ဧဝံ ဝုတ္တေတိ၊ ကား။
ဧဝံ၊ ဤသို့။
ဘဂဝတာ၊ သည်။
ဝုတ္တေ၊ ဟောတော်မူအပ်ပြီးသော်။
ဒေသနာယ၊ ဒေသနာတော်၌။
ပသီဒိတွာ၊ ကြည်ညို၍။
သရဏံ၊ ကိုးကွယ်ရာဟူ၍။
ဂန္တုကာမော၊ ဆည်းကပ်ခြင်းငှါ အလိုရှိသော။
ကူဋဒန္တော၊ သော။
ဗြဟ္မဏော၊ သည်။
အဘိက္ကန္တိ ဘော ဂေါတမာတိအာဒိကံ၊ အစရှိသော။
ဧတံ ဝစနံ၊ ဤစကားကို။
အဝေါစ၊ လျှောက်ပြီ။
ဥပါဝိယတူတိ၊ ကား။
ဥပဂန္တွာ၊ ကပ်ရောက်၍။
သရီရဒရထံ၊ ကိုယ်၏ ပူပန်ခြင်းကို။
နိဗ္ဗာပေန္တော၊ ငြိမ်းစေလျက်။
တနု၊ ပါးလှပ်သော။
သီတလော၊ အေးမြသော။
ဝါတော၊ လေသည်။
[ဗဟလဝါတ (ထူထဲသောလေ) သည် ခန္ဓာကိုယ်ကို တိုက်ခတ်သောအခါ ဆင်းရဲစေ၏။ ထို့ကြောင့်
"တနု၊ ပါးလှပ်သော"
ဟု ဝိသေသနပြုသည်။ ဣတိ သဒ္ဒါ ပါသည်ကား ပိုဟန်တူသည်။]
စပန၊ ထပ်၍ ဆက်ဦးအံ့။
ဣဒံ၊ ဤစကားကို။
ဝတွာ၊ လျှောက်ပြီး၍။
ဗြာဟ္မဏော၊ သည်။
ပုရိသံ၊ ကို။
ပေသေသိ၊ စေလွှတ်ပြီ။
(ကိံ၊ အဘယ်သို့ မှာ၍ စေလွှတ်သနည်း)။
တာတ၊ အမောင်။
ဂစ္ဆ၊ သွားပါချေ။
ယညဝါဋံ၊ ယဇ်တင်းကုပ်သို့။
(ယဇ်ပူဇော်ရာအရပ်သို့)။
ပဝိသိတွာ၊ ဝင်၍။
သဗ္ဗေ၊ ကုန်သော။
တေ ပါဏယော၊ ထိုသတ္တဝါတို့ကို။
ဗန္ဓနာ၊ အနှောင်အဖွဲ့မှ။
မောစေဟိ၊ လွတ်စေချေလော။
(လွှတ်ချေလော)။
ဣတိ၊ ဤသို့မှာ၍။
(ပေသေသိ)၊
[သတ္တစ ဥသဘသတာနိ စသည်ဖြင့် ရှေ့၌ပြအပ်ခဲ့သော သတ္တဝါတို့ကို "တေ ပါဏယော" ဟု ဆိသည်။]
သော၊ ထို ယောင်္ကျားသည်။
သာဓူတိ၊ ကောင်းပါပြီဟူ၍။
ပဋိသုဏိတွာ၊ ဝန်ခံ၍။
တထာ၊ ထို ပြောဆိုအပ်သည့်အတိုင်း။
ကတွာ၊ ပြုပြီး၍။
အာဂန္တွာ၊ ပြန်လာ၍။
ဘော၊ အရှင်။
တေ ပါဏယော၊ တို့ကို။
မုတ္တာ၊ လွှတ်အပ်ပါကုန်ပြီ။
ဣတိ၊ သို့။
အာရောစေသိ၊ ပြောပြီ။
ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။
ဗြာဟ္မဏော၊ သည်။
တံ ပဝတ္တိံ၊ ထိုအကြောင်းကို။
န သုဏိ၊ မကြားရသေး။
တာဝ၊ ထိုမကြားရသေးသမျှ ကာလပတ်လုံး။
ဘဂဝါ၊ သည်။
ဓမ္မံ၊ ကို။
န ဒေသေတိ၊ ဟောတော်မမူသေး။
ကသ္မာ၊ ကြောင့်။
(ယာဝ၊ ပေ၊ တာဝ ဘဂဝါ ဓမ္မံ နဒေသေတိ၊ နည်း။
ယသ္မာ၊ ကြောင့်။)
ဗြဟ္မဏဿ၊ ၏။
စိတ္တေ၊ စိတ်၌။
အာကုဘာဝေါ၊ ရှုပ်ထွေးသည်၏ အဖြစ်သည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ကြောင့်။
(ယာဝ၊ပေ၊ န ဒေသေတိ)။
ပန၊ အနွယကား။
သုတွာ၊ ကြားရ၍။
ဝါ၊ ကြားရခြင်းကြောင့်။
တဿ၊ ထိုပုဏ္ဏား၏။
မေ၊ ငါသည်။
ဗဟူ၊ ကုန်သော။
ပါဏာ၊ တို့ကို။
မောစိတာဝတ၊ လွတ်စေအပ်ကုန်ပြီတကား။
(လွှတ်အပ်ကုန်ပြီတကား)။
ဣတိ၊ ဤသို့ နှလုံးသွင်း၍။
စိတ္တစာရော၊ စိတ်၏ ဖြစ်ခြင်းသည်။
ဝိပ္ပသီဒတိ၊ အထူးသဖြင့် ကြည်လင်၏။
ဘဂဝါ၊ သည်။
တဿ၊ ထိုပုဏ္ဏား၏။
ဝိပ္ပန္နမနတံ၊ အထူးသဖြင့် ကြည်လင်သော စိတ်ရှိသည်၏ အဖြစ်ကို။
ဉတွာ၊ သိတော်မူ၍။
ဓမ္မဒေသနံ၊ တရားဒေသနာတော်ကို။
အာရဘိ၊ အားထုတ်တော်မူပြီ။
တံ၊ ထိုတရားဒေသနာတော်ကို။
သန္ဓာယ၊ ၍။
အထခေါ ဘဂဝါတိအာဒိ၊ အစရှိသောစကားကို။
(အာယသ္မတာ အာနန္ဒ တ္ထေရေန)။
ဝုတ္တံ၊ လျှောက်အပ်ပြီ။
ပုန၊ တစ်ဖန်။
ကလ္လစိတ္တန္တိအာဒိ၊ အ စရှိသော စကားကို။
(ဝုတ္တံ ၌ စပ်)။
[အာနုပုဗ္ဗီကထာကို လျှောက်ပြီးနောက် ထပ်၍ လျှောက်သောကြောင့် "ပုန" ဟု ဆိုသည်။]
အာနုပုဗ္ဗိကထာနုဘာဝေန၊ အစဉ်အတိုင်းဖြစ်သော တရားစကား၏ အာနုဘော်ကြောင့်။
ဝိက္ခမ္ဘိတနီဝရဏတံ၊ ပယ်ခွာအပ်ပြီးသော နီဝရဏရှိသည်၏ အဖြစ်ကို.
