ဣဒါနိ၊ ယခုအခါ၌။
(သညာနှင့် ဉာဏ်တို့၏ ရှေ့နောက်ဖြစ်ပုံကို ပြတော်မူပြီးရာ ယခုအခါ၌)။
ပရိဗ္ဗဇကော၊ ပရိဗ္ဗိုဇ်သည်။
(ပုစ္ဆန္တော သာဟ၊ ၌စပ်)။
ယထာနာမ၊ ဥပမာမည်သည်ကား။
ဂါမသူကရော၊ ရွာဝက်သည်။
[တောဝက်က မစင်မကြိုက်သောကြောင့် ရွာဝက်ကို ပြသည်။]
ဂန္ဓောဓကေန၊ နံ့သာရေဖြင့်။
နှာပေတွာ၊ ရေချိုးစေပြီး၍။
ဝါ၊ ရေချိုးပေးပြီးမှ။
ဂန္ဓေဟိ၊ နံ့သာတို့ဖြင့်။
အနုလိမ္ပိတွာ၊ ပါးပါးလိမ်းကျံ၍။
မာလာဒါမံ၊ ပန်းကုံးကို။
ပဠန္ဓိတွာ၊ ပန်ဆင်၍။
သိရီသယနေ၊ အသရေရှိသော အိပ်ရာ၌။
အာရောပိတော၊ တင်ထားအပ်သည်။
(သမာနော) ပိ၊ ဖြစ်ပါသော်လည်း။
သုခံ၊ ချမ်းသာကို။
န ဝိန္ဒတိ ယထာ၊ မရသကဲ့သို့။
ဝေဂေန၊ လျင်စွာ။
ဂူထဋ္ဌာနမေဝ၊ မစင်ရှိရာ အရပ်သို့သာ။
ဂန္တွာ၊ သွားပြီး၍။
ဝါ၊ သွားပြီးမှ။
သုခံ၊ ကို။
ဝိန္ဒတိ ယထာ၊ ရသကဲ့သို့။
ဧဝမေဝ၊ ဤအတူသာလျှင်။
ဘဂဝတာ၊ သည်။
သဏှသုခုမတိလက္ခဏဗ္ဘာဟတာယ၊ သိမ်မွေ့နုညံ့သည်ဖြစ်၍ လက္ခဏာရေးသုံးရပ်ဖြင့် တံဆိပ်ခတ်အပ်သော။
ဒေသနာယ၊ ဒေသနာတော်ဖြင့်။
နှာပိတဝိလိတ္တ မဏ္ဍိတာ၊ ရေချိုးစေအပ် လိမ်းကျံအပ် တန်ဆာဆင်အပ်ပြီးသည်။
(သမာနောပိ၊ ဖြစ်ပါသော်လည်းကောင်း)။
နိရောဓကထာသိရီသယနံ၊ နိရောဓကထာတည်းဟူသော အသရေရှိသော အိပ်ရာသို့။
အာရောပိတော၊ တင်ထားအပ်သည်။
(သမာနောပိ၊ သော်လည်းကောင်း)။
တ္ထ၊ ထိုအိမ်ရာ၌။
သုခံ၊ ကို။
န ဝိန္ဒန္တော၊ မရသည်။
(ဟုတွာ၊ ဖြစ်၍)။
ဂူထဋ္ဌာနသဒိသံ၊ မစင်ရှိရာ အရပ်နှင့်တူသော။
အတ္တနော၊ မိမိ၏။
လဒ္ဓိံ၊ အတ္တအယူကို။
ဂဟေတွာ၊ ယူ၍။
တမေဝ၊ ထို အယူကိုပင်။
ပုစ္ဆန္တော၊ မေးလိုသည်၏ အဖြစ်ကြောင့်။
သညာနုခေါ ဘန္တေ ပုရိသဿ အတ္တာတိ အာဒိံ၊ အစရှိသော စကားကို ။
အာဟ၊ လျှောက်ပြီ။
အထ၊ လျှောက်ရာ ထိုအခါ၌။
အဿ၊ ထို ပေါဋ္ဌပါဒအား။
ဝါ၊ ၏။
အနုမတိံ၊ လျော်စွာသိသော အလိုကို။
ဂဟေတွာ၊ ယူတော်မူ၍။
[ကံပန တွံစသည်ဖြင့် မေးတော်မူခြင်းသည် အနုမတိပုစ္ဆာ သူ၏ အလိုကို ယူရာရောက်သော ကြောင့်။
"အနုမတိံ ဂဟေတွာ" ဟု ဆိုသည်။]
ဗျာကာတုကာမော၊ ဖြေခြင်းငှါ အလိုရှိတော်မူသော။
ဘဂဝါ၊ သည်။
သဏှ ၊ပေ၊ ဗ္ယဟတာယ။ ။ ဒေသနာတော်သည် သဏှ (သိမ်မွေ့သန့်ရှင်း) သည့်အတွက် သာရမ္ဘ, မက္ခ, ဣဿာ စသော အညစ်အကြေးတို့ကို သုတ်သင်နိုင်ရကား ထိုဒေသနာတော်ကို နာရခြင်းကြောင့်ဖြစ်သော သုတမယဉာဏ်သည် နှာပိတ (ရေချိုးစေအပ်) သကဲ့သို့ ဖြစ်၏၊ နုညံ့သည့်အတွက် နံ့သာရည်ကျဲကို လိမ်းထားသကဲ့သို့ ဖြစ်၏၊ အနိစ္စတာစသော လက္ခဏာ ၃ ရပ်ဖြင့် တံဆိပ်ခတ်အပ်သည့်အတွက် နားဍောင်းစသော တန်ဆာတို့ဖြင့် ဆင်းမြန်းအပ်သကဲ့သို့ ဖြစ်သည်။
ကံ ပန တွံတိ အာဒိံ၊ အစရှိသာ စကားကို။
အာဟ၊ မိန့်တော်မူပြီ။
တတော၊ ထိုသို့ မိန့်တော်မူခြင်းကြောင့်။
သော၊ ထို ပေါဋ္ဌပါဒသည်။
အတ္တာ၊ အတ္တသည်။
အရူပိ၊ ဖောက်ပြန်ခြင်းမရှိ။
ဣတိ ဧဝံ လဒ္ဓိကော၊ ဤသို့ အယူရှိသည်။
သမာနောပိ၊ သော်လည်း။
ဘဂဝါ၊ သည်။
ဒေသနာယ၊ ဟောတော်မူခြင်း၌။
သုကုသလော၊ အလွန်ကျွမ်းကျင်တော်မူ၏။
(ထိုသို့ ကျွမ်းကျင်သောကြောင့် "ငါ၏ အယူကို ဖျက်လိမ့်မည်" ဟု စိုးရိမ်သည်- ဟူလို။)
သော၊ ထိုမြတ်စွာဘုရားသည်။
မေ၊ ငါ၏။
လဒ္ဓိံ၊ အယူကို။
အာဒိတောဝ၊ အစ၌ပင်။
မာဝိဒ္ဓံ သေတု၊ မဖျက်ဆီးပါစေလင့်။
ဣတိ၊ ဤသို့။
စိန္တေတွာ၊ ကြံ၍။
အတ္တနော၊ မိမိ၏။
လဒ္ဓိံ၊ ကို။
ပရိဟရန္တော၊ (ဖျက်ဆီးခြင်းမှ) ရှောင်လွှဲလိုသည်။
(ဟုတွာ)၊
ဩဠာရိကံ ခေါတိ အာဒိံ၊ ကို။
အာဟ၊ လျှောက်ပြီ။
အထ၊ လျှောက်ရာ ထိုအခါ၌။
အဿ၊ ထို ပေါဋ္ဌပါဒအား။
ဘဂဝါ၊ သည်။
တတ္ထ၊ ထိုအယူ၌။
ဒေါသံ၊ အပြစ်ကို။
ဒဿေန္တော၊ ပြတော်မူလိုသည်၏ အဖြစ်ကြောင့်။
ဩဠာရိကော စ ဟိ တေတိ အာဒိံ၊ ကို။
အာဟ၊ မိန့်တော်မူပြီ။
တတ္ထ၊ ထို ဩ ဠာရိကောစ အစရှိသော စကားရပ်၌။
ဧဝံ သန္တံတိ၊ ကား။
ဧဝံ သန္တေ၊ ဤသို့ ဖြစ်လသော်။
ဟိ၊ မှန်၏။
ဧတံ၊ ဤ ဧဝံ သန္တံ ဟူသော သဒ္ဒါသည်။
ဘုမ္မတ္ထေ၊ သတ္တမီဝိဘတ်၏ အနက်၌။
ဥပယောဂဝစနံ၊ ဒုတိယဝိဘတ်ရှိသော သဒ္ဒါတည်း။
ဝါ၊ တစ်နည်း။
ဧဝံ သန္တံ၊ ဤသို့ ဖြစ်သော။
အတ္တာနံ၊ အတ္တကို။
ပစ္စာပစ္ဆတော၊ သိသော။
ဝါ၊ ဝါဒအားဖြင့် ရှေ့ရှုဖြစ်သော။
တဝ၊ သင်၏။
