ဩဋ္ဌဒ္ဓေါတိ၊ ကား။
အဒ္ဓွေဋ္ဌတာယ၊ ထက်ဝက်သော အထက်နှုတ်ခမ်းရှိသည်၏ အဖြစ်ကြောင့်။
ဧဝံ၊ ဤသို့ ဩဋ္ဌဒ္ဓဟူ၍။
လဒ္ဓမာနော၊ ရအပ်သော အမည်ရှိသော။
(လိစ္ဆဝိပိ ၌စပ်)။
မဟတိယာ လိစ္ဆဝိပရိသာယာတိ၊ ကား။
ပုရေဘတ္တံ၊ ဆွမ်း၏ ရှေ့အဖို၌။
ဗုဒ္ဓပ္ပမုခဿ၊ ဘုရားအမှူးရှိသော။
ဘိက္ခုသံဃဿ၊ ရဟန်းသံဃာတော်အား။
ဒါနံ၊ အလှူကို။
ဒတွာ၊ ပေးလှူပြီး၍။
ဘဂဝတော၊ ၏။
သန္တိကေ၊ ၌။
ဥပေါသထင်္ဂါနိ၊ ဥပုသ်၏ အင်္ဂါတို့ကို။
အဓိဋ္ဌဟိတွာ၊ ဆောက်တည်ပြီး၍။
ဂန္ဓမာလာဒီနိ၊ နံ့သာပန်း အစရှိသော ပူဇော်ဖွယ်တို့ကို။
ဂါဟာပေတွာ၊ ယူစေပြီး၍။
ဥဂ္ဃေါသနာယ၊ ကြွေးကြော်ခြင်းအားဖြင့်။
(အများလိုဖို့ရန် ကြွေးကြော်ခြင်းအားဖြင့်)။
မဟတိံ၊ စည်းဝေးစေပြီး၍။
နီလပီတာဒိဝဏ္ဏဝတ္ထာဘရဏ ပဋိမဏ္ဍိတာယ၊ အညို အရွှေ အစရှိသော အဆင်းရှိသော အဝတ်တန်ဆာ နံ့သာပျောင်းတို့ဖြင့် တန်ဆာဆင့်အပ်သော။
တာဝတိံသပရိသသပ္ပဋိဘာဂါယ၊ တာဝတိံသာပရိသတ်နှင့်တူသော အဖို့ရှိသော။
မဟတိယာ၊ ကြီးစွာသော ။
တာယ လိစ္ဆဝိ ပရိသာယ၊ ထို လိစ္ဆဝိပရိသတ်နှင့်။
သဒ္ဓိံ, ဥပသင်္ကမိ၊ သွားပြီ။ဩဋ္ဌဒ္ဓေါ။ ။ ထို လိစ္ဆဝီမင်း၏ အထက်နှုတ်ခမ်းသည် အဖျားဘက်က အလျားလိုက်ဖြတ်ထားအပ်သကဲ့သို့ ဖြစ်ရကား တစ်ဝက်သာရှိ၏၊ အထက် အလည် သွားလေးချောင်းနှင့် ဘေးအစွယ် နှစ်ချောင်းတို့ကို အထက်နှုတ်ခမ်းဖြင့် မဖုံးနိုင်၊ ထိုသို့ အထက်နှုတ်ခမ်းအတွက် တစ်ဝက်သာရှိသောကြောင့် "အဒ္ဓေါဋ္ဌ" ဟု ဆိုထိုက်ပါလျက် အဒ္ဓဟူသော ဝိသေသနကို နောက်ချ၍ "ဩဋ္ဌဒ္ဓ" ဟု နာမည်တွင်သည်၊ အဒ္ဓွေါ+ ဩဋ္ဌော ယဿာတိ ဩဋ္ဌဒ္ဓေါ။
လိစ္ဆဝိပရိသာယ။ ။ လိစ္ဆဝိမင်းမျိုး၏ အစဆုံးကလေး ၂ ယောက်ကို မွေးစားအဖဖြစ်သော ရသေ့က နို့ရည်တိုက်သော အခါ ဝင်သွားသော နိ့ရည်ကို အပြင်က မြင်ရလောက်အောင်ရေးပါသောကြောင့် အရေမရှိသကဲ့သို့ ဖြစ်ရကား "နိ+စ္ဆဝိ- အရေမရှိသူ" ဟု ခေါ်ဝေါ်ခဲ့ရာမှ န သည် လအက္ခရာသို့ ပြောင်း၍ "လိစ္ဆဝိ" ဟု ဖြစ်၏၊ (တစ်နည်း) အတွင်းရေ အပေါ်ရေနှစ်ထပ်တို့သည် အချင်းချင်း ချုပ်စပ်ထားသကဲ့သို့ ငြိကပ်နေရကား "လီနာ- ငြိကပ်သော+ ဆဝိ ယဿာတိ လိနစ္ဆဝိ" ဟု ဆိုလိုလျက် နကို ချေ၍ "လိစ္ဆဝိ" ဖြစ်သည်ဟု အပရေဆရာတို့ ဆိုကြသေး၏၊ ဝတ္ထုအကျယ်ကို မူလပဏ္ဏာသ မဟာသီဟနာဒသုတ်နှင့် သုတ္တနိပါတ် ရတနသုတ်အဖွင့်၌ ရှုပါ၊ ထို ကလေးတို့၏ အနွယ်၌ဖြစ်သော မင်းတို့ကိုလည်း ကာရဏူပစာရ, ပရမ္မရူပစာရ အားဖြင့် "လိစ္ဆဝိ" ဟုပင် ခေါ်ရသည်။

အကာလာခေါ မဟာလီတိ၊ ကား။
တဿ ဩဋ္ဌဒ္ဓဿ၊ ထို ထက်ဝက်သော အထက်နှုတ်ခမ်းရှိသော လိစ္ဆဝိမင်း၏။
မဟာလီတိ၊ မဟာလိဟူသော အမည်သည်။
မူလနာမံ၊ မူလနာမည်တည်း။
တေန၊ ထို့ကြောင့်။
မူလနာမမတ္တေန၊ မူလနာမည်မျှဖြင့်။
နံ၊ ထို လိစ္ဆဝိမင်းကို။
ထေရော၊ အရှင်နာဂိတထေရ်သည်။
မဟာလီတိ၊ ဟူ၍။
အာလပတိ၊ ခေါ်၏။
ဧကမန္တံ နိသီဒိတိ၊ ကား။
ပတိရူပါသု၊ လျောက်ပတ်ကုန်သော။
ရုက္ခစ္ဆယာသု၊ သစ်ပင်ရိတ်တို့၌။
တာယ လိစ္ဆဝိပရိသာယ၊ နှင့်။
သဒ္ဓိံ၊ ကွ။
ရတနတ္တယဿ၊ ၏။
ဝဏ္ဏံ၊ ဂုဏ်ကို။
ကထယန္တော၊ ပြောဆိုလျက်။
နိသီဒိ၊ ထိုင်နေပြီ။
သီဟော သမဏုဒ္ဒေသောတိ၊ ကား။
အာယသ္မတော နာဂိတဿ၊ အရှင်နာဂိတ၏။
ဘာဂိနေယျော၊ တူဖြစ်သော။
သတ္တဝဿကာလေ၊ ခုနစ်ရာရှိရာ အခါ၌။
