Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Sīlakkhandhavaggaṭṭhakathā
(DN) Sīlakkhandhavaggaṭṭhakathā

Samanuyuñjāpanakathāvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

သမနုယုဉ္ဇန္တန္တိ၊ ကား။ သမနုယုဉ္ဇန္တု၊ အယူကို စစ်ဆေးမေးမြန်းကြကုန်လော။ စ၊ ဆက်။ ဧတ္ထ၊ ဤ သမနုယဉ္ဇန အစရှိသော ၃ ပါးတို့တွင်။ လဒ္ဓိံ၊ အယူကို။ ပုစ္ဆန္တော၊ မေးသော ပညာရှိသည်။ [ဟ ပါဠိတော်၌ ဝိညူကိုငဲ့၍ "ပညာရှိ" ဟုပေးသည်။] သမနုယုဉ္ဇတိနာမ၊ သမနုယုဉ္ဇတိမည်၏။ ကာရဏံ၊ အကြောင်းကို။ ပုစ္ဆန္တော၊ သည်။ သမနုဂါဟတိနာမ၊ သမနုဂါဟတိ မည်၏။ ဥဘယံ၊ ဥပမာ, ဥဒါ ဟရုဏ် ၂ ပါးစုံကို။ ပုစ္ဆန္တော၊ သည်။ သမနုဘာသတိနာမ၊ သမနုဘာသတိမည်၏သမနုယုဉ္ဇန္တု။ ။ ပါဠိတော်ဝယ် ယုဉ္ဇန္တံ၌ အန္တံ သည် အန္တပစ္စည်းမဟုတ်, ပဉ္စမီ အတ္တ နောပုဒ်ဝိဘတ်ဟု သိစေလိုသောကြောင့် "သမနုယုဉ္ဇန္တု" ဟု ပဉ္စမီ အန္တုဝိဘတ်ဖြင့် ဖွင့်သည်၊ ထို ဝိဘတ်တို့လည်း အာဏတ္တိ (စေခိုင်း တိုက်တွန်းခြင်း) အနက်ဟောတည်း၊ ထို့ကြောင့် "သမနုယုဉ္ဇန္တံ- စစ်ဆေး မေးမြန်းကြကုန်လော" ဟု ပေးရသည်။ [အနုပုဗ္ဗ ယုဇဓာတ်သည် အခြားနေရာ၌ အားထုတ်ခြင်း အနက်ကို ဟောသော်လည်း ဤနေရာ၌ စစ်ဆေးမေးမြန်းခြင်းအနက်ကို ဟော၏၊ ဥပမာ- "အနုယောဂဝတ္တံ နိဿာမယေ- မေးစိစစ်ခြင်းကို ကျင့်ဝတ်ကို+ဉာဏ်ဖြင့် ကြည့်ရှုပါလော" (ပရိဝါရပါဠိတော်) စသည်ကဲ့သို့တည်း။
လဒ္ဓိံ ပုစ္ဆန္တော။ ။ အကုသိုလ် သံကိလေသတို့ကို ရဟန်းဂေါတမသည် အကြွင်းမဲ့ပယ်၍ ကျင့်သလော, ပုရာဏကဿပစသော အခြား ဂိုဏ်းဆရာတို့သည အကြွင်းမဲ့ပယ်၍ ကျင့်သလော၊ ဤပြဿနာ၌ သင်၏ အယူကို ပြောစမ်းပါလော၊ ဤသို့ ပဋိညာ (ဌပနာ) အနက်ကို မေးသူ။ [လဒ္ဓိံ ပုစ္ဆန္တောတိ ကိံ သမဏော ဂေါတမော သံကိလေသဓမ္မေ အနဝသေသံ ပဟာယ ဝတ္တတိ၊ ဥဒါဟု ပရေ ဂဏာစရိယာ ဧတ္ထ တာဝ အတ္တနော လဒ္ဓိံ ဝဒေဟီတိ ပဋိညာတံ (ဝန်ခံအပ်ပြီးအနက်ကို) သိဒ္ဓန္တံ (ဆုံးဖြတ်အပ်ပြီးသော ပဓာန ဌပနာ အနက်ကို) ပုစ္ဆံန္တော၊- ဋီကာသစ်။]
မှတ်ချက်။ ။ ဤအမေးမျိုးကို ဂိုဏ်းဆရာဖြစ်စေ, ဂိုဏ်းဆရာဘက်က တစ်ယောက် ယောက်ကို ဖြစ်စေ, အခြာလူကို ဖြစ်စေ, ဘုရားရှင်ဘက်က တစ်ယောက်ယောက်ဖြစ်စေ ဘုရားရှင်ကို တိုက်ရိုက်ဖြစ်စေ မေးနိုင်ပါသည်။
သမနုယုဉ္စ တိနာမ. ။ အနု+ယုဇဓာတ်ဖြင့် ဆိုရာ၌ အယူကို မေးခြင်း, အကြောင်းကို မေးခြင်း ဥဘယကို မေးခြင်း အမျိုးမျိုးနှင့် ဆိုင်သော်လည်း "ဤနေရာ၌ အထင်ရုဠှီ (ဧကဒေသျူပစာရ) အားဖြင့် အယူကို မေးခြင်းသာ ယူပါ" ဟု သိစေလိုသောကြောင့် "အနုယုဉ္ဇတိနာမ" ဟု နာမသဒ္ဒါကထည့်၍ ဆိုသည်၊ နောက်၌လည်း ဤနည်းမှီးပါ။
သာရဏံ ပုစ္ဆန္တော။ ။ သူ၏ အယူကို မေးသောအခါ "ရဟန်းဂေါတမသည်သာ သံကိလေသဓမ္မတို့ကို အကြွင်းမဲ့ပယ်၍ ကျင့်နိုင်၏" ဟု ဖြေဆိုလျှင် "ဤသို့ ရဟန်းဂေါတမသည်သာ ကျင့်နိုင်၏" ဟူသော အနက်ဓိပ္ပာယ်ကို အကြောင်းအားဖြင့် (အကြောင်းပြ၍) သူတစ်ပါးကို မှတ်ယူစေပါလော" ဟု တိုက်တွန်းသော ပညာရှိသည် အကြောင်းကို မေးရာရောက်၏၊ ထို့ကြောင့် "ကာရဏံ သမနုဂါဟတိ နာမ" ဟု နာမသဒ္ဒါဖြင့် ဆိုသည်။ [သမနုဂါဟ တို့၏ သဒ္ဒတ္ထမှာ " အကြောင်းအားဖြင့် ကောင်းစွာ ယူစေပါလော" ဟု ဖြစ်၏၊ "အကြောင်းကို မေးသည်မည်၏" ဟေူသော အနက်မှာ ကာရဏံ ပုစ္ဆန္တောကို ကြည့်၍ ပေးအပ်သော အဓိပ္ပာယတ္ထသာ။]