("မတိယာ၊ အလိုအားဖြင့်" ဟု ထည့်၍ "အညာဝသညာ အဘဝိဿ" စသည်၌စပ်။)
ဣတိ အယံ၊ ဤဆိုအပ်ပြီးကား။
ဧတ္ထ၊ ဤ ဧဝံ သန္တံ ဟူသော ပုဒ်၌။
အတ္ထော၊ အနက်တည်း။
စတုန္နံ၊ ၄ ပါးကုန်သော။
ခန္ဓာနံ၊ နာမ်ခန္ဓာတို့၏။
ဧကုပ္ပါဒေက နိရောဓတ္တာ၊ တူသော ဖြစ်ခြင်း, တူသော ချုပ်ခြင်းရှိကုန်သည်၏ အဖြစ်ကြောင့်။
ယသညာ၊ အကြင် သညာသည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
သာဝ၊ ထိုသညာသည်သာ။
ကိဉ္စာပိ နိရုဇ္ဈတိ၊ အကယ်၍ ကား ချုပ်ပါပေ၏။
ပန၊ ထိုသို့ပင်ဖြစ်သော သညာသည်သာ ချုပ်ရပါသော်လည်း။
အပရာပရံ၊ အဆက်ဆက်သော သညာကို။
ဥပါဒါယ၊ ကပ်ယူ၍။
အညာစ သညာ ဥပ္ပဇ္ဇန္တိ, အညာစ သညာ နိရုဇ္ဈန္တီတိ၊ ဟူ၍။
(ဘဂဝတာ) ဝုတ္တံ၊ စောတော်မူအပ်ပြီ။ကံ ပန တွံ။ ။ "ဩဠာရိကော အတ္တာ, မနောမယော အတ္တာ, အရူပီ အတ္တာ" ဟု အတ္တအယူ ၃ မျိုးတွင် အသင်သည် အဘယ်အတ္တကို ယုံကြည်သနည်း" ဟု မေးတော်မူလို၍ "ကံ ပန တွံ" စသည်ကို မိန့်တော်မူသည်။
ဒေါသံ ဒဿေန္တော။ ။ အကယ်၍ အတ္တသည် ရူပီ (ဖောက်ပြန်ခြင်း ရှိသော အရာ) ဖြစ်အံ့၊ ဤသို့ ဖြစ်လျှင် သင်၏ အတ္တသည် ရုပ်တရားဖြစ်ရာ၏၊ သညာရှိသော သညီကား မဖြစ်နိုင်၊ ဘာကြောင့်နည်း- သညာက ရူပီမဟုတ်သောကြောင့် လည်းကောင်း, ရုပ်တရားကိုက သညာ၏ သဉ္ဇာနနသဘောမရှိသောကြောင့်လည်းကောင်းတည်း၊ အတ္တသည် ရူပီဖြစ်သော်လည်း သင်၏ အလိုအားဖင့် နိစ္စဖြစ်အံ့၊ ဤသို့ ဖြစ်လျှင် သညာကမူ အဆင့်ဆင့်ဖြစ်သောကြောင့် အဆက်ဆက်ပျက်ရကား အနိစ္စဖြစ်၏၊ ဤသို့ အားဖြင့် သညာနှင့်အတ္တသည် တစ်ခုတည်း မဟုတ်နိုင်၊ သညာကတစ်ခြား, အတ္တကတစ်ခြားသာဖြစ်၏။
ထို့အပြင်- သညာမဟုတ်သောကြောင့် သင်၏ ရူပီအတ္တသည် စေတနာမရှိ, စေတနာမရှိလျှင် သင်၏ အတ္တသည် ကံကို မပြုနိုင်၊ ကံကို မပြုနိုင်လျှင် အကျိုးကိုလည်း မခံစားနိုင်၊ ဤ အဓိပ္ပါယ်များ သက်ရောက်လျက်ရှိရကား သင်၏အတ္တသည် ကာရကဝေဒက မဟုတ်တော့, ကာရကဒေဝ မဟုတ်လျှင် "အတ္တ" ဟုပင် မဆိုနိုင်တော့- ဟူလို။
ဧဝံ သန္တံ။ ။ "သော်" ဟု ပေးရသောကြောင့် သတ္တမီအနက်၌ ဒုတိယဝိဘတ်ဟု ပဌမဖွင့်၏၊ "ပစ္စဂစ္ဆတော" ဟု ပါဌသေသထည့်လျှင် ထိုပါဌသေသ၌ စပ်နိုင်သောကြောင့် ကံအနက်၌ပင် ဒုတိယာသက်သည်ဟု တစ်နည်းပြပြန်သည်၊ ပစ္စဂစ္ဆတောကို "ဇာနန္တော"ဟု ဋီကာဖွင့်သည်၊ ဋီကာသစ်၌ ပတိ+ ဂစ္ဆတော" ဟု ခွဲ၍, ပတိကို ပတိစ္စဟုလည်းကောင်း, ဂစ္ဆတောကို "ဝါဒေန+ ပဝတ္တဿ" ဟုလည်းကောင်း တစ်နည်းဖွင့်သည်။ [သုတ်ကြီးဖြင့် ပတိကို ပစ္စပြု၍ "ပစ္စ+ဂစ္ဆတော" ဟုရှိမှ ဋီကာအဖွင့်နှင့် ညီ၏၊ စာအုပ်တို့၌ "ပစ္စာ" ဟု ဒီဃဖြင့် ရှိရကား "ပတိ+ အာဂစ္ဆတော" ဟု ပုဒ်ဖြတ်ရလိမ့်မည်၊ ထို အာဂစ္ဆတောကို "ဇာနတော ပဝတ္တဿ" ဟု မဖွင့်နိုင်ပါ။]

ဣဒါနိ၊ ရူပီ အတ္တကို ပြပြီးရာ ယခုအခါ၌။
အညံ၊ ရူပီ အတ္တမှ တစ်မျိုးတခြားသော။
လဒ္ဓိံ၊ မနောမယ အတ္တအယူကို။
ဒဿေန္တော၊ ပြလိုသည်၏ အဖြစ်ကြောင့်။
မနောမယံ ၊ပေ၊ ဘန္တေတိ အာဒိံ၊ အစရှိသော စကားကို။
ဝတွာ၊ လျှောက်ပြီး၍။
("ဝဒန္တော အာဒိမာဟ" ၌စပ်)။
တတြာပိ၊ ထို မနောမယအတ္တ အဖို့၌လည်း။
ဒေါသေ၊ အပြစ်ကို။
ဒိန္နေ၊ ပေးအပ်ပြန်သော်။
ယထာ နာမ၊ ဥပမာမည်သည်ကား။
ဥမ္မတ္တကော၊ သူရူးသည်။
ယာဝ၊ လောက်။
အဿ၊ ထို သူရူး၏။
သညာ၊ သညာ သည်။
နပ္ပတိဋ္ဌာတိ၊ အာရုံ၌ မတည်တံ့သေး။
တာဝ၊ ထို မတည်တံ့သေးသမျှ။
အညံ၊ အခြားသော စကားကို။
ဂဟေတွာ၊ ယူ၍။
အညံ၊ ကို။
ဝိသဇ္ဇတိ၊ စွန့်လွှတ်၏။
ပန၊ အနွယ။
သညာပတိဋ္ဌာနကာလေ၊ သညာ၏ အာရုံဝယ် တည်တံရာအခါ၌။
ဝတ္တဗ္ဗမေဝ၊ ဆိုထိုက်သော စကားကိုသာ။
ဝဒတိ ယထာ၊ ပြောဆိုသကဲ့သို့။
ဧဝမေဝ၊ ဤအတူသာလျှင်။
အညံ၊ အခြားသော အယူကို။
ဂဟေတွာ၊ ၍။
အညံ၊ ကို။
ဝိသဇ္ဇေတွာ၊ စွန့်လွှတ်၍။
ဣဒါနိ၊ ၌။
အတ္တနော၊ ၏။
လဒ္ဓိံယေဝ၊ အယူကိုသာ။
ဝဒန္တော၊ လျှောက်လိုသည်၏ အဖြစ်ကြောင့်။
အရူပိံ ခေါတိအာဒိံ၊ ကို။
အာဟ၊ လျှောက်ပြီ။တတြာပိ ဒေါသေ ဒိန္နေ။ ။ တတြာပီတိ မနောမယော အတ္တာတိ ဣမသ္မိံ ပက္ခေ (ဤ ဝါဒအဖို့၌လည်း) ဒေါသေ ဒိန္နေကို "အတ္တနော လဒ္ဓိံ ယေဝ ဝဒန္တော အရူပိံခေါတိ အာဒိမာဟ" ၌စပ်ပါ၊ "သင်၏ အတ္တသည် မနောမယ သဗ္ဗသင်္ဂပစ္စင်္ဂီ အဟီနိန္ဒြိယဖြစ်လျှင် ရုပ်အတ္တ ဖြစ်ရာ၏၊ သညီအတ္တမဖြစ်နိုင်၊ ထိုသို့ မဖြစ်နိုင်လျှင် သညာမရှိသောကြောင့် စေတနာလည်းမရှိ စသည်ဖြင့် ရှေ့အတိုင်း အပြစ်ပေးပုံကို နည်းမှီး၍ သိပါ။
