Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Sīlakkhandhavaggaṭṭhakathā
(DN) Sīlakkhandhavaggaṭṭhakathā

Acelakassapavatthuvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဧဝံ ၊ပေ၊ ဝိဟရတီတိ၊ ဟူသော ဤသုတ်သည်။ မဟာသီဟနာဒသုတ္တံ၊ မဟာသီဟနာဒသုတ်တည်း။
တတြ၊ ထို မဟာသီဟနာဒသုတ်၌။ အယံ၊ ကား။ အပုဗ္ဗပဒဝဏ္ဏာန၊ တည်း။ ဝါ၊ တည်း။
ဥရုညာယံတိ၊ ကား။ တဿ ရဋ္ဌဿပိ၊ ထိုတိုင်း၏ လည်းကောင်း။ တဿ နဂရဿာပိ၊ ထိုမြို့၏ လည်းကောင်း။ ဥရုညာတိ၊ ဥရုညာဟူသော။ ဧတဒေဝ နာမံ၊ ဤအမည်သည်သာ။ (ဟောတိ)၊ ဟိ၊ မှန်။ ဘဂဝါ၊ သည်။ ဥရုညာနဂရံ၊ ဥရုညာမြို့ကို။ ဥပနိဿယ၊ မှီ၍။ ဝိဟရတိ၊ ၏။
ကဏ္ဏကတ္ထလေ မိဂဒါယေတိ၊ ကား။ တဿ နာဂရဿ၊ ထို ဥရုညာမြို့၏။ အဝိဒူရေ၊ အနီး၌။ ကဏ္ဏကတ္ထလံနာမ၊ ကဏ္ဏကတ္ထလမည်သော။ ဧကော၊ တစ်ခုသော။ ရမဏီယော၊ မွေ့လျော်ထိုက်သော။ ဝါ၊ မွေ့ပျော်ဖွယ်ကောင်းသော။ ဘူမိဘာဂေါ၊ မြေအဖို့သည်။ အတ္ထိ၊ ၏။
သော၊ ထိုမြေအဖို့ကို။ မိဂါနံ၊ သားကောင်တို့အား။ အဘယတ္ထာယ၊ ဘေးမဲ့အကျိုးငှါ။ ဒိန္နတ္တာ၊ ပေးအပ်သည်၏ အဖြစ်ကြောင့်။ မိဂဒါယောတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ ကဏ္ဏကတ္ထလေ၊ ကဏ္ဏမတ္ထလမည်သော။ တသ္မိံ မိဂဒါလေ၊ သားတို့အားဘေးမဲ့ပေးရာ ထိုတော်၌။ (ဝိဟရတိ ၌စပ်)။ဧတဒေဝနာမံ။ ။ "ဥရုညာ" ဟူသည် တိုင်း (ဇနပုဒ် ) ၏ အမည်လည်းဟုတ်, ထိုတိုင်းတွင် ပါဝင်သော မြို့၏အမည်လည်းဟုတ်၏၊ ထို့ကြောင့် ပါဠိတော်၌ "ဥရုညာယံ" ဟု တစ်ပုဒ်တည်းရှိသော်လည်း "ဥရုညာယံ- ဥရုညာတိုင်း၌၊ ဥရုညာယံ- ဥရုညာမြို့၌" ဟု အနက်နှစ်ထပ်ပေးစေလိုသည်၊ အာဝုတ္တိနည်း တန္တနည်း သိလေသနည်းတည်း၊ ထိုနည်းများ၏ အဓိပ္ပာယ်ကို နည်းလေးဆယ်၌ ရှုပါ။
ဋီကာသစ်။ ။ ဧတဒေဝနာမံတိ ယသ္မိံ ရဋ္ဌေ တံ နဂရံ (ထိုမြို့ရှိ၏)၊ တဿ ရဋ္ဌဿာပိ၊ ယသ္မိံ နဂရေ ဘဂဝါ ဝိဟာသိ၊ တဿနဂရဿာပိ ဥရုညာတွေဝ နာမ။ [တိုင်း- ဖနပုဒ်နာမည်များ၌ "ပုံလိန်ဗဟုဝုစ်" ဟု ဆိုသော်လည်း ထိုအဆိုသည် အမြဲမဟုတ်သောကြောင့် "ဥရုညာယံ" ဟု ဣတ္ထိလိန် ဧကဝုစ် ရှိနိုင်သည်။]
ရမဏီယော။ ။ ရမိတဗ္ဗော- မွေ့လျော်ထိုက်၏၊ (မွေ့လျော်စရာ ပျော်စရာကောင်း၏)၊ ဣတိ ရမဏီယော၊ မနောဟရဘူမိဘာဂတာယ (လူအများဩ စိတ်ကို ဆွဲဆောင်နိုင်သော မြေအဖို့ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း) ဆာယူဒကသမ္ပတ္တိယာ၊ (အရိပ်ရေနှင့် ပြည့်စုံခြင်းကြောင့်လည်းကောင်း) ဇနဝိဝီတ္တတာယစ (လူတို့မှ ကင်းဆိတ်သည်၏ အဖြစ်ကြောင့် လည်းကောင်း) (ဤအင်္ဂါ ၃ ပါးရှိသောကြောင့် ) မနောရမော စိတ်၏ မွေ့လျော်ရာ ဖြစ်သည်။
မိဂဒါယော။ ။ အဘယံ ဒေဝိ ဧတ္ထာတ ဒါယော၊ ဒါဓာတ်+ ဏပစ္စည်း၊ မိဂဒါနံ+ ဒါယော မိဂဒါယော- သမင်စသော သားကောင်တို့အား (မပစ်မခတ် မသတ်ရဟု) ဘေးမဲ့ပေးထားရာတော။
အစေလောတိ၊ ကား။ နဂ္ဂပရိဗ္ဗာဇကော၊ အဝတ်မဆီး အချီးနှီးသော ပရိဗ္ဗိုဇ်ဖြစ်သော။ (စေလသဒ္ဒါသည် ဝတ္ထ၏ ပရိယာယ်တည်း။ နတ္ထိ စေလံ ယဿာတိ အစေလော။)
ကဿပေါတိ၊ ကဿပေါဟူသည်ကား။ တဿ၊ ထိုပရိဗ္ဗိုဇ်၏။ နာမံ၊ အမည်တည်း။ [အနွယ်အားဖြင့် ရအပ်သော နာမည်တည်း။]
တပဿိံတိ၊ ကား။ တပနိဿိတကံ၊ အကျင့်ကို မှီသူကို။ ဝါ၊ အကျင့်၏ မှီရာဖြစ်သူကို။ (ဥပက္ကောသတိ၊ ပြောင်လှောင်၏ ၌စပ်)။
လူခါဇီဝိန္တိ၊ ကား။ အစေလကမုတ္တာစာရာဒိဝသေန၊ အစေလကအကျင့် မျိုးကောင်းသားတို့ စွန့်လွှတ်အပ်သော အကျင့်အစရှိသည်တို့၏ အစွမ်းဖြင့်။ အဿ၊ ထိုရသေ့၏။ လူခေါ၊ ကြမ်းတမ်းသော။ အာဇီဝေါ၊ အသက်မွေး ဝမ်းကျောင်းသည်။ (အတ္ထိ) ဣတိ၊ ကြောင့်။ (သော၊ သည်)။ လူခါဇီဝီ၊ မည်၏။ တံ လူခါဖီဝိံ၊ ထို ကြမ်းတမ်းသော အသက်မွေးဝမ်းကျောင်းရှိသော ရသေ့ကို။
ဥပက္ကောသတီတိ၊ ကား။ ဥပဏ္ဍေတိ၊ ပြောင်လှောင်၏။
ဥပဝဒတီတိ၊ ကား။ ဟီဠေတိ၊ ကဲ့ရဲ့၏။ ဝမ္ဘေတိ၊ ရှုံ့ချ၏။တပဿီ။ ။ "ကိလေသာတို့ကို ကုန်ခန်းသွားအောင် လောင်မြှိုက်တတ်သည်" ဟု ယူဆအပ်သော အကျင့်သည် တပမည်၏၊ တပတိ- ကိလေသာတို့ကို လောင်မြှိုက်တတ်၏၊ ဣတိ တပေါ၊ တပေါယဿ အတ္ထီတိ တပဿီ၊ [ဤပုဒ်၏ ရုပ်ပြီးပုံကို ကစ္စည်း, တဒ္ဓိတ်, တပါဒိတော သီသုတ်အဖွင့်၌ ရှုပါ။] ထိုသို့ အကျင့်ရှိသူသည် အကျင့်၌မှီသူ,အကျင့်၏ မှီရြဖြစ်သူတည်း၊ ထို့ကြောင့် "တပနိဿိတကံ" ဟု အဓိပ္ပာယ်ဖွင့်သည်။
