ကာကပေယျာ။ ။ယတ္ထ၊ပေ၊ သက္ကာ ပါတုံကိုကြည့်၍ "ပါတဗ္ဗံတိ ပေယျံ- သောက်ထိုက်သော( သောက်နိုင်လောက်အောင်ပြည့်သော) ရေ၊ ကာကေန+ပေယျံ ယတ္ထာတိ ကာကပေယျာ- ကျီးသည် သောက်နိုင်သော ရေရှိသောမြစ်" ဟု ပြုပါ၊ [စာအုပ်တို့၌ "ကာကပေယျာတိ ယတ္ထ ကတ္ထစိ၊ပေ၊ ပါတုန္တိ ကာကပေယျာ" ဟုရှိ၏၊ ထိုတွင် "ကတ္ထစိ" သည်မကောင်း၊ ယတ္ထကတ္ထစိကို တီရေ၌ စပ်စေလိုဟန်တူ၏၊ "တီရေ" ဟု ဆိုလျှင် မြစ်၏ပတ်ဝန်းကျင် ကမ်းနှင့်ဆိုင်သောကြောင့် ယတ္ထကတ္ထစိဟု ဝိသေသနပြုဖွယ် မလိုပါ၊ ထို့ကြောင့် ယတ္ထနှင့် ကာကပေယျာအတွက် မြစ်ကိုချည်း အရကောက်ရသောပုဒ်များဟု မှတ်ပါ၊ဤကဲ့သို့ အနိယမ ထည့်၍ဖွင့်သော သံဝဏ္ဏနာဟူသမျှ၌ နိယမထည့်ပြီးလျှင် ရှေ့သံဝဏ္ဏတဗ္ဗကို လှည့်စပ်ရိုးရှိသောကြောင့် "ပါတုန္တိ ကာကပေယျာ" ဟုရှိခြင်းကြောင့် မကောင်းပါ၊ အချုပ်မှာ "ကာကပေယျာတိ ယတ္ထ၊ပေ၊ပါတုံ- ဟုသာ ရှိသင့်သည်" ဟု ဆိုလိုပါသည်။]
ဗြာဟ္မဏ ကာရကာ။ ။ ငါးပါးသီလနှင့် ကုသလကမ္မပထဆယ်ပါးကို ဗြဟ္မဏအဖြစ်ကို ပြုတတ်သော (ဗြာဟ္မဏတို့ကျင့်ရသော) ကြောင့် "ဗြာဟ္မဏကာရက ဓမ္မ" ဟု မိန့်တော်မူသည်။ [အဘိဓာန် (၄၄၄) ဂါထာ၌ အမြဲစောင့်ထိန်းအပ်သော ငါးပါးသီလကို "ယမ" ဟု ဆို၍, တစ်ရံတခါမှ စောင့်အပ်သော ဥပုသ်သီလကို "နိယမ" ဟု ခေါ်၏၊ ထို ယမ- နိယမသီလတို့သည် ဗြဟ္မာဏဓမ္မတို့ပင်တည်း၊ ထို ယမ နိယမဟူသော တရားလည်း ဤဆိုအပ်ခဲ့ပြီသော ပဉ္စသီလဒသကုသလကမ္မပထတို့၌ ပါဝင်ပြီ။]
ဗန္ဓနဋ္ဌေန။ ။ ဂုဏသဒ္ဒါသည် ဗန္ဓနအနက်ကို ဟောသော ရုဠီပုဒ်ဟု ကြံစေလို၍ "ဗန္ဓနဋ္ဌေနဂုဏာ" ဟု မိန့်သည်၊ ကာမတို့သည် စိတ်ဖြင့် လိုလားအပ်သောကြောင့် ထိုကာမတို့က စိတ်ကို (မိမိမှတစ်ပါး အခြားအာရုံသို့ မသွားရအောင်) ဖွဲ့နှောင်ထားသကဲ့သို့ဖြစ်၏၊ ထို့ကြောင့်ပင် အိမ်ထောင်ပြုပြီးသော ယောင်္ကျား မိန်းမတို့သည် အာရုံ ၅ ပါးလုံးဖြင့် အချင်းချင်းဖွဲ့နှောင်ထားထားရကား တခြားသို့ ခွါ၍ မသွားနိုင်ကြ၊ မလွှသာ၍ သွားရလျှင်လည်း နောက်ဆံတင်းကာ အမြန်ဆုံးပြန်လာဖို့ရန်ကြိုးစားကြ၏၊ (ကျောင်းထိုင်ဘုန်းကြီးများကော မည်သို့နည်း)" ကာမာ စ +တေ+ဂုဏာစ (နှောင်ဖွဲ့တတ်သော အာရုံတို့လည်း ဟုတ်ကုန်၏၊) ဣတိ ကာမဂုဏာ" ဟုပြု။ [ဗန္ဓနဋ္ဌေနာတိ တေနေဝ ကာမေတဗ္ဗဘာဝေန သတ္တာနံ စိတ္တဿ အာဗန္ဓနဘာဝေန၊- ဋီကာ။]
ကောဋ္ဌာသအနက်။ ။ ရူပ, သဒ္ဒစသော ကာမဂုဏ် ၅ ပါးသည် (စက္ခုဝိညာဉ်သည် သိထိုက်သော စက္ခုဝိညေယျတစ်စု, သောတဝိညေယျတစ်စု ဤသို့စသောအားဖြင့်) ၅ စုရှိ၏၊ ဂုဏသဒ္ဒါကို ကောဋ္ဌာသအနက်ဟောကြံ၍ ကာမအစုဟုလည်း အနက်မှတ်ပါ။ [ကောဋ္ဌာသ ဋ္ဌောပိ တေသု (ထို ရူပ, သဒ္ဒ စသည်တို့၌) ယုဇ္ဇတေဝ၊ စက္ခုဝိညေယျာဒိ ကောဋ္ဌာသဘာဝေနနေသံ ကာမေတဗ္ဗတော၊ ကောဋ္ဌာသေစ ဂုဏသဒ္ဒေါ ဒိဿတိ၊ ဒိဂုဏံ (၂ ဖို့ကို) ဝုဍ္ဎေတဗ္ဗံ- တိုးစေထိုက်၏၊ ဣတိ အာဒီသု၊- ဋီကာ။]
အတ္ထုဒ္ဓါရပြရကျိုး။ ။ဤ၌ ရထိုက်သော ဗန္ဓနအနက်ကို သာမပြဘဲ အခြားသော ဟောနိုင်သမျှ အနက်တို့ကို ထုတ်ပြခြင်းသည် အဘယ်အကျိုးရှိသနည်းဟု မေးဖွယ်ရှိ၏၊ အဖြေကား- "ပဋလစသော အနက်များ၏ ဤနေရာ၌ မဖြစ်သင့်သောကြော်င့ ပါရိသေသနည်းအားဖြင့် (ကောဋ္ဌာသအနက်နှင့်တကွ) ဗန္ဓန အနက်သာ သင်၏" ဟု ပြခြင်းအကျိုးငှါ ဤ အတ္ထုဒ္ဓါရကို အားထုတ်တော်မူသည်။ [အတ္ထုဒ္ဓါရလာသမျှ၌ ဤနည်းချည်းသာတည်း။]ကာမဉ္စာယံ ဂုဏသဒ္ဒေါ အတ္ထန္တ ရေသူပိ (ပဋလစသော အခြားအနက်တို့၌လည်း)၊ ဒိဋ္ဌပ္ပယောဂေါ-တွေ့မြင်အပ်သော ပြယုဂ်ရှိ၏၊ တေသံ ပနေတ္ထ အသမ္ဘဝတော ( ထိုအနက်တို့၏ ဤနေရာ၌ မဖြစ်သင့်ခြင်းကြောင့်)၊ ပါရိသေသဉာယေန ဗန္ဓနတ္ထောယေဝ ယုတ္တောတိ ဒဿေတုံ အနုဇာနာမီတိ အာဒိနာ အတ္ထုဒ္ဓါ ရော အာရဒ္ဓေါ၊- ဋီကာ။
ဣဋ္ဌာ။ ။ ဣဋ္ဌာ၌ ဣသုဓာတ်သည် "ရှာခြင်း, အလိုရှိခြင်း, ဂတိအနက်တို့ကို ဟော၏၊ ထိုတွင် ရှာမှီးခြင်းအနက်သည် သေချာသောအနက် မဟုတ်" ဟု ပြလို၍ "ပရိယိဋ္ဌာဝါ ဟောန္တုမာ ဝါ" ဟု ဖွင့်ပြီးလျှင် ဣစ္ဆာအနက်သာ သေချာသောအနက်ဟု ပြလို၍ "ဣဋ္ဌာရမဏဘူတာ" ဟု ဖွင့်သည်။