သန္ဓာယ၊
(အာယသ္မတာအာနန္ဒ တ္ထေရေန)၊
ဝုတ္တံ၊ လျှောက်အပ်ပြီ။
သေသံ၊ ကြွင်းသော ပုဒ် အပေါင်းသည်။
ဥတ္တာနတ္ထမေဝ၊ ပေါ်လွင်သော အနက်ရှိသည်သာ။
ဣတိ၊ အပြီးတည်း။အာကုလဘာဝေါ။ ။ ဘုရားရှင်၏ တရာတော်ကို နာရသောကြော့် သတ္တဝါတို့အပေါ်၌ သနားကရုဏာ စွဲမြဲစွာ တည်နေရကား "ငါသည် များစွာသော သတ္တဝါတို့ကို သတ်ဖို့ရန် ဖွဲချည်ခိုင်းမိလေပြီ" ဟု တွေးတောကာ စိတ်ရှုပ်၍ နေရှာလေသည်၊ ထိုစိတ်ရှုပ်မှုသည် သတ္တဝါတို့ကို လွှတ်ဖို့ရန် စေခိုင်းအပ်သူ၏ အထံမှ "လွှတ်ပြီးပါပြီ" ဟူသော စကားကို ကြားရမှ ရှင်းလင်းကြည်လင်သွားသည်။
ကလ္လစိတ္တန္တိ အာဒိ။ ။ ပါဠိတော်၏ ကလ္လစိတ္တံ စသော အကျိုးငါးပါးကို ပြတော်မူ၏၊ ထိုအကျိုးငါးပါး၏ အကြောင်းကား နီဝရဏငါးပါး ကင်းခြင်းတည်း၊ ထို့ကြောင့် နီဝရဏငါးပါးတို့တွင် ကာမစ္ဆန္ဒနီဝရဏ၏ ကင်းခြင်းကြောင့် ကလ္လစိတ္တ (ခန့်ကျန်းသော ကျန်းမာသော) ကိလေသာ အနာရောဂါမရှိသော စိတ်ဖြစ်၏၊ ဗျာပါဒနီဝဧ၏ ကင်းခြင်းကြောင့် မေတ္တာ၏ အစွမ်းဖြင့် မုဒုစိတ္တ (နူးညုံသော မခက်ထန်သော စိတ်) ဖြစ်၏၊ ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏကို ပယ်နိုင်သည့်အတွက် ပြန့်လွင့်မှုဝိက္ခေပ၏ ကင်းခြင်းကြောင့် ဝိနီဝရဏစိတ္တ (နီဝရဏမှ ကင်းသော စိတ်ဲ)၊ ထို နီဝရဏတို့သည် မပိတ်ဆို့အပ်သော စိတ်ဖြစ်၏၊ ထိနမိဒ္ဓနီဝရဏ၏ ကင်းခြင်းကြောင့် တက်ကြွသော စိတ်ရှိသူ၏ အဖြစ်သည် ချီးမြှောက်အပ်သည့်အတွက် အလီနစိတ္တ (မတွန့်ဆုတ်သောစိတ်) ဖြစ်၏၊ ဝိစိကိစ္ဆာနီဝရဏ၏ ကင်းခြင်းကြောင့် ကောင်းသော အကျင့်၌ သို့လောသို့လော တွေးတောခြင်းမရှိဘဲ လွတ်လွတ်ကျွတ်ကျွတ် သက်ဝင်ရကား ပသန္နစိတ္တ (ကြည်လင်သောစိတ်) ဖြစ်၏၊ ထို့ကြောင့် "ကလ္လစိတ္တံတိ အာဒိ၊ ပေ၊ ဝုတ္တံ" ဟု အဋ္ဌကထာမိန့်သည်။

ဣတိ၊ ဤဆိုအပ်ပြီးသော စကားအစဉ်ဖြင့်။
သုမင်္ဂလဝိလာသိနိယာ၊ မည်သော။
ဒီဃနိကာယဋ္ဌကထာယံ၊ ၌။
ကူဋဒန္တသုတ္တဝဏ္ဏနာ၊ ကူဋဒန္တသုတ်၏ အဖွင့်သည်။
နိဌိတာ၊ ပြီ။