နေဝသညာနာသညာတနသမာပတ္တိံ၊ ကို။ ပဋိလဘိဿန္တိ။
ဣတိဝါ၊ သော်လည်းကောင်း။ အပရေဟိပိ၊ ပေ၊ စရန္တိ၊ သောတာပတ္တိမဂ္ဂ၊ ကို။ အဓိဂမဿန္တိ၊ ရကုန်လိမ့်ပေမည်။ ဣတိဝါ၊ သော်လည်းကောင်း။ အရဟတ္တဖလံ၊ ကို။ သစ္ဆိကရိဿန္တိ၊ မျက်မှောက်ပြုနိုင်ကုန်လိမ့်မည်။
ဣတိဝါ၊ သော်လည်းကောင်း။ အပရေဟိပိ၊ ပေ၊ စရန္တိ။ အယံ၊ ဤဒေသစာရီသည်။ အတုရိတစာရိကာ၊ မလျင်မြန်သောလှည့်လည်တော်မူခြင်းမည်၏။ ဣဓ၊ ဤစာရိကံ စရမာနောဟူသောပါဌ်၌။ အတုရိတစာရိကာ၊ ကို။ အဓိပ္ပေတာ၊ အလိုရှိအပ်၏။ [အချို့စာအုပ်၌ "စာရိကာတိ" ဟု ရှိ၏။ စာသွားမကောင်း။]
ပန၊ ဆက်။ သာဧသာ၊ ထိုအတုရိတစာရိကာသည်။ အနိဗဒ္ဓစာရိကာစ၊ တစ်စုံ တစ်ယောက်သော ပုဂ္ဂိုလ်နှင့်မစပ်ဖွဲ့သော လှည့်လည်တော်မူခြင်းလည်းကောင်း။ နိဗဒ္ဓစာရိကာစ၊ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်နှင့်စပ်ဖွဲ့သော လှည့်လည်တော်မူခြင်းလည်းကောင်း။ (ဣတိ၊ သို့)။ ဒုဝိဓာ ဟောတိ။
တတ္ထ၊ ထို၂ မျိုးတို့တွင်။ ဂါမနိဂမနဂရပဋိပါဋိဝသေန၊ ရွာ, နိဂုံး, မြို့ အစဉ်၏ အစွမ်းအားဖြင့်။ ("မကျော်ဘဲ" ဟူလို။) ယံစရတိ၊ အကြင်လှည့်လည်တော်မူ၏။ အယံ၊ ဤရွာ, နိဂုံး, မြို့ အစဉ်၏ အစွမ်းအားဖြင့် လှည့်လည်တော်မူခြင်းသည်။ အနိဗဒ္ဓစာရိကာနာမ၊ မည်၏။
ပန၊ ကား။ ဧကဿေဝ၊ တစ်ယောက်တည်းသာလျှင်ဖြစ်သော။ ဗောဓနေယျသတ္တဿ၊ သစ္စာ ၄ ပါးကို သိစေထိုက်သောသတ္တဝါ၏။ အတ္ထာယ၊ အကျိုးငှာ။ ယံ ဂစ္ဆတိ၊ အကြင်ကြွတော်၏။ အယံ၊ ဤတစ်ယောက်အတွက် ကြွတော်မူခြင်းသည်။ နိဗဒ္ဓစာရိကာ နာမ၊ မည်၏။
ဧသာ၊ ဤနိဗဒ္ဓစာရိကာကို။ ဣဓ၊ ဤစာရိကံ စရမာမနောဟူသော ပါဌ်၌။ အဓိပ္ပေတာ၊ အလိုရှိအပ်၏။နိဗဒ္ဓစာရိကာ။ ။ တစ်စုံတစ်ယောက်နှင့် (သို့မဟုတ် ၂ ယောက် ၃ ယောက်နှင့်) စပ်ဆိုင်သော ဒေသစာရီသည် နိဗန္ဓာရိကာမည်၏၊ နိဗန္ဓတိ-တစ်စုံတစ်ယောက် (၂ ယောက် ၃ ယောက်) နှင့် ဆက်စပ်တတ်၏၊ ဣတိ နိဗန္ဓာ၊ နိဗန္ဓာဟုလည်း ရှိ၏၊ အနက်တူပင်၊ နိဗန္ဓာစ+ သာ+စာရိကာစာတိ နိဗဒ္ဓစာရိကာ၊ [ကဉ္စိ, ကတိပယေဝါ ပုဂ္ဂလေ ဥဒ္ဒိဿစာရိကာ နိဗန္ဓစာရိကာ၊ တဒညာ သမ္ဗဟုလေ ဥဒ္ဒိဿ ဂါမနိဂမ နဂရပဋိပါဋိယာ စာရိကာ အနိဗန္ဓစာရိကာ၊ ဋီကာသစ်။]
