Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Sīlakkhandhavaggaṭṭhakathā
(DN) Sīlakkhandhavaggaṭṭhakathā

Dve pabbajitavatthuvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဧကမိဒါဟံတိ ဣဒံ၊ ဟူသော ဤစကားကို။ ကသ္မာ၊ ကြောင့်။ (ဘဂဝတာ)၊ အာရဒ္ဓံ၊ အားထုတ်တော်မူအပ်ပါသနည်း။
ကိရ၊ ချဲ့။ အယံ ရာဇာ၊ ဤ လိစ္ဆဝိမင်းသည်။
ရူပံ၊ ရုပ်သည်။ အတ္တာ၊ အတ္တတည်း။ ဣတိ ဧဝံလဒ္ဓိကော၊ ဤသို့ အယူရှိသူတည်း။ တေန၊ ထိုသို့ ရုပ်ကို အတ္တဟု အယူရှိသူ၏ အဖြစ်ကြောင့်။ အဿ၊ ထို လိစ္ဆဝိမင်း၏။ ဒေသနာယ၊ ဒေသနာတော်၌။ စိတ္တံ၊ သည်။ နာဓိမုစ္စတိ၊ မဝင်စား။ (မယုံကြည်)။
အထ၊ ထိုအခါ၌။ ဘဂဝတာ၊ သည်။ တဿ၊ ထို လိစ္ဆဝိမင်း၏။ လဒ္ဓိယာ၊ အယူကို။ အာဝိကရဏတ္ထံ၊ ထင်စွာ ပြုခြင်း အကျိုးငှါ။ ဧကံ၊ တစ်ပါးသော။ ကာရဏံ၊ အကြောင်းကို။ အာဟရိတုံ၊ ‌ဆောင်တော်မူခြင်းငှါ။ ဣဒံ၊ ဤဧကမိဒါဟံ အစရှိသော စကားကို။ အာရဒ္ဓံ၊ မူအပ်ပြီ။ကသ္မာ အာရဒ္ဓံ။ ။ ဧကမိဒါဟံ- စသော စကားတော်ကို ရှေ့စကား၏ အဆက်မဟုတ်ပါဘဲ အဘယ်ကြောင့် အားထုတ်တော်မူအပ်ပါသနည်း" ဟု မေးသည်၊ ထို အမေးကို ဖြေလိုသောကြောင့် "အယံ ကိရ" စသည်ကို မိန့်သည်၊ ထိုလိစ္ဆဝိမင်း၏ အတ္တအယူကို ထင်စွာ ပြုခြင်းအကျိုးငှါ ဤ ပရိဗ္ဗိုဇ် ၂ ယောက်၏ အကြောင်းဝတ္ထုကို ဆောင်ပြတော်မူသည်၊- ဟူလို။ [ဤ စကားဖြင့် "လိစ္ဆဝိမင်း၏ အတ္တအယူ ဟူသော အဇ္ဈာသယသည်ပင် ဤ တန္တိဓမ္မကို အားထုတ်တော်မူရခြင်း၏ အနုသန္ဓေ အဆက်ဖြစ်သည်" ဟု ပြသည်။]
