တတိယဇ္ဈာနသုခူပမာယံ၊ တတိယဇ္ဈာန်ချမ်းသာ၏ ဥပမာ၌။
(အတ္ထော ဧဝံ ဝေဒိတဗ္ဗော။)
ဧတ္ထ (ပေါက္ခရဏိယံ)၊ ဤရေကန်၌။
ဥပ္ပလာနိ၊ ဥပ္ပလမည်သော ကြာရုံတို့သည်။
သန္တိ၊ ရှိကုန်၏။
ဣတိ၊ ထို့ကြောင့်။
(ထိုသို့ ဥပ္ပလ မည်သော ကြာရုံတို့ရှိရာ၏အဖြစ်ကြောင့်။
(သာ၊ ထိုရေကန်သည်။)
ဥပ္ပလိနီ၊ ဥပ္ပလိနီမည်၏။
သေသပဒဒွယေပိ၊ ကြွင်းသော ပဒုမိနီ, ပုဏ္ဍရိကိနီဟူသော ပုဒ် ၂ ပါးအပေါင်း၌လည်း။
ဧသေဝနယော၊ ဤနည်းပင်တည်း။ဥပ္ပလိနီ။ ။ "ဥပ္ပလာနိ ဧတ္ထ သန္တိ" ဟူသောဝိဂြိုဟ်အရ ဥပ္ပလတွေ များစွာရှိသောရေအိုင် (ကြာကန်) ရ၏၊ ထို့ကြောင့် "ဥပ္ပလာနိ" အရလည်းကြာတစ်ပင်သာမက, ကြာချုံ (ကြာရုံ) တစ်ခုလုံးကိုယူရသည်၊ [ဥပ္ပလာနီတိ ဥပ္ပလဂစ္ဆာနိ-ဋီကာ။] ပဟူတ အဿတ္ထိ အနက်၌ (ဤ) ပစ္စည်းသက်၍ "ဥပ္ပလီ" ဟုဖြစ်ပြီးမှ ပေါက္ခရဏီကဲ့သို့ ဣနီပစ္စည်း ထပ်သက်၍ "ဥပ္ပလိနီ" ဟုဖြစ်သည်၊ ပဒုမိနီ-ပုဏ္ဍရိကိနီတို့၌လည်းနည်းတူ။ [ဋီကာသစ်၌ "ဧတ္ထ ဥပ္ပလ ဝနေ" ဟု စွဲလေသည်၊ ဝနသည်ဥပ္ပလိနီနှင့် လိန်မတူပါ၊ ဥပ္ပလာနိ ဧတ္ထ သန္တီတိ ဥပ္ပလိနီတိ ဂစ္ဆလတာပိ ပေါက္ခရဏီပိ ဝုစ္စတိ၊ ဣဓ ပန ပေါက္ခရဏိယံ၊ မိတရေသုပိ၊-မဟာဝဂ္ဂ, ဗြဟ္မယာစနကထာအဖွင့် ဝိမတိ။]
စ၊ ဆက်။
ဧတ္ထ၊ ဤ၃ ပုဒ်တို့၌။
(ဝိနိစ္ဆယော၌စပ်။)
ဝါ၊ ဤကြာ ၃ မျိုးတို့တွင်။
(ဥပ္ပလံ ပဒုမံ ပုဏ္ဍရီကံတို့၌စပ်။)
သေတရတ္တနီလေသု၊ ကြာဖြူ ကြာနီ ကြာညိုတို့တွင်။
ယံကိဉ္စိ၊ အမှတ်မထား တစ်ပါးပါးသော။
ဥပ္ပလံ၊ ကြာသည်။
ဥပ္ပလမေဝ၊ ဥပ္ပလသာမည်၏။
ဦနကသတပတ္တံ၊ ယုတ်လျော့သော တစ်ရာသောရွက်ချပ် ရှိသော။
ဝါ၊ တစ်ရာ့အောက် ယုတ်လျော့သော ရွက်ချပ်ရှိသေ ကြာသည်။
ပုဏ္ဍရီကံ၊ ပုဏ္ဍရိက်ကြာမည်၏။
သတပတ္တံ၊ တစ်ရာ, တစ်ရာမက များသောရွက်ချပ်ရှိသောကြာသည်။
ပဒုမံ၊ ပဒုမကြာ၏။
ဝါ၊ တစ်နည်း။
ပတ္တနိယမံ၊ ရွက်ချပ်ဖြင့် မှတ်သားခြင်းကို။
ဝိနာပိ၊ ကြဉ်၍လည်း။
သေတံ၊ ကြာဖြူသည်။
ပဒုမံ၊ ပဒုမာကြာမည်၏။
[ဖြူရုံသာမက ရွက်ချပ်လည်း များရလိမ့်ဦးမည်။ အဖြူသက်သက် ရွက်ချပ်မများလျှင် သေတုပ္ပလနှင့် ရောသွားဖွယ်ရှိ၏။]