လူခါစိဝီ။ ။ အဝတ်မဝတ်ခြင်း မတ်မတ်ရပ်၍ ကျင်ကြီးကျင်ငယ်စွန့်ခြင်း စသော အကျင့်သည် ကြမ်းတမ်းသော ကြောင့် လူခမည်၏၊ ထို့အကျင့်ကြောင့် လူအများက လှူဒါန်းရကားထို့ အကျင့်သည် အာဇီဝ (အသက်မွေးဝမ်းကျောင်း) လည်း ဟုတ်၏၊ ထို့ကြောင့် အဋ္ဌကထာ ဝိဂြိုလ်အတိုင်း ထိုပုဂ္ဂိုလ်ကို လူခါဖီဝီဟု ခေါ်သည်။
ဋီကာ။ ။ "လူခံ ဖရုသံ- ကြမ်းတမ်းသော၊ သာဓာသမ္မတာစာရဝိဟရတော အပသာဒနီယံ- သူတော်ကောင်းတို့က (အကောင်းဟု) သမုတ်အပ်သော အကျင့်မှ ကင်းခြင်းကြောင့် ကြည်ညိုဖွယ်မကောင်းသော အကျင့်ကို၊ အာဇီဝတိ ဝတ္တတိ- ကျင့်တတ်၏၊ ဣတိ လူခါဇီဝီ" ဟု အဋ္ဌကထာမှ တစ်နည်း ဝိဂ္ဂဟ ပြုသေး၏၊ ထိုပြုခြင်းသည် အာဇီဝီ၌ ဏီပစ္စည်းကို မြင်၍ ကိတ်ပုဒ်ဟု ယူဆသောကြောင့်တည်း၊ အာဇီဝတီတိ အာဇီဝီ၊ လူခံ+ အာဇီဝီ လူခါဇီဝီဟု ဂရုကနည်းအားဖြင့် ပြုပါ။
ဥပ္ပဏ္ဍေတိ။ ။ ဥပ+ ကုသဓာတ်သည် ဥပ္ပဏ္ဍနအနက်ဟောတည်း၊ ဥပုဗ္ဗ+ ပဍိဓာတ်သည် ပြောင်လှောင်ခြင်းအနက်ကို ဟော၏၊ ဘူဝါဒိ စုရဒိတည်း၊ ထိုပြောင်လှောင်ခြင်းသည်ပင် ဆဲရာရောက်၏၊ ထို့ကြောင့် "ဥပက္ကောသတိ" ဟု အဖွင့်ဖြစ်နိုင်သည်၊ [ဥပဏ္ဍေတီတိ ဥဟသနဝသေန- ပြင်းစွာ ရယ်ခြင်းအစွမ်းဖြင့် ၊ပရိဘာသတိ- ဆဲရေး၏။]
ဥပဝဒတိ။ ။ "အဝညာပုဗဗကံ (အထင်သေးခြင်း ရှေ့သွားရှိသည်ဖြစ်င) အပဝဒတိ- အောက်ချ၍ ပြော၏ "ဟူရာ၌ "ရှုံ့ချ၏" ဟု ဆိုလို၏၊ ထို့ကြောင့် ဟီဠေတိ ဝမ္ဘေတိဟု အဓိပ္ပာယ်ဖွင့်သည်။
ဓမ္မဿစ အနုဓမ္မံ ဗျာကရောန္တီတိ၊ ကား။၏ ဘောတာ ဂေါတမေန၊ အရှင်ဂေါတမသည်။ ဝုတ္တကာရဏဿ၊ ပြောအပ်သော အကြောင်းအား။ အနုကာရဏံ၊ လျော်သော အကြောင်းကို။ ကထေန္တိ၊ ပြောကြပါကုန်၏လော။ ["ဝုတ္တကာရဏဿ၊ ၏။ အနုကာရဏံ၊ အတူဖြစ်သော အကြောင်းကို။ ဝါ၊ နောက်ထပ်ဖြစ်သောအကြောင်းကို" ဟုလည်း ပေးပါ။]
သဟဓမ္မိကော ဝါဒါနုဒေါတိ၊ ကား။ ပရေဟိ၊ သူတစ်ပါးတို့သည်။ ဝုတ္တကာရဏေန၊ ပြောဆိုအပ်သော အကြောင်းအားဖြင့်။ သကာရဏော၊ အကြောင်းနှင့်တကွဖြစ်သည်။ ဟုတွာ၊ ၍။ တုမှာကံ၊ အရှင်တို့၏။ ဝါဒေါဝါ၊ အစဖြစ်သော ဝါဒသည်လည်းကောင်း။ အနုဝါဒေါဝါ၊ နောက်ထပ်ပြောဆိုအပ်သောဝါဒသည်လည်းကောင်း။ ဝိညူဟိ၊ ပညာရှိတို့သည်။ ဂရဟိတဗ္ဗံ၊ ကဲ့ရဲ့ထိုက်သော။ ကာရဏံ၊ အကြောင်းသို့။ ကောစိ၊ စိုးစဉ်းအနည်းငယ်မျှလည်း။ အပ္ပမတ္တကောပိ၊ အနည်းငယ်မျှလည်း။ န အာဂစ္ဆတိကိံ၊ မရောက်ဘဲ ရှိပါ၏လော။
ဣဒံ၊ ဤပိဏ္ဍတ္ထသည်။ ဝါ၊ ကို။ ဝုတ္တံ, ဟောတိ၊ (ကိံ ဝုတ္တံ ဟောတိ)၊ သဗ္ဗာကာရေနပိ၊ အလုံးစုံသော အခြင်းအရာအားဖြင့်လည်း။ တဝ၊ အရှင်၏။ ဝါဒေ၊ ဝါဒ၌။ ဂါရယှံ၊ ကဲ့ရဲ့ထိုက်သော။ ကာရဏံ၊ အကြောင်းသ်။ နတ္ထိကိံ၊ မရှိပါ၏လော။ ဣတိ (ဝုတ္တံ ဟောတိ)၊
အနဗ္ဘက္ခာတုကာမာတိ၊ ကား။ အဘူတေန၊ မဟုတ်မမှ်သော အကြောင်းဖြင့်။ နဝတ္တုကာမာ၊ ‌ ပြောဆိုခြင်ငှါ အလိုမရှိပါကုန်။ဓမ္မဿ အနုဓမ္မံ။ ။ ဓမ္မပဋိသမ္ဘိဒါပုဒ်၌ ဓမ္မသဒ္ဒါသည် ဟေတု (ကာရဏ) အနက်ကို ဟောသကဲ့သို့ ဤ ဓမ္မသဒ္ဒါသည် အနက်ဟောတည်း၊ ထို့ကြောင့် "ဝုတ္တတာရဏဿ အနုကာရဏံ" ဟု ဖွင့်သည်၊ "ထိုသို့ ပြောဆိုသူတို့သည် အရှင်ဂေါတမပြောအပ်သော အကြောင်းအားလျော်သော အကြောင်းကို ပြောဆိုရာရောက်ကြပါ၏လော" ဟူလို။ [အနုဓမ္မံ၌ အနုသဒ္ဒါကို အနုရူပ, သဒိသ, ပစ္ဆာအားဖြင့် ဋီကာ၌ ၃ နက်ဖွင့်၏၊ အနုကာရဏံ တဒနုရူပံ, တဿဒိသံဝါ, တတော ပစ္ဆာဝါ ဝုတ္တကာရဏဘာဝတော။]
ပရေဟိ။ ။ယေသံ တုမှေဟိ ဣဒံ ဝုတ္တံ- အကြင်သူတို့အား အရှင်ဂေါတမတို့သည် အလုံးစုံသော တပကို ကဲ့ရဲ့ကြောင်းဖြစ်သော ဤစကားကို ပြောအပ်ခဲ့ဘူးပြီ၊ တေဟိ ပရေဟိ- အရှင်ဂေါတမတို့၏ ပြောသံကို ကြားခဲ့ရသော ထို သူတစ်ပါးတို့သည်။ (ဝုတ္တံ၌စပ်)။
