Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Sīlakkhandhavaggaṭṭhakathā
(DN) Sīlakkhandhavaggaṭṭhakathā

Paṭhamaibbhavādavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

**ဂစ္ဆန္တောဝါ**တိ ဧတ္ထ၊ ၌။ (စောဒနာသောဓနာနယော ဧဝံ ဝေဒိတဗ္ဗော။) တီသု၊ သွား, ရပ်, ထိုင်အားဖြင့် ၃ ပါးကုန်သော။ ဣရိယာပထေသု၊ ဣရိယာပုထ်တို့၌။ ဗြာဟ္မဏော၊ တပည့်ပုဏ္ဏားသည်။ အာစရိယဗြာဟ္မဏေန၊ ဆရာပုဏ္ဏားနှင့်။ သဒ္ဓိံ၊ အတူ။ သလ္လပိတုံ၊ ကောင်းစွာ ပြောဆိုခြင်းငှာ။ ကာမံ အရဟတိ၊ အကယ်၍ကားထိုက်ပါပေ၏။
ပန၊ သို့ပါလျက်။ (ထိုသို့ဣရိယာပုထ် ၃ ပါးတို့၌သာ ဆရာ တပည့် အချင်းချင်း စကားပြောထိုက်ပါလျက်။) အယံ မာဏဝေါ၊ ဤအမ္ဗဋ္ဌလုလင်သည်။ မာနထဒ္ဓတာယ၊ မာနဖြင့်ခက်ထန်သည်၏ အဖြစ်ကြောင့်။ (မာနကြီးသည့် အတွက်။) ကထာပလာပံ၊ စကားအဖြစ်ဖြင့်အတူပြုခြင်းကို။ (စကားအဖြစ်ဖြင့်အဖျင်းမူ အင်တူပြုခြင်းကို။) ကရောန္တော၊ ပြုလိုသည်။ (ဟုတွာ။) စတ္တာရောပိ၊ ကုန်သော။ကာမံ ၊ ဝေ၊ အာဟ။ ။ ကိဉ္စာပိ, ကာမံဟု လာသမျှ၌စောဒနာလေသ (အနည်း ငယ်သောစောဒနာဖွယ်)ကိုပြသည်ချည်းတည်း။ ထို့ကြောင့်ပါဠိတော်၌ဣရိယာပုထ် ၄ ပါးဝယ် ဆရာနှင့် တပည့်တို့ စကားပြောပုံကိုပြထား၏။ ထိုသို့ပြရာ၌ဣရိယာပုထ် ၃ ပါး၌သာ ဆရာ တပည့် အတူစကားပြောသင့်သည်မဟုတ်ပါလော။ သို့ပါလျက် အဘယ့်ကြောင့်အိပ်သောဆရာတပည့် အချင်းချင်း စကားပြောပုံကိုထည့်၍အမ္ဗဋ္ဌက ပြောရပါသနည်းဟု မေးဖွယ်ရှိသောကြောင့်"ကာမံ" စသည်ကိုမိန့်သည်။ မာနဖြင့်ခက်ထန်သည့်အတွက် ဣရိယာပုထ် ၄ ပါးတို့၌စကားအဖြစ်ဖြင့်အတူပြုလိုသောကြောင့်"သယာနော ဝါ ဟိ" စသည်ဖြင့်အိပ်ခြင်း ဣရိယာပုထ်၌ဆရာတပည့် အတူစကားပြောပုံကိုပါ ထည့်၍ပြောသည်-ဟူလို။ [အစစ်အမှန်အားဖြင့်အတူပြု၍မရသောကြောင့်"စကားအဖြစ်ဖြင့်"ဟု ဆိုသည်။]
တီသု ဣရိယာပထေသု။ ။ ဌာနဂမနနိသဇ္ဇာသု၊ တေသွေဝ ဟိ အာစရိယေနသဒ္ဓိံသလ္လပိတုံ အရဟတိ၊ န တု သယေန၊ ဂရုကရဏီယာနံ သယာနာနံပိ သမ္မုခါ (အိပ်နေစေကာမူအလေးပြုလောက်သောဆရာတို့၏မျက်မှောက်၌) ဂရုကာရေဟိ (အလေးပြုတတ်သောတပည့်တို့သည်) သယနဿ အကတ္တဗ္ဗဘာဝတော-(စကားပြောဖို့ကိုမဆိုထားဘိ) အိပ်နေသောဆရာ၏အနီး၌တပည့်က အိပ်မှုကိုပင် မပြုထိုက်သောကြောင့်တည်း။-ဋီကာသစ်။
ကထာပလာပံ။ ။ ပလာပသဒ္ဒါသည်အတူ-အပြိုင်ဟူသောအနက်ကိုဟော၏။ ဥပမာ-"တတော ပလာပေ ဝါဟေထ, အသမဏေ သမဏမာနိနေ" ဟူသောအင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ် ကာရဏ္ဍဝသုတ်၌ရဟန်းအတုတို့ကို"ပလာပ"ဟု သုံးနှုန်းသကဲ့သို့တည်း။ ထို့ကြောင့်ကထာပလာပံကို"ကထာဝသေန ယုဂဂ္ဂါဟံ"ဟု ဖွင့်သည်။ ဣရိယာပုထ် ၃ ပါး၌ဆရာတပည့်အတူစကားပြောနိုင်သကဲ့သို့ အိပ်ခြင်း ဣရိယာပုထ်၌လည်းစကားအတူပြောနိုင်သည်ဟု အတူပြုခြင်းကိုပြုလိုသည်ဖြစ်၍"သယာနောဝါ ဟိ" စသည်ကိုထည့်၍ဆိုသည်-ဟူလို။ ကထာဝသေန-စကား၏အဖြစ်ဖြင့်။ ပလာပေါ-အတူပြုခြင်းတည်း။ ကထာပလာပေါ-ခြင်း။
ဣရိယာပထေ၊ တို့ကို။ ယောဇေဿာမိ၊ ယှဉ်စေအံ့။ ဝါ၊ သုံးစွဲအံ့။ ဣတိ၊ ဤသို့ကြံခြင်းကြောင့်။ သယာနော ဝါ၊ ပေ၊ သယာနေနာတိ၊ ဟူ၍။ အာဟ၊ ပြောဆိုပြီ။
တတော၊ ထိုသို့ပြောခြင်းကြောင့်။ တံ၊ ထိုအမ္ဗဋ္ဌကို။ ဘဂဝါ၊ သည်။ ("အာဟကိရ"၌စပ်။) အမ္ဗဋ္ဌ၊ အမ္ဗဋ္ဌ။ ဂစ္ဆန္တဿဝါ၊ သွားသောတပည့်၏မူလည်း။ ဂစ္ဆန္တေန၊ သွားသော။ (အာစရိယေန၊ နှင့်။ သဒ္ဓိံ၊ အတူလည်းကောင်း။) ဌိတဿဝါ၊ ရပ်သောတပည့်၏မူလည်း။ ဌိတေန၊ ရပ်သော။ (အာစရိယေန, သဒ္ဓိံ၊ လည်းကောင်း။ နိသိန္နဿဝါ၊ ထိုသောတပည့်၏မူလည်း။ နိသိန္နေန၊ ထိုင်သော။ အာစရိယေန, သဒ္ဓိံ၊ လည်းကောင်း။ ကထာနာမ၊ စကားပြောခြင်းမည်သည်ကို။ သဗ္ဗာစရိယေသု၊ အလုံးစုံသောဆရာတို့၌။ (သာသနာတွင်း သာသနာပဆရာဟူသမျှတို့၌။) လဗ္ဘတိ၊ ရအပ်၏။မူကွဲ။ ။ "ကထာသလ္လာပံ"ဟုလည်းကောင်း, "ကထာပလာသံ"ဟုလည်းကောင်း ဋီကာတို့၌ပါဌ်အမျိုးမျိုး တွေ့ရ၏။ "ကထာသလ္လာပ-စကားကိုကောင်းစွာပြောခြင်း"ဟု သလ္လာပသဒ္ဒါက ဟောသောကြောင့်ဤ၌ကောင်းစွာပြောခြင်း မဟုတ်ရကား သလ္လာပသဒ္ဒါသည်မသင့်ပါ။ "ပလာသ"ဟု ရှိရာ၌လည်းထိုသဒ္ဒါက "ပလာသောဟရိတော ဟရိ" အဘိဓာန် (၉၇)၌"သစ်ရွက်စိမ်း" ဟူသောအနက်ကိုဟောသောကြောင့်ဤနေရာနှင့်မဆိုင်ပါ။ ပလာပသဒ္ဒါကား "ဖွဲ-အဖျင်း" ဟူသောအနက်, အဓိပ္ပာယ် မရှိသောစကားဟူသောအနက်ကိုတို့ ဟော၏။ ဖွဲသည်အတွင်း၌အဆံ မရှိသော်လည်းအပြင်ကမူ စပါးနှင့် တူသကဲ့သို့လည်းကောင်း, ရဟန်းတုသည်သီလအနှစ်အဆံ မရှိသော်လည်းအသွင်အားဖြင့်ရဟန်း အစစ်နှင့် တူသကဲ့သို့လည်းကောင်း ဤ၌လည်းဣရိယာပုထ် ၃ ပါး၌ဆရာတပည့် စကားပြောနိုင်သကဲ့သို့ သယနဣရိယာပုထ်၌လည်းအတူ စကားပြောနိုင်သည်ဟု ဆိုခြင်းကို"ကထာပလာပ-ကထာယုဂဂ္ဂါဟ - (စကားအဖြစ်ဖြင့်အဖျင်းမူ အင်တူပြုခြင်း)"ဟု ဆိုလိုသည်။ ထို့ကြောင့်"ကထာပလာပံ"ဟူသောမူရင်းမှ ဋီကာစာအုပ်၌"ကထာပလာသံ"ဟု ပါဌ်ပျက်ဟန် တူပါသည်။
တတော ကိရ။ ။ ပါဠိတော်၌တိုက်ရိုက်မပါသော်လည်းအမ္ဗဋ္ဌက ပြန်၍ပြောအပ်သောနောက်ပါဠိနှင့် စကားဆက်မိအောင် ဘုရားရှင်၏"ဂစ္ဆန္တဿ ဝါ ဂစ္ဆန္တေန" စသည်ဖြင့်မိန့်တော်မူပုံကိုဆရာအဆက်ဆက်တို့ ဆောင်ရွက်ခဲ့ကြ၏။ ထိုသို့အဆင့်ဆင့်ကြားနာမှတ်သားခဲ့ပုံကိုပြလို၍ကိရသဒ္ဒါဖြင့်ဆိုသည်။ ဘုရားရှင် မိန့်တော်မူအပ်သောစကားတော်ကလည်းအမ္ဗဋ္ဌ၏အနာစာရဘာဝ ဝိဘာဝန (အကျင့်စာရိတ္တ လမ်းမကျပုံကိုထင်ရှားပြသော) စကားတော်ဖြစ်၏။ ဘာ့ကြောင်နည်း. . . "တွံ ပန သယာနေနာစရိယေန သဒ္ဓိံ ကထေသိ, ကိံတေ အာစရိယော ဂေါရူပံ, ဥဒါဟု တွံ"ဟု မိန့်တော်မူသောကြောင့်တည်း။
