ဧဝံ ၊ပေ၊ သာဝတ္ထိယန္တိ၊ ဧဝံ ၊ပေ၊ သာဝတ္ထိယံဟူသော ဤသုတ်သည်။
ပေါဋ္ဌပါဒသုတ္တံ၊ ပေါဋ္ဌပါဒသုတ်တည်း။
[ဣတိို အာဒျတ္ထကြံ၍လည်း တစ်နည်းအနက်ပေးပါ။]
တတြ၊ ထို ပေါဋ္ဌပါဒသုတ်၌။
အယံ၊ ကား။
အပုဗ္ဗပဒဝဏ္ဏနာ၊ တည်း။
သာဝတ္ထိယံ ၊ပေ၊ အာရာမေတိ၊ ကား။
သာဝတ္ထံ၊ သာဝတ္ထိမြို့ကို။
ဥပနိဿာယ၊ ကပ်မှီး၍။
ဇေတဿ၊ ဇေတမည်သော။
ကုမာရဿ၊ မင်းသား၏။
ဝနေ၊ ဥယျာဉ်၌။
အနာထပိဏ္ဍိကေန၊ အနာထပိဏ္ဍိကမည်သော။
(ပိဏ္ဍံ+ဒဒါတီတိ ပိဏ္ဍိကော၊
အနာထာနံ+ ပိဏ္ဍိကော အနာထပိဏ္ဍိတော၊ ကိုးကွယ်ရာမဲ့သူတို့အား ထမင်းခဲကို ပေးတတ်သည်၏ အဖြစ်ကြောင့် အနာထပိဏ္ဍိကမည်သော။)
ဂဟပတိနာ၊ အိမ့်ရှင်သူကြွယ်သည်။
ယောအာရာမော၊ အကြင်အာရာမ်ကို။
(အကြင်ကျောင်းတိုက်ကို)။
ကာရိတော၊ ပြုစေအပ်ပြီ။
တတ္ထ၊ ထိုအာရာမ်၌။
ဝါ၊ ၌။
ဝိဟရတိ၊ သီတင်းသုံးတော်မူ၏။
ပေါဋ္ဌပါဒေါ ပရိဗ္ဗာဇကောတိ၊ ကား။
နာမေန၊ အမည်အားဖြင့်။
ပေါဋ္ဌပါဒေါနာမ၊ ပေါဋ္ဌပါဒမည်သော။
ဆန္နပရိဗ္ဗာဇကော၊ အဝတ်ဖြင့် ဖုံးလွှမ်းအပ်သော ပရိဗ္ဗိုဇ်သည်။
("ပဋိဝသတိ၊ နေ၏" ဟု၌စပ်)။
ကိရ၊ ချဲ့။
သော၊ ထို ပေါဋ္ဌပါဒပရိဗ္ဗိုဇ်သည်။
ဂိဟိကာလေ၊ လူဝတ်ကြောင်၏ အခါ၌။
(လူဝတ်ကြောင် ဖြစ်စဉ်အခါ၌)။
ဗြာဟ္မဏမဟာသာလော၊ များသော ဥစ္စာနှစ်ရှိသော ပုဏ္ဏားသည်။
(ဟုတွာ)၊
ကာမေသု၊ ဝတ္ထုကာမ ကိလေသာကာမတို့၌။
အာဒီနဝံ၊ အပြစ်ကို။
ဒိသွာ, စတ္တာလီသကောဋိပရိမာဏံ၊ ကုဋေလေးဆယ်အတိုင်းအရှည်ရှိသော။
ဘောဂက္ခန္ဓံ၊ စည်းစိမ်အစုကို။
ပဟာယ၊ ပယ်စွန့်၍။
ပဗ္ဗဇိတွာ၊ ရသေ့အဖြစ်သို့ ကပ်ရောက်ပြီး၍။
တတ္ထိယာနံ၊ တို့၏။
ဂဏာစရိယော၊ ဂိုဏ်းတရာသည်။
ဇာတော၊ ဖြစ်ပြီ။ဥပနိဿာယ။ ။ သင်္ကန်းစသော ပစ္စည်း ၄ ပါး၏ ထိုသာဝတ္ထိနှင့်စပ်၍ ဖြစ်ရခြင်းကြောင့် "သာဝတ္ထိမြို့ကို မှီသည်" ဟု ဆိုသည်၊ စီဝရာဒိပစ္စယပဋိဗဒ္ဓတာယ ဥပနိဿယံ ကတွာတိ အတ္ထော၊- ဋီကာသစ်၊ ဤသာဝတ္ထိံ ဥပနိဿာယပါဌ်ဖြင့် သာတတ္ထိယံ၌ သ္မိံ ဝိဘတ်ကို သမီပတ္ထ၌သက်သော ဝိဘတ်ဟု သိစေ၏၊ "သာဝတ္ထိမြို့ထဲ၌ နေတော်မူသည်မဟုတ်, သာဝတ္ထိမြို့၏အနီး (ဇေတဝန်ကျောင်းတိုက်) ၌ နေတော်မူသည်" ဟူလို။
အာရာမေ။ ။ အာဂမ္မ+ ရမန္တိဧတ္ထာတိ အာရာမော- သစ်ပင်တို့၌ အပွင့် အသီး အညွှန့်တို့နှင့် ပြည့်စုံခြင်းကြောင့်လည်းကောင်း, သတ္တဝါတို့၏ ချမ်းသာစွာ နေရာ ဖြစ်ခြင်းကြောင့်လည်းကောင်း အထူးအားဖြင့် ရသေ့ ရဟန်းတို့၏ ထိုထို အရပ်မှလာ၍ မွေ့လျော်ရာ (မပျင်းရိဘဲ နေထိုင်ရာ) ဖြစ်သောကြောင့်လည်းကောင်း ထို ဥယျာယ်ခြံကို "အာရာမ" ဟု ခေါ်သည်။ [အာ+ရမ+ဏ ပစ္စည်း။]
တစ်နည်း။ ။ အထဝါ, ယထာဝုတ္တဂုဏသမ္ပတ္တိယာ တတ္ထတတ္ထ ဂတေပိ အတ္တနော အဗ္ဘန္တရေ အာနေတွာ (ပြခဲ့သော ဂုဏ်နှင့် ပြည့်စုံခြင်းကြောင့် ထိုထိုအရပ်၌ ရောက်နေသူတို့ကိုလည်း မိမိအတွင်းသို့ ဆောင်၍) ရာမေတိ- မွေ့လျော်စေတတ်၏၊ ဣတိ အာရာမော၊["အာနေတွာ+ ရာမေတီတိ အာရာမော" ဟု ဟေတုကတ္တုသာဓန ပြုစေလိုသည်။]
ပေါဋ္ဌပါဒေါ။ ။ ပေါဋ္ဌ သဒ္ဒါသည် ဖေါဋသဒ္ဒါ၏ ပရိယာယ်တည်း၊ ပေါဋ္ဌော (အဖုသည်)+ ယဿ+ ပါဒေတိ ပေါဋ္ဌပါဒေါ- ခြေ၌ အဖုရှိသောကြောင့် "ပေါဋ္ဌပါဒ" ဟု နာမည်ထင်ရှားသော ပရိဗ္ဗိုဇ်။

[သမယပ္ပဝါဒက ကသောပုဒ်တို့ကို ပါရာဇိကဏ်ဘာသာဋီကာ တေန သမယေန ပုဒ်အဖွင့်၌ ပြထားပြီ၊ ထို့ကြောင့် နိဿယကိုသာ ရေးပါမည်။]
ဧတ္ထ၊ ဤအာရာမ်၌။
သမယံ၊ အယူကို။
ပဝဒန္တိ၊ အပြားအားဖြင့် ပြောဆိုကြကုန်၏။
ဣတိ၊ ထိုသို့ အယူကို အပြားအားဖြင့် ပြောဆိုရာ၏ အဖြစ်ကြောင့်။
(သော၊ ထိုအာရာမ်သည်။)
သမယပ္ပဝါဒကော၊ မည်၏။
ကိရ၊ ချဲ့။
တသ္မိံ ဌာနေ၊ ၌။
စင်္ကီ ၊ပေ၊ သာတိပ္ပဘုတယော၊ စင်္ကီပုဏ္ဏား, တာရုက္ခပုဏ္ဏား, ပေါက္ခရသာတီ ပုဏ္ဏား အစရှိကုန်သော။
ဗြာဟ္မဏာ၊ တို့သည်လည်းကောင်း။
နိဂဏ္ဌ ၊ပေ၊ ပရိဗ္ဗာဇကာဒယော၊ နိဂဏ္ဌ, အစေလက, ပရိဗ္ဗိုဇ် အစရှိကုန်သော။
ပဗ္ဗဇိတာစ၊ ရသေ့တို့သည်လည်းကောင်း။
သန္နိပတိတွာ၊ စုဝေး၍။
အတ္တနော အတ္တနော၊ မိမိ မိမိ၏။
သမယံ၊ အယူကို။
ဝဒန္တိ ကထေန္တိ၊ ပြောဆိုကြကုန်၏။
ဒီပေန္တိ၊ ပြကြကုန်၏။
တသ္မာ၊ ကြောင့်။
(ထိုသို့ အယူကို အထူးထူးအပြောပြရာ၏ အဖြစ်ကြောင့်)။
သော အာရာမော၊ ကို။
သမယပ္ပဝါဒကောတိ၊ က ဟူ၍။
ဝုစ္စတိ၊ ၏။
စ၊ ဆက်။
သွေဝ၊ ထို အာရာမ်သည်ပင်။
တိန္ဒုကာစီရသင်္ခါတာယ၊ တည်ပင်တို့၏ အစဉ်အတန်းဟု ဆိုအပ်သော။
ရုက္ခပန္တိယာ၊ သစ်ပင်တို့၏ အစဉ်အတန်းဖြင့်။
ပရိက္ခိတ္တတ္တာ၊ ဝန်ခံအပ်သည်၏ အဖြစ်ကြောင့်။
တိန္ဒုကာစီရော၊ ရ မည်၏။
ပန၊ ဆက်။
ယသ္မာ၊ ကြောင့်။
ဧတ္ထ၊ ဤအာရာမ်၌။
ပဌမံ၊ ရှေးဦးစွာ။
ဧကာဝ၊ တစ်ဆောင်သာလျှင် ဖြစ်သော။
သာလာ၊ စရပ်သည်။
အဟောသိ၊ ရှိ၏။