ဋီကာသစ်။ ။ ကာရဏံ ပုစ္ဆန္တောတိ သမဏောဝ ဂေါတမော သံကိလေသဓမ္မေ အနဝသေသံ ပဟာယ ဝတ္တတီတိ ဝုတ္တေ (ဖြေဆိုအပ်သော်) ကာရဏေနာပိ ဧတမတ္ထံ ဂါဟယာတိ ဟေတုံ ပုစ္ဆန္တော၊- ဤ၌ ဂါဟကသည် သမနုဂါဟတိမှ ဂါဟပ်တည်း။
ဥဘယံ ပုစ္ဆန္တော။ ။ "ဥဘယံ" အရ ဆိုအပ်ပြီးသော လဒ္ဓိနှင့် ကာရဏကို ယူရမည်" ဟု ထင်စရာရှိ၏၊ ထိုသို့ မယူရပါ၊ "ပဋိညာ, ဥပမာ, ဟေတု, ဥဒါဟရဏ, နိဂမ" ဟူသော ဝါကျအစိတ်ငါးပါးတွင် မူလပဋိညာဉ် (ဌပနာ) စကား ၏ ခိုင်လုံဘို့ရာအကြောင်း (ကာရဏ- ဟေတု) သာ မက, ဥပမာကိုလည်းကောင်း ဥဒါဟရုဏ်ကိုလည်းကောင်း ထုတ်ပြနိုင်လျှင် သာ၍ ကောင်း၏၊ ထို့ကြောင့် ဥပမာ ဥဒါဟရုဏ်ကို မေးခြင်းကို "ဥဘယံ ပုစ္ဆန္တော" ဟု ဆိုပါသည်။
ဋီကာ။ ။ ဥဘယံ ပုစ္ဆန္တောတိ ဣဒံနာမ ဧတ္ထ ကာရဏန္တိ ကာရဏံ ဝတွာ ပဋိညာတေ အတ္ထေ သာဓိယမာနေ (ဝဋိညာဉ်ပြုအပ်ပြီးသော မူလအနက်- မူလအယူကို ပြီးစေအပ်သော်) အနွယတော ဗျတိရေကတောစ ကာရဏံ သမတ္ထေတုံ (ပြအပ်သော အကြောင်းကို အနွယ ဥပမာ ဥဒါဟရုဏ်, ဗျတိရေက ဥပမာ ဥဒါဟ ရုဏ်အားဖြင့် ပြီးစေခြင်း- ခိုင်လုံစေခြင်းငှါ) သဒိသာသဒိသဘေဒံ ဥပမောဒါဟရဏဒွယံ ပုစ္ဆန္တော၊- [ဤ၌ အနွယကို သဒိသ, ဗျတိရေကကို လျော်သော သဒိသဥဒါဟရုဏ်, သုတ်၏ ဆန့်ကျင်ဘက်ဖြစ်သော ဝိသဒိသ ဥဒါဟ ရုဏ်ဟု ဆိုလိုသည်။]
တစ်နည်း။ ။ "သမနုဘာသန" အရ ဋီကာတို့၌ "ဥဘယံ ပုစ္ဆန္တော" ဟူသော အဋ္ဌကထာ နည်းမှ တစ်နည်းဖွင့်ကြသေး၏၊ "ပဋိညာ၊ ဥပမာ, ဟေတု, ဥဒါဟရဏ၊ နိဂမ, ဟူသော ဝါကျအစိတ်ငါးပါးတွင် သမနုယုဉ္ဇနဖြင့် ပဋိညာဉ်ကို ပြ၍, သမနုဂါဟနဖြင့် အကြောင်းကို လည်းကောင်း, ကြောင်းကို ခိုင်လုံစေသော ဥဒါဟရုဏ်ကိုလည်းကောင်, ပြပြီးဖြင်၍ မူလပဋိညာဉ်အနက်သည် ခိုင်ခိုင်လုံလုံ ပြီးစေအပ်ပြီး ဖြစ်ရကား သမနုဘာသနဖြင့် နိဂုံးကိုသာ ပြရသည်" ဟု ဆိုလိုသည်။
ဋီကာသစ်။ ။ အပိစ ဟေတုပမောဒါဟဏရဝသေန တိလက္ခဏ သမ္ပတ္တိယာ (အကြောင်းကို မေးရာဝယ် ဥပမာ ဥဒါဟရုဏ်ပါထည့်၍ ဖြေရမည်ဖြစ်သောကြောင့်, ဟေတုဥပမာ ဥဒါဟရဏအားဖြင့် လက္ခဏာ ၃ ပါး အပြည့်အစုံပါဝင်ရကား) ယထာ ပဋိညာတေ အတ္ထေသာဓိတေ (မူလ တည်ထားအပ်ပြီးသော ပဋိညာတအနက်ကို ခိုင်လုံစွာ ပြီးစေအပ်ပြီးသော်) သမ္မဒေဝ အနုပစ္ဆာ ဘာသန္တော နိဂမေန္တောပိ သမုဘာသတိနာမ။
ဆက်ဦးအံ့။ ။ "သံ ကို သမ္မဒေဝ +အနုကို အနုပစ္ဆာ (ကာရဏ ဥပမာ ဥဒါဟရုဏ်တို့၏ နောက်၌" ဟု ဖွင့်သည်၊ "ထိုသို့ နောက်ထပ်ပြောခြင်း" ဟူသည် နိဂုံးအပ်ခြင်းပင်တည်းဟု သိစေလိုသောကြောင့် "နိဂမေန္တောပိ" ဟု ဖွင့်သည်၊ ပိသဒ္ဒါကား (ဥပမာ ဥဒါဟရုဏ်ကို မေးသော) ပဌမနည်းကို ပေါင်းသော သမ္ပိဏ္ဍနတည်း။ [ဝါကျ အစိတ် ၅ ပါး ရှိပုံကို သဒ္ဒတ္ထဘေဒစိန္တာ (၁၄) ဂါထာကြည့်ပါ။]
စဉ်းစားဖွယ်။ ။ ဋီကာတို့၌ "သမနုဘာသန" အရ နိဂုံးကို တစ်နည်းဖွင့်ကြသော်လည်း ပါဠိတော်၌ "သမနုယုဉ္စန္တံ- အယူကို ကောင်းစွာ မေးကြကုန်လော၊ သမုနုဂါဟန္တံ- အကြောင်းအားဖြင့် ထိုအယူကို ယူစေကြကုန်လော၊ ဝါ- အကြောင်းကို မေးကြကုန်လော" ဟု အာဏတ္တိအနက် ပေးရသကဲ့သို့ ထို့အတူ "သမနုဘာသန္တံ- ကောင်းစွာ နောက်ထပ် ပြောသောအားဖြင့် နိဂုံးအုပ်ကြလော" ဟူသော အာဏတ္တိအနက် မဖြစ်နိုင်၊ ထို့ကြောင့် ဋီကာတို့ဖွင့်ပုံကို စဉ်းစားသင့်သည်။[ဤ သမနုဘာသနကိုပင် ဗြဟ္မဇာလသုတ် အမရာဝိက္ခေပဒိဋ္ဌိ အခန်းဝယ် အဋ္ဌကထာ၌ တစ်မျိုးဖွင့်ခဲ့သေး၏၊ ထို့ကြောင့် "အရာအားလျော်စွာ သမနုဘာသနကို အမျိုးမျိုးအနက်ပေးနိုင်သည်" ဟု မှတ်ပါ။]
