ဧဝံ ဝိတက္ကေထာတိ၊ ကား။
နေက္ခမ္မဝိတက္ကာဒယော၊ နေက္ခမ္မဝိတက်အစရှိကုန်သော။
ဧဝံ၊ ဤသို့ အပြားရှိသော အကြံတို့ကို။
ပဝတ္တေန္တော၊ ဖြစ်စေကြကုန်သည်။
(ဟုတွာ)၊
ဝိတက္ကေထ၊ ကြံစည်ကြကုန်လော။
မာ ဧဝံ ဝိတက္ကယိတ္ထာတိ၊ ကား။
ကာမဝိတက္ကာဒယော၊ ကာမဝိတက်အစရှိကုန်သော။
ဧဝံ၊ ဤသို့ အပြားရှိသော အကြံတို့ကို။
ပဝတ္တေန္တာ (ဟုတွာ)၊
မာ ဝိတက္ကယိတ္ထ၊ မကြံစည်ကြကုန်လင့်။
ဧဝံ မနသိကရောထာတိ၊ ကား။
ဧဝံ၊ သို့။
အနိစ္စသညမေဝ၊ အနိစ္စသညာကိုသာ။
ဝါ၊ နည်း။
ဒုက္ခသညာဒီသု၊ ဒုက္ခသညာ အစရှိသည်တို့တွင်။
အညတရံ (ဧဝ)၊ တစ်ပါးပါးသေ သညာကိုသာ။
မနသိ၊ စိတ်၌။
ကရောထ၊ ပြုကြကုန်လော။
(တစ်နည်း) မနသိကရောထ၊ နှလုံးသွင်းကြကုန်လော။
မာ ဧဝန္တိ၊ ကား။
နိစ္စန္တိ အာဒိနာ၊ နိစ္စံအစရှိသော။
နယေန၊ ဖြင့်။
မနသိ၊ ၌။
မာ ကရိတ္ထ၊ န်လင့်။
ဣဒန္တိ၊ ကား။
ဣမံ ပဉ္စကာမဂုဏီကရာဂံ၊ ဤ ကာမဂုဏ်ငါးပါး၌ ဖြစ်သော ရာဂကို။
ပဇဟထ၊ ပယ်စွန့်ကြကုန်လော။
ဣဒံ ဥပသမ္ပဇ္ဇာတိ၊ ကား။
စတုမဂ္ဂဖလပ္ပဘေဒံ၊ ၄ ပါးသော မဂ်ဖိုလ်အပြားရှိသော။
ဣမံ လောကုတ္တရဓမ္မမေဝ၊ သို့သာ။
ဝါ၊ ကိုသာ။
ဥပသမ္ပဇ္ဇ၊ ရောက်၍။
ဝါ၊ ပြီးစေ၍။
ပါပုဏိတွာ၊ ရောက်၍။
နိပ္ဖါဒေတွာ၊ ပြီးစေ၍။
ဝိဟရတိ၊ နေကြကုန်လော။
[ဥပသမ္ပဇ္ဇကို "ပါပုဏိတွာ နိပ္ဖါဒေတွာ" ဟု ၂ နက် ဖွင့်သည်။]ဧဝံ ဝိတက္ကေထ။ ။ ဧဝံတိ ဟိ ယထာနုသိဋ္ဌာယ အနုသာသနိယာ (အကြင် အကြင် သွန်သင်အပ်သော အနုသာသနီ၏) ဝိဓိဝသေန (ကောင်းရာ၌ "ဧဝံ ဝိတက္ကေထ" ဟု စီမံ တိုက်တွန်းခြင်း၏ အစွမ်းဖြင့်လည်းကောင်း) ပဋိသေဓဝသေနစ (မကောင်းရာ၌ "ဧဝံ မာ ဝိတက္ကေထ" ဟု တားမြစ်ခြင်း၏ အစွမ်းဖြင့်လည်းကောင်း) ပဝတ္တိတာကာရ ပရမသနံ (ဖြစ်ပုံ အခြားအရာကို သုံးသပ်ကြောင်း သဒ္ဒါ ဖြစ်သည်)၊- ဋီကာသစ်။ [ဧဝံ မနသိကရောထ စသည်၌လည်း ဤနည်းကို မှီးပါ။]