ပဗ္ဗဇိတွာ၊ ရှင်အဖြစ်သို့ ရောက်၍။
သာသနေ၊ သာသနာတော်၌။
ယုတ္တပယုတ္တော၊ ဘာဝနာကို လွန်စွာအားထုတ်သော။
ဝါ၊ ဘာဝနာကို လွန်စွာ အားထုတ်သည်၏ အဖြစ်ကြောင့်။
သီဟောတိ၊ သီဟဟူ၍။
ဧဝံနာမေဥာ၊ ဤသို့ အမည်ရှိသော။
သာမဏေရော၊ သည်။
(အဝေါစ ၌စပ်)။
ကိရ၊ ချဲ့။
သော၊ ထို သီဟသာမဏေသည်။
တံ မဟာပရိသံ၊ ထို ကြီးကျယ်သော ပရိသတ်ကို။
ဒိသွာ၊ မြင်ရ၍။
မဟတီ၊ ကြီးကျယ်သော ။
အယံ ပရိသာ၊ ဤ ပရိသတ်သည်။
သကလံ၊ အလုံးစုံသော။
ဝိဟာရံ၊ ကျောင်းတိုက်ကို။
ပူရေတွာ၊ ပြည့်စေ၍။
နိသိန္နာ၊ ထိုင်နေပြီ။
အဒ္ဓါ၊ ပချွတ်ဧကန်။
ဘဂဝါ, အဇ္ဇ၊ ယနေ့။
ဣမိဿာပရိသာယ၊ ဤပရိသတ်အား။
မဟန္တေန၊ ကြီးစွာသော။
ဥဿာဟေန၊ အားထုတ်တော်မူခြင်းဖြင့်။
ဓမ္မံ၊ ကို။
ဒေသေဿတိ၊ ဟောတော်မူလိမ့်မည်။
အဟံ၊ သည်။
ဥပဇ္ဈာယဿ၊ ဦးရီးဖြစ်သော ဥပဇ္ဈာယ်အား။
အာစိက္ခိတွာ၊ လျှောက်၍။
ဘဂဝတော၊ မြတ်စွာဘုရားအား။
မဟာပရိသာယ၊ ကြီးစွာသော ပရိသတ်၏။
သန္နိပတိတဘာဝံ၊ စည်းဝေးသည်၏ အဖြစ်ကို။
ယန္နူန အာရောစာပေယျံ၊ လျှောက်စေရပါမူကား ကောင်းလေစွ။
ဣတိ၊ သို့။
စိန္တေတွာ၊ ၍။
ယေန၊ ၌။
အာယသ္မာ နာဂိတော၊ သည်။
(အတ္ထိ)၊
တေန၊ သို့။
ဥပသင်္ကမိ၊ ပြီ။
ဘန္တေ ကဿပါတိ၊ ဟူ၍။
ထေရံ၊ အရှင်နာဂိတထေရ်ကို။
ဂေါတ္တေန၊ အနွယ်အားဖြင့်။
အာလပတိ၊ ခေါ်၏။
ဧသာ ဇနတာတိ၊ ကား။
ဧသော ဇနသမူဟော၊ ဤ လူအပေါင်းသည်။
(လဘတံ၌ စပ်)။
[ဇနတာဝယ် သမူဟ အနက်၌ တာပစ္စည်း သက်ထားကြောင်းကို ပြသည်။]ယုတ္တပတ္တော။ ။အနက်တူ သဒ္ဒါ ၂ ခု ဖြစ်သောကြောင့် "အလွန်အားထုတ်" ဟုအနက်မှတ်ပါ၊ "ယုတ္တပယုတ္တော" သည် သီဟအမည်ရခြင်း၏ အကြောင်းပြလည်း ဖြစ်သောကြောင့် ဟေတုမန္တဝီသေသနတည်း၊ အလွန်အားထုတ်သောကြောင့် ရဲရင့်ရကား သီဟအမည်ရသည်- ဟူလို။ [ယုတ္တပယုတ္တောတိ ဘာဝနံ အနုယုတ္တော။]
မဟန္တေန ၊ပေ၊ ဒေသေဿတိ။ ။ ဘုရားရှင်သည် သီဟသမာနဝုတ္တိ- ခြင်္သေ့၏ ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိတော်မူ၏၊ ခြင်္သေ့သည် သားကောင်းကလေးပင်ဖြစ်စေ ကြီးစွာသော အဟုန်ဖြင့် ဖမ်းယူသကဲ့သို့ ဘုရားရှင်လည်း သတ္တဝါတစ်ယောက်ပင်ဖြစ်စေ ကြီးစွာသော လုလ္လဖြင့် တရားဟောတော်မူ၏၊ သို့သော်ဤနေရာ၌ကား ပရိသတ်ကြီး၏ များပြားမှုကို အကြောင်းပြု၍ ပရိသတ်၏ အဇ္ဈာသယအားလျော်စွာ ကြီးစွာသော တရားကို ဟောတော်မူလိမ့်မည်- ဟု သီဟသာမဏေ ကြံစည်လေသည်။

တွညေဝ ဘဂဝတော အာရောစေဟီတိ (ဧတ္ထ)၊ ဟူသော ဤပါဌ်၌။
(ဂူဠှတ္ထံ၊ ကို)။
ကိရ (ဥဒ္ဓရိတွာ ဒဿေမိ)၊
သီဟော၊ သီဟသာမဏေသည်။
ဘဂဝတော၊ မြတ်စွာဘုရား၏။
ဝါ၊ နှင့်။
ဝိဿာသိကော၊ အကျွမ်းဝင်ခြင်းရှိ၏။
ဟိ၊ အကြင့်ကြောင့်။
အယံ ထေရော၊ ဤ အရှင်နာဂိတထေရ်သည်။
ထူလသရီရော၊ ဆူဖြိုးသောကိုယ် ရှိ၏။
(ဝသောကိုယ် ရှိ၏)။
တေန၊ ထိုသို့ ဆူးဖြိုသော ကိုယ်ရှိသည်၏ အဖြစ်ကြောင့်။
အဿ၊ ထို အရှင်နာဂိတထေရ်၏။
သရီရဂရုတာယ၊ ကိုယ်၏ လေးလံသည်၏ အဖြစ်ကြောင့်။
ဥဋ္ဌာနနိသဇ္ဇဒီသု၊ ထခြင်း ထိုင်ခြင်းအစရှိသည်တို့၌။
အာလသိယဘာဝေါ၊ ပျင်းရိခြင်းရှိသူ၏ အဖြစ်သည်။
ဝါ၊ ကို။
ဤသကံ၊ စဉ့်ဝယ်။
အပ္ပဟီနောဝိယ၊ မပယ်အပ်သေးသကဲ့သို့။
ဟောတိ၊ ၏။
(တသ္မာ၊ ကြောင့်။)
အထ၊ လျှောက်လာရာ ထိုအခါ၌။
(အာဟ၌ စပ်)။
အယံ သာမဏရော၊ ဤသီဟသာမဏေသည်။
ဘဂဝတော၊ ၏။