ပစ္ဆာ၊ နောက်၌။
မဟာပုညံ၊ ကြီးသော ဘုန်းရှိသော။
ပရိဗ္ဗာဇကံ၊ ပေါဋ္ဌပါဒပရိဗ္ဗိုဇ်ကို။
နိဿာယ၊ မှီ၍။
ဗဟူ၊ များစွာကုန်သော။
သာလာ၊ ဇရပ်တို့ကို။
ကထာ၊ ဆောင်လုပ်အပ်ကုန်ပြီ။
တသ္မာ၊ ထို့ကြောင့်။
ဧကံ၊ တစ်ဆောင်သော။
တမေဝသာလံ၊ ထိုဇရပ်ကိုသာ။
ဥပါဒါယ၊ ကပ်ယူ၍။
ဝါ၊ အကြောင်းပြု၍။
လဒ္ဓနာမဝသေန၊ ရအပ်သော နာမည်၏ အစွမ်းဖြင့်။
ဧကသာလကောတိ၊ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ပန၊ ဆက်ဦးအံ့။
(ပက္ခန္တရလည်း ပေးကြ၏)။
မလ္လိကာယ၊ မလ္လိကာမည်သော ။
ပသေနဒိရညော၊ ပဒေနဒီမင်း၏။
ဒေဝိယာ၊ မိဖုရား၏။
ဥယျာနဘူတော၊ ဥယျာဉ်ဖြစ်၍ ဖြစ်သော။
သော၊ ထို အာရာမ်သည်။
ပုပ္ဖဖလသမ္ပန္နော၊ အပွင်း အသီးနှင့်ပြည့်စုံသော။
အာရာမော၊ အာရာမ်တည်း။
ဣတိ ကတွာ၊ ဤအကြောင်းကြောင့်။
မလ္လိကာယ အာရာမောတိ၊ ဟူ၍။
သင်္ချံ၊ ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့။
ဂတော၊ ရောက်ပြီ။
သမယပ္ဖဝါဒကေ၊ အယူကို အပြားအားဖြင့် ပြောဆိုရာဖြစ်သော။
တိန္ဒုကာစီရေ၊ တည်ပင် အစဉ်အတန်းရှိသော။
ဧကသာလကေ၊ ဧကသာလကမည်သော။
မလ္လိကာယ၊ ၏။
တသ္မိံ အာရာမေ၊ ထို အာရာမ်၌။
(ပဋိဝသတိ ၌စပ်။)
ဆန္ဒပရိဗ္ဗာဇကော။ ။ [ပရိဗ္ဗာဇကပုဒ်၏ ရုပ်ပြီးပုံကို ပါတိမောက်ဘာသာဋီကာ အစေကလသိက္ခာပုဒပ်၌ ပြထားပြီ။] ထို ပရိဗ္ဗာဇကသည် အဝတ်ဝတ်သု, အဝတ်မဝတ်သူဟု ၂ မျိုးရှိ၏၊ အဝတ်မဝတ်သူသည်လည်း လုံးလုံးအဝတ်မရှိသော အစေလက, အထက်ပိုင်း၌ အဝတ်တစ်ထည်ကို လက်ကတီးကြား (ဂျိုင်းကြား) ၌ သွင်း၍ သွားလေရာ ဆောင်ယူ၍ အောက်ပိုင်း၌ကား အဝတ်မရှိသော အာဇီဝကဟု ၂ မျိုးရှိပြန်၏၊ ဤပေါဋ္ဌပါဒကား ထို ၂ မျိုးလုံးမဟုတ်၊ အဝတ်ဝတ်သော ပရိဗ္ဗိုဇ်တည်း။
ပဋိဝသတီတိ၊ ကား။
နိဝါသဖာသုတာယ၊ နေခြင်းငှါ ချမ်းသာသည်၏ အဖြစ်ကြောင့်။
ဝသတိ၊ နေ၏။
အထ၊ ထိုအခါ၌။
ဧကဒိဝသံ၊ တစ်နေ့သ၌။
ဘဂဝါ၊ သည်။
ပစ္စူသသမယေ၊ မိုးသောက်အခါ၌။
သဗ္ဗသုတညာဏံ၊ သဗ္ဗညုတဉာဏ်တော်ကို။
ပတ္ထရိတွာ၊ ဖြန်တော်မူ၍။
လောကံ၊ သတ္တလောကကို။
ဂရိဂ္ဂဏှန္တော၊ သိမ်းယူတော်မူလသော်။
ဉာဏဇာလဿ၊ ဉာဏ်တော်တည်းဟူသော ကွန်ယှက်၏။
အန္တောဂဓံ၊ အတွင်း၌ရောက်သော။
ပရိဗ္ဗာဇကံ၊ ပေါဋ္ဌပါဒပရိဗ္ဗိုဇ်ကို။
ဒိသွာ၊ မြင်တော်မူရ၍။
အယံ ပေါဋ္ဌပါဒေါ၊ ဤပေါဋ္ဌပါဒပရိဗ္ဗိုဇ်သည်။
မယှံ၊ ငါ၏။
ဉာဏဇာလေ၊ ၌။
ပညာယတိ၊ ထင်ရှား၏။
ကိံ၊ အဘယ်သို့လျှင်။
ဘဝိဿတိနု ခေါ၊ ဖြစ်လတံ့နည်းး။
ဣတိ၊ ဤသို့။
ဥပပရိက္ခန္တော၊ စူးစမ်းဆင်ခြင်းတော်မူလသော်။
အဒ္ဒသ၊ မြင်တော်မူရပြီ။
(ကိံ)၊ သဗ္ဗညုတညာဏံ ပတ္ထရိတွာ။ ။ အနေကာကာရာနဝသေသ ဉေယျတ္ထဝိဘာဝနတော- တစ်ပါးမက များသောအခြင်းအရာရှိသော အကြွင်းမရှိသော သိဖွယ်အနက် (အရာဝတ္ထု) အာရုံတို့ကို ထင်စွာ ပြနိုင်ခြင်းကြောင့်လည်းကောင်း၊ အပရာပရုပ္ပတ္တိယာစ- အထပ်ထပ်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ဘဂဝတော ဉာဏံ လောကေ (သိဖွယ်ရိသမျှ တစ်လောကလုံး၌) ပတ္ထဋံဝိယဟောတိ- ဖြန့်အပ်သကဲ့သို့ ဖြစ်နေ၏၊ တစ်လောကလုံး၏ သိဖွယ်ဟူသမျှကို သိတော်မူသော ကြောင့် တစ်လောကလုံးကို ဖြန့်ဖားသကဲ့သို့ ဖြစ်သည်၊ ယတော- ယင်းသို့ ဖြန့်အပ်သကဲ့သို့ ဖြစ်ခြင်းကြောင့်၊ တဿ- ထိုဉာဏ်တော်၏၊ ဇာလတာ ဝုစ္စတိ- ပိုက်ကွန်နှင့် တူသည်၏ အဖြစ်ကို ဆိုအပ်၏။
ကိ နုခေါ ၊ပေ၊ ဥပပရိက္ခန္တော။ ။ သဗ္ဗညုတဉာဏ််််တော်ကို ဖြန့်တော်မူသောအခါ ရှေးဦးစွာ ဝေနေယျအဖြစ်ဖြင့် ထင်လာ၏၊ ထိုသို့ ထင်လာပြီးနောက် ထို ထင်လာသော သတ္တဝါ၏ သရဏဂုံစသော အကျိုး၏ ပြီးစီးမှုကို ဆက်၍ စူးစမ်းတော်မူရ၏၊ ထို့ကြောင့် "ကိံ နုခေါ ၊ပေ၊ ဥပပရိက္ခန္တော" ဟု ဆိုသည်။

အဟံ၊ ငါသည်။
အဇ္ဇ၊ ယနေ့။
တတ္ထ၊ ထို ပေါဋ္ဌပါဒ ရှိရာ အရပ်သို့။
ဂမိဿာမိ၊ ကြွတော်မူအံ့။
အထ၊ ထိုအခါ၌။
မံ၊ ငါ့ကို။
ပေါဋ္ဌပါဒေါ၊ သည်။
နိရောဓဉ္စ၊ သညာ၏ ချုပ်ခြင်းကို လည်းကောင်း။
နိရောဓဝုဋ္ဌာနဉ္စ၊ သညာ၏ ချုပ်ခြင်းမှ ထခြင်းကို လည်းကောင်း။
(သညာ၏ ဖြစ်ပေါ်ခါခြင်းကိုလည်းကောင်း)။
ပုစ္ဆိဿတိ၊ မေးလတံ့။
တဿ၊ ထို ပေါဋ္ဌပါဒပရိဗ္ဗိုဇ်အား။
အဟံ၊ သည်။
သဗ္ဗဗုဒ္ဓါနံ၊ အလုံးစုံသော ရှေးဘုရားရှင်တို့၏။
ဉာဏေန၊ ဉာဏ်တော်နှင့်။
သံသန္ဒိတွာ၊ နှီးနှော၍။
တဒုဘယံ၊ ထို နိရောဓ, နိရောဓဝုဋ္ဌာ ၂ ပါးစုံကို။
ကထေဿာမိ၊ ဖြေဆိာတော်မူအံ့။
အထ၊ ထို ဖြေဆိုပြီးရာ ထိုအခါ၌။
သော၊ ထို ပေါဋ္ဌပါဒပရိဗ္ဗိုဇ်သည်။
ကတိပါဟစ္စယေန၊ အနည်းငယ်သော ရပ်၏လွန်ရာအခါ၌။
ဝါ၊ ၂ ရက် ၃ ရက် လွန်ရာအခါ၌။
စိတ္တံ၊ စိတ္တမည်သော။
ဟတ္ထိသာရိပုတ္တံ၊ ဆင်ကို ဆုံးမတတ်သော ဆရာ၏ သားကို။
ဂဟေတွာ၊ ခေါ်၍။
မမ၊ ၏။
သန္တိကံ၊ အထံသို့.
