Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Sīlakkhandhavaggaṭṭhakathā
(DN) Sīlakkhandhavaggaṭṭhakathā

Ambaṭṭhavaṃsakathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

**ဒက္ခိဏဇနပဒံ**တိ၊ ကား။ ဒက္ခိဏာပထောတိ၊ ဒက္ခိဏာပထတိုင်းဟူ၍။ ပါကဋံ၊ ထင်ရှားသော။
ဂင်္ဂါယ၊ ဂင်္ဂါမြစ်၏။ ဒက္ခိဏတော၊ တောင်အရပ်က။ ဇနပဒံ၊ ဇနပုဒ်သို့။ (ဂန္တွာ၌ စပ်။)
ကိရ၊ ချဲ့။ တဒါ၊ ထိုအခါ၌။ ဒက္ခိဏာပထေ၊ ဒက္ခိဏာပထ တိုင်း၌။ ဗဟူ၊ ကုန်သော။ ဗြာဟ္မဏတာပသာ၊ ပုဏ္ဏား ရသေ့တို့သည်။ ဟောန္တိ၊ ရှိကုန်၏။ သော၊ ထိုကဏှသည်။ တတ္ထ၊ ထိုဒက္ခိဏာပထတိုင်းသို့။ ဂန္တွာ၊ သွား၍။ ဧကံ၊ သော။ တာပသံ၊ ကို။ ဝတ္တပဋိပတ္တိယာ၊ ဝတ်အကျင့်ဖြင့်။ အာရာဓေသိ၊ နှစ်သက်စေပြီ။
သော၊ ထိုရသေ့သည်။ တဿ၊ ထိုကဏှ၏။ ဥပကာရံ၊ လျော်စွာ ပြုတတ်သော ကျေးဇူးကို။ ဒိသွာ၊ မြင်၍။ အာဟ၊ ပြောပြီ။
(ကိံ။) အမ္ဘောပုရိသ၊ အမောင်ယောက်ျား။ တေ၊ သင်အား။ မန္တံ၊ မန္တန်ကို။ ဒေမိ၊ ပေးအံ့။ ယံ၊ အကြင် မန္တန်ကို။ (ဂဏှိတုံ၊ သင်ယူခြင်းငှာ။) ဣစ္ဆသိ၊ အလိုရှိ၏။ တံ မန္တံ၊ ထိုမန္တန်ကို။ ဂဏှာဟိ၊ သင်ယူလော။ ဣတိ၊ ဤသို့ပြောပြီ။
သော၊ ထိုကဏှသည်။ အာဟ၊ လျှောက်ပြီ။
(ကိံ။) အာစရိယ၊ ဆရာ။ မေ၊ တပည့်တော်အား။ အညေန၊ အခြားသော။ မန္တေန၊ မန္တန်ဖြင့်။ ကိစ္စံ၊ ပြုဖွယ်ကိစ္စသည်။ နံ အတ္ထိ၊ မရှိပါ။ ယဿ၊ အကြင်မန္တန်၏။ အာနုဘာဝေန၊ အာနုဘော်ကြောင့်။ အာဝုဓံ၊ လက်နက်သည်။ န ပရိဝတ္တတိ၊ မလည်နိုင်။ မေ၊ တပည့်တော်အား။ တံ မန္တံ၊ ကို။ ဒေဟိ၊ ပေးတော်မူပါ။ ဣတိ၊ ဤသို့လျှောက်ပြီ။
သော၊ ထိုရသေ့သည်။
ဘော၊ အမောင်။ ဘဒြံ၊ ကောင်းပါပြီ။ ဣတိ၊ ဤသို့ပြော၍။ ["ဘဒြံ ဘော" ကား သာဓုနှင့် အနက်တူသော စကား, သင်ပေးဖို့ရန် ဝန်ခံသော စကားတည်း။]ဒက္ခိဏဇနပဒံ။ ။ ဒက္ခိဏတော + ဇနပဒုံ ဒက္ခိဏဇနပဒံ-ဂင်္ဂါမြစ်၏ တောင်ဘက်အရပ်၌ ဇနပုဒ်၊ ထိုဇနပုဒ်၏ နာမည်မှာ ("ဒက္ခိဏာပထ" ဟု ထင်ရှားသောကြောင့် "ဒက္ခိဏာပထောတိ ပါကဋံ" ဟု ဝိသေသန ပြုသည်၊ ပါကဋံကို ဇနပဒံ၌ စပ်ရသောကြောင့် ပါကဋံ၏ နောက်၌ ပိုဒ်မလို၊ ဒက္ခိဏတော နောက်၌လည်း "ပါကဋံ" ဟု ထပ်၍ရှိဖွယ် မလို။ ["ဒက္ခိဏာ" ဟု အာကာရန္တ အဗျယပုဒ်လည်းရှိ၏၊ ထိုကြောင့် "ဒက္ခိဏာပလော" ဟု ဏာ၌ ဒီဃရှိရသည်။
အာဝုဓံ န ပရိဝတ္တတိ။ ။ မြားကိုဖြစ်စေ, လှံစသည်ကိုဖြစ်စေ သူတစ်ပါး၏အပေါ်၌ ပစ်ချလိုလတ်သော် မန္တန်၏ ဒာနုဘော်ကြောင့် ထိုသူ၏လက်သည် ထက်ဝန်းကျင်သို့ လှည့်၍ မဖြစ်, လက်ကို လှည့်၍ မရတော့၊ လက်ကို လှည့်၍ မရလျှင် လက်ဖြင့်ကိုင်ထားအပ်သောလက်နက် လှည့်ဖို့အရေးမှာ သာ၍ မဖြစ်နိုင်တော့၊ ထို့ကြောင့် "အာဝုဓံ န ပရိဝတ္တတိ လက်နက်သည် အဖန်ဖန် မလည်တော့၊ (လက်နက်ကို ပစ်ခတ်၍ မရတော့" ဟု ဆိုလိုသည်။
တဿ၊ ထိုကဏှအား။ ဓနုအဂမနီယံ၊ လေး၏ မလာနိုင်ကြောင်းဖြစ်သော။ အမ္ဗဋ္ဌံနာမ၊ မည်သော။ ဝိဇ္ဇံ၊ အတတ်ကို။ ဝါ၊ မန္တန်ကို။ အဒါသိ၊ သင်ပေးပြီ။ သော၊ ထိုကဏှသည်။ တံ ဝိဇ္ဇံ၊ ထိုအတတ်ကို။ ဝါ၊ ထိုမန္တန်ကို။ ဂဟေတွာ၊ သင်ယူပြီး၍။ တတ္ထေဝ၊ ထိုအရပ်၌ပင်။ ဝီမံသိတွာ၊ စူးစမ်း၍။ (မြား လာနိုင် မလာနိုင်ကို စူးစမ်း၍။)
ဣဒါနိ၊ ယခုအခါ၌။ မေ၊ ငါ၏။ မနောရထံ၊ စိတ်အလိုကို။ ပူရေဿာမိ၊ ပြည့်စေနိုင်တော့အံ့။ ဣတိ၊ ဤသို့ကြံ၍။ ဣသိဝေသံ၊ ရသေ့အသွင်ကို။ [ရှေးစာအုပ်များ၌ "အညံ ဣသိဝေသံ" ဟု အညံပိုနေ၏။] ဂဟေတွာ၊ ယူပြီး၍။ ဩက္ကာကဿ၊ ဩက္ကာက မင်း၏။ သန္တိကံ၊ အထံသို့။ ဂတော၊ သွားပြီ။
တေန၊ ထို့ကြောင့်။ ဒက္ခိဏာဇနပဒံ။ ပေ။ ဥပသင်္ကမိတွာတိ၊ ဟူ၍။ (သံဂီတိကာရေဟိ။) ဝုတ္တံ၊ မိန့်တော်မူအပ်ပြီ။