ယထာ နာမ။ ။ဤပရိဗ္ဗိုဇ်သည် ပဌမတုန်းက ဩဠာရိက ရူပီအတ္တဟု ယူပြီးလျှင် အပြစ်ပြသောအခါ ထိုဝါဒကို စွန်ံ၍ မနောမယအတ္တဟု ယူပြန်၏၊ ထို၌ အပြစ်ပြပြန်သော အခါ ထို မနောမယအတ္တအယူကို စွန့်၍ အရူပီအတ္တဟု ယူပြန်၏၊ အဘယ့်ကြောင့် ဤသို့ အပြောင်းအလွှဲ လုပ်နေပါသနည်းဟု မေးဖွယ်ရှိသောကြောင့် ယထာနာမ စသည်ကို မိန့်သည်၊ သူရူး၏ ယူခြင်းမျိုးဖြစ်ရကား အကြောင်းပြဖွယ်မလိုပါ- ဟူလို။

တတြာပိ၊ ထိုအရူပိံ ခေါ အစရှိသော စကားရပ်၌လည်း။
ယသ္မာ၊ ကြောင့်။
သော၊ ထို ပရိဗ္ဗိုဇ်သည်။
သညာယ၊ ၏။
ဥပ္ပါဒနိရောဓံ၊ ဖြစ်ခြင်း, ချုပ်ခြင်းကို။
ဣစ္ဆတိ၊ အလိုရှိ၏။
ပန၊ ထိုသို့ပင် အလိုရှိပါသော်လည်း။
အတ္တာနံ၊ အတ္တကို။
သဿတံ၊ မြဲ၏ဟူလို။
မညတိ၊ မှတ်ထင်၏။
တသ္မာ, တထေဝ၊ ထို ရှေ့အတိုင်းပင်။
အဿ၊ ထိုပရိဗ္ဗိုဇ်အား။
ဒေါသံ၊ ကို။
ဒဿေန္တော၊ ပြတော်မူလိုသော။
ဘဂဝါ၊ သည်။
ဧဝံ သန္တံပီတိ အာဒိံ၊ ဧဝံ သန္တံ ပိအစရှိသော စကားကို။
အာဟ၊ ပြီ။
တတော၊ ထို သို့ မိန့်တော်မူခြင်းကြောင့်။
ပရိဗ္ဗာဇကော၊ သည်။
မိစ္ဆ,ဒဿနေန၊ မှားသော အမြင်သည်။
(မိစ္ဆာအယူသည်)။
အဘိဘူတတ္တာ၊ လွှမ်းမိုးအပ်သည်၏ အဖြစ်ကြောင့်။
ဘဂဝတာ၊ သည်။
ဝုစ္စမာနမ္ပိ၊ ဟောတော်မူအပ်ပါသော်လည်း။
တံ နာနတ္တံ၊ ထို သညာနှင့် အတ္တ၏ အထူးသည်၏ အဖြစ်ကို။
အဇာနန္တော၊ မသိသည်၏ အဖြစ်ကြောင့်။
သက္ကာ ၊ပေ၊ မယာတိ အာဒိံ၊ ကို။
အာဟ၊ လျှောက်ပြီ။
အထ၊ လျှောက်ထားရာထိုအခါ၌။
ဘဂဝါ၊ သည်။
ယသ္မာ၊ ကြောင့်။
သော၊ ထို ပရိဗ္ဗိုဇ်သည်။
သညာယ၊ သညာ၏။
ဥပ္ပါဒနိရောဓံ၊ ကို။
ပဿန္တောပိ၊ မြင်ပါသော်လည်း။
သညာမယံ၊ သညာဖြစ်သော (သညာအတိပြီးသော)။
အတ္တာနံ၊ အတ္တကို။
နိစ္စမေဝ၊ မြဲ၏ ဟူ၍သာ။
မညတိ၊ မှတ်ထင်၏။
တသ္မာ၊ ကြောင့်။
ဒုဇ္ဇာနံ ခေါတိ အာဒိံ၊ ကို။
အာဟ၊ မိန့်တော်မူပြီ။သညာ န ပတိဋ္ဌာတိ။ ။ ယူထားအပ်ပြီးသော အာရုံ၌ (အယူ၌) သညာသည် စွဲမြဲစွာ မတည်၊ ထိုသို့ မတည်သောကြောင့် ယူအပ်ပြီးအာရုံကို စွန့်ပစ်နိုင်သည်- ဟူလို၊ ဥပမေယျဘက်၌ "အညံ ဂဟေတွာ" အရ "မနောမယ အတ္တ" စသော နောက်အယူကို ယူခြင်းဟုလည်းကောင်း, "အညံဝိသဇ္ဇတိ" အရ ရှေ့အယူကို စွန့်ခြင်းဟုလည်းကောင်း မှတ်ပါ။
တံ နာနတ္တံ အဇာနန္တော။ ။ ရုပ်အစဉ်သည်လည်းကောင်း, နာမ် အစဉ်သည်လည်းကောင်း တစ်စဉ်တစ်တန်းတည်း ဖြစ်ပျက်နေရကား တစ်ခဲနက် တစ်ခုတည်းကဲ့သို့ ဖြစ်၍နေသည်ကို "သန္တ တိဃန" ဟု ခေါ်၏၊ တစ်ကြိမ်ဖြစ်လျှင် ရုပ်ကလာပ်အပေါင်းသည်လည်းကောင်း, စိတ်စေတသိမ် နာမ်အပေါင်းသည်လည်းကောင်း စုပေါင်း၍ ဖြစ်ရကား တစ်ခဲနက် တစ်ခုတည်းကဲ့သို့ ဖြစ်၍ နေသည်ကို "သမှုဟဃန" ဟုခေါ်၏၊ ထိုဃနကို ခွဲခြားဝေဘန်တတ်သော ဉာဏ်ကို "ဃနဝိနဗ္ဘောဂဉာဏ်" ဟု ခေါ်၏၊ အဘိဓမ္မာ၌ မကျွမ်းကျင်လျှင် ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း ထို ဉာဏ်မျိုးမရနိုင်၊ မရှိလျှင် ထို ရုပ်အနာမ်အစဉ် ရုပ်နာမ်အပေါင်းကို အတ္တဟု လည်းကောင်း, နိစ္စဟုလည်းကောင်း ယူလိမ့်မည်သာ၊ ထို ဉာဏ်မျိုးမရှိသော ပေါဋ္ဌပါဒ ပရိဗ္ဗိုဇ်သည်လည်း ထိုသို့ယူသောကြောင့် သညာနှင့် အတ္တကို ခွဲခြား၍ ဘုရားရှင် ဟောတော်မူ အပ်ပါသော်လည်း ထိုအထူးကို မသိနိုင်ဘဲ ရှိရကား "သက္ကာပန ဘန္တေ" စသည်ဖြင့် မေးလျှောက်ပြန်သည်။

တတ္ထ၊ ဒုဇ္ဇာနံ ခေါ အစရှိသော ထိုစကားရပ်၌။
အယံ၊ ကား။
သင်္ခေပတ္ထော၊ အကျဉ်းဖြစ်သော အနက်တည်း။
တဝ၊ သင်၏။
အညာ၊ တစ်မျိုးတခြားသော။
(သာသနာတော်၌ ဖြစ်သော မဇ္ဈိမပဋိပဒါအမြင်မှ တစ်မျိုးတစ်ခြားသော)။
ဒိဋ္ဌိ၊ အမြင်သည်။
(အယူသည်။
ဟောတိ၊ )
အညာ၊ သော။
ခန္တိ၊ နှစ်သက်ခြင်းသည်။
(ဟောတိ)၊
အညာ၊ သော။
ရုစိ၊ အလိုသည်။
(ဟောတိ)၊
[ ရှေးစာအုပ်တို့၌ "အညာ ခန္တိ ရုစိယော" ဟု ရှိခဲ့ဟန်တူ၏၊ ဘာကြောင့်နည်း- နောက်၌ အညဒေဝ ၊ပ၊ ခမတိစေဝ ရုစ္စတိစ" ဟု တစ်ပေါင်းတည်း ဆိုသောကြောင့်တည်း၊ ထို့ကြောင့် "ရုစိယော" ဟု မူကွဲအဖြစ်ဖြင့် ပြကြသည်။]