အာဂမိဿတိ၊ လာလတံ့။
တေသံ၊ ထိုပေါဋ္ဌပါဒ, စိတ္တတို့အား။
အဟံ၊ သည်။
ဓမ္မံ၊ ကို။
ဒေသေဿာမိ၊ ဟောတော်မူအံ့။
ဒေသနာဝသာနေ၊ ဒေသနာတော်၏ အဆုံး၌။
ပေါဋ္ဌပါဒေါ၊ သည်။
မံ၊ ငါ့ကို။
သရဏံ၊ ကိုးကွယ်ရာဟူ၍။
ဂမိဿတိ၊ ဆည်းကပ်လတံ့။
စိတ္တော၊ စိတ္တမည်သော။
ဟတ္ထိသာရိပုတ္တော၊ ဆင်ဆရာ၏ သားသည်။
မမ၊ ငါ၏။
သန္တိကေ၊ အထံတော်၌။
ပဗ္ဗဇိတွာ၊ ရှင်အဖြစ်သို့ ကပ်ရောက်၍။
အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။
ပါပုဏိဿတိ၊ ရောက်လတံ့။
ဣတိ၊ သို့။
(အဒ္ဒသ၊ မြင်တော်မူရပြီ။)
တတော၊ ထိုသို့ မြင်တော်မူခြင်းကြောင့်။
ပါတောဝ၊ စောစော၌ပင်။
သရီရပဋိဇဂ္ဂနံ၊ ကိုယ်တော်ကို သုတ်သင်ခြင်းကို။
ကတွာ၊ ၍။
သုရတ္တဒုပဋ္ဋံ၊ ကောင်းစွာ ဆိုအပ်သော ၂ ထပ်ရှိသော သင်းပိုင်ကို။
နိဝါသေတွာ၊ အထက်အောက် ပြန်လှန်ကာဝယ်တော်မူ၍။
ဝိဇ္ဇုလတာသဒိသံ၊ လျှပ်စစ်နွယ် ပုံသဏ္ဌာန်နှင့်တူသော။
ယုဂန္ဓရပဗ္ဗတံ၊ ယုဂန္ဓိုရ်တောင်ကို။
ပရိက္ခိပတွာ၊ ဝန်းရံ၍။
ဌိတမဟာမေဃံဝိယ၊ တည်သော ကြီးစွာသော မိုးတိမ်အဆင်းနှင့်တူသော ။
ကာယဗန္ဓနံ၊ ခါးပန်းကြိုးကို။
ဗန္ဓိတွာ၊ ဖွဲ့တော်မူ၍။
မေဃဝဏ္ဏံ၊ မိုးတိမ်နီအဆင်းရှိသော။
ပံသုကူလံ၊ ပံသုကူသင်္ကန်းတော်ကို။
ဧကံ သဝရဂတံ၊ အသစ်စက်စက်ဖြစ်သော။
သေလမယပတ္တံ၊ ပဲနောက် အဆင်းရှိသော ကျောက်ညိုအတိပြီးသော သပိတ်တော်ကို။
ဝါမအံသကူဋေ၊ လက်ဝဲ ပခုံးအစွန်းဒ၌။
လဂ္ဂေတါာ၊ ချိတ်တော်မူ၍။
(လွယ်တော်မူ၍)။
သာတတ္ထိံ၊ သို့။
ပိဏ္ဍာယ၊ ငှာ။
ပဝိဿာမိ၊ ဝင်တော်မူအံ့။
ဣတိ၊ ဤသို့ ကြံတော်မူ၍။
သီဟော၊ ခြင်္သေ့သည်။
ဟိမဝန္တပါဒါ၊ ဟိမဝန္တာတောင်ခြေမှ။
(နိက္ခမတိ) ဝိယ၊ ထွက်သကဲ့သိ့။
ဝိဟာရာ၊ ကျောင်းတိုက်မှ။
နိက္ခမိ၊ ထွက်တော်မူပြီ။
ဣမမတ္ထံ၊ ဤအနက်အဓိပ္ပာယ်ကို။
သန္ဓဦယ, အထခေါ ဘဂဝါတိအာဒိ၊ အစရှိသော စကားကို။
(အာယသ္မတာ အာနန္ဒတ္ထေ ရေန)။
ဝုတ္တံ၊ သုရတ္တဒုပဋ္ဋံ။ ။ သမ္မာ+ရတ္တော သုရတ္တော- ကောင်းစွာဆိုးအပ်သော သင်းပိုင်၊ ဒွေ+ ပဋ္ဋာ ယဿာတိ ဒုပဋ္ဋော - ၂ ထပ် (၂ လွှာ) ရှိသော သင်းပိုင်၊ ထို သင်းပိုင်ကို ထင်အောက်ပြန်၍ ဝတ်တော်မူခြင်းကို "နိဝါသေတွာ" ဟု ဆိုသည်၊ [ရဇေန သမ္မာရတ္တံ၊ ဒိဂုဏံ အန္တရာဝါသကံ ပရိဝတ္တနဝသေန (အထက်အောက် ပြန်လည်စေခြင်း၏ အစွမ်းဖြင့်) နိဝါသေတွာ၊ - ဋီကာ၊.... "ပရိဝတ္တန- လဲလှယ်၍ ဝတ်ခြင်း" ဟု လည်းပေးကြ၏၊ ဘုရားရှင်မှာ ထိုသို့ လဲဖို့ရာ သင်းပိုင် ၂ ထည်ထားမည် မထင်ပါ။]
ပရိက္ခိပိတွာ ၊ပေ၊ ဝိယ။ ။ ဤစကားသညိ ပံသုကူသင်္ကန်း၏ ဥပမာမဟုတ်, ကာယဗန္ဓန၏ ဥပမာသာ ဖြစ်ထိုက်၏၊ မှန်၏- ဘုရားရှင်ကိုယ်တော်သည် မြင့်မိုရ်တောင်ကြီးနှင့် တူတော်မူ၏၊ အလယ်ခါးတော်ကား ယုဂန္ဓိရ်တောင်နှင့် တူ၏၊ ခါးပန်းကြိုးတော်သည် ယုဂန္ဂိုရ်တော်ကို ပတ်၍ တည်သော မိုးတိမ်နှင့်တူသည်၊ ဆက်ဦးအံ့၊- ဝိဇ္ဇလတာသဒိသံဖြင့် ကဗန္ဓန၏ ပုံသဏ္ဌာန်ကိုပြ၏၊ ယုဂန္ဓရပဗ္ဗတံ ပရိက္ခိပိတွာ ဌိတမဟာမေဃံဂိယဖြင့် ကာယဗန္ဓန၏ အသွေးအရောင်ကို ပြသည်၊ [ပဌမနစေတ္ထ သဏ္ဌာနသမ္ပတ္တိံ ဒဿေတိ၊ ဒုတိယနေ ဝဏ္ဏသမ္ပတ္တိံ၊- ဋီကာသစ်။] ထို့အပြင်- "ယုဂန္ဓရပဗ္ဗတံ ပရိက္ခိပိတွာ" ဟူသော စကားသည် ကြံဆ၍ ဥပမာပြုအပ်သော ပရိကပ္ပေါပမာ စကားတည်း၊ "ထိုသို့ ယုဂန္ဓိုရ်တောင်ကို ရစ်ပတ်၍နေသော မိုးတိမ်ရှိလျှင် ထို မိုးတိမ်အဆင်းနှင့်တူသည်" ဟူလို။
မေဃဝဏ္ဏံ။ ။ ဤပုဒ်ကို ပံသုကူလ၏ဝိသေသန အဖြစ်ဖြင့် ရှေ့ဗြဟ္မဇာလသုတ်, ဣာဠန္ဒာမြို့သို့ ကြွတော်မူခန်းဝယ် "မေဃဝဏ္ဏံ ပံသုကူလံ" ဟု ပြခဲ့ပြီ၊အနက်အဓိပ္ပာယ်ကိုလည်း ထို၌ဖွင့်ပြခဲ့ပြီ၊ ဋီကာသစ်၌ကား ထို၌ "ဤသကံ ကဏှဝန္တတာယ မေဃဝဏ္ဏံ" ဟု ဖွင့်ခဲ့၏၊ ဤ၌ကား ဋီကာအဟောင်းအတိုင်း "မေဃဝဏ္ဏန္တိ ရတ္တမဃဝဏ္ဏံ (နီသော မိုးတိမ် အဆင်းရှိသော)၊ သဉ္ဈာပ္ပဘာနု ရဉ္ဇိတမေဃသင်္ကာသံ (ဆည်းဆာရောင်ဖြင့် တပ်စွဲအပ်သော မိုးတိမ်အဆင်းရှိသော) ဣတိ အတ္ထော" ဟု ဖွင့်၏၊ ထို့ကြောင့် ဋီကာသစ် အဖွင့်မှာ ရှေ့နောက်မညီဟု ဆရာတို့ မိန့်ကြ၏၊ သို့သော် ဋီကာသစ်သည် "ယုဂန္ဓရ ၊ပေ၊ ဝိယ မေဃဝဏ္ဏံ" တိုင်အောင် ကာယဗန္ဓန၏ ဥပမာအဖြစ်ဖြင့် ပြလိုဟန်တူသည်၊ ဘာကြောင့်နည်း၊- မေဃဝဏ္ဏံကို ဖွင့်ပြီးမှ" ပဌမေန စေတ္ထ" စသည်ဖြင့် ဥပမာ ၂ မျိုး၏ အထူးကို ပြသောကြောင့်တည်း၊ သို့ရာတွင် မေဃဝဏ္ဏံကို ပံသုကူလံ၏ ဝိသေသနဟု ယူမှ ဗြဟ္မဇလသုတ် အဖွင့်နှင့် ညီမျှပါသည်။