ကိရ၊ ချဲ့။ တဒါ၊ ဒေသစာရီ ကြွချီတော်မူခါနီးရာ ထိုအခါ၌။ ("ဒေသစာရီ ကြွချီတော်မူတုန်းမဟုတ်, ကြွတော်မူခါနီးရာ နံနက်စောစောအခါ၌" ဟူလို။) ဘဂဝတော၊ ၏။ ("ကိစ္စ, ဉာဏဇာလ, ဗောဓနေယျဗန္ဓဝ" တို့၌စပ်။) ဝါ၊ သည်။ (ဩလောကေန္တဿ" ၌စပ်။) ပစ္ဆိမယာမကိစ္စပရိယောသာနေ၊ ပစ္ဆိမယာမ်ကိစ္စ၏ အဆုံး၌။ ဒသသဟဿိလောကဓာတုယာ၊ တစ်သောင်းအတိုင်းအရှည်ရှိသော လောကဓာတ်၌။ ဉာဏဇာလံ၊ ဉာဏ်တော်တည်းဟူသော ကွန်ယှက်ကို။ ပတ္ထရိတွာ၊ ဖြန့်တော်မူ၍။ ဗောဓနေယျဗန္ဓဝေ၊ သစ္စာ ၄ ပါးကိုသိစေထိုက်သော ဆွေတော် မျိုးတော်တို့ကို။ ဩလောကေန္တဿ၊ ကြည့်တော်မူလသော်။ ပေါက္ခရသာတိဗြာဟ္မဏော၊ ပေါက္ခရသာတိပုဏ္ဏားသည်။ သဗ္ဗညုတညာဏဇာလဿ၊ သဗ္ဗညုတဉာဏ်တော်တည်းဟူသော ကွန်ယှက်၏။ အန္တော၊ အတွင်း၌။ ပဝိဋ္ဌော၊ ဝင်လာပြီ။
အထ၊ ထိုအခါ၌။ ဘဂဝါ၊ သည်။ အယံ ဗြာဟ္မဏော၊ သည်။ မယှံ၊ ၏။ ဉာဏဇာလေ၊ ၌။ ပညာယတိ၊ ထင်ရှား၏။ အဿ၊ ထိုပုဏ္ဏား၏။ ဥပနိဿယော၊ အားကြီးသောမှီရာ အကြောင်းသည်။ အတ္ထိနုခေါ၊ ရှိလေသလော။ ဣတိ, ဝီမံသန္တော၊ စူးစမ်းတော်မူလတ်သော်။ သောတာပတ္တိမဂ္ဂဿ၊ သောတာပတ္တိမဂ်၏။ ဥပနိဿယံ၊ ကို။ ဒိသွာ မြင်တော်မူ၍။ဒသသဟဿိလောကဓာတု။ ။ ဒသသဟဿံ (ပရိမာဏံ) ယတ္ထာတိ ဒသသဟဿီ၊ ဣတ္ထီဇောတက ဤပစ္စည်း၊ လောကဓာတုနှင့် ကမ္မဓာရဲတွဲ၊ [ဇာတိခေတ္တဘူတေဒသသဟဿ စက္ကဝါဠေ၊] မှန်၏-ထိုစကြဝဠာတစ်သောင်း၌သာ ကျွတ်ထိုက်သောနတ်ဗြဟ္မာများရှိကြ၏၊ လူကား ကျွန်းငယ်အပါးတွင်ဖြစ်သော ဇမ္ဗူဒိပ်၌သာရှိ၏၊ ထို့ကြောင့် ထိုစကြဝဠာအတွင်း၌ ကျွတ်ထိုက်သောသတ္တဝါတို့ကို ကြည့်တော်မူခြင်းငှာ ဉာဏ်တော်ကွန်ယှက်ကို ဖြန့်တော်မူသည်။
ဗောဓယျဗန္ဓဝေ။ ။ [ဗန္ဓဝေါ ဗန္ဓု ၊ပေ၊ ဉာတကော၊-အဘိဓာန် (၂၄၃)။] ဗောဓနေယျာစ+တေ+ဗန္ဓဝါစာတိ ဗောဓနေယျဗန္ဓဝါ၊ အမျိုးအနွယ် စပ်သူသည် "ဗန္ဓဝ" မည်သကဲ့သို့, သစ္စာ ၄ ပါးကို ထိုးထွင်း၍ သိခြင်းအားဖြင့် ဆက်စပ်နေကြသော သတ္တဝါတို့လည်း ဘုရားရှင်၏ ဆွေတော်မျိုးတော်များပင်မည်၏။