ဋီကာ။ ။ တဿ ပန ယံ အနာစာရဘာဝဝိဘာဝနံ သတ္ထာရာ အမ္ဗဋ္ဌေန သဒ္ဓိံကထေန္တေန ကတံ-အမ္ဗဋ္ဌနှင့်အတူ ပြောတော်မူသောဘုရားရှင်သည်ထိုအမ္ဗဋ္ဌ၏အကြင်အနာစာရအဖြစ်ကိုထင်စွာပြတော်မူအပ်ပြီ။ တံ သင်္ဂီတိံ အနာရူဠှံ ပရမ္ပရာဘတံတိ ဥပရိပါဠိယာ သမ္ဗန္ဓဘာဝေန ဒဿေန္တော တတော ကိရာတိ အာဒိမာဟ။
တွံ ပန၊ သင်သည်ကား။ သယာနော၊ လျောင်းလျက်။ သယာနေန၊ လျောင်းနေသော။ အာစရိယေန၊ နှင့်။ သဒ္ဓိံ၊ တူ။ ကထေသိ၊ ပြောဆိုဘိ၏။ ကိံ၊ အသို့နည်း။ တေ၊ သင်၏။ အာစရိယော၊ သည်။ ဂေါရူပံ၊ နွား၏ ပုံသဏ္ဌာန်လော။ ဝါ၊ နွားလိုလူလော။ ဥဒါဟု၊ သို့မဟုတ်။ တွံ၊ သင်သည်။ (ဂေါရူပံ၊ လော။ ဝါ၊ လော။) ဣတိ၊ ဤသို့။ အာဟ ကိရ၊ မိန့်တော်မူသတတ်။
သော၊ ထိုအမ္ဗဋ္ဌသည်။ ကုဇ္ဈိတွာ၊ စိတ်ဆိုး၍။ (ဘုရားရှင်က အာစရိယော တေ ဂေါရူပံ, ဥဒါဟု တွံဟု မိန့်တော်မူသည်ကို စိတ်ဆိုး၍။) ယေစ ၊ပေ၊ မုဏ္ဍကာတိ အာဒိံ၊ အစရှိသောစကားကို။ အာဟ၊ ပြောဆိုပြီ။
တတ္ထ၊ ထိုယေစ ခေါအစရှိသောစကား၌။ မုဏ္ဍေ၊ ဦးပြည်းကတုံးတို့ကို။ မုဏ္ဍာတိ၊ ဦးပြည်းကတုံးတို့ ဟူ၍လည်းကောင်း။ သမဏေစ၊ ရဟန်းတို့ကိုလည်း။ သမဏာတိ၊ တို့ဟူ၍လည်းကောင်း။ ဝတ္တုံ၊ ခေါ်ဝေါ် ပြောဆိုခြင်းငှာ။ ဝဋ္ဋေယျ၊ သင့်ရာပါ၏။
အယံ ပန၊ ဤအမ္ဗဋ္ဌသည်ကား။ ဟီဠေန္တော၊ ရှုံ့ချလိုသည်။ (ဟုတွာ။) မုဏ္ဍကာသမဏကာတိ၊ တို့ဟူ၍။ အာဟ။
**ဣဗ္ဘာတိ**၊ ကား။ ဂဟပတိကာ၊ အိမ့်ရှင်ကလေးများဖြစ်ကုန်သော။ဂေါရူပံ။ ။ ဂဝဿ-နွား၏+ ရူပံ-ပုံသဏ္ဌာန်တည်း။ ဂေါရူပံ-နွား၏ပုံသဏ္ဌာန်။ "နွားကဲ့သို့ အဖျင်း အအလော"ဟု ဆိုလိုသည်။ ဋီကာသစ်၌ကား ရူပအတွက် အနက်သီးခြား မရှိ, တဗ္ဘာဝဝုတ္တိကမ္မဓာရဲဟု ယူဆ၍"ဂေါနူန-နွားလော"ဟု ဖွင့်သည်။ ထိုအလို "ဂေါ" သဒ္ဒါသည်ရူပကအလင်္ကာနည်းအားဖြင့်ဆိုအပ်သောသဒ္ဒါတည်း။ "လူကိုပင် နွားပုံသဏ္ဌာန်ပြု၍ဆိုသည်" ဟူလို။
ဟီ‌ဠေန္တော။ ။ ဦးပြည်း (ကတုံး)ကိုဦးပြည်း (ကတုံး)ဟု ခေါ်လျှင် ရှုံ့ချရာ မရောက်ပါ။ "ကတုံးစုတ်-ကတုံးယုတ်"ဟု ခေါ်လျှင် ရှုံ့ချရာ ရောက်၏။ ထို့ကြောင့်ရှုံ့ချလိုသည့်အတွက် "မုဏ္ဍက"ဟု ကသဒ္ဒါထည့်၍ခေါ်သည်။ [မုဏ္ဍကာ သမဏကာတိစ ဂရဟာယံ ကသ ဒ္ဒေါ၊-ဋီကာ။] သဒ္ဒါကျမ်းတို့၌ဤဂရဟာအနက်ကိုပင် ကုစ္ဆိတ (စက်ဆုပ် ကဲ့ရဲ့အပ်) အနက်ဟု ဆို၏။ ကုစ္ဆိတာ-စက်ဆုပ်အပ်ကုန်သော။ မုဏ္ဍာ-တို့တည်း၊ မုဏ္ဍကာ- တို့။ သမဏကာ၌လည်းနည်းတူ။
ဣဗ္ဘာ။ ။ နာဂေါ ဒွိပေါ ဣဘော ဒန္တီ-အဘိဓာန် (၃၆ဝ)၊ ဣဘသဒ္ဒါသည်"ဆင်" ဟူသောအနက်ကိုဟော၏။ [ဣ-ဂတိမှိ။ ဘော-ဘပစ္စည်း။ ဧတိ ဂစ္ဆတီတိဣဘော-တင့်တယ်စွာ သွားတတ်သောကြောင့်ဆင်သည်ဣဘမည်၏။] ဣဘဿ-ဆင်၏။ ပယောဂေါ ကာယပယောဂတည်း။ ဣဘော၊ "ဣဘပယောဂ"ဟု ဆိုလိုလျက် ပယောဂပုဒ်ကိုချေ။ ဣဘံ- ဆင်၏ပယောဂကို+ အရဟန္တီတိ ဣဗ္ဘာ၊ [အရဟအနက်၌ဏျသက်၊ ဘျကိုဘပြု ဒွေဘော်လာ။] ဣဗ္ဘာ-ဆင်၏ပယောဂကိုထိုက်သူတို့။ ဆင်သည်စေခိုင်းသောလူ၏အလိုအားဖြင့်သစ်ဆွဲမှုစသောကာယပယောဂကိုပြုရ၏။ ဤ့အတူ ဤသမဏကတို့လည်းဗြာဟ္မဏတို့၏စကားကိုရိုသေစွာ လိုက်နာရသောသုဒ္ဒအမျိုးများဖြစ်သောကြောင့်သူတစ်ပါး၏အလိုအားဖြင့်သာ အရာရာကိစ္စ၌ဖြစ်ကြရ၏။ ထို့ကြောင့်ဆင်၏ပယောဂနှင့် တူစွာ ပင်ပင်ပန်းပန်း ပြုလုပ်ရခြင်းဟူသောပယောဂရှိကြရကား သမဏတို့သည်ဣဗ္ဘအမည်ရကြ၏ဟု ဆိုလို၏။ ဤကား ဋီကာ အဓိပ္ပာယ်တည်း။
**ကိဏှာတိ**၊ ကား။ ကဏှာ၊ မည်းညစ်ကုန်သော။ ကာဠကာ၊ မည်းညစ်ကုန်သော။ ("ယေ တေ သမဏကာ"၌စပ်။) ဣတိ အတ္ထော။ [မူအများ၌"ကဏှာတိ" ဟု ရှိသော်လည်း"ကိဏှာတိ" ဟု ရှိသောသီဟိုဠ်မူသာ ကောင်းပါသည်။]ဂဟပတိကာ။ ။ ဆင်၏ပယောဂကဲ့သို့ ပင်ပင်ပန်းပန်း အားစိုက်ခွန်စိုက် လုံ့လစိုက်နိုင်မှ စားဝတ်နေရေး ပြည့်စုံကြသောလူတို့ကား ခတ္တိယဗြာဟ္မဏတို့ မဟုတ်, ဂဟပတိကတို့သာတည်း။ ထို့ကြောင့်ဣဗ္ဘာကို"ဂဟပတိကာ"ဟု အဓိပ္ပာယ် ဖွင့်သည်။ ဂဟပတိဟုမဆိုဘဲ ခုဒ္ဒကအနက်ဟော ကသဒ္ဒါဖြင့်ဆိုသောကြောင့်ဂဟပတိတို့တွင်လည်းသာ၍အောက်တန်းကျသောတစ်အိမ်မျှသာ ပိုင်သော"အိမ်ပိုင်ရှင်ကလေး"ဟု ဆိုလိုသည်။ ["ဂေဟဿ ပတိ, ဧကဂေဟမတ္တေ ဇေဋ္ဌကောတိ ဂဟပတိကော" သာမညဖလသုတ်, ဒုတိယသာမညဖလအဋ္ဌကထာ။] ဤသို့ ဣဗ္ဘာကို"ဂဟပတိကာ"ဟု ဖွင့်ခြင်းသည်သဒ္ဒတ္ထအဖွင့် မဟုတ်, အဓိပ္ပာယတ္ထကိုသာ ဖွင့်ခြင်းတည်း။-အတ္ထမတ္တံ ဒဿေတိ ဂဟပတိကာတိဣမိနာ။-ဋီကာသစ်။
နှိမ့်ချသောစကား။ ။ ဤဣဗ္ဘာဟူသောစကားအသုံးအနှုန်းသည်နှိမ့်ချသောစကားလုံး ဖြစ်၏။ ထို့ကြောင့်အမ္ဗဋ္ဌသည်"မုဏ္ဍကာ သမဏကာ ဣဗ္ဘာ"ဟု ဤနေရာ၌ရဟန်းတော်များကိုနှိမ့်ချသောအားဖြင့်လည်းကောင်း, နောက်၌သာကီဝင်မင်းများကိုနှိမ့်ချသောအားဖြင့်လည်းကောင်း ဣဗ္ဘဟူသောစကားလုံးကိုများစွာသုံးစွဲထားလေသည်။ ထို့ကြောင့်"ဣဗ္ဘ" ဟူသောစကား "ဂဟပတိက" မှတ်ပါ။ 'ဟူသောစကားတို့ကိုနှိမ့်ကျသောစကားအသုံးများဟုမှတ်ပါ။