ပစ္စဂ္ဃ။ ။ "အဘိနဝံ" ဟု ဋီကာ၌ ဖွင့်၏၊ ဂစ္စဂ္ဃ သဒ္ဒါသည် အဘိနဝအနက်ကို ဟောသော ရဠှီပုဒ်တည်း- ဟု ဆိုလို၏၊ ထို သေလပယပတ္ထသည် ပေါဋ္ဌပါဒအထံသို့ ကြွတော်မူချိန်၌ အသစ်စက်စက် (အဘိနဝ) မဟုတ်ဘဲ အတော်အတန် ဟောင်းနေစရာရှိသော်လည်း အစ၌ ရအပ်ခဲ့သော အမည်ဖြစ်သောကြော့် ဘူတပုဗ္ဗဂတိကနည်းအားဖြင့် "ဂစ္ဆဂ္ဃ" ဟုပင် ခေါ်ရ၏၊ ဘာကြောင့်နည်း၊- အနညပရိဘောဂတာယ (ဘုရားမှ တစ်ပါးသော ရဟန်းတော်များ၏ အသုံးအဆောင် သပိတ်မဟုတ်သောကြောင့် တည်း။)။
တစ်နည်း။ ။ ထို သပိတ်တော်သည် အမြဲအသစ်စက်စက် ဖြစ်နေဖို့ရန် ဘုရားရှင်၏ အဓိဋ္ဌာန်တော်မူခြင်းကြောင့် အမြဲအသစ်စက်စက်ဟုပင် ဆိုအပ်၏၊ တစ်နည်း- ကျောက်သလင်း အစရှိသည်ဟု ဆိုအပ်သော လက္ခဏာနှင့် ပြည့်စုံသောကြောင့် ထို သပိတ်ကို ဂစ္စဂ္ဃ (အဖိုးထိုက် အဖိုးတန်) ဟု ဆိုအပ်၏။ [ဋီကာကြည်ပါ။]
သေလမယပတ္ထံ။ ။ မုဂ္ဂဝဏ္ဏသိလာမယံ (ပဲနောက်အဆင်းရှိသော ကျောက်အတိပြီးသော) စတုမဟာရာဇဒတ္တိယံ (နတ်မင်းကြီး လေးယောက်လှူအပ်သော) ပတ္တံ၊ [နတ်မင်းကြီး လေးယောက်တို့သည် သပိတ်လေးလုံးကို လှူကြ၏၊ ထိုလေးလုံးအခိုက်၌ "ပစ္စဂ္ဃေ (ပဋိ+ အဂ္ဃေ)- အသီးအသီး များသော အဖိုးရှိကုန်သော " ဟု ဆိုရ၏၊ နောင်အခါ၌ ဘုရားရှင်သည် တစ်လုံးတည်းဖြစ်အောင် အဓိဋ္ဌာန်တော်မူ၏၊ မဟာဝဂ္ဂ, မဟာဝဂ္ဂ, ပဗ္ဗဇ္ဇခန္ဓက အဋ္ဌကထာကြည့်ပါ၊ ထို့အခါ၌ အသီးအသီးဟု ဆိုစရာ မရှိတော့ရကား၊ "ပစ္စဂ္ဃ- အသစ်ဖြစ်သော" ဟု အနက်ဆိုရသည်။]

ဧတဒဟောသီတိ၊ ကား။
နဂရဒွါရသမီပံ၊ မြို့တံခါးအနီးသို့။
ဂန္တွာ၊ ရောက်တော်မူ၍။
အတ္တနော၊ ကိုယ်တော်၏။
ရုစိဝသေန၊ အလိုတော်၏ အစွမ်းဖြင့်။
[သဒ္ဓမ္မဋ္ဌိတိ အဇ္ဈာသယဝသေန၊ ပေါဋ္ဌပါဒပရိဗ္ဗိုဇ်အား ဟောတော်မူလိုသောအခါ ဖြစ်ပေါ်လာမည့် တရားဒေသနာတော်၏ တည်တန့်ခြင်းကို အလိုရှိတော်မူသည်၏အစွမ်းဖြင့် ၊- ဋီကာ။]
သူရိယံ၊ ကို။
ဩလောကေတွာ၊ ကြည့်တော်မူ၍။
အတိပ္ပဂဘာဝမေဝ၊ အလွန်စောသေး၏ အဖြစ်ကိုပင်။
ဒိသွာ၊ မြင်တော်မူ၍။
ဧတံ၊ ဤအကြံသည်။
အဟောသိ၊ ပြီ။
[အတိပ္ပဂ၊ အတိပ္ပဂေါတို့၏ အဆုံးအဖြတ်ကို ကစ္စည်းဘာသာဋီကာ, သန္ဓိ ကွစိ ဩဗျဉ္ဇနေသုတ်၌ ကြည့်ပါ။]
ယန္နူနာတိ၊ ယန္နူနဟူသော သဒ္ဒါသည်။
သံသယပရိဒီပနေ၊ သံသယကို ပြခြင်း၌။
(ပဝတ္တော) နိပါတော၊ တည်း။
["ယန္နူနာဟန္တိ" ဟု အသံပါသည်ကား ပို၏၊ အဟံသည် နိပါတ်မဟုတ်။]
စ၊ ထိုသို့ပင် သံသယတ္ထနိပါတ် ဖြစ်ပါသော်လည်း။
ဗုဒ္ဓါနံ၊ တို့၏။
သံသယောနာမ၊ ယုံမှားခြင်းမည်သည်။
နတ္ထိ၊
ပန၊ အနွယ။
ဣဒံ၊ ဤအမှုကို။
ကရိဿာမ၊ ပြုကုန်အံ့။
ဣဒံ၊ ကို။
န ကရိဿာမ၊ ကုန်အံ့။
ဣမဿ၊ ဤသူအား။
ဓမ္မံ၊ ကို။
ဒေသေဿာမ၊ ဟောကုန်အံ့။
ဣမဿ (ဓမ္မံ) န ဒေသေဿာမ၊ ကုန်အံ့။
ဣတိ ဧဝံ၊ ဤသို့။
ပရိဝိတက္ကပုဗ္ဗဘာဂေါ၊ အလိုရှိအပ်သော ကိစ္စ၏ ရှေးအဖို့၌ ဖြစ်သော အဖန်ဖန် ကြံစည်ခြင်းဟူသော။
ဧသ (ဧသော စိတ္တစာရော)၊ ဤစိတ်၏ဖြစ်ခြင်းကို။
သဗ္ဗဗုဒ္ဓါနံ၊ တို့၏။
(အတွက်)၊
လဗ္ဘတိ၊ ရအပ်ရနိုင်၏။
တေန၊ ကြောင့်။
ယန္နူနာဟန္တိ၊ ဟူ၍။
(ဘဂဝါ)၊
အာဟ၊ ပြီ။
အဟံ- သည်။
ယဒိပန (ဥပသင်္ကမေယျံ)၊ အကယ်၍ ချဉ်းကပ်ရပါမူကား ကောင်းလေစွ။
ဣတိ အတ္ထော။
ယန္နူန။ ။"သံသယကို ပြသော နိပါတ်" ဟု ဆိုရိုးရှိသော်လည်း ဘုရားရှင်မှာ ဝိစိကိစ္ဆာဟူသော သံသယကို ပယ်ပြီးဖြစ်သောကြောင့် ဘုရားရှင်အတွက် သံသယအနက် မဖြစ်နိုင်ရကား "ပရိဝိတက္ကပုဗ္ဗဘာဂ" အနက်သာ ရနိုင်၏ဟုဆိုသည်။ ပရိဝိတက္ကပုဗ္ဗဘာဂေါတိ အဓိပ္ပေတ ကိစ္စဿ ပုဗ္ဗဘာဂပရိဝိတက္ကော ဧဝ၊ ဗုဒ္ဓါနံ ကရိဿာမ န ကရိဿာမာတိ အာဒိကောဧသစိတ္တစာရော ဗုဒ္ဓါနံ လဗ္ဘတိ, ဝိစာရဏဝသေန ပဝတ္တနတော၊ န ပန သံသယဝသေန၊- ဋီကာ။ ပရိကပ္ပနေဝါယံ နိပါတော- ပရိကပ္ပန အနက်ဟော နိပါတ်ပုဒ်ဟု အဋ္ဌကထာနည်းမှ တစ်နည်း ဋီကာကြံသေး၏၊ "ယန္နူန ဥပသင်္ကမေယျံ- အကယ်၍ ချဉ်းကပ်ရပါမူကား ကောင်းလေစွ" ဟု ကြံပုံကိုပြသော အနက်သာဖြစ်သင့်၏၊ ယဒိ ပနလည်း ယန္နူနနှင့်အနက်တူသည်။
ဥန္နာဒိနိယာတိ၊ ကား။
ဥစ္စံ၊ မြင့်ကျယ်စွာ။
(ဥ၏ အဖွင့်)။
နဒမာနာယ၊ ပြောဆိုသော။
(ပရိဗ္ဗာဇ ပရိသာယ- ၌စပ်)။
စ၊ ဆက်။
ဧဝံ၊ ဤသို့ မြင်ကျယ်စွာ။
နဒမာနာယ၊ ပြောဆိုသော။
အဿာ၊ ထို ပရိသတ်၏။
ဥဒ္ဓံ၊ အထက်သို့။
ဂမနဝသေန၊ တက်ခြင်း၏ အစွမ်းဖြင့်။
ဥစ္စော၊ မြင့်သော။
(သဒ္ဒေါ၊ အသံသည်လည်းကောင်း)။
ဒိသာသု၊ အရပ်မျက်နှာတို့၌။
ပတ္ထဋဝသေန၊ ပြန့်ကျယ်ခြင်း၏ အစွမ်းဖြင့်။
မဟာ၊ ကျယ်သော။
သဒ္ဒေါ၊ သည်လည်းကောင်း။
(အတ္ထိ)၊
ဣတိ၊ ကြောင့်။
ဥစ္စသဒ္ဒ မဟာသဒ္ဒါယ၊ ဥစ္စာသဒ္ဒ မဟာသဒ္ဒမည်သော။