အန္တောပဝိဋ္ဌော။ ။ ဉာဏ်တော်၏ အာရုံအဖြစ်သို့ ရောက်ခြင်းကို "သဗ္ဗညုတညာဏ ဇာလဿ အန္တော ပဝိဋ္ဌော" ဟု ဆိုသည်၊ ချဲ့ဦးအံ့-ဘုရားရှင်သည် မဟာကရုဏာ သမာပတ်တော်ကို ရှေးဦးစွာ ဝင်စားတော်မူ၍, သမာပတ်မှ ထတော်မူပြီးသောအခါ "ကျွတ်ထိုက်သော သတ္တာဝါတို့သည် ငါဘုရား၏ ဉာဏ်တော်၌ ထင်လာစေကုန်သတည်း" ဟု ဓိဋ္ဌာန်တော်မူ၏၊ ထိုအခါ ကျွတ်ထိုက်သောသတ္တဝါတို့သည် ဉာဏ်တော်၌ ထင်လာကြ၏၊ ဤကား ဗုဒ္ဓမြတ်စွာ၏ အာနုဘော်အစွမ်းတည်း။
အထ ဘဂဝါ။ ။ ထိုသို့ထင်လာသောအခါ ထိုသူ၏သရဏဂုံတည်ခြင်းမှစ၍ ရမည့်အကျိုးကိုလည်းကောင်း, ထိုအကျိုး၏ ဥပနိဿယကိုလည်းကောင်း, ယခုဘဝ၌ဖြစ်ဆဲအကျင့်ကိုလည်းကောင်း ကြည့်တော်မူ၏၊ ထို့ကြောင့် "အထခေါ ဘဂဝါ" စသည်ကို မိန့်တော်မူသည်။
ဧသော၊ ဤပုဏ္ဏားသည်။ မယိ၊ ငါသည်။ ဧတံ ဇနပဒံ၊ ဤကောသလတိုင်း ဇနပုဒ်သို့။ ဂတေ၊ ကြွတော်မူလတ်သော်။ လက္ခဏပရိယေသနတ္ထံ၊ လက္ခဏာတော်ကို ရှာခြင်းအကျိုးငှာ။ အမ္ဗဋ္ဌံ၊ အမ္ဗဋ္ဌမည်သော။ အန္တေဝါသိံ၊ အနီးနေတပည့်ကို။ ပဟိဏိဿတိ၊ စေလွှတ်လတံ့။ သော၊ ထိုအမ္ဗဋ္ဌသည်။ မယာ၊ နှင့်။ သဒ္ဓိံဝါဒပ္ပဋိဝါဒံ၊ ရှေးဦးစွာ ပြောဆိုအပ်သောစကား၏ အတုန့်ဖြစ်သောစကားကို။ ကတွာ၊ ၍။ နာနပ္ပကာရံ၊ အထူးထူးသော အပြားရှိသော။ အသမ္ဘိဝါကျံ၊ မသူတော်တို့၏ စကားကို။ (တစ်နည်း) အသဗ္ဘဝါကျံ၊ အစည်းအဝေးသဘင်၌ မကောင်းသောဖရုသဝါစာစကားကို။ ဝက္ခတိ၊ ပြောဆိုလတ္တံ့။ တံ၊ ထိုအမ္ဗဋ္ဌကို။ အဟံ၊ သည်။ ဒမေတွာ၊ ဆုံးမတော်မူ၍။ နိဗ္ဗိသေဝနံ၊ ထိုးဆွရခြင်းမရှိအောင်။ ဝါ၊ ယဉ်ကျေးအောင်။ ကရိဿာမိ၊ ပြုတော်မူအံ့။ဝါဒပ္ပဋိဝါဒံ။ ။ ပါဠိတော်၌ လာလတံ့အတိုင်း "ဧဝံ နု တေ အမ္ဗဋ္ဌ" စသည်ဖြင့် ငါဘုရားသည် မိန့်တော်မူအပ်သောဝါဒ၏ "ယေစ ခေါ တေ ဘော ဂေါတမ မုဏ္ဍကာ သမဏကာ" စသော ပဋိဝါဒ (တုန့်ပြန်စကား)ကို "ဝါဒပ္ပဋိဝါဒ" ဟု ဆိုသည်၊ ဝဇ္ဇတေ-ပြောဆိုအပ်၏၊ ဣတိ ဝါဒေါ၊ ဝါဒဿ+ပဋိဝါဒေါ ဝါဒပ္ပဋိပါဒေါ။