ကန္တာ။ ။ ကမုဓာတ်, တ ပစ္စည်းဖြင့်သောကြောင့် "ကာမနီယာ" ဟု ဖွင့်၏၊ ကမုဓာတ်သည် ဣစ္ဆာအနက်ကို ဟော၏၊ [ကာမနီယဝကို ဋီကာ၌ "ကာမေတဗ္ဗာ" ဟု တဗ္ဗပစ္စည်းဖြင့် ဖွင့်သောကြောင့် ဣဋ္ဌာ, ကန္တာတို့၌ တပစ္စည်းသည် အနီယပစ္စည်း, တဗ္ဗပစ္စည်းတို့၏ အနက်ကဲ့သို့ "အရဟ အနက်ဟော" ဟု သိစေ၏။]
မနာပါ။ ။ "မန+အာပ" ဟု ခွဲ၊ အပဓာတ်သည် ပါပုဏအနက်ကို ဟော၏၊ ဓာတူနံ အနေကတ္ထတ္တာနှင့်ညီ ဤ၌ ဝဍ္ဎနအနက်ဟောဟု ကြံပါ၊ ကာရိတ်ကြေ၊ ထို့ကြောင့် "မနဝုဍ္ဎနကာ" ဟု ဖွင့်သည်၊ ဣဋ္ဌအာရုံဖြစ်သောကြောင့် ထိုအာရုံတို့သည် စိတ်ကို တိုးပွားစေတတ်ကုန်၏၊ "တိုးပွားစေ" ဟူရာ၌ ထိုအာရုံရရှိသူကို စိတ်အားမငယ်စေဘဲ စိတ်ကို ကြီးမားစေတတ်, စိတ်ကြီးဝင်စေတတ်သည်" ဟု ဆိုလိုသည်၊ မနံ+ အာပါယန္တီ ဝဍ္ဎေန္တီတိ မနာပါ။
အမှာ။ ။ ဂဓိတာစသော သုံးပုဒ်နှင့် အာဝုတာစသော ၃ ပုဒ်ကို ဗြဟ္မဇာလသုတ်ပုထုဇ္ဇနောပုဒ်အဖွင့်၌ အဓိပ္ပါယ်နှင့်တကွ ပြခဲ့ပြီ၊ သို့သော် ထို့၌ ဩဖုဋာ ဟုရှိ၍ ဤ၌ ဩနဒ္ဓါဟု ရှိ၏၊ ဤသို့ ရှိမှလည်း "ဩနဟနာ" ဟူသော ရှေ့စကားနှင့် လိုက်လျောသည်၊ ဂဓိတာ စသော ပုဒ်များ၏ အဖွင့်လည်း အဓိပ္ပါယ်ဖွင့်တည်း၊ သဒ္ဒတ္ထကို ထို ဗြဟ္မဇာလသုတ်အဖွင့်၌ ပြခဲ့ပြီ။
အဇ္ဈောသန္နာ။ ။ အချို့စာအုပ်တို့၌ "အဇ္ဈောပန္နာ" ဟု တွေ့ရ၏၊ သို့သော် မဟာနိဒ္ဒေသ ဂူဟဋ္ဌကသုတ် အဋ္ဌကထာ၌ "အဓိ+ဩ+သန္နာ- လွှမ်းမိုး၍ သက်ဝင်ကုန်သည်" ဟု ဖွင့်၏၊ ထို့အဖွင့်သည်သာ "ဩဂါဠာ- သက်ဝင်နစ်မြုပ်ကုန်သည်" ဟူသော ဥဇုကတ္ထစကားနှင့် ညီ၏၊ မှန်၏- ဩသန္နာ၌ အဝ+သဒဓာတ်သည် "ပင်္ကေသန္နောဝ ကုဉ္ဇရော" စသည်ကဲ့သို့ သက်ဝင် နစ်မြုပ်ခြင်းအနက်ကို ဟော၏၊ အဝ+ဂါဟူဓာတ်ဖြင့်ပြီးသော ဩဂါဠာလည်း ထိုအနက်ကိုပင် ဟောသည်။
ဣဒံ သာနန္တိ။ ။အချို့စာအုပ်တို့၌ "ဣဒံ သာရန္တိ" ဟု တွေ့ရ၏၊ မကောင်းပါ၊ ဘာကြောင့်နည်း- သာရောပုဒ်က ပုလ္လိန်ဖြစ်၍ "သာရံ" ဟု မရှိနိုင်သောကြောင့် လည်းကောင်း, ဋီကာသစ်၌ "သာနန္တိ အဝသာနံ" ဟု သာဓာတ်၏ အဝသာနအနက်ကို ဖွင့်သောကြောင့်လည်းကောင်း, "ဣဒံ သာနန္တိ" ဝါကျသည် နောက်၌ရှိသော ပရိနိဋ္ဌာနပ္ပတ္တာ၏ အာကာရဖြစ်သောကြောင့်လည်းကောင်းတည်း၊ "ဤအာရုံသည် မိမိအတွက် အဆုံးသတ်အာရုံဖြစ်၏, နောက်ထပ် အသစ်မလိုတော့ 'ဟု ဆိုလိုသည်။
မူကွဲ။ ။ အခြား အဋ္ဌကထာ၌ အပြီးအဆုံးအနက်ဟော သာဓာတ်+ အာနပစ္စည်းဖြင့် "အဇ္ဈောသာနာ" ဟု ပါဌ်ရှိ၏၊ "အနုညသာဓာရဏေဝိယ ကတွာ (သူတစ်ပါးတို့နှင့် မဆက်ဆံကုန်သကဲ့သို့ ပြု၍၊ ဝါ- သူတစ်ပါးတို့ မစားရအောင် ပြု၍) ဂိလိတွာ (စားမျိုပြီး၍) ပရိနိဋ္ဌာ ပေတွာ (ထက်ဝန်းကျင် ပြီးဆုံးစေပြီး၍) ဌိတာ " ဟုလည်း ဖွင့်၏၊ အဓိပ္ပါယ်အသားကျမှာ ပါဌ် ၂ မျိုုးလုံး သဘောတူပင်တည်း။
အနာဒီဝ ဒဿာဝိနော။ ။ အနာဒီနဝ၌ (န၏ ကာရိယ အန်) သည် ဒဿာဝီ၌သာ အနက်အားဖြင့် စပ်၍ အာဒီနဝ၌ မစပ်၊ ထို့ကြောင့် အနာဒီနဝကို အယုတ္တသမာသ်ဟု သိစေလို၍ "အာဒီနဝံ အပဿန္တာ" ဟု ဖွင့်၏၊ အပဿန္တာဟု ဖွင့်သောကြောင့် ဒဿာဝီ၌ အာဝီပစ္စည်းလည်း တသီလါနက်မပါသော ကတ္တားဟောဟု သိစေသည်၊ "အာဒီနဝံ" ဟူသည် ကာမတို့ကို ခံစားခြင်ကြောင့် (အဆိပ်သီကို စားမိသည်နှင့် တူစွာ) ခုဘဝ နောက်ဘတ၌ ရောက်ရမည့် အနတ္တနုဝါဒဘေးစသော အပြားများတည်း။ အာယတိံ ဒေါသနာ ညာယ, ယော ကာမေ ပဋိသေဝတိ၊ ဝိပါကန္တေ ဟနန္တိ နံ, ကိံ ပက္ကမိဝ ဘက္ခိတံ၊- ဧကနိ, ကိံ ပက္ကဇာတ်။
အနိဿရဏပညာ။ ။ ဃသစ္ဆာဒနာဒိ သမ္ဘောဂနိမိတ္တံ- အစား အဝတ်စသည်ကို သုံးဆောင် စားသောက်ခြင်းဟူသော အကြောင်းကြောင့် ၊ သံကိလေသတော- (ပစ္စဝေက္ခဏာ ဉာဏ်ဖြင့် မဆင်ခြင်းပဲ သုံးဆောင်လျှင်ဖြစ်နိုင်သော) တဏှာလောဘ သံကိလေသမှ၊ နိဿရန္တိ အပဂစ္ဆန္တိ ဧတေနာတိ နိဿရဏံ- ထွက်မြောက်ကြောင်းဖြစ်သော ပစ္စဝေက္ခဏာဉာဏ်, နိဿရဏံစ+ တံ+ ပညာစာတိ နိဿရပညာ၊ နတ္ထိ+နိဿရဏပညာ ဧတေသံဝိအနိဿရဏ ပညာ။