ပဉ္စကာမဂုဏိကရာဂံ။ ။ နိဒဿနနည်းအားဖြင့် ပဉ္စကာမဂုဏိကရာဂကိုသာ ပြထားသည်၊ အခြားသော ရာဂနှင့် ဒေါသစသည်တို့ကို ပယ်ဖို့ရန်လည်း တိုက်တွန်းသည်သာ၊ ထို့ပြင်- ကာမဂုဏိကရာဂကို ပယ်ခြင်းသည် အခြား ရာဂဒေါသ စသည်ကို ပယ်ခြင်း၏ အကြောင်းလည်း ဖြစ်၏၊ ထို့ကြောင့် အကြောင်းအရင်းဖြစ်သော ကာမဂုဏိကရာဂကိုသာ ပြထားသည်။
လောကုတ္တရဓမ္မမေဝ။ ။ "ဣဒံ ဥပသမ္ပဇ္ဇ" ၌ "လောကုတ္တရဓမ္မမေဝ" ဟု ဧဝဖြင့် ပြသောကြောင့် အခြားသော အနဝဇ္ဇတရားများကို ကန့်သည်ဟု ထင်စရာ ရှိ၏၊ သို့သော် ထို ဧဝဖြင့် သာဝဇ္ဇ (အကိုသိုလ်) တရားတို့ကို တားမြစ်ခြင်းသာ လိုရင်းပဓာန ဖြစ်၏ ဟု မှတ်ပါ၊ ဘာ့ကြောင့်နည်း- "လောကုတ္တရာမဂ်ဖိုလ်ကို ပြီးစေရမည်" ဟု ဆိုလျှင် ထို မဂ်ဖိုလ်ရခြင်း၏ အကြောင်းဖြစ်သော ဝိပဿနာနှင့်တကွ ဝိဝဋ္ဋနိဿိတကာမာဝစရ ကုသိုလ်ဟူသမျှကိုလည်းကောင်း, မဂ်ဖိုလ်၏ အာနိသင်ဖြစ်သော အကျိုးဟူသမျှကိုလည်းကောင်း နာနန္တရိကနည်းအားဖြင့်ယူနိုင်သောကြောင့်တည်း။

ဣတိ၊ ဤသို့လျှင်။
ဘဂဝါ၊ သည်။
ဣဒ္ဓိဝိဓံ၊ ဣဒ္ဓိဝိဓ အဘိညာဉ်ကို။
ဣဒ္ဓိပါဋိဟာရိယန္တိ၊ ဟူ၍။
ဒဿေတိ၊ ပြတော်မူ၏။
ပရဿ၊ သူတစ်ပါး၏။
စိတ္တံ၊ စိတ်ကို။
ဉတွာ၊ သိ၍။
ကထနံ၊ ပြောဆိုခြင်းကို။
(ဝါ၊ ညွှန်ပြခြင်းကို)။
အာဒေသနာ ပါဋိဟာရိယန္တိ၊ ဟူ၍။
(ဒဿေတိ)၊
သာဝကာနဉ္စ၊ သာဝကတို့၏ လည်းကောင်း။
ဗုဒ္ဓါနဉ္စ၊ ဘုရားရှင်တို့၏ လည်းကောင်း။
သတတံ၊ အမြဲမပြတ်။
ဓမ္မဒေသနံ၊ တရားဟောခြင်းကို။
အနုသာသနီပါဋိဟာရိယန္တိ၊ ဟူ၍။
(ဒဿေတိ)၊
[ဒဿေတိ၌ စပ်ရမည်ဖြစ်သောကြောင့် "ဓမ္မဒေသန" ဟု ရှိမှ သင့်မည်။]
တတ္ထ၊ ထို ၃ မျိုးသော ပါဋိဟာရိယတို့တွင်။
ဣဒ္ဓိပါဋိဟာရိယေန၊ ဣဒ္ဓိပါဋိဟာရိယနှင်တကွ။
အနုသာသနီပါဋိဟာရိယံ၊ သည်။
မဟာမောဂ္ဂလ္လာနဿ၊ မဟာမောဂ္ဂလ္လာန်ထေရ်၏။
အာစိဏ္ဏံ၊ လေ့ကျက်အပ်သောအကျင့်တည်း။
အာဒေသန ပါဋိဟာရိယေန၊ နှင့်တကွ။