မှန်၏။ - သာမညဖလသုတ်ဝယ် ဒုတိယသာမညဖလကိုပြရာ၌လယ်သမားကိုပင် ဂဟပတိကဟု သုံးစွဲ၏။ [ကဿကော ဂဟပတိကော ကမ္မကာရော"-သာမညဖလသုတ်။ ပဏီတတရသာမညဖလကိုဖွင့်ပြရာ၌လည်းအဋ္ဌကထာဝယ် ဂဟပတိတို့၏ပင်ပန်းကြီးစွာအလုပ်-လုပ်ရပုံကို"ကစ္ဆေဟိ သေဒံ မုဉ္စန္တေဟိ-လက်ကတီးအကြား (ဂျိုင်းကြား) မှ ချွေးထွက် လောက်အောင်"ဟုလည်းကောင်း, "ပိဋ္ဌိယာလောနံ ပုပ္ဖမာနာယ-ကျောက်ကုန်း (ကျောအပြင်) ဝယ် ဆားပေါက်လာအောင်လည်းကောင်း"ဟု ဖွင့်ပြလေသည်။ အမ္ဗဋ္ဌတို့၏ဗြာဟ္မဏမျိုးတို့ကား ဝေဒကျမ်းဂန် ပညာဉာဏ်ရှိသူများ ဖြစ်၍ထိုကဲ့သို့ပင်ပန်းကြီးစွာ အလုပ်-မလုပ်ရဘဲ အသက်မွေးနိုင်သောအထက်တန်းများ ဖြစ်ကြ၏။ ဤသို့လျှင် လယ်သမား ဂဟပတိတို့ကိုကာယအလုပ်သမားဟုလည်းကောင်း, ဗြာဟ္မဏတို့ကိုဉာဏအလုပ်သမားများဟုလည်းကောင်း, ခွဲခြားပြီးလျှင် အမ္ဗဋ္ဌက နှိမ့်ချသောစကားအသုံးအနှုန်းဖြင့်ဂဟပတိအများပါဝင်သောသမဏတို့ကို"ဣမ္ဘာ"ဟု သုံးစွဲလေသည်။
ကိဏှာတိ ကဏှာ။ ။ သက္ကတ၌"ကြိၡဏ"ဟု ရှိ၏။ ကြိသည်ပါဠိ၌ကိဖြစ်၍ရှဏသည်ဏှဖြစ်၏။ ထို့ကြောင့်သက္ကတမှ ဆင်းသက်လာသော"ကိဏှာ"သည်မူရင်းတည်း။ ဣကိုအပြု၍"ကဏှာ"ကား ပရိယာယ်တည်း။ ထို့ကြောင့်"ကိဏှာတိ ကဏှာ"ဟု ပရိယာယ သံဝဏ္ဏနာ ပြုသည်။ ၂ ပုဒ်လုံးပင် ကာဠကအနက်ဟောတည်း။ ထို့ကြောင့်"ကာဠကာတိ အ တ္ထော"ဟု အနက်ဖွင့်သည်။
**ဗန္ဓုပါဒါပစ္စာ**တိ ဧတ္ထ၊ ၌။ ဗြဟ္မာ၊ ဗြဟ္မာကို။ ဗန္ဓူတိ၊ ဆွေတော် မျိုးတော်ဟူ၍။ အဓိပ္ပေတော၊ အလိုရှိအပ်၏။
ဟိ၊ မှန်၏။ တံ၊ ထိုဗြဟ္မာကို။ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်။ ပိတာမဟောတိ၊ ဘိုးတော်ဟူ၍။ ဝေါဟရန္တိ၊ ခေါ်ဝေါ်ပြောဆိုကြကုန်၏။
ပါဒါနံ၊ ခြေတို့၏။ အပစ္စာ၊ သားတို့တည်း။ ပါဒါပစ္စာ၊ တို့။ ဗြဟ္မုနော၊ ဘိုးတော် ဗြဟ္မာ၏။ ပိဋ္ဌိပါဒတော၊ ခြေဖမိုးမှ။ ဇာတာ၊ ဖြစ်သူတို့တည်း။ ဣတိ၊ ဤကား။ အဓိပ္ပာယော၊ အမ္ဗဋ္ဌ၏အလိုတည်း။
တဿ၊ ထိုအမ္ဗဋ္ဌလုလင်၏။ အယံလဒ္ဓိ၊ ဤအယူသည်။ (ဟောတိ) ကိရ၊ ဖြစ်သတတ်။ (ကိံ၊ အဘယ်အယူသည်။ ဟောတိ၊ နည်း။) ဗြာဟ္မဏာ၊ တို့သည်။ ဗြဟ္မုနော၊ ဗြဟ္မာ၏။ မုခတော၊ ခံတွင်းမှ။ နိက္ခန္တာ၊ ထွက်လာကြကုန်၏။ ခတ္တိယာ၊ မင်းမျိုးတို့သည်။ (ဗြဟ္မုနော။) ဥရတော၊ ရင်မှ။ (နိက္ခန္တာ။) ဝေဿာ၊ ဝေဿလူမျိုးတို့သည်။ (ဗြဟ္မုနော။) နာဘိတော၊ ချက်မှ။ (နိက္ခန္တာ။) သုဒ္ဒါ၊ သုဒ္ဓလူမျိုးတို့သည်။ (ဗြဟ္မုနော။) ဇာဏုတော၊ ပုဆစ်ဒူးဝန်းမှ။ (နိက္ခန္တာ။) သမဏာ၊ တို့သည်။ (ဗြဟ္မုနော။) ပိဋ္ဌိပါဒတော၊ ခြေဖမိုးမှ။ (နိက္ခန္တာ။)
ဣတိ၊ ဤအယူသည်။ (ဟောတိ ကိရ)။ စ ပန၊ ထပ်၍ ဆက်ဦးအံ့။ ဧဝံ၊ ဤသို့။ ကထေန္တော၊ ပြောဆိုသော။ ဧသ(ဧသော)၊ ဤအမ္ဗဋ္ဌသည်။ အနိယမေတွာ၊ မည်သည့်ပုဂ္ဂိုလ်ဟု မသတ်မှတ်မူ၍။ ကိဉ္စာပိကထေတိ၊ အကယ်၍ကား ပြောဆိုပါပေ၏။
အထခေါ၊ ထိုသို့ပင်မသတ်မှတ်ဘဲ ပြောဆိုပါသော်လည်း။ ဘဂဝန္တမေဝ၊ ကိုသာ။ ဝဒါမိ၊ ပြောဆိုအံ့။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ ကထေတိ၊ ၏။
အထခေါ၊ ထိုအခါ၌။ ဘဂဝါ၊ သည်။ အယံအမ္ဗဋ္ဌော၊ သည်။ အာဂတကာလတော၊ လာရာအခါမှ။ ပဋ္ဌာယ၊ ၍။မုခတော နိက္ခန္တာ။ ။ "ဗြာဟ္မဏတို့၏ကမ္ဘာဦးက ပဌမလူတို့သည်ဗြဟ္မာ၏ခံတွင်းမှ ထွက်လာကြ၏"ဟု အယူရှိသည်။ "ဥရတော နိက္ခန္တာ" စသောအယူတို့၌လည်းထိုကမ္ဘာဦးလူတို့ကိုပင် ရည်ရွယ်သည်။ သို့သော် အားလုံးလူတို့သည်ပင် ခတ္တိယစသည်အားဖြင့်မကွဲမပြားမီသာ ဥပပတ် ပဋိသန္ဓေ နေကြရသော်လည်းခတ္တိယ ဗြာဟ္မဏစသည်ဖြင့်ကွဲပြားလာသောအခါ ထိုပုဗ္ဗပုရိသ (ကမ္ဘာဦးလူ) တို့သည်အမိ၏ပဿာဝမဂ်မှ ထွက်လာကြရကား သူတို့ကိုအထင်ကြီးအောင် "ဗြဟ္မာမင်းခံတွင်းမှ ပုဏ္ဏားမျိုးများ ထွက်ခဲ့ကြရသည်"ဟု ဆိုရာ၌ပုဏ္ဏေးမတို့၏ပဿာဝမဂ်ကိုဗြာဟ္မာ၏ခံတွင်းဖြစ်အောင် ဆိုမိရာရောက်နေတော့သည်။
သမဏာ ပိဋ္ဌိပါဒတော။ ။ ကမ္ဘာဦးကပင် သမဏဟူ၍သီးခြားအမျိုး မရှိပါ။ ခတ္တိယ-ဗြာဟ္မဏ စသောအမျိုး ၄ ပါးမှ ထွက်၍ကျင့်သူတို့ကိုသာ သမဏဟူ၍ခေါ်ရ၏။ ထို့ကြောင့်"သမဏာ ပိဋ္ဌိပါဒတော" ဟူသောစကားသည်ဗုဒ္ဓမြတ်စွာ၏ သမဏအဖြစ်ကိုနှိပ်ချလို၍ပြောအပ်သောစကားဖြစ်သော်လည်း"မုခတော ဥရတော" စသောရှေ့စကား တို့နှင့် ဆန့်ကျင်နေရကား "အတိဝိယ အသမဝေက္ခိတဝစနံ-အလွန်ပင် မဆင်ခြင် မစဉ်းစားဘဲ ပြောအပ်သောစကား" ဖြစ်လေသည်။
မယာ၊ နှင့်။ သဒ္ဓိံ။ ကထယမာနော၊ ပြောဆိုလတ်သော်။ မာနမေဝ၊ မာနကိုသာ။ နိဿာယ၊ မှီ၍။ ကထေသိ၊ ပြောဆိုပြီ။ ["မာနုဿယဝသေန၊ ထောင်လွှားတက်ကြွသောမာန၏ အစွမ်းဖြင့်။ ကထေသိ၊ ပြီ"။] အာသီဝိသံ၊ လျင်စွာတက်သောအဆိပ်ရှိသောမြွေကို။ ဂီဝါယံ၊ လည်ပင်း၌။ ဂဏှန္တော ဝိယ၊ ကိုင်သူသည်ကဲ့သို့လည်းကောင်း။ အဂ္ဂိက္ခန္ဓံ၊ မီးအစုကို။ အာလိင်္ဂန္တော ဝိယ၊ ပွေ့ဖက်သူသည်ကဲ့သို့လည်းကောင်း။ မတ္တဝါရဏံ၊ အမုန်ယစ်သောဆင်ကို။ သောဏ္ဍာယ၊ နှာမောင်း၌။ ပရာမသန္တောဝိယ၊ သုံးသပ်သူသည်ကဲ့သို့လည်းကောင်း။ အတ္တနော၊ ၏။ ပမာဏံ၊ အနွယ်၏ ပမာဏကို။ န ဇာနာတိ၊ မသိ။
ဟန္ဒ၊ ယခု။ နံ၊ ထိုအမ္ဗဋ္ဌကို။ (အတ္တနော ပမာဏံ။) ဇာနာပေဿာမိ၊ သိစေရတော့အံ့။ ဣတိ၊ သို့။ စိန္တေတွာ၊ ကြံတော်မူပြီး၍။ အတ္ထိကဝတော ခေါ ပန တေ အမ္ဗဋ္ဌာတိ အာဒိံ၊ အစရှိသောစကားကို။ အာဟ၊ မိန့်တော်မူပြီ။