ကာလေန ကာလံ၊ ရံဖန်ရံခါ။
ဝါ၊ မကြာ မကြာ။
ဝတ္တံ၊ ဝတ်ကို။
ကရောတိ၊ ၏။
တေန၊ ထိုသို့ ဝတ်ပြုနေသည်၏ အဖြစ်ကြောင့်။
နံ၊ ထို သီဟသာမဏေကို။
(အာဟ၊ ၌စပ်)။
ထေရော၊ အရှင်နာဂိတထေရ်သည်။
တွံပိ၊ သင်သည်လည်း။
(ငါသာမဟုတ်, သင်သည်လည်း)။
ဒသဗလဿ၊ မြတ်စွာဘုရား၏။
ဝါ၊ နှင့်။
ဝိဿာသိကော၊ အကျွမ်းဝင်ခြင်းရှိ၏။
ဣတိ၊ ဤသို့ ။
ဝတွာ၊ ပြော၍။
ဂစ္ဆ၊ သွားချေ။
တွညေဝ၊ သင့်ကိုယ်တိုင်သာ။
အာရောစေဟိ၊ လျှောက်ထားချေလော။
ဣတိ၊ သို့။
အာဟ၊ ပြောပြီ။
[အထ၏ ရှေ့၌ "တသ္မာ" ဟု ထည့်မှ စကားအဆက် တည့်၏၊ သို့ဖြစ်လျှင် အယံဟိ၌ ဟိကိုလည်း ကာရဏ ဇောတက ကြံနိုင်သည်။]
အပ္ပဟီနော ဝိယ။ ။ အရှင်နာဂိတသည် ဝသော ကိုယ်ရှိသည့်အတွက် အထိုင် အထ လေးလံ၏၊ ရဟန္တာဖြစ် ထိနမိဒ္ဓကို ပယ်ပြီးပါသော်လည်း ထိနမိဒ္ဓ၏ သတ္တိဖြစ်သော ဝါသနာ ကိုကားမပယ်နိုင်, ထိုသို့ ဝါသနာကို မပယ်နိုင်သည့်အတွက် ပျင်းရိသူ၏ ဖြစ်ကြောင်းဖြစ်ရာ ထိနမိဒ္ဓကို မပယ်နိုင်သကဲ့သို့ ဖြစ်နေလေသည်ဟု ပြလို၍ ဝိယသဒ္ဒွဖြင့် ဆိုသည်။
ဝိဟာရပစ္ဆာယာယံတိ၊ ကား။
တိဟရဆာယာယံ၊ ကျောင်းရိပ်၌။
["ပ အနက်မရှိ" ဟု သိစေသည်။]
ကူဋာဂါရမဟာဂေဟစ္ဆာယာယ၊ စုလစ်မွန်ချွန် အထွဋ်ရှိ သော ကျောင်းတော်ကြီး၏ အရိပ်သည်။
ဖရိတောကာသေတိ၊ ဖြန့်အပ်သော အရပ်၌ (ပညပေဟိ ၌စပ်)။
ဣတိအတ္ထော၊ နက်။
ကိရ၊ ချဲ့။
သာ ကူဋာဂါရသာလာ၊ စုလစ်မွန်ချွန်အထွဋ်ရှိသော ထိုကျောင်းတော်သည်။
ဒက္ခိဏုတ္တရတော၊ တောင် မြောက် အရပ်အားဖြင့်။
ဒီဃာ၊ ရှည်၏။
ပါစီနမုခါ၊ အရှေ့ဘက်၌ မျက်နှာသာရှိ၏။
တေန၊ ထို့ကြောင့်။
အဿာ၊ ထို ကူဋာဂါရသာလာ၏။
ပုရတော၊ ရှေ့၌။
မဟတီ၊ ကြီးစွာသော။
ဆာယာ၊ အရိပ်သည်။
ပတ္ထဋာ၊ ပြန့်နှံသည်။
ဟောတိ၊ ၏။
သီဟောပိ၊ သီဟသာမဏေသည်လည်း။
တတ္ထ၊ ထိုကျောင်းရိပ်၌။
ဘဂဝတော၊ မြတ်စွာဘုရားဖို့။
အာသနံ၊ ကို။
ပညပေသိ၊ ပြီ။
အထခေါ၊ နေရာခင်းပြီးရာ ထိုအခါ၌။
ဘဂဝါ, ဒွါရန္တရေဟိစေဝ၊ တံခါး ပေါက် အကြားတို့မှ လည်းကောင်း။
ဝါတပါနန္တရေဟိစ၊ လေသောက်ပြူတင်းအကြေားတို့မှလည်းကောင်း။
နိက္ခမိတွာ၊ ထွက်၍။
ဝိဓာဝန္တာဟိ၊ ထိုမှ ဤမှ ပြေးသွားကုန်သော။
ဝိပ္ဖရန္တီတိ၊ အထူးထူး အပြားပြား ပြန့်နှံကုန်သော။
ဆဗ္ဗစ္ဏာဟိ၊ ခြောက်သွယ်သော အဆင်းရှိကုန်သော။
ဗုဒ္ဓရသ္မီဟိ၊ ဘုရားရောင်ခြည်တော်တို့သည်။
သံသူစိတနိက္ခမနော၊ ကောင်းစွာပြအပ်သော ထွက်တော်မူလာခြင်းရှိသည်။
(ဟုတွာ)၊
ဝလာဟကန္တရတော၊ တိမ်တိုက်ကြားမှ။
ပုဏ္ဏစန္ဒေါ၊ လပြည့်ဝန်းသည်။
(နိိက္ခမတိ) ဝိယ၊ ထွက်လာသကဲ့သို့။
(တထာ) ကူဋာဂါရသာလတော၊ စုလစ် မွန်ချွန် အထွဋ်ရှိသော ကျောင်းတော်မှ။
နိက္ခမိတွာ၊ ၍။
ပညတ္တဝရဗုဒ္ဓါသနေ၊ ခင်းထားအပ်သော မြတ်သော ဘုရားနေရာ၌။
နိသီဒိ၊ ထိုင်တော်မူပြီ။
တေန၊ ကြောင့်။
အထ ခေါ ၊ပေ၊ နိသီဒီတိ၊ ဟူ၍။
(အာယသ္မတာ အာနန္ဒတ္ထေရေန)၊
ဝုတ္တံ၊ ပြီ။
သံသူစိတနိက္ခမနော။ ။ ရောင်ခြည်တော်များကို မြင်ရသဖြင့် "ဘုရားရှင်် ထွက်တော်မူလာပြီ" ဟု သိနိုင်၏၊ ထို့ကြောင့် "သံသူစိတမိက္ခမနော" ဟု ဆိုသည်၊ သံသူစိတံ-(ဘုရားရှင်ထွက်တော်မူလာပြီဟု ပြောပြသကဲ့သို့) ကောင်းစွာ ပြအပ်သော + နိက္ခမနံ- ထွက်တော်မူလာခြင်းသည်၊ ယဿာတိ သံသူစိတနိက္ခမနော။
ပုရိမာနိ ၊ပေ၊ ပရိမုတရာနီတိ ဧတ္ထ၊ ၌။