ဝုတ္ထကာရဏေန ၊ပေ၊ ဟုတွာ။ ။ သဟဓမ္မိကော၏ အဖွင့်တည်း၊ သဟဓမ္မိကောကို "သကာရဏော"ဟု ဖွင့်၏၊ သကာရဏော၌ "ကာရဏ" အရ ထို သူတစ်ပါးတို့ပြောဆိုအပ်သော အကြောင်းကို ယူပါဟု သိစေလို၍ "ပရေဟိ ဝုတ္တကာရဏေန (အားဖြင့်) သကာရဏော" ဟု ဖွင့်သည်၊ "သူတို့ ပြောဆိုအပ်သော အကြောင်း" ဟူသည်လည်း အရှင်‌ဂေါတမတို့က သူတို့ပြောသလို မပြောအပ်ခဲ့လျှင် သူတို့ဘာသာ လုပ်ကြံပြောအပ်သော အကြောင်းသာတည်း၊ ထို့ကြောင့် "ဝုတ္တကာရဏေနာတိ ယထာ တေဟိ ဝုတ္တံ၊ တထာစေ တုမှေဟိ န ဝုတ္တံ၊ ဧဝံသတိ" ဟု ဋီကာဖွင့်သည်။[တချို့စာအုပ်၌ "ဝုတ္တကာရဏေဟိ" ဟု ဗဟုဝုစ်ရှိ၏၊ အဖွင့်တို့နှင့်မညီ။]
မှတ်ချက်။ ။ "ကာရဏ" ဟူသည် သူတို့ပြောဆိုအပ်သော အနက်ဓိပ္ပာယ်ပင်တည်း၊ မှန်၏- အနက်+သဒ္ဒါ ၂ မျိုးတွင် အနက်ရှိမှ သဒ္ဒါဖြစ်နိုင်ရကား အနက်သည် သဒ္ဒါဖြစ်ခြင်း၏ အကြောင်တည်း၊ ထို့ကြောင့် "ရှင်ဂေါတမသည် တပဿီဟူသမျှကို ကဲ့ရဲ့၏" ဟူသော အနက်ကိုပင် ကာရဏ ခေါ်သည်ဟု မှတ်ပါ။[ကာရဏန္တိ စေတ္ထ တထာပတတ္တဿ သဒ္ဒဿ အတ္ထောအဓိပ္ပေတော, တဿ (ထိုသဒ္ဒါ၏) ပဝတ္တိဟေတုဘာဝတော၊- ဋီကာ။]
တုမှာကံ ဝါဒေါဝါ အနုဝါဒေါဝါ။ ။ "တုမှာကံ ဝါဒေါ" ဆိုသော်လည်း ဘုရားရှင်သည် တကယ်ပြောအပ်သော ဝါဒမဟုတ်, ဘုရားရှင်က (တပဿီဟူသမျှကို ကဲ့ရဲ့သည့်) အနေအားဖြင့် သူတစ်ပါးတို့ လုပ်ကြံပြောဆိုအပ်သော ဝါဒတည်း, ထိုသို့ သူတစ်ပါးတို့က လုပ်ကြံ၍ ပြောဆိုအပ်သော ဝါဒသည်လည်းကောင်း, ထိုဝါဒကို နောက်ယောင်ခံ၍ ပြောအပ်သော အနုဝါဒသည်လည်းကောင်း (မဟုတ်မမှန် လုပ်ကြံအပ်သောကြောင့်) တကယ့်ဝိညူတို့က စဉ်းစားစိစစ်သောအခါ လုပ်ကြံပြောဆိုအပ်သော စကားဖြစ်ရကား ကဲ့ရဲ့စရာ အကြောင်းအဖြစ်သို့ စိုးစဉ်းအနည်းငယ်မျှ မရောဘဲ ရှိပါ၏လော။ [ဝုတ္တကာရဏေန သကာရဏော ဟုတွာ တုမှာကံ ဝါဒေါဝါ ၊ပေ၊ ကောစိ အပ္ပမတ္တကောပိ ဝိညူဟိ ဂရဟိတဗ္ဗံ ဌာနံ ကာရဏံ နဂစ္ဆတီတိ ယောဇနာ၊- ဋီကာ။]
ဣဒံ ဝုတ္တံ ဟောတိ။ ။ ဣဒံ ဝုတ္တံ ဟောတီတိ အာဒိနာ တမေဝ အတ္ထံ သင်္ခေပတော ဒဿေတိ၊ ထိုသင်္ခေပတ္တကိုပင် ပိဏ္ဍတ္ထဟု လည်း ခေါ်သည်၊ ထို့ကြောင့် "ဣဒံ ဝုတ္တံ ဟောတိ" ချီသော ဝါကျကို သင်္ခေပ, ရှေ့စကားအကျယ်ကို ဝိတ္ထာရဝါကျဟု မှတ်ပါ၊ ဆိုလိုရင်းမှာ- "အရှင်တို့၏ ဝါဒအစစ်၌ ဘယ်နည်းနှင့်မျှ ကဲ့ရဲ့စရာ မရှိသည် မဟုတ်ပါလား" ဟူလို။
အနဗ္ယက္ခာတုကာမာ။ ။ ဤအစေလကသည် ဘုရားရှင်ကို ကဲ့ရဲ့ချင်သူ မဟုတ်,သူ တစ်ပါးတို့၏ အပြစ်ပြောသံကို ကြားနေရသဖြင့် ထိုအတိုင်း ဟုတ်-မဟုတ် ကို လျှောက်ခြင်းသာဖြစ်၏၊ ထို့ကြောင့် "အနဗ္ဘက္ခာတုကာမာ" ဟု လျှောက်သည်၊ ထိုသို့ မစွပ်စွဲလိုကြောင်းမှာ လည်း "နစ ကောစိ၊ ပေ၊ ဌာနံ အာဂစ္ဆတိ- စိုးစဉ်းအနည်းမျှ ကဲ့ရဲ့စရာဌာနသို့ မရောက်ဘဲ ရှိပါ၏လော" ဟူသော အမေးစကားဖြင် ထင်ရှား၏၊ မှန်၏- ထိုထိုမေးပုံမှာ ကဲ့ရဲ့စရာမရှိတာ အမှန်ဘဲ မဟုတ်ပါဘား" ဟု ကဲ့ရဲ့စရာစေလိုဘက်ကို ပင်း၍မေးသော ပုစ္ဆာပင်တည်း။
ဧကစ္စံ တပဿိံ လူခါ ဇီဝိံတိ အာဒီသု၊ အစရှိေသာ ပါဠိရပ်တို့၌။ (အေတ္ထာ ဧဝံဝေဒိတဗ္ဗော)။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့ပုဂ္ဂိုလ်သည်။ အစေလကပဗ္ဗဇ္ဇာဒိတပနိဿိတတ္တာ၊ အဝတ်မဝတ်သော ရသေ့ရဟန်း၏ အဖြစ်အရှိသော အကျင့်ကို မှီသည်၏ အဖြစ်ကြောင့်။ တပဿီ၊ တပဿီမည်၏။ [ဤစကားဖြင့် တပဿိံကို ဖွင့်သည်၊ ထို့ကြောင့် တပဿီ၏ နောက်၌ ပိုဒ်ရှိပါစေ။] လူခေန၊ ကြမ်းတမ်းသဖြင့်။ ဇီဝိတံ၊ အသက်မွေးမှုကို။ ကပ္ပေဿာမိ၊ ပြုအံ့။ ဣတိ၊ ဤသို့ ကြံ၍။ တိဏဂေါမယာဒိဘက္ခနာဒီဟိ၊ မြက် , နွားချေး အစရှိသည်ကို စားခြင်းအစရှိကုန်သော။ နာနာပ္ပကာရေဟိ၊ အထူးထူးသော အပြားရှိသော အကျင့်တို့ဖြင့်။ အတ္တာနံ၊ မိမိကိုယ်ကို။ ကိခမေတိ၊ ပင်ပန်းစေ၏။ [ဤစကားဖြင့် လူခါ ဇီဝိ့ကို ဖွင့်သည်။] စ၊ ဆက်။ အပ္ပပုညတာယ၊ ဘုန်းကံ မရှိသူ၏ အဖြစ်ကြောင့်။ သုခေန၊ ချမ်းသာသဖြင့်။ ဇီဝိတဝုတ္တိမေဝ၊ အသက်၏ ဖြစ်ကြောင်းကိုပင်။ ဝါ၊ အသက်မွေးဝမ်းကျောင်းကိုပင်။ န လဘတိ၊ မရ။ သော၊ ထို ပုဂ္ဂိုလ်သည်။ တီဏိ၊ ၃ ပါးကုန်သော။ ဒုစ္စရိတာနိ၊ တို့ကို။ (ကာယ, ဝစီ, မနောဒုစရိုက်တို့ကို)။ ပူရေတွာ၊ ပြည့်စေ၍။ နိရယေ၊ ငရဲ၌။ နိဗ္ဗတ္တတိ၊ ဖြစ်ရ၏။ဣဓေကစ္စော။ ။ ယခုအခါ၌ အကြင်ဝိဘဇ္ဇဝါဒ (ခွဲခြား၍ ဟောတော်မူခြင်း) ကို