တတ္ထ၊ ထိုအတ္ထိကဝတော ၊ပေ၊ အမ္ဗဋ္ဌ အစရှိသောစကားရပ်၌။ (ဝစနတ္ထော ဧဝံ ဝေဒိတဗ္ဗော။) ဧတဿ၊ ဤစိတ်၏။ အာဂန္တွာ၊ လာပြီး၍။ ကတ္တဗ္ဗကိစ္စသင်္ခါတော၊ ပြုထိုက်သောကိစ္စဟု ဆိုအပ်သော။ အတ္ထော၊ ကိစ္စသည်။ အတ္ထိ။ ဣတိ၊ ဤသို့ကိစ္စရှိသည်၏ အဖြစ်ကြောင့်။ (တံ၊ ထိုစိတ်သည်။) အတ္ထိကံ၊ အတ္ထိကမည်၏။ တဿ မာဏဝဿ၊ ထိုအမ္ဗဋ္ဌလုလင်၏။ စိတ္တံ၊ တည်း။
အဿ၊ ထိုအမ္ဗဋ္ဌလုလင်၏။ အတ္ထိကံ၊ ကိစ္စရှိသောစိတ်သည်။ အတ္ထိ။ ဣတိ၊ ထိုသို့ကိစ္စရှိသောစိတ်ရှိသည်၏ အဖြစ်ကြောင့်။ (သော။) အတ္ထိကဝါ၊ အတ္ထိကဝါမည်၏။ အတ္ထိကဝတော၊ ကိစ္စရှိသောစိတ်ရှိသော။ တဿ တဝ၊ ထိုသင်၏။ ဣဓ၊ ဤအရပ်သို့။ (ငါ၏အထံသို့။) အာဂမနံ၊ လာခြင်းသည်။ အဟောသိ၊ ပြီ။ ဣတိ အတ္ထော။မာနမေဝ နိဿာယ။ ။ မုဏ္ဍကာ သမဏကာ စသည်ဖြင့်ပြောဆိုခြင်းသည်(မိမိက ဒီလိုအမျိုးအစား မဟုတ်-ဟု) မိမိကိုချီးမြှောက်ရာရောက်၍ရဟန်းတော်များကိုနှိပ်ချရာ ရောက်၏။ ထိုသို့ရောက်အောင်,ပြောဆိုခြင်းသည်မာနကိုအခြေခံ၍ပြောဆိုခြင်းတည်း။ [ဋီကာ၌"မာနုဿယဝသေန ကထေသိ"ဟု ပါဌ်တစ်မျိုးကိုတွေ့ ရ၏။ "မာနုဿယံ အဝဿာယ-ထောင်လွှားသောမာနကိုမှီ၍"ဟုလည်းဖွင့်သည်။]
ဇာနာပေဿာမိ။ ။ အတ္တနော ဂေါတ္တပ္ပမာဏံ ယာထာဝတော ဇာနာပေဿာမိ-(ဤကဲ့သို့ မာနဖြင့်ပြောဆိုနေခြင်းသည်မိမိအနွယ်၏ပမာဏကိုမသိခြင်းကြောင့်ဖြစ်၏။ ယခုအခါ) သူ့အနွယ်၏ပမာဏကိုဟုတ်မှန်သည့်အတိုင်း သိစေရတော့အံ့။
အတ္ထိကဝတော။ ။ အဘိဓာန် (၇၈၅)၌အတ္ထသဒ္ဒါ၏အနက်တို့တွင် ကိစ္စအနက် မပါ။ ဟိတအနက်သာ ပါ၏။ ဟိတဟူသည်အကြောင်းတည်း။ ထိုအကြောင်းကိုပင်ပြုစရာ အလုပ်ကိစ္စဖြစ်သောကြောင့်" ကတ္တဗ္ဗကိစ္စသင်္ခါတော အတ္ထော "ဟု ဖွင့်သည်။ မြန်မာတို့၌လည်း" အကြောင်းကိစ္စ "ဟု ပရိယာယ် သုံးလေ့ရှိသည်။ (တစ်နည်း) "အတ္ထီ ယတေ ဣစ္ဆယတေတိ အတ္ထော" အရ အလိုရှိအပ်သောအကြောင်းဝတ္ထုကိုပင် "ကိစ္စ"ဟုဋီကာသစ်၌တစ်နည်း ဖွင့်သေး၏။ [အတ္ထောတိ ဟိတံ၊ ဣစ္ဆိတဝတ္ထု၊ ဝါ၊ တံ ပန ကတ္တဗ္ဗ ကိစ္စမေဝါတိ ဝုတ္တံ- အာဂန္တွာ ကတ္တဗ္ဗကိစ္စသင်္ခါတော အတ္ထောတိ-ဋီကာသစ်။]
**ခေါ ပနာ**တိ၊ ခေါ ပနာဟူသောပုဒ် ၂ ပါး အပေါင်းသည်။ နိပါတမတ္တံ၊ အနက်မရ နိပါတ်မျှသာတည်း။
**ယာယေဝ ခေါ ပနတ္ထာယာတိ**၊ ကား။ ယေနေဝ ခေါ ပနတ္ထေန၊ အကြင်ကိစ္စကြောင့်သာ။ ("အာဂစ္ဆေယျာထ"၌စပ်။)
**အာဂစ္ဆေယျာထာတိ**၊ ကား။ မမ ဝါ၊ ငါဘုရား၏သော်လည်းကောင်း။ အညေသံ ဝါ၊ အခြားသောအလေးပြုထိုက်သောပုဂ္ဂိုလ်တို့၏သော်လည်းကောင်း။ သန္တိကံ၊ အထံသို့။ ယဒါ ကဒါစိ၊ အမှတ်မထား တစ်ပါးပါးသောအခါ၌။ အာဂစ္ဆေယျာထ၊ လာကုန်ရာ၏။
**တမေဝ အတ္ထံ**တိ ဣဒံ၊ ဟူသောဤပုဒ်ကို။ ပုရိသလိင်္ဂဝသေနေဝ၊ ပုလ္လိန်၏ အစွမ်းဖြင့်သာလျှင်။ ဝုတ္တံ၊ မိန့်တော်မူအပ်ပြီ။
**မနသိ ကရေယျာထာတိ**၊ ကား။ စိတ္တေ၊ ၌။မှတ်ချက်။ ။ ဤအတ္ထိကဝတော၌"အတ္ထိကံ" အရ ရည်ရွယ်ချက်ကိစ္စရှိသောစိတ် ရ၍"အတ္ထိကဝါ" အရ ကိစ္စရှိသောစိတ်ရှိသောအမ္ဗဋ္ဌလုလင် ရ၏။ ဤသို့ အဿတ္ထိအနက် ၂ ချက်ရှိရာ၌ဇာတ်တူဖြစ်သောအဿတ္ထိပစ္စည်းသာ ၂ ထပ် မသက်ရ။ "ဣကပစ္စည်းချည်း ၂ ထပ် မသက်ရ" ဟူလို။ ဣကနှင့် ဝန္တုကဲ့သို့ ဇာမတူသောအဿတ္ထိပစ္စည်းကိုကား သဒ္ဒါကျမ်း တို့၌၂ ထပ် သက်ခွင့်ပြုသည်။
ဗုဒ္ဓဗောဓဋီကာ။ ။ သမာနဇာတိယ မန္တတ္ထိယပစ္စယန္တာ (တူသောဇာတ်ရှိသောမန္တု (အဿတ္ထိ) အနက်ရှိသောပစ္စယန္တပုဒ်မှ နောက်၌) န သမာနဇာတိယော မန္တန္တတ္ထိယ ပစ္စယော ၊ပေ၊ ကိံတု, ဝိရူပေါ (ဇာတ်မတူသောပစ္စည်းသည်) ဘဝတွေဝ၊ ဒဏ္ဍိကဝါ-ဒုတ်ရှိသူရှိသောအရပ်။ [မောဂ္ဂလ္လာန် နိဿယ, တဒ္ဓိတ်မှ ယူသည်။]
ယာယေဝ ခေါ ပနတ္ထာယ။ ။ အတ္ထသဒ္ဒါသည်ပုလ္လိန်ရှိသော်လည်းလိင်္ဂဝိပလ္လာသနည်းအားဖြင့်ဣတ္ထိလိန်ပြန်ထားသည်ဟု သိစေလို၍"ယာယ အတ္ထာယ"ကို"ယေနေဝ အတ္ထေန"ဟု ဖွင့်သည်။ ဤ၌လိင်္ဂဝိပလ္လာသဖြစ်သောကြောင့်ပင် "တမေဝ အတ္ထံ"၌ပုရိသလိင်္ဂဝသေနေဝဟု ဧဝသဒ္ဒါဖြင့်ဆိုသည်၊ "မူလလိန်အတိုင်းပင်" ဟူလို။
တစ်နည်း။ ။ "ယာယ အတ္ထာယာတိ ဝါ ပုလ္လိင်္ဂဝသေနေဝ (ပုလ္လိန်အတိုင်းပင်) တဒတ္ထံ သမ္ပဒါနဝစနံ-အကြင်ကိစ္စအကျိုးငှာ"ဟု အဋ္ဌကထာနည်းမှ တစ်ပါး ဋီကာ၌တစ်နည်း ဖွင့်သေး၏။ သို့သော် ဋီကာဖွင့်အပ်သောအနက်မျိုးကိုဆိုလိုရာ၌"ယဿတ္ထာယ ကုလပုတ္တာ ၊ပေ၊ ပဗ္ဗဇန္တိ" စသည်ဖြင့်(ယဿ + အတ္ထာယဟု) သုံးစွဲလေ့ရှိသည်။
အာဂစ္ဆေယျာထ။ ။ "မမဝါ အညေသံဝါ"ဟု ဖွင့်သောကြောင့်"ယာယေဝ ၊ပေ၊ အာဂစ္ဆေယျာထ" စသောစကားသည်သူတစ်ပါးအထံသို့ လာရာအခါ၌ကျင့်ဝတ်ထုံးစံကိုပြသောစကားဖြစ်၏ဟု သိသာ၏။ ထို့ကြောင့်နောက်၌"ဧဝမဿ အညေသံ သန္တိကံအာဂတာနံ ဝတ္တံ ဒဿေတွာ"ဟု အနုသန္ဓေတက်သည်။ [အညေသံ သန္တိကံ အာဂတာနန္တိ ဂရုဋ္ဌာနိယာနံ သန္တိကံ ဥပဂတာနံ သာဓုရူပါနံ၊ ဝတ္တန္တိ တေသံ (သာဓုရူပါနံ) သာမာစိဏ္ဏံ၊ ဋီကာသစ်။]
ကရေယျာထ၊ ပြုကုန်ရာ၏။ (ပြုရိုး ထုံးစံတည်း။)
ဣဒံ ဝုတ္တံ ဟောတိ။ (ကိံ ဝုတ္တံ ဟောတိ) တွံ၊ သည်။ ("မနသိ ကရောဟိ"၌စပ်။) ဝါ၊ ကို။ ("ပေသိတော"၌အပဓာနစပ်။) အာစရိယေန၊ သည်။ အတ္တနော၊ ၏။ ကရဏီယေန၊ ပြုဖွယ်ကိစ္စကြောင့်။ ပေသိတော၊ စေလွှတ်အပ်ပြီ။ အမှာကံ၊ ငါတို့ကို။ ပရိဘဝနတ္ထာယ၊ လွှမ်းမိုးခြင်းအကျိုးငှာ။ န (ပေသိတော)၊ စေလွှတ်အပ်သည် မဟုတ်။ တသ္မာ, တမေဝကိစ္စံ၊ ထိုကိစ္စကိုသာ။ မနသိ၊ စိတ်၌။ ကရောဟိ၊ လော။ (တစ်နည်း) မနသိ ကရောဟိ၊ နှလုံးသွင်းလော။ ဣတိ (ဝုတ္တံ ဟောတိ။)