(ပရိသာယ၌စပ်။)ဥန္နာဒိနိယာ။ ။ "ဥကို ဥစ္စံဟုလည်းကောင်း, နာဒိနီကို နဒမာနာယ" ဟုလည်းကောင်းဖွင့်၏၊ နဒမာနယဟု သတ္တုသာ် ဖွင့်သောကြောင့် "ဥစ္စံ+နာဒေါ- မြင့်သောအသံတည်း၊ ဝါ- မြင့်လည်းမြင့် ကျယ်လည်းကျယ်သော အသံတည်း၊ ဥန္နာဒေါ" ဟု ရှေးဦးစွာ သမာသ်တွဲပြီးမှ "ဥန္နာဒေါ ယဿာ အတ္ထီတိ ဥန္နာဒိနီ " ဟု အဿတ္ထိဆင့်ပါ။
ဥစ္စာသဒ္ဒ မဟာသဒ္ဒါယ။ ။ ဥန္နာဒိနိယာကိုပင် ထပ်၍ သရုပ်ဖော်သည်၊ ထို့ကြောင့် "ဧဝံ နာဒမာနာယ စဿ ၊ပေ၊ ဥစ္စာသဒ္ဒ မဟာသဒ္ဒါယ ''ဟု မိန့်သည်၊ "ဥဒ္ဓံ ၊ပေ၊ သဒ္ဒေါ" ကား ဥစ္စာသဒ္ဒ မဟာသဒ္ဒ၏ အနက်ဖွင့်တည်း၊ ထိုအဖွင့်၌ ဥဒ္ဓံ ဂမနဖြင့် "ဥစ္စာ" ဟူသော အာကာရန္တ နိပါတ်၏ အနက်ကို ပြ၏၊ "ဒိသာတု ပတ္ထဋဝသေန" ဖြင့် မဟာ၏အနက်ကိုပြ၏၊ မဟာ၏နောက််၌ သဒ္ဒေါဖြင့် ဥစ္စာနှင့် သဒ္ဒေါတို့သည်လည်းကောင်း, မဟာနှင့် သဒ္ဒေါတို့သည်လည်းကောင်း အရတူ ကမ္မဓာရဲဟု ပြ၏၊ ထို့နောက ဗဟုဗ္ဗီတိ တွဲပါ။
မှတ်ချက်။ ။ ဥန္နာဒိနီနှင့် ဥစ္စသဒ္ဒမဟာသဒ္ဒသည် အရတူသောကြောင့် ဥန္နာနိဒိနီ၌ ဥသဒ္ဒါသည် ဥန္နတ (အထက်သို့ မြင့်တက်ဟူသော) အနက်အပြင် ဝိပုလ (ဘေးသို့ ကျယ်ပြန့်ဟူသော) အနက်ကိုလည်း ဟော၏ဟု မှတ်ပါ၊ [ယထာ ဥန္နတပ္ပါယော သဒ္ဒေါ ဥန္နာဒေါ- များစွာမြင့်တက်ခြင်းရှိသော အသံသည် ဥန္နာဒမည်သကဲ့သို့, ဧဝံ ဝိပုလဘာဝေန ဥပရုပရိပဝတ္တောပိ ဥန္နာဒေါ- ဤ့အတူ ပြန့်ကျယ်သည်၏ အဖြစ်ဖြင့် အဆင့်အဆင့်ဖြစ်သော အသံသည်လည်း ဥန္နာဒမည်၏၊ ဣတိ- ထို့ကြောင့်၊ တဒုဘယံ ဧကဇ္ဈံ ကတွာ ပါဠိယံ ဥန္နာဒိနိယာတိ ဝတွာ ပုနဝိဘာဂေန ဒဿေတုံ (ဥန္နာဒိနီကို ဝေဖန်၍ ပြခြင်းငှာ) ဥစ္စာသဒ္ဒမဟာသဒ္ဒါယာတိ ဝုတ္တံ၊- ဋီကာ။]
အနက်ပေးပုံ။ ။ ဤဋီကာအဖွင့်ကို ထောက်၍ "ဥန္နာဒိနိယာ- မြင့်+ကျယ်သော အသံရှိသော" ဟု အနက်ပေးပါ၊ "ရှေးက ပဲ့တင်ထပ်သော အသံရှိသော" ဟု ပေးကြ၏၊ တောင်အနီးဝယ်ဟစ်အော်သောအခါ ပြန်လာသော အသံကဲ့သို့ ပဲ့တင်သံဖြစ်အောင် ဟစ်အော်၍ စကားပြောကြမည်မဟုတ်သောကြောင့် ထိုအနက်ကို ဤနေရာ၌ မယူထိုက်။ ဟိ၊ ချဲ့။ တေသံ ပရိဗ္ဗာဇကာနံ၊ ထို ပရိဗ္ဗိုဇ်တို့၏။ ဝါ၊ သည်။ ပါတောဝ၊ နံနက်စောစော၌ပင်။ ဝုဋ္ဌာယ၊ ထ၍။ ကတ္တဗ္ဗံနာမ၊ ပြုထိုက်သည်မည်သော။ စေတိယဝတ္တံဝါ၊ စေတီတော်၌ ပြုထိုက်သော ကျင့်ဝတ်သည်လည်းကောင်း။ ဗောဓိဝတ္တံဝါ၊ ဗောဓိပင်၌ ပြုထိုက်သော ကျင့်ဝတ်သည်လည်းကောင်း။ အာစရိယုပဇ္ဈာယဝတ္တံဝါ၊ ဆရာဥပဇ္ဈာယ်တို့၌ ပြုထိုက်သော ကျင့်ဝတ်သည်လည်းကောင်း။ ယောနိသော၊ သင့်သော အကြောင်းအားဖြင့်။ မနသိကာရောဝါ၊ ဘာဝနာကို နှလုံးသွင်းခြင်းသည်လည်းကောင်း။ နတ္ထိ၊ မရှိ။

တေန၊ ထို့ကြောင့်။
တေ၊ ထို ပရိဗ္ဗိုဇ်တို့သည်။
ပါတောဝ၊ နံနက်စောစော၌ပင်။
ဝုဋ္ဌာ၊ ၍။
ဗာလာတပေ၊ တက်သစ်စ နေရောင်၌။
ဝါ၊ နေစာ၌။
နိသန္နာ၊ ထိုင်ကုန်လျက်။
ဣမဿ၊ ဤသူ၏။
ဟတ္ထော၊ လက်သည်။
သောဘနော၊ တင့်တယ်၏။
ဝါ၊ လှ၏။
ဣမဿ, ပါဒေါ၊ ခြေသည်။
သောဘနော၊ ၏။
ဣတိ ဧဝံ၊ ဤသို့။
မညမညဿ၊ အချင်းချင်း၏။
ဟတ္ထပါဒါဒီနိ၊ လက်ခြေအစရှိသည်တို့ကို။
အာရဗ္ဘဝါ၊ အကြောင်းပြု၍ သော်လည်းကောင်း။
ဣတ္ထိပုရိသဒါရကံဒါရိကာဒီနံ၊ မိန်းမ ယောင်္ကျား သူငယ် သူငယ်မ အစရှိသူတို့၏။
ဝဏ္ဏေ၊ ဂုဏ်တို့ကို။
(အာရဗ္ဘဝါ၊ ၍သော်လည်းကောင်း)။
အညံ၊ အခြားသော။
ကာမဿာဒဘဝဿာဒါဒိဝတ္ထုံ၊ ကာမဂုဏ်ကို သာယာတတ်သောတဏှာ, ကာမဘဝကို သာယာတတ်သော တဏှာ အစရှိသည်တို့၏ တည်ရာအာရုံကို။
(အာရဗ္ဘဝါ၊ သော်လည်းကောင်း)။
ကထံ၊ စကားကို။
သမုဋ္ဌပေတွာ၊ ဖြစ်စေ၍။
အနုပုဗ္ဗေန၊ အစဉ်အားဖြင့်။
ရာဇကထာဒိအနေကဝိဓံ၊ ရာဇကထာအစရှိသော တစ်ပါးမကများသော အပြားရှသော။
တိရစ္ဆာန ကထံ၊ နတ်ရွာနိဗ္ဗာန်၏ ဖီလာကန့်လန့်ဖြစ်သော စကားကို။
ကထေန္တိ၊ ပြောဆိုကြကုန်၏။
တေန၊ ထို့ကြောင့်။
ဥန္နာဒိနိယာ ၊ပေ၊ ကထေန္တိယာတိ၊ ဟူ၍။
(အာယသ္မတာ အာနန္ဒတ္ထေရေန၊ သည်)။
ဝုတ္တံ၊ လျှောက်အပ်ပြီ။
တတော၊ ထိုသို့ တိရစ္ဆာနကထာကို ပြောဆိုခြင်းကြောင့်။
ပေါဋ္ဌပါဒေါ၊ မည်သော။
ပရိဗ္ဗာဇကော၊ သည်။
တေ ပရိဗ္ဗာဇကေ၊ ထို တပည့်ပရိဗ္ဗိုဇ်တို့ကို။
ဩလောကေတွာ၊ ကြည့်၍။
ဣမေ ပရိဗ္ဗာဇကာ၊ တို့သည်။
အတိဝိယ၊ အလွန်အကဲသာလျှင်။
အညမညံ၊ အချင်းချင်း။
အဂါရဝါ၊ ရိုသေလေးစားခြင်း မရှိကြကုန်။
မယံစ၊ ငါတို့သည်လည်း။
သမဏဿ ဂေါတမဿ၊ ၏။
ပါတုဘာဝတော၊ ထင်ရှားဖြစ်ရာ အခါမှ။
ပဋ္ဌာယ၊ စ၍။
သူရိယုဂ္ဂမနေ၊ နေထွက်ရာ အခါ၌။
ခဇ္ဇော၊ နေထွက်ရာ အခါ၌။
ခဇ္ဇောပနကူပမာ၊ ပိုးစုန်းကြူးဟူသော ဥပမာရှိကုန်သည်။
ဇာတာ၊ ဖြစ်ကုန်ပြီ။
နော၊ ငါတို့၏။
လာဘသက္ကာရောပိ၊ လာဘ်သပ်ပကာရသည်လည်း။
[လာဘကို "လာဘ်" သက္ကာရာကို "သပ်ပကာ" ဟု ပေးကြသည်။]
ပရိဟီနော၊ ယုတ်လျော့ခဲ့ပြီ။
ပန၊ ဆက်။
ဣမံ ဌာနံ၊ ဤအရပ်သို့။
သာမဏော ဂေါတမောဝါ၊ သည်သော်လည်းကောင်း။