ရည်ရွယ်တော်မူ၍ "န မေ တေ ဝုတ္တဝါဒိနော" ဟု ပါဠိတော်၌ အကျဉ်းမျှ မိန့်တော်မူပြီလျှင် ထိုအကျဉ်းကို အကျယ်ဝေဖန်၍ ပြတော်မူခြင်းငှာ "ဣဓာဟံ ကဿပ" စသည်ကို ပါဠိတော်၌ မိန့်တော််မူ၏။ ထိုစကားကို အကျယ်အားဖြင့် ပြလိုသောကြောင့် "ဣဓေကစ္စော" စသော စကားကို အဋ္ဌကထာမိန့်သည်၊ မှန်၏- ဗုဒ္ဓမြတ်စွာသည် အကျိုးမရှိသော (ကိလေသာ ငြိမ်းအေးမှုကို မဖြစ်စေနိုင်သော) အတ္တကိလမထ အကျင့်ကိုသာ "ဒုက္ခေါ အနိရယော" စသည်ဖြင့် ကဲ့ရဲ့တော်မူ၏၊ အကျိုးရှိသော (ကိလေသာ ငြိမ်းအေးမှုကို ဖြစ်စေနိုင်သော) တော်ကျောင်းနေခြင်း ပံသုကူဓုတင်ဆောင်ခြင်းစသော အကျင့်ကိုကား ချီးမွမ်းတော်မူပါသည်။
အပ္ပမုညတာယ။ ။ ဤ၌ အပ္ပသဒ္ဒါသည် "အပ္ပဟရိတေ- စိမ်းစိုသော ကောက်ပဲ သစ်ပင် မရှိရာ အရပ်၌ " ကဲ့သို့ အဘာဝအနက်ဟောတည်း၊ နတ္ထိ+ ပုညံ ယဿာတိ အပ္ပပုညော၊ တဿ+ ဘာဝွေ အပ္ပပုညတာ။
အပရော၊ အခြား ပုဂ္ဂိုလ်သည်။ တာဒိသံ၊ ထိုကဲ့သို့ ရှုအပ်သော။ တပံ၊ အကျင့်ကို။ နိဿိတော၊ မှီသည်။ (သမာနော) ပိ၊ သော်လည်း။ ပုညဝါ၊ ဘုန်းကံရှိသည်။ ဟောတိ၊ ၏။ လာဘသက္ကာရံ၊ ရအပ်သော သာမညလာဘ် ကောင်းစွာ ပြုအပ်သော ဝိသေသလာဘ်ကို ။ လဘတိ၊ ရ၏။
သော၊ ထို ပုဂ္ဂိုလ်သည်။ ဒါနိ၊ ယခုအခါ၌။ (ယခုခေတ်၌)။ မယာ၊ နှင့်။ သဒိသော၊ တူသူသည်။ န အတ္ထိ၊ မရှိတော့။ ဣတိ၊ ဤသို့ ကြံ၍။ အတ္တာနံ၊ မိမိကို။ ဥစ္စေဌာနေ၊ မြင့်သော အရာ၌။ သမ္ဘာဝေတွာ၊ လွန်စွာ။ လာဘံ၊ လာဘ်ကို။ ဥပ္ပါဒေဿာမိ၊ ဖြစ်စေအံ့။ ဣတိ၊ ဤသို့ ကြံ၍။ အနေသနဝသေန၊ မရှာမှီးထိုက်သည်ကို ရှာမှီးခြင်း၏ အစွမ်းဖြင့်။ တီဏိ ၊ပေ၊ နိဗ္ဗတ္တတိ၊ ဒွေ၊ ၂ ယောက်ကုန်သော။ ဣမေ၊ ဤငရဲ၌ ဖြစ်ကြရသော အပ္ပပုည ပုညဝန္တပုဂ္ဂိုလ်တို့ကို။ သန္ဓာယ၊ ရည်ရွယ်တော်မူ၍။ ပဌမနယော၊ ပဌမနည်းကို။ (ဘဂဝတာ) ဝုတ္တော၊ ။ [ဘိယျောသော၏ ဘိယျောနှင့် အနက်တူ နိပါတ်ဖြစ်ကြောင်းကို ထိုထို သဒ္ဒါ ကျမ်း၌ ဘိယျောပယောဂ အပါဒါန်ခန်း ကြည့်ပါ။] တီဏိ ၊ပေ၊ ပူရေတွာ။ ။ မိစ္ဆာအယူရှိသောကြောင့် ကံနှင့် အကျိုးကို ပယ်ရှားလျက် အသက်မွေးမှုအတွက် ထိုထို အခြင်းအရာအားဖြင့် ဒုစရိုက် ပြုခြင်းကို ရည်ရွယ်၍ "တီဏိ ၊ပေ၊ ပူရေတွာ" ဟု ဆိုသည်။
အပရော၊ အခြားသော။ တပနိဿတိတကော၊ အကျင့်ကိုမှီသော ပုဂ္ဂိုလ်သည်။ လူခါဇီဝီ၊ ကြမ်းတမ်းသော အသက်မွေးဝမ်းကြောင်းရှိသည်။ အပ္ပပုညော၊ ဘုန်းကံ မရှိသည်။ ဟောတိ၊ ၏။ သုခေန၊ ချမ်းသာသဖြင့်။ ဇီဝိတဝုတ္တိံ၊ အသက်၏ ဖြစ်ကြောင်းကို။ ဝါ၊ အသက်မွေး ဝမ်းကြောင်းကို။ န လဘတိ၊ မရ။
သော၊ ထို ပုဂ္ဂိုလ်သည်။ မယှံ၊ ငါ၏။ ပုဗ္ဗေပိ၊ ရှေးအခါ၌လည်း။ အကတပုညတာယ၊ ပြုအပ်သော ကောင်းမှုမရှိသည်၏ အဖြစ်ကြောင့်။ သုခဇီဝိတာ၊ ချမ်းသာစွာ အသက်မွေးရခြင်းသည်။ နုပ္ပဇ္ဇတိ၊ မဖြစ်။ ဟန္ဒ၊ ယခု ချက်ခြင်း။ ဒါနိ၊ ယခုအခါ၌။ ပုညာတိ၊ ကောင်းမှုတို့ကို။ ကရောမိ၊ ပြုအံ့။ ဣတိ၊ ဤသို့ ကြံ၍။ တီဏိ၊ ကုန်သော။ သုစရိတာနိ၊ တို့ကို။ ပူရေတွာ၊ ၍။ သဂ္ဂေ၊ နတ်ပြည်၌။ နိဗ္ဗတ္တတိ၊ ။
အပရော၊ သော။ (တပနိဿိတကော၊ သည်)။ လူခါဇီဝီ၊ ကြမ်းတမ်းသော အသက်မွေးဝမ်းကြောင်းရှိသည်။ ပုညဝါ၊ ဘုန်းကံရှိသည်။ ဟောတိ၊ ။ သုခေန၊ ဖြင့်။ ဇီဝိတဝုတ္တိံ၊ ကို။ လဘတိ၊ ၏။
သော၊ သည်။
မယှံ၊ ၏။ ပုဗ္ဗေပိ၊ ၌လည်း။ ကတပုညတာယ၊ ပြုအပ်ပြီးသော ကောင်းမှု ရှိသည်၏ အဖြစ်ကြောင့်။ သုခဇိဝိကာ၊ သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဣတိ၊ သို့။ (စိန္တေတွာ)၊ အနေသနံ၊ မရှာမှီးထိုက်သော ပစ္စည်းကို ရှာမှီးခြင်းကို။ ပဟာယ၊ ပယ်စွန့်၍။ ၊ပေ၊ ဒွေ၊ ကုန်သော။
ဣမေ၊ နတ်ပြည်၌ ဖြစ်ကြရသော ဤအပ္ပပုည, ပုညဝန္တပုဂ္ဂိုလ်တို့ကို။ သန္ဓာယ, ဒုတိယ နယော၊ ဒုတိယနည်းကို။ (ဘဂဝတာ) ဝုတ္တော၊ ။အနေသနဝသေန။ ။ ကောဟညေ (အံ့၏ဖွယ်ကို ဖြစ်စေခြင်း၌) ဌတွာ အသန္တဂုဏ သမ္ဘာဝနိစ္ဆာယ (မိမိမှာ မရှိသော ဂုဏ်ဖြင့် ချီးမွမ်းခြင်းကို အလိုမရှိသဖြင့်) ယထာတထာ တပံကတွာ (ဟုတ်ဟုတ်ငြားငြားသော အခြင်းအရာအားဖြင့် အကျင့်ကိုပြု၍) အနေသိတဗ္ဗမေသနာဝသေန (မရှာမှီးထိုက်သော ပစ္စည်းကို ရှာခြင်း၏ အစွမ်းဖြင့်)၊ မိစ္ဆာဇီဝေနာတိ အတ္ထော၊-ဋီကာ သစ်။ [အနေသန (န+ဧသန)၊ န သဒ္ဒါသည် ဝိရုဒ္ဓအနက်ဟော၊ သူတော်ကောင်းတို့၏ ရှာမှီးနည်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော ရှာမှီးခြင်း၊ တစ်နည်း- နသဒ္ဒါသည် နိန္ဒာအနက်ဟော၊ သူတော်ကောင်းတို့ ကဲ့ရဲ့ စက်ဆုပ်ထိုက်သော ရှာမှီးခြင်း။]
ဣမေ ဒွေ။ ။ အပ္ပပုည- ပုညဝန္တ ၂ ယောက်ကိုဆိုသည်၊ ထို့ ၂ ယောက်လုံးပင် ဒုစရိုက်ကို ပြုကျင့်၍ ငရဲ၌ ဖြစ်ကြ၏၊ ထို ၂ ယောက်ကို ရည်ရွယ်တော်မူ၍ ပါဠိတော်၌ တစ်နည်းလျှင် ပုဂ္ဂိုလ် ၂ ယောက်စီ ပြထားပုံကို သိပါ၊ ပဌမနည်း တတိယနည်းတို့၌ အဟေတုက အကိရိယဝါဒီ ပုဂ္ဂိုလ်တို့တည်း၊ ဒုတိယ- စတုတ္ထနည်းတို့၌ (ပုဗ္ဗေ အကတပုညတာယ, ကတပုညတာယ- ဟု ဆိုသောကြောင့်) ကမ္မဝါဒီ ကိရိယဝါဒီ (ပြုလျှင် ပြုရာရောက်၏ ဟု ပြောလေ့ရှိသူ) တို့ တည်း။
ပန၊ ကား။ ဧကော၊ တစ်ယောက်သော ပုဂ္ဂိုလ်သည်။ တပဿီ၊ အကျင့်ရှိသော။ အပ္ပဒုက္ခဝိဟာရီ၊ အနည်းငယ် ဆင်းရဲသဖြင့် နေလေ့ရှိသော။ [အပ္ပကံ ဒုက္ခေန ဝိဟာရီ၊ ဤစကားဖြင့် လူခါဇီဝီ မဟုတ်ဟု ပြသည်။] ဗာဟိရကာစာရယုတ္တော၊ သာသနာတော်၏ အကျင့်မှ အပဖြစ်သော တိတ္ထိတို့၏ အကျင့်နှင့်ယှဉ်သော။ [သာသနာ စာရတော ဗာဟိရကေန တိတ္ထိယာစာရေန ယုတ္တော။] တာပဿောဝါ၊ ရသေ့သည်သော်လည်းကောင်း။ ဆန္ဒပရိဗ္ဗာဇကောဝါ၊ အဝတ်ဖြင့် ဖုံးလွှမ်းအပ်သော ပရိဗ္ဗိုဇ်သည်သော်လည်းကောင်း။ ဟောတိ၊ ၏။ စ၊ ဆက်။ အပ္ပပုညတာယ၊ ဘုန်းကံ မရှိသည်၏ အဖြစ်ကြောင့်။ မနာပေ၊ စိတ်ကို တိုးပွားစေတတ်ကုန်သော။ ဝါ၊ မြတ်နိုးဖွယ် ကောင်းကုန်သော။ ပစ္စယေ၊ ပစ္စည်းတို့ကို။ န လဘတိ၊ ၊ပေ၊၊
သုခေ တွာ၊ ချမ်းသာစေ၍။ ၊ပေ၊ နိဗ္ဗတ္တတိ၊ ။
အပရော၊ အခြားပုဂ္ဂိုလ်သည်။ ပုညဝါ၊ ဘုန်းကံရှိသည်။ ဟောတိ၊ ၏။ သော၊ ထို ပုဂ္ဂိုလ်သည်။
ဒါနိ၊ ယခုအခါ၌။ (ယခုခေတ်၌)။ မယာ၊ ငါနှင့်။ သဒိသော၊ တူသူသည်။ နအတ္ထိ၊ မရှိတော့။ ဣတိ၊ ဤသို့။ မာနံ၊ မာနကို။ ဥပ္ပါဒေတွာ၊ ဖြစ်စေ၍။ အနေသနဝသေန၊ မရှာမှီးထိုက်သော ပစ္စည်းကို ရှာမှီခြင်း၏ အစွမ်းဖြင့်။ လာဘသက္ကာရံ၊ ကို။ ဥပ္ပါဒေန္တော၊ ဖြစ်စေသည်။ (ဟုတွာ) ဝါ၊ ဖြစ်၍ သော်လည်းကောင်း။ မိစ္ဆာဒိဋ္ဌိဝသေန၊ မိစ္ဆာအယူ၏ အစွမ်းဖြင့်။ (အာပဇ္ဇန္တော ၌စပ်)။
ဒဟရာယ၊ ငယ်သော။ မုဒုကာယ၊ နုညံ့သော။ လောမသာယ၊ နုနယ်နီမြန်းသော အမွေးရှိသော။ ဣမိဿာ ပရိဗ္ဗာဇိကာယ၊ ဤ ပရိဗ္ဗိုဇ်မကလေး၏။ သမ္ဖဿော၊ အတွေ့သည်။ သုခေါ၊ ချမ်းသာကြောင့်တည်း။ ဝါ၊ ကောင်း၏။ ဣတိ အာဒီနိ၊ ဤသို့ အစရှိသော အကြံတို့ကို။ စိန္တေတွာ၊ ကြံစည်၍။ ကာမေသု၊ ဝတ္ထုကာမတို့၌။ ပါတဗျတံ၊ ခံစားခြင်းသို့။ ဝါ၊ ခံစားတတ်သူ၏ အဖြစ်သို့။ အာပဇ္ဇန္တော၊ ရောက်သည်။ (ဟုတွာ) ဝါ၊ သော်လည်းကောင်း။ တီဏိ ဒုစ္စရိတာနိ ပူရေတွာ နိရယေ နိဗ္ဗတ္တတိ၊
ဒွေ၊ နှစ်ယောက်ကုန်သော။ ဣမေ၊ ငရဲ၌ဖြစ်ကြရသော ဤအပ္ပပုည, ပုညဝန္တပုဂ္ဂိုလ်တို့ကို။ သန္ဓာယ, တတိယနယော၊ ကို။ (ဘဂဝတာ) ဝုတ္တော၊ ဟောတော်မူအပ်ပြီ။သုခေတွာ။ ။ အဓမ္မိကေန အနေသနာယ (မတရားသဖြင့် ဖြစ်သော မအပ်သော ရှာမှီးခြင်းဖြင့်) လဒ္ဓပစ္စယနိမိတ္တေန သုခေန (ရအပ်သော ပစ္စည်းလျှင် အကြောင်းရှိသော သုခဖြင့်) အတ္တာနံ သုခေတွာ၊ ဤသို့ ဋီကာသစ် ဖွင့်သောကြေင့် သုခဓာတ်, ဏေပစ္စည်း, တွာ ပစ္စည်းဖြင့် ပြီးသော သုခေတွာ ပါဌ်သာ ရှေးပါဌ်တည်း၊ ယခုစာအုပ်တို့၌ "သုခေ ထပေတွာ" ဟု ရှိသည်ကို စဉ်းစားပါ။
န ဒါနိ မယာ သဒိသော။ ။ တဏှာဖြင့် အထင်ကြီးခြင်းဟူသော တဏှာမညနာ, ငါဟု မာနဖြင့် အထင်ကြီးခြင်းဟူဆသော မာနမညနာ, အတ္တဟု မှတ်ထင်ခြင်းဟူသော ဒိဋ္ဌိမညနာ, ဤ ၃ ပါးဖြင့် အထင်ကြီးဖြင်း၏ အစွမ်းကြောင့် ဒုစရိုက်ကို ပြည့်စေသည်။
လောမသာယ။ ။တနုတမ္ဗလောမတာယ (နုနယ်နီမြန်းသော လက်မွေး, ကိုယ်မွေး ရှိသည်၏ အဖြစ်အားဖြင့် ) အပ္ပလောမဝတိယာ၊ ဤသို့ အမွေးနည်းသော်လည်း ချီးမွမ်းခြင်း သံသာအဿတ္ထိအနက်၌ သ ပစ္စည်းသက်ထားသည်၊ ထို ပရိဗ္ဗိုဇ်မကလေးဟူသည် သာနသာပဖြစ်သော ရသေ့မကလေးတည်း။