ဧဝံ၊ ဤသို့လျှင်။ အဿ၊ ထိုအမ္ဗဋ္ဌလုလင်အား။ အညေသံ၊ အခြားသောအလေးပြုထိုက်သူတို့၏။ သန္တိကံ၊ အထံသို့။ အာဂတာနံ၊ လာကုန်သောလူကောင်းသူကောင်းတို့၏။ ဝတ္တံ၊ ကျင့်ဝတ်ကို။ ဒဿေတွာ၊ ပြတော်မူပြီး၍။ မာနနိဂ္ဂဏှနတ္ထံ၊ မာနကို နှိပ်ခြင်းအကျိုးငှာ။ အဝုသိတဝါယေဝ ခေါ ပနာတိ အာဒိံ၊ အစရှိသောစကားကို။ အာဟ၊ ပြီ။
တဿ၊ အဝုသိတဝါ အစရှိသောစကား၏။ အတ္ထော၊ အနက်ကား။ ဘော၊ အို လုလင်တို့။ (လိုက်လာသောလုလင်ငယ်တို့ကို ခေါ်တော်မူသည်။) ပဿထ၊ ကြည့်ကြကုန်လော။ အမ္ဗဋ္ဌော၊ သော။ အယံ မာဏဝေါ၊ သည်။ အာစရိယကုလေ၊ ဆရာ၏အိမ်၌။ ဝါ၊ ဆရာ့ကျောင်း၌။ အဝုသိတဝါ၊ ကျင့်သုံးပြီးသူ မဟုတ်သည်။ အသိက္ခိတော၊ အာစာရကို သင်ပြီးသူ မဟုတ်သည်။ (အသိက္ခိတတ္တာ= အာစာရကို သင်ပြီးသူမဟုတ်သည်၏ အဖြစ်ကြောင့်...ဟေတုမန္တ ဝိသေသန။)ဣဒံ ဝုတ္တံ ဟောတိ။ ။ ပါဠိတော်၌သူတစ်ပါးအထံသို့ လာသောလူကောင်း သူကောင်းတို့၏ကျင့်ဝတ်ထုံးစံကိုသာ ပြပါသော်လည်းဘုရားရှင် မိန့်တော်မူလိုရင်းမှာ အမ္ဗဋ္ဌအတွက်သာ မိန့်တော်မူလိုရင်း ဖြစ်သောကြောင့်"ဣဒံ ဝုတ္တံ ဟောတိ"ဟု ဥဇုကတ္ထကိုပြသည်။ ဆရာက စေခိုင်းအပ်သောရည်ရွယ်ချက်ကိစ္စကိုသာ နှလုံးသွင်းပါ-ဟူလို။
အဝုသိတဝါ။ ။ အတတ်ကိုသင်သူသည်ဆရာ၏အိမ် (ကျောင်း)၌သာ သင်ရသောကြောင့်ပကရဏအားလျော်စွာ "အာစရိယကုလေ"ဟု ထည့်၏။ ဆရာ့ကျောင်း၌"ဝုသိတ-ကျင့်သုံးပြီ" ဟူသည်သင်အပ်သောအတတ်ရှိပြီးသူတည်း။ ထိုအတတ်ဟူသည်ဝတ်နည်း စားနည်း သွားလာနည်း ပေါင်းသင်း ဆက်ဆံနည်းနှင့်တကွ စာအတတ်တည်း။ ထို့ကြောင့်အဝုသိတဝါကို"အသိက္ခိတော"ဟု ဖွင့်သည်။ အကျင့်ကိုသင်ပြီး မဟုတ်သူကို"အပ္ပဿုတ"ဟု ပြောရိုးရှိသောကြောင့်"အသိက္ခိတော"ကို"အပ္ပဿုတော"ဟု အဓိပ္ပာယတ္ထ ဖွင့်သည်။
ဝစနတ္ထ။ ။ အသိက္ခိတောတိ အာစာရံ အသိက္ခိတော"ဟု ဋီကာ၌အဝုတ္တကံ (အာစာရုံ)ကိုထည့်၍ဖွင့်သောကြောင့်"သိက္ခိတ္ထ-သင်ယူပြီးပြီ။ ဣတိ သိက္ခိတော"ဟု ကတ္တုသာဓ် ပြုသင့်၏။ "န + သိက္ခိတော အသိက္ခိတော"ဟု ဆက်ပါ။ သိက္ခိတောပုဒ်က ကတ္တားဟောဖြစ်လျှင် ဝုသိတဝါ၌လည်းအတိတ်ဟော ဝန္တုပစ္စည်းဟု ကြံမှသင့်မည်။ ဝုသိတ္ထာတိဝုသိတဝါ၊ န + ဝုသိတဝါ အဝုသိတဝါ။ [ဤသို့မကြံဘဲ "ဝုသိတံ-ကျင့်သုံးအပ် သင်အပ်ပြီးသောအတတ်သည်+ ယဿ အတ္တီတိ ဝုသိတဝါ"ဟုလည်းကောင်း, "သိက္ခီယတေတိ သိက္ခာ- သင်အပ် ကျင့်အပ်သောအတတ်။ သဉ္ဇာတော + သိက္ခာ ယဿာတိ သိက္ခိတော"ဟုလည်းကောင်း ပြု၍, ထို့နောက် "န + ဝုသိတဝါ အဝုသိတဝါ, န + သိက္ခိတော အသိက္ခိတော"ဟု ကမ္မဓာရဲကြံလျှင်လည်းသင့်မည်ထင်သည်။]
အပ္ပဿုတော၊ နည်းသောသုတရှိသူသည်။ သမာနောဝ၊ ဖြစ်ပါလျက်သာ။ (ဝုသိတမာနီ၌စပ်။)
**ဝုသိတမာနီတိ**၊ ကား။ အဟံ၊ သည်။ ဝုသိတဝါ၊ ကျင့်သုံးပြီးပြီ။ သိက္ခိတော၊ အာစာရကို သင်ပြီးပြီ။ ဗဟုဿုတော၊ များသောသုတရှိ၏။ ဣတိ၊ သို့။ အတ္တာနံ၊ မိမိကို။ မညတိ၊ မှတ်ထင်၏။ ["ဝုသိတော ဣတိ မညတီတိ ဝုသိတမာနီ" ဟု ပြု၍ တဿီလာဒီသု ဏီတွာဝီစ၌စသဒ္ဒါဖြင့်အတ္တမာနအနက်၌ဏီပစ္စည်းသက်။]
(ကသ္မာ၊ ကြောင့်။ အဝုသိတဝါ၊ သည်။ သမာနောဝ၊ ပါလျက်သာ။ အဟံဝုသိတဝါ၊ ပြီးပြီ။ ဣတိ အတ္တာနံ, မညတိ၊ ၏။ ဣတိ, ဝိညာယတိ၊ နည်း။) ဟိ(ယသ္မာ)၊ ကြောင့်။ ဧတဿ၊ ဤအမ္ဗဋ္ဌလုလင်၏။ ဧဝံ၊ သို့။ ဖရုသဝစနသမုဒါစာရေ၊ ကြမ်းတန်းသောစကားကို ပြောဆိုခြင်း၌။သမာနောဝ။ ။ "အဝုသိတဝါ. . . ဝုသိတမာနီ"ဟု ပါဠိတော်၌အဆက်ရှိ၏။ အဝုသိတဝါသည်အဆုံးသတ် (အပြီးသတ်) စကား မဟုတ်သေး။ ဝုသိတမာနီကိုငဲ့၍နေသောစကားတည်း။ထိုသို့ငဲ့ရာဝယ် ဝိသေသနသာမန်အဖြစ်ဖြင့်ငဲ့သည်မဟုတ်။ အဝုသိတဝါ အဖြစ်၏မနှစ်သက်ဖွယ် အရုစိအဖြစ်ဖြင့်ငဲ့သောကြောင့်"သမာနော"ဟု လက္ခဏပုဒ်ကိုထည့်၍ဆက်သွယ်ရသည်။ [ဝုသိတမာနီတိစ ပဒါပေက္ခာယ အပရိယောသိတဝစနတ္တာသမာနောတိ ပါဌသေသောတိ ဒဿေတိ အပ္ပဿုတောဝ သမာနောတိ ဣမိနာ။-ဋီကာသစ်၊]
ဧတဿ ဟိ။ ။ ပါဠိတော်၌"ဝုသိတမာနီ, ကိမညတြ အဝုသိတတ္တာ"ဟု ရှိ၏။ ထို"ကိမညတြ အဝုသိတတ္တာ" ဟူသောဟိတ်သည်မုဏ္ဍကာ သမဏကာ စသည်ဖြင့်ဖရုသဝစနကိုပြောဆိုခြင်း၌အကြောင်းတည်း။ ထိုသို့ပြောဆိုခြင်း၏အကြောင်းမှာ အာစရိယကုလ၌မသင်ခဲ့ခြင်းပင် ဖြစ်သည်-ဟူလို။ မှန်၏-အာစရိယကုလ၌ကျကျနန သင်ခဲ့သောဆရာကောင်း တပည့်သည်အပြောအဆို အနေအထိုင် ဆက်ဆံမှုတို့၌ပြေပြစ်၏, ငြိမ်သက်၏။ စာတတ်မှုမှစ၍အကြားအမြင် ဗာဟုဿစ္စဟူသည်လည်းငြိမ်သက်ဖို့ အကျိုးသာလျှင် ပဓာန ဖြစ်၏။ ပညာတတ်လေ ငြိမ်သက်ယဉ်ကျေးလေ-ဟူလို။ အမ္ဗဋ္ဌမှာ ထိုငြိမ်သက်မှု ယဉ်ကျေးမှုမရှိသောကြောင့်"အာစရိယကုလ၌မသင့်ရသေးသူ"ဟု မှန်းဆ၍သိနိုင်သည်-ဟူလို။
ဋီကာ။ ။ ဗာဟုဿစ္စံ ဟိ နာမ ယာဝဒေဝ ဥပသမတ္တံ ဣစ္ဆိတဗ္ဗံ-ဗာဟုဿစ္စံမည်သည်ကိုကိုယ် နှုတ် စိတ်တို့၏ငြိမ်သက်ခြင်းတိုင်အောင်သောအကျိုးငှာသာ အလိုရှိထိုက်၏ တဒဘာဝတော အမ္ဗဋ္ဌဿ (အမ္ဗဋ္ဌမှာ ထိုငြိမ်သက်မှု မရှိ-ကြွစောင်းစောင်းဖြစ်နေသောကြောင့်) အပ္ပဿုတော အသိက္ခိတော အဝုသိတောတိ ဝိညာယတိ၊ တေနာဟ ဧတဿဟီတိ။
["ဖရုသဝစနသမုဒါစာရေန"ဟုလည်းမူကွဲရှိ၏။ ကောင်းမည် မထင်။] အဝုသိတတ္တာ၊ ကျင့်သုံးပြီးသူ မဟုတ်သည်၏အဖြစ်ကို။ အညတြ၊ ကြဉ်၍။ ကာရဏံ၊ အကြောင်းသည်။ ကိံ၊ အဘယ်မှာရှိပါတော့နည်း။ (နတ္တိ ဧဝ၊ မရှိတော့သည်သာ။) ဣတိ၊ ကြောင့်။ (အဝုသိတဝါ သမာနောဝအဟံ, ဝုသိတဝါ၊ ပြီ။ ဣတိ အတ္တာနံ မညတိ။ ဣတိ ဝိညာယတိ။) [ဋီကာသစ် အဖွင့်ကို မလိုက်ဘဲ ဋီကာဟောင်းကို နည်းမှီ၍ အနက်ပေးပါသည်။] ဟိ၊ မှန်။ အာစရိယကုလေ၊ ၌။ အသံဝုဒ္ဓါ (ဧဝ)၊ မကြီးပွားရသူတို့သည်သာလျှင်။ အသိက္ခိတာ (ဧဝ)၊ အာစာရကို မသင်ခဲ့ရသူတို့သည်သာလျှင်။ အပ္ပဿုတာယေဝ၊ နည်းသောသုတရှိသူတို့သည်သာလျှင်။ ဧဝံ၊ ဤသို့ကြမ်းတန်းသောစကားကို။ ဝဒန္တိ၊ ပြောဆိုတတ်ကြကုန်၏။ ဣတိ၊ ဤကားအနက်တည်း။ [တဿတ္ထောကို ပြန်အုပ်သည်။]