အညထာယေဝ၊ တစ်မျိုးတစ်ခြားသာလျှင်။
တေ၊ ၏။
ဒဿနံ၊ အမြင်သည်။
(အယူသည်)။
ပဝတ္တံ၊ ဖြစ်၏။
စ၊ သည် သာမကသေး။
အညဒေဝ၊ တစ်မျိုးတစ်ခြားသည်သာလျှင်။
(ခန္ဓာအာယတနစသည်, အနိစ္စစသည်မှ တစ်မျိုးတစ်ခြားသော အတ္တ- နိစ္စ စသော အယူသည်သာ လျှင်)။
တေ၊ အား။
ခမတိစေဝ၊ နှစ်သက်လည်း နှစ်သက်၏။
ရုစ္စတိစ၊ လိုလည်းလိုလား၏။
ဝါ၊ ကြိုက်လည်း ကြိုက်၏။ဒိဋ္ဌိ, ခန္တိ, ရုစိ။ ။ "ဧဝမေတံ- ဤဟာသည် ဤအတိုင်းဘဲ" ဟု မြင်နေခြင်း (သာမန်မြင်ရုံသာမက) စွဲစွဲမြဲမြဲ နှလုံးသွင်းခြင်းသည်ဒိဋ္ဌိတည်း၊ [ဒဿနံ ဒိဋ္ဌိ။] ထို ဒိဋ္ဌိ၏ ရှေ့အဖို့၌ "ဧဝမေတံ" ဟု စူးစိုက်စွာ ရှုသော အားဖြင့် နှစ်သက်ခြင်းသည် ခန္တိတည်း၊ [ခမနံ- နှစ်သက်ခြင်း၊ ခန္တိ- ခြင်း။] ထိုကဲ့သို့ နှစ်သက်ခြင်းကို "ရုစိ" ဟုလည်း ခေါ်၏၊ "လိုလားခြင်း- ကြိုက်ခြင်း " ဟု ပရိယာယ်လဲ၍ မြန်မာပြန်ကြ၏။ [ရောစနံ ရုစိ။]
အညထာယေဝ စသည်။ ။ သဿတ ဥစ္ဆေဒအဖို့ဘို့ မကပ်ရောက်ဘဲ မဇ္ဈိမပဋိပဒါ (မဂ္ဂင်ရှစ်ပါး) အားဖြင့် မြင်ခြင်းသည် သမ္မာဒိဋ္ဌိ (သမ္မဒဿန) တည်း၊ ထို သမ္မာဒဿနမှ တစ်မျိုးတစ်ခြားဖြစ်သည်ကို "အညထာ" ဟုဆိုသည်၊ ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနိစ္စတာ စသော လက္ခဏာရှိသော ခန္ဓာအာယတနစသည်မှ တစ်မျိုးတခြားသော အတ္တ- သဿတ စသော အယူကို "အညဒေဝ" ဟု ဆိုသည်။ [အညာ ဒိဋ္ဌီစသော ၃ ပုဒ်ကိုပင် "အညထာယေဝ တေ ဒဿနံ ပဝတ္ထံ" စသော စကား ၃ ရပ်ဖြင့် ထပ်ဖွင့်သည်။] စ၊ သည်သာမကသေး။ အညတြ၊ အခြားသော အကျင့်၌။ တေ၊ သင်၏။ အာယောဂေါ၊ လွန်စွာကြိုးကုတ် အားထုတ်ခြင်းသည်။ (ဟောတိ)၊ အညိဿာယေဝ၊ တစ်မျိုးတစ်ခြားသာလျှင်ဖြစ်သော။ (အတ္တမရှိဟု ယူကြောင်းဖြစ်သော အကျင့်မှ တစ်မျိုးတစ်ခြားသာလျှင် ဖြစ်သော)။ ပဋိပတ္တိယာ၊ ၌။ ယုတ္တ ပယတ္တတာ၊ အားထုတ်မှု၌ အပြားအားဖြင့် ယှဉ်သည်၏ အဖြစ်သည်။ (လွန်စွာ ကြိုးကုတ် အားထုတ်သည်၏ အဖြစ်သည်။ ဟောတိ၊ )။ စ၊ သေး။ အညတ္ထ၊ အခြားသော သာသနာ၌။ တေ၊ ၏။ အာစိရိယကံ၊ ဆရာ၏ ဖြစ်ကြောင်းဖြစ်ရာ ဩဝါဒအနုသာသနသည်။ (ဟောတိ)၊ အညသ္မိံ၊ သာသနာတော်မှ တစ်မျိုးတစ်ခြားသော။ တိတ္ထာယတနေ၊ တိတ္ထိတို့ဘောင်၌။ အာစရိယဘာဝေါ၊ ဆရာ၏ ဖြစ်ကြောင်းဖြစ်ရာ ဩဝါဒအနုသာသနသည်။ (ဟောတိ)၊ အညတြ အာယောဂေါ။ ။ ဘာ (ဘုသော) + ယုဉ္ဇနံ (အားထုတ်ခြင်း) အာယောဂေါ၊ အညတြ အာယောဂေါကိုပင် "အညိဿာယေဝ" စသည်ဖြင့် ထပ်ဖွင့်သည်၊ သာသနာတော်၌ အတ္တမရှိသော အကျင့်မှတစ်ပါးသော ပရမအတ္တကို ကြံစည်ခြင်းစသော အကျင့်၌ အလွန်အားထုတ်ခြင်းဖြစ်သည်။

ဧဝံ၊ သို့။
အညဒိဋ္ဌိကေန၊ သာသနာတော်အယူမှ တစ်ပါးသော အယူရှိသော။
အညခန္တိကေန၊ သာသနာတော်၌ နှစ်သက်ခြင်းမှ တစ်ပါးသောနှစ်သက်ခြင်းရှိသော ။
အညရုစိကေန၊ သာသနာတော်အကြိုက်မှ တစ်ပါးသော အကြိုက်ရှိသော။
အညတြ၊ တစ်ပါးအကျင့်၌။
အာယောဂေန၊ လွန်စွာ ကြိုးကုတ် အားထုတ်ခြင်းရှိသော။
အညတြ၊ သာသနာတော်မှ တစ်ပါးသော တတ္ထိတို့ဘောင်၌။
အာစရိကေန၊ ဆရာ၏ ဖြစ််ကြောင်းဖြစ်ရာ ဩဝါဒအနုသာသနရှိသော။
တေန တယာ၊ ထိုသင်သည်။
ဧတံ၊ ဤသညာနှင့် အတ္တတို့၏ ထူးကုန်သည်၏ အဖြစ်ကို။
ဒုဇ္ဇာနံ၊ ခဲယဉ်းသဖြင့် သိအပ်၏။
ဝါ၊ မသိအပ် မသိနုင်။
(ဣတိ အယံ၊ ကား။
သင်္ခေပတ္ထော၊ တည်း။)
အထ၊ မိန့်တော်မူရာ ထိုအခါ၌။
ပရိဗ္ဗာဇကော၊ သည်။
ပုရိသဿ၊ သတ္တဝါ၏။
အတ္တာ၊ အတ္တသည်။
သညာဝါ၊ သညာသည်မူလည်း။
ဟောတု၊ ဖြစ်စေ။
သညာတော၊ သညာမှ။
အညာဝါ၊ တစ်မျိုးတစ်ခြားသည်မူလည်း။
(ဟောတု၊ ဖြစ်ပစေ)။
["အညောဝါ သညာ" ဟုလည်း မူကွဲရှိ၏။]
အဿ၊ ထိုအတ္တ၏။
တံ သဿတာဒိဘာဝံ၊ ထို သဿတ အစရှိသည်၏ အဖြစ်ကို။
ပုစ္ဆိဿံ၊ မေးဦးအံ့။
ဣတိ၊ ဤသို့ ကြံ၍။
ကိံ ပန ဘန္တေတိ အာဒိံ၊ အစရှိသော စကားကို။
အာဟ၊ လျှောက်ပြီ။
တတ္ထ၊ ထို ကိံ ပန ဘန္တေ အစရှိသော စကားရပ်၌။
လောကောတိ၊ လောကောဟူသော စကားကို။
အတ္တာနံ၊ အတ္တကို။
သန္ဓာယ၊ ကို။
ဝဒတိ၊ လျှောက်၏။
န ဟေတံ ပေါဋ္ဌပါဒအတ္ထသံဟိတံတိ၊ ကား။
ပေါဋ္ဌပါဒ၊ ပေါဋ္ဌပါဒ။
ဧတံ ဒိဋ္ဌိဂတံ၊ ဤ မိစ္ဆာအယူသည်။
ဣဓလောက ပရလောက အတ္ထနိဿိတံ၊ ဤလောကစီးပွား, နောက်လောကစီးပွား၌ မှီသည်။