အနုသာသနီပါဋိဟာရိယံ၊ သည်။
ဓမ္မသေနာပတိဿ၊ တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ၏။
(အာစိဏ္ဏံ၊ တည်း)။
ဟိ၊ ချဲ့။
ဒေဝဒတ္တေ၊ ဒေဝဒတ်သည်။
သံဃံ၊ သံဃာကို။
ဘိန္ဒိတွာ၊ ခွဲ၍။
ပဉ္စဘိက္ခုသတာနိ၊ ငါးရာသော ရဟန်းတို့ကို။
ဂဟေတွာ၊ ခေါ်၍။
ဂယာသီသေ၊ ဂယာသီသကျောက်ဖျာ၌။
ဗုဒ္ဓလီလာယ၊ ဘုရားရှင်၏ စမ္ပယ်တော်မူခြင်းဖြင့်။
တေသံ၊ ထို ငါးရာသော ရဟန်းတို့အား။
ဓမ္မံ၊ ကို။
ဒေသေန္တေ၊ ဟောလသော်။
ဘဂဝတာ၊ သည်။
ပေသိတေသု၊ စေလွှတ်အပ်ကုန်သော။
ဒွီသု၊ န်သော။
အဂ္ဂသာဝကေသု၊ တို့တွင်။
ဓမ္မသေနာပတိ၊ သည်။
တေသံ၊ ထိုငါးရာသော ရဟန်းတို့အား။
ဝါ၊ တို့၏။
စိတ္တစာရံ၊ စိတ်၏ ဖြစ်ပုံကို။
ဉတွာ၊ သိ၍။
ဓမ္မံ၊ ကို။
ဒေသေတိ၊ ဟောပြီ။
[စိတ္တစာရကို သိခြင်းသည် အာဒေသနာပါဋိဟာရိယ, တရားဟောခြင်းခြင်းကား အနုသာသနီပါဋိဟာရိယတည်း။]
ထေရဿ၊ အရှင်သာရိပုတ္တရာထေရ်၏။
ဓမ္မဒေသနံ၊ ကို။
သုတွာ၊ နာရ၍။
ပဉ္စသတာ၊ ငါးရာအတိုင်းအရှည် ရှိကုန်သော။
ဘိက္ခူ၊ တို့သည်။
သောတာပတ္တိဖလေ၊ သောတာပတ္တိဖိုလ်၌။
ပတိဋ္ဌတိံ သု၊ တည်ကြကုန်ပြီ။
အထ၊ သောတာပန်တည်ရာ ထိုအခါ၌။
နေသံ၊ ထိုငါးရာသော ရဟန်းတို့အား။
မဟာမောဂ္ဂလ္လာနော၊ သည်။
ဝိကုဗ္ဗနံ၊ အထူးထူး အပြားပြားပြုအပ်သော တန်ခိုးပြာဋိဟာကို။
ဒဿေတွာ ဒဿေတွာ၊ ပြ၍ ပြ၍။
ဓမ္မံ၊ ကို။
ဒေသေသိ၊ ပြီ။
တံ၊ ထို တရားတော်ကို။
သုတွာ၊ ၍။
သဗ္ဗေ၊ အလုံးစုံသော ရဟန်းတို့သည်။
အရဟတ္ထဖလေ၊ အရဟတ္တဖိုလ်၌။
ပတိဋ္ဌတိံ သု၊ ကုန်ပြီ။
အထ၊ ရဟန္တာဖြစ်ရာ ထိုအခါ၌။
ဒွေပိ၊ ၂ ပါးလည်းဖြစ်ကုန်သော။
မဟာနာဂါ၊ ရဟန္တာကြီးတို့သည်။
ပဉ္စဘိက္ခုသတာနိ၊ တို့ကို။
ဂဟေတွာ၊ ခေါ်ယူ၍။
ဝေဟာသံ၊ ကောင်းကင်သို့။
အဗ္ဘုဂ္ဂန္တွာ၊ ပျံတက်၍။
ဝေဠုဝနမေဝ၊ ဝေဠုဝန်ကျောင်းတိုက်သို့သာ။
အာဂမံသု၊ ပြန်လာကြကုန်ပြီ။