**ကုပိတောတိ**၊ ကား။ ကုဒ္ဓေါ၊ စိတ်ဆိုးသည်။
**အနတ္တမနောတိ**၊ ကား။ အသကမနော၊ မိမိစိတ် မရှိသည်။ (ဟုတွာ, ဧတဒဝေါစ၌စပ်။) ပန၊ ပရိဟာရပက္ခမှ တစ်ပါးစောဒကပက္ခကို ဆိုဦးအံ့။ ဘဂဝါ၊ သည်။ တဿ၊ ထိုအမ္ဗဋ္ဌလုလင်၏။ ကုဇ္ဈနဘာဝံ (ကုဇ္စျမာနဘာဝံ)၊ စိတ်ဆိုးလတ္တံ့၏ အဖြစ်ကို။ (ကုဇ္ဈမာနဘာဝံ ရှိလျှင် ကောင်း၏။) ဉတွာ၊ သိတော်မူ၍။ ဝါ၊ သိတော်မူပါလျက်။ ဧဝံ၊ သို့။ အာဟကိံ၊ မိန့်တော်မူသလော။ ဥဒါဟု၊ သို့မဟုတ်။ အဉတွာ၊ သိတော်မမူ၍။ (အာဟကိံ၊ လော။) ဣတိ၊ ဤကား အမေးတည်း။ (ဘဂဝါ, တဿ, ကုဇ္ဈနဘာဝံ၊ ကုဇ္ဈမာန ဘာဝံ။)
ဥတွာ၊ ၍။ အာဟ၊ ပြီ။ ဣတိ၊ ဤကား အဖြေတည်း။
ကသ္မာ၊ ကြောင့်။ ဥတွာ၊ ၍။ ဝါ၊ သိတော်မူပါလျက်။ အာဟ၊ နည်း။ ဣတိ၊ ဤကား အမေးတည်း။အဝုသိတတ္တာတိ။ ။ ဤ၌ဣတိသဒ္ဒါ ပါသောကြောင့်လည်းကောင်း, ဋီကာ၌"အဝုသိတောတိ ဝိညာယတိ"ဟု ဝိညာယတိကြိယာကိုထည့်ထားသောကြောင့်လည်ကောင်း, "ဧတဿ ဟိ ၊ပေ၊ အဝုသိတတ္တာ" ဟူသောဟိတ်ကိုဉာပကဟိတ်ဟုမှတ်ပါ။ ထို့ကြောင့်"ကသ္မာ ဝိညာယတိ" ထည့်၍အနက်ပေးထားသည်။ အာစရိယကုလေ စသောနောက်ဝါကျ ကား ကိမညတြ အဝုသိတတ္တာ၏ဒဠှီကရဏဝါကျတည်း။ ဟိတ်နောက်ဖြစ်သော်လည်းဝိတ္ထာရမဟုတ်။
အနတ္တမနော။ ။ အတ္တကို"သက"ဟု ဖွင့်၏။ သက၌သ သဒ္ဒါသည်အတ္တ (မိမိ) အနက်ဟောတည်း။ အတ္တနော + မနော အတ္တမနော၊ သဿ + အယံသကော-မိမိ၏ဥစ္စာ။ သကော + မနော သကမနော၊ ဒေါသ၏အလိုသို့ လိုက်နေရသောစိတ်သည်မိမိ၏အလိုကျ စိတ်မဟုတ်။ မိမိစိတ်ကိုမထိန်းနိုင်သောကြောင့်ဒေါသ ထွက်ရကား ရန်သူတို့၏သဘောကျစိတ်သာ ဖြစ်သည်။ နတ္ထိ + အတ္တမနော ယဿာတိ အနတ္တမနော၊ နတ္ထိ ကမနော ယဿာတိ အသကမနော။ [ကောဓဝသစိတ္တတာယ-ကောဓ၏အလို၌ဖြစ်သောကောဓ၏အလိုသို့ လိုက်ရသောစိတ်ရှိသည်၏အဖြစ်ကြောင့်။ အသကမနော-မိမိ၏ဥစ္စာ ဖြစ်သောစိတ်ရှိသူ မဟုတ်။-ဋီကာ။]
တဿ၊ ထိုအမ္ဗဋ္ဌလုလင်၏။ မာနနိမ္မဒနတ္ထံ၊ မာန်၏ မယစ်ခြင်းအကျိုးငှာ။ (အာဟ၊ ပြီ။) (ဣတိ၊ ဤကား အဖြေတည်း။) ["ကသ္မာ" ဟု အကြောင်းဖြင့်မေးသော်လည်းဖြေသောအခါ "အတ္ထံ" ဟု အကျိုးဖြင့်ဖြေနိုင်သည်။]
ဟိ၊ ချဲ့။ ဘဂဝါ၊ သည်။ အညာသိ၊ ကြိုတင်၍ သိတော်မူပြီ။ (ကိံ၊ နည်း။) အယံ၊ ဤအမ္ဗဌလုလင်သည်။ ဝါ၊ ကို။ မယာ၊ ငါသည်။ ဧဝံ၊ သို့။ ဝုတ္တော၊ ပြောဆိုအပ်သည်။ (သမာနော၊ သော်) ကုဇ္ဈိတွာ၊ စိတ်ဆိုး၍။ မမ၊ ငါ၏။ ဉာတုကေ၊ ဆွေတော် မျိုးတော်တို့ကို။ အက္ကောသိဿတိ၊ ဆဲရေးလတံ့။
အထ၊ ထိုအခါ၌။ အဿ၊ ထိုအမ္ဗဋ္ဌလုလင်၏။ (မာနဒ္ဓဇံ၌စပ်။) အဟံ၊ သည်။ ယထာနာမ၊ ဥပမာမည်သည်ကား။ ကုသလော၊ ကျွမ်းကျင်သော။ ဘိသက္ကော၊ သမားတော်သည်။ ဒေါသံ၊ သလိပ်သည်းခြေ လေဟူသောအပြစ်ကို။ ဥဂ္ဂိလေတွာ၊ ထွေးအန်စေ၍။ နီဟရတိယထာ၊ ထုတ်ဆောင်သကဲ့သို့။ ဧဝမေဝ၊ သာလျှင်။ ဂေါတ္တေန၊ အပြစ်ရှိသောရှေးအနွယ်ဖြင့်။ ဂေါတ္တံ၊ အပြစ်ကင်း၏ဟု သမုတ်အပ်သောယခုအနွယ်ကို။မာနနိမ္ဗဒနတ္ထံ။ ။ မာနဿ-မာန်၏+ နိမ္မဒနံ-မယစ်ခြင်းတည်း။ မာနနိမ္မဒနံ-ခြင်း။မဒဓာတ်သည်မူးယစ်ခြင်း မာန်ယစ်ခြင်း အနက်ကိုဟော၏။ ထို့ကြောင့်"နိမ္မဒန-မယစ်ခြင်း"ဟု သဒ္ဒတ္ထ မှတ်ပါ။ ထိုသဒ္ဒတ္ထကိုပင် ဋီကာသစ်၌"အမဒနတ္ထံ ဝါ မာနမဒ ဝိရဟတ္တံတိ အတ္ထော"ဟု ဖွင့်သည်။] မာန်မာနဖြင့်ယစ်မူးနေသူ မာန်တက်နေသူဖြစ်ရကား ထိုမာန်ယစ်မှု၏ကင်းခြင်းအကျိုးငှာ "စိတ်ဆိုးမည်ကိုသိတော်မူပါလျက် မိန့်တော်မူသည်" ဟူလို။
မှတ်ချက်။ ။ ဋီကာသစ်၌"အဘိမဒ္ဒန တ္ထံ"ဟု ပဌမဖွင့်သောအနက်သည်"နိမ္မဒနတ္ထံ"ဟု မဒ္ဒဓာတ်ဖြင့်ရှိမှ လျော်၏။ မဒ္ဒဓာတ်ကား နှမ်နင်းခြင်းအနက်ဟောတည်း။ ဤ၌"နိမ္မဒန"ဟု ရှိသောကြောင့်အဘိမဒ္ဒနအနက် မဖြစ်နိုင်။ သို့သော် အဓိပ္ပာယ်ကား သင့်ပါ၏။
ဧဝံ ဝုတ္တော။ ။ နောက်စာအုပ်များ၌"အယံ မယာ ဧဝံ ဝုတ္တေ" တွေ့ရ၏။ ဝုတ္တေ၌ဝစဓာတ်သ်ည "ဒုဟယာစရုပုစ္ဆ, ဘိက္ခသာသ ဝစာဒယော" နှင့်အညီ ပုစ္ဆဓာတ် ကဲ့သို့ဒွိကမ္မကတည်း။ "အာယသ္မာ အာနန္ဒော ပုဋ္ဌော ဝိသဇ္ဇေသိ" ကဲ့သို့ ဤ၌လည်း"ဝုတ္တော"ဟု ရှိမှ အယံနှင့် လိုက်လျောမည်။ ဝုတ္တောနှင့် အယံကား မလိုက်လျောပါ။
ဒေါသံ ဥဂ္ဂလေတွာ။ ။ သလိပ်သည်းခြေ လေဟူသောအပြစ်ကို"ဒေါသ"ဟု ခေါ်၏။ ဂိလဓာတ်သည်မျိုခြင်းအနက်ဟောတည်း။ ဥ ဥပသာရကြောင့်အန်ထုတ်ခြင်း အနက်ကိုဟောသည်။ သလိပ်စသောအပြစ်တို့သည်နဂိုခြောက်ကပ်နေသောကြောင့်အန်ထွက်အောင် မတတ်နိုင်။ ဆီကိုသောက်စေသောအခါ ပျော့လာ၏။ ထိုပျော့နေသောအပြစ်တို့ကိုအန်ထွက်အောင်ပြု၍-ဟူလို။ [ဒေါသံ ဥဂ္ဂိလေတွာတိ သေဟပါနေန ကိလိန္နံ ဝါတဝိတ္တသေမှဒေါသံ ဥဗ္ဗမနံ (အထက်သို့ အန်ထွက်သည်ကို) ကတွာ၊-ဋီကာသစ်။]
ကုလာပဒေသေန၊ ညွှန်ပြကြောင်းဖြစ်သောရှေးအမျိုးဖြင့်။ ကုလာပဒေသံ၊ ညွှန်ပြကြောင်းဖြစ်သောယခုအမျိုးကို။ ဥဋ္ဌာပေတွာ၊ သာဝဇ္ဇ အဖြစ်ဖြင့်ပေါ်တက်စေ၍။ (သာဝဇ္ဇအဖြစ်ဖြင့်ထင်ရှားစေ၍။) ဘဝဂ္ဂပ္ပမာဏေန၊ ဘဝဂ်ပမာဏအားဖြင့်။ ဥဋ္ဌိတံဝိယ၊ အထက်၌တည်သကဲ့သို့ ဖြစ်သော။ ဝါ၊ ထောင်လွှားသကဲ့သို့ ဖြစ်သော။ မာနဒ္ဓဇံ၊ မာနတည်းဟူသောအလံကို။ မူလေ၊ အရပ်းအမြစ်၌။ ဝါ၊ အရပ်းအမြစ်က။ ဆေတွာ၊ ဖြတ်၍။ နိပါတေဿာမိ၊ ကျစေအံ့။ ဣတိ၊ သို့။ (အညာသိ၊ ပြီ။)