ပန၊ ကား။ အပရော၊ သည်။ အပ္ပဒုက္ခဝိဟာရီ၊ အနည်းငယ် ဆင်းရဲသဖြင့် နေလေ့ရှိသည်။ အပ္ပပုညော၊ ဘုန်းကံ မရှိသည်။ ဟောတိ၊ ဖြစ်၏။ သေစာ၊ ထို ပုဂ္ဂိုလ်သည်။
အဟံ၊ ငါသည်။ ပုဗ္ဗေပိ၊ ရှေးအခါ၌လည်း။ ဝါ၊ ရှေးကလည်း။ အကတပုညတာယ၊ မပြုအပ်သော ကောင်းမှုရှိသည်၏ အဖြစ်ကြောင့်။ သုခေန၊ ချမ်းသာသဖြင့်။ ဇီဝိတံ၊ အသက်မွေးမှုကို။ န လဘတိ၊ မရ။ ဣတိ၊ ဤသို့ ကြံ၍။ တီဏိ၊ ၃ ပါးကုန်သော။ သုစရိတာနိ၊ သုစရိုက်တို့ကို။ ပူရေတွာ၊ ပြည့်စေ၍။ သဂ္ဂေ၊ နတ်ပြည်၌။ နိဗ္ဗတ္တတိ၊ ဖြစ်ရ၏။
အပ္ပရော၊ အခြားပုဂ္ဂိုလ်သည်။ ပုညဝါ၊ ဘုန်းကံရှိသည်။ ဟောတိ၊ သော၊ ထိုပုဂ္ဂိုလ်သည်။
အဟံ၊ ငါသည်။ ပုဗ္ဗေပိ၊ ၌လည်း။ ကတပုညတာယ၊ ပြုအပ်ပြီးသော ကောင်းမှုရှိသည်၏ အဖြစ်ကြောင့်။ သုခံ၊ ချမ်းသာကို။ လဘာမိ၊ ရ၏။ ဣဒါနိပိ၊ ယခုအခါ၌လည်း။ ပုညာနိ၊ ကောင်းမှုတို့ကို။ ကရိဿာမိ၊ ပြုအံ့။ ဣတိ၊ ဤသို့ ကြံ၍။ တီဏိသုစရိတာနိ ပူရေတွာ သဂ္ဂေ နိဗ္ဗတ္တိတိ၊
ဒွေ၊ နှစ်ယောက်ကုန်သော။ ဣမေ၊ နတ်ပြည်၌ဖြစ်ကြသော ဤအပ္ပပုည, ပုညဝန္တပုဂ္ဂိုလ်တို့ကို။ သန္ဓာယ၊ ရည်ရွယ်၍။ စတုတ္ထနယော၊ (ဘဂဝတာ)၊ ဝုတ္တော၊
ဣဒံ၊ ဤဆိုအပ်ပြီးသည့်အတိုင်း အနက်ကို ခွဲခြားဝေဖန် ခြင်းသည်။ တိတ္ထိယဝသေန၊ တိတ္ထိတို့၏ အစွမ်းဖြင့်။ ဝါ၊ တိတ္ထိတို့နှင့်စပ်သဖြင့်။ အာဂတံ၊ ရှေးအဋ္ဌကထာ၌ လာပြီ။ပါတဗ္ဗတံ။ ။ ပရိဘုဉ္ဇိတဗ္ဗံ၊ (သုံးဆောင်ခံစားခြင်းသိ့) ပရိဘောဂတ္ထော ဟေတ္ထပါသဒ္ဒေါ၊ တဗ္ဗသဒ္ဒေါစ ဘာဝသာဓနော၊ တာသဒ္ဒေါ ပန သကတ္ထေ၊ ယထာ ဒေဝတာတိ၊ ပါတဗ္ဗန္တိ ဝါ ပရိဘုဉ္ဇနကတံ (သုံးဆောင် ခံစားတတ်သူ၏ အဖြစ်သို့) ကတ္တုသာဓနော စေတ္ထတဗ္ဗသဒ္ဒေါ၊- ဋီကာသစ်။ [အချို့စာအုပ်၌ "ပါတဗျတံ" ဟု တဗျပစ္စည်းဖြင့် ရှိ၏၊ အနက်တူပင်။]
ဣဒံ ၊ပေ၊ အာဂတံ။ ။ ဣဒံ ၊ယထာ ဝုတ္တံ အတ္ထပ္ပဘေဒဝိဘဇနံ၊ တိတ္ထိယဝသေန အာဂတံ၊ ဘာ့ကြောင့် သိနိုင်သနည်း၊ အဋ္ဌကထာယံ တထာ ဝိဘတ္တတ္တာ- ရှေးအဋ္ဌကထာ၌ ထိုအတိုင်း ဝေဖန်အပ်သည်၏ အဖြစ်ကြောင့်တည်း၊- ဋီကာ၊ ဤသို့ ဋီကာဖွင့်သောကြောင့် ပါဠိတော်၌ ဟောတော်မူအပ်သော နည်း ၄ မျိုးလုံးပင် တိတ္ထိများအတွက် ဟု ချည်းမှတ်ပါ။
ပန၊ ထိုသို့ပင် တိတ္ထိအတွက် လာပါသော်လည်း။ သာသနေပိ၊ သာသနာတော်၌ လည်း။ (ဣဒံ၊ ဤဆို့အပ်ပြီးသည့်အတိုင်းအနက်ကို ခွဲခြားဝေဖန်ခြင်းကို)။ လဗ္ဘတိ၊ ရအပ်၏။ ဝါ၊ ရနိုင်၏။
ဟိ၊ ချဲ့။ ဧကစ္စော၊ အချို့သော ပုဂ္ဂိုလ်သည်။ ဓုတင်္ဂသမာဒါနဝသေန၊ ဓုတင်ကို ဆောင်တည်ခြင်း၏ အစွမ်းဖြင့်။ လူခါဇီဝီ၊ သည်။ ဟောတိ၊ ၏။ ဝါ၊ တစ်နည်းကား။ (ဓုတင်္ဂသမာဒါနကြောင့် လူခါဇီဝီဖြစ်ပုံနည်းမှ တစ်နည်းကား)။ အပ္ပပုညတာယ၊ ဘုန်းကံမရှိသည်၏ အဖြစ်ကြောင့်။ သကလမ္ပိ၊ အလုံးစုံလည်းဖြစ်သော။ ဂါမံ၊ ရွာကို။ ဝိစရိတွာ၊ လှည့်လည်၍။ ဥဒရပူရံ၊ ဝမ်းပြည့်ရုံမျှကို။ (ယသ္မာ) န လဘတိ၊ မရ။
(တသ္မာ) သော၊ ထိုပုဂ္ဂိုလ်သည်။
ပစ္စယ၊ ပစ္စည်းတို့ကို။ ဥပ္ပါဒေဿာမိ၊ ဖြစ်စေအံ့။ ဣတိ၊ ဤသို့ ကြံ၍။ ဝဇ္ဇသမ္မာဒိဝသေန၊ ဆေးဆရာတို့၏ အလုပ်အစရှိသည်တို့၏ အစွမ်းဖြင့်။ (ဆေးကုမှု အစရှိသည်တို့၏ အစွမ်းဖြင့်။)။ အနေသနံ၊ ကို။ ကတွာဝါ၊ ပြု၍ သော် လည်းကောင်း။ ဝါ၊ ပြုခြင်းကြောင့် သော်လည်းကောင်း။ အရဟတ္တံ၊ ရဟတ္တဖိုလ်ကို။ ပဋိဇာနိတွာဝါ၊ ဝန်ခံ၍ သော်လည်းကောင်း။ ဝါ၊ ဝန်ခံခြင်းကြောင့်သော်လည်းကောင်း။ ["အရဟတ္တဖိုလ်မရဘဲ ရ၏ဟု တိုက်ရိုက် ဝန်ခံ၍ " ဟူလို၊ သွယ်ဝိုက်သောအားဖြင့် ဝန်ခံခြင်းကို ကုဟနဝတ္ထု၌ "သာမန္တဇပ္ပန" အဖြစ်ဖြင့် ယူလာတံ့။] တီဏိ၊ န်သော။ ကုဟနဝတ္ထူနိ၊ ကုဟနဝတ္ထုတို့ကို။ ပဋိသေဝိတွာဝါ၊ မှီဝဲ၍သော်လည်းကောင်း။ ဝါ၊ မှီဝဲခြင်းကြောင့်သော်လည်းကောင်း။ နိရယေ, နိဗ္ဗတ္တတိ၊ ။ [ကုဟနဝတ္ထု ၃ ပါးကို ရှေ့၌လည်းကော်း, အဋ္ဌကသာလိနီဘာသာဋီကာ လောကုတ္တရာကုသိုလ်အဖွင့်၌လည်းကောင်း ပြထားပြီ။]
စ၊ ကား။ အပရော၊ တစ်ပါးသော ပုဂ္ဂိုလ်သည်။ တာဒိသော၊ ထိုကဲ့သို့ ရှုအပ်သူသည်။ (ဟုတွာ)ဝ၊ သာ။ [တာဒိသောဖြင့် ဓုတင်္ဂသမာဒါနဝသေန လူခါဇီဝီကို ပြန်ညွှန်းသည်။] ပုညဝါ၊ ဘုန်းကံရှိသည်။ ဟောတိ၊ ။