ဟိယျောဒိဝသံ၊ ယမန်နေ့သည်။
ပုရိမံနာမ၊ ရှေး၌ ဖြစ်သော နေ့မည်၏။
တထော၊ ထိုနေ့မှ။
ပရံ၊ နောက်နေ့သည်။
ပရိမတရံ (နာမ)၊ သာ၍ ရှေး၌ဖြစ်သောနေ့ မည်၏။
ဝါ၊ တစ်ဖန်မနေ့ မည်၏။
ပန၊ ဆက်။
တထော၊ ထို တစ်ဖန်မနေ့မှ။
ပဋ္ဌာယ၊ ၍။
သဗ္ဗာနိ၊ အလုံးစုံကုန်သောနေ့တို့သည်။
ပုရိမာနိစေဝ၊ ပုရိမတို့သည်လည်းကောင်း။
ပုရိမတရာနိစ၊ မုရိမတရတို့သည်လည်းကောင်း။
ဟောန္တိ၊ န်၏။
ပုရိမာနိ ပုရိမတရာနိ။ ။ [ဒိဝသောတု အဟံ ဒိနံ ... အဘိဓာန် (၆၇)၌ ဒိဝသသဒ္ဒါ သည် ပုလ္လိုင်ရှိ၏၊ လိင်္ဂဝိပလ္လာသပြု၍ နိပုလ္လိန်ထားဟန်တူသည်။] ယနေ့ကို ထောက်၍ လွန်ပြီးသော ရှေ့နေ့ကို "ပုရိမ- ရှေ့၌ဖြစ်သောနေ့" ဟု ခေါ်ရ၏၊ "ဟိယျော- ယမန်နေ့ (မနေ့)"ဟု ခေါ်ရသော နေ့တည်း၊ ထိုထက် ရှေ့ကျသော နေ့ကို "ပုရိမတရ- သာ၍ ရှေ့ကျသောနေ့" ဟု ခေါ်ရ၏၊ "ပရဟိယျော- ယမန်နေ့မှ တစ်ပါးသောနေ့၊ ဝါ- တစ်ဖန်မနေ့ (တမြန်နေ့) " ဟုခေါ်၏၊ ဤနေရာ၌ကား ရှေ့ကျသော နေ့အများကို" ပုရိမာနိ" ဟု လည်းကောင်း, ထိုထက် ရှေ့ကျသော နေ့အများကို "ပုရိမတရာနိ" ဟုလည်းကောင်း ဆိုလိုသည်၊ ထို့ကြော့်"တတော ပဋ္ဌာယ၊ပေ၊ ဟောန္တိ" ဟု ဆိုသည်။
ယဒဂ္ဂေဟိ၊ ကား။
မူလဒိဝသတော၊ မူလနေ့မှ။
ပဋ္ဌာယ၊ ၍။
ယံ ဒိဝသံ၊ အကြင်နေ့ကို။
အဂ္ဂံ၊ အစကို။
ပရကောဋိံ၊ ထိုမှဘက်အစွန်းကို။
ကတွာ, ဝိဟရာမိ၊ နေခဲ့၏။
(တံ၊ ထိုနေ့ကို။
အဂ္ဂေ၊ အစပြု၍)။
ဣတိ အတ္ထော၊
["ယဒဂ္ဂေ" ဟု ရှိသောကြောင့် "တဒဂ္ဂေ" ဟု ထည့်သည်။]
ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။
ဝိသာသိံ၊ နေခဲ့ပြီ။
("တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။
ဒိဗ္ဗာနိ ရူပါနိ ပဿာမိ" ဟု နိယမဝါကျထည့်စပ်။)
ဣတိ ဝုတ္တံ ဟောတိ၊
ဣဒါနိ၊ ၌။
တဿ၊ နေခဲ့ရာ ထိုနေ့၏။
ပရိမာဏံ၊ အတိုင်းအရှည်ကို။
ဒဿေန္တော၊ ပြလိုသည်။
(ဟုတွာ)၊
န စိရံ တီဏိ ဝဿာနီတိ၊ ဟူ၍။
(သုနက္ခတ္တော၊ သုနက္ခတ္တသည်)။
အာဟ၊ ပြောပြီ။
အထ ဝါ၊ ထို့ပြင်တစ်နည်းကား။
ယဒဂ္ဂေဟိ၊ ကား။
ယံ ဒိဝသံ၊ အကြင်နေ့ကို။
အဂ္ဂံ၊ အစကို။
ကတွာ, န စိရံ၊ မကြာလှပါ။
တီဏိ ဝဿာနိ၊ သုံးနှစ်တို့ပတ်လုံး။
ဝိဟရာမိ၊ ၏။
ဣတိပိ အတ္ထော၊ ဤ မနက်သည်လည်း။
ဟောတိ၊
ယံ ဒိတသံ၊ ကို။
အာဒိံ၊ ကို။
ကတွာ ,န စိရံ၊ မကြာပါ။
တီဏိယေဝဝဿာနိ၊ သုံးနှစ်ပတ်လုံးသာလျှင်။
ဝိဟာသိံ၊ နေခဲ့ပြီ။
ဣတိ၊ ဤအနက်သည်။
ဝါ၊ ကို။
ဝုတ္တံ ဟောတိ၊
ကိရ၊ ချဲ့။
အယံ၊ ဤ သုနက္ခတ္တသည်။
ဘဂဝတော၊ ၏။
ပတ္တစီဝရံ၊ ကို။
ဂဏှန္တော၊ ယူလျက်။
တီဏိ သံဝစ္ဆရာနိ၊ တို့ပတ်လုံး။
ဘဂဝန္တံ၊ ကို။
ဥပဋ္ဌာယိ၊ လုပ်ကျွေးပြီ။
တံ၊ ထိုနေ့ကို။
သန္ဓာယ၊ ၍။
ဧဝံ၊ ဤသို့။
(န စိရံ တီဏိ ဝဿာနိ ဟူ၍)၊
ဝဒတိ၊ ပြောဆို၏။ယဒဂ္ဂေ။ ။ ပါရာဇိကဏ်- ဝေရဉ္စကဏ္ဍဝယ် အဇ္ဇတဂ္ဂေ၌ အဂ္ဂေသဒ္ဒါကဲ့သို့ ဤအဂ္ဂေ သဒ္ဒါ၏ အနက်ဖွင့်ပုံကို လည်း သိပါ၊ ထို "အစ" ဟူသည်လည်း "အတိတ်အစ" ဟု သိစေလို၍ အဂ္ဂံကို "ပရကောဋိံ" ဟု ဖွင့်သည်။
