Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Sīlakkhandhavaggaṭṭhakathā
(DN) Sīlakkhandhavaggaṭṭhakathā

Ariyaaṭṭhaṅgikamaggavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဧဝံ၊ သို့။ သီဟနာဒံ၊ မြတ်သော အသံတော်ကို။ နဒိတွာ၊ မိန့်မြွက်တော်မူပြီး၍။ တဿသီဟနာဒဿ၊ ၏။ အဝိပရီတဘာဝါတဗောဓနတ္ထံ၊ မဖောက်ပြန်သည်၏ အဖြစ်ကို သိစေခြင်းအကျိုးငှါ။
အတ္ထိ ကဿပ မဂ္ဂေါတိ အာဒိမာဟ၊
တတ္ထ၊ ထို အတ္ထိ ကဿပ မဂ္ဂေါ အစရှိသော စကားရပ်၌။ အဂ္ဂေါတိ၊ ကား။ လောကုတ္တရမဂ္ဂေါ၊ လောကုတ္တရာမဂ်သည်။ (အတ္ထိ)၊
ပဋိပဒါတိ၊ ကား။ ပုဗ္ဗဘာဂပဋိပဒါ၊ မဂ်၏ ရှေ့အဖို့၌ ဖြစ်သော အကျင့်သည်။ (အတ္ထိ)၊
ကာလဝါဒီတိ အာဒီနိ၊ ကာလဝါဒီအစရှိသော ပုဒ်တို့ကို။ ဗြဟ္မဇာလေ၊ သုတ်၌။ ဝဏ္ဏိတာနိ၊ ဖွင့်အပ်ကုန်ပြီ။
ဣဒါနိ၊ ၌။ ဒုဝိဓံ၊ သော။ တံ မဂ္ဂဉ္စ၊ ထိုမဂ်ကိုလည်းကောင်း။ တံ ပဋိပဒဉ္စ၊ ထို အကျင့်ကိုလည်းကောင်း။ ဧကတော၊ တပေါင်းတည်း။ ကတွာ၊ ၍။ ဒဿေန္တော၊ သည်။ (ဟုတွာ)၊
အယမေဝ အရိယောတိ အာဒိမာဟ၊ အဝိပရီတဘာဝါဝဗောဓနတ္ထံ။ ။ ဗုဒ္ဓမြတ်စွာသည် "ဆရာချင်း ယှဉ်ရာ၌လည်းကောင်း, သာဝကသံဃာချင်း ယှဉ်ရာ၌လည်းကောင်း ငါတို့ကိုသာ ချီးမွမ်းကုန်ရာ၏၊ " ဟု မိန့်တော်မူပြီးသောအခါ "အတ္ထိ ကဿပ မဂ္ဂေါ, အတ္ထိ ပဋိပဒါ" ဟု မိန့်တော်မူ၏၊ ထိုသို့ မိန့်တော် မူခြင်းသည် မိမိဝါဒ၏ အဝီပရီတ (မမှားကြောင်း) ကို ပြခြင်းအကျိုးငှါ ဖြစ်၏၊ ထိုမမှားကြောင်းကို ဤအကျင့်က ပြနိုင်ခြင်းမှာလည်း ထိုကျင့်သူမှာ သူ့ကိုယ်တိုင်ပင် ဗုဒ္ဓမြတ်စွာ၏ ကာလဝါဒီဘူတဝါဒီစသော ဂုတော်ကို သိရမြင်ရခြင်းကြောင့်တည်း၊ ထို့ကြောင့် ပါဠိတော်၌ "အတ္ထိ ကဿမ မဂ္ဂေါ ၊ပေ၊ ဝိနယဝါဒီတိ" ဟု မိန့်တော်မူသည်။