သော၊ ထိုပုဂ္ဂိုလ်သည်။ တာယပုသမ္ပတ္တိယာ၊ ထိုဘုန်းကံ၏ ပြည့်စုံခြင်းကြောင့်။ မာနံ၊ မာနကို။ ဇနယိတွာ၊ ဖြစ်စေ၍။ ဥပ္ပန္နံ၊ ဖြစ်သော။ လာဘံ၊ လာဘ်ကို။ ထာဝရံ၊ ခိုင်မြဲသည်ကို။ ကတ္တုကာမော၊ သည်။ (ဟုတွာ)၊ အနေသနဝသေန၊ ဖြင့်။ ၊ပေ၊ ဥပ္ပဇ္ဇတိ၊ ၏။ [အနေသနဝသေနသည် နိဒဿနနည်းမျှသာတည်း၊ ရှေ့ပုဂ္ဂိုလ်ကဲ့သို့ အရဟတ္တပဋိဇာနန, ကုဟနဝတ္ထု ပဋိသေဝနတို့ကိုလည်း ယူပါ။]သာသနေပိ ဝန လဗ္ဘတိ။ ။ "ရှေးအဋ္ဌထကာ၌ သာသနာပတိတ္ထိတို့အတွက် ဤအနက် ၄ မျိုးကို ဝေဖန်လျှင် သာသနာတော်တွင်း၌ ဤအနက်ဝေဖန်ချက်ကို မရနိုင်ပါသလော" ဟု မေးဖွယ်ရှိသောကြောင့် "သာသနေပိ ပန လဗ္ဘတိ" ဟု မိန့်သည်၊ ပန သည် အရုဈတ္ထဇောတက၊ ပိသည် ဗာဟိရကပဗ္ဗဇ္ဇာ၌ ပေါင်းသော သမ္ပိဏ္ဍနတည်း၊ ဤနက် ၄ မျိုးဝေဖန်ချက်ကို ရှေးအဋ္ဌကာထာဝယ် တိတ္ထိတို့အတွက် လာစေကာမူ သာသနာတော်၌လည်း ရနိုင်ပါသည်- ဟူလို၊ ထိုသို့ ရနိုင်ပုံကို အကျယ်ပြလို၍ "ဧကစ္စော ဟိ" စသည်ကို မိန့်သည်။
ဥဒရပူရံ န လဘတိ။ ။ ဝမ်းပြည့်အောင်မျှ မရခြင်းသည် အနေသန စသည်ကို ပြုဖို့ ရန် အကြောင်းဖြစ်သည်၊ ထို့ကြေင့် ဋီကာသစ်၌ "ယသ္မာ န လဘတိ၊ တသ္မာ အနေသနံကတွာ တိ အာဒိနာ ယောဇေတဗ္ဗံ" ဟု ယသ္မာ, တသ္မာထည့်ဖို့ရန် ဖွင့်သည်။
အပရော၊ သည်။ သမာဒိန္နဓုတင်္ဂေါ၊ ဆောင်တည်အပ်ပြီးသော ဓုတင်ရှိသည်။ (ဟုတွာ)၊ အပ္ပပုညောဝ၊ သာ။ ဟောတိ၊ ၊ပေ၊၊
သော၊ သည်။
ပုဗ္ဗေပိ၊ ၌လည်း။ အဟံ၊ သည်။ အကတပုညတာယ၊ ကြောင့်။ ကိဉ္စိ၊ တစ်စုံတစ်ခုကို။ နလဘာမိ၊ မရ။ ဣဒါနိ၊ ၌။ အနေသနံ၊ ကို။ သစေ ကရိဿံ၊ အကယ်၍ ပြုအံ့။ (ဧဝံ သတိ)၊ အာယတိံပိ၊ နောင်အခါ၌လည်း။ ဒုလ္လဘသုခေါ၊ ခဲယဉ်းသဖြင့်ရအပ်သော သုခရှိသည်။ ဘဝိဿာမိ၊ ဖြစ်ရလိမ့်အံ့။ ["ဒုဂ္ဂတိ၌ ရောက်ရမည်ဖြစ်သောကြောင့် ဒုလ္လဘသုခဖြစ်လိမ့်မည်" ဟူလို။] ဣတိ၊ ဤသို့ ကြံ၍။ တီဏိ သုစရိတာနိ ပူရေတွာ အရဟတ္တံ၊ သို့။ ပတ္တုံ၊ ရောက်ခြင်းငှါ။ အသက္ကောန္တော၊ အစွန်းနိုင်လသော်။ [အန္တ ပစ္စည်းသည် လက္ခဏအနက်ဟော။] သဂ္ဂေ နိဗ္ဗတ္တတိ၊ ။
အပရော၊ သည်။ ပုညဝါ ဟောတိ၊ သော၊ သည်။
ပုဗ္ဗေပိ၊ ၌လည်း။ အဟံ၊ သည်။ ကတပုညတာယ၊ ပြုအပ်ပြီးသော ကောင်းမှု ရှိသည်၏ အဖြစ်ကြောင့်။ ဧတရဟိ၊ ၌။ သုခိတော၊ ဖြစ်သော ချမ်းသာခြင်းရှိသည်။ (ဟောတိ)၊ [သဉ္စာတအဿတ္ထိအနက်၌ ဣတပစ္စည်း, "သုခံ+ ဣတော ပတ္တောပိ သုခိတော၊ ချမ်းသာခြင်းသို့ ရောက်သည်" ဟုလည်း ပေးကြသည်။] ဣဒါနိပိ၊ ၌လည်း။ ၊ပေ၊ သဂ္ဂေနိဗ္ဗတ္တတိ၊ ။
အာဂတိဉဉ္စာတိ၊ ကား။
အသုကဋ္ဌာနတောနာမ၊ မည်သော ဘဝဌာနမှ။ ဣမေ၊ ဤသူတို့သည်။ အာဂတာ၊ ရောက်လာကုန်၏။ ဣတိ ဧဝံ၊ ဤသို့။ အာဂတိဉ္စ၊ လာခဲ့ရာ ဘဝဋ္ဌာနကိုလည်းကောင်း။ [အာဂစ္ဆန္တိ ယတောတိ အာဂတိ၊ လာခဲ့ရာဌာန။]
ဂတဉ္စာတိ၊ ကား။ ဣဒါနိ၊ ယခုအခါ၌။ သန္တဗ္ဗဋ္ဌာနဉ္စ၊ ရောက်ထိုက်သော ဘဝဌာနကိုလည်းကောင်း။ [ဂန္တဗ္ဗာတိ ဂတိ။]
စုတိဉ္စာတိ၊ ကား။ တတော၊ ထို ရောက်ထိုက်သော ဘဝဌာနမှ။ စဝနဉ္စ၊ စုတေရခြင်းကိုလည်းကောင်း။
ဥပပတ္တိဉ္စာတိ၊ ကား။ ပုန၊ တစ်ဖန်။ တတော၊ စုတေပြီးရာ တတိယဘဝမှ။ စုတာနံ၊ စုတေကုန်သော သတ္တဝါတို့၏။ ဥပပတ္တိဉ္စ၊ ပဋိသန္ဓေနေရခြင်းကိုလည်းကောင်း။ (ပဇာနာမိ ၌စပ်။) ပုန ဥပပတ္တီံ။ ။စုတိဉ္စအရ ဂတိဟု ခေါ်အပ်သော ဒုတိယဘဝမှ စုတေခြင်းကို ယူရသောကြောင့် ပုန ဥပပတ္တိံအရ ထို ဒုတိယဘဝမှ စုတေ၍ တတိယဘဝ၌ ပဋိသန္ဓေကို ယူရသည်၊ ဤသိ့ ယူရသောကြောင့် ပုန ဥပပတ္တိဖြင့် ထပ်ကာထပ်ကာ ပဋိသန္ဓေနေရခြင်းကို ပြသည်ဟုမှတ်ပါ။[ပုန ဥပပတ္တိံတိ အနန္တရဘဝတော တတိယံ ဥပပတ္တိံ (ပုန ဥပပတ္တီတိ ပုနပ္ပုနံ နိဗ္ဗတ္တိ)၊ ဤသို့ ကွင်း၍ပြအပ်သော ဝါကျသည် ရှေ့ဝါကျ၏ ဒဠှီဖြစ်သင့်၏၊ ထို့ကြောင့် "ပုန ဥပပတ္တိ ဟိ ပုနပ္ပုနံ နိဗ္ဗတ္တိ" ဟု ဋီကာ၌ရှိလျှင် ကောင်းမည်ထင်သည်။]
ကိံ သဗ္ဗံ တပံ ဂရဟိဿာမီတိ၊ ကား။