ဧတ္ထ၊ ဤဒက္ခိဏဇနပဒံ ဂန္တွာ အစရှိသောစကားရပ်၌။ **ဗြဟ္မမန္တေ**တိ၊ ကား။ အာနုဘာဝသမ္ပန္နတာယ၊ တန်ခိုးအာနုဘော်နှင့် ပြည့်စုံသည်၏အဖြစ်ကြောင့်။ ("သေဋ္ဌ"၌ စပ်။) သေဋ္ဌမန္တေ၊ မြတ်သောမန္တန်တို့ကို။ ("အဓီယိတွာ"ဟု ပါဠိတော်၌ စပ်။) [ဗြဟ္မစရိယ အကျင့်ကဲ့သို့ ပင်ကိုယ်သဘောအားဖြင့် မြတ်သည် မဟုတ်,တန်ခိုးအာနုဘော်နှင့် ပြည့်စုံသောကြောင့် ကောင်းသော အမြတ်ဟု သိစေလို၍ ဤသို့ဖွင့်သည်။ဓနုအဂမနီယံ။ ။ ဓနုနော-လေး၏ + အဂနီယာ-မလာကြောင်းဖြစ်သော အတတ်တည်း၊ ဓနုအဂမနီယာ (ဝိဇ္ဇာ)၊ လေးဖြင့် ပစ်လွှင့်အပ်သော မြား၏ မလာနိုင်ကြောင်းဖြစ်သော အတတ်ကိုပင် ဌာနလေး၏အမည်ကို ဌာနီမြား၌ တင်စားသော ဌာနူပစာရအားဖြင့် "ဓနု အဂနီယာ" ဟု ဆိုသည်၊ သသမ္ဘာရကထာ (မြား၏ အဆောက်အဦးဖြစ်သော လေးနှင့်တကွ ဆိုအပ်သောစကား) တည်း။
အမ္ဗဋ္ဌံနာမ။ ။ "သတ္တာနံ သရီရေ အမ္ဗင်္ဂံ (အဗ္ဘင်္ဂံ) ဌပေတီတိ အမ္ဗဋ္ဌော" ဟု ဋီကာဝိဂ္ဂဟ ပြု၏၊ "အမ္ဗင်္ဂဋ္ဌပါ" ဟု ဆိုလိုလျက် နိရုတ္တိနည်းအားဖြင့် "င်္ဂ + ပ" တို့ကို ချေ၍ "အမ္ဗဋ္ဌာ" ဟုဖြစ်၏၊ ["အမ္ဗင်္ဂံ-သရက်ပင်ကဲ့သို့ မတုန်မလှုပ် ခိုင်မာသောကိုယ်အင်္ဂါကို" ဟုလည်းကောင်း, "အဗ္ဘင်္ဂံ-နယ်ဆီ သုတ်လိမ်းထားသကဲ့သို့ မတုန်မလှုပ်သောကိုယ်အင်္ဂါကို" ဟုလည်းကောင်း ဆရာတော်၏ နိဿယ၌ ပေး၏၊ သို့သော် "အမ္ဗဋ္ဌာ ဝိဇ္ဇာ" ဟု ရှေးက ထင်ရှားသော ဝိဇ္ဇာတစ်မျိုးကို ဘာသန္တရ တတ်ကျွမ်းသူတို့အား မေးမြန်းလေ့လာသင့်ပါ၏၊] ထိုဝိဇ္ဇာမန္တန်ရှိသောကြောင့် "အမ္ဗဋ္ဌာ ယဿာတိ အမ္ဗဋ္ဌော" ဟု ဝစနတ္ထ ပြု၍ ကဏှရသေ့၏ မူလအမည်ဖြစ်၏၊ အမ္ဗဋ္ဌလုလင်ကား ထိုအနွယ်၌ `ဖြစ်သောကြောင့် အပစ္စအနက်၌ ဏပစ္စည်းသက်၍ "အမ္ဗဋ္ဌဿ + အပစ္စံ အရ အမ္ဗဋ္ဌအမည်ရသည်။
မနောရထံ ပူရေဿာမိ။ ။ ကဏှသည် ကျွန်မမှ မွေးဖွားရသော သူ၏ဇာတိကို စက်ဆုပ်သောကြောင့် "ထိုဇာတိကို တစ်နည်းနည်းဖြင့် စင်ကြယ်စေရမည်" ဟု ရည်ရွယ်၍ ဒက္ခိဏဇနပုဒ်သို့ ထွက်လာခဲ့၏၊ ယခုအခါ မန္တန်အစွမ်းဖြင့် ရှင်ဘုရင်ကို ထိတ်လန့်စေကာ ဘုရင်၏သမီးတော်ကို ရသည်မှ စ၍ ငါ၏ဇာတိကို စင်ကြယ်စေပြီးဖြစ်တော့မည်-ဟု မျှော်လင့်ကာ "မနောရထံ ပူရေဿာမိ-စိတ်အလိုကို ပြည့်စေရတော့မည်" ဟု ကြံစည်လေသည်။ [မနောရထပုဒ် အဖွင့်ကို သာမညဖလသုတ်, ရာဇာမစ္စကထာ၌ ပြခဲ့ပြီ။]