**ခုံသေန္တောတိ**၊ ကား။ ဃဋ္ဋေန္တော၊ ထိခိုက်လိုသည်။ [ခုံသဓာတ်သည် ဆဲရေးခြင်းအနက်ဟောတည်း။ အနွယ်ကို ထိခိုက်၍ ဆဲသောကြောင့် "ဃဋ္ဋေန္တော" ဟု ဖွင့်သည်။]
**ဝမ္ဘေန္တောတိ**၊ ကား။ ဟီ‌ဠေန္တော၊ ရှုံ့ချလိုသည်။ (ဟုတွာ, ဧတဒဝေါစ၌စပ်။) [ဝဘိဓာတ်သည် ရှုံ့ချခြင်းအနက်ဟောတည်း။]
**ပါပိတော ဘဝိဿာမီတိ**၊ ကား။ စဏ္ဍဘာဝါဒိဒေါသံ၊ ကြမ်းတန်းသူ၏အဖြစ် အစရှိသောအဖြစ်သို့။ [အာဒိဖြင့်"ဖရုသာလဟုသာ" စသည်ကိုယူ။] ပါပိတော၊ ရောက်စေအပ်သည်။ ဘဝိဿတိ ဖြစ်လတ္တံ့။ဂေါတ္တေန ဂေါတ္တံ။ ။ ဘုရားရှင် မေးတော်မူအပ်သည်ဖြစ်၍အမ္ဗဋ္ဌကိုယ်တိုင် ဖြေဆိုအပ်သောအပြစ်ရှိသောရှေးအနွယ်ကို"ဂေါတ္တေန"ဟု ဆို၍, ယခုအခါ၌အပြစ်မရှိဟု အသိအမှတ် ပြုအပ်သောအနွယ်ကို"ဂေါတ္တံ"ဟုဆိုသည်။ အပြစ်ရှိသောရှေးအနွယ်ဖြင့်အပြစ်မရှိဟု သမုတ်အပ်သောယခုအနွယ်ကို။
ဥဋ္ဌာပေတွာ။ ။ "သာဝဇ္ဇတော ဥဋ္ဌာပေတွာ-သာဝဇ္ဇအဖြစ်အားဖြင့်အထက်၌တက်စေ၍, အပြစ်ရှိသောအနွယ်ဟု ထုတ်ဖော်၍" ဟူလို၊ သာဝဇ္ဇတော ဥဋ္ဌာပေတွာ ဥဒ္ဓရိတွာ၊-ဋီကာ။
ဂေါတ္တနှင့် ကုလာပဒေသ။ ။ ဂေါတ္တဟူသည်ထိုအနွယ်အဆက်၌အစအဆုံး ယောက်ျားကိုစွဲ၍ရအပ်သောအနွယ်တည်း။ ကုလာပဒေသဟူသည်ကား ထိုအနွယ်၌ထင်ရှားသောယောက်ျားကိုအကြောင်းပြု၍ဖြစ်သောအမျိုးတည်း။ ဥပမာ-အဒိတိနတ်သမီး၏သားဖြစ်သောပဌမယောက်ျားကိုစွဲ၍ဘုရားရှင်၏အနွယ်ကို"အာဒိစ္စဂေါတ္တ"ဟု ဆိုရသကဲ့သို့လည်းကောင်း, သိကြားမင်း၏မဃလုလင်ဘဝ၌ထင်ရှားသောကြောင့်ထိုမဃ လုလင်ကိုအစွဲပြု၍ထိုအမျိုးကို"မဃဝကုလ"ဟု ခေါ်ရသကဲ့သို့လည်းကောင်းတည်း။ [အပဒေသ-ထိုအမျိုး၌ဖြစ်သူကို(မည်သည့်အမျိုးသား)ဟု ညွှန်ပြကြောင်း။]
မူလေ ဆေတွာ။ ။ အမ္ဗဋ္ဌ၏ရှေးအနွယ်မှာ ကဲ့ရဲ့စရာဖြစ်သောကြောင့်မာန၏တည်ရာ မဟုတ်။ ထိုသို့ မဟုတ်ပုံကိုထင်ရှားပြသောအားဖြင့်မာနတံခွန်ကိုအရင်းအစ၌ငြတ်၍ကျစေတော်မူအံ့-ဟု ကြံတော်မူသည်။
ပါပိတော ဘဝိဿတိ။ ။ အမ္ဗဋ္ဌ၏စကားသည်"စဏ္ဍာ သကျဇာတိ" စသည်ဖြင့်သာကီဝင်တို့ကိုတိုက်ရိုက်ဆဲအပ်သောစကားဖြစ်၏။ သို့သော် သာကီဝင်မင်းမျိုးတို့ကိုစဏ္ဍာ, ဖရုသာ, လဟုသာ စသည်ဖြင့်အပြစ် ပြောလိုက်လျှင် ထိုသာကီဝင်အမျိုးတွင်ပါဝင်သောဘုရားရှင်ကိုလည်းစဏ္ဍဘာဝ စသောအပြစ်သို့ ရောက်စေသည်မည်၏။ [သာကီ ယေသု စဏ္ဍဘာဝါဒိဒေါသံ ပါပိတေသု သမဏောပိ ဂေါတမော ပါပိတော ဘဝိဿတီတိ အဓိပ္ပာယော။]
**စဏ္ဍာတိ**၊ ကား။ မာနနိဿိတကောဓယုတ္တာ၊ မာနကို မှီသောဒေါသနှင့်ယှဉ်၏။
**ဖရုသာတိ**၊ ကား။ ခရာ၊ စိတ်အား နှုတ်အားဖြင့်ကြမ်းတန်း၏။
**လဟုသာတိ**၊ ကား။ လဟုကာ၊ ပေါ့ဆ၏။
အပ္ပကေနေဝ၊ အနည်းငယ်သောအကြောင်းကြောင့်ပင်။ တုဿန္တိဝါ၊ နှစ်သက်မူလည်းနှစ်သက်တတ်ကုန်၏။ [ဤနေရာ၌ပုဂ္ဂိုလ်ကို အရကောက်ရသောကြောင့် ဗဟုဝုစ်ထားသည်။] ဒုဿန္တိဝါ၊ စိတ်ပျက်မူလည်းစိတ်ပျက်တတ်ကုန်၏။မှတ်ချက်။ ။ ပါဠိတော်၌"သမဏောစ မေ (ဘော) ဂေါတမော"ဟု ဘောသဒ္ဒါကိုတွေ့ ရ၏။ အမ္ဗဋ္ဌ၏တိုက်ရိုက်ထုတ်ဖော်၍ပြောအပ်သောစကားမဟုတ်, စိတ်ဖြင့်ရည်ရွယ်အပ်သောအဓိပ္ပာယ်ဖြစ်သောကြောင့်ပါဠိတော်၌ဘောသဒ္ဒါ မပါသင့်ဟု ထင်သည်။
စဏ္ဍာ။ ။ စု+ဘူ စဏ္ဍ (စဍိ) ဓာတ်သည်ကြမ်းတန်းခြင်း အနက်ကိုဟော၏။ အပစ္စည်း၊ စဏ္ဍတီတိ စဏ္ဍာ၊ သကျဇာတိကိုငဲ့၍ဣတ္ထိလိန်ဧကဝုစ်ချည်း မှတ်ပါ။ ကြမ်းတန်းခြင်း၏အကြောင်းသည်ကောဓ (ဒေါသ)တည်း။ မာနသည်ထိုဒေါသအား ပကတူပနိဿယသတ္တိဖြင့်ကျေးဇူးပြု၏။ မာနကိုအရင်းခံ၍ပြင်းထန်သောဒေါသဖြစ်တတ်သည်-ဟူလို။ ထို့ကြောင့်"မာနနိဿိတကောဓယုတ္တာ"ဟု သဘာဝတ္ထကိုဖွင့်သည်။ [ဖရုသာ၌စိတ်ကြမ်း နှုတ်ကြမ်းကိုဖွင့်လတံ့ဖြစ်သောကြောင့်စဏ္ဍအရကိုယ်ကြမ်းကိုယူပါ။ ယခုခေတ်၌လည်းဒေါသဖြစ်သောအခါ မာနကိုအရင်းခံ၍ထိုထိုအမှုကိုပြုလုပ်ရာဝယ် ဆောင့်အောင့်၍ပြုလုပ်တတ်ကြသည်။ ယုတ္တဟူရာ၌သံယုတ္တ (ယှဉ်စပ်ခြင်း)တည်း။ စေတသိက်ယှဉ်ခြင်းမျိုး မဟုတ်ပါ။]
ဖရုသာ-ခရာ။ ။ ပါလန, ပူရဏအနက်ဟော ပြီဓာတ် ဥသန်ပစ္စည်းဖြင့်သက္ကတ၌"ပရုသံ"ဟု ရှိ၏။ အကြမ်းကိုလည်းကောင်း, ကြမ်းတန်းသောစကားကိုလည်းကောင်း ဟော၏။ ပါဠိ၌ပကိုဖပြု၍"ဖရုသံ"ဟု ဖြစ်၏။ ပရတိ ပူရတိ-စိတ်ကြမ်း နှုတ်ကြမ်း ၂ မျိုး ပြွမ်းလျက် အကြမ်းဖြင့်ပြည့်နေ၏။ ဣတိ ဖရုသာ (သကျဇာတိ)။ [အဘိဓာနပ္ပဒီပိကာသူစိ၌တစ်မျိုးကြံလေသည်။] ခရဓာတ်လည်းကြမ်းတန်းခြင်း အနက်ကိုပင် ဟော၏။ ခရတီတိခရာ (ကြမ်းတန်း၏)။ ဤသို့အနက်တူသောကြောင့်ဖရုသာကို"ခရာ"ဟု ပရိယာယသံဝဏ္ဏနာ ဖွင့်သည်။ [ခရာတိ စိတ္တေန ဝါစာယစ ကက္ခဠာ။]
လဟုသာ-လဟုကာ။ ။ လဃိဓာတ် ဥပစ္စည်းဖြင့်သက္ကတ၌လဃုသည်ပါဠိ၌ဃကိုဟပြု၍"လဟု"ဟု ဖြစ်၏။ [ပါဠိဝယ် ဘုန်းတော် ၆ ပါးကိုပြရာ၌"လဃု နော+ ဘာဝေါ လဃိမာ"ဟု အနည်းငယ်တွေ့ရ၏။] "လင်္ဃတိ လဟုဘာဝေန ပဝတ္တတီတိ လဟု"ဟု ပြု၍သွတ္ထ၌သပစ္စည်း, ကပစ္စည်းသက်လျှင် "လဟုသာ, လဟုကာ"ဟု ဖြစ်၏။ နိဿာရ- အနှစ်မရှိသောအရာ, အဂရု-မလေးသော(ပေါ့သော) အရာတို့ကိုဟော၏။ ဤ၌အနှစ်မရှိသောနုသောအရာနှင့်တူသောကြောင့်"လဟုကာတိ တရုဏာ"ဟု ဋီကာဖွင့်သည်။