မှတ်ချက်။ ။ ပါဠိတော်၌ "ပဉ္စကာမဂုဏေ ဂဓိတာ ၊ပေ၊ အနာဒီနဝဒဿာဝိနော အနိဿရဏပညာ ပရိဘုဉ္ဇန္တိ" ဟူသော ပုဒ်တို့ကို ဖွင့်ရာ၌ ရဟန်း သာမဏေတို့၏ ပစ္စည်း ၄ ပါးကိုပင် ကာမဂုဏ်ဟု ဆိုထား၏၊ မှန်လည်း မှန်ပါပေသည်၊- ဆွမ်း, သင်္ကန်း, ကျောင်းတို့ကို သာသာယာယာဖြင့် သုံးစွဲလျှင် တဏှာလောဘ သံကိလေသဖြစ်၏၊ ထိုသို့ မဖြစ်ရအောင် ဘုရားရှင်သည် ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်၍ သုံးစွဲဖို့ရန် ညွှန်ပြတော်မူ၏၊ ထိုသို့ ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးဆောင်သောအခါ သံကလလေသမဖြစ်ဘဲ ပစ္စယသန္နိဿိတဟု ခေါ်အပ်သော သီလတစ်မျိုးပင် ဖြစ်ပါသေးသည်။
အာဝရဏာဒီနံ ဝသေန။ ။ "အာဝရဏစသည်တို့နှင့် စပ်၍ အာဝုတာ စသည်တို့ကို ဟောတော်မူအပ်ကုန်ပြီ" ဟု ဆိုရာ၌ အနက်အားဖြင့်သာ ဆက်သွယ်သည်၊ သဒ္ဒါအားဖြင့် မဆက်သွယ်ဟု မှတ်ပါ၊ မှန်၏- အာဝရဏ၌ ဝရဓာတ်, အာဝုတာ၌ ဝုဓာတ်၊ [နီဝရဏာ နိဝုတာတို့၌လည်း နည်းတူ။] ဩနဟနာ, ဩနဒ္ဓါတို့၌ နဟဓာတ်ပင်၊ [ပရိယောနဟနာ, ပရိဘောနဒ္ဓွါတို့၌လည်း နည်းတူ။] ဩနဒ္ဓါနေရာ၌ ဖုဋ- အာဝရဏေဓာတ်+ အ ပစ္စည်းဖြင့် "ဩဖုဋာ" ဟုလည်းကောင်း, ဝုဓာတ်ဖြင့် "ဩဝုတာ" ဟုလည်းကောင်း မူကွဲရှိသည်။
ဋီကာ။ ။ အာဝရဏာဒီနံ ဝသေနာတိ အာဝရဏာဒိအတ္ထာနံ ဝသေန၊ တေ ဟိ အာသေဝနဗလဝတာယ (အာသေဝန၏ အားရှိသည်၏ အဖြစ်ကြောင့်) ပုရိမေဟိ မုရိမေဟိ ပစ္ဆိမာ ပစ္ဆိမာ ဒဠတမာဒိဘာဝပ္ပတ္တာ ဝုတ္တာ။
အဗျာဗဇ္ဈော။ ။ စိတ္တဂေလညသင်္ခါတေနကို ထောက်၍ "ဗျာပဇ္ဈ"အရ စိတ်ဆင်းရဲမှုဟူသော ဒုက္ခ (ဒေါမနဿ)ကို ယူပါ၊ ဗျာဗဇ္ဈေနာတိ ဒုက္ခေန၊ - ဋီကာ ၊ အာ (ဘုတော) ဗာဓတီတိ အာဗာဓော၊ ဝိသေသေန+အာဗာဓော ဗျာဗာဓော၊ ဗျာဗာဓောယေဝ သွတ္ထ၌ ဏျ ပစ္စည်းသက်၍ "ဗျာဗဇ္ဈံ" ဟု ဖြစ်၏၊ ပကတိအနာသည် ကိုယ့်ကို နှိပ်စက်သကဲသို့ စိတ်အနာဟူသော စေတသိကဒုက္ခလည်း စိတ်ကိုနှိပ်စက်သည်၊ နတ္ထိ+ဗျာဗဇ္ဈံ ယဿာတိ အဗျာဗဇ္ဈော (ဗြဟ္မာ) [အဗျာပဇ္ဇော" ဟု ပဌမက္ခရာပ, တတိယက္ခရာ ဇ္ဇ ဒွေဘော်ဖြင့်ရှိသည်ကို စဉ်းစားပါ၊ ထို့အဗျာပဇ္ဇောပါဌ်ကား ဒေါသကိုသာ ဟော၏၊ စိတ်ဒုက္ခဖြစ်သော ဒေါမဿကို မဟော။]
မှတ်ချက်။ ။ တေနဿ ရူပကာယ ဂေလညာဘာဝေါ ဝုတ္တော ဟောတိ- စိတ်၏ အနာရောဂါဖြစ်သော ဗျာဗဇ္ဈမရှိဟူသော ထိုစကားဖြင့် ထိုဗြဟ္မာမှာ ရူပကာယ၏ အနာရောဂါ မရှိကြောင်းကို မိန့်တော်မူအပ်ပြီးဖြစ်၏၊- ဋီကာ၊ စိတ်ရောဂါမရှိသော ဗြဟ္မာမှာ ရူပကာယ၌ စွဲကပ်သော ရောဂါလည်း မရှိကြောင်းကို အထူးဆိုဖွယ်မလိုပါ၊ အဗျာဗဇ္ဈပုဒ်ဖြင့် ဆိုပြီးဖြစ်ပါသည်- ဟူလို။၏
ဥဒ္ဓစ္စ ကုက္ကုစ္စာဒီဟိ။ ။ အာဒိသဒ္ဒေန တဒေကဋ္ဌာ (ထို ဥဒ္ဓစ္စ ကုက္ကုစ္စတို့နှင့် အတူတကွ တစ်ခုတည်းသော စိတ်၌ တည်ကုန်သော- အတူယှဉ်ကုန်သော) သံကိလေသဓမ္မာ သင်္ဂယှန္တိ၊- ဋီကာ။
အာသီဒိတွာ။ ။ သဒဓာတ်၏ ဂတိအနက်ကို ယူ၍ "ဥပဂန္တွာ" ဟု ဖွင့်သည်၊ "အာ- ရှေ့ရှု+သဒ (သီဒ)- သွား" ဟူသည် ကပ်ရောက်ခြင်းပင်တည်း။ [ရှေ့စာအုပ်များ၌ "အာဒိသိတွာ" ဟု ရှိသည်ကား ပါဌ်ပျက်။]
သံသိဒန္တိ။ ။ သဒဓာတ်၏ ဝိသာဒ (နစ်မြုပ်ခင်း) အနက်ကို ယူ၍ "အနပဝိသန္တိ" ဟု ဖွင့်သည်၊ တေဝိဇ္ဇဗြာဟ္မဏတို့သည် အမဂ္ဂကို မဂ္ဂဟု ချဉ်းကပ်မိ၍ အပါယ်၌ နိစ်မြုပ်ကြရသည်၊ ဥပမာ-ပင်္ကံ ဩတိဏ္ဏာဝိယ- အပေါ်၌ လက်တစ်သစ်လောက်, သို့မဟုတ် တစ်သစ်၏ တစ်ဝက်လောက်ခြောက်နေသော မြေအပြင်ကို သမတလ (ညီညွတ်သော မြေအပြင်) ဟု ထင်မှားမှုကြောင့် လူ့အရပ်ပေါင်းများစွာ ဆက်သော်လည်း မထောက်မှီအောင် နက်သော ညွန်ဗွက်ကြီးကဲ့သို့ ကျရသူတို့ကဲ့သို့ ဖြစ်လေသည်။
မရိစိကာယ ဝဉ္စေတွာ။ ။ မရီစိကာယသည် "ဝဉ္စေတွာ" ၌သာ စပ်နိုင်၏။ လှည့်ပတ်တတ်သော ကတ္တားလည်းဖြစ်၏၊ ထို့ကြောင့် "မိဂတဏှိကာယ (တံလျှပ်) ကတ္တုဘူတာယ" ဟု ဋီကာဖွင့်သည်၊ ဝဉ္စေတွာ၌လည်း "ကြောင့်" ဟုပေး၍ တွာပစ္စည်းကို ဟိတ်အနက်ဟောဟု ကြံပါ၊ "လှည့်ပတ်ခြင်းကြောင်း ကူးကြရသည်" ဟူလို။ [နောက်ပြင် စာအုပ်များ၌ "ဝဉ္စိတာ- လှည်ပတ်အပ်ကုန်သည် " ဟု ရှိ၏၊ သာ၍ ရှင်း၏။]