အသမ္ဘိဝါကျံ။ ။ သဒ္ဒနီတိ၌ သန္တသဒ္ဒါကို သဗ္ဘိပြု၍ "သဗ္ဘိ-သူတော်ကောင်း" ဟုဖြစ်၏၊ ထိုနည်းကိုလိုက်၍ ဋီကာသစ်၌ "အသမ္ဘိဝါကျံတိ အသပ္ပုရိသဝါစံ" ဟု ဖွင့်လေသည်၊ မောဂ္ဂလ္လာန် ၄-ကဏ္ဍ, "ဏျော တတ္ထ သာဓု" ဟူသော (၇၂) သုတ်၌ကား "သဘာယံ-အစည်းအဝေးသဘင်၌+သာဓု-ကောင်းသူတည်း၊ သဗ္ဗော၊ [သာဓု-ကောင်းသောစကားတည်း၊ သဗ္ဘိ၊] ဤသို့ပြု၍ "သဗ္ဘံဝါကျံ-အစည်းအဝေးသဘင်၌ ကောင်းသောဝါကျ၊ သဗ္ဘာဝါစာ" ဟုဖြစ်၏၊ ဤအလို "န+သဗ္ဘံ၊ အသဗ္ဘံ၊ အသမ္ဘိစ+တံ+ဝါကျံစာတိ အသဗ္ဘဝါကျံ" ဟု ရှိသင့်သည်။
ပါဠိတော်။ ။ ဝါစံ အဘာသိ ဖရုသံ အသဗ္ဘံ (ကုမာရပေတဝတ္ထု၊) ဝေပစိတ္တိ အသုရိန္ဒော၊ ပေ၊ အသဗ္ဘာဟိ (အစည်းအဝေးသဘင်၌ ပြောစရာမကောင်းသောကုန်သော) ဖရုသာဟိ ဝါစာဟိ အက္ကောသတိ၊-သ ဂါထာဝဂ္ဂ၊ သဂ္ဂသံယုတ်, ၄ သုတ်၊ ဤပါဠိတော်များ၌ စကားကို အရကောက်ရာဝယ် "အသဗ္ဘော" ဟု သုံးစွဲလေ့ရှိ၏။
ဋီကာ။ ။ ဋီကာဟောင်း ရှေးစာအုပ်များ၌ ပါဌ်ပျက်နေသော်လည်း "တိက္ခတ္တုံ ဣဗ္ဗဝါဒနိပါတနဝသေန (၃) ကြိမ်တိုင်တိုင် ဣဗ္ဗဟူသောဝါဒကို ကျရောက်စေခြင်း၏ အစွမ်းဖြင့်) နာနပ္ပကာရကံ အသဗ္ဘဝါကျံ သဘာယံ သာဓုဘာဝါယ ဝတ္တုံ အယုတ္တဝစနံ (အစည်းအဝေးသဘင်၌ ကောင်းသည်၏အဖြစ်ဖြင့် ဆိုခြင်းငှာ မသင့်သောစကားကို) ဝက္ခတိ" ဟု ရှိသင့်၏၊ ဤဋီကာ၌ "သဘာယံ သာဓုဘာဝါယ ဝတ္တုံ အယုတ္တဝစနံ"သည် အသဗ္ဘဝါကျံနှင့်သာ လျောသော အနက်ဖွင့်တည်း။
နိဗ္ဗိသေဝနံ။ ။ ဝိပုဗ္ဗ သေဝဓာတ်သည် ဟုဒန-ထိုးဆွခြင်းအနက်ကို ဟော၏၊ မယဉ်ကျေးသောမြင်းကို ရထားတပ်၍ မောင်းနှင်သောအခါ ရထားထိန်းက ထိုးဆွ-ရိုက်နှက်ပေးရ၏၊ ယဉ်ကျေးသောမြင်းကိုကား ထိုသို့ ရိုက်နှက်ရခြင်းမရှိ၊ ထိုသို့ မရှိသည်ကို "နိဗ္ဗိသေဝန"ဟုဆိုသည်၊ အဓိပ္ပာယ်အားဖြင့် "ဆုံးမအပ်ပြီး ယဉ်ကျေးပြီးဖြစ်သည်" ဟု ဆိုလို၏၊ ထို့ကြောင့် ဋီကာဟောင်း၌ "နိဗ္ဗိသေဝနံတိ ဝိဂတတုဒနံ" ဟု ဖွင့်၍, ထိုကဲ့သို့ ထိုးဆွရခြင်းမရှိသူသည် မာနဒဗ္ဗ၏အစွမ်းဖြင့် လှုပ်ရှားမှုမရှိသော, ငြိမ်သက်ယဉ်ကျေးသူသာဖြစ်သောကြောင့် "မာနဒဗ္ဗနဝသေန အပဂတပရိပ္ဖန္ဒနံတိ အတ္ထော" ဟု အဓိပ္ပာယ်ဖွင့်သည်။ [နိဗ္ဗိသေဝနတ္ထာယာတိ ဝိသေဝနဿ ဝိပ္ဖန္ဒိတဿ နိရောဓနာယ၊-သဠာယတနသံယုတ်, အသီဝိသဝဂ္ဂ, ၂-သုတ်ဋီကာ၊ ဝိသေဝနစာရန္တိ အဒန္တကိရိယံ၊ ဝိသေဝနကို "အဒန္တ" ဟု အဓိပ္ပာယ်ဖွင့်သော မဇ္ဈိမပံ, ဘဒ္ဒါ လိသုတ် ဋီကာ။]
သော၊ ထိုအမ္ဗဋ္ဌသည်။ အာစရိယဿ၊ ဆရာအား။ ကထေဿတိ၊ ပြန့်၍ပြောလတ္တံ့။ အထ၊ ထိုအခါ၌။ အဿ၊ ထိုအမ္ဗဋ္ဌ၏။ အာစရိယော၊ သည်။ တံကထံ၊ ထိုစကားကို။ သုတွာ၊ ကြားရ၍။ အာဂမ္မ၊ လာ၍။ မမ၊ ၏။ လက္ခဏာနိ၊ လက္ခဏာတော်တို့ကို။ ပရိယေသိဿတိ၊ ရှာလ။ တဿ၊ ထိုဆရာပုဏ္ဏားအား။ အဟံ၊ ငါသည်။ ဓမ္မံ၊ ကို။ ဒေသေဿာမိ၊ ဟောအံ့။
သော၊ ထိုဆရာပုဏ္ဏားသည်။ ဒေသနာပရိယောသာနေ၊ ဒေသနာတော်၏အဆုံး၌။ သောတာပတ္တိဖလေ၊ ၌။ ပတိဋ္ဌဟိဿတိ၊ တည်လတံ့။
ဒေသနာ၊ သည်။ မဟာဇနဿ၊ များစွာသောလူအပေါင်း၏။ သဖလာ၊ အကျိုးနှင့်တကွဖြစ်သည်။ ဝါ၊ အကျိုးရှိသည်။ ဘဝိဿတိ၊ ဖြစ်လတံ့။ ဣတိ၊ ဤသို့ မြင်တော်မူ၍။ ပဉ္စဘိက္ခုသတ ပရိဝါရော၊ ငါးရာသော ရဟန်းအခြံအရံရှိတော်မူသည်။ (ဟုတွာ)။ တံ ဇနပဒံ၊ ထိုကောသလတိုင်း ဇနပုဒ်သို့။ ပဋိပန္နော၊ ကြွတော်မူပြီ။
တေန၊ ကြောင့်။ ကောသလေသု၊ ပေ၊ ဘိက္ခုသတေဟီတိ၊ ဟူ၍။ (အာယသ္မတာ အာနန္ဒတ္ထေရေန၊ သည်။ တစ်နည်း, သင်္ဂီတိကာရေဟိ၊ တို့သည်။) ဝုတ္တံ။
**ယေန ဣစ္ဆာနင်္ဂလန္တိ**၊ ကား။ ယေန ဒိသာဘာဂေန၊ အကြင်အရပ်အဘို့ဖြင့်။ ဣစ္ဆာနင်္ဂလံ၊ ဣစ္ဆာနင်္ဂလရွာသို့။ အဝသရိတဗ္ဗံ၊ ရောက်ထိုက်၏။
ဝါ၊ တစ်နည်း။ ယသ္မိံ ပဒေသ၊ အကြင်အရပ်၌။ ဣစ္ဆာနင်္ဂလံ၊ ဣစ္ဆနင်္ဂလရွာသည်။ (အတ္ထိ၊ ရှိ၏။)