**ကော ၊ ပေ၊ ဒါသိပုတ္တော**တိ၊ ကား။ အရေ၊ အချင်းတို့။ ကော နု၊ အဘယ့်ကြောင့်။ [ကိံ ကာရဏာ။- ဋီကာသစ်။ ဧဝံ၊ သို့။ ("ယာစတိ" ၌ စပ်။) အယံ၊ ဤအကောင်သည်။ မမ၊ ၏။ ဒါသိပုတ္တော၊ ကျွန်မ၏ သားသည်။ (သမာနောလျက်။) ("မဒ္ဒရူပိံ ဓီတရံ ယာစတိ" ဟု ပါဠိတော်၌ စပ်။)
**သော တံ ခုရပ္ပန္တိ**၊ ကား။ သော ရာဇာ၊ သည်။ တံ၊ ထိုကဏှကို။ မာရေတုကာမတာယ၊ သတ်ခြင်းငှာ အလိုရှိသည်၏ အဖြစ်ကြောင့်။ သန္နိယှိတံ၊ ဖွဲ့အပ်သော။ [သံ+နဓာတ်။ ဒိဝါဒိ (ယ) ပစ္စည်းသက်၍ "သန္နယှိတံ" ဟု ရှိစေ။] သရံ၊ မြားကို။ တဿ၊ ထိုကဏှ၏။ မန္တာနုဘာဝေန၊ မန္တန်၏ အစွမ်းကြောင့်။ ခိပိတုံ၊ ပစ်ခတ်ခြင်းငှာ။ နေဝ (သက္ခိ)၊ မစွမ်းနိုင်။ အပနေတုံ၊ ဖယ်ရှားခြင်းငှာ။ န သက္ခိ။ တာဝဒေဝ၊ ထိုခဏ၌ပင်။ သကလသရီရေ၊ အလုံးစုံသောကိုယ်၌။ သဉ္ဇာတသေဒေါ၊ လွန်စွာဖြစ်သော ချွေးရှိသည်။ (ဟုတွာ။) ဘယေန၊ ကြောင့်ခြင်းကြောင့်။ ဝေဓမာနော၊ တုန်လှုပ်လျက်။ အဋ္ဌာသိ တည်ပြီ။
**အမစ္စာ**တိ၊ ကား။ မဟာမစ္စာ၊ အမတ်ကြီးတို့သည်လည်းကောင်း။
**ပါရိသဇ္ဇာ**တိ၊ ကား။ ဣတရေ၊ အမတ်ကြီးတို့မှ တစ်ပါးကုန်သော။ ပရိသာဝစရာ၊ ပရိသတ်၌ကျင်လည်း (ပါဝင်) ကုန်သော သူတို့သည်လည်းကောင်း။ ("ဧတဒဝေါစုံ" ဟု ပါဠိတော်၌ စပ်။)
**ဧတဒဝေါစုန္တိ**၊ ကား။ ကိသဝစ္ဆတာပသေ၊ ကိသဝစ္ဆရသေ့၌။ အပရဒ္ဓဿ၊ ချွတ်ယွင်းသော။ ဝါ၊ ပြစ်မှားသော။ ဒဏ္ဍကီရညော၊ ဒဏ္ဍကီမင်း၏။ အာဝုဓဝုဋ္ဌိယာ၊ လက်နက်မိုးကြောင့်။ သကလရဋ္ဌံ၊ တစ်နိုင်ငံလုံးသည်။ ဝိနဋ္ဌံ၊ ပျက်စီးဖူးပြီ။
နာဠိကေရော၊ နာဠိကေရမင်းသည်။ ပဉ္စသု တာပသသတေသု၊ ငါးရာသော ရသေ့တို့၌။ (အပရဒ္ဓေါ၊ သည်။ ဟုတွာ၊ ၍လည်းကောင်း။) အဇ္ဇုနော၊ နမင်းသည်။ အင်္ဂီရသေ၊ အင်္ဂီရသရသေ့၌။ အပရဒ္ဓေါ (ဟုတွာ) စ၊ လည်းကောင်း။ ပထဝိံ၊ မြေကို။ ဘိန္ဒိတွာ၊ ခွဲ၍။ နိရယံ၊ ငရဲသို့။ ပဝိဋ္ဌော၊ ဝင်ဘူးပြီ။ ဣတိ၊ သို့။ စိန္တယန္တာ၊ ကြံကြကုန်လျက်။ ဘယေန၊ ကြောက်ခြင်းကြောင့်။ ဧတံ သောတ္ထိ ဘဒ္ဒန္တေတိ အာဒိဝစနံ၊ သောတ္ထိ ဘဒ္ဒန္တေ အစရှိသော ဤစကားကို။ အဝေါစုံ၊ လျှောက်ကြကုန်ပြီ။ခုရပ္ပံ။ ။ ခုရဓာတ်သည် ဆိန္ဒနအနက်ကို ဟော၏၊ ခုရတိ ဆိန္ဒတီတိ ခုရုပ္ပေါ၊ အပ္ပပစ္စည်း၊ တစ်နည်း-ခုရမဿ အဂ္ဂေ (ထိုမြား၏ အဖျား၌ သင်ဓုန်းကဲ့သို့ ဖြတ်တောက်တတ်သော အသွားကို) အပ္ပီယတိ ထဝီယတိ-တပ်ထားအပ်၏၊ ဣတိ ခုရပ္ပေါ။
ဘယေန။ ။ မန္တန်၏တန်ခိုးသည် လက်ရုံးကို မလှည့်နိုင်ရုံ (လက်ရုံးကပ်နေရုံ) စွမ်းနိုင်၏၊ သို့သော် ဘာဖြစ်လိမ့်ဦးမည်ကို မသိသောကြောင့် အလွန်ကြောက်လျက် ရှင်ဘုရင်သည် တုန်လှုပ်နေ၏၊ အမတ်များလည်း ဒဏ္ဍကီမင်း စသူတို့၏ဖြစ်ပုံကို အဆင့်ဆင့် ကြားဖူးကြရကား အလွန်ကြောက်ရွံ့ကြ၏၊ ထို့ကြောင့် "သောတ္ထိ ဘဒ္ဒန္တေ" စသော စကားကို ပြောဆိုကာ တောင်းပန်ကြရလေသည်။
**သောတ္ထိ ဘဝိဿတိ ရညော**တိ ဣဒံ ဝစနံ၊ ညော အစရှိသော စကာကို။ ("အဘာသိ"၌ စပ်။) ကဏှော၊ ကဏှရသေ့သည်။ စိရံ၊ အတော်ကြာအောင်။ တုဏှီ၊ ဆိတ်ဆိတ်။ ဟုတွာ၊ ဖြစ်ပြီး၍လည်းကောင်း။ တတော၊ ထိုမှနောက်၌။ အနေကပ္ပကာရံ၊ တစ်ပါးမက များသောအပြားရှိအောင်။ (ကြိမ်ဖန်များစွာ။) ယာစိယမာနော၊ တောင်းပန်အပ်သော်။
တုမှာကံ၊ အသင်တို့၏။ ရညာ၊ သည်။ မာဒိသဿ၊ ငါကဲ့သို့လှူအပ်သော။ (တန်ခိုးကြီးသော။) ဣသိနော၊ ရသေ့၏။ (အပေါ်၌။) ခုရပ္ပံ၊ မြားကို။ သန္နယှန္တေန၊ ဖွဲ့မိသည်။ (ဟုတွာ။) ဘာရိယံ၊ လေးလံလှစွာသော။ ကမ္မံ၊ အမှုကို။ ကတံ၊ ပြုအပ်မိပြီ။ ဣတိ အာဒီနိ၊ ဤသို့ အစရှိသော စကားတို့ကို။ ဝတွာစ၊ ပြောဆိုပြီး၍လည်းကောင်း။ ပစ္ဆာ၊ နောက်မှ။ အဘာသိ၊ ပြောဆိုပြီ။
**ဥဒ္ဒရီယိဿတီ**တိ၊ ကား။ ဘိန္ဒိဿတိ၊ ခွဲလတံ့။ ထုသမုဋ္ဌိ ဝိယ၊ ဖွဲ့ဆုပ်သည်ကဲ့သို့။ ဝိပ္ပကိရိယိဿတိ၊ ဖရိုဖရဲဖြန့်ချဲလတံ့။ ဣတိ၊ ဤကားအနက်။
ဣဒံ၊ ဤစကားကို။ သော၊ ထိုကဏှရသေ့သည်။ ဇနံ၊ လူအပေါင်းကို။ တာသေဿာမိ၊ ထိတ်လန့်စေအံ့။ ဣတိ၊ ဤသို့ကြံ၍။ မုသာ၊ မုသားကို။ ဘဏတိ၊ ၏။