သုက္ခတရဏံ မညေ တရန္တိ။ ။ "သုက္ခနဒီတရဏံ တရန္တိ မညေ" ဟု ဋီကာဖွင့်သည့်အတိုင်းအနက်ပေးသည်၊ "တရဏံ" အရ "ကူးခြင်း" ရ၏၊ တရန္တိအရလည်း ဓာတ်နက်မှာ ကူးခြင်းပင်တည်း၊ ဤသို့ အနက်အရ မပြားဘဲလျက် ကွဲပြားသကဲ့သို့ ကံ+ကြိယာ အဖြစ်ဖြင့် ဆိုသောကြောင့် အဘေဒဘေဒူပစာရဟု မှတ်ပါ။
တသ္မာ ၊ပေ၊ ပါပုဏန္တိ။ ။ "ယသ္မာ တေဝိဇ္ဇာ အမဂ္ဂမေဝ မဂ္ဂေါတိ ဥပဂန္တွာ သံသီဒန္တိ၊ တသ္မာ" ဟု ဋီကာ၌ အနိယမထည့်သည်၊ ယထာ တေတိ တေ သမတလန္တိ သညာယ ပင်္ကံ ဩတိဏ္ဏာ သတ္တာ ဟတ္ထပါဒါဒီနံ သံဘဉ္ဇနံ ပရိဘဉ္ဇနံ ပါပုဏန္တိ ယထာ။
ဣဒံ။ ။ ဣဒံကို "ဗြဟ္မသဟဗျတာယ မဂ္ဂဒီပကံ တေဝိဇ္ဇကံ ပါဝစနံ" ဟု စွဲနက်ဖွင့်သည်၊ "မဂ္ဂဒီပက" ဟူရာ၌ မှန်သော မဂ္ဂကို ပြတတ်သည် မဟုတ်, "မဂ္ဂဒီပက" ဟု သူတို့က သမုတ်အပ်သော ပါဝစနေဟု ဆိုလိုသည်။
တေဝိဇ္ဇကံ။ ။ တေဝိဇ္ဇကံကို "တေဝိဇ္ဇတ္ထညာပကံ" ဟု ဋီကာသစ်ဖွင့်သော်လည်း ထိုအနက်ကို မကြိုက်ပါ၊ "တေဝိဇ္ဇာနံ+ဣဒံ တေဝိဇ္ဇကံ" ဟုပြု၍ နိဿယအတိုင်း အနက်သင့်သည်၊ "ပါဝစနံ" ဟူရာ၌လည်း သူတို့သမုတ်အပ်သည့်အတိုင်း ပါဝစနဟု သုံးစွဲခြင်းတည်း၊ အမှန်အားဖြင့် "မြတ်သော စကား" ဟု ခေါရသော ပါဝစန မဟုတ်ပါ။
တေဝိဇ္ဇ ဣရိဏံ။ ။ နောက်၌ "တေဝိဇ္ဇာနံ+ ပဉ္စဝိဓ ဗျသနသဒိသံ" ဟု ဆဋ္ဌီတပ္ပုရိသ်ဖွင့်သောကြောင့် ဤ၌လည်း "တေဝိဇ္ဇာနံ+ ဣရိဏသဒိသံ" ဟု အနက်ဖွင့်၍ "တေဝိဇ္ဇ ဣရိဏံ" ဟု ပါဌ်ရှိပါစေ၊ တေဝိဇ္ဇာဟု ရှိသည်မှာ မသင့်ပါ၊ နောက်၌လည်း တေဝိဇ္ဇဟုချည်း ရှိပါစေ၊ သဒိသံဟု ဖွင့်သော်လည်း ဥပမာပုဒ် မဟုတ်, ရူပက အလင်္ကာဟုယူ၍ အနက်ပေးသောအခါ "တေဝိဇ္ဇာတို့၏ တောကြီး" ဟုသာ ပေးပါ။[ ပါဠိတော်ဝယ် "တေဝိဇ္ဇာနံ ဗြဟ္မဏာနံ" ဟု မ္ဗာန်ရှိပြီးဖြစ်ရကား "တေဝိဇ္ဇဣရိဏံ" ၍ "တေဝိဇ္ဇာနံ" ဟု သမ္ဗာန်အနက်ပေးလျှင် သမ္ဗန် ၂ ထပ်ဖြစ်၍ သင့်ပါမည်လော၊ ဤသို့ မေးဖွယ်ရှိ၏၊ "တေဝိဇ္ဇ ဣရိဏံ" ဟု သမာသ်ပြီးသောအခါ တေဝိဇ္ဇအနက်က အပဓာန ဖြစ်သောကြောင့် "တေဝိဇ္ဇာနံ- တို့၏" ဟု ဝိသေသန ပြရိုးရှိရကား သင့်ပါ၏၊ ဥပမာ- "သုဂတဿ သုဂတစီဝရံ" ပ ကဲ့သို့တည်း။]
ယတ္ထ ၊ပေ၊ န သက္ကာ။ ။ ပရိဝတ္တိတုမ္ပိ န သက္ကာ ဟောန္တိ, မဟာကဏ္ဋက ဂစ္ဆဂဟနတာယ- ကြီးစွာသော ဆူးရှိသော ချုံတို့ဖြင့် ရှုပ်ထွေးနေသော တော၏ အဖြစ်ကြောင့် သွားလမ်းမှ ဖဲ၍ ထိုတော၌ လှည့်လည်ခြင်းငှာသော်မှလည်း မတတ်ကောင်း၊- ဋီကာသစ်။
ဉာတိ ၊ပေ၊ ပတ္တဿ။ ။ ဉာတီနံ+ ဗျသနံ ဉာတိဗျသနံ- ဆွေမျိုးတို့၏+ ပျက်စီးခြင်း, ဘောဂသီလဗျသန တို့၌လည်း နည်းတူ၊ ဗျသတိ- အာရောဂျဂုဏ်ကို (သမ္မာဒိဋ္ဌိကို) ဖျက်ဆီးတတ်၏၊ ဣတိ ဗျသနံ၊ ရောဂေါဧဝ+ဗျသနံ ရောဂဗျသနံ၊- အာရောဂျဂုဏ်ကို ဖျက်ဆီးတတ် သောရောဂါ၊ ဒိဋ္ဌိဧဝ+ ဗျသနံ ဒိဋ္ဌီဗျသနံ- သမ္မာဒိဋ္ဌိကို ဖျက်ဆီးတတ်သော မိစ္ဆာဒိဋ္ဌိ။
တာဝဒေဝ အဝသဋံ။ ။ ထိုရွာ၌ ဇာတသံဝဍ္ဎဖြစ်သော်လည်း ထိုရွာမှ ထွက်လာခဲ့သည်မှာ အတော်ကြာလျှင် လမ်းတစ်ချို့ကို မမှတ်မိဘဲ ရှိတတ်၏၊ ထို့ကြောင့် "တာဝဒေဝ အဝသဋံ- ထိုခဏ၌ပင် ထွက်လာခဲ့သူ"ဟု ဝိသေသန ပြုတော်မူပြန်သည်။ [အဝ+သရဓာတ်သည် ဂတိ အနက်ဟောတည်း၊ ဤနေရာ၌ နိက္ခန္တအနက်ကို ယူရသည်။]
တစ်နည်း။ ။ ဝိ+ထာဓာတ်ဟု ကြံပါ၊ ထာဓာတ်လည်း ဌာဇဓာတ်ကဲ့သို့ ရပ်တည်ခြင်း အနက်ဟောပင်တည်း၊ သ္ထာဓာတ်ဟု သက္ကတဆိုသောကြောင့် (သ်)ပျောက် ၍ ဒွေဘော်ရောက်နိုင်၏၊ထာနောင် ခါယတိကဲ့သို့ (ယ) လာ၍ ဝိတ္ထာယိတော- အထူးအားဖြင့် တန့်ရပ် တည်နေသူ၊ "ကိုယ်မလှုပ်နိုင်အောင် တောင့်နေသူ" ဟု အနက်ထွက်ရကား သရီရံ ထဒ္ဓဘာဝံနှင့် အဓိပ္ပါယ်ထပ်မိသည်၊ ဝိတ္ထာယတိ- အထူးအားဖြင့် တန့်နေ၏၊ ဝါ- တောင့်နေ၏၊ ဣတိ ဝိတ္တာယိတော၊ တဿ+ဘာဝေါ ဝိတ္ထာယိတတ္တံ။
ဋီကာ။ ။ "ဝိတ္ထာယိတတ္တံတိ သာရဇ္ဇိတတ္တံ (ဖြစ်သော ကြောက်ရွံခြင်းရှိသူ၏ အဖြစ်)" ဟု ဖွင့်၍ "အဋ္ဌကထာယံ ပန ဝိတ္ထာယိတတ်တံ နာမ ဆမ္ဘိ တတ္တံတိ အဓိပ္ပါယေန ထဒ္ဓဘာဝဂ္ဂဟဏံတိ ဝုတ္တံ" ဟု ဆိုသွား၏၊ သူတစ်ပါးကမေးသောအခါ မဖြေနိုင်သောကြောင့် "သာရဇ္ဇိတ- ရွံတီး ရွံတွန့်ဖြစ်နေသည်" ဟု အဓိပ္ပါယ်ဆိုလိုသည်၊ ဝိနည်း မဟာဝဂ္ဂ- "မာ ခေါ ဝိတ္ထာယိ" ၌ လည်း ဤ ၂ နက်လုံးကိုပင် အသုံးပြုကြသည်။