ယာဝ ဝိဟာသိံ။ ။ ပါဠိတော်၌ "ယဒဂ္ဂေ ဝိဟရာမိ, ဒိဗ္ဗာနိ ရူပါနိ ပဿာမိ (အကြင်နေ့ကို အစပြု၍ နေခဲ့ပြီ၊ ထို့နေ့ကို အစပြု၍ ဒိဗ္ဗရူပါရုံတို့ကို မြင်နိုင်၏)" ဟု စကားဆက်ပုံကို ကြည့်ပါ၊ ထိုစကားကို ကောက်ချက်ချလျှင်" ယာဝ ဝိဟာသိံ- အကြင်မျှလောက် ကာလပတ်လုံး နေခဲ့ပြီ၊ ထိုမျှလောက်သော ကာလပတ်လုံး ဒိဗ္ဗရူပါရုံတို့ကို မြင်နိုင်၏" ဟု အဓိပ္ပာယ်ရ၏၊ အချုပ်အားဖြင့် "နေခဲ့ရာကာလအတွင်းမှာ မြင်နိုင်၏" ဟု ဆိုလို၏၊ ထို့ကြောင့် ယာဝ ဝိဟာသိံ သည် ဥဇုကတ္ထကိုပြသော စကား ဟု သိသာ၏၊ ထို့ကြောင့်ပင် "ဣတိ ဝုတ္တံ ဟောတိ" ဟု ဆိုသည်။
ဋီကာ။ ။ ဋီကာတို့၌ ယဒဂ္ဂေဝယ် ယံသဒ္ဒွနှင့် ယှဉ်သောကြောင့် "ဝိဟရာမိ" ဟု ဝတ္တမာန်ဝိဘတ်ဖြင့် ရှိရသော်လည်း "အနက်မှာ အတိတ်အနက်သာ" ဟု သိစေလို၍ "ဝိဟာသိံ" ဟု ဖွင့်ကြောင်းကို ဆိုကြ၏၊ ဋီကာသစ်၌ကား "ယံ သဒ္ဒါသည် ပရိစေဆဒနိပါတ်ဟု သိစေလို၍ "ယာဝ" ဖွင့်သည်ဟု ဆိုသေး၏၊ စဉ်းစာကြပါကုန်။
အထဝါ။ ။ ပဌမနည်း၌ "ယဒဂ္ဂေ၊ ပေ၊ ဝိဟရာမိ" ဟု အနက်ပေးပြီး၍ "နိ စိရံ တီဏိဝဿာနိ" ကို နောက်မှ အနက်ပေးစေလို၏၊ ဒုတိယနည်း၌ကား "န စိရံ- မကြာပါ၊ တီဏိဝဿာနိ- တို့ပတ်လုံး၊ ဝိဟရာမိ" ဟု န စိရံ တီဏိ ဝဿာနိပုဒ်တို့ကို ဝိဟရာမိ၏ အတွင်းသွင်း၍ ပေးစေလိုသည်၊ ပါဠိကို အနက်ပေးပုံသာထူး၏၊ အဓိပ္ပာယ်မှာ နေခဲ့ရာ ကာလ၏ ပမာဏကို ပြလို၍ "န စိရံ တီဏိ ဝဿာနိ" ဟု ဆိုသည်ဟု မှတ်ပါ။

ပိယရူပါနီတိ၊ ကား။
ပိယဇာတိကာနိ၊ ချစ်အပ်ကုန်သည်၏ အဖြစ်ဟူသော သဘောရှိကုန်သော။
သာတဇာတိကာနိ၊ သာယာအပ်ကုန်သည်၏ အဖြစ်ဟူသော သဘောရှိကုန်သော။
ကာမူပသံဟိတာနီတိ၊ ကား။
ကာမဿာဒယုတ္တာနိ၊ ဝတ္ထုအာရုံ ကာမဂုဏ်ကို သာယာတတ်သော ကိလေသာကာမား လျောက်ပတ်ကုန်သော။
ရဇနီယာနီတိ၊ ကား။
ရာဂဇနကာနိ၊ တပ်မက်စေခြင်းကို ဖြစ်စေတတ်ကုန်သော။
(ရူပါနိ ပဿာမိ ၌စပ်)။
နော စ ခေါ ဒိဗ္ဗာနိ သဒ္ဒါနီတိ၊ ကား။
တသ္မာ၊ ကြောင့်။
သုနက္ခတ္တော၊ သည်။
တာနိ၊ ထို ဒိဗ္ဗသဒ္ဒါရုံတို့ကို။
န သုဏာတိ၊ မကြားသနည်း။
ကိရ (ယသ္မာ)၊ ကြောင့်။
(နောက်၌ "တသ္မာ" ဟု ရှိလတံ့)။
သော၊ ထို သုနက္ခတ္တသည်။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ဝါ၊ သို့။
ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။
ဒိဗ္ဗစက္ခုပရိကမ္မံ၊ ဒိဗ္ဗစက္ခုဉာဏ်၏ ပရိကမ်ကို။
ယာစိ၊ တောင်းပြီ။
တဿ၊ ထို သုနက္ခတ္တအား။
ဘဂဝါ၊
အာစိက္ခိ၊ ဟောပြတော်မူပြီ။
သော၊ ထို သုနက္ခတ္တသည်။
ယထာနုသိဋ္ဌံ၊ အကြင်အကြင် သွန်သင်အပ်သည့်အတိုင်း။
ပဋိပန္နော၊ ကျင့်သည်။
(ဟုတွာ)၊
ဒိဗ္ဗစက္ခုံ၊ ဒိဗ္ဗစက္ခုဉာဏ်ကို။
ဥပ္ပါဒေတွာ၊ ဖြစ်စေ၍။
ဒေဝတာနံ၊ တို့၏။
ရူပါနိ၊ ရူပါရုံတို့ကို။
ဒိသွာ၊ မြင်ရ၍။
ဝါ၊ မြင်ရခြင်းကြောင့်။
စိန္တေသိ၊
(ကိံ)၊
ဣမသ္မိံ သရီရသဏ္ဌာနေ၊ ဤကိုယ်သဏ္ဌာန်၌။
သဒ္ဒေန၊ အသံသည်။
ပဓုရေန၊ ချိုမြိန်သော အရသာနှင့်တူသည်။
ဘဝိတဗ္ဗံ၊ ဖြစ်ထိုက်၏။
ကထံ၊ အဘယ်သို့လျှင်။
နံ၊ ထို အသံကို။
သုဏေယျံနုခေါ၊ ကြားရပါအံ့နည်း။
ဣတိ၊ ဤသို့ ကြံပြီ။
ဣတိ၊ ဤသို့အ ကြံဖြစ်ခြင်းကြောင့်။
(ဣတိ တစ်လုံးကြေ)။
ဘဂဝန္တံ, ဥပသင်္ကမိတွာ, ဒိဗ္ဗသောတ ပရိကမ္မံ၊ ကို။
ပုစ္ဆိ၊ လျှောက်ပြီ။ပိယရူပါနိ။ ။ ရူပ သဒ္ဒါသည် အဘိဓာန် (၈၂၈)လာအနက်တို့တွင် သဘာဝ အနက်ဟောတည်း၊ ထို သဘာဝအနက်ကိုပင် "ဇာတိ" ဟု ဖွင့်သည်၊ ပိယံ+ ရူပံ ယေသံတိ ပိယရူပါနိ။ [ပိယရူပါနီတိ ဣဋ္ဌသဘာဝါနိ၊ သာတ ဇာတိကာနီတိ မဓုရသဘာဝါနိ- ချိုမြိန်သော အရသာနှင့် တူသော သဘောရှီကုန်သော၊ မဓုရံ ဝိယာတိ ဟိ မဓုရံတိ ဝုစ္ဏတိ မနောရမံ ယံကိဉ္စိ၊- ဋီကာ။]