အရဟတ္တဖလေ။ ။ ဤ၌ "အရဟတ္တဖိုလ်တည်ကြသည်" ဟု ဆိုသော်လည်း ဝိနည်းစူဠဝဂ္ဂ, သံဃဘေဒကန္ဓက၌ကား အဂ္ဂသာဝက ၂ ပါးလုံး၏ ပါဋိဟာရိယ ၂ မျိုးနှင်တကွ အနုသာနီပါဋိဟာရိယကြောင့် "ဓမ္မစက္ခု (သောတာပတ္တိမဂ်ဉာဏ်) ကို ရကြ၏" ဟု ဆိုသည်၊ ထို၌ ခန္ဓကဘာဏက အလိုအားဖြင့် ဆို၍, ဤ၌ ဒီဃနိကာယဘာဏက အလိုအားဖြင့် အဋ္ဌကထာ၌ ဆိုရသည်ဟု မှတ်ပါ။
ပန၊ ကား။
အနုသာသနီပါဋိဟာရိယံ၊ သည်။
ဗုဒ္ဓါနံ၊ တို့၏။
သတတံ၊ အမြဲမပြတ်။
ဓမ္မဒေသနာ၊ တရားဒေသနာတော်တည်း။
[ထို အနုသာသနီပါဋိဟာရိယကဘုရားရှင်တို့၌ သာ၍များသောကြောင့် အတိသိယနည်းအားဖြင့် ဆိုသည်။]
တေသု၊ ထို ၃ မျိုးသော ပါဋိဟာရိယတို့တွင်။
ဣဒ္ဓိပါဋိဟာရိယ အာဒေသနာပါဋိဟာရိယာနိ၊ တို့သည်။
သဥပါရမ္ဘာနိ၊ ကပ်၍ နှိပ်စက်ကြောင်း အပြစ်နှင့် တကွဖြစ်ကုန်သည်။
သဒေါသာနိ၊ အပြစ်နှင့် တကွဖြစ်ကုန်သည်။
(ဟုတွာ)၊
အဒ္ဓါနံ၊ အဓွန့်ပတ်လုံး။
ဝါ၊ ရှည်စွာသော ကာလပတ်လုံး။
န တိဋ္ဌန္တိ၊ မတည်နိုင်ကုန်။
အဒ္ဓါနံ၊ အစွန့်ပတ်လုံး။
ဝါ၊ ပတ်လုံး။
အတိဋ္ဌနတော၊ မတည်နိုင်ခြင်းကြောင့်။
န နိယျန္တိ၊ ဝဋ်ဆင်းရဲမှ မထွက်မြောက်ကုန်။
အနုသာသနီပါဋိဟာရိယံ၊ သည်။
အနုပါရမ္ဘံ၊ ကပ်၍ နှိပ်စက်ကြောင်း အပြစ်မရှိသည်။
နိဒ္ဓေါသံ၊ အပြစ်မရှိသည်။
(ဟုတွာ)၊
အဒ္ဓါနံ၊ လုံး။
တိဋ္ဌတိ၊ တည်နိုင်၏။
အဒ္ဓါနံ၊
တိဋ္ဌနတော၊ တည်နိုင်ခြင်းကြောင့်။
နိယျာတိ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်နိုင်၏။
တသ္မာ၊ ထို့ကြောင့်။
(ထိုသို့ ဣဒ္ဓိ ပါဋိဟာရိယ အာဒေသနာ ပါဋိဟာရိယတို့၏ သဥပါရမ္ဘ ဖြစ်ကြသည့်အတွက် ကြာရှည်စွာ မတည်နိုင်ခြင်း, ဝဋ်မှ မထွက်နိုင်ခငြ်း, အနုသာသနီပါဋိဟာရိယ၏ အနုပါရမ္ဘဖြစ်သည့်အတွက် တာရှည်စွာ တည်နိုင်ခြင်း, ဝဋ်မှ ထွက်မြောက်နိုင်ခြင်းကြောင့်)။
ဘဂဝါ၊ သည်။
ဣဒ္ဓိပါဋိဟာရိယဉ္စ၊ ကိုလည်းကောင်း။
အာဒေနသာပါဋိဟာရိယဉ္စ၊ ကိုလည်းကောင်း။