သတ္တာရာဝါ သတ္ထာရိတိ၊ ကား။
ကိံ၊ အသို့နည်း။ တေ၊ သင်သည်။ သတ္ထာ၊ ဆရာသည်။ တေဓမ္မေ၊ ထို အကုသိုလ်တရားတို့ကို။ သဗ္ဗသော၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်။ ပဟာသ၊ ပယ်စွန့်၍။ ဝတ္တတိ၊ ကျင့်သလော။ ဥဒါဟု၊ သို့မဟုတ်။ သမဏော ဂေါတမော၊ သည်။ (ဝတ္တတိ၊ လော)။ ဣတိ၊ ဤသို့။ သတ္ထာရာ၊ ဆရာနှင့်။ သဒ္ဓိံ၊ တကွ။ သတ္ထာရံ၊ ဆရာကို။ ဥပသံဟရိတွာဝါ၊ ကပ်ဆောင်၍သော်လည်းကောင်း။ (ယှဉ်ပြိုင်၍ သော်လည်းကောင်း)။ (သမနုယုဉ္ဇန္တံ၊ ၌စပ်)။
ဒုတိယပဒေပိ၊ သံဃေနဝါ သံဃံ ဟူသော ဒုတိယပုဒ်၌လည်း။ ဧသေဝ၊ ဤဆိုအပ်ပြီးသော အစီအရင်သည်ပင်။ နယော၊ တည်း။
ဣဒါနိ၊ ယခုအခါ၌။ တမတ္ထံ၊ ထို အနက်အဓိပ္ပာယ်ကို။ ယောဇေတွာ၊ အကုသလစသော ပုဒ်တို့နှင့် ယှဉ်စေ၍။ ဒဿေန္တော၊ ပြတော်မူလိုသည်၏ အဖြစ်ကြောင့်။
ယေဣမေသံ ဘဝတံတိအာဒိ၊ အစရှိသော စကားကို။ အာဟ၊ မိန့်တော်မူပြီ။
တတ္ထ၊ ထို ယေ ဣမေသံ ဘဝတံ အစရှိသော စကားရပ်၌။ အကုသလာ အကုသလသင်္ခါတာတိ၊ ကား။ အကုသလာစေဝ၊ အကုသိုလ်လည်း ဖြစ်ကုန်သော။ အကုသလာတိ၊ အကုသိုလ်တို့ဟူ၍။ သင်္ခါတာစ၊ ကောင်းစွာ ဆိုအပ်သည်လည်း ဖြစ်ကုန်သော။ ဉာတာ၊ သိအပ်သည်လည်း ဖြစ်ကုန်သော။ ဝါ၊ တစ်နည်း။ ကောဋ္ဌာသံ၊ အဖို့အစုကို။ ကတွာ၊ ပြု၍။ တပိတာ၊ ထားအပ်သည်လည်း ဖြစ်ကုန်သော။ (ယေဓမ္မာ၊ ၌စပ်။) ဣတိ အတ္ထော၊ နက်။
သဗ္ဗပဒေသု၊ အလုံးစုံသော သာဝဇ္ဇာသာဝဇ္ဇသင်္ခါတာ အစရှိသော ပုဒ်တို့၌။ ဧသ(ဧသော)၊ ဤအစီအရင်သည်။ နယော၊ တည်း။
အပိစ၊ စိုးစဉ်းအနည်းငယ် ဆိုဖွယ်အထူးကား။ ဧတ္ထ၊ ဤအလုံးစုံသော ပုဒ်တို့တွင်။ သာဝဇ္ဇာတိ၊ ကား။ သဒေါသာ၊ အပြစ်နှင့်တကွ ဖြစ်ကုန်သော။
န အလမရိယာတိ၊ ကား။ နိဒ္ဒေါသဌေန၊ အပြစ်မရှိကုန်သည်၏ အဖြစ်ဟူသော အနက်ကြောင့်။ (အရိယာ ပုဒ်၏ အနက်ကိုပြသည်။) အရိယာ၊ အပြစ်မရှိသော တရားတို့သည်။ ဘဝိတုံ၊ ဖြစ်ခြင်ငှါ။ နာလံ၊ မစွမ်းနိုင်ကုန်သော။ အသမတ္ထာ၊ မစွမ်းနိုင်ကုန်သော။ (အသမတ္ထာဖြင့် နာလံ၏ အနက်ကို ပြသည်။ ယေဓမ္မာ၊ ၌စပ်)။သတ္ထာရာဝွ သတ္ထာရံ။ ။သတ္ထာရာ၏ စပ်ပုဒ်ကို သဒ္ဓိံဟုလည်းကောင်း, သတ္ထာရံ၏ စပ်ပုဒ်ကို ဥပသံဟရိတွာ ဟုလည်းကောင်း ထည့်၍ဖွင့်သည်၊ သံဃေန ဝါ သံဃံဟူသော နောက် ဝါကျ၌လည်း ဤသို့ ထည့်ရသည်၊ ဆိုလိုရင်းမှာ- ဆရားချင်းနှိုင်းယှဉ်၌ဖြစ်စေ, သာဝကသံဃာချင်း နှိုင်းယှဉ်၍ဖြစ်စေ, ပညာရှိတို့က အယူကိုမေးကြပါ, အကြောင်းကိုလည်း မေးကြပါ, ဥပမာနှင့် ဥဒါဟရုဏ် ၂ မျိုးစုံကိုလည်း မေးကြပါ - ဟူလို။ ကိံ တေ စသည်ကား နှိုင်းယှဉ်ပုံ အခြင်းအရာကိုပြသော စကားတည်း။
တမတ္ထံ ယောဇေတွာ။ ။ တံ ပဟာတဗ္ဗဓမ္မာနံ အနဝသေသံ ပဟာယ (ပယ်၍ ) ဝတ္တန သင်္ခါတဉ္စ သမာဒါတဗ္ဗဓမ္မာနံ အနဝသေသံ သမာဒါယ ဝတ္တနသင်္ခါတဉ္စ အတ္ထံ၊ ယောဇေတွာတိ အကုသလာဒိ ပဒေဟိ (ပါဠိတော်၌ တိုက်ရိုက်ပြအပ်သော အကုသလစသော ပုဒ်တို့နှင့်) ယောဇေတွာ၊- ဋီကာ။
အကုသလာ အကုသလသင်္ခါတာ။ ။အကုသလာဖြင့် အကုသိုလ်စိတ္တုပ္ပါဒ်ကို ယူ၍, အကုသလသင်္ခါတာဖြင့် အကုသိုလ်နှင့်တကွဖြစ်သော အကုသိုလ်ဘက်သားဖြစ်သော ကိုယ်မှု နှုတ်မှုကို ယူစေလိုဟန်တူ၏။ [ "အကုသလာတိ စ သင်္ခါတာ ဉာတာ" ဟူသော ဤနည်း၌ "သင်္ခါတ" ဟူသည် ဉာတ- အသိအမှတ်ပြုအပ်တည်း။]