တေန ၊ပေ၊ နိဓိမုစ္စတိ။ ။ "ရုပါကို အတ္တ" ဟု အယူရှိသောကြောင့် ဘုရားရှင်၏ သဏှသုခုမဖြစ်၍ သုညတ (အတ္တမှ ကင်းဆိတ်ခြင်း) နှင့် စပ်သော တရားဒေသနာ၌ စိတ်မဝင်စားနိုင်။ ["အဓိ- စွဲမြဲစွာ + မုဏ္ဏ- သက်ဝင်ခြင်း" ဟူသည် စိတ်ဝင်စားခြင်းပင်တည်း၊ ထိုစိတ်ဝင်စားခြင်းကိုပင် ယုံကြည်သော ဆုံးဖြတ်ခြင်းဖြစ်သောကြောင့် "သဒ္ဓါဓိမောက္ခ" ဟု ခေါ်၏၊ ထို့ကြောင့် "နသဒ္ဒဟတိ နပ္ပသီဒတိ" ဟု ဋီကာတို့ ဖွင့်ကြသည်။]
တတြ၊ ထို ဧကမိဒါဟံ အစရှိသော စကားရပ်၌။ အယံ၊ ဤဆိုအပ်လတံ့ကား။ သင်္ခေပတ္ထော၊ အကျဉ်းဖြစ်သော အနက်တည်း။
အဟံ၊ ငါသည်။ ဧကံသမယံ၊ အခါတစ်ပါး၌။ ဃောသိတာရာမေ၊ ဃောသိတာရုံ ကျောင်းတိုက်၌။ ဝိဟရာမိ၊ သီတင်းသုံးတော်မူ၏။ တတြ၊ ထို ဃောသိတာရုံကျောင်းတိုက်၌။ ဝသန္တံ၊ နေသော။ မံ၊ ငါဘုရားကို။ ဒွေ၊ ကုန်သော။ တေပဗ္ဗဇိတာ၊ ထို ပရိဗိုဇ်တို့သည်။ ဧဝံ၊ သို့။ ပုစ္ဆိံသု၊ မေးကြကုန်ပြီ။
အထ၊ မေးကြရာ ထိုအခါ၌။ အဟံ၊ သည်။ တေသံ၊ ထို ပရိဗိုဇ်တို့အား။ ဗုဒ္ဓုပ္ပါဒံ၊ ဘုရား၏ ဖြစ်ပေါ်လာပုံကို။ ဒဿေတွာ၊ ပြ၍။ တန္တိဓမ္မံ နာမ၊ ပါဠိတော အစဉ်ဖြစ်သော တရားမည်သည်ကို။ ကထေန္တော၊ ဟောတော်မူလိုသည်။ (ဟုတွာ) ဣဒံ၊ ဤစကားကို။ အဝေါစံ၊ မိန့်တော်မူပြီ။
(ကိံ)၊ အာဝုသော၊ ငါ့ရှင်တို့။ သဒ္ဓါသမ္ပန္နောနာမ၊ သဒ္ဓါနှင့် ပြည့်စုံသူမည်သော။ ကုလပုတ္တော၊ အမျိုးကောင်းသားသည်။ ဧဝရူပဿ၊ ဤသို့ သဘောရှိသော။ သတ္ထု၊ မြတ်စွာဘုရား၏။ သာသနေ၊ သာသနာတော်၌။ ပဗ္ဗဇိတော၊ ရဟန်း အဖြစ်သို့ ရောက်ပြီးသည်။ (ဟုတွာ)၊ ဧဝံ၊ သို့။ တိဝိဓံ၊ သော။ သီလံ၊ သီလကို။ ပူရေတွာ၊ ပြည့်စေ၍။ ပဌမဇ္ဈာနာဒီနိ၊ ပဌမဈာန်အစရှိသည်တို့သို့။ ပတွာ၊ ရောက်၍။ ဌိတော၊ တည်သည်။ (သမာနော၊ ဖြစ်လသော်)။ တံဇီဝန္တိအာဒီနိ၊ တံ ဇီဝံအစရှိသော စကားတို့ကို။ ဝဒေယျ၊ ပြောရာ၏။ အဿ၊ ထို အမျိုးကောင်းသားအား။ ဝါ၊ ၏။ ဧတံ (ဂဟဏံ)၊ ဤဥစ္ဆေဒအယူ, သဿတအယူသည်။ ယုတ္တံနုခေါ၊ သင့်ပါအံ့လော။ ဣတိ (အဝေါစ)၊