ဗလဝါ။ ။ "ဗလသမ္ပန္တော- အားနှင့် ပြည့်စုံသည်" ဟု ဖွင့်သောကြောင့် နည်းနည်းပါးပါး အားရှိသူမဟုတ်, ကြီးကြီးမားမား ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် အားရှိသူဟု အဓိပ္ပါယ်ရ၏၊ ထို့ကြောင် ဗလဝါကို အတိသယအနက် အပိုရှိသော အဿတ္ထိအနက်၌ ဝန္တုပစ္စယန္တ ပုဒ် ဟု သိပါ။ [ယဿ အတိသယေန (အလွန်အားဖြင့်) ဗလံ အတ္ထိ, သော ဗလဝါတိ ဝုတ္တောတိ အာဟ ဗလသမ္ပန္နောတိ၊- ဋီကာ။]
သင်္ခဓမကော။ ။ ဘူဝါဒိ ဓမဓာတ်သည် သဒ္ဒသံယောဂ (အသံနှင့် ယှဉ်ခြင်း- မည်ခြင်း) အနက်ကိုသာ ဟော၏၊ ကာရိတ်ဝင်မှ "မြည်စေ- မြည်အောင်မှုတ်" ဟု အနက်ရ၏၊ ထို့ကြောင့် ဋီကာ၌ ကာရိတ်သွင်း၍ "သင်္ခံ +ဓမယတိ (မြည်စေတတ်၏) ဣတိ သင်္ခဓမကော" ဟု ဝိဂ္ဂဟ ပြုသည်၊ ဓမကော၌ ကာရိတ်ကြေ, ဏွု ပစ္စည်း။
ပမာဏကတံ။ ။ ကာမဝစရမေတ္တာသည် သတ္တဝါတို့ကို အာရုံပြုရာ၌ အာလုံးခြုံ၍ ကုန်အောင်မပြုနိင်, အပိုင်းအခြားအားဖြင့်သာ ပြုနိုင်၏၊ ဘာ့ကြောင့်နည်း- ရာဂဖြင့် တစ်ချို့ကို ချစနေ၍ ဒေါသဖြင့် တစ်ချို့ကို မုန်းနေရကား ထိုသို့ ချစ်တတ် မုန်းတတ်သော ရာဂ ဒေါသ မောဟ ကိလေသာတို့ကို ဝိက္ခမ္ဘနပဟာန်အားဖြင့် မပယ်လှန်နိုင်သေးသည့်အတွက် ချစ်သုမုန်းသူကို ချန်၍ ပိုင်းခြားကန့်သတ် လျက် မေတ္တာဖြစ်သောကြောင့်တည်၊ ပမာဏံ+ ကတံ ယေနာတိ ပမာဏကတံ (ကမ္မံ)။
အပ္ပမာဏကတံ။ ။ ရူပါ ရူပါ ဝစရကံ (မေတ္တာ) သည် ထိုကဲ့သို့ အတိုင်းအရှည် အပိုင်းအခြားကို မပြုဘဲ သတ္တဝါအာရုံအားလုံး၌ ဖြန့်တတ်သောကြောင့် "အပ္ပမာဏကတကံ" မည်၏၊ ထို့ကြောင့် "တံ ဟိ ၊ပေ၊ အပ္ပမာဏကတန္တိ ဝုစ္စတိ" ဟု မိန့်လတံ့။
ဒိသာဖရဏာ။ ။ "သဗ္ဗေ ပုရတ္ထိမာယ ဒိသာယ သတ္တာ အဝေရာ ဟောန္တု" စသည်ဖြင့် မေတ္တာဖြန့်ခြင်းကို "ဒိသာဖရဏာ" ဟု ခေါ်သည်၊ ပါဠိတော်၌ "ဧကံ ဒိသံ ဖရိတွာ" စသည်ကို ထောက်၍ "ဒိသာနံ- အရပ် ၄ မျက်နှာတို့ကို + ဖရဏာ- ဖြန့်ခြင်းတည်း၊ ဒိသာဖရဏာ- ခြင်း" ဟု ပြုပါ။
မှတ်ချက်။ ။ ဝိသုဒ္ဓိမဂ် မေတ္တာဗြဟ္မဝိဟာရနိဒ္ဒေသ၌ "ဩဒိဿက, အနောဒိဿက" ဟု မရှိပါ၊ ဩဓိသောဖရဏာ, အနောဓိသောဖရဏာ, ဒိသာဖရဏာ" ဟုသာ ရှိ၏၊ ထို၌ ဩမိသဒ္ဒါသည် အပိုင်းအခြားအနက်ကို ဟော၏၊ ဣတ္ထိ- ပုရိသစသော သတ္တဝါ အပိုင်းအခြားအားဖြင့် ဖြန့်ခြင်းကို "ဩဓိသောဖရဏာ" ဟု ခေါ်၏၊ ထိုသို့ အပိုင်းအခြားမရှိဘဲ သတ္တ- ပါဏစသော အားဖြင့် ဖြန့်ခြင်းကို "အနောဓိသောဖရဏာ" ဟု ခေါ်၏၊ ဒိသာဖရဏာမှာ ရှေ့အတိင်းပင်တည်း၊ ထို့ကြောင့် အဋ္ဌကထာ ဋီကာတို့၌ ဩဒိဿက, အနောဒိဿကပုဒ်ကို သေချာစွာ မဖွင့်ရကား ဝိသုဒ္ဓိမဂ်၌ ဩဓိသော, အနောဓိသောသည်ပင် ပါဌ်ပျက်၌ "ဩဒိဿက- အနောဒိဿက ဖြစ်နေလေသလား" ဟု စဉ်းစားမိသည်။
ဋီကာ။ ။ န ဩဟီယတိ န တိဋ္ဌတီတိ ကတုပစိတံပိ ကာမာဝစရကမ္မံ (ကာမဝစရကံသည် "ကဘတ္တာ ဥပစိတတ္တာ၊ ပေ၊ ဥပ္ပန္နံ ဟောတိ" နှင့်အညီ ဥပစိတ ဖြစ်စေကာမူ အာစိဏ္ဏကံ အာသန္နကံဖြစ်စေကာမူ) ယထာဓိဂတေ မဟဂ္ဂတဇ္ဈာနေ အပရိဟီနေ (ရအပ်တိုင်းသော မဟဂ္ဂုတ်ဈာန် မလျှောလျှင်) တံ အဘိဘဝိတွာ ပဋိဗာဟေတွာ သယံ ဩဟီယကံ ဟုတွာ (မိမိကျန်နေသည်ဖြစ်၍) ပဋိသန္တိံ ဒါတုံ သမတ္ထဘာဝေန န တိဋ္ဌတိ။
လဂ္ဂိတုံ ဌာတုံ။ ။ ကာမာဝစရကံ၏ မဟဂ္ဂုတ်ကံကို ပိတ်ဆို့ တားမြစ်ခြင်းကို "လဂ္ဂိတုံ (ငြိကပ်ခြင်း- ကပ်သည်းကပ်သပ် လုပ်ခြင်း) "ဟု ဆို၏၊ ထို့ထက် အားရှိ၍ သူ့ကိုယ်တိုင် အကျိုးပေးဖို့ရန် ရပ်တည်ခြင်းကို "ဌာတုံ" ဟုဆိုသည်။ [လဂ္ဂိတုံ န သက္ကောတိသည် န အဝသိဿတိ၏, ဌာတုံ န သက္ကောတိသည် န အဝတိဋ္ဌတိ၏ အဓိပ္ပါယ်ဖွင့်၊ ဌာတုံကိုပင် ထပ်၍ "ရူပါရူပါဝစရကမ္မံ ၊ပေ၊ ပတိဋ္ဌာတုံ" ဟု ဖွင့်သည်။]