ဟိ၊ မှန်။ သရသန္တမ္ဘနတ္တေယေဝ၊ မြား၏ တောင့်တင်းခိုင်မာကြောင်းမျှ၌သာ။ (မြားကိုကိုင်သော လက်၏ တောင့်ကင်းခိုင်မာကြောင်းမျှ၌သာ။) အဿ၊ ထိုကဏှရသေ့၏။ ဝိဇ္ဇာယ၊ အတတ်၏။ (မန္တန်၏။) အာနုဘာဝေါ၊ အာနုဘော်သည်။ (ဟောတိ၊ ဖြစ်၏။ သရသန္တမ္ဘနမတ္တာ၊ ကို။) အညတြ၊ ကြဉ်၍။ (အာနုဘာဝေါ။) န (ဟောတိ။)
ဣတော၊ ဤဥဒ္ဒရီယိဿတိဟူသော စကားမှ။ ပရေသု၊ နောက်၌ဖြစ်ကုန်သော။ ဝစနေသုပိ၊ (သတ္တဝဿာနိ ဒေဝေါ န ဝသိဿတိ စသော။) စကားတို့၌လည်း။ ဧသေဝနယော၊ တည်း။ ["မုသာ ဘဏတိ"ကို ညွှန်သည်။]ဥဒ္ဒရီယိဿတိ။ ။ ဥ + ဒရဓာတ်သည် ဘေဒနအနက်ကို ဟော၏၊ ထို့ကြောင့် "ဘိဇ္ဇိဿတိ" ဟု သဒ္ဒတ္ထဖွင့်သည်၊ ဘိဇ္ဇ-ကွဲ (ခွဲ) ဟူရာ၌ ၂ ခြမ်းကွဲသော အကွဲ (အခွဲ) မဟုတ်, အစိတ်စိတ် အမွှာမွှာ ကွဲသော အကွဲဟု သိစေလို၍ "ထုသမုဋ္ဌိ ဝိယ ဝိပ္ပကိရိယိဿတိ" ဟု အဓိပ္ပာယတ္ထ ဖွင့်သည်။ [ဥန္ဒြိယိဿတိဟု စာအုပ်တို့၌ ရှိ၏၊ စဉ်းစားပါ။]
ကမ္မကတ္တား။ ။ ဤပုဒ်များကို ကမ္မကတ္ထုရုပ်များဟု ဋီကာဖွင့်၏၊ ကံဖြစ်ပါလျက် ပြုလွယ် ပျက်လွယ်သည်ကို စွဲ၍ ကတ္တားအဖြစ်ဖြင့် တင်စားအပ်သော အနက်ကို "ကမ္မကတ္တား" ဟု ခေါ်၏၊ အကျယ်ကို သဒ္ဒါကျမ်းတို့၌ ရှုပါ၊ ဤနေရာ၌ မြေကြီးသည် ခွဲတတ်သော ကတ္တု သတ္တိ မရှိ, ခွဲအပ်သော ကမ္မသတ္တိသာ ရှိ၏၊ သို့သော် သူ့ဘာသာခွဲလိုက်သကဲ့သို့ ထင်ရလောက်အောင် အလွန် အကွဲမြန်ရကား ကတ္တုသတ္တိ ရှိသကဲ့သို့ တင်စားထား၏၊ အနက်ပေးသောအခါ ကတ္တုသတ္တိသံပါအောင် "ခွဲလတံ့" ဟု ပေးရသည်။
သုဒ္ဓကတ္တားဟော ကြံလျှင်။ ။ ကမ္မကတ္တား မကြံဘဲ ကတ္တုရုပ် ရိုးရိုးသာဟု (စုရာဒိ ဏယပစ္စည်းဖြင့်) "ဥဒ္ဒရယိဿတိ-ကွဲလတံ့၊ (ကတ္တားဟော၊) (ဒိဝါဒိရုပ်ဖြင့်) ဘိဇ္ဇိဿတိ ကွဲလတံ့၊ ပိပ္ပကိရိဿတိ-ဖရိုဖရဲ ကြဲလတံ့" ဟုလည်းဖြစ်နိုင်ပါသည်။