ဂေါတမဿ၊ ၏။
သာဝကောဝါ၊ သာဝကသည်သော်လည်းကောင်း။
တဿ၊ ထို ဂေါတမ၏။
ဂိဟီ၊ လူဝတ်ကြောင်ဖြစ်သော။
ဥပဋ္ဌာကောဝါ၊ အလုပ်အကျွေးသည်သော်လည်းကောင်း။
သစေ အာဂစ္ဆေယျ၊ အကယ်၍ လာအံ့။
(ဧဝံ သတိ)၊
အတိဝိယ၊ အလွန်သာလျှင်။
လဇ္ဇနီယံ၊ ရှက်ဖွယ်သည်။
ဘဝိဿတိ၊ ဖြစ်တော့လတံ့။
ပန၊ စင်စစ်ကား။
ပရိသဒေါသော၊ ပရိသတ်၏ အပြစ်သည်။
ပရိသဇေဋ္ဌကဿေဝ၊ ပရိသတ်၏ အကြီးအကဲ၏သာလျှင်။
ဥပရိ၊ အပေါ်သို့။
အာရောဟတိ၊ တက်ရောက်၏။
["တပည့်မကောင်း ဆရာ့ခေါင်း" ဟူလို။]
ဣတိ၊ ဤသို့ ကြံ၍။
ဣတော စိတောစ၊ ဤအရပ် ဤအရပ်သို့လည်း။
ဝါ၊ ဟိုမှ ဒီမှလည်း။
ဝိလောကေန္တော၊ စောင်း၍ ကြည့်လသော်။
ဘဂဝန္တံ၊ ကို။
အဒ္ဒသ၊ မြင်ရပြီ။
တေန၊ ထို့ကြောင့်။
အဒ္ဒသာခေါ ၊ပေ၊ တုဏှီ အဟေသုံတိ၊ ဟူ၍။
(အာယသ္မတာ အာနန္ဒတ္ထေရေန)၊
ဝုတ္တံ၊ လျှောက်အပ်ပြီ။
တတ္ထ၊ ထို အဒ္ဒသာခေါ ၊ပေ၊ အဟေသုံဟူသော စကားရပ်၌။
သဏ္ဌာပေသီတိ၊ ကား။
သိက္ခာပေသိ၊ သင်စေပြီ။
(သင်ပေးပြီး)။
အဿာ၊ ထိုပရိသတ်၏။
ဝဇ္ဇံ၊ အပြစ်ကို။
ပဋိစ္ဆာဒေတိ၊ ဖုံးကွယ်ပြီ။
ယထာ၊ အကြင် အခြင်းအရာအားဖြင့် (ထားအပ်သော်)။
သုသဏ္ဌိတာ၊ ကောင်းစွာတည်သည်။
ဟောတိ၊
တထာ၊ ထို ကောင်းစွာတည်နိုင်လောက်အောင်သော အချင်းအရာအားဖြင့်။
နံ၊ ထိုပရိသတ်ကို။
ဌပေသိ၊ ထားပြီ။
ယထာနာမ၊ ဥပမာ မည်သည်ကား။
ပရိသမဇ္ဈံ၊ ပရိတ်အလယ်သို့။
ပဝိသန္တော၊ ဝင်သော။
ပုရိသော၊ သည်။
ဝဇ္ဇပဋိစ္ဆာဒနတ္ထံ၊ အပြစ်ကို ဖုံးကွယ်ခြင်းအကျိုးငှါ။
နိဝါသနံ၊ ကိုယ်ဝတ်ကို။
သဏ္ဌပေတိ၊ ကောင်းစွာတည်ပေ၏။
ပါရုပနံ၊ အပေါ်ခြုံကို။
သဏ္ဌာပေတိ၊ ၏။
ရဇောကိဏ္ဏဋ္ဌာနံ၊ မြူဖြင့် ရောပြွမ်းအပ်သော အရပ်ကို။
ပဉ္ဆတိ၊ သုတ်၏။
ဧဝံ၊ တူ။
အဿာ၊ ထိုပရိသတ်၏။
ဝဇ္ဇပဋိစ္ဆာဒနတ္ထံ၊ ငှါ။
အပ္ပသဒ္ဒါ ဘောန္တောတိ၊ န္တောဟူ၍။
သိက္ခာပေန္တော၊ သင်ပေးလျက်။
ယထာ၊ ဖြင့်။
(ထားအပ်သော်)။
သုသဏ္ဌိတာသည်။
ဟောတိ၊
တထာ၊ ဖြင့်။
နံ၊ ကို။
ဌပေသိ၊ ပြီ။
ဣတိ အတ္ထော။သဏ္ဌာပေသိ။ ။ သညမနဝသေန (စောင့်စည်းခြင်း အစွမ်းဖြင့်) သမ္မဒေဝ ထပေသိ၊ [သံကို သမ္မဒေဝ, ဌာပေကို ဌပေ (တည်စေကို ထား) ဟု ဋီကာဖွင့်၏။] "ကောင်းစွာထား" ဟူရာ၌ "အကြင်နည်းဖြင့် ထားအပ်သော် ကောင်းစွာတည်၏၊ ထို့နည်းဖြင့် ထားသည်" ဟု သိစေလို၍ "ယထာ ၊ပေ၊ ဌပေသိ" ဟု အဓိပ္ပာယတ္ထဖွင့်သည်။
သိက္ခာပသိ ၊ပေ၊ ပဋိစ္ဆာဒေတိ။ ။ ထိုသို့ ကောင်းစွာတည်စေခြင်း (ကောင်းစွာထားခြင်း) ဟူသည် ပါဠိတော်၌ လာသည့်အတိုင်း "အပ္ပသဒ္ဒါ ဘောန္တော ဟောထ" စသည်ဖြင့် တိရစ္ဆာ နကထာတို့ဖြင့် အချင်းချင်း မရှိမသေဖြစ်မှုကို မပြုစေသော အားဖြင့် ကောင်းသော အကျင့်အာစာရကို သင်ပေးခြင်း, မိမိတို့၌ နဂိုကရှိနေသော ရှက်ဖွယ်အပြစ်များကို စွန့်စေသောအားဖြင့် ဖုံးထားခြင်းတည်း၊ ထို့ကြောင့် သိက္ခာပေသိ ၊ပေ၊ ပဋိစ္ဆာဒေသိတို့သည် သဏ္ဌာပေသိ အရ ကောင်းစွာထားပုံကို သရုပ်ဖော်သော် အဖွင့်များတည်း၊ ယထာနာမစသည်ကား ဥပမာဖြင့် ထင်ရှားပြသော စကားတည်း။

အပ္ပသဒ္ဒကာမောတိ၊ ကား။
အပ္ပသဒ္ဒံ၊ တိုးသော အသံကို။
ဣစ္ဆတိ၊ လိုလား၏။
ဧကော၊ တစ်ပါးတည်းသည်။
(ဟုတွာ)၊
နိသီဒတိ၊ ထိုင်၏။
ဧကော (ဟုတွာ)၊
တိဋ္ဌတိ၊ ရပ်၏။
ဂဏသင်္ဂဏိကာယ၊ အပေါင်းအဖော်၌ ပေါင်းဆုံခြင်းဖြင့်။
န ယာပေတိ၊ မမျှတ။
ဥပသင်္ကမိတဗ္ဗံ မညေယျာတိ၊ ကား။
ဣဓ၊ ဤအရပ်သို့။
အာဂန္တဗ္ဗံ၊ လာထိုက်၏ ဟူ၍။
(အပ္ပေနာမ) မညေယျ၊ မှတ်ထင်တန်ရာ၏။
[ပါဠိတော်၌ ရှိသော အပ္ပေဝနာမကို ယူ၍ ပေးသည်။]
ပန၊ ပရိဟာရပက္ခမှ တစ်ပါး စောဒကပက္ခကို ဆိုဦးအံ့။
ကသ္မာ၊ ကြောင့်။
ဧသ (ဧသော)၊ ဤ ပေါဋ္ဌပါဒသည်။
ဘဂဝတော၊ ၏။
ဥပသင်္ကမနံ၊ ကြွလာတော်မူခြင်းကို။
ပစ္စာသီလတိ၊ တောင့်တသနည်း။
ဣတိ၊ ဤကားအမေးတည်း။
အတ္တနော၊ ၏။
ဝုဒ္ဓိံ၊ လာဘ်, ဂုဏ်အားဖြင့် ကြီးပွားမှုကို။
ပတ္ထယမာနော၊ တောင့်တသည်၏ အဖြစ်ကြောင့်။
(ပစ္စာသီသတိ)၊
ဣတိ၊ ဤကား အဖြေတည်း။
ကိရ၊ ချဲ့။
ပရိဗ္ဗာဇကာ၊ တို့သည်။
("ဥက္ခိပန္တိ" စသည်၌စပ်)။
ဗုဒ္ဓေ သုဝါ၊ ဘုရား ရှင်တို့သည် သော်လည်းကောင်း။
["ဗုဒ္ဓေ" ဟု ရှိလျှင် ကောင်း၏။]
ဗုဒ္ဓသာဝကေသု ဝါ၊ ဘုရားရှင်၏ သာဝကတို့ဘသည်သော်လည်းကောင်း။
အတ္တနော၊ ၏။
သန္တိကံ၊ သို့။
သမဏောဂေါတမော၊ သည်။
အာဂတော၊ ကြွလာပြီ။
သာရိပုတွာ၊ သည်။
အာဂတော၊ ပြီ။
ခေါ ပန၊ စင်စစ်။
တေ၊ ထို ဗုဒ္ဓ ဗုဒ္ဓ သာဝကတို့သည်။
ယဿဝါ တဿဝါ၊ အမှတ်မထား တစ်ပါးပါးသော ပုဂ္ဂိုလ်၏။
(ဟုတ်ဟုတ်ငြားငြားသော ပုဂ္ဂိုလ်၏)။
သန္တိကံ၊ ကို။
န ဂစ္ဆန္တိ၊ မသွားကြကုန်။
အမှာကံ၊ တို့၏။
ဥတ္တမဘာဝံ၊ မြင့်မြတ်ကုန်သည်၏ အဖြစ်ကို။