န ဟောတိ၊ မဖြစ်။
အတ္တတ္ထ ပရတ္ထနိဿိတံ၊ မိမိစီးပွား, သူတစ်ပါးစီးပွား၌ မှီသည်။
(န ဟောတိ)၊
န ဓမ္မသံဟိတံတိ၊ ကား။
နဝ လောကုတ္တရဓမ္မနိဿိတံ၊ ၉ ပါးသော လောကုတ္တရာတရား၌ မှီသည်။
(န ဟောတိ)၊
နာဒိ ဗြဟ္မစရိယကံတိ၊ ကား။
သိက္ခတ္တယသင်္ခါတဿ၊ သိက္ခာ ၃ ပါးအပေါင်းဟု ဆိုအပ်သော။
(တစ်နည်း) သိက္ခတ္တယသင်္ဂဟိတဿ၊ သိက္ခာ ၃ ရပ်ဖြင့် သိမ်းယူအပ်သော။
(ဤသို့လည်း အခြားနေရာ၌ ရှိသည်)။
သာသန ဗြဟ္မစရိယကဿ၊ ၏။
အာဒိမတ္တံ၊ အစမျှသည်။
(န ဟောတိ)၊
အဓိသီလ သိက္ခာမတ္တံပိ၊ အဓိသီလသိက္ခာမျှသည်လည်း။
န ဟောတိ၊ ။အာစရိယကံ။ ။ ဘာဝအနက်၌ ကဏ်ပစ္စည်းဟု သိစေလို၍ "အာစရိယဘာဝေါ" ဟုဖွင့် သည်၊ ဆရာ၏ ဖြစ်ကြောင်းဖြစ်ရာ ထို "အာစရိယက" ဟူသည် "ယထာ တထာ ဩဝါဒါနုသာနတည်း" ထို့နောက် "အာစရိယကံ+အဿ+အတ္ထီတိ အာစရိယကော" ဟု ပြုပါ။ [တေန စသည်ကား အနက်ယောဇနာပုံကို ပြသော စကားတည်း။]
အတ္ထသံဟိတံ။ ။ သံဟိတံကို နိဿိတံဟု အဓိပ္ပါယတ္ထဖွင့်၏၊ အတ္ထ အရလည်း ဣဓလောကတ္ထစသည်ကို ယူစေလို၍ "ဣဓလောက ပရလောက" စသည်ဖြင့် ဖွင့်သည်၊ အတ္ထာနံ သူစနတောစသော သုတ္တအနက်ဖွင့်၍ အတ္ထသည် ဟိတ၏ ပရိယာယ်ဖြစ်သကဲ့သို့ ဤ၌လည်း ဟိတ၏ ပရိယာယ်ဟုသာ မှတ်ပါ၊ အတ္ထနိဿိတဟူရာ၌ ထိုအတ္ထကို ဖြစ်စေနိုင်သည်ကို နိဿိတဟုဆိုလိုသည်။

န နိဗ္ဗိဒါယာတိ၊ ကား။
သံသာရဝဋ္ဋေ၊ သံသရာဝဋ်၌။
နိဗ္ဗိန္ဒနတ္ထာယ၊ ငြီးငွေ့ကြောင်း ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်အကျိုးငှါ။
န သံဝတ္တတိ၊ မဖြစ်။
န ဝိရာဂါယာတိ၊ ကား။
ဝဋ္ဋ ဝိရာဂတ္ထာယ၊ ဝဋ်၌ စက်ဆုပ်ခြင်းအကျိုးငှါ။
ဝါ၊ ဝဋ်၌ စက်ဆုပ်တတ်သော မဂ်အကျိုးငှါ။
န သံဝတ္တတိ၊ ။
န နိရောဓာယာတိ၊ ကား။
ဝဋ္ဋဿ၊ ဝဋ်၏။
နိရောဓကရဏတ္ထာယ၊ ချုပ်ခြင်းကို ပြုတတ်သော နိဗ္ဗာန်အကျိုးငှါ။
န သံဝတ္တတိ၊ ။
န ဥပသမာယာတိ၊ ကား။
ဝဋ္ဋဿ၊ ၏။
ဝူပသမနတ္ထာယ၊ ငြိမ်းအေးရာ နိဗ္ဗာန်အကျိုးငှါ။
န သံဝတ္တတိ၊ ။
န အဘိညာယာတိ၊ ကား။
ဝဋ္ဋာဘိဇာနနတ္ထာယ၊ ဝဋ်ကို ထူးသော ဉာဏ်ဖြင့် သိခြင်းအကျိုးငှါ။
ပစ္စက္ခကိရိယာယ၊ မျက်မှောက်ပြုခြင်းငှါ။
န သံဝတ္တတိ၊
န သမ္ဗောဓာယာတိ၊ ကား။
ဝဋ္ဋသမ္ဗုဇ္ဈနတ္ထာယ၊ ဝဋ်ကိုကောင်းစွာ သိခြင်းအကျိုးငှါ။
န သံဝတ္တတိ၊ ။
န နိဗ္ဗာနာယာတိ၊ ကာ။
အမတ မဟာနိဗ္ဗာနဿ၊ မြတ်သော အမြိုက်နိဗ္ဗာန်ကို။
ပစ္စက္ခကိရိယာယ၊ မျက်မှောက်ပြုခြင်းငှါ။
န သံဝတ္တတိ၊ ။အာဒိ ဗြဟ္မစရိယကံ။ ။ ဗြဟ္မစရိယကဿ- သိက္ခာ ၃ ရပ်ဖြင့် သိမ်းကျုံးအပ်သော မြတ်သောအကျင့်၏+ အာဒိ-အစတည်း၊ အာဒိဗြဟ္မစရိယံ- စ၊ ထို့နောက် သွတ္ထ၌ က ပစ္စည်းသက်၍ "အာဒိဗြဟ္မစရိယကံ" ဟု ဖြစ်သည်၊ ဥပမာ- ဝိနယောနောက် သွတ္ထ၌ ဏိကပစ္စည်းသက်၍ ဝေနယိကော ဖြစ်သကဲ့သို့တည်း။
နိဗ္ဗိဒါယ စသည်။ ။ မိစ္ဆာအယူသည် သူ့ကိုယ်တိုင်ပင် ဝဋ်သုံးပါး၌ ကိလေသဝဋ်အဖြစ်ဖြင့် ပါဝင်နေ၏၊ သူစွဲလမ်းအပ်သော အာရုံတို့ကလည်း ဝဋ်တရားဖြစ်သောကြောင့် ဝဋ်နှင်စပ်နေ၏၊ ထို့ကြောင့် သံသရာဝဋ်၌ ငြီးငွေ့ဖို့, သံသရာကို စက်ဆုပ်ဖို့, သံသရာဝဋ်၏ ချုပ်ဖို့, ဝဋ်ဒုက္ခ၏ ငြိမ်းအေးဖို့ရာ မဖြစ်နိုင်၊ ထို့အတူ အဘိညာသမ္ဗောဓ နိဗ္ဗာန အကျိုးငှါ လည်း မဖြစ်နိုင်။
အဘိညာ သမ္ဗောဓ။ ။ "အနိစ္စ ဒုက္ခ အနတ္ထ" ဟု ထူးသော ဉာဏ်ဖြင့် သိတတ်သော ဝိပဿနာပညာကို အဘိညာဟု ခေါ်၏၊ ထို့ပညာဖြင့် ဝဋ်ဒုက္ခကို မျက်မှောက်ပြုနိင်သောကြောင့် ပစ္စက္ခကိရိယာယဟု ဖွင့်သည်၊ ဝဋ်တရားကို ပိုင်းခြား၍ သိတတ်သော ပရိညာဘိသမယ၏ အစွမ်းဖြင့် ထိုးထွင်းသိတတ်သော မဂ်ပညာကို အဘိသမ္ဗောဓဟု ခေါ်သည်။ [အဘိညာယာတိ အနိစ္စာဒိဝသေန လက္ခဏတ္တယံ အာရောပေတွာ အဘိဇာနနတ္ထယ၊ သမ္ဗောဓာယာတိ စတုန္နံ သစ္စာနံ ဗုဇ္ဈနတ္ထာယ၊ (ဤ၌ "ဝဋ္ဋဿ ဗုဇ္ဈနတ္ထာယ" ဟု နည်းမှီပါ၊ - ဧကင်္ဂုတ္တရ, ဧကဓမ္မဝဂ်, အဋ္ဌကထာ၊ ) [ဤ ဋီကာတို့၌ ဝါဒကွဲသောကြောင့် အဋ္ဌကထာကို ထုတ်ပြသည်။]

ဣဒံ ဒုက္ခန္တိ အာဒီသု၊ အစရှိသော ပါဠိရပ်တို့၌။
(အတ္ထော ဧဝံ ဝေဒိတဗ္ဗော)၊
တဏှံ၊ ကို။
ထပေတွာ၊ ထား၍။
တေဘူမကာ၊ ဘုံသုံးပါး၌ ဖြစ်ကုန်သော။
ပဉ္စက္ခန္ဓာ၊ ငါးပါးသော ခန္ဓာတို့သည်။
ဒုက္ခံ၊ ဒုက္ခ သစ္စာတည်း။