ဂရဟတိ၊ ကဲ့ရံတော်မူ၏။
အနုသာသနီပါဋိဟာရိယံယေဝ၊ ကိုသာ။
ပသံသတိ၊ ချီးမွမ်းတော်မူ၏။သဥပါရမ္ဘ။ ။ [ဥပ- ကပ်၍ + အာရမ္ဘ-ချုတ်ချယ် စော်ကားကြောင်း အပြစ်။] "ဂန္ဓာရီအတတ် မဏိကာမန္တန်ဖြင့် တန်ခိုးပြထားပါ" ဟု သူတစ်ပါးတို့က မိမိဝါဒကို ဖျက်၍ အပြစ်တင်နိုင်ခြင်းနှင့်တကွ ဖြစ်သည်ကို "သဥပါရမ္ဘ" ဟု ဆိုသည်။
အဒ္ဓွါနံ တိဋ္ဌန္တိ။ ။ သူတစ်ပါးတို့က အပြစ်တင်အပ်သောအခါ ပြန်၍ မချေနိုင်သောကြောင့် ထို ၂ မျိုးသည် ကြာရှည်မတည်နိုင်။ [သဒေါသာနိ ပရာရောပိတဒေါသသမုစ္ဆိန္ဒနဿ အနုပါယ ဘာဝတော၊ သဒေါသတ္တာ ဧဝ အဒ္ဓါနံ န တိဋ္ဌန္တိ။]
န နိယျန္တိ။ ။ အဓွန့်ရှည်စွာ မတည်နိုင်သောကြောင့် ဝဋ်မှ မထွက်မြောက်နိုင်ကုန်၊ [နိယျာနိက မဖြစ်ခြင်းသည် အကျိုး၊ ထိုအကျိုးကို ထောက်၍ ကြာရှည်စွာ မတည်နိုင်ခြင်းဟူသော အကြောင်းကို ယခုနှယ်က မှန်းဆနိုင်သောကြောင့် "အဒ္ဓါန မတိဋ္ဌနတော" ဟူသော စကားကို "ဖလာနုမာန- အကျိုးဖြင့် အကြောင်းကို မှန်းဆကြောင်း" နည်ဟု မှတ်ပါ၊ ကြာရှည်စွာ တည်- မတည်ကို ဘုရားလက်ထက်တော်ဝယ် သာသနာတည်ခါစဖြစ်၍ မဆုံးဖြတ်နိုင်သော်လည်း ဖလာနုမာနနည်းအားဖြင့် မှန်းဆနိုင်သည်- ဟူလို။]
အနုပါရမ္ဘ။ ။ အနုသာသနီပါဋိဟာရိယသည် သူတစ်ပါးတို့ တင်နိုင်သောအပြစ် မရှိ၊ဘာကြောင့်နည်း.... ဝိသုဒ္ဓ ပဘဝ- စင်ကြယ်သော ဘုရာရှင်မှ စ၍ ဖြစ်သောကြောင့်လည်းကောင်း, ဝိသုဒ္ဓနိဿယ- မကောင်းတာကို မကြံကြနှင့် စသည်ဖြင့် စင်ကြယ်သော မှီရာ အနက်ရှိ သောကြောင့်လည်းကောင်းတည်၊ အပြစ်မရှိသောကြောင့် ဆန့်ကျင်ဘက်ဝါဒ လေမုန်တိုင်းသည်လည်းကောင်း ကိလေသာလေတို့သည်လည်းကောင်းမတိုင်ဖျက်နိုင်ရကား ကြာရှည်စွာ တည်နိုင်သည်- ဟူလို။......[ပါဋိဟာရိယပုဒ်၏ ဝစနတ္ထကိုအဋ္ဌသာလိနီ ဂန္ထာရမ္ဘ မူလဋီကာ၌ တိုက်ရိုက်ပါရှိ၏၊ အဓိပ္ပါယ်ကို ထိုနဿယ၌ ပြထား၏။]