ပဿထ၊ ကြည့်ကြကုန်လော။
ဣတိ၊ ဤသို့ ပြော၍။
အတ္တနော၊ မိမိ၏။
ဥပဋ္ဌာကာနံ၊ အလုပ်အကျွေး ဒါယကာတို့၏။
သန္တိကေ၊ အထံ၌။
အတ္တနော၊ မိမိကို။
ဥက္ခိပန္တိ၊ ချီမြှောက်ကြကုန်၏။
ဥစ္စေ၊ မြင့်သော။
ဌာနေ၊ အရာ၌။
ထပေန္တိ၊ ထားကြကုန်၏။
(ကြွားကြကုန်၏)။အပ္ပသဒ္ဒကာမော။ ။ "အပ္ပသဒ္ဒံ+ကာမေတီတိ အပ္ပသဒ္ဒကာမော" ဟု ပြုစေလို၍ "အပ္ပသဒ္ဒံ ဣစ္ဆတိ" ဟု ဖွင့်သည်၊ အပ္ပသဒ္ဒံကို "နိဿဒ္ဒံ- အသံမရှိ" ဟု အပ္ပသဒ္ဒါ၏ အဘာဝအနက်ကို ဖွင့်ပြီးလျှင် လုံးလုံး အသမရှိခြင်းကို ယူမည်စိုး၍ "ဥစ္စာသဒ္ဒမဟာသဒ္ဒါဘာဝံ- မြင့်သော အသံ ကျယ်သောအသံ၏ မရှိခြင်း" ဟု ဋီကာ၌ အဓိပ္ပာယ်ဖွင့်သည်။
ဧကောနီသီဒတိ။ ။ ဧကော နိသီဒတိစသည်ကား၊ အပ္ပသဒ္ဒကာမောအတွက် ရောက်နိုင်သော အဓိပ္ပာယ်ကို အတထာပန္နနည်းအားဖြင့် ပြခြင်းတည်း၊ အပ္ပသဒ္ဒကို အလိုရှိသောကြောင့် တစ်ပါးတည်း နေထိုင်မှု စသည်ကို ပြတော်မူသည်- ဟူလို၊ [ယခုအခါ "တိုးတိုး စကားပြောပါ၊ တိုးတိုးစာအံ့ပါ" စသော သင်ပြမှုသည် ဤနေရာ၌ ရအပ်သော အကျင့်တည်း။]
ဝုဒ္ဓိံ ပတ္ထယမာနော။ ။ ဝုဒ္ဓိံတိ လာဘသက္ကာရဝုဒ္ဓံ- လာဘ်သက္ကာရ၏ တိုးပွားမှုကို၊ ပတ္ထာယမာနောတိ ပတ္ထယနဟေတု ၊[မာန ပစ္စည်း ဟိတ်အနက်ဟော- ဟူလို။] ဤအဓိပ္ပာယ်ကို အကျယ်ချဲ့ပြလို၍ "ပရိဗ္ဗာဇကာ ကိရ" စသည်ကို မိန့်သည်။ ဘဂဝတောပိ၊ မြတ်စွာဘုရား၏လည်း။ ဥပဋ္ဌာကေ၊ အလုပ်အကျွေးဒါယကာတို့ကို။ ဂဏှိတုံ၊ မျှား၍ယူခြင်းငှာ။ ဝါယမန္တိ၊ အားထုတ်ကြကုန်၏။

ဥပဋ္ဌာကေ၊ တို့ကို။
ဒိသွာ၊ မြင်၍။
ဧဝံ၊ ဤသို့။
ဝဒန္တိ၊ ပြောဆိုကြကုန်၏။
(ကိံ)၊
တုမှာကံ၊ အသင်ဒါယကာတို့၏။
သတ္ထာ၊ ဆရာဖြစ်သော။
ဘဝံ ဂေါတမာမိ၊ အရှင်ဂေါတမသော်မှလည်းကောင်း။
ဂေါတမသာဝကာပိ၊ ရှင်ဂေါတမ၏ သာဝကတို့သော်မှလည်းကောင်း။
အမှာကံ၊ ငါတို့၏။
သန္တိကံ၊ အထံသို့။
အာဂစ္ဆန္တိ၊ လာကြကုန်သေး၏။
မယံ၊ ငါတို့သည်။
အညမညံ၊ အချင်းချင်း။
သမဂ္ဂါ၊ ညီညွတ်ကြကုန်၏။
တုမှေ ပန၊ အသင်ဒါယကာတို့သည်ကား။
အမှေ၊ ငါတို့ကို။
အက္ခီဟိပိ၊ မျက်လုံးတို့ဖြင့်သော်မှလည်း။
မဿိတုံ၊ ကြည့်ခြင်းငှာ။
န ဣစ္ဆတ၊ အလိုမရှိကြကုန်။
သာမိစိကမ္မံ၊ အရိုအသေပြုမှုကို။
န ကရောထ၊ မပြုကြကုန်။
ဝေါ၊ သင်တို့၏ အပေါ်၌။
ကိံ၊ အဘယ်ကို။
အပရဒ္ဓံ၊ ချွတ်ယွင်းအပ်ဖူးသနည်း။
[အပရဇ္ဈိတံ၊- ဋီကာ၊ အပ+ရာဓဓာတ်, တပစ္စည်း။]
အထ၊ ထိုအခါ၌။
ဧကစ္စေ၊ အချို့ကုန်သော။
မနုဿာ၊ လူတို့သည်။
ဗုဒ္ဓါပိ၊ ဘုရားရှင်တို့သော်မှလည်း။
ဧတေသံ၊ ဤပရိဗ္ဗိုဇ်တို့၏။
သန္တိကံ၊ အထံသို့။
ဂစ္ဆန္တိ၊ ကြွတော်မူကြကုန်သေး၏။
အမှာကံ၊ ငါတို့၏။
(ဂမနေ၊ သွားခြင်း၌)။
ကိံ၊ အဘယ်ဆိုဖွယ်ရာရှိတော့အံ့နည်း။
ဣတိ၊ ဤသို့ ကြံ၍။
တတော၊ ထိုအခါမှ။
ပဋ္ဌာယ၊ စ၍။
တေ၊ ထို ပရိဗ္ဗိုဇ်တို့ကို။
ဒိသွာ၊ မြင်ရ၍။
နပ္ပမဇ္ဇန္တိ၊ မမေ့လျော့ကြကုန်။
[ဂရုစိုက်ခြင်းကို မမေ့လျော့ဟုဆိုသည်။]
တုဏှီ အဟေသုံတိ၊ ကား။
ပေါဋ္ဌပါဒံ၊ ပေါဋ္ဌပါဒကို။
ပရိဝါရေတွာ၊ ခြံရံ၍။
နိဿဒ္ဒါ၊ အသံမရှိကုန်သည်။
(ဟုတွာ)၊
နိသီဒိံသု၊ ထိုင်ကြကုန်ပြီ။
သွာဂတံ ဘန္တေတိ၊ ကား။
ဘန္တေ၊ အရှင်ဘုရား။
ဘဂဝတော၊ ၏။
အာဂမနံ၊ ကြွလာတော်မူခြင်းသည်။
သုဋ္ဌု၊ ကောင်းစွာ။
အာဂမနံ၊ ကြွလာတော်မူခြင်းပါတည်း။
ဟိ၊ မှန်။
(ဣမိနာ၊ ဤသွာဂတံ ဘန္တေ ဟူသော ပါဌ်ဖြင့်)။
ဘဂဝတိ၊ မြတ်စွာဘုရားသည်။
နော၊ အကျွနိုပ်တို့ အထံသို့။
အာဂတေ၊ ကြွလာတော်မူလသော်။
အာနန္ဒေါ၊ နှစ်သက်ဝမ်းမြောက်ခြင်းသည်။
ဟောတိ၊ ဖြစ်ရပါ၏။
ဣတိ၊ ဤအနက် အဓိပ္ပာယ်ကို။
ဒီပေတိ၊ ပြ၏။
စီရဿံ ခေါ ဘန္တေတိ၊ ဟူသော စကားကို။
ကသ္မာ၊ ကြောင့်။
အာဟ၊ လျှောက်သနည်း။
ဘဂဝါ၊ သည်။
ပုဗ္ဗေတိ၊ ဟူသော စကားကို။
ကသ္မာ၊ ကြောင့်။
အာဟ၊ လျှောက်သနည်း။
ဘဂဝါ၊ သည်။
ပုဗ္ဗေပိ၊ ရှေး၌လည်း။
တတ္ထ၊ ထို ပေါ်ဋ္ဌပါဒ၏ အထံသို့။
ဂတပုဗ္ဗောကိံ၊ ကြွတော်မူဘူးသလော။
ဣတိ၊ ဤကားအမေးတည်း။
န ဂတပုဗ္ဗော၊ မကြွဖူးပါ။
ပန၊ ထိုသို့ပင် မကြွဘူးပါသော်လည်း။
မနုဿာနံ၊ လူတို့၏။
(ပိယသမုဒါစာရ၊ ၌စပ်)။
ကုဟိံ၊ ဘယ်အရပ်သို့။
ဂစ္ဆန္တော၊ သွားနေကြကုန်သည်။
အတ္ထ၊ ဖြစ်ကြကုန်သနည်း။
ကုတော၊ အဘယ်အရပ်မှ။
အာဂတာ၊ လာကြကုန်သည်။
အတ္ထ၊ နည်း။
မဂ္ဂမူဠာ၊ လမ်းမှား၍ လာကြကုန်သည်။
ဝါ၊ မျက်စိလည်၍ လာကြကုန်သည်။
အတ္ထ၊ ဖြစ်ကြကုန်သလော။
စိရဿံ၊ ကြာမြင့် မှ။
အာဂတာ၊ လာကြကုန်သည်။
အတ္ထ၊ ဖြစ်ကုန်၏။
ဣတိ ဧဝမာဒယော၊ ဤသို့ အစရှိသော စကားတို့သည်။
ပိယသမုဒါစာရာ၊ ချစ်အပ်သူကို ပြောဆိုကြောင်းစကားတို့သည်။
ဝါ၊ ချစ်ခင်ဖွယ်ရာ ပြောအပ်သော စကားတို့သည်.