ဣတိ၊ သို့။
(မယာ၊ သည်။
ဗျာကတံ၊ ဖြေဆိုတော်မူအပ်ပြီ)။
တဿေဝ ဒုက္ခဿ၊ ထို ဒုက္ခကိုပင်။
ပဘာဝနတော၊ ဖြစ်စေတတ်သည်၏ အဖြစ်ကြောင့်။
သပ္ပစ္စယာ၊ အဝိဇ္ဇာအစရှိသော အကြောင်းနှင့်တကွဖြစ်သော။
တဏှာ၊ တဏှာသည်။
ဒုက္ခသမုဒယော၊ ကြွင်းသော အကြောင်းနှင့်ပေါင်းမိလသော် ဒုက္ခ၏ ဖြစ်ကြောင်း သမုဒယသစ္စာတည်း။
ဣတိ (မယာ ဗျာကတံ၊ အပ်ပြီ)။
ဥဘိန္နံ၊ ဒုက္ခ, သမုဒယ ၂ ပါးတို့၏။
အပ္ပဝတ္တိ၊ မဖြစ်ရာရာ (မဖြစ်ကြောင်း) နိဗ္ဗာန်သည်။
ဒုက္ခနိရောဓော၊ ဒုက္ခ၏ ချုပ်ရာ နိရောဓသစ္စာတည်း။
ဣတိ (မယာ ဗျာတကံ)၊ ။
အရိယော၊ မြတ်သော။
အဋ္ဌင်္ဂိကော၊ ရှစ်ပါးသော အင်္ဂါရှိသော။
မဂ္ဂေါ၊ မဂ်သည်။
ဒုက္ခနိရောဓဂါမိနီ၊ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ အာရုံပြုသော အားဖြင့်ရောက်တတ်သော။
ပဋိပဒါ၊ အကျင့်တည်း။
ဣတိ၊ သို့။
မယာ၊ သည်။
ဗျာကတံ၊ အပ်ပြီ။
ဣတိ အတ္ထော၊ ။တဏှံ ထပေတွာ။ ။ "ဒုက္ခံ တေဘူမကံ ဝဋ္ဋံ" နှင့် လည်းကောင်း, "သဗ္ဗေ သင်္ခါရာ ဒုက္ခာ"နှင့်လည်းကောင်းအညီ တဏှာလည်း တေဘူမကဝဋ်၌ ဖြစ်သောကြောင့်လည်းကောင်း, သင်္ခါရဖြစ်သောကြောင့် လည်းကောင်း ဒုက္ခတွင် ပါဝင်၏၊ သို့သော် သမုဒယအဖြစ်ဖြင့် သီးခြားယူထားသောကြောင့် တဏှာကို ဒုက္ခသစ္စာ၌ မသွင်းဘဲ ချန်ထားရသည်။ [ကာမံ တဏှာပိ ဒုက္ခသဘာဝါ၊ တဿာ ပန သမုဒယဘာဝေနဝိသုံ ဂဟိတတ္တာ "တဏှံ ထပေတွား" တိ ဝုတ္တံ၊- ဋီကာ။]
ပဘာဝနတော။ ။ "ဥပ္ပါဒနတော" ဟု ဋီကာဖွင့်၏၊ ပဘာဝီယတေ- ဖြစ်စေခြင်း ၊ပဘာဝနံ- ခြင်း၊ (တစ်နည်း) ပဘာဝေတီတိ ပဘာဝနံ၊ ဘာဝပ္ပဓာန ကြံ၍ "ဖြစ်စေတတ်သည်၏ အဖြစ်" ဟုမှတ်ပါ။
သပ္ပစ္စယာ။ ။ တဏှာသည် ဒုက္ခကို ဖြစ်စေရာ၌ တဏှာချည်းသက်သက် ဖြစ်စေသည်မဟုတ်, အဝိဇ္ဇာစသော အခြားအကျောင်းများ၏ အကူအညီရမှ ဒုက္ခကို ဖြစ်စေနိုင်သည်၊ ထို့ကြောင့် "သမ္မစ္စယာ" ဟု ဝိသေသနပြုသည်၊မှန်၏- တဏှာသည် ဇာတိ ဒုက္ခစသည်ကို ဖြစ်စေရာ၌ အဝိဇ္ဇာ၏ ဘဝအပြစ်ကို ဖုံးလွှမ်းခြင်း, သင်္ခါရဟူသော စေတနာကံ၏ ပဋိသန္ဓေကို ဖြစ်စေခြင်းစသော အကူအညီရမှ ဇာတိဒုက္ခကို ဖြစ်စေနိုင်သည်၊ ဤသိ့ အခြားအကြောင်းတို့က ဝိုင်းဝန်းကူညီကြရသော်လည်း တဏှာသည် အရင်းခံဖြစ်သောကြောင့် တဏှကိုသာ "ဒုက္ခသမုဒယ" ဟု နာမည်တပ်ရသည်။
သမုဒယ။ ။ [သံ+ ဥဒယ။] သံသည် ပေါင်းဆုံခြင်းအနက်ကို ဟော၏၊ ဥဒယသဒ္ဒါကား "ဖြစ်ကြောင်း" ဟူသော အနက်ကို ဟော၏၊ သမာဂမေ- အဝိဇ္ဇာစသော အခြားအကြောင်းတို့နှင့် ပေါင်းဆုံခြင်းသည်၊ သတိ - ရှိလသော်၊ ဒုက္ခံ- သည်၊ ဥဒေတိ ဧတသ္မာတိ သမုဒယော- ဒုက္ခ၏ ဖြစ်ခဲ့ရာအကြောင်း၊ [ဒုက္ခံ ပဘာဝေန္တီ ပိ- ဒုက္ခကို ဖြစ်စေပါသော်လည်း၊ တဏှာ- သည်၊ အဝိဇ္ဇာဒိပစ္စယန္တ ရသဟိတာ ဧဝ (အဝိဇ္ဇာအစရှိသော အခြားအကြောင်းတို့နှင့် တကွဖြစ်မှသာ) ပဘာဝေတိ၊ န ကေဝလာ- သူချည်းသက်သက် မဖြစ်စေနိုင်၊ ဣတိ အာဟ- သပ္ပစ္စယာတိ၊ ဋီကာ။]

စ ပန၊ ထပ်၍ ဆက်။
ဧဝံ၊ သို့။
ဝတွာ၊ မိန့်တော်မူပြီး၍။
ဘဂဝါ၊ သည်။
ဣမဿ ပရိဗ္ဗဇကဿ၊ ၏။
မဂ္ဂပါတုဘာဝေါဝါ၊ မဂ်၏၊ ထင်ရှားဖြစ်ခြင်းသည်လည်းကောင်း။
ဖလသစ္ဆိကိရိယာဝါ၊ ဖိုလ်ကို မျက်မှောက်ပြုခြင်းသည်လည်းကောင်း။
နတ္ထိ၊
မယှံစ၊ ၏ လည်း။
ဘိက္ခာစာရဝေလာ၊ ဆွမ်းအလို့ငှါ လှည့်လည်ရာအချန်သည်။
(ဟောတိ)၊
ဣတိ၊ သို့။
စိန္တေ တွာ၊ ကြံတော်မူ၍။
တုဏှီ, အဟောသိ၊ ဖြစ်ပေါ်မူပြီ။
ပရိဗ္ဗာဇကောပိ၊ သည်လည်း။
တံ အာကာရံ၊ ထို ဆိတ်ဆိတ်နေပုံအခြင်းအရာကို။
ဉတွာ၊ ၍။
ဘဂဝတော၊ အား။
ဝါ၊ ၏။
ဂမနကာလံ၊ ပြန်ကြွတော်မူချိန်ကို။
အာရောစေန္တောဝိယ၊ လျှောက်သကဲ့သို့။
ဧဝမေတန္တိ အာဒိံ၊ အစရှိသောစကားကို။
အာဟ၊ လျှောက်ပြီ။အပ္ပဝတ္တိ။ ။ "အပ္ပဝတ္တိနိမိတ္တံ- ဒုက္ခ၏ မဖြစ်ခြင်း၏အကြောင်း" ဟု ဋီကာဖွင့်၏၊ န+ ပဝတ္တန္တိ ဧတသ္မိံ အဓိဂတေ ဒုက္ခသမုဒယာတိ အပ္ပဝတ္တိ- ဤတရားကို ရပ်အပ်သော် (ရခြင်းကြောင့်) ဒုက္ခ, သမုဒယတို့ မဖြစ်ကြတော့၊ ထို့ကြောင့် နိဗ္ဗာန်သည် ဒုက္ခ- သမုဒယတို့၏ မဖြစ်ကြောင်းတည်း။