ဣဇ္ဈာနင်္ဂလန္တိပိ၊ ဣဇ္ဈာနင်္ဂလံဟူ၍လည်း။ ပါဌော၊ ပါဠိတော်ပါဌ်သည်။ယေန၊ ပေ၊ အဝသရိတဗ္ဗံ။ ။ ပါဠိတော်၌ "ယေန ဣစ္ဆာနင်္ဂလံနာမ ကောသလာနံ ဗြာဟ္မဏဂါမော၊ တဒဝသရိ" ဟု ရှိ၏၊ ထို၌ ဣစ္ဆာနင်္ဂလံနာမသည် ဝိသေသန အပ္ပဓာန, ဗြာဟ္မဏဂါမောသည် ဝိသေသျပဓာနတည်း၊ ထိုဗြာဟ္မဏဂါမော၏ စပ်ပုဒ်မရှိသောကြောင့် တဒဝသရိကိုကြည့်၍ "အဝသရိတဗ္ဗော" ဟု ပါဠိတော်၌ထည့်၍ အနက်ပေးရမည်၊ အဋ္ဌကထာ၌ကား ဣစ္ဆာနင်္ဂလံကိုငဲ့၍ "အဝသရိတဗ္ဗံ" ဟု ထည့်ထားသည်၊ ထိုသို့ထည့်သောအခါ ယေန၏ စွဲနက်ကိုလည်း "ဒိသာဘာဂေန" ဟု စွဲရသည်၊ ဆိုလိုရင်းကား-"အကြင်အရှေ့အရပ်ဖြင့် သွားလျှင် ဣစ္ဆာနင်္ဂလသို့ ရောက်နိုင်၏၊ ထိုအရှေ့အရပ်ဖြင့်ပင် ဣစ္ဆာနင်္ဂလသို့ ရောက်သည်ဟူလို။
ယသ္မိံ ဝါ။ ။ ဤနည်း၌ကား ယေန၌ နာဝိဘတ်သည် အဓိကရဏ အနက်ဟောတည်း၊ ဤနည်း၌လည်း စပ်ပုဒ်တိုက်ရိုက်မရှိ၊ ထို့ကြောင့် "ယေန ဘဂဝါ တေနုပသင်္ကမိ" ၌ကဲ့သို့ "အတ္ထိ" ဟု ကြိယာထည့်၍ အနက်ပေးရိုးရှိသည်။
အတ္ထိ၊ ရှိသေး၏။ [နာမည်မျှသာဖြစ်သောကြောင့် အနက်အထူးရှာဖွယ် မလိုရကား "ဣဇ္ဈာနင်္ဂလံ" ပါဌ်လည်း အသင့်ပင်-ဟူလို။
**တဒဝသရီ**တိ၊ ကား။ တေန၊ ထိုအရပ်အဖို့ဖြင့်။ အဝသရိ၊ ရောက်တော်မူပြီ။
ဝါ၊ တစ်နည်း။ တံ၊ ဣစ္ဆာနင်္ဂလရွာရှိရာထိုအရပ်သို့။ အဝသရိ၊ ပြီ။ တေန ဒိသာဘာဂေန၊ ဖြင့်။ ဂတော၊ ရောက်တော်မူပြီ။ ဝါ၊ တစ်နည်း။ တံ ပဒေသံ၊ ဣစ္ဆာနင်္ဂလရွာရှိရာ ထိုအရပ်သို့။ ဂတော၊ ပြီ။ ဣတိ အတ္ထော၊ နက်။
**ဣစ္ဆာ၊ ပေ၊ ဝနသဏ္ဍေ**တိ၊ ကား။ ဣစ္ဆာနင်္ဂလံ၊ ကို။ ဥပနိဿာယ၊ မှီ၍။ (ဂေါစရဂါမ်အဖြစ်ဖြင့် မှီ၍။) ဣစ္ဆာနင်္ဂလဝနသဏ္ဍေ၊ ဣစ္ဆာနင်္ဂလတောအုပ်၌။ သီလခန္ဓာဝါရံ၊ သီလတည်းဟူသော ခံတပ်ကို။ (သစ်တုံးစသည်ဖြင့် ထက်ဝန်းကျင် ကာရံအပ်သောခံတပ်နှင့်တူသော သီလတော်ကို။)တဒဝသရိ။ ။ ယေနကို အနက် ၂ မျိုးဖွင့်ခဲ့သည် အားလျော်စွာ ပဌမအနက်၏ နိယမအတွက် တံကို "တေန+အဝသရိ တေန ဒိသာဘာဂေန ဂတော" ဟုလည်းကောင်း, ဒုတိယအနက်၏ နိယမအတွက် တံကို "တံ+ဝါ အဝသရိ တံ ပဒေသံ ဂတော" ဟုလည်း " ကောင်း, ၂ နည်းစီ (သဒ္ဒါ, အနက်ခွဲ၍) ဖွင့်သည်။
အဝသရိ။ ။ အဝသရိ၌ သရဓာတ်၏ ဂတိအနက် ဟု ယူစေလိုသောကြောင့် "ဂတော" ဟု ဖွင့်၏၊ အဝ အနက်မရှိ၊ ဋီကာ၌ "အဝသရိတဗ္ဗံတိ ဥပဂန္တဗ္ဗံ-ကပ်ရောက်ထိုက်၏" ဟု ဥပသဒ္ဒါထည့်၍ ဖွင့်ခြင်းမှာ သွားခြင်းကြိယာကိုမယူဘဲ "ရောက်ခြင်း" ကြိယာကို ယူစေလိုသောကြောင့်တည်း၊ [ဋီကာသစ်၌ကား-"ယေန ဒိသာဘာဂေန ဂတော"ကို "အဂမာသိ သွားပြီ"ဟု ဖွင့်၍ "တံဝါ ပဒေသံဂတော"ကို "သမ္ပာပုဏိ-ရောက်ပြီ"ဟု ၂ နည်းခွဲ၍ ဖွင့်၏၊ နီးကပ်၍နေသော ဂတော ၂ ပုဒ်မှာ ထိုသို့ အနက်ကွဲထိုက်မည်မထင်ပါ။]
ဣစ္ဆာနင်္ဂလေ ၊ပေ၊ ဝနသဏ္ဍေ။ ။ အာဓာရ ၂ ပုဒ်ရှိသော်လည်း ဣစ္ဆာနင်္ဂလေ၌ သတ္တမီသည် သမီပတ္ထတည်း၊ ဣစ္ဆာနင်္ဂလဝနသဏ္ဍေကား နိဝါသဋ္ဌာနဖြစ်သော အဓိကရဏတ္တတည်း၊ ဤသို့ အနက်ကွဲပုံကို သိစေလိုသောကြောင့် "ဣစ္ဆာနင်္ဂလံ ဥပနိဿာယ ဣစ္ဆာနင်္ဂလ ဝနသဏ္ဍေ၊ ပေ၊ ဝိဟရတိ"ဟု မိန့်သည်။ [ဣစ္ဆာနင်္ဂလေတိ ဣဒံ တဒါ ဘဂဝတော ဂေါစရဂါမနိဒဿနံ သမီပတ္ထေ ဘုမ္မန္တိ ကတွာ, ဣစ္ဆာနင်္ဂလဝနသဏ္ဍေတိ နိဝါသနဋ္ဌာနဒဿနံ အဓိကရဏေ ဘုမ္မန္တိ-ဋီကာ။]
သီလခန္ဓာဝါရံ။ ။ "သီလခန္ဓာဝါရံ ၊ပေ၊ ဝိဟာရေန"တိုင်အောင်သော စကားတို့ကား ပါဠိတော်ကို တိုက်ရိုက်ဖွင့်သော စကားမဟုတ်၊ ပါဠိတော်ကို ဖွင့်ပြခြင်း၌ ကျွမ်းကျင်သော ဆရာ၏အစွမ်းပြအားဖြင့် ရူပကအလင်္ကာဖြင့် တန်ဆာဆင်၍ ဖွင့်ပြအပ်သော စကားတို့သာတည်း၊ ရာဇကမ္ပိကာ ဒါရုက္ခန္ဓာဒီဟိ အာ (သမန္တတော)ဝရန္တိပရိက္ခိပန္တိ ဧတ္ထာတိ ခန္ဓာဝါရော၊ [ခန္ဓ+အာ+ဝါရ၊ ဝရဓာတ်သည် အာ ရှေးရှိသောကြောင့် ပရိက္ခိပနအနက်ကို ဟော၏။] သစ်တုံး ထန်းတုံး ကျောက်အုတ်စသော အတုံးအခဲတို့ကို ပတ်ဝန်းကျင် ကာရံရာဖြစ်သောတပ်မြို့ကို "ခန္ဓာဝါရ"ဟု ခေါ်၏၊ [ထိယံ ဟု ရာဇဓာနီစ, ခန္ဓာဝါရော ဘဝေ ထစ၊- အဘိဓာန် (၁၉၈)။] ဤနေရာ၌ကား ဓမ္မရာဇာ၏ သီတင်းသုံးတော်မူရာဖြစ်၍ ထို တပ်မြို့ကဲ့သို့ လုံခြုံသော သီလတော်ကို "ခန္ဓာဝါရ"ဟု သဒိသူပစာရအားဖြင့် ခေါ်ရသည်၊ [သီလသင်္ခါတော+ခန္ဓာဝါရော သီလခန္ဓာဝါရော။