ဟောန္တိ၊ ဖြစ်ကုန်၏။
[မဂ္ဂမူဠာစသည်ကား "ကျပ်တို့ဆီလာတာ မဟုတ်ပါဘူး, ခုမှ မျက်စိလယ်ပြီးလမ်းမှားလာတာပါ" စသည်ဖြင့် ဝမ်းသာအားရ ခပ်ရွှင်ရွှင် ပြောအပ်သော စကား ဖြစ်သည်။]
တသ္မာ၊ ထို့ကြောင့်။
ဧဝံ၊ ဤသို့ စိရဿံ ခေါ် ဘန္တေအစရှိသော စကားကို။
အာဟ၊ လျှောက်ပြီ။
စ ပန၊ ထပ်၍ ဆက်ဦးအံ့။
ဧဝံ၊ ဤသို့။
ဝတွာ၊ လျှောက်ပြီး၍။
မာနထဒ္ဓေါ၊ မာနဖြင့် ခက်ထန်သည်။
ဟုတွာ၊ ဖြစ်၍။
န နိသီဒတိ၊ ထိုင်နေသည်မဟုတ်။
အာသနာ၊ နေရာမှ။
ဥဋ္ဌာယ၊ ထ၍။
ဘဂဝတော၊ ကို။
ပစ္စုဂ္ဂမနံ၊ ခရီးဦးကြိုးဆိုခြင်းကို။
အကာသိ၊ ပြုပြီ။
ဟိ၊ မှန်။
ဘဂဝန္တံ၊ ကို။
ဥပဂတံ၊ ချဉ်းကပ်လာသည်ကို။
ဒိသွာ၊ မြင်ရ၍။
အာသနေန၊ နေရာဖြင့်။
အနိမန္တေ န္တောဝါ၊ မဖိတ်မန်သူကိုလည်းကောင်း။
အပစိတိံ၊ အရိုအသေကို။
အကရောန္တောဝါ၊ မပြုသူကိုလည်းကောင်း။
ဒုလ္လဘော၊ ခဲယဉ်းသဖြင့် ရအပ်၏။
ဝါ၊ မရအပ် မရနိုင်။
ကသ္မာ၊ အဘယ့်ကြောင့်နည်း ။
(ဘဂဝတော၊ ၏)။
ဥစ္စာနကုလီနတာယ၊ မြင့်မြတ်သော အမျိုးရှိသည်၏ အဖြစ်ကြောင့်တည်း။
အယံပိ ပရိဗ္ဗာဇကော၊ ဤပရိဗ္ဗိုဇ်သည်လည်း။
အတ္တနော၊ မိမိ၏။
နိသိန္နာသနံ၊ ထိုင်နေရာဖြစ်သော နေရာကို။
ပပ္ဖေါဋေတွာ၊ ခါ၍။
ဘဂဝန္တံ၊ ကို။
အာသနေန၊ နေရာဖြင့်။
နိမန္တေန္တော၊ ဖိတ်မန်လိုသည်။
(ဟုတွာ)၊
နိသီဒတု ဘန္တေ ဘဂဝါ ဣဒံ အာသနံ ပညတ္တံတိ၊ ဟူ၍။
အာဟ၊ လျှောက်ပြီ။
အန္တရာကထာဝိပ္ပကတာတိ၊ ကား။
နိသိန္နာနံ၊ ထိုင်နေကြကုန်လော။
ဝေါ၊ သင်တို့၏။
အာဒိတော၊ အစမှ။
ပဋ္ဌာယ၊ ၍။
ယာဝ၊ အကြင်မျှလောက်။
မမ၊ ၏။
အာဂမနံ၊ ကြွလာတော်မူခြင်းသည်။
(အတ္ထိ)၊
ဧတသ္မိံ အန္တရော၊ ဤ အသင်တို့ ထိုင်ပြီးသည်မှ စ၍ ငါဘုရားကြွလာသည့်တိုင်အောင်သော ကာလအတွင်း၌။
ဝိပ္ပကတာ၊ အပြားအားဖြင့် ပြုအပ်ပြီးမဟုတ်သော။
(မပြီးဆုံးသေးသော)။
ကထာ၊ စကားသည်။
ကာနာမ၊ အဘယ်မည်သော စကားနည်း။
မမ၊ ၏။
အာဂမနပစ္စယာ၊ ကြွလာတော်မူခြင်းဟူသော အကြောင်းကြောင့်။
ကတမာကထာ၊ အဘယ်စကားသည်။
ပရိယန္တံ၊ အပြီးအဆုံးသို့။
န ဂတာ၊ မရောက်သနည်း။
ဝဒထ၊ လျောက်ကြကုန်။
နံ၊ ထို စကားကို။
ယာဝ ပရိယန္တံ၊ ပြီးဆုံးသည့်တိုင်အောင်။
နေတွာ၊ ဆောင်၍။
ဒေမိ၊ ပေးတော်မူအံ့။
ဣတိ၊ သို့။
သဗ္ဗညုပဝါရဏံ၊ သဗ္ဗညုဘုရားရှင်တို့၏ ဖိတ်တော်မူခြင်းကို။
ပဝါရေသိ၊ ဖိတ်တော်မူပြီ။
[ဒေမိနေရာ၌ "ဒေသေမိ" ဟု မူကွဲရှိ၏။]စိရဿံ ခေါ ဘန္တေ။ ။ "စိရဿံ ခေါ ဘန္တေ- ကြားမြင့်မှ ဤနေရာသို့ ကြွလာဖို့ရန် အလှည့်ပြုတော်မူသည် " ဟု လျှောက်သော စကားကို ထောက်လျှင် " ဘုရားရှင်သည် ရှေးကလည်း ကြွတော်မူဘူး" ဟု အဓိပ္ပာယ်ကျရောက်နေသောကြောင့် "ကသ္မာ အာဟ" ဟု ပုစ္ဆာထုတ်၍ ပိယသမုဒါစာရ (ချစ်နှစ်သက်ဖွယ် ပြောရိုးစကား) ဖြစ်သောကြောင့် စိရဿံ ခေါ စသော စကားကို လျှောက်ခြင်းဖြစ်ပါသည်ဟု ဖြေသည်၊ ဘုရားရှင်ကား ရှေးက မကြွဘူးပါ- ဟူလို။
အန္တရာ။ ။ ရှေ့ဗြဟ်မဇာသုတ်ဝယ် အန္တရာကို "ကမ္မဋ္ဌာန မနသိကာရ ဥဒ္ဒေသ ပရိပုစ္ဆာ ဒီနိံ အန္တရာ" ဟု ဖွင့်ခဲ့သော်လည်း ထိုအနက်၏ ဤပရိဗ္ဗိုဇ်တို့အတွက် မရနိုင်သောကြောင့် ဤ၌ အန္တရာကို "နိသိန္နာနံဝေါ ၊ပေ၊ ဧတသ္မိံ အန္တရေ" ဟု ဖွင့်သည်။
သဗ္ဗညုပဝါရဏံ။ ။ "ကာနာမ ကထာ ဝိပ္ပကတာ- မပြီးသေးသော စကားသည်၊ အဘယ်စကားနည်း" ဟု မိန့်တော်မူသဖြင့် "ငါသည် ထိုစကားကို ပြီးဆုံးစေမည်" ဟု ဝန်ခံတော်မူရာရောက်၏၊ မည်သည့်ကထာဟု သတ်မှတ်ချက်မရှိသောကြောင့် "မည်သည့်ကထာမဆို အပြီးဆုံးသို့ ရောက်စေမည်" ဟုလည်း ဝန်ခံရာရောက်၏၊ ထိုသို့ "ကထာအားလုံးကို ပြီးဆုံးစေမည်" ဟု ဝန်ခံတော်မူခြင်းသည် သဗ္ဗညုပဝါရဏံ ပဝါရေသိ" ဟု မိန့်သည်။[ဝိပ္ပတကာ၏ သဒ္ဒတ္ထကို ရှေ့ဗြဟ္မဇာလသုတ်၌ ပြခဲ့ပြီ။]

အထ၊ သဗ္ဗညုပဝါရဏာဖြင့် ဖိတ်တော်မူရာ ထိုအခါ၌။
ပရိဗ္ဗာစကော၊ ပေါဋ္ဌပါဒပရိဗ္ဗိုဇ်သည်။
ဧသာ၊ ဤစကားသည်။
(ပရိဗ္ဗိုဇ်များ ပြောနေအပ်သော စကားသည်)။
နိရတ္ထကကတာ၊ အကျိုးမရှိသော စကားပါတည်း။
နိဿာရာ၊ အနှစ်မရှိသော စကားပါတည်း။
ဝဋ္ဋသန္နိဿိတာ၊ ဝဋ်၍ မှီသော စကားပါတည်း။
တုမှာကံ၊ အရှင်ဘုရားတို့၏။
ပုရတော၊ ရှေ့တော်မှောက်၌။
ဝတ္တဗ္ဗတံ၊ လျှောက်ထိုက်သည်၏ အဖြစ်ကို။
နအရဟတိ၊ မထိုက်ပါ။
ဣတိ၊ ဤအနက်အဓိပ္ပာယ်ကို။
ဒီပေန္တော၊ ပြလိုသည်၏ အဖြစ်ကြောင့်။
တိဋ္ဌတေသာ ဘန္တေတိအာဒိံ၊ အစရှိသော စကားကို။
အာဟ၊ လျှောက်ပြီ။