မှတ်ချက်။ ။ ဇာတိသဒ္ဒါ သဘာဝသဒ္ဒါတို့နှင့် သမာသ်တွဲရာ၌ ရှေ့ပုဒ်ဝယ် ဘာဝပ္ပဓာန (ဘာဝလောပ) ကြံမှ အရတူနိုင်၏၊ ထိုသို့ မကြံလျှင် "ပိယံ- ချစ်အပ်"ဟု အနက်ဖြစ်သောကြောင့် ရူပါရုံ အရကောက်ရလိမ့်မည်၊ ပိယံ- ချစ်အပ်သည်၏ အဖြစ်ဟု ဘာဝပ္ပဓာနကြံလျှင်ကား ရူပါရုံကို မရသေးဘဲရူပါရုံ၏ ချစ်ဖွယ်သဘောကိုသာ ရသောကြောင့် ရူပနှင့် အရတူတိုင်သည်၊ ထိုသို့ အရတူမှ "ပိယံ+ ရူပံ ယေသိံ" ဟု ဝိဂြိုဟ်ပြုနိုင်သည်။
ကာမူပသံဟိတာနိ။ ။ "ကာမ" အရ ကိလေသာကာမကို ယူစေလို၍ "ကာမဿာဒ" ဟု ဖွင့်၏၊ "ဥပသံဟိတ" ကိုကား "ယုတ္တ-လျောက်ပတ်" ဟု အဓိပ္ပာယတ္ထ ဖွင့်သည်၊ [ကာမူပသံဟိတာနီတိ အာရမဏံ ကရောန္တေန ကာမေန (ကိလေသာကာမနှင့်) ဥပသံဟိတာနိ၊ ကမနီယာနိ- ကိလေသာ ကာမဖြင့် အလိုရှိထိုက်ကုန်သော၊ ဣတိ အတ္ထေ၊ တေနာဟ ကာမဿာဒယုတ္တာနီတိ၊ ကာမဿာဒဿ- ဝတ္ထုကာမတို့ကို သာယာတတ်သော ကိလေသာမကအား+ ယုတ္တာနိ, ယောဂျာနိ- လျောက်ပတ်ကုန်သော၊ ဣတိ အတ္ထော၊- ဋီကာ။]
ရဇနီယာနိ။ ။ ရန္ဇဓာတ် အနီယပစ္စည်းဖြင့် "ရဉ္ဇေန္တိ- နှစ်သက်စေတတ်ကုန်၏၊ ဣတိ ရဇနီယာနိ" ဟု ပြု၊ ကာရိတ်ကြေ၊ "ရဉ္ဇန္တိ ဧတေဟီတိ ရဇနီယာနိ" ဟု ကရဏသာဓ်ပြုလျှင် ကာရိတ်ကြေဖွယ် မလို၊ "ရာဂဇနကာနိ" ကား အဓိပ္ပာယတ္ထတည်း၊ ဤရာဂဇနကာနိကို ထောက်၍ ရဇနီယ၌ အနီယပစ္စည်းသည် ကံဟောမဟုတ်ဟု သိနိုင်၏၊ [မောဂ္ဂလ္လာန် နိဿယ, ဏာဒိကဏ္ဍ, ၆၉ သုတ်၌လည်းကောင်း ကစ္စည်းဘာသာဋီကာ တဒ္ဓိတ် တဒဿ ဌာန မိယောစ (၃၅၆) သုတ်၌လည်းကောင်း ရှုပါ။]

စ၊ ဆက်။
အယံ၊ ဤ သုနက္ခတ္တသည်။
အတီတေ၊ ၌။
ဧကံ၊ တစ်ပါးသော။
သီလဝန္တံ၊ သီလရှိသော။
ဘိက္ခုံ၊ ကို။
ကဏ္ဏသက္ခလိယံ၊ နားရွက်၌။
ပဟရိတွာ၊ ပုတ်ခတ်၍။
ဗဓိရံ၊ နားထိုင်းသူကို။
အကာသိ၊ ပြုခဲ့ပြီ။
တသ္မာ၊ ကြောင့်။
(သီလရှိသော ရဟန်းတစ်ပါးကို နားထိုင်းအောင် ပြုခဲ့ခြင်းကြောင့်)။
ပရိကမ္မံ၊ ဒိဗ္ဗသောတဉာဏ်၏ပရိကမ်ကို။
ကရောန္တောပိ၊ ပြုပါသော်လည်း။
(ပြုစေကာမူ)၊
ဒိဗဗသောတာဓိဂမာယ၊ ဒိဗ္ဗသောတဉာဏ်ကို ရခြင်းငှါ။
အဘဗ္ဗော၊ မထိုက်။
တေန၊ ကြောင့်။
အဿ၊ ထိုသုနက္ခတ္တအား။
ဘဂဝါ, ပရိကမ္မံ၊ ဒိဗ္ဗသော တဉာဏ်၏ ပရိကမ်ကို။
န ကထေသိ၊ ဟောတော်မမူ။
သော၊ ထို သုနက္ဗတ္တသည်။
ဧတ္တာဝတာ၊ ဤမျှ အတိုင်းအရှည်ရှိသော ဒိဗ္ဗသောတဉာဏ်၏ ပရိကမ်ကို ဟောတော်မမူခြင်းဟူသော အကြောင်းကြောင့်။
ဘဂဝတိ၊ ၌။
အာဃာတံ၊ ရန်ငြိုးကို။
ဗန္ဓိတွာ၊ ဖွဲ့၍။
စိန္တေသိ၊ ပြီ။
(ကိံ)၊
အဒ္ဓါ၊ မချွတ်ဧကန်။
သမဏဿ ဂေါတမဿ၊ ၏။
ဧဝံ၊ ဤသို့သော အကြံသည်။
ဟောတိ၊ ၏။
(ကိံ) အဟံပိ၊ ငါသည်လည်း။
ခတ္တိယော၊ ခတ္တိယတည်း။
အယံပိ၊ ဤသုနက္ခတ္တသည်လည်း။
ခတ္တိယော၊ ခတ္တိယတည်း။
အဿ၊ ထို သုနက္ခတ္တ၏။
ဉာဏံ၊ ဉာဏ်သည်။
သစေ ဝဍ္ဎိဿတိ၊ အကယ်၍ တိုးပွားလတံ့ဖြစ်အံ့။
(ဧဝံ သတိ)၊
အယံ ပိ၊ ဤ သုနက္ခတ္တသည်လည်း။
သဗ္ဗညူ၊ သဗ္ဗညူဘုရားသည်။
ဘဝဿတိ၊ ဖြစ်လတံ့။
ဣတိ၊ ဤသို့သော အကြံသည်။
(ဟောတိ၊
ဣတိ၊ ဤသို့ ကြံ၍)။
ဥဿူယာယ၊ ငြူစူခြင်းကြောင့်။
မယှံ၊ ငါ့အား။
န ကထေသိ၊ မဟော။
ဣတိ (စိန္တေသိ)၊
ဣတိ၊ ဤသို့ ကြံပြီး၍။
သော၊ ထို သုနက္ခတ္တသည်။
အနုက္ကမေန၊ အစဉ်အားဖြင့်။