ဗန္ဓိတွာ၊ ပတ်ဝန်းကျင်ဖွဲ့တော်မူ၍။ သမာဓိကောန္တံ၊ သမာဓိတည်းဟူသော လှံမကို။ ဥဿာပေတွာ၊ ထောင်မတ်စေတော်မူ၍။ ဝါ၊ စိုက်ထောင်တော်မူ၍။ သဗ္ဗညုတညာဏသရံ၊ သဗ္ဗညုတဉာဏ်တော်တည်းဟူသော ဝဇိရစိန်အဖျားရှိသောမြားကို။ ပရိဝတ္တယမာနော၊ ထက်ဝန်းကျင်လည်စေတော်မူလျက်။ (တစ်နည်း) သဗ္ဗညုတညာဏပဒံ၊ သဗ္ဗညုတဉာဏ်တော်တည်းဟူသော မန္တန်ပုဒ်ကို။ ပရိဝတ္တယမာနော၊ အဖန်ဖန်မန်းမှုတ်တော်မူလျက်။ ဓမ္မရာဇာ၊ တရားမင်းဘုရားသည်။ ယထာဘိရုစိတေန၊ အကြင်အကြင် အလိုရှိတော်မူအပ်သော။ ဝိဟာရေန၊ သီတင်းသုံးတော်မူခြင်းဖြင့်။ ဝိဟရတိ၊ သီတင်းသုံးတော်မူ၏။ [ယထာဘိရုစိတေန ဝိဟာရေနာတိ သဗ္ဗဝိဟာရသာဓာရဏဒဿနံ။ ဒိဗ္ဗဝိဟာရာဒီသု ယေန ယေန အတ္တနာ အဘိရုစိတေန ဝိဟာရေန ဝိဟရတီတိ အတ္ထော၊-ဋီကာသစ်။]သမာဓိကောန္တံ။ ။ "သမ္မာသမာဓိသင်္ခါတံ မင်္ဂလသတ္တိ"ဟု ဋီကာသစ်ဖွင့်၏၊ သတ္တိအနက်ကို ကုန္တသဒ္ဒါသည်သာ ဟော၏၊ ကုန္တ၏အနက်ဖြစ်သော လှံသည်လည်း လှံမ (လှံရှည်)တည်း။ [အဘိဓာန်နိဿယသစ်၌ကား ကုန္တ၏ပရိယာယ် (ကောဏ္ဍ)ဟု တွေ့ရသည်၊ ထို့ကြောင့် ကောန္တသည် မူရင်းဟုတ်ကောင်းမှ ဟုတ်မည်။]
သဗ္ဗညုတညာဏပဒံ။ ။ "သဗ္ဗညုတညာဏသင်္ခါတံ ဇယမန္တပဒံ (အောင်မြင်ကြောင်း မန္တန်ပုဒ်ကို)၊ ပရိဝတ္တယမာနောတိ ဇပ္ပယမာနော (အဖန်ဖန်မန်းမှုတ်စုတ်တော်မူလျက်)"ဟုလည်းကောင်း, "သဗ္ဗညုတညာဏသရန္တိပိ ပါဌော၊ သဗ္ဗညုတညာဏဝဇိရဂ္ဂသရံ အပရာပရံ ပရိဝတ္တယမာနော (တပြောင်းပြန်ပြန် လှည့်တော်မူလျက်)ဟုလည်းကောင်း" ဟု ဋီကာသစ်၌ ပါဌ် ၂ မျိုးဖွင့်သည်။
မှတ်ချက်။ ။ တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ အကျင့်ပဋိပတ်တော် ဟူသမျှသည် အဓမ္မကို အကုန်အစင် နှိမ်နင်းခြင်းသာ အရေးအကြီးဆုံးရှိ၏၊ ထိုအကျင့် ပဋိပတ် ဟူသည်လည်း အချုပ်အားဖြင့် သီလသမာဓိပညာတော်သာဖြစ်၏၊ ထို့ကြောင့် ထိုတရားသုံးပါးကိုသာ ဓမ္မရာဇာ၏ အဆောင်အယောင်လုပ်၍ "သီလခန္ဓာဝါရံ, သမာဓိကောန္တံ, သဗ္ဗညုတညာဏသရံ"ဟု ရူပကအလင်္ကာဖြင့် ပြသည်။ [ဓမ္မရာဇဿ ဘဂဝတော သဗ္ဗသော အဓမ္မနိဂ္ဂဟဏှန ပရာဧဝ ပဋိဝတ္တိ၊ သာ စ သီလသမာဓိပညာဝသေနာတိ သီလာဒိတ္တယဿဝ ဂဟဏံ-ဋီကာသစ်။]