ရတ္တံ၊ ကြာနီသည်။
ပုဏ္ဍရီကံ၊ ကြာပုဏ္ဍရိုက်မည်၏။
ဣတိ အယံ၊ ဤဆိုအပ်ပြီးကား။ဧတ္ထစ။ ။ဥပ္ပလ စသည်တို့၏အထူးကိုပြလို၍ "ဧတ္ထ" စသည်ကိုမိန့်သည်၊ "ဥဒကေ ပ္လဝတီတိ ဥပ္ပလံ" ဟု ဝစနတ္ထပြု၍ ရေ၌ ပေါလောပေါ်တတ်သော ကြာဟူသမျှကို"ဥပ္ပလ" ဟု ခေါ်နိုင်သော်လည်းပဒုမ-ပုဏ္ဍရီကတို့ကိုသီးခြားယူလတ္တံ့ဖြစ်သောကြောင့် ပါရှိသေသနည်းအားဖြင့်အခြားကြာများကိုသာ ဥပ္ပလဟု ခေါ်ရ၏၊ ထို ဥပ္ပလကြာသည်ကြာဖြူ ကြာနီ ကြာညိုဟု ၃ မျိုးရှိ၏။
ပဒုမ, ပုဏ္ဍရီက။ ။ သတပတ္တံ၌ သတသဒ္ဒါသည်ဗဟုသဒ္ဒါ၏ ပရိယာယ် ဟု ဋီကာတို့ဆိုကြ၏၊ ထို့ကြောင့် တစ်ရာမက များသောရွက်ချပ်ရှိသောကြာကိုလည်းယူနိုင်သည်၊ ဦနကသတပတ္တံ၌ကား သတဒ္ဒါသည်တစ်ရာဟူသောအနက်ကိုသာ ဟောသင့်၏၊ ထိုသို့ယူမှ "ဦနကသတ-တစ်ရာအောက် ယုတ်လျော့" ဟု အဓိပ္ပာယ်ရသည်၊ ပတ္တသဒ္ဒါလည်းကြာပွင့်၏ ပွင့်ချပ်ကိုဟော၏၊ ထို့ကြောင့် "များသောပွင့်ချပ်ရှိသောကြာသည်ပဒုမ ပုဏ္ဍရိတ်လောက် မများသောပွင့်ချပ်ရှိသောကြာသည် ပုဏ္ဍရီက" ဟု ခွဲသည်။
ပတ္တနိယမံ ဝိနာ။ ။ ပွင့်ချပ် အနည်းအများဖြင့်မမှတ်ဘဲ အရောင်ဖြင့်မှတ်၍ ခွဲလျှင် "ပွင့်ချပ်များသော ဖြူသောအဆင်းရှိလျှင် ပဒုမ, နီသောအဆင်းရှိလျှင် ပုဏ္ဍရီက" ဟု ဤ အဋ္ဌကထာဆို၏၊ အဘိဓာန် (၆၈၆) ၌ကား "ပုဏ္ဍရိကံ သိတံ ရတ္တံ, ကောကနဒံ ကောကာသကော" ဟု အဖြူကိုပုဏ္ဍရီက အနီကို(ကောကနဒဟု ခေါ်အပ်သော) ပဒုမ ဟု ပြောင်းပြန်ခွဲ၏၊ ထို့ကြောင့် ဋီကာ၌ လောကေ ပန "ရတ္တံ ပဒုမံ, သေတံ ပုဏ္ဍရိကန္တိပိ ဝုစ္စတိ" ဟု လောကအခေါ်တစ်မျိုးကိုပြသည်။
**မှက်ချက်။ "ပဒ္ဓံ ယထာ ကောကနဒံ သုဂန္ဓံ" ဟု အင်္ဂုတ္တိုရ်, ပဉ္စကနိပါတ်, စတုတ္ထပံ, ၅-ဝဂ်, ၅-သုတ်၌ဆိုသောကြောင့် ပဒ္ဓ ပဒုမနှင့် ကောကန၏တူကြောင်းကိုသိပါး ကောကကိုစက္ကဝက်ငှက် ဟု ထောမနိမိ ဆို၏၊ ဤ ဋီကာသစ်၌ ကောကကို"ကောကမည်သောသုနခ" ဟု ဖွင့်၏။ အဘိဓာန်၌ "ကောက-ဝံပုလွေ" ဟု ဆိုသည်၊ "ကောကေ-စက္ကဝက် ငှက်တို့ကို+နာဒယတိ-တွန်မြူးစေတတ်၏။ ဣတိ ကောကနဒေါ၊ နဒဓာတ်, အ ပစ္စည်း, ကာရိတ် အနက် အတွင်းငုပ်သည်ဟု ထောမနိ ဆို၏။ ဧတ္ထ၊ ဤ၃ ပုဒ်တို့၌။ ဝါ၊ ဤကြာ ၃ မျိုးတို့၌။ ဝိနိစ္ဆယော၊ အဆုံးအဖြတ်တည်း။ [ရှေ့၌ "ဧတ္ထ" ဟု ပါခဲ့ပြီ။ ထိုဧတ္ထလည်း ဤဝိနိစ္ဆယော၌ စပ်ရမည်ဖြစ်သောကြောင့် ဤ"ဧတ္ထ"သည် ပိုဟန်တူ၏။

**ဥဒကာနုဂ္ဂတာနီ**တိ၊ ကား။
ဥဒကတော၊ ရေမှ။
န ဥဂ္ဂတာနိ၊ မတက်ကုန်သေးသော။
ဝါ၊ မပေါ်ထွက်ကုန်သေးသော။
**အန္တော နိမုဂ္ဂပေါသိနီ**တိ၊ ကား။
ဥဒကတလဿ၊ ရေအပြင်၏။
အန္တော၊ အတွင်း၌။
နိမုဂ္ဂါနိယေဝ၊ နစ်မြုပ်ကုန်သည်သာလျှင်။
ဟုတွာ, ပေါသီနိ၊ ကြီပွားခြင်းရှိကုန်သော။
ဝဍ္ဎိနိ၊ ကြီးပွားခြင်းရှိကုန်သော။
(ဥပ္ပလာနိ စသည်၌စပ်။)
ဣတိအတ္ထော။
သေသံ၊ ကြွင်းသောပုဒ်အပေါင်းကို။
ပုရိမ နယေနေဝ၊ ရှေ့နည်းဖြင့်သာ။
ဝေဒိတဗ္ဗံ၊ ၏။ဥဒကာနုဂ္ဂတာနိ။ ။ ဥဒကတော-မှ+အနုဂ္ဂတာနိ-အထက်သို့ မပေါ်တက်ကုန် သေးသောကြာတို့တည်း၊ ဥဒကာနုဂ္ဂတာနို-ကြာတို့၊ ဤသို့ "ဥဂ္ဂတာနုဂ္ဂတာနိ" ဟု ဝိသေသန ပြုရခြင်းမှာ ပါဠိတော်၌ "ယာဝ စဂ္ဂါ ယာဝ စ မူလာ သီတေန ဝါရိနာ အဘိသဒ္ဓါနိ" စသည်ဖြင့်အဖျားတိုင်အောင် စိုစေပုံကိုပြတော်မူလိုသောကြောင့်တည်း၊ ရေမှ ပေါ်ထွက်ပြီးဖြစ်လျှင်ကား အဖျားတိုင်အောင် မစိုစေနိုင်သောကြောင့် "ယာဝ စ အဂ္ဂါ" ဟူသောစကားနှင့် ဆန့်ကျင်နေလိမ့်မည်၊-ဟူလို။
အန္တောနိမုဂ္ဂပေါသီနိ။ ။ ပူသဓာတ်သည်ဝဍ္ဎိအနက်ကိုဟော၏၊ အန္တော-ရေ၏အတွင်း၌+နိမုဂ္ဂါနိ-နစ်မြုပ်နေသောကြာတို့တည်း၊ အန္တော နိမုဂ္ဂါနိ-တို့၊ ပူသနံ-ကြီးပွားခြင်း၊ ပေါသော-ခြင်း၊ (ဏ ပစ္စည်း)၊ ပေါသော ဧတေသံ အတ္ထိတိ ပေါသီနိ၊ ["ပေါသီ" ဟု ဤပစ္စည်းသက်ပြီးနောက် နပုလ္လိန်ဖြစ်၍ ယော ဝိဘတ်ကိုနိပြု၊ ဥပ္ပလာနိ ပဒုမာနိ ပုဏ္ဍရိကာနိနှင့် အရတူတည်း။] အန္တော န မုဂ္ဂါနိ ဟုတွာ ပေါသီနိ အန္တောနိမုဂ္ဂ ပေါသီနိ၊ "ဥဒကာနုဂ္ဂတာနိ" ဟု ဆိုသောကြောင့် ရေထဲ၌ပုတ်နေသလောဟု တွေးတောဖွယ်ရှိ၍ ဤဝိသေသနကိုမိန့်တော်မူပြန်သည်၊ "ပုတ်၍မနေ, ရေထဲ၌ကြီးပွား၍နေသည်" ဟူလို။