[ပါထိကသုတ်ဖြင့် လာလတံ့အတိုင်း ထိုထို မသင့်သော အမှုကို ကြံစည်, ပြောဆို,ပြုလုပ်ခြင်းဟူသော အစဉ်အားဖြင့်။]
ဂိဟိဘာဝံ၊ လူ၏ အဖြစ်သို့။
ပတွာ၊ ၍။
တမတ္ထံ၊ ထို အကြောင်းကို။
မဟာလိလိစ္ဆဝိနော၊ မဟာလိလိစ္ဆဝိမင်းအား။
ကထေန္တော၊ ပြောလိုသည်။
(ဟုတွာ)၊
ဧဝံ၊ ဤသို့ ။
နော စ ခေါ ဒိဗ္ဗာနိ သဒ္ဒါနိ၊ အစရှိသည်ဟူ၍။
အာဟ၊ ပြောဆိုပြီ။
ဧကံသဘာဝိတောတိ၊ ကား။
ဧကံသာယဉ ဧကကောဋ္ဌာသာယ၊ တစ်ခုသော အဖို့အကျိုးငှါ။
ဘာဝတော၊ ဖြစ်စေအပ်သော။
ဝါ၊ ပွားစေအပ်သော။
(သမာဓိ ဟောတိ၌စပ်)။
ဒိဗ္ဗာနံ၊ နတ်၌ဖြစ်ကုန်သော။
ရူပါနံ၊ ရူပါရုံတို့ကို။
ဒဿနတ္ထာယဝါ၊ မြင်ရခြင်း အကျိုးငှာသော်လည်းကောင်း။
ဒိဗ္ဗာနံ၊ န်သော။
သဒ္ဒါနံ၊ သဒ္ဒါရုံတို့ကို။
သဝနတ္ထာယဝါ၊ ကြားရခြင်း အကျိုးငှာသော်လည်းကောင်း။
ဘာဝိတော၊ သော။
ဝါ၊ သော။
(သမာဓိ ဟောတိ)။
ဣတိ အတ္ထော၊ နက်။
တိရိယံတိ၊ ကား။
အနုဒိသာယ၊ ၄ ပါးသော အထောင့်အရပ်၌။
ဥဘယံ သဘာဝိတောတိ၊ ကား။
ဥဘယံ သာယ ဥလယကောဋ္ဌာသာယ၊ ၂ ပါးစုံသော အဖို့အကျိုးငှါ။
ဘာဝိတော၊ သော။
ဝါ၊ သော။
(သမာဓိ ဟောတိ)။
ဣတိ အတ္ထော၊ နက်။
အယံ ခေါ မဟာလိ ဟေတူတိ၊ ကား။
ဒိဗ္ဗာနံယေဝ ရူပါနံ၊ ဒိဗ္ဗရူပါနံတို့ကိုသာ။
ဒဿနာယ၊ ငှါ။
ဧကသဘာဝိတော၊ တစ်ခုသော အဖို့အကျိုးငှါ ပွားစေအပ်သော။
အယံ သမာဓိ၊ သည်။
ဟေတု၊ ဒိဗ္ဗရူပါရုံတို့ကို မြင်ရခြင်း၏ အကြောင်းတည်း။
ဧကံ သဘာဝိတော။ ။ ဧက+ အံသ၊ အံသသဒ္ဒါသည် "အံသော ခန္ဓေစ ကောဋ္ဌသေ" - အဘိဓာန် (၁၁၀၃) လာအနက်တို့တွင် ကောဋ္ဌာသ အနက်ဟောတည်း၊ အံသာယ၌ အာယသည် စတုတ္ထီသဝိဘတ်၏ ကာရိယတည်း၊ "ဧက+ အံသာယ- တစ်ခုသော အဖို့အစုအကျိုး" ဟူသည် ဒိဗ္ဗရူပတို့ကို မြင်ရခြင်း, သို့မဟုတ် ဒိဗ္ဗသဒ္ဒတို့ကို ကြားရခြင်းအားဖြင့် ထို ၂ ပါးတွင် တစ်ပါးပါးသော အဖို့အစုတည်း၊ ထို တစ်ခုတည်းသော အကျိုးငှါ+ ဖြစ်စေအပ်သော သမာဓိကို "ဧကံသာယ+ ဘာဝိတာ" အရ "ဧကံသဘာဝိတ" ဟု ဆိုသည်။
ဣမံ အတ္ထံ၊ ဤအကြောင်းအရာကို။
သုတွာ၊ ၍။
ဝါ၊ ကြောင့်။
သော လိစ္ဆဝိ၊ သည်။
စိန္တေသိ၊ ပြီ။
(ကိံ) ဒိဗ္ဗသောတေန၊ ဒိဗ္ဗသောတ အဘိညာဉ်ဖြင့်။
ဣဒံ သဒ္ဒဿဝနံ၊ ဤအသံကို ကြားခြင်းသည်။
ဣမသ္မိံ သာသနေ၊ ဤသာသနာတော်၌။
ဥတ္တမတ္ထဘူတံ၊ မြတ်သော အကျိုးဖြစ်၍ ဖြစ်သည်။
(ဟောတိ) မညေ၊ ဖြစ်လေယောင်တကား။
ဣမဿ၊ ဤအသံကို ကြားရခြင်း၏။
အတ္ထာယ၊ အကျိုးငှါ။
ဧတေ ဘိက္ခူ၊ ဤ ရဟန်းတို့သည်။
ပညာသံပိ ဝဿာနိ၊ အနှစ်ငါးဆယ်တို့ ပတ်လုံးလည်းကောင်း။
သဋ္ဌိပိဝဿာနိ၊ အနှစ်ခြောက်ဆယ်တို့ပတ်လုံးလည်းကောင်း။
အပဏ္ဏကံ၊ မချွတ်မယွင်းသော။
ဝါ၊ အပြစ်မရှိသော။
[အဝိရဇ္ဈနကံ, အနဝဇ္ဇန္တိဝါ အတ္ထော။]
ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။
စရန္တိ နူန၊ ကျင့်ကြလေယောင်တကား။
အဟံ၊ ငါသည်။
ဒသဗလံ၊ မြတ်စွာဘုရားကို။
ဧတံ အတ္ထံ၊ ဤ အကြောင်းအရာကို။
ယံ နူန ပုစ္ဆေယျံ၊ အကယ်၍ မေးရပါမူကား ကောင်းလေစွ။
ဣတိ (စိန္တေသိ)၊ ။
ဣဒံ ၊ပေ၊ သဒ္ဓဿဝနံ။ ။ရှေ့စာအုပ်တို့၌ "ဣဒံ ဒိဗ္ဗသောတေန သဒ္ဒံ သုဏာတိ" ဟု တွေ့ရ၏၊ ဣဒံ ဟူသော န ပုလ္လိန်နှင့် သဒ္ဒံဟူသော ပုလ္လိန်ကို တွဲခြင်းသည် မကောင်း၊ "ဣဒံ သဒ္ဒံ" ဟု တွဲလျှင် နောက်ဝါကျ၌ "ဣမဿ- ဤအသံ၏" ဟု ပေးရလိမ့်မည်၊ အမှန်အားဖြင့် "အသံ အကျိုးငှါ ကျင့်ကြသည် မဟုတ်၊ အသံကို ကြားခြင်း အကျိုးငှါသာ ကျင့်ကြသည်၊ ထို့ကြောင့် "ဣဒံ ဒိဗ္ဗသောတေန သဒ္ဒဿဝနံ" ဟု ရှိမှ ကောင်းသည်။