တစ်နည်း။ ။ ကောဋ္ဌာသံဝ ကတွာ ထပိတာ- ဟူသော ဒုတိယနည်း၌ သင်္ခါတသဒ္ဒါ သည် ကောဋ္ဌာသ အနက်ဟောတည်း၊ ကုသိုလ် အကုသိုလ် အဗျာတက ဟု အစုခွဲလိုက်သော အခါ အကုသိုလ် အစု၌ထားအပ်သော တရားအစုများ- ဟူလို။
ဋီကာ။ ။ အကောသလ္လသမ္ဘူတဋ္ဌေန (မောဟကြောင့် ဖြစ်သည့်အတွက်) အကုသလာစေဝ တတောယေဝ သင်္ခံ ဂတာတိ သင်္ခါတာ၊ တတ္ထ ပုရိမပဒေန (အကုသလာဟူသော ပဌမပုဒ်ဖြင်) ဧကန္တာကုသလေ ဝဒတိ၊ ဒုတိယပဒေန (အကုသလသင်္ခါတာ ဟူသော ဒုတိယပုဒ်ဖြင့်) တံသဟဂတေ ( ထို့နှင့် တကွဖြစ်ကုန်သော) တံ ပက္ခိယေဝ (ထိုအဖို့၌ ပါဝင် သော တရားတို့ကိုလည်းကောင်း) ဝဒတိ၊ တေနာဟ ကောဋ္ဌာသံ ဝါ ကတွာ ထပိတာတိ အကုသလပက္ခိယဘာဝေန ဝဝတ္ထပိတာတိ အတ္ထော။
ယံ ဝိညူ သမနုယုဉ္ဇန္တာတိ၊ ကား။ ယေန၊ အကြင်အကြောင်းကြောင့်။ [ယံ၏ အဖွင့်တည်း၊ ကာရဏအနက်၌ ပဌမာဝိဘတ်သက်ဟု ပြသည်။] ဝိညူ၊ ပညာရှိတို့သည်။ အမှေစ၊ ငါတို့ကိုလည်းကောင်း။ အညေစ၊ အခြားပုဂ္ဂိုလ်တို့ကိုလည်းကောင်း။ ပုစ္ဆန္တော၊ မေးကုန်လသော်။ ဧဝံ၊ ဤသို့။ ဝဒေယျုံ၊ ပြောဆိုကုန်ရာ၏။ ဧတံ ဌာနံ၊ ဤပြောဆိုခြင်း၏ အကြောင်းသည်။ ဝိဇ္ဇတိ၊ ရှိ၏။ ဧတံ ကာရဏံ၊ ဤအကြောင်းသည်။ အတ္ထိ၊ ဣတိ အတ္ထော၊ နက်။ ["ဌာနံ ခေါ ပနေတံ"ဟု ပါဠိတော်၌ "ဧတံ" ရှိသောကြောင့် "ဧတံ ဌာနံ ဧတံ ကာရဏံ" ဟု ရှိရမည်။]
ယံ ဝါ ပန ၊ပေ၊ ဂဏာစရိယာတိ၊ ကား။ ဂရေ၊ မြတ်စွာဘုရားမှ တစ်ပါးကုန်သော။ ဘောန္တော၊ အရှင်ဖြစ်ကုန်သော။ ဂဏာစရိယာပန၊ ဂိုဏ်းဆရာတို့သည်ကား။ ယံဝါတံဝါ၊ ဟုတ်ဟုတ် ငြားငြားသော။ အပ္ပမတ္တကံ၊ အနည်းငယ်သော အကုသိုလ်ကို။ ပဟာယ၊ ပယ်စွန့်၍။ ဝတ္တန္တိ၊ ကျင့်ကုန်၏။ ဣတိ အတ္ထော၊ အနက်။သာဝဇ္ဇာ။ ။ "သံ+ အဝဇ္ဇ" ဟု ခွဲ၊ ဝဇ္ဇသဒ္ဒါသည် အပြစ်အနက်ကို ဟောသကဲ့သို့ ၊ တဗ္ဘောအနက်၌ဖြစ်သော အ သဒ္ဒါနှင့်တကွ အဝဇ္ဇ သဒ္ဒါလည်း အပြစ်ကိုပင် ဟော၏၊ "သဟ+ အဝဇ္ဇေန ယေ ဝတ္တန္တီတိ သာဝဇ္ဇာ" ဟု ဝိဂ္ဂဟ ပြုသောအခါ အပြစ်နှင့်တကွ ဖြစ်သော အကိုသိုလ်ရ၏၊ ထို့ကြောင့် "သဒေါသာ" ဟု ဖွင့်သည်။
ယံဝါ ပန။ ။ ယံဝါသည် ယံကိဉ္စိနှင့် အနက်တူသော နိပါတ်တည်း၊ မချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းအနက်ကို ပြ၏၊ ထို့ကြော်င့ "ယံ ဝါ တံဝါ အပ္ပမတ္တကံ (ဟုတ်ဟုတ်ငြားငြားသော အနည်းငယ်သော အကုသိုလ်) ဟု အဋ္ဌကထာ ဖွင့်သည်။ [ယံဝါ ပနာတိ အသမ္ဘာဝနာ ဝစန မေတံ၊ ယံဝါ ပန ကိဉ္စီတိ အတ္ထော။]
အမှေဝ တတ္ထယေဘုယေန ပသံသေယျုံတိ ဣဒံ၊ ဟူသော ဤစကားကို။ ဘဂဝါ၊ သည်။ သတ္ထာရာ၊ ဆရာနှင့်။ (သဒ္ဓိံ)၊ သတ္ထာရံ၊ ဆရာကို။ (ဥပသံဟရိတွာ၊ ကပ်ဆောင်၍။ ဝါ၊ နှိုင်းယှဉ်၍)။ သမုယုဉ္ဇနေပိ၊ အယူကို မေးမြန်းရာ၌လည်း။ အာဟ၊ မိန့်တော်မူပြီ။ သံဃေန၊ နှင့်။ (သဒ္ဓိံ)၊ သံဃံ၊ ကို။ (ဥပသံဟရိတွာ)၊ သမနုယုဉ္ဇနေပိ၊ ၌လည်း။ (အာဟ၊ ပြပြီ။)
ကသ္မာ၊ ကြောင့်။ (အာဟ၊ နည်း။ ဣတိ၊ ဤကားအမေးတည်း)။
သံဃပသံသာယပိ၊ သံဃာကို ချီးမွမ်းခြင်းအားဖြင့်လည်း။ သတ္ထုယေဝ၊ ဆရာဖြစ်သော မြတ်စွာဘုရားကိုပင်။ ပသံသာသိဒ္ဓိတော၊ ချီးမွမ်းခြင်း၏ ပြီးစီးခြင်းကြောင့်။ (အာဟ၊ ပြီ။ ဣတိ၊ ဤကား အဖြေတည်း)။