ဒုက္ခ၊ပေ၊ ပဋိပဒါ။ ။ ဒုက္ခနိရောဓံ နိဗ္ဗာနံ ဂစ္ဆတိ၊ တဒတ္ထဉ္စ သာ ပဋိပဇ္ဇိတဗ္ဗာတိ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ၊- ဋီကာသစ်၊ ဤအလို "ဒုက္ခနိရောဓံ+ ဂစ္ဆတီတိ ဒုက္ခနိရောဓဂါမိနီ၊ ပဋိပဇ္ဇိတဗ္ဗာ- ကျင့်ထိုက်၏၊ ဣတိ ပဋိပဒါ ဟု ပြု၍ ထို့နောက် ကမ္မဓာရဲတွဲပါ။
မှတ်ချက်။ ။ "ဂါမီနီ- ရောက်ကြောင်း" ဟုပေးလေ့ရှိသော်လည်း ဤ၌ ကတ္တုသာဓ်ပြု၏၊ "အာရုံပြုသော အားဖြင့် ရောက်တတ်သော" ဟု ဆိုလိုသည်၊ ဤနေရာ၌ ဒုက္ခနိရောဓဂါမိနီနှင့် ပဋိပဒါကို သမာသ်ပုဒ် တစ်ပုဒ်သာဟု ဖွင့်သော်လည်း ပါဠိတော်များ၌ "ဒုက္ခနိရောဓဂါမိံနိ+ ပဋိပဒံ" စသည်ဖြင့် ၂ ပုဒ် ကွဲလျက်ရှိသည်။
တံ အာကာရံ။ ။ တံ အာကာရန္တိ တံ တုဏှီဘာဝသင်္ခါတံ ဂမနလိင်္ဂံ- ဆိတ်ဆိတ်နေတော်မူခြင်းသည် ဆက်၍ ဟောတော်မမူလိုဘဲ ပြန်ကြွတော်မူလိုခြင်း၏ အထိမ်းအမှတ်အခြင်းအရာဖြစ်၏၊ ထိုအခြင်းအရာကို သိ၍- ဟူလို။
အာရောစေန္တောဝိယ။ ။ ဝိယဟု ဆိုသောကြောင့် "ပြန်ကြွနိုင်ပါပြီ" စသော စကားဖြင့် တိုက်ရိုက်မလျှောက်ဘဲ သွယ်ဝိုက်၍ လျှောက်သည်- ဟု ဆိုလိုသည်၊ ထိုသွယ်ဝိုက်၍ လျှောက်သော စကားကား "ဧဝမေတံ" စသော စကားသာမက, "ယဿဒါနိ ဘဂဝါ ကာလံမညတိ" တိုင်အောင်တည်း၊ မှန်၏- ဤစကားသည် ဧည့်သည်တို့ ပြန်ခါနီးတယ် အိမ့်ရှင်တို့က ပြောလေ့ရှိသော စကားဖြစ်သည်။

ဝါစာယ သန္နိတောဒကေနာတိ၊ ကာ။
ဝစနပတောဒေန၊ စကားတည်းဟူသော သံချွန်တပ်အပ်သော နှင်တံဖြင့်။
("သဇ္ဈဗ္ဘရိံ အကံသု" ဟု ပါဠိတော်၌စပ်)။
သဇ္ဈဗ္ဘရိမကံသူတိ၊ ကား။
သဇ္ဈဗ္ဘရိတံ၊ ထက်ဝန်းကျင် လွန်စွာ ပြည့်သည်ကို။
နိရန္တရံ၊ အကြားမရှိအောင်။
ဖုဋံ၊ ဖြန့်အပ်သည်ကို။
အကံသု၊ ပြုကြကုန်ပြီ။
ဥပရိ၊ ၌။
ဝိဇ္ဈိံသု၊ ထိုးကြကုန်ပြီ။
ဣတိ ဝုတ္တ ဟောတိ၊
ဘူတန္တိ၊ ကား။
သဘာဝတော၊ သဘောအားဖြင့်။
(အစစ်အမှန်အားဖြင့်)။
ဝိဇ္ဇမာနံ၊ ထင်ရှားရှိသော။
("ပဋိပဒံ ပညပေတိ" ဟု ပါဠိတော်၌စပ်)။
တစ္ဆံ တထန္တိ၊ ဟူသော ပုဒ် ၂ ပါးအပေါင်းသည်။
တဿေဝ၊ ထိုဘူတံဟူသော ပုဒ်၏သာ။
ဝေဝစနံ၊ တည်း။
ဓမ္မဋ္ဌိတတန္တိ၊ ကား။
နဝလောကုတ္တရာဓမ္မေသု၊ တို့၌။
ဌိတသဘာဝံ၊ တည်တန့်သည်၏ အဖြစ်ဟူသော သဘောကို။
("ပညပေတိ" ၌စပ်)။
ဓမ္မနိယာမတန္တိ၊ ကား။
လောကုတ္တရဓမ္မနိယာမနိယတံ၊ လောကုတ္တရာတရားသို့ ရောက်စေနိုင်သော နိယာမအားဖြင့် မြဲသော သဘောကို။
("ပညပေတိ" ၌စပ်)။
ဟိ၊ မှန်။
(တစ်နည်း) ဟိ (ယသ္မာ)၊ ကြောင့်။
ဗုဒ္ဓါနံ၊ တို့၏။
စတုသစ္စဝိနိမုတ္တာ၊ သစ္စာ ၄ ပါးမှ လွတ်သော။
ကထာနာမ၊ ကထာမည်သည်။
နတ္ထိ၊ မရှိ။
တသ္မာ၊ ကြောင့်။
သာ၊ ထို အကျင့်သည်။
ဧဒိသာ၊ ဤကဲ့သို့ ရှုအပ်သည်။
ဟောတိ၊ ဝါစာယ သန္နိတောဒကေန။ ။ "ဝါစာယာတိစ ပစ္စတ္တေ( ပစ္စတ္တတ္တေ) ကရဏ ဝစနန္တိ အာဟ ဝစနပတောဒေိနာတိ" ဟု ဋီကာဖွင့်၏။ဝါစာယ တတိယဝိဘတ်ဖြစ်သော်လည်း ပဌမာဝိဘတ်၏ လိင်္ဂတ္တကို ထွန်းပြသောကြောင့် ဝိဘတ်အနက် အသံမပါဘဲ "စကား" ဟုသာ အနက်ပေးရ၏၊ ထို့ကြောင့် ဝိဘတ်အနက်မပါဘဲ"ဝစန" ဟု အဋ္ဌကထာဖွင့်သည်၊ "သန္နိတော ဒက" ၌လည်း "သမန္တတော နဂ္ဂဏှဝသေန တောဒနံ ဝိဇ္ဈနံ သန္နိတောဒကံ" ဟု ဖွင့်၏၊ သံကို သမန္တတောအနက်, နိကို နဂ္ဂဏှနအနက်, တောဒကကို "တောဒနံ ဝိဇ္ဈနံ" ဟု ဖွင့်ခြင်းတည်း။
အခြားဋီကာများ။ ။ အင်္ဂုတ္တရ-တိကနိပါတ်- မဟာဝဂ်, သရဘသုတ်ဋီကာ၌ ဤဋီကာနည်းအပြင် "သမ္မာဝါ နိတုဒန္တိ ပီဠေန္တိ ဧတေနာတိ သန္တိတောဒကံ" ဟု ကရဏသာဓ်အပိုပါသေး၏၊ "ကောင်းစွာနှိပ်၍ ထိုးကြောင်း နှိပ်စက်ကြောင်း, နှင်တံ" ဟူလို၊ "နှင်တံ" ဟု ဆိုသော်လည်း ထိုးဖို့ရန် အဖျား၌ သံချွန်တပ်အပ်သာ နှင့်တံတည်း။
သမာသ်ပုဒ်။ ။ နိုဒါနသံယုတ်-ဘိက္ခုဝဂ်- ဝိဿသုတ်ဋီကာ၌လည်း ဤပုဒ်အတွက် မထူးလှ၊ ဝါစာယနှင့် တွဲရာ၌ကား "ဝစနသင်္ခါတေန သမန္တတော နိစံကတွာ (နှပ်အပ်သည်ကို ပြု၍- အောက်သို့စိုက်၍) ဥပတုဒနတော (ကပ်၍ ထိုးကြောင်း၏ အဖြစ်ကြောင့်) သန္နိဒတုဒကေန၊ ဝိဘတ္တိ အလောပေန သော နိဒ္ဒိဋ္ဌော " ဟု ဖွင့်၏၊ ဤအလို "ဝါစာယ သန္နိတောဒကေန" ကို အလုတ္တကမ္မဓာရဲ သမာသ်ဟု ယူရလိမ့်မည်၊ ဤသိ့ သမာသ်ပုဒ်ဟု ယူမှလည်း "ဝစနပတော ဒေန" ဟု တစ်သမာသ်တည်းဖွင့်သော အဋ္ဌကထာနှင့် ညီပေသည်။