**ပလ္လောမော**တိ၊ ကား။ ပန္နလောမော၊ ကျသောအမွေးရှိသည်။ ("ဘဝိဿတိ" ဟု ပါဠိတော်၌ စပ်။)
အဿ၊ ထိုသားတော်ကြီး၏။ လောမဟံသနမတ္တမ္ပိ၊ အမွေးတို့၏ ရွှင်ခြင်းမျှသည်လည်း။ (ကြက်သီးမွေးညင်း ထခြင်းမျှသည်လည်း။) န ဘဝိဿတိ။
ဣဒံ၊ ဤပလောမောဟူသော နောက်ဆုံးစကားကို။ သော၊ ထိုကဏှရသေ့သည်။ မေ၊ အား။ ရာဇာ၊ သည်။ တံ ဒါရိကံ၊ ထိုမဒ္ဒရူပီမင်းသမီးကို။ ဒဿတိ၊ အကယ်၍ ပေးလတံ့။ ဣတိ၊ ဤသို့သော။ ပဋိညံ၊ ပဋိညာဉ်ကို။ ကာရေတွာ၊ ပြုစေပြီး၍။ အဝစ ကိရ၊ ပြောဆိုသတတ်။
**ကုမာရေ ခုရပ္ပံ ပတိဋ္ဌပေသီ**တိ၊ ကား။ တေန၊ ထိုကဏှရသေ့သည်။ သရော၊ မြားသည်။ ဩတရတု၊ သက်စေ။ ဣတိ၊ သို့။ မန္တေ၊ မန္တန်ကို။ ပရိဝတ္တိတေ၊ အဖန်ဖန် မန်းမှုတ်အပ်ပြီးသော်။ ဝါ၊ စုပ်အပ်ပြီးသော်။ ကုမာရဿ၊ ၏။ နာဘိယံ၊ ချက်၌။ ပတိဋ္ဌပေသိ၊ တည်စေပြီ။
**ဓီတရံ အဒါသီ**တိ၊ ကား။ (ကဏှဿ၊ ကဏှအား။ ဝါ၊ ကဏှ၏။) သီသံ၊ ဦးခေါင်းကို။ ဓောဝိတွာ၊ ရေဆေးပြီး၍။ (တစ်နည်း) သီသံဓာဝိတွာ၊ ခေါင်းလျှော်ပြီး၍။ အဒါသံ၊ ကျွန် မဟုတ်သည်ကို။ ဘုဇိဿံ၊ ကျွန်အဖြစ်မှ လွတ်သည်ကို။ ဝါ၊ တော်လှန်သည်ကို။ ကတွာ၊ ပြုပြီး၍။ ဝါ၊ ပြုပြီးမှ။ ဓီတရံ၊ သမီးတော်ကို။ အဒါသိ၊ ပေးပြီ။ စ၊ သမီးတော် ပေးရုံသာမကသေး။ နံ၊ ထိုကဏှကို။ ဥဠာရေ၊ မြင့်မြတ်သော။ ဌာနေ၊ ရာထူး၌။ ထပေသိ၊ ထားပြီ။
ပန၊ ဆက်။ (ပြတ်ပြီးဆက်။) **မာ ခေါ တုမှေ မာဏဝကာ**တိ ဣဒံ၊ မာ ခေါ၊ ပေ၊ ဝကာ အစရှိသော ဤစကားကို။ ဘဂဝါ။
ဧကေန ပက္ခေန၊ တစ်ခုသော အမိအဖို့အားဖြင့်။ ဝါ၊ တစ်ခုသော အမိဘက်အားဖြင့်။ပလ္လောမော။ ။ "ပန္နလောမော" ဟု ဆိုလိုလျက် နိရုတ္တိနည်းအားဖြင့် န္နကို လပြု နောက် လသို့ ကပ်၍ပလောမော" ဟုဖြစ်၏၊ ပန္နပုဒ်ကား ပတဓာတ် + တကို အန္နပြု၍ပြီး၏၊ ပတိံသူတိ ပန္နာနိ၊ ပန္နာနိ + လောမာနိ ယဿာတိ ပလ္လောမော၊ အမွေးတွေ ထောင်လျှင် ကြက်သီးထ၏၊ ကြောက်ရွံ့မှလည်း ကြက်သီးထသည်၊ ယခုသော် မဒ္ဒရူပီသမီးတော်ကို ပေးရကား ကြက်သီး မထ, မွေးညင်း မကြွဘဲ ပန္နလောမဖြစ်ပါလိမ့်မည်၊ "အမွေးတွေ အောက်သို့ ကျမြဲကျနေပါလိမ့်မည်" ဟူလို။