ကျမ်းပြီးပုံ။ ။ ကျမ်းဆရာတို့သည် မိမိကျမ်းကို ပြီးဆုံးစေရာ၌ "အနာယာ သေန နိဋ္ဌာနံ- စသည်ဖြင့် မပင်မန်း ချမ်းချမ်းသာသာ ပြီးဆုံးပါပြီ" ဟု နိဂုံးအုပ်နိုင်လေ့ရှိကြ၏၊ မိမိကား ဤကျမ်းစာကို ပြီးစေရာ၌ တပင်တပန်း ကြိုးစားရပါသည်၊ ဤကျမ်းစာမပြီးပီ တန်ခူးလလောက်မှာ "ဤကျမ်းကို ဝါမဆိုခင် ပြီးစေနိုင်ပါမည်လား" ဟု စာဆိုသူတို့အား မေးမြန်းသောအခါ မည်သူကမျှ "ပြီးစေနိုင်လောက်ပါသည်" ဟု အဖြေမပေးကြပါ၊ သို့ရာတွင် ဝါထပ်သော ရက်နှင့် တကွ မိမိဘာသာစဉ်းစားကာ "ကြိုးစားလျှင် ပြီးစေနိုင်စရာရှိ"ဟု ဆုံးဖြတ်၍ ခါတိုင်းထက် ၂ ဆလောက် ကြိုးစားပါသည်။ ထိုသို့ ကြိုးစားရင်း ကဆုန်လသို့ ရောက်သောအခါ အပူပြင်းလွန်းသောကြောင့် မန္တလေးနှင့်တကွ အပူပိုင်းမြို့များ၌ အပျက်အစီးများနေချိန်ဝယ် မိမိမှာလည်း အသံဝင်သွားလောက်အောင် ဝမ်းပျက်ရောဂါ ဖြစ်ပါသည်၊ ထို ဝမ်းပျက်ရောဂါသက်သာ၍ ဤကျမ်းစာကို ဆက်လက်ပို့ချရင်း ရေးသားသောအခါ ဦးခေါင်းအုံ၍ လာသောကြောင့် ရပ်နား၍ ရပ်နား၍ ရေးသာရပါသည်၊ ဤမျှလောက် တင်ကြို၍ ဤကျမ်းစာကို ပြီးစီးစေနိုင်ရကား ဝီရိယ၏ အစွမ်းကြောင့် ရွှင်လန်းဝမ်းမြောက်စွ နိဂုံးအုပ်နိုင်ပါသည်။
သိဇ္ဈိတ္ထဘော ဘာသာဋီကာ, ဒေသဘာသာယ သင်္ခတာ၊ သီလက္ခန္ဓဋ္ဌကထာယ, ဝါစနာမဂ္ဂ နိဿိတာ
သီလက္ခန္ဓဋ္ဌကထာယ၊ သီလက္ခန်ခေါ, ပါဠိတော်ကို, ဖုတ်ဖေါ်မြွက်ဟ, အနက်ပြသည့်, အဋ္ဌကထာ, ကျမ်းရွှေစာ၏။ ဝါစနာမဂ္ဂနိဿိတာ၊ ဆရာသခင်, ကျေးဇူးရှင် တို့၊ ချစဉ် သီးသီး, စုံအောင်မှီးသော။ ဒေသဘာသာယ၊ တိုင်းရင်းမြန်မာ, အမိဘာသာဖြင့်။ သင်္ခတာ၊ တစ်သန့်တစ်သန့်, အကန့်ကန့်လျက်, ခံ့ခံ့စီရရီ, တည်ကြည် စွာ စီရင်အပ်သော။ ဘာသာဋီကာ၊ ဘာသာဋီကာ, အမည်သာသည့်, မှီရာသိသနည်း, နိဿယည်းသည်လည်း။ သိဇ္ဈိတ္ထဘော၊ ထောင့်သုံးရာဖြစ်, သုံးဆယ်တစ်ဟု, နှစ်ဝါဆိုလ, ပဌမ၏, ကာဠဆုပ်ပက်, ဆယ့်သုံးရက်၌ , နှစ်သက်ရွှင်ကြည်, ပြီးမြောက်ပြန်ပြီတကား။
သုံးနှစ်ခန့် ကြိုးစားရခြင်း။ ။ "မြောင်းမြဆရာတော်" ဟု ယခုအခါ ထင်ရှာတော်မူသော ရွှေကျင်နိကာယ၏ ဒုတိယဥက္ကဋ္ဌ မဟာနာယကဖြစ်တော်မူသော အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘုရားသည် ဤသီလက္ခန် အဋ္ဌကထာ၌ မိမိအား ၁၅ နှစ်ရွယ် ကျောင်းသားသူငယ် အဖြစ်၌ပင် ဆိုစေတော်မူ၏၊ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်ကြီးသို့ ရောက်သောအခါလည်း ယခုအခါ သက်တော် ၈၉ နှစ် အရွယ်တော်ဖြင့် ကျမ်းမာစွာတည်တော်မူသော မဟာရဋ္ဌဂုရု ဆရာတော်ကြီး အထံ၌ ဒီဃနိကာယ် ပါဠိတော်အဋ္ဌကထာ၌ တစ်ချို့ကို ဆိုပါ လိုက်ဝါဖြင့် ထပ်မံ၍ လေ့လာခဲ့ပါသည်။သံယုတ်ပါဠိတော် အဋ္ဌကထာနှင့် မူလပဏ္ဏာသပါဠိတော်အဋ္ဌကထာများကို ထိုစဉ်က ပခုက္ကူ၌ သီတင်းသုံတော်မူသော အဂ္ဂမဟာပဏ္ဍိတ ညောင်တုံးဆရာတော် အထံ၌ (အဋ္ဌကထာကို ဆိုဝါဖြင့်) လည်းကောင်း, အဘိဓမ္မာ ပါဠိတော် အဋ္ဌကထာများကို အဂ္ဂမဟာပဏ္ဍိတ ပဌမဆရာတော်ကြီးနှင့် မဟာရဋ္ဌဂုရုဆရာတော်၏ အထံ၌ (အဋ္ဌကထာ ဋီကတစ်ချို့ကို ဆိုဝါဖြင့်) လည်းကောင်း, ဝိနည်းပါဠိတော်,အဋ္ဌကထာများကို ထိုဆရာတော်များ အပြင်, ထိုစဉ်က အတူသီတင်းသုံးတော်မူသော အရှေ့တိုက် အဂ္ဂမဟာပဏ္ဍိတဆရာတော်၏ အထံဝယ် လိုက်ဝါဖြင့် လည်းကောင် ပြီးမြောက်စေခဲ့ပါသည်။
ထို့နောက် ဤ သီလက္ခန်အဋ္ဌကထာကို အကြိမ်တော်တော်များအောင် မိမိကိုယ်တိုင်လည်း ပို့ချပြီးပါပြီ။ ထိုမျှလောက် အလေ့အကျက် များပါသော်လည်း ဘာသာဋီကာ ကျမ်းစာတစ်စောင် ဖြစ်ရစ်အောင် ကြိုးစားသောအခါ လွယ်လွယ်ကူကူဖြင့် ပြီးစေရသော သုတ်တော်ဟူ၍ တစ်သုတ်မျှမပါဘဲ ခဲခဲခက်ခက်ချည်းကြိုးစားရပါသည်၊ ဤသို့ အားဖြင့် နံနက်အပိုင်းအချိန်ဝယ္ အခြားအခြားစာဝါများကို ပို့ချရင်း နေ့လည်အခိန်၌ ပါဠိတော်နှင့်တွဲ၍ ဤကျမ်းစာကို ပို့ချလာခဲ့ရာ သုံးနှစ်ခန့်ကြိုးစားမှ ဆုံးခန်းတိုင်အောင် ပြီးမြောက်စေနိုင်ပါသည်။
ရည်ရွယ်ချက်။ ။ ထိုမျှလောက် ကြိုးစားခြင်း၏ ရည်ရွယ်ရင်းမှာ နောင်လာနောင်သားတို့ လွယ်ကူစွာ သိရစ်ကြဖို့နှင့် မိမိအတွက် ပညာပါရမီ အဆီအနှစ်အမတေဖြစ်ဖို့ပင် ဖြစ်ပါသည်၊ ထို့ကြောင့်-
ယဒိအညာ ဥပ္ပဇ္ဇေထ, ဣတောပိ သုခသမ္မတာ၊ တဿောကာသံ ပဒါနာယ, အယံ အန္တရဓာယတံ။