ပဆ၊ ဆက်။ ဣဒံ၊ အတ္ထိ ကဿပ မဂ္ဂေါ, အတ္ထိ မဋိပဒါ အစရှိသော ဤစကားတော်ကို။ သုတွာ၊ ကြားရ၍။ အစေလော၊ အစေလကဿပသည်။ စိန္တေသိ၊ ကြံပြီ။
(ကိံ)၊ သမဏော ဂေါတမော၊ သည်။ မယှံယေဝ၊ ငါ၏သာ။ မဂ္ဂေါစ၊ မဂ်သည်လည်းကောင်း။ ပဋိပဒါစ၊ အကျင့်သည်လည်းကောင်း။ အတ္ထိ၊ အညေသံ၊ အခြားဂိုဏ်းဆရာတို့၏။ ဝါ၊ တို့မှာ။ (မဂ္ဂေါစ၊ သည်လည်းကောင်း။ ပဋိပဒါစ၊ သည်လည်းကောင်း။)။ နတ္ထိ၊ မရှိ။ ဣတိ၊ သို့။ မညတိ၊ မှတ်ထင်၏။ ဟန္ဒ၊ ယခု။ အဿ၊ ထို ရဟန်းဂေါတမအား။ အဟံ၊ ငါသည်. အမှာကံပိ၊ ငါတို့၏လည်း။ မဂ္ဂံ၊ မဂ်ကို။ ကထေမိ၊ ပြောရတော့အံ့။ ဣတိ၊ (စိန္တေသိ)၊
တတော၊ ထိုသို့ အကြံဖြစ်ခြင်းကြောင့်။ အစေလကပဋိပဒံ၊ အစေလက၏ အကျင့်ကို။ ကထေသိ၊ ပြောပြီ။
တေန၊ ထို့ ကြောင့်။ ဧဝံ ဝုတ္တေ ၊ပေ၊ ဝိဟရတီတိ၊ ဟူ၍။ အာဟ၊ ပြီ။အယမေဝ။ ။ ဧဝ မေတံ ယထာဘူတံ သမ္မပညာယ ဒဋ္ဌဗ္ဗံ၊ ဧဝံ- သို့၊ ဧတံ- ဤမဂ္ဂ, ပဋိပဒါ ၂ ပါးကို ၊ ယထာဘူတံ- စွာ၊ သမ္မပညာယ- မဖောက်မပြန်သော ဝိပဿနာပညာ မဂ်ပညာဖြင့်၊ ဒဋ္ဌဗ္ဗံ- ရှုမှတ်ထိုက်၏၊- တိကင်္ဂုတ္တိုရ် တတိယပံ, ယောဓာဇီဝဝဂ် ယောဓာဇီဝသုတ်ပါဠိတော်၌ မဂ်နှင့် ပဋိပဒါ ၂ ပါးကို တပေါင်းတည်း ဟောတော်မူသကဲ့သို့, ဤ၌လည်း ထို၂ ပါးကို တပေါင်းတည်း ဟောတော်မူလျှင် ရှိပါစေတော့၊ အဘယ့်ကြောင့် "အယမေဝ" ဟု ဧဝကို တည့်တော်မူပါသနည်းဟု မေးဖွယ်ရှိ၏။
အဖြေကား။ ။ "မဂ္ဂသည် ဤတစ်မျိုးသာရှိ၏, အများမရှိ" ဟု မဂ်အများရှိခြင်းကို ပယ်ခြင်းအကျိုးငှာလည်းကောင်း, ဤတစ်ပါးသည်ပင် အရိယအများနှင့် ဆက်ဆံကြောင်းကို ပြခြင်း အကျိုးငှါဘည်းကောင်း, (တစ်ပါးဆိုလျှင် ဆိုရလောက်အောင်) သာသနာတော်၌ ထင်ရှားကြောင်းကို ပြခြင်းအကျိုးငှါလည်းကောင်း "အယမေဝ" ဟု ဧဝသဒ္ဒါကို ထည့်၍ မိန့်တော်မူပါသည်။["အယမေဝါ" တိ သာဝဓာရဏဝစနံ မဂ္ဂဿ ပုထုဘာဝပဋိက္ခေပတ္ထံ, သဗ္ဗအရိယသာဓာရဏဘာဝဒဿနတ္ထံ, သာသနေ ပါကဋဘာဝဒဿနတ္ထဉ္စ။]