ဟိ၊ မှန်။ ပသီဒမာနာပိ၊ ကြည်ညိုသော ပုဂ္ဂိုလ်တို့သည်လည်း။ ဗုဒ္ဓသမ္ပတ္တိယာ၊ ဘုရားရှင်၏ ပြည့်စုံခြင်းကြောင့်။ သံဃေ၊ ၌လည်းကောင်း။ သံဃသမ္ပတ္တိယာ၊ သံဃာ၏ ပြည့်စုံခြင်းကြောင့်။ ဗုဒ္ဓေစ၊ ၌လည်းကောင်း။ ပသီဒန္တိ၊ ကြည်ညိုကြကုန်၏။ တထာဟိ၊ ထိုစကားကို ချဲ့ဦးအံ့။ ဘဂဝတော၊ ၏။ သရီရသမ္ပတ္တိံ၊ ကိုယ်ခန္ဓာတော်၏ ပြည့်စုံခြင်းကို။ ဝါ၊ ရုပ်သဏ္ဍာန်တော်၏ ပြည့်စုံခြင်းကို။ ဒိသွာဝါ၊ ဖူးမြင်ရ၍ သော်လည်းကောင်း။ ဝါ၊ ဖူးမြင်ရခြင်းကြောင့် သော်လည်းကောင်း။ ဓမ္မာဒေသနံ၊ တရားဒေသနာတော်ကို။ သုတွာဝါ၊ နာရ၍ သော်လည်းကောင်း။ ဝါ၊ ခြင်းကြောင့်သော်လည်းကောင်း။ ဝတ္တာရော၊ ချီးမွမ်းပြောဆိုသူတို့သည်။ ဘဝန္တိ၊ ရှိကုန်၏။ (ကိံ၊ သို့။ ဝတ္တာရော၊ ဘဝန္တိ၊ နည်း)။
ဘော၊ အမောင်တို့။ ယေ၊ အကြင်သာဝကတို့သည်။ ဧဝရူပဿ၊ ဤသို့ သဘောရှိသော။ သတ္ထု၊ ဆရာဖြစ်သော မြတ်စွာဘုရား၏။ သန္တိကာဝစရာ၊ အနီး၌လှည့်လည်ကြရကုန်၏။ (တေသံ) သာဝကာနံ၊ တို့၏။ လာဘာ၊ သီလစသော လာဘ်တို့သည်။ (ဟောန္တိ) ဝတ၊ ဖြစ်နိုင်ပေကုန်စွတကား။ ဣတိ (ဝတ္တာရော ဘဝန္တိ၊ န်၏။) ဧဝံ၊ ဤသို့ လျှင်။ ဗုဒ္ဓသမ္ပတ္တိယာ၊ ကြောင့်။ သံဃေ၊ ၌။ ပသီဒန္တိ၊ န်၏။အမှေဝ ၊ပေ၊ ကသ္မာ။ ။ ဆရာချင်း ယှဉ်ပြိုင်ရာ၌ "အမှေဝ တတ္ထ ၊ပေ၊ ပသံသေယျုံ" ဟု မိန့်တော်မူထိုက်ပါ၏၊ သံဃာချင်း ယှဉ်ပြိုင်ရာ၌ကား "မမ သံဃံဝ တတ္ထ ၊ပေ၊ ပသံသေယျုံ"ဟု မိန့်တော်မူထိုက်သည် မဟုတ်ပါလော၊ အဘယ့်ကြောင့် "အမှေဝ တတ္ထ ၊ပေ၊ ပသံသေယျုံ" ဟု မိန့်တော်မူပါသနည်း- ဟူလို။
သံဃ ပသံသာယပိ ၊ပေ၊ သိဒ္ဓိတော။ ။ သံဃာချင်း ယှဉ်ရာဝယ် ဘုရားရှင်၏ သံဃာတော်များက အကျင့်သာနေသည့်အတွက် ချီးမွမ်းသောအခါ ဆရာဖြစ်သော ဘုရားရှင်ကို အထူးမချီးမွမ်းသော်လည်း ချီးမွမ်းခြင်းကိစ္စ ပြီးစီး၏၊ ဘာကြောင့်နည်း- သံဃာတော်၏ ပြည့်စုံခြင်းသည် ဘုရားရှင်၏ ဩဝါဒကြောင့် ဖြစ်ရကား ဘုရားရှင်သာလျှင် သံဃသမ္ပတ္တိ၏ အမွန်အစ (ပဌမ) ဖြစ်သောကြောင့်တည်း။
ပသီဒမာနာပိ ဟိ။ ။ ထိုစကားကို ခိုင်မြဲစေလို၍ "ပသီဒမာနာပိ ဟိ" စသည်ကို မိန့်သည်၊ သံဃာတော်ကို ချီးမွမ်းခြင်း၏ အစသည် ကြည်ညိုခြင်းတည်း၊ ထို့ကြောင့် "ပသီဒမာနာပိ" ဟု အစချိီးသည်၊ "ကြည်ညိုခြင်းကြောင့် ချီးမွမ်းသည်" ဟူလို၊ မာနာပိ၌ ပိဖြင့် အပသီပမာနာကို ပေါင်းပါ (ဆည်းပါ)၊ "မကြည်ညိုသူတို့လည်း ဆရာ၏ မပြည့်စုံခြင်းကြောင့် သံဃာ၌ မကြည်ညိုကြ, သံဃာ၏ မပြည့်စုံခြင်းကြောင့် ဆရာ၌ မကြည်ညိုကြ, သံဃာ၏ မပြည့်စုံခြင်းကြောင့် ဆရာ၌ မကြည်ညိုကြ" ဟူလို။
သရီရသမ္ပတ္တိံ။ ။ သရီရသမ္ပတ္တိံတိ ရူပသမ္ပတ္တိံ၊ ရူပကာယ ပါရိပူရိံကို အတ္ထော၊ -ဋီကာ၊ [ဋီကာသစ်၌ "သရီရ နိဗ္ဗတ္တိံတိ" ဟု ရှိ၏၊ နိဗ္ဗတ္တိသဒ္ဒါက သမ္ပတ္တိအနက်ကို မဟောနိုင်သောကြောင့် မကောင်းပါ။]ဆက်ဦးအံ့- လောက၌ ရူပပ္ပမာဏ, ဃောသပ္ပမာဏ, လူခပ္ပမာဏ, ဓမ္မပ္ပမာဏ (ကြည်ညိုရာ၌ ရုပ်အဆင်းကို ပဓာနပြုသူ, နာမည်ကျော်ခြင်းကို ပဓာန ပြုသူ, ခြိုးခြိုးခြံခြံနေခြင်းကို ပဓာနပြုသူ, အကျင့်တရားကိုသာ ပဓာနပြုသူ) ဟု ပုဂ္ဂိုလ် ၄ မျိုးရှိ၏၊ ထိုတွင် သရီရသမ္ပတ္တိဖြင့် ရူပပ္ပမာဏပုဂ္ဂိုလ်တို့၏ ကြည်ညိုဖွယ်ပြ၏၊ ဓမ္မံသုတွာဖြင့် ဃောသ- ဓမ္မပ္ပမာဏပုဂ္ဂိုလ် ၂ ယောက်၏ ကြည်ညိုဖွယ် ကို ပြသည်။