ဥဒကပိဋ္ဌေ၊ ရေအပြင်၌။ အလာဗုကဋာဟံ ဝိယ၊ ဗူးတောင်း ဗူးခွက်သည်ကဲ့သို့။ အပ္ပကေနေဝ၊ ပင်။ ဥပ္လဝန္တိ၊ ပေါ်လွင်ထင်ရှားတတ်ကုန်၏။
**ဘဿာ**တိ၊ ဘဿာဟူသောဤစကားကို။ (ဝဒတိ၌စပ်။) ဗဟုဘာဏိနီ၊ များစွာ ပြောဆိုတတ်၏။
သကျာနံ၊ သာကီဝင်တို့၏။ မုခေ၊ ပါးစပ်ကို။ ဝိဝဋေ၊ ဖွင့်အပ်ပြီးသော်။ အညဿ၊ အခြားသူ၏။ ဝစနောကာသော၊ ပြောဆိုခွင့်သည်။ နတ္ထိ၊ မရှိတော့။ ဣတိ အဓိပ္ပာယေနေဝ၊ ဤသို့သောအလိုဖြင့်သာ။ ဝဒတိ၊ ပြောဆို၏။
**သမာနာ**တိ ဣဒံ၊ သမာနာဟူသောဤပုဒ်သည်။ သန္တာတိ၊ သန္တာဟူသော။ ပုရိမပဒဿ၊ ရှေ့ပုဒ်၏။ [အချို့စာအုပ်၌ ဧဝသဒ္ဒါပါ၏။] ဝေဝစနံ၊ ဝေဝုစ်ပရိယာယ် စကားလှယ်တည်း။
**န သက္ကရောန္တီတိ**၊ ကား။ ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့အား။ သုန္ဒရေန၊ ကောင်းသော။ အာကာရေန၊ အခြင်းအရာအားဖြင့်။ နကရောန္တိ၊ မပြုကြကုန်။
**န ဂရုံ ကရောန္တီတိ**၊ ကား။ ဗြာဟ္မဏေသု၊ တို့၌။ ဂါရဝံ၊ ရိုသေလေးစားခြင်းကို။ န ကရောန္တိ။ ["ဂရု"ကို ဂါရဝံဟု ဖွင့်သောကြောင့် ဂရုအရ ပုဂ္ဂိုလ်ကို အရမကောက်ဘဲ အလေးပြုခြင်းကြိယာကို အရကောက်ပါ၊ ဟု သိစေ၏။အပ္ပကေနေဝ ၊ပေ၊ ဥပ္လဝန္တိ။ ။ သာကိယဇာတ်တွင် ပါဝင်သူတို့၏နုပုံ စိတ်သဘော သေးငယ်ပုံကိုပြလို၍"အပ္ပကေနေဝ" စသည်ကိုမိန့်သည်။ အနည်းငယ်သောဣဋ္ဌာရုံကြောင့်ပျော်ရွှင်, အနိဋ္ဌာရုံကြောင့်စိတ်ပျက်တတ်ရကား စိတ်နေ အလွန်နုကြ, ကလေးဆန်ကြသည်။ ဗူးတောင်း ဗူးခွက်သည်ရေအနည်းငယ်၌ပေါ်တက်နေသကဲ့သို့ ပေါ့ပေါ့ဆဆနှင့် အလွန်ပေါ်လွင်ကြသည်-ဟူလို။ [ယခုခေတ် ကလေးသူငယ်တို့နှင့်တကွ စိတ်နေ စိတ်ထား နုသူများလည်းဤသဘောအတိုင်းပင် ဖြစ်တတ်ကြသည်။]
ဘဿာ။ ။ ဘာသဓာတ် ကတ္တားဟော ဏျပစ္စည်းကြံ၍ဘာသတိ-အလွန်စကား ပြော၏။ စကားများ၏။ ဣတိ, ဘဿာ၊ ပါဠိတော်၌"ဘဿာ ၊ပေ၊ သကျဇာတိ"ဟု ဣတ္ထိလိန် ဧကဝုစ်ရှိသောကြောင့်"ဗဟုဘာဏိနော" နေရာဝယ် "ဗဟုဘာဏိနီ"ဟု ရှိလျှင်ကောင်းမည် ထင်သည်။
ဋီကာတစ်မျိုး။ ။ ဘဿာကို"သာဟသိက-အနိုင်အထက် နှိပ်စက် ပြောဆို တတ်၏"ဟုကေစိဝါဒကိုလည်းကောင်း, "သာရမ္ဘကာ-ချုပ်ချယ် စော်ကားတတ်၏"ဟု အပရေဝါဒကိုလည်းကောင်း ဋီကာ၌အဋ္ဌကထာဝါဒမှ တစ်နည်းပြသေး၏။ ထိုအနက်များကိုဟောရာ၌ဘာသဓာတ် မဟုတ်, စုရာဒိ ဘဿဓာတ်ဟု မှတ်ပါ။ ထိုဘဿဓာတ်ကား ဆဲရေးခြင်း အနက်ကိုဟောသောကြောင့်ထိုအဖွင့်များနှင့် လိုက်လျောသည်။
သမာနာ။ ။ ပါဠိတော်၌"ဣဗ္ဘာသန္တာ ဣဗ္ဘာသမာနာ"ဟုရှိ၏။ သမာနာသည်သန္တာဟူသောရှေ့ပုဒ်၏ဝေဝုစ်ပရိယာယ်တည်းဟု ဖွင့်သဖြင့်"သန္တာ"၌သူတော်ကောင်းဟု မပေးရ။ အသဓာတ် အန္တပစ္စည်းဖြစ်သောကြောင့်"သန္တာ-ဖြစ်ပါကုန်လျက်"ဟု ပေးရကြောင်းကိုသိစေသည်။
န သက္ကရောန္တိ။ ။ သံပုဗ္ဗ ကရဓာတ်တည်း။ "သံ"ကို"သုန္ဒရေနာကာရေန"ဟု အဓိပ္ပာယတ္ထ ဖွင့်သည်။ သဒ္ဒတ္ထမှာ "သံ-ကောင်းစွာ"ဟု ဖြစ်၏။ "န သက္ကရောန္တိ-ကောင်းစွာ မပြုကြကုန်"ဟုသာ ပါဠိတော်၌ပေးပါ။ [န သက္ကရောန္တီတိ သက္ကာရံ န ကရောန္တီတိအတ္ထမေဝ ဝိညာပေတိ န ဗြာဟ္မဏာနံတိ အာဒိနာ-န ဗြာဟ္မဏာနံ စသောအဖွင့်ဖြင့်န သက္ကရောန္တိအတွက် "သက္ကာရံ (ကောင်းစွာပြုမှုကို) န ကရောန္တိ" ဟူသောအနက်ကိုပင် သိစေ၏။]
"ဂရုံ၊ အလေးအမြတ်ကို။ နကရောန္တိ၊ မပြုကြကုန်" ဟု ပါဠိတော်၌ပေးပါ။]
**န မာနေန္တီတိ**၊ ကား။ မနေန၊ စိတ်ဖြင့်။ န ပိယာယန္တိ၊ ချစ်ခြင်းကို မပြုကြကုန်။ ["ပိယံ" ဟူသောနာမ်ပုဒ်နောင် ကရဓာတ်၏ အနက်၌အာယပစ္စည်းသက်၍ "ပိယာယ" " ဟု ဖြစ်၏။]
**န ပူဇေန္တီတိ**၊ ကား။ မာလာဒီဟိ၊ ပန်းအစရှိသောပူဇော်ဖွယ်တို့ဖြင့်။ နေသံ၊ ထိုပုဏ္ဏားတို့အား။ ပူဇံ၊ ပူဇော်မှုကို။ န ကရောန္တိ။
**န အပစာယန္တိတိ**၊ ကား။ အဘိဝါဒနာဒီဟိ၊ ရှိခိုးခြင်းအစရှိသည်တို့ဖြင့်။ နေသံ၊ ထိုပုဏ္ဏားတို့အား။ အပစိတိကမ္မံ၊ အရိုအသေပြုမှုကို။ နီစဝုတ္တိံ၊ နှိမ့်ချသောဖြစ်ခြင်းကို။ န ဒဿေန္တိ၊ မပြကြကုန်။ **တယိဒံ**တိ၊ တယိဒံဟူသောပုဒ်၏။ တံ ဣဒံ (ဣတိ ပဒစ္ဆေဒေါ)၊ တံ ဣဒံဟု ပုဒ်ဖြတ်ခြင်းကို။ (ကာတဗ္ဗော။) [တံ ဣဒံ၊ ထိုသက္ကာရ စသည်ကို မပြုခြင်းသည်။ ("နစ္ဆန္နံ, နပ္ပတိရူပံ" တို့၌စပ်။)]
ဣမေ သကျာ၊ ဤသာကီဝင်တို့သည်။ ဗြာဟ္မဏေ၊ တို့ကို။ န သက္ကရောန္တိ၊ ကောင်းစွာမပြုကြကုန်။ ပေ၊ န အပစာယန္တိ၊ မရိုသေကြကုန်။ တေသံ၊ ထိုသာကီဝင်တို့၏။ အသက္ကာရကရဏာဒိ၊ သက္ကာရကို မပြုခြင်းအစရှိသော။ တံ သဗ္ဗံ၊ ထိုအလုံးစုံသောအမှုသည်။ နံ ယုတ္တံ၊ မိမိအမျိုးဇာတ်အား မသင့်။ နာနု လောမံ၊ မိမိအမျိုးဇာတ်အားမလျော်။ ဣတိ အတ္ထော။ [အတ္တနော ဇာတိယာန အနုစ္ဆဝိကံတိ အတ္ထော။ ဋီကာ။ ဗြာဟ္မဏတို့ကို ထောက်လျှင် အောက်တန်း ဖြစ်သောမိမိ၏ ခတ္တိယဇာတ်အား မလျော်။ "အောက်တန်းလူသည် မိမိထက် အထက်တန်းကျသောလူကို ရိုသေမှ လျော်သည်" ဟု ဆိုလိုသည်။]အပစာယန္တိ။ ။ အပ + စာယဓာတ်သည်ပူဇာအနက်ကိုပင် ဟော၏။ သို့သော် ပူဇေန္တိနှင့် အဓိပ္ပာယ်ကွဲအောင် အပစိတိကမ္မံဟု ဖွင့်၍, အပစိတိကမ္မကိုပင် "နိစဝုတ္တိံ"ဟု ထပ်ဖွင့်သည်။[အပစိတိ၌အပ + စိဓာတ် တိပစ္စည်း၊ နီစ-နှိမ့်ချအပ်သော+ ဝုတ္တိ-ဖြစ်ခြင်း။ မိမိကိုယ်ကိုနှိမ့်ချသောဖြစ်ခြင်းဟူသည်ဗြာဟ္မဏတို့ကိုရိုသေခြင်း, အထက်၌ထားခြင်းတည်း။ ဋီကာ၌"အပစိတိ ကမ္မံတိ ပဏိပါတကမ္မံ"ဟု ဖွင့်၏။ ပဏိပါတ၏အဓိပ္ပာယ်ကိုသာမညဖလသုတ် သရဏဂုံအခန်း၌ပြခဲ့ပြီ။]