ဣတောပိ၊ အများမှီးလောက်, ခရီးရောက်၍, ပြီးမြောက်ခဲ့ရာ, ဤဘာသာဋီကာ ထက်လည်း။ သုခသမ္မတာ၊ ကြည့်ရှုပို့ချ, လွယ်ကူလှသဖြင့်, အာရဖွယ်တောင်း, အကောင်းဟု သမုတ်အပ်သော။ အညာ၊ သီလက္ခန္ဓာ, ဋ္ထကထာ၏, မှီရာကျစ်လစ်, ဋီကာသစ် တစ်မျိုးသည်။ ယဒိဥပ္ပဇ္ဇေထ၊ ပညာလိုလား, နောက်နောက်သားတို့, ကြိုးစားရစ်သော်, အကယ်၍ဖြစ်ပေါ်လာအံ့။ တဿာ၊ ထိုသို့ဖြစ်ရစ်, ဋီကာသစ်၏။ ဩကာသံ ပဒါနာယ၊ ထွန်းတောက်တင့်ရေး, အခွင့်ပေးခြင်းငှါ။ အယံ၊ နှစ်ပေါင်းများမြောက်, လွန်အားဆောက်မှ, ထွန်တောက်ထွက်လာ, ဤဋီကာသည်။ အန္တရဓာယတံ၊ ရိုးရာမတဲ့, တိုးကာငဲ့၍, ကပ်ဖဲ့မနေ, ကွယ်ပျောက်ရစ်ပါစေသတည်း။
အမှီကောင်။ ။ ဤလောက၌ မည်သည့်ပုဂ္ဂိုလ်မဆို သပ္ပုရိသုပရိဿယ ဟူသော အမှီကောင်းကို ရသောကြောင့်သာ ရောက်သင့်သောအဆင့်သို့ ရောက်ကြရပါသည်၊ ပင်ကိုယ်က ဉာဏ်ကောင်း ဝီရိယကောင်း ဖြစ်စေကာမူ အမှီမကောင်းလျှင် ရောက်သင့်သော အဆင့်သို့ မရောက်နိုင်ပါ၊ မိမိ၏ မှီခိုခဲ့ရာ ဆရာတော်များကား သရိုင်ရွာ ပင်းကျောင်းဆရာတော်ကြီးမှ စ၍ ဆရာအဆက်ဆက် အားလုံးပင် မိမိ၏ ဉာဏ်ဝီရိယနှင့် အနေအထိုင်ကို ရှုစားတော်မူကာ သီးခြားရွေးကောက်၍ ချီးမြှောက်တော်မူကြသောကြောင့် အမှီကောင်းအစစ် သပ္ပုရိသုပ နိဿယ ဖြစ်ကြပါပေသည်။
အတုန့်ပူဇော်ခြင်း။ ။ ထိုသို့ အမှီကောင်း ဆရာတော်များ၏ ချီးမြှောက်တော်မူကြသည်အားလျော်စွာ မိမိသည် ဆရာတော်များ မြှော်မှန်းတော်မူကြသလောက်အထမြောက်၍ ကျမ်းစာများကိုလည်း ပို့ချရေးသားနိုင်, သံဃာ့ပရိသတ်များကိုလည်း သေသေဝပ်ဝပ် နှင့် မပြတ် ထိန်းသိမ်းနိုင်, ဒါယကာ ဒါယိကာမတို့၏ သဒ္ဓါတရားကို လည်း ပညာနှင့် ယှဉ်လာအောင် တိုးပွားစေနိုင်ခြင်းအားဖြင့် အဖက်ဖက်က သာသနာ့ဝန်ကို အားသွန်ကြိုးပမ်းထမ်းနိုင်ပါသည်၊ ဤသို့ သာသနာ့ဝန် အားသွန်ကြိုးပမ်းထမ်းဆောင်ရကြောင်း ကောင်းမှုအလီလီ ပါရမီအထူးဖြင့် ကျေးဇူးတော်ရင် ဆရာ အရှင်မြတ်တို့အား ပျပ်ဝပ်ကော်ရောက် ပူဇော်ဝါသတည်း။
သမ္ပူဇယာမိ ထေရာနံ, ယေသာဟံ သမ္ပဂ္ဂဟိတော၊ သုသိက္ခိတော သုတ္တန္တေပိ, ပတ္တောမှိ ပကတညုကံ။
ယေသံ ထေရာနံ၊ အထက်ဝေဟင်, နေအသွင်သို့, မြေပြင်ထင်ရှား, အကြင်ဆရာတော်ဘုရားတို့သည်။ သမ္ပဂ္ဂဟိတော၊ အထူးစောင့်ရှောက်, ချီးမြှောက်အပ်သော။ အဟံ၊ ငါသည်။ သုခိက္ခိတော၊ ဟောနည်း ပြောနည်း, ပို့ချနည်း၌, သိပ်သည်းသေသပ်, သင်အပ်သော အတတ် ရှိသည်ဖြစ်၍။ သုတ္တန္တေပိ၊ ဒီဃမဇ္ဈိမ,သံယုတ္တနှင့် အင်္ဂဥတ္တရာ, လွန်စွာမွန်မြတ်, သုတ္တန် မိဋကတ်၌လည်း။ ပကတညုတံ၊ သဘောသကံ, ရှေးထုံးစံကို, အမှန်သိမြင်, ကျွမ်းကျင်သူ၏ အဖြစ်သို့။ ပတ္တော+အမှိ၊ ခေတ်ခါအလျောက်, လေးစားလောက်အောင်, မဖောက်မသွေ, ရောက်ရပေ၏။ တေသံ ထေရာနံ၊ ကျေးဇူးတော်ရင်, ဂုဏ်အင်ကြီးမာ, ထို ဆရာတော်ဘုရားတို့အား။ သမ္ပူဇယာမိ၊ ဟောပြောပို့ချ, ရေးသားရသည့်, သာသနာ့ညွန့်ဖူး, ကောင်းမှုထူးဖြင့်, ရွှင်မြူးဝမ်းသာ, ပူဇော်ပါသနည်း။
ဗိုလ်ချုပ် ၅ ဦး။ ။ မိမိ၏ သမ္ပတ္တိစက်လည်ပုံကို ကစ္စည်းဘာသာဋီကာနိဂုံး၌ ပြခဲ့ပါပြီ၊ ဤနေရာဝယ် သဒ္ဓါ ပညာစသော ဗိုလ်ချုပ်ငါးပါးတို့ကု မိမိ၏ ရုပ်နာမ် ၂ ဖြာ, ကိုယ်ခန္ဓာ၌ ကောင်းစွာအုပ်ချုပ် အလုပ်လုပ်ပုံကို ပြပါဦးမည်၊ ဗိုလ်အမည်ခံ တရားမှန်လျှင် ဆန့်ကျင်ဘက် ရန်သူကြောင့် မယိမ်းမယိုင်မြဲခိုင်သော သဘောလက္ခဏာရှိရပါသည်၊ မိမိ၏ သဒ္ဓါ ပညာ ဝီရိယ သမာဓိ သတိဟူသော ဗိုလ် ၅ ဦးလည်း ထိုလက္ခဏာဖြင့် လွန်စွာ ခံ့ညားကြပါသည်။
သဒ္ဓါဗိုလ်။ ။ မိမိသည် ဉာဏ် ဝီရိယတို့၏ အရင်းခံဖြစ်သော ရှေးကံကို အမှန်ပင် ယုံကြည်နေ၏၊ ယခုဘဝ အကောင်းအဆိုး အကျိုးပေးလေသမျှ၌ ရှေးကံသာ ပဓာနဖြစ်၏၊ သရိုင်ရွာဟူသော ပဋိရူပဒေသ၌ ဖြစ်ရခြင်းသည် ရှေးကံကြောင့်,ဘိုးဘွား မိဘ ဆွေမျိုုးကြီးများနှင့် ဆရာသမာကြီးများကို မှီခိုရခြင်းသည် ရှေးကံကြောင့် အထိုက်အလိုက် ဉာဏ် ဝီရိယကောင်းခြင်းသည် ရှေးကံကြောင့် "ယခုဘဝ၌ ပြုသမျှ ကုသိုလ်၏ ပဌမဇောစေတနာသည် ယခုဘဝမှာပင်ရှေးကုသိုလ်ကံ အခွင့်သာအောင် ကူညီထောက်ပံ့လျက်ရှိ၏, သတ္တမဇောစသည်တို့က ဒုတိယ ဘဝမှ စ၍ ကောင်းကျိုးပေးကြဦးမည်း" ဟု နားလည်ခြင်းသည် ရှေးကံကြောင့် ဤသို့ ယုံကြည်မှု သဒ္ဓါသည် (မယုံကြည်မှုက) လှုပ်ရှား၍ မရနိုင်အောင် မြဲခိုင်သော ဗိုလ်ချုပ်ပင် ဖြစ်ပါသည်။