ပန၊ ကား။ [ဗုဒ္ဓသမ္ပတ္တိယာ သံဃေ ပသီဒန္တိ၏ အကျယ်မှ တစ်ပါး, သံဃသမ္ပတ္တိယာ ဗုဒ္ဓေ ပသီဒန္တိ၏ အကျယ်ကား။] ဘိက္ခူနံ၊ တို့၏။ အာစာရဂေါစရံ၊ အကျင့်, ကျက်စားရာကိုလည်းကောင်း။ အဘိက္ကမပဋိက္ကမာဒီနိစ၊ ရှေ့သို့သွားခြင်း, နောက်သို့ ပြန်ခြင်း အစရှိသည်တို့ကိုလည်းကောင်း။ ဒိသွာ၊ ၍။ ဝါ၊ ကြောင့်။ ဝတ္တာရောဘဝန္တိ၊ (ကိံ ဝတ္တာရော ဘဝန္တိ၊ နည်း)။
ဘော, ဝတ၊ စင်စစ်။ သန္တိကာဝစရာနံ၊ အနီး၌ လှည့်လည်ကြကုန်သော။ သာဝကာနံ၊ သာဝကတို့၏ သော်မှလည်း။ အယံ ဥပသမဂုဏော၊ ဤငြိမ်သက်ခြင်းဂုဏ်သည်။ (ဟောတိ၊ ဖြစ်တုံသေး၏။) သတ္ထု၊ ဆရာ၏။ (ဥပသမဂုဏော၊ သည်)။ ကီဝရူပေါ၊ အဘယ်မျှ သဘောရှိသည်။ ဘဝိဿတိ၊ ဖြစ်ပေလိမ့်မည်နည်း။ ဣတိ (ဝတ္တာရော ဘဝန္တိ)၊ ဧဝံ၊ ဤသို့။ သံဃသမ္ပတ္တိယာ၊ ကြောင့်။ ဗုဒ္ဓေ၊ ၌။ ပသီဒန္တိ၊ န်၏။
ဣတိ၊ ဤသို့လျှင်။ သတ္ထု၊ ကို။ ယာပသံသာ၊ အကြင်ချီးမွမ်းခြင်းသည်။ (အတ္ထိ)၊ သာ၊ ထို သည်။ သံဃဿ၊ ကို။
ပသံသာ၊ ချီးမွမ်းခြင်းသည်။ (ဟောတိ)၊ သံဃဿ၊ ကို။ ယာ ပသံသာ၊ သည်။ (အတ္ထိ)၊ သာ၊ ထို သံဃာကို ချီးမွမ်းခြင်းသည်။ သတ္ထု၊ ကို။ ပသံသာ၊ ချီးမွမ်းခြင်းသည်။ (ဟောတိ)၊ ဣတိ၊ သို့။ သံဃပသံသာယပိ၊ သံဃာကို ချီးမွမ်းခြင်းအားဖြင့်လည်း။ သတ္ထုယေဝ၊ ကိုသာ။ ပသံသာသိဒ္ဓိတော၊ ကြောင့်။ [အချို့စာအုပ်၌ "ပသံသာယ သိဒ္ဓိတော" ဟု ရှိ၏၊ အနက်တူပင်။] ဘဂဝါ၊ သည်။ ဒီသုပိ၊ ၂ ပါးလည်းဖြစ်ကုန်သော။ နယေသု၊ နည်းတို့၌။ (သတ္ထာရာ ဝါသတ္ထာရံ သမနုယုဉ္ဇန သတ္ထာရံ သမနုယုဉ္ဇနနည်း, သံဃေနဝါ သံဃံ သမုနုယုဉ္ဇနနည်းတို့၌)။
အမှေဝ ၊ပေ၊ ပသံသေယျုံတိ၊ ဟူ၍။ အာဟ၊ မိန့်တော်မူပြီ။ ဒိသွာ ၊ပေ၊ ဝတ္တာရော။ ။ အကျင့် ကျက်စားရာဌာန စသည်ကို မြင်၍ ကြည်ညိုကြသောကြောင့် "ဝတ္တာရော" အရ ဓမ္မပ္ပမာဏပုဂ္ဂိုလ်ကို ပြ၏။ [ပုန ဘဝန္တိ ဝတ္တာရောတိ ဓမ္မပ္ပမာဏ ဝသေနေဝ ယောဇေတဗ္ဗံ- ဋီကာ။ ဋီကာ၌ အစကပင် လူခပ္ပမာဏကို မပြခဲ့သောကြောင့် လူခပ္ပမာဏကို မဖွင့်ခြင်းဖြစ်သည်၊ အာစာရဂေါစရံစသော စကားဖြင့် လူခပ္ပမာဏပုဂ္ဂိုလ်တို့၏ ကြည်ညိုဖွယ်ကိုလည်း ပြသည်ဟု မှတ်ပါ။]
ပန၊ ဆက်။ သမဏော ၊ပေ၊ ဂဏာဏရိယာတိ အာဒီသု၊ အစရှိကုန်သော။ ဧတ္ထပိ၊ ဤပါဌ်တို့၌လည်း။ အယံ၊ ဤဆိုအပ်လတံ့ကား။ အဓိပ္ပာယော၊ မြတ်စွာဘုရား၏ အလိုတော်တည်း။ ["အာဒီသုပိ ပဒေသု" ရှေးစာအုပ်တို့၌ ရှိ၏၊ "ပဒေသု" ပါခြင်းသည် မကောင်း။] ဟိ၊ ချဲ့။ သမ္ပတ္တ သမာဒါန သေတုဃာတဝသေန၊ သမ္ပတ္တဝိရတိ, သမဒါနဝိရတိ, သေတုဃာတဝိရတိတို့၏ အပြားအားဖြင့်။ တိဿော၊ န်သော။ ဝိရတိယော၊ တို့သည်။ (ဟောန္တိ၊ ရှိကုန်၏)။
တာသု၊ ထို ၃ ပါးသော ဝိရတိတို့တွင်။ သမ္ပတ္တ သမာဒါန ဝိရတိမတ္တမေဝ၊ သမ္ပတ္တဝိရတိ, သမာဒါနဝိရတိမျှသည်သာ။ အညေသံ၊ ဘုရားရှင်မှ တစ်ပါး အခြားသော ဂိုဏ်းဆရာတို့၏။ (သန္တာန်၌)။ ဟောတိ၊ ရှိ၏။ ပန၊ ကား။ (တစ်နည်း) ဗျတိရိတ်ကား၊ သေတုဃာဝိရတိ၊ သည်။ သဗ္ဗေန၊ အလုံးစုံသော အပြားအားဖြင့်။ သဗ္ဗံ၊ အလုံးစုံ အကုန်အစင်။ နတ္ထိ၊ မရှိ။
ပန၊ ကား။ ပဉ္စသု၊ န်သော။ တဒင်္ဂ၊ပေ၊ ပ္ပဟာနေသု၊ တဒင်္ဂပ္ပဟာန်, ဝီက္ခမ္ဘနပ္ပဟာန်, သမုစ္ဆေဒပ္ပဟာန်, ပဋိပဿဒ္ဓိပ္ပဟာန်, နိဿရဏပ္ပဟာန်တို့တွင်။ အဋ္ဌသမာပတ္တိဝသေနစေဝ၊ ရှစ်ပါးသော သမာပတ်တို့၏ အစွမ်းဖြင့်လည်းကောင်း။ (ဝိက္ခမ္ဘနပ္ပဟာန်ကိုပြသည်)။ ဝိပဿနာမတ္တဝသေနစ၊ ဝိပဿနာမျှ၏ အစွမ်းဖြင့်လည်းကောင်း။ (တဒင်္ဂပဟာန်ကို ပြသည်)။ တဒင်္ဂဝိက္ခမ္ဘနုပ္ပဟာနမတ္တမေဝ၊ တဒင်္ဂပ္ပဟာန်, တိက္ခမ္ဘနမဟာန်မျှသည်သာ။ အညေသံ၊ အခြားသော ဂိုဏ်းဆရာတို့၏ (သန္တာန်၌)။ ဟောတိ၊
