Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Sīlakkhandhavaggaṭṭhakathā
(DN) Sīlakkhandhavaggaṭṭhakathā

Tatiyaibbhavādavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

**လဋုကိကာတိ**၊ ကား။ ခေတ္တလေဍ္ဍုနံ၊ လယ်၌ထွန်းချေးခဲတို့၏။ အန္တရေ၊ အကြား၌။ နိဝါသိနီ၊ နေလေ့ရှိသော။ ခုဒ္ဒကသကုဏီ၊ ငယ်သောငှက်မသည်။ [ခုဒ္ဒကသဒ္ဒါ ပါပြီးဖြစ်သောကြောင့် "သကုဏီ" ဟုသာ ရှိ၏။ ကာသဒ္ဒါပါဖွယ် မလိုဟု ထင်သည်။]
**ကုလာဝကေတိ**၊ ကား။ နိဝါသနဋ္ဌာနေ၊ နေရာအရပ်၌။ [အသိုက်လည်းဖြစ်နိုင်, ထွန်းချေးခဲလည်းဖြစ်နိုင်သောကြောင့် အားလုံးရအောင် "နိဝါသနဋ္ဌာနေ" ဟု ဖွင့်သည်။]
**ကာမလာပိနီတိ**၊ ကား။ ယဒိစ္ဆကဘာဏိနီ၊ အလိုရှိတိုင်း ပြောလေ့ရှိသည်။ (ဟောတိ။) ယံ ယံ၊ အကြင်အကြင်စကားကို။ (လပိတုံ၊ ပြောဆိုခြင်းငှာ။) ဣစ္ဆတိ၊ အလိုရှိ၏။ တံ တံ၊ ထိုထိုအလိုရှိအပ်သောစကားကို။ လပတိ၊ ပြောဆိုနိုင်၏။ တံ၊ ထိုဗီလုံးငှက်မကို။ ကောစိ၊ တစ်ကောင်တစ်လေသော။ ဟံသောဝါ၊ ဟင်္သာသည်သော်လည်းကောင်း။ ကောဉ္စောဝါ၊ ကြိုးကြာသည်သော်လည်းကောင်း။ မောရောဝါ၊ ဥဒေါင်းသည်သော်လည်းကောင်း။ အာဂန္တွာ၊ လာ၍။ တွံ၊ သင်သည်။ ကိံ၊ အဘယ်စကားကို။ လပသိ၊ ပြောဆိုနေသနည်း။ ဣတိ၊ သို့။ န နိသေဓေတိ၊ မတားမြစ်ပါ။ [မြတ်စွာဘုရား အမိန့်တော်ရှိတုန်းက ကာမလာပိနီနှင့် စပ်၍ ဤအဖွင့်ကိုလည်းမိန့်တော်မူဟန် တူ၏။ ထို့ကြောင့် "အတ္တနော ဉာတကေ လဋုကိကသဒိသေ ကတွာ အမှေ ဟံသကောဉ္စ မောရသဒိသေ ကုရောတိ" ဟု အမ္ဗဋ္ဌကြံသည်။]လဋုကိကာ။ ။ အဘိဓာန် (၆၃၉)၌"လာပ,လဋုကိကာ (ဗီလုံး)"ဟု တွေ့ရ၏။ ဋီကာသစ်၌"လေဍုကာနံ အန္တရေ နိဝသိတတ္တာ လေဍုကိကာ ဣစ္စေဝ သညာတာ ခုဒ္ဒကသကုဏိကာ"ဟု ဖွင့်၏။ ဤအလို "လေဍုကိကာ"ဟု ရှိရပေလိမ့်မည်။ ထိုပါဌ်ကိုပင် မဇ္ဈိမပံ,လဋုကိကောပမသုတ္တဋ္ဌကထာ၌"စာတကသကုဏိကာ(အိမ်စာမကလေး)"ဟု ဖွင့်၍, နိဃဏ္ဍု အဘိဓာန်ကျမ်းတို့၌"လာပသကုဏိကာ (စကားများသောငှက်မကလေး)"ဟု ဆိုကြသတတ်။
**အဘိသဇ္ဇိတုံတိ**၊ ကား။ ကောဓဝသေန၊ ဒေါသ၏အစွမ်းဖြင့်။ လဂ္ဂိတုံ၊ ငြိကပ်ခြင်းငှာ။ ("ရန်ညှိုးဖွဲ့ခြင်းငှာ"ဟူလို။ "န အရဟတိ၊ မထိုက်ပါ"၌စပ်။)
ဧဝံ၊ သို့။ ဝုတ္တေ၊ မိန့်တော်မူအပ်သော်။ မာဏဝေါ၊ အမ္ဗဋ္ဌလုလင်သည်။
အယံသမဏော ဂေါတမော၊ သည်။ အတ္တနော၊ မိမိ၏။ ဉာတကေ၊ ဆွေမျိုးတို့ကို။ လဋုကိကာသဒိသေ၊ ဗီလုံးငှက်မနှင့် တူသည်တို့ကို။ ကတွာ၊ ၍။ အမှေ၊ ငါတို့ကို။ ဟံသကောဉ္စမောရသဒိသေ၊ ဟင်္သာ, ကြိုးကြာ, ဥဒေါင်းနှင့် တူသည်တို့ကို။ ကရောတိ၊ ပြု၏။ ဒါနိ၊ ယခုအခါ၌။ နိမ္မာနော၊ မာန်မရှိသည်။ ဇာတော၊ ဖြစ်ပြီ။ ဣတိ၊ ဤသို့။ မညမာနော၊ မှတ်ထင်သည်။ (ဟုတွာ။) ဥတ္တရိ၊ အလွန်။ စတ္တာရော၊ ကုန်သော။ ဝဏ္ဏေ၊ အမျိုးတို့ကို။ ဒဿေတိ၊ ပြ၏။နိမ္မာနော။ ။ ရှေ့၌"ဧဝံ နုတေ အမ္ဗဋ္ဌ ၊ပေ၊ ဝီတိသာရေသိ" ဟူသောစကားကိုလည်းကောင်း "အဝုသိတဝါယေဝ ခေါ ပန ၊ပေ၊ အဝုသိတတ္တာ" ဟူသောစကားကိုလည်းကောင်း, ဘုရားရှင် မိန့်တော်မူခဲ့ရာ၌"မာနဖြင့်မိန့်တော်မူအပ်ပြီ"ဟု အမ္ဗဋ္ဌက မှတ်ထင်ခဲ့၏။ ယခုအခါ ဆွေတော်မျိုးတော်တို့ကိုလဋုကိကနှင့် အတူထား၍အမ္ဗဋ္ဌကိုဟံသကောဉ္စမောရ တို့နှင့် အတူထားလျက် မိန့်တော်မူသောကြောင့်မာန်ကျသွားပြီဟု ယူဆလေသည်။