အနက်ပေး။ ။ သီလက္ခန်ဋီကာ အင်္ဂုတ္တရဋီကာတို့အလိုမူ သမာသ်မဟုတ် ဝါကျသာတည်း၊ သိ့သော်ပါဠိတော်ကို အနက်ပေးရာ၌မူ တစ်ပေါင်းတည်း အနက်ပေးရသောကြော့် အနက်ချင်းကား မထူးပါ၊ "ဝါစာယ သန္နိတောဒကေန- ထက်ဝန်းကျင် နှိပ်၍ ထိုးကြိတ်ကြောင်း စကားနှင်တံဖြင့်၊ ဝါ- ကောင်းစွာ နှိပ်၍ ထိုးကြိတ်ကြောင်း စကားနှင်တံဖြင့်" ဟု ပေးပါ၊ [ဋီကာသစ် ၌ကား အမျိုးမျိုးဖွင့်ထား၏။]
သဉ္စဗ္ဗရိံ။ ။ ဤပုဒ်သည် တိကင်္ဂုတ္တရ- မဟာဝဂ်, သရဘသုတ်၌လည်းကောင်း, နိဒါနဝဂ္ဂ- ဘိက္ခုသံယုတ်, တဿသုတ်၌လည်း ပါ၏၊ "သဉ္ဇဗ္ဘရိံ" ဟုလည်းကောင်း, "သဉ္ဇျဗ္ဘရိံ" ဟူ၍လည်းကောင်း "သဇ္ဈဗ္ဘရိံ" ဟုလည်းကောင်း ပါဌ်အမျိုးမျိုး ရှိ၏၊ "ဘရိံ" ကို ဘရိတံဟုလည်းကောင်း, "ဘရိတံ" ကို "နိရန္တရံ ဖုဋံ" ဟုလည်းကောင်း ဖွင့်ပုံတူကြ၏၊ ဘရဓာတ်+ဣပစ္စည်းဖြင့် ဘရိံကို တပစ္စည်းဖြင့် "ဘရိတံ" ဟု ဖွင့်ခြင်းတည်း၊ "အကံသု" ဟု ကံပုဒ်သည် ပရိဗ္ဗာဇကံတည်း၊ ဘရိံ (ဘရိတံ)လည်း အကံသု၏ ကံပင်တည်း၊ ထို့ကြောင့် "သုဝဏ္ဏံ ကဋကံ ကရောတိ" ၌ ကဲ့သို့ သာမညဝိသေသကံဟု ခွဲပါ၊ "ပေါဋ္ဌပါဒပရိဗ္ဗိုဇ်ကို စကားတည်းဟူသော နှင်တံဖြင့် ထက်ဝန်းကျင် ပြည့်ကြည်ကို ပြုကြ- ထိုးကြသည်" ဟူလို။
နိရန္တရံ ဖုဋံ။ ။ "ဘရိ- ပြည့်" ဟူရာ၌ ရေအိုးဝယ် ရေပြည့်သကဲ့သို့ အတွင်း၌ ပြည့်နေသည်" ဟု ယူမည်စိုး၍ "နိရန္တရံ ဖုဋံ" ဟု အဓိပ္ပါယ်ဖွင့်သည်၊ အတွင်း၌ ပြည့်သည်မဟုတ်, အကြားမရှိအောင် အထက်နှင့် ပတ်ပတ်လည်၌ ပြည့်သည်- ဟူလို၊ "ဖုဋံ" ကို "ပြန့်နှံ့" ဟု ပေးလျှင် "ဝစနပတောဒ" ရ၏၊ ဤ၌ ပရိဗ္ဗိုဇ်ရအောင် "ဖုဋံ- ဖြန့်အပ်" ဟု ကံဟောကြံပါ၊ ဆိုလိုရင်းမှာ- "တစ်ရာလောက်သော လှံတို့ဖြင့် ဆရာကြီးကိုယ်၏ တစ်ကိုယ်လုံ၌ ထက်ဝန်းကျင်ထိုးသကဲ့သို့ ပေါဋ္ဌပါဒပရိဗ္ဗိုဇ် ဆရာကြီးကို သုံးထောင်မျှသော တပည့်ပရိဗ္ဗိုဇ်တို့က စကားလှံတို့ဖြင့် ထက်ဝန်းကျင်ထိုးကြသည်" ဟူလို။ [အကံသူတိ သတမတ္တေဟိ တုတ္တကေဟိ ဝိယတိံသ သတမတ္တာ ပရိဗ္ဗဇကာ ဝါစာပတောဒနေဟိ တုဒိံသု၊- ဋီကာ။]
မှတ်ချက်။ ။ သဇ္ဈဗ္ဘရိံ၌ သံ- ကို သမန္တတောဟု ဋီကာတို့ ဖွင့်ကြ၏၊ ထို သမန္တတော အရ "ပရိဗ္ဗိုဇ်ဆရာကြီးကိုယ်၏ ထက်ဝန်းကျင်" ဟု မှတ်ပါ၊ "သမန္တတော ဝါစာသန္နိတောဒကေန" ဟု ပါဠိတော်၌ ပါသော သမန္တတောအရကား ဆရာကြီး၏ ဘေးပတ်ဝန်းကျင်အရပ်တည်း, သုံးထောင်မျှသော ပရိဗ္ဗိုဇ်တို့သည် ဆရာကြီး၏ ဘေးပတ်ဝန်းကျင်၌ဝိုင်း၍ နှုတ်နှင်တံတို့ဖြင့် ဆရာကြီးကိုယ်တိုင်၏ ဝန်းကျင်၌ ထိုးကြသည်- ဟူလို။
သဉ္ဇ, သဉ္ဇျ, သဇ္ဈ။ ။ ဋီကာ၌ "သမန္တတော ဘုသံ" ဟု ဖွင့်သောကြောင့် "သဉ္ဇ" ပါဌ်သည် ကောင်းမည်မထင်၊ "သဉ္ဇျ- သဇ္ဈ" ပါဌ်တို့၌ "သံ+အဓိ" ဟု ပုဒ်ဖြတ်၍ သံကို သမန္တတော, အဓိကို" ဘုသံ" ဖွင့်သည်ဟု ကြံပါ၊ သံ၌ နိဂ္ဂဟိတ်ကို ဥပြု၊ အဓိမှ အ ကိုချေ၊ ဓိ၏ ဣကို ယ, ဓျကို ဈပြု၍ သဉ္ဇျဟု လည်းကောင်း, အဓိကိ အဇ္ဈပြု၍ နိဂ္ဂဟိတ်ချေပြီးလျှင် "သဇ္ဈ" ဟု လည်းကောင်း ပြီးနိုင်၏၊ နောက် ဘ၌ ဗဒွေတော်လာ၊ သို့သော် သဒ္ဒါကျမ်းတို့၌ အဓိကို အဇ္ဈပြုရာဝယ် ဂါထာအရာမဟုတ်လျှင် နောက်၌ သရ ရှိရ၏၊ ဤ၌ သရမရှိ၊ ဘရိတံ၌ ဘရဓာတ်လည်း ဒွေဘော်လိုသော ဓာတ်မဟုတ်၊ ထို့ကြောင့် ဤပါဌ် ၂ မျိုးထက် သဒ္ဒယုတ္တိရှိသောပါဌ်ကို ရှာသင့်ပါသည်။
ဓမ္မဋ္ဌိတတံ။ ။ ဓမ္မကို "နဝလောကုတ္တရ ဓမ္မေသု" ဟု ဖွင့်၍ ဌိတတကံကို ဌိတသဘာဝဟု ဖွင့်၏၊ ဌိတာယ- လောကုတ္တရာတရား ၉ ပါးတို့၌ တည်တံ့သော ပဋိပါဒါ၏+ဘာဝေါ- ဖြစ်ကြောင်းဖြစ်ရာ (တည်တံ့သော သဘောတည်း) ဓမ္မဋ္ဌိတတာ- သဘော" ဟု ပြုပါ၊ "ထို လောကုတ္တရာကို ရစေနိုင်သောအကျင့်" ဟူလို၊ ပညပေတိ၏ ကံဖြစ်သောကြောင့် ဓမ္မဋ္ဌိတတံ ဟု ရှိသည်။
ဓမ္မနိယာမတံ။ ။ "လောကုတ္တရဓမ္မ သမ္ပာပနနိယာမေန နိယတံ- လောကုတ္တရာတရားသို့ ရောက်စေနိုင်သော နိယာမအားဖြင့် မြဲသော ပဋိပဒါကို "ဟု ဋီကာဖွင့်၏၊ ဓမ္မေသု- တို့၌+ နိယာမော- (ရောက်စေဖို့ရန်) မြဲသော ပဋိပဒါတည်း၊ ဓမ္မနိယာမော-ဒါ၊ ဓမ္မနိယမဿ- လောကုတ္တရာတရားတို့၌ (ရောက်စေဖို့ရန်) မြဲသော ပဋိပဒါ၏+ဘာဝေါ ဓမ္မနိယာမတာ၊ ထိုဓမ္မနိယာမ၏ ဖြစ်ကြောင်း ဖြစ်ရာဟူသည် ကျင့်သူတို့ကို လောကုတ္တရာကို ရဖို့ရန် ထို ပဋိပဒါ၏ မြဲသော သဘောတည်း။