ပညာဗိုလ်။ ။ မိမိ၏ ငယ်ရွယ်စဉ်မှ စ၍ သင်ယူအပ်ခဲ့သော ယခုတိုင်အောင်လည်း နေ့စဉ်ပို့ချ ရေးသားအပ်သော ဗုဒ္ဓမြတ်စွာ၏ တရားတော်များသည် မိမိ၏ ကမ္မသကတာဉာဏ်ပညာနှင့် ဝိပဿနာပညာကို နေ့စဉ် တိုးပွားစေ၏၊ အနုသယဓာတ်အဖြစ်ဖြင့် စွဲကပ်ပါရှိနေသော အဝိဇ္ဇာ၏ ဆန့်ကျင်ဘက်ဖြစ်သော ဤပညာသည် ယခုအနေမှာပင် အတော်သွက်လက် တက်မြက်နေပြီ ဖြစ်ရကား တစ်ဆင့်ထက်တစ်ဆင့် တက်သွားလျှင် ဆန့်ကျင်ဘက် အဝိဇ္ဇာကို အဆုံးတိုင် ပယ်ဖျက်ဖို့ရာ ခန္ဓာအစဉ်ဝယ် အလွန်ပင် ခံ့ခိုင်သော ဗိုလ်ချုပ်ဖြစ်ပါလိမ့်မည်။
ဝီရိယဗိုလ်။ ။ သဒ္ဓါနှင့် ပညာ ၂ ဖြာသော ဗိုလ်ချုပ်ဆရားတို့က မားမားမတ်မတ် ရပ်တည်လိုက်သည်နှင့် တစ်ပြိုင်နက် တက်တက်ကြွကြွ ဝီရိယဗိုလ်သည် အလိုလိုအားထုတ်၍ နောက်မဆုတ်ဘဲ ခိုင်မြဲရကား ဆန့်ကျင်ဘက်ဖြစ်သော ကောသဇ္ဇ (အပျင်း) ဓာတ်တွေ ကင်း၍ကင်း၍ နေပါသည်၊ ထို့ကြောင့်ပင် အများအလို "အိုပြီ" ဟု ဆိုရသော်အသက် (၇၀) အရွယ်မှာပင် စာချ စာရေးလျက်သွက်တုန်း ထက်တုန်းဟု ထင်ရ၏၊ ဤသို့လျှင် ဝီရိယ ဗိုလ်ချုပ်လည်း ပျင်းရိမှုကောသဇ္ဇတရားကို ထွားထွားညက်ညက် နင်းချေဖျက်ကား မားမားမတ်မတ် ရပ်တည်လျက်ရှိပါသည်။
သမာဓိဗိုလ်။ ။ အာရုံတစ်မျိုးဝယ် အချိန်အတော်ကြာအောင် စူးစိုက်စွာ တည်တံ့နေသော သမာဓိတရားကား စာပေရေးသား ပို့ချရသော ပုဂ္ဂိုလ်များအတွက် အစဉ်လိုလားအပ်သော ဗိုလ်ချုပ်တစ်ပါးဖြစ်၏၊ သမာဓိသစ်သည်နှင့် တစ်ပြိုင်နက် ဆန့်ကျင်ဘက်ဖြစ်သော ပျံ့လွင့်မှု ဥဒ္ဂစ္စသည် အဆင်သင့်ဝင်လာတော့၏၊ ထို့သို့ မဝင်လာနိုင်အောင် သမာဓိဗိုလ်ချုပ်လည်း ဝီရိယကို အဖော်လုပ်ကာ မိမိ၏ ရုပ်နာမ်ခန္ဓာတွင် နေ့စဉ်မပြတ် တည့်မတ်စွာ ရပ်တည်လျက် ရှိပါသည်။
သတိဗိုလ်။ ။ ဉာဏ်ပညာအခြေခံရှိသော်လည်း သတိမပါလျှင် အရာရာ၌ အဆင်မပြေတတ်ပါ၊ ဤတစ်ဘဝတည်း၌ပင် ကျမ်းမာရေး ပေါင်းသင်းဆက်ဆံရေး စီမံအုပ်ချုပ်ရေးစသော အရေးအရာတိုင်း၌ နားလည်မှု ပညာလည်းရှိ, သတိလည်းရှိမှ ပြေပြေပြစ်ပြစ် ဖြစ်နိုင်ပါသည်၊ ပုထုဇဉ်တို့၏ ခန္ဓာအစဉ်ဝယ် "လောဘ ဒေါသ မာန်မာနနှင့် ဣဿာ မစ္ဆရိယ" ဟူသော တရားငါးမျိုးသည် ဆိုးဝါး သောင်းကျန်းလျက်ရှိ၏၊ ထိုငါးမျိုးကို ပညာဗိုလ် သတိဗိုလ် ၂ ပါးဖြင့် နှိပ်နင်း၍ မထားနိုင်ပါလျှင် ဧရာမပညာ့ရှင်ဟု အထင်ကြီးခံရသော ပုဂ္ဂိုလ်များပင် ထို တရားငါးပါးကြောင် အမှားမှား အယွင်းယွင်း ဖြစ်ရတတ်ပါသည်၊ "သတိံ စ ခွါဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ဝဒါမိ" ဟူသည်နှင့်အညီ, သဒ္ဓါနှင့် ပညာတို့ ထမ်းပိုးထမ်းမညီမျှသော အခါနှင့် သမာဓိနှင့် ဝီရိယတို့ ထမ်းပိုးထမ်း မညီမျှသောအခါ၌ မပိုရ မလိုရအောင် ဤ သတိဗိုလ်က ကြိုးကိုင်၍ပေးရသောကြောင့် အရာရာ၌ အချုပ်အခြာဖြစ်သော သတိဗိုလ်ကိုလည်း အမြဲတည်ရှိစေရပါသည်။
စတုစက္ကံ ဝတ္တိယာန, ယာနံ ဗလပရိဂ္ဂဟံ၊ ယာနာယ အမတံ ပါရံ, ကဿံ ပုရိသကာရိယံ။
စတုစက္ကံ၊ သမ္ပတ္တိစက်, ၄ ချက်စုပေါင်း, စက်ခေါင်း ၄ ခုလည်း ပါရှိထသော။ ဗလပရိဂ္ဂဟံ၊ ရန်းပေါင်း ခွင်းဖြို, ငါးဦးဗိုလ်တို့, ကိုယ်စီစောင့်ကြပ်, အုပ်ချုပ်အပ်ထသော။ ယာနံ၊ အသွားလျင်လျင်, အများတင်လည်း, အားအင်ခိုင်ဖြီး, မဂ္ဂင် တည်းဟူသော ယာဉ်ပျံတော်ကြီးကို။ ဝတ္တိယာန၊ မတိမ်းမစောင်း, လည်စေကြောင်းဖြင့်, ကောင်းစွာ အစဉ်, မောင်းကာနှင်၍။ အမတံ ပါရံ၊ ဤဘက်မှာနေ, အားလုံးသေလျက်, ဟိုပြည်ရောက်မှ, ဘေးကင်းရမည်, အမတခေါ, နေပြည်တော်သို့။ ယာနယ၊ ကိလေသာဟူ, ရန်သူပစ်ဖေါက်, ဗုံး အမြောက်တို့, မကြောက်မနား အရောက်သွားခြင်းငှါ။ ပုရိသ ကာရိယံ၊ ယောင်္ကျားမှန်က, ပြုရဲရမည့်, ကမ္ဘာ့လက်ရိုး, လုလ္လမျိုးကို။ ကဿံ၊ ငါးဦး ဗိုလ်ချုပ်, အဖေါ်လုပ်၍, မဆုတ်ရစေ...... ပြုလုပ်ပေအံ့သတည်း။