မန္တေ ပရိဝတ္တိတေ။ ။ ဤမန္တန်ကား လက်ရုံးတောင့်တင်းနေအောင် ပြုကြောင်းဖြစ်သော မူလမန္တန်၏ သတ္တိကို ဖြေကြောင်း မန္တန်တည်း၊ မှန်၏-သူတစ်ပါးကို နှိပ်စက်ကြောင်း မန္တန်ဟူသမျှ၌ အဖြေမန္တန်လည်း ရှိမြဲတည်း။ [မန္တေတိ ဗာဟုက္ခမ္ဘကမန္တဿ ပဋိပ္ပဿမ္ဘက ဝိဇ္ဇာသင်္ခါတေ မန္တေ၊ သရော ဩသရတူတိ (မြားသည် အောက်သို့ သက်စေသတည်းဟု) ပရိဝတ္တိတေ၊-ဋီကာ။]
ဘုဇိဿံ ကတွာ။ ။ သမီးတောကို သူတစ်ပါးက ကျွန်၏ မယားဟု မစွပ်စွဲနိုင်ဖို့ရန် ကဏှကို တော်လှန်ရ (ကျွန်အဖြစ်မှ လွတ်စေရ) ၏၊ ထိုသို့ လွှတ်စေပြီး သမီးတော်နှင့် လက်ထက်ပြီးသောအခါ ထိုက်တန်သော ရာထူး၌ ထားရသည်။
အမ္ဗဋ္ဌော၊ သည်။ သကျာနံ၊ သာကီဝင်တို့၏။ ဉာတိ၊ ဆွေမျိုးသည်။ ဟောတိ၊ ၏။ ဣတိ၊ ဤအနက်အဓိပ္ပာယ်ကို။ ပကာသေန္တော၊ ထင်ရှားပြတော်မူလျက်။ တဿ၊ ထိုအမ္ဗဋ္ဌကို။ သမဿာသနတ္ထံ၊ သက်သာရာရစေခြင်းအကျိုးငှာ။ အာဟ၊ မိန့်တော်မူပြီ။
တတော၊ ထိုသို့မိန့်တော်မူခြင်းကြောင့်။ အမ္ဗဋ္ဌော၊ သည်။ ဃဋသတေန၊ အိုးတစ်ရာဖြင့်။ အဘိသိတ္တော ဝိယ၊ သွန်းလောင်းအပ်သူကဲ့သို့။ ပဿဒ္ဓဒရထော၊ ငြိမ်းပြီးသော ပူလောင်ခြင်းရှိသည်။ ဟုတွာ, သမဿာသိတွာ၊ သက်သာရာရ၍။ သမဏော ဂေါတမော၊ သည်။ မံ၊ ငါ့ကို။ တောသေဿာမိ၊ နှစ်သက်စေအံ့။ ဣတိ၊ ဤသို့ကြံတော်မူ၍။ ဧကေန ပက္ခေန၊ တစ်ခုသော အမိအဖို့ အားဖြင့်။ ဝါ၊ တစ်ခုသော အမိဘက်အားဖြင့်။ ဉာတိံ၊ ကို။ ကရောတိ၊ ပြု၏။ အဟံ၊ ငါသည်။ ခတ္တိယော၊ မင်းမျိုးသည်။ အသ္မိ ကိရ၊ ဖြစ်သတတ်။ ဣတိ၊ သို့။ စိန္တေသိ၊ ကြံပြီ။ ["ကျွန်မ၏ သားဖြစ်သော ကဏှ၏ အဆက်အနွယ်" ဟု မိန့်တော်မူတုန်းက စိတ်ပူနေသော အမ္ဗဋ္ဌသည် ယခုအခါ သာကီဝင်မင်းသမီး၏ အဆက်အနွယ်ဖြစ်ကြောင်းကို ကြားရ၍ အေးငြိမ်းသွားသည်ဖြစ်၍ မိမိကိုယ်ကို ခတ္တိယအနွယ် ပါတကားဟု စဉ်းစားမိလေသည်။]