ဣတရာနိ၊ တဒင်္ဂပ္ပဟာန်, ဝိက္ခမ္ဘနပ္ပဟာန်တို့မှ တစ်ပါးကုန်သော။ တီဏိ၊ န်သော။ ပဟာနာနိ၊ တို့သည်။ (သမုစ္ဆေဒပ္ပဟာန်, ပဋိပဿဒ္ဓိပ္ပဟာန်, နိဿရဏပ္ပဟာန်တို့သည်)။ သဗ္ဗေန သဗ္ဗံ နတ္ထိ၊
တထာ၊ ထိုမှ တစ်ပါး။ သီလသံဝရော၊ သီလသံဝရ လည်းကောင်း။ ခန္တိ သံဝရော၊ လည်းကောင်း။ ဉာဏသံဝရော၊ လည်းကောင်း။ သတိသံဝရော၊ လည်းကောင်း။ ဝီရိယသံဝရော၊ လည်းကောင်း။ ဣတိ၊ သို့။ ပဉ္စ၊ ကုန်သော။ သံဝရာ၊ သံဝရတို့သည်။ (ဟောန္တိ)၊ တေသု၊ ထိုငါးပါးသော သံဝရတို့တွင်။ ပဉ္စသီလမတ္တမေဝ၊ ၅ ပါးသီလမျှသည်သာလျှင် လည်းကောင်း။ အဓိဝါသနခန္တိမတ္တမေဝစ၊ အဓိဝါသနခန္တီမျှသည်သာလျှင်လည်းကောင်း။ အညေသံ၊ အခြားသော ဂိုဏ်းဆရာတို့၏ (သန္တာန်၌)။ ဟောတိ၊ သေသံ၊ ပဉ္စသီလ, အဓိဝါသန ခန္တီတို့မှ ကြွင်းသော သံဝရသည်။ သဗ္ဗေန သဗ္ဗံ နတ္ထိ၊ ။သဗ္ဗေန သဗ္ဗံ နတ္ထိ။ ။ သေတုဃာတဝိရတိဟူသည် မဂ္ဂင်ရှစ်ပါး၌ပါသော ဝိရတိတည်း၊ ထို့ကြောင့် အခြားသော ဂဏာစရိယတို့မှ "သဗ္ဗေန သဗ္ဗံ နတ္ထိ" ဟု ဆိုသည်၊ "သဗ္ဗေန သဗ္ဗံ- အချပ်ခပ်သိမ်း" ဟု အလွယ်ပေးကြ၏၊ သဗ္ဗေန ဖြင့် မဂ္ဂင်ရှစ်ပါး၌ ပါဝင်သော သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ ၃ ပါးကို ပြ၏၊ သဗ္ဗံဖြင့်ကား "ထို ၃ ပါးလုံးမရှိ" ဟု ပြသည်၊ "သဗ္ဗံ- အလုံးစုံ" ဟု ကြိယာဝိသေသနပေးပါ၊ နောက်၌လည်း ဤနည်းမှီးပါ။
ဝိပဿနာမတ္တဝသေန။ ။[အနိစ္စတိဝါ ဒုက္ခံ တိဝါ ဝိဝိဓဒဿနမတ္တဝသေန (အထူးထူးအပြားပြား ရှုခြင်းမျှ၏ အစွမ်းဖြင့်)၊ န ပန နာမရူပဝဝတ္ထာပန ပစ္စယပရိဂ္ဂဟဏ ပုဗ္ဗကံ လက္ခဏတ္တယံ အာရောပေတွာ သင်္ခါရာနံ သမ္မသနဝသေန ၊- ဋီကာ။]သာသနာပ တတ္ထိများဖြစ်သောကြောင့် အတ္တစွဲလမ်းရကား အနတ္တဟု မရှုနိုင်၊ အနိစ္စ ဒုက္ခဟုသာ ရှုနိုင်၏၊ ထို အနိစ္စ ဒုက္ခဟု ရှုရာ၌ လည်း "ဤကား နာမ်, ဤကားရုပ်" ဟု နာမ်ရုပ်ကို ပိုင်းခြားနိုင်သော နာမရူပဝဝတ္ထာပနဉာဏ်, နာမ်တို့၏ ဖြစ်ကြောင်း ရုပ်တို့၏ ဖြစ်ကြောင်းကို ပိုင်းခြား၍ ယူနိုင်သော ပစ္စယပရိဂ္ဂဟဉာဏ်တို့ အခြေခံမပါချေ၊ ထို့ကြောင့် "ဝိပဿနာမတ္တ" ဟု ညာမညအနက်ဟော အတ္တသဒ္ဒါဖြင့် ဆိုသည်။
မှတ်ချက်။ ။ နာမရူပဝဝတ္ထာပနဉာဏ် စသည်မပါသော, အနတ္တလက္ခဏာလည်း မပါသော ဝိပဿနာကို "ဝိပဿနာမတ္တ" ဟု အဋ္ဌကထာ, ဋီကာတို့ မိန့်ကြပြီး ထိုအမိန့်ကို သတိပြုမိသော ယောဂီပုဂ္ဂိုလ်သည် ယခုခေတ်၌ ကောင်းမွန်သပ်ယပ်စွာ သာယာဖွယ်ကောင်းသော ပစ္စည်း ၄ ပါးကို ပစ္စဝေက္ခဏာဉာဏ်မပါဘဲ သုံးစွဲကာ ပစ္စယသန္နိဿိတသီလလည်း မစင်ကြယ်သော, ဣန္ဒြိယသံဝရသီလကိုမူ ဂရုကို မစိုက်သော, နာမ်ရုပ်ကိုလည်း မခွဲခြားနိုင်သော, နာမ်ရုပ်ဖြစ်ကြောင်းကိုလည်း ကောင်းကောင်းနားမလည်သော "အနတ္တ, အနတ္တ" ဟု ပါးစပ်က ရွတ်နေသော်လည်း အတ္တ- အနတ္တကို ခွဲခြားသိဖို့ အရေးမှာ သာ၍ဝေးသော၊ မိမိ၏ ဝိပဿနာအတွက် ဝိပဿနာမတ္တ ဟုတ်- မဟုတ်ကို စစ်တမ်းထုတ်ပါလေ။