‌‌ကေန ကာရဏေန၊ အဘယ်အကြောင်းကြောင့်။ [ကိိံကို ဖွင့်သည်။] ဂရဟိဿာမိ၊ ကဲ့ရဲ့ပါအံ့နည်း။ ဟိ၊ မှန်။ မယံ၊ ငါတို့သည်။ ဂရဟိ တဗ္ဗမေဝ၊ ကဲ့ရဲ့ထိုက်သော တပကိုသာ။ ဂရဟာမ၊ ကဲ့ရဲ့ကြကုန်၏။ ပသံသိတဗ္ဗံ၊ ချီးမွမ်းထိုက်သော တပကို။ ပသံသာမ၊ ချီးမွမ်းကြကုန်၏။ (ဣမိနာ- ကိံ သဗ္ဗံ တပံ ဂရဟိဿာမိဟူသော ဤပါဌ်ဖြင့်၊ "ဒဿေတိ" ၏ ကရိုဏ်းထည့်သည်)။ ဘဏ္ဍိကံ၊ ဘဏ္ဍာထုပ်ကို။ ကရောန္တော၊ ပြုသော။ မဟာရဇကော၊ ခဝါသည်ကြီးသည်။ ဓောတဉ္စ၊ ဖွပ်လျှော်အပ်ပြီးသော အဝတ်ကိုလည်းကောင်း။ အဓောတဉ္စ၊ မဖွတ်လျှော်အပ်သေးသော အဝတ်ကိုလည်းကောင်း။ ဧကတော၊ တပေါင်းတည်း။ (ကရောတိ)၊ ဝိယ၊ ပြုသကဲ့သို့။ တထာ၊ ထို့အတူ။ ဓောတဉ္စ၊ ဖွပ်လျှောက်အပ်ပြီးသော အဝတ်နှင့်တူသော အဝတ်နှင့်တူသော ကဲ့ရဲ့ထိုက်သော တပကိုလည်းကောင်း။ ဧကတော၊ တပေါင်းတည်း။ န ကရောမ၊ မပြုပါကုန်။ ဣတိ၊ ဤအနက်အဓိပ္ပာယ်ကို။ ဒဿေတိ၊ ပြတော်မူ၏။ကေန ၊ပေ၊ ဂရဟိဿာမိ။ ။ ဟုတ်မှန်စွာ မသိသူတို့သာ လောဘအတွက်ဖြစ်စေ, ဒေါသအတွက်ဖြစ်စေ အားလုံးကို ကဲ့ရဲ့တတ်ကြ၏၊ ငါသည် ဟုတ်မှန်စွာ သိသောကြောင့် "ကဲ့ရဲ့ထိုက်သည်ကို ကဲ့ရဲ့၍ ချီးမွမ်းထိုက်သည်ကို ချီးမွမ်းသည်" ဟူလို။
န ဘဏ္ဍိကံ ၊ပေ၊ ကရောမ။ ။ ခဝါသည်ကြီးသည် ဖွပ်အပ်ပြီးအဝတ်နှင့် မဖွပ်အပ်သေး အဝတ်ကို ရော၍ ထုပ်သကဲ့သို့ ချီးမွမ်းထိုက်သော အကျင့်နှင့် ကဲ့ရဲ့ထိုက်သော အကျင့်ကို တစ်ထုပ်တည်း မထုပ်ကြပါ- ဟူလို။
ဣဒါနိ၊ ယခုအခါ၌။ တမတ္ထံ၊ ထို အနက်ဓိပ္ပာကို။ ပကာသေန္တော၊ ထင်ရှားပြတော်မူလိုသည်။ (ဟုတွာ)၊
သန္တိ ကဿပ ဧကေ သမဏဗြာဟ္မဏာတိ အာဒိံ၊ အစရှိသော စကားကို။ အာဟ၊ မိန့်တော်မူပြီ။
ယံ တေ ဧကစ္စံတိ၊ ကား။ ပဉ္စဝိဓံ၊ သော။ သီလံ၊ သီလကို။ (သာဓုတိဝဒန္တိ၊ ၌စပ်)။ ဟိ၊ မှန်။ တံ၊ ထို ငါးပါးသီလကို။ လောကေ၊ လောက၌။ ကောစိ၊ တစ်စုံတစ်ယောက်သည်။ ဝါ၊ က။ န သာဓူတိ၊ မကောင်းဟူ၍။ န ဝဒတိ၊ မပြော။
ပုန၊ ဖန်။ ယံ တေ ဧက စ္စံတိ၊ ကား။ ပဉ္စဝိဓံ၊ သော။ ဝေရံ၊ ပါဏာတိပါတ အစရှိသော ရန်ကို။ (န သာဓူတိ ဝဒန္တိ၌ စပ်)။ တံ၊ ထို ပါဏာတိပါတ အစရှိသော ရန်ကို။ ကောစိ၊ သည်။ ဝါ၊ က။ သာဓူတိ၊ ဟူ၍။ န ဝဒတိ၊ မပြော။
ပုန, ယံ တေ ဧကစ္စံတိ၊ ကား။ ပဉ္စဒွါရေ၊ ငါးဒွါရ၌။ အသံဝရံ၊ မစောင့်စည်းခြင်းကို။ (သာဓူတိ ဝဒန္တိ၌ စပ်။) တေ၊ ထို သမဏဗြဟ္မဏတို့သည်။
စက္ခုနာမ၊ မျက်စိမည်သည်ကို။ န နိရုန္ဓိတဗ္ဗံ၊ ကြည့်ခြင်းကိစ္စ၌ မတားမြစ်ထိုက်။ စက္ခုနာ၊ မျက်စိဖြင့်။ မနာပံ၊ မြတ်နိုးဖွယ်ကောင်းသော။ ရူပံ၊ ရူပါရုံကို။ ဒဋ္ဌဗ္ဗံ၊ ကြည့်ထိုက်၏။ ဣတိ၊ သို့။ ဝဒန္တိကိရ၊ ပြောကြကုန်သတတ်။ သောတာဒီသု၊ သောတဒွါရ အစရှိသည်တို့၌။ ဧသ (ဧသော)၊ ဤဆိုအပ်ပြီးသော အစီရင်သည်။ န ယော၊ သိကြောင်း အစီရင်တည်း။
ပုန, ယံ တေ ဧကစ္စံတိ၊ ကား။ ပဉ္စဒွါရေ၊ ၌။ သံဝရံ၊ စောင့်စည်းခြင်းကို။ (န သာဓူတိ ဝဒန္တိ၊ ၌စပ်)။ပဉ္စဝိဓံ သီလံ။ ။ ငါးပါးသီလသည် မျက်မှောက်ဘဝ၌ဖြစ်သော စီးပွား တမလွန်၌ ဖြစ်သော စီးပွားကို ပြီးစေနိုင်သောကြောင့် အလေးဂရုပြုထိုက်သော ဂရုဓမ္မသီလဖြစ်ရကား မည်သူကမျှ မကောင်းဟု မပြော။
ပဉ္စဝိဓံ ဝေရံ။ ။ ပါဏာတိပါတစသော မကောင်းမှု ၅ မျိုးသည် ငါးပါးသီလ၏ ဆန့်ကျင်ဘက်ရန်သူသဖွယ် ဖြစ်သောကြောင့်လည်းကောင်း, လောက၌ သတ္တဝါ တို့မှာ ဘေးရန်ဖြစ်ခြင်း၏ အကြောင်းဖြစ်သောကြောင့်လည်းကောင်း ဝေရ (ရန်) မည်၏၊ ထို့ကြောင့်ပင် ထို ဝေရ ၅ မျိုးကို မည်သူကမျှ အကောင်းဟု မပြောချေ။
ဧဝံ၊ ဤသို့။ ပရေသံ၊ တစ်ပါးသော သမဏဗြဟ္မဏတို့ဩ။ ဝါဒေန၊ ဝါဒနှင့်။ သဟ၊ တကွ။ အတ္တနော၊ ကိုယ်တော်၏။ ဝါဒဿ၊ ၏။ သမာနာသမာနတံ၊ တူသည်၏ အဖြစ် မတူသည်၏ အဖြစ်ကို။ [ပါဏာတိပါတ စသော ၅ ပါးသီလသည် ကောင်း၏, ပါဏာတိပါတစသော ရန် ၅ ပါးသည် မကောင်းဟူသော ဝါဒ၌ တူကြ၏၊ ပဉ္စဒွါရဝယ် အသံဝရ သံဝရ၌ ပြောင်းပန်ယူဆ၍ မတူကြ။] ဒဿေတွာ၊ ပြတော်မူပြီး၍။ ဣဒါနိ၊ ယခုအခါ၌။ အတ္တနော၊ ကိုယ်တော်၏။ ဝါဒေန သဟ ပရေသံ ဝါဒဿ သမာနာသမာနတံ, ဒဿေန္တော၊ ပြတော်မူလိုသည်။ (ဟုတွာ)၊ ယံ မယံတိအာဒိံ၊ အစရှိသော စကားကို။ အာဟ၊ မိန့်တော်မူပြီ။
တတြာပိ၊ ထိုယံ မယံ အစရှိသော စကားရပ်၌လည်း။ ပဉ္စသီလာဒိဝသေနေဝ၊ ပဉ္စသီလအစရှိသည် တို့၏ အစွမ်းဖြင့်ပင်။ အတ္ထော၊ ကို။ ဝေဒိတဗ္ဗော၊ သိထိုက်၏။ [ရှေး၌ သမဏ ဗြာဟ္မဏတို့၏ ဝါဒကို မူတည်ခြင်း, ဤ၌ ဗုဒ္ဓဝါဒကို မူတည်ခြင်းသာထူးသည်။]