တတော၊ ထိုသို့ မိန့်တော်မူခြင်းကြောင့်။ တေဟိ၊ ထိုပရိဗိုဇ်တို့သည်။ ယုတ္တံ၊ သင့်ပါ၏။ ဣတိ၊ သို့။ ဝုတ္တေ၊ လျှောက်အပ်သော။ အာဝုသော၊ ငါ့ရှင်တို့။ ဧတံ၊ ဤပဌမဈာန်ကို။ အဟံ၊ သည်။ ဧဝံ၊ သို့။ ဇာနာမိ၊ ၏။ ဧဝံ၊ သို့။ ပဿာမိ၊ ၏။ အထစပန၊ ထိုသို့ ဖြစ်ပါသော်လည်း။ (ဋီကာသစ်အလို၊ ထိုသို့ သိမြင်ခြင်းကြောင့်။) အဟံ၊ သည်။ န ဝဒါမိ၊ တံဇီဝံ တံသရီရံဟူ၍ ဟောတော်မမူ။ ဣတိ၊ သို့။ တံဝါဒံ၊ ထိုအယူကို။ ပဋိက္ခိပိတွာ၊ ပယ်မြစ်တော်မူ၍။ ဥတ္တရိ၊ အလွန်။ ခီဏာသဝံ၊ ရဟန္တာပုဂ္ဂိုလ်ကို။ ဒဿေတွာ၊ ပြတော်မူ၍။ ဣမဿ၊ ဤရဟန္တာပုဂ္ဂိုလ်အား။ ဧဝံ၊ ဤသို့ တံဇီဝံ တံသရီရံဟူ၍။ ဝတ္တုံ၊ ငှါ။ န ယုတ္တံ၊ မသင့်။ ဣတိ၊ သို့။ အဝေါစံ၊ မိန့်တော်မူပြီ။
တေ၊ ထို ပရိဗိုဇ်တို့သည်။ မမ၊ ၏။ ဝစနံ၊ စကားကို။ သုတွာ၊ ၍။ အတ္တမနာ၊ မိမိစိတ်ရှိကြကုန်သည်။ အဟေသုံ၊ ကုန်ပြီ။
ဣတိ (အယံ)၊ ဤဆိုအပ် ပြီးသည်ကား။ သင်္ခေပတ္ထော၊ တည်း။ ဧဝံ၊ သို့။ ဝုတ္တေ၊ မိန့်တော်မူအပ်သော။ သောပိ၊ ထိုလိစ္ဆဝိမင်းသည်လည်း။ အတ္တမနော အဟောသိ၊
တေန၊ ကြောင့်။
ဣဒ မဝေါစ ၊ပေ၊ အဘိနန္ဒီတိ၊ ဟူ၍။ အာဟ၊ လျှောက်ပြီ။
......ဣတိ၊ ဤဆိုအပ်ပြီးသော စကားအစဉ်ဖြင့်။
၊ပေ၊ မဟာလိသုတ္တဝဏ္ဏနာ၊ မဟာလိသုတ် အဖွင့်သည်။ နိဋ္ဌိတာ၊ ပြီးပြီ။တန္တိဓမ္မံနာမ။ ။ ပါဠိတော်အစဉ်ဖြစ်သော တရားတော်ကို "တန္တိ ဓမ္မ" ဟု ခေါ်၏၊ ထို တရားနှင့်ဆိုင်သော (တရားဒေနေသော) ပုဂ္ဂိုလ်မှာ မဂ်ကို ထိုးထွင်း၍ သိခြင်းဟူသော မဂ္ဂပဋိဝေဓ အကျိုးထူး မရသော်လည်း ပါဠိတော်ဝယ် အစဉ်အလာအဖြစ်ဖြင့် ကျန်ရစ်ဖို့ရန် ဟောတော်မူပါသည်၊ ဥပမာ- စာချဆရာ, သို့မဟုတ် ကျမ်းပြုဆရာသည် မိမိ ပြောဆိုအပ် ရေးသားအပ်သော အဓိပ္ပာယ်ကို ကြားနာ ကြည့်ရှုသူတို့ စိတ်ဝင်စားမည်မဟုတ် ဟု သိသော်လည်း ပြောရိုးဆိုစဉ် အဖြစ်ဖြင့် ပြောရ, ရေးရသကဲ့သို့ တည်း။