ပဉ္စသံဝရာ။ ။ [ဋီကာသစ်၌ "လောကိယ ပဉ္စသီလတော အညော" ဟု ဆို၏၊ မိမိကား ၅ ပါးသီလသည် ချန်သင့်မည် မထင်။] ၅ ပါးသီလနှင့်တကွ ပါတိမောက္ခ- ပစ္စယသန္နိဿိတ, အာဇီဝပါရိသုဒ္ဓိသည် သီလသံဝရ (စောင့်စည်းကြောင်း သီလ) မည်၏၊ အအေး, အမူကို သည်းခံခြင်းမှ စ၍ အရာရာ၌ အနာခံခြင်းဟူသော အဓိဝါသနခန္တိသည် ခန္တိသံဝရမည်၏၊ မဂ်ဉာဏ်သည် ဉာဏသံဝရမည်၏၊ ဣန္ဒြေ ၆ ပါးကို အဘိဇ္ဈာ ဒေါမနဿ စသည် မဖြစ်အောင် စောင့်စည်ခြင်းသည် ဣန္ဒြိယသံဝရမည်၏၊ သမ္မပ္ပဓာန် ၄ ပါးသည် ဝီရိယသံဝရမည်၏။
ပန၊ ကား။ ပါတိမောက္ခုဒ္ဒေသာ၊ ပါတိမောက္ခုဒ္ဒေသတို့သည်။ ဣမေပဉ္စ၊ ဤ ငါးပါးတို့တည်း။ တေသု၊ ထို ၅ ပါးသော ပါတိမောက္ခုဒ္ဒေသတို့တွင်။ ပဉ္စသီလ မတ္တမေဝ၊ ၅ ပါးသီလမျှသည်သာ။ [ပဌမပါရာဇိက စသည်၌ အကျုံးဝင်သော ၅ ပါးသီလမျှသည်သာ။] အညေသံ၊ အခြားသော ဂိုဏ်းဆရာတို့၏ (သန္တာန်၌)။ ဟောတိ၊ ရှိ၏။
ပါတိမောက္ခသံဝရသီလံ၊ သည်။ သဗ္ဗေန သဗ္ဗံ နတ္ထိ၊
ဣတိ၊ ဤသို့လျှင်။ အကုသလပ္ပဟာနေစ၊ အကုသိုလ်ကို ပယ်ခြင်း၌လည်းကောင်း။ ကုသလသမာဒါနေစ၊ ကုသိုလ်ကို ဆောက်တည်ခြင်း၌လည်းကောင်း။ တီသု၊ ကုန်သော။ ဝီရတီသု၊ တို့၌လည်းကောင်း။ ပဉ္စသု၊ န်သော။ ပဟာနေသု၊ ပဟာန်တို့၌လည်းကောင်း။ ပဉ္စသု၊ န်သော။ သံဝရေသု၊ တို့၌လည်းကောင်း။ ပဉ္စသု၊ န်သော။ ဥဒ္ဒေသေသု၊ ပါတိမောက္ခုဒ္ဒေသတို့၌လည်းကောင်း။
အဟံစေဝ၊ ငါဘုရားသည်လည်းကောင်း။ မယှံ၊ ငါ ဘုရား၏။ သာဝကသံဃောစ၊ သည်လည်းကောင်း။ လောကေ၊ ၌။ ပညာယတိ၊ ထင်ရှား၏။ (ထိုတရားတို့၌ တည်သောအားဖြင့် ထင်ရှားသည်- ဟူလို)။ ဟိ၊ မှန်။ မယာ၊ ငါဘုရားနှင့်။ သဒိသော၊ တူသော။ သတ္ထာနာမ၊ ဆရာမည်သည်လည်းကောင်း။ မယှံ၊ ငါဘုရား၏။ သာဝကသံဃေန၊ နှင့်။ သဒိသော၊ သော။ သံဃောနာမ၊ သည်လည်းကောင်း။ နတ္ထိ၊ မရှိ။ ဣတိ၊ သို့။ ဘဂဝါ၊ သည်။ သီဟနာဒံ၊ မြတ်သော အသံတော်ကို။ ဝါ၊ မရွံမကြောက်, ခြင်္သေ့ဟောက်သို့, ရဲရဲတောက် အသံတော်ကို။ နဒတိ၊ မိန့်မြွက်တော်မူ၏။ပဉ္စခေါပနိမေ။ ။[ဤနောက်၌ "ပါတိမောက္ခုဒ္ဒေသာ" ဟု လည်းကောင်း "ဥပေါသထုဒ္ဒေသာ" ဟုလည်းကောင်း ပါဌ် ၂ ထွေရှိ၏။] ဤဥဒ္ဒေသငါးပါးသည် သီလသံဝရ၌ ပါဝင်ပြီးဖြစ်သော်လည်း သာသနာတော်၌ သီလ၏ များသည်၏ အဖြစ်ကို ပြ၍, ထိုသီလ၏ တစ်စိတ်တချို့၌သာ သာနနာပပုဂ္ဂိုလ်တို့ တည်နိုင်ကြောင်းကို ပြခြင်းငှါ ပါတိမောက္ခသီလကို ထပ်၍ ယူပြန်သည်။
သီဟနာဒံ။ ။ ဋီကာသစ်၌ "သေဋ္ဌနာဒံ" ဟု ပဌမဖွင့်၏၊ "သီဟသဒ္ဒူလနာဂါဒျာ- ပုမေသေဋ္ဌတ္ထဂေါစရာ" နှင့်အညီ, သီဟသဒ္ဒါ၏ သေဋ္ဌအနက်ကို ဖွင့်ခြင်းတည်း၊ "အဘီတနာဒံ" ဟု ဒုတိယဖွင့်၏၊ သေဋ္ဌနာဒံကို ပင် ထပ်၍ အဓိပ္ပာယ်ဖွင့်ခြင်းတည်း၊ "မကြောက်မရွံ့ ရဲဝံ့သော ကြောင့် မြတ်သည်" ဟူလို။
အထဝါ။ ။ "သီဟနာဒသဒိသံ နာဒံ" ဟု တစ်နည်းဖွင့်၏၊ ခြင်္သေ့၏ ဟောက်သံသည် ရွံကြောက်ဟန် မပါသကဲံသို့ "မရွံ့ကြောက်သူ၏ အသံ" ဟူလို၊ "သီဟနာဒေါဝိယာတိ သီဟနာဒေါ" ဟုပြု၊ "ကေနစိ အပ္ပဋိဝတ္တိယံ နာဒိတိ အတ္ထော" ကား အဓိပ္ပာယ်ဖွင့်တည်း၊ "အကုသိုလ်ပယ်ရာ၌လည်းကောင်း, ကုသိုလ်ကို ဆောက်တည်ရာ၌ လည်းကောင်း ငါဘုရားနှင့် ငါဘုရား၏ သံဃာသာလျှင် ချီးမွမ်းထိုက်သည်ဟူသော ဘုရားရှင်၏ စကားသံကို မည်သူတစ်ယောက်မျှ ဆန့်ကျင်ဘက် မပြန်လည်စေနိုင်သော ("ဝိရတိ ၃ ပါးသည် ဘုရားရှင်၌သာ ရှိ၏, အခြားဂိုဏ်းဆရာတို့၌ သေတုဃာတဝိရတိ လုံးလုံးမရှိ" စသည်ဖြင့် မိန့်တော်မူအပ်သည်ကို "အခြားသူ တို့မှာလည်း ရှိ၏" ဟု ဆန့်ကျင်ဘက်အားဖြင့် မတွန်းလှန်နိုင်သော ) အသံ ဟူလို။