တတော၊ ထိုသို့ အကြံဖြစ်ခြင်းကြောင့်။
တမတ္ထံ၊ ထို အကြောင်းကို။
ပုစ္ဆန္တော၊ မေးလျှောက်လိုသည်။
(ဟုတွာ)၊
ဧတာသံ နူန ဘန္တေတိ အာဒိံ၊ အစရှိသော စကားကို။
အာဟ၊ လျှောက်ပြီ။
သမာဓိဘာဝနာနံတိ ဧတ္ထ၊ ပါဌ်၌။
သမာဓိယေဝ၊ သမာဓိသည်ပင်။
သမာဓိဘာဝနာ၊ မည်၏။
["သမာဓိယေဝ+ ဘာဝနာ သမာဓိဘာဝနာ" ဟု အရတူကမ္မဓာရဲကို ပြသည်။]
ဥဘယံ သဘာဝိတာနံ၊ ၂ ပါးစုံသော ဒိဗ္ဗရူပကို မြင်ခြင်း, ဒိဗ္ဗသဒ္ဒကို ကြားခြင်းဟူသော အကျိုးငှါ ဖြစ်စေအပ်ကုန်သော။
သမာဓီနံ၊ တို့ကို။
(သစ္ဆိကိရိယဟေတု စရန္တိနနူ ၌စပ်)။
ဣတိ အတ္ထော၊ နက်။
အထ၊ လျှောက်ထားရာ အခါ၌။
ယသ္မာ၊ ကြောင့်။
ဧတာ သမာဓိဘာဝနာ၊ တို့သည်။
သာသနတော၊ မှ။
ဗာဟိရာ၊ အပ၌ ဖြစ်ကုန်၏။
န အဇ္ဈတ္တိကာ၊ အတွင်း၌ မဖြစ်ကုန်။
တသ္မာ, တာ၊ ထို သမာဓိဘာဝနာတို့ကို။
ပဋိက္ခိပိတွာ၊ ပယ်တော်မူ၍။
ယဒတ္ထံ၊ အကြင် အရိယာဖိုလ်အကျိုးငှါ။
ဘိက္ခူ၊ တို့သည်။
ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။
စရန္တိ၊ ကုန်၏။
တေ၊ ထိုအရိယာဖိုလ်တို့ကို။
ဒဿေန္တော၊ သော။
ဘဂဝါ၊
နခေါ မဟာလီတိ အာဒိံ၊ အစရှိသော စကားကို။
အာဟ၊ မိန့်တော်မူပြီ။
(တစ်နည်း)၊
ယဒတ္ထံ၊ အကြင် အရိယာဖိုလ်ဟူသော အကျိုးငှာ။
ဘိက္ခူ ဗြဟ္မစရိယံ စရန္တိ၊
တံ၊ ထို အရိယာဖိုလ်ဟူသော အကျိုးကို။
ဒဿေန္တော၊ သော။
ဘဂဝါ, န ခေါ မဟာလီတိအာဒိံ၊ ကို။
အာဟ၊ မိန့်တော်မူပြီ။သမာဓိဘာဝနာနံ။ ။ လိစ္ဆဝိမင်းသည် အကြံဖြစ်တုန်းက ဒိဗ္ဗသောတဉာဏ်ကို ဤသာသနာတော်ဝယ် အမြတ်ဆုံးဟု မှတ်ထင်ခဲ့သော်လည်း ဒိဗ္ဗသောတနှင့်တကွ ဒိဗ္ဗစက္ခုကိုပါ မေးလျှောက်လိုသောကြောင့် "ဧတာသံ နူန ဘန္တေ သမာဓိဘာဝနာနံ" ဟု ပါဠိတော်၌ ဗဟုဝုဏ်ဖြင့် လျှောက်သည်။
န အဇ္ဈတ္တိကာ။ ။ ဤသမာဓိဘာဝနာတို့သည် ဝဋ်မှ ထွက်ကြောင်း မဟုတ်, ထို ဘာဝနာတို့ကို သာသနာပကာလ၌ ရသေ့တို့လည်း ရနိုင်ကြ၏၊ ထို့ကြောင့် ဗာဟိရဖြစ်ကြသည်၊ ဘုရားရှင်သည် သာမုက္ကံသိကဒေသနာတော်အဖြစ်ဖြင့် ဟောပြအပ်သော ဘာဝနာများ မဟုတ်ရကား အဇ္ဈတ္တိက (သာနနာတွင်း) ဘာဝနာများလည်း မဟုတ်ကြ။
ယဒတ္ထံ။ ။ "ယေသံ+ အတ္ထာယ၊ အဘေဒေပိ ဘေဒဝစနမေတံ" ဟု ဋီကာသစ် ဖွင့်၏ "ယေသံ" အရ အရိယာဖိုလ်တရားများကို ရ၍, "အတ္ထာယ" အရလည်း ထို ဖိုလ်တရားတို့ကိုပင် ရသောကြောင့် သမ္ဗန်နှင့် သမ္ဗန္ဓီမပြားဘဲလျက် ပြားသကဲ့သို့ ဆိုထားသော "အဘေဒ ဘေဒူပစာရ" ဟု ဆိုလိုသည်၊ ဤအဖွင့်ကို ထောက်၍ "တံ ဒဿေန္တော" နေရာဝယ် "တေ ဒဿေန္တော"ဟု ရှိမှ ရှေ့နောက်ညီမည်၊ ပါဠိတော်၌လည်း "အတ္ထိ ခေါ မဟာလိ အညေဝ ဓမ္မ၊ ပေ၊ ယေသံ သစ္ဆိကိရိယာဟေတု" ဟု ဗဟုဝုစ်ပင် ရှိသည်၊ ဤအလို "ယေသံ+ အတ္ထော ယဒတ္ထော" ဟု ပြုပါ။
တစ်နည်း။ ။ "ယဿ ဝိသေသနဘူတဿ အတ္ထာယ" ဟု ဋီကာသစ် ၌ တစ်နည်းဖွင့်သေး၏၊ ဤအလို "ယော- အကြင် အရိယာဖိုလ်ဟူသော +အတ္ထော ယဒတ္ထော၊- အကြင် အရိယာဖိုလ်ဟူသော အကျိုး" ဟု ဝစနတ္ထပြု၍ "ယဒတ္ထံ- အကြင်အရိယာဖိုလ်ဟူသော အကျိုးငှါ" ဟု ပေးစေလိုသည်၊ ဤသို့ တစ်နည်းဖွင့်ခြင်းမှာလည်း နောက်၌ "တံ ဒဿေန္တော" ဝယ် "တံ" ဟု စာအုပ်တို့၌ ဧကဝုစ်ရှိသောကြောင့်တည်း။