တံ ဝါဒံ ပဋိက္ခိပိတွာ။ ။ ဈာနလာဘိနောပိ (အထက် ဝိပဿနာ စသည်ကို မဆိုထားဘိ ဈာန်ရသူအားသော်မှလည်း) တံ ဂဟဏံ အယုတ္တမေဝါတိ တံ ဥစ္ဆေဒဝါဒံ သဿတဝါဒံ ပဋိက္ခိပိတွာ (အဝေါစံ- ၌စပ်)။
ဋီကာသစ်။ ။ "အထစ ပနာတိ ဧဝံ ဇာနနတော ပဿနတောစ" ဟု ဋီကာသစ် ဖွင့်၏၊ "အထစ ပန- ဤသို့ သိခြင်း, မြင်ခြင်းကြောင့်" ဟု ပေးစေလို၏၊ သို့သော် "ထို ရဟန်းသိမြင် သလို ငါဘုရားသိမြင်ပါသော်လည်း" ဟု ပေးမှ သင်မှ ဇာလိယသုတ်အဖွင့် အဆုံးအနား၌ ဤစကားကို ပြန်၍ ရှင်းပြထားပါသည်။
ထို့ပြင်- "တေ ဟိ ဒွေ ပဗ္ဗဇိတာ ဝိပဿကတော ပဋ္ဌာယ န ကလ္လံ တဿေတံ ဝစနာယာတိ အဝေါစုံ- ဝိပဿကပုဂ္ဂိုလ်မှ စ၍ ထိုတံ ဇီဝံစသော စကားကို မပြောသင့်ကြပါဟု လျှောက်ကြသည်" ဟု ဋီကာသစ် ဖွင့်၏၊ ပါဠိတော် ရှေးစာအုပ်တို့၌လည်း ဝိပဿနာဉာဏ်အခန်း၌ "န ကလ္လံ" ဟု တွေ့ရ၏၊ သို့သော် ဇာလိယသုတ်အဋ္ဌကထာ၌ " န ကလ္လံ တဿေတံကို ဣဒံ တေ ပရိဗ္ဗာဇကာ ယသ္မာ ခီဏာသဝေါ ဝိဂတသမ္မောတော တိဏ္ဏဝိစိကိစ္ဆော၊ တသ္မာ န ယုတ္တံ တဿေတံ ဝတ္တုန္တိ မညမာနာ ဝဒန္တိ" ဟု ရဟန္တာအဖြစ်ရောက်မှ "န ကလ္လံ တဿေတံ" ဟု ဖြေဆိုကြောင်းကို ဖွင့်သောကြောင့် နောက်ပြင်စာအုပ်တို့၌ ဝိပဿနာအခန်းဝယ် "န ကလ္လံ" မရှိဘဲ "ကလ္လံ"ဟု သာ ရှိသည်။
မ ဝစနံ သုတွာ အတ္ထမနာ။ ။ ထို ပရိဗိုဇ် ၃ ယောက်၏ အတ္တမနဖြစ်ပုံကို ဤပါဠိတော်၌ တိုက်ရိုက်မပါသော်လည်း ခီဏာသတပုဂ္ဂိုလ်၏ သမ္မောဟကင်းပုံ, တိဏ္ဏဝိစိကိစ္ဆ ဖြစ်ပုံကို ဆုံးဖြတ်နိုင်သည့်အတွက် ဘုရားရှင်၏ စကားတော်ကို ဝမ်းမြောက်နှစ်သက်ကြောင်းသိသာ၏၊ ထို့ကြောင့် "မမ ၊ပေ၊ အတ္တမနာ အဟေသုံ" ဟု အဋ္ဌကထာဆရာ ဆိုသည်၊ နောက်သုတ်၌ကား တိုက်ရိုက်ပင်ပါသည်။