အသညီဝါဒေါ၊ အသညီဝါဒကို။
သညီဝါဒေ၊ သညီဝါဒ၌။
အာဒိမှိ၊ အစ၌။
ဝုတ္တာနံ၊ ဆိုအပ်ပြီးကုန်သော။
ဒွိန္နံ၊ ၂ပါးကုန်သော။
စတုက္ကာနံ၊ စတုက္ကတို့၏။
ဝသေန၊ အစွမ်းဖြင့်။
ဝေဒိတဗ္ဗော။
["ပညပေန္တိ အဋ္ဌဟိ ဝတ္ထူဟိ" ဟု ဆိုသောကြောင့် "သညီဝါဒဝယ် ပြခဲ့သော အစ စတုက္က ၂ပါးနှင့်တူသည်"ဟူလို။]
နေဝသညီနာသညီဝါဒေါ၊ နေဝသညီနာသညီဝါဒကို။
တထာ၊ ထိုအတိုင်း။
ဝေဒိတဗ္ဗော။
["တထာ" ဖြင့် "သညီဝါဒေ အာဒိမှိ ဝုတ္တာနံ ဒွိန္နံ စတုက္ကာနံ ဝသေန ဝေဒိတဗ္ဗော" ကိုပြန်ညွှန်းသည်။]
ဟိ၊ မှန်၏။
(တစ်နည်း)
ဟိ၊ စိုးစဉ်းအနည်းငယ်, ဆိုဖွယ်အထူးကား။
ကေဝလံ၊ အသညီစသည်မဖက်သက်သက်။
တတ္ထ၊ ထိုသညီဝါဒ၌။
အတ္တာ၊ အတ္တသည်။
သညီ၊ သညာရှိ၏။
ဣတိ၊ သို့။
ဂဏှန္တာနံ၊ ယူကုန်သူတို့၏။
တာဒိဋ္ဌိယော၊ ထို မိစ္ဆာအယူတို့သည်။
(ဟောန္တိ)။
ဣဓ၊ ဤအသညီဝါဒ, နေဝသညီနာသညီဝါဒ၌
(အတ္တာ၊ သည်။)
အသညီ၊ သညာမရှိ။
ဣတိစ၊ ဤသို့လည်းကောင်း။
(အတ္တာ၊ သည်။)
နေဝသညီနာသညီ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်။
ဣတိစ၊ ဤသို့လည်းကောင်း။
(ဂဏှန္တာနံ၊ တို့၏။
တာဒိဋ္ဌိယော၊ ထိုမိစ္ဆာအယူတို့သည်။
ဟောန္တိ)။
တတ္ထ၊ ထိုသို့အမျိုးမျိုးယူကြရာ၌။
ဧကန္တေန၊ အားဖြင့်။
ကာရဏံ၊ ထူးသောအကြောင်းကို။
ဝါ၊ အယူအမျိုးမျိုးဖြစ်လာရခြင်း၏အကြောင်းကို။
န ပရိယေသိတဗ္ဗံ၊ မရှာထိုက်။
ဝါ၊ ကေဝလံ ဟိ ။ ။ "အသညီဝါဒေါ သညီဝါဒေ၊ပေ၊ဝသေန ဝေဒိတဗ္ဗော" အရ "အနည်းငယ်မျှ အထူးမရှိ, တစ်ထပ်တည်းတူသည်"ဟု အတိဗျာပိတဒေါသ (ထိုစကား၏ အလွန်ပြန်နှံ့ခြင်းဟူသောအပြစ်) ကိုပယ်လို၍ "ကေဝလံ ဟိ"စသည်ကိုမိန့်၊ တစ်နည်း- "အနည်းငယ်မျှသာ ထူး၏, အားလုံးတူသည်" ဟု ယုတ္တိဒဠှီနှင့်တကွ အနည်းငယ် ဝိသေသကိုသာ ပြလိုသောကြောင့် "ကေဝလံ ဟိ" စသည်ကိုမိန့်သည်။ [အထ န ကောစိ ဝိသေသော အတ္ထီတိ စောဒနံ သောဓေတိ ကေဝလံဟီတိ အာဒိနာ၊-ဋီသစ်။]
နိယာမ်။ ။၁။ ဧဝ ကေဝလံ, နှစ်တန်ကပ်ရှိ, နိပါတ်ဟိ, ယုတ္တိ ဒဠှီစွဲ။ ၂။ ဧဝနောက်ထံ, နိပါတ်ယံ, သာမာန် ဒေါသပယ် ၃။ ကေဝလံ ဟိ, နိပါတ်ရှိ, အတိဒေါသပယ်။
န ဧကန္တေန ကာရဏံ ။ ။ ဋီကာတို့၌ အကြောင်းအနည်းငယ်ကို ပြထားကြ၏၊ ထိုပြထားသည့်အတိုင်းအကြောင်းတစ်စုံတစ်ရာကိုရှာလျှင် ရနိုင်စရာရှိသော်လည်း ထိုမိစ္ဆာဝါဒ၏အလေးဂရု မပြုထိုက်ကြောင်း, အကြောင်းရှာဖွယ်မလိုကြောင်းကို ပြလို၍ "န ဧကန္တေန ကာရဏံ"စသည်ကိုမိန့်သည်။ [ကာရဏန္တိ ဝိသေသကာရဏံ (ထိုသို့သညီဟုလည်းကောင်း, အသညီဟုလည်းကောင်း, နေဝသညီနာသညီဟုလည်းကောင်း,အမျိုးမျိုးယူကြခြင်း၌ ထူးသောအကြောင်းကို) ဒိဋ္ဌိသမုဒါဂတကာရဏံဝါ (တစ်နည်း) ထိုအယူအမျိုးမျိုးဖြစ်လာရခြင်း၏အကြောင်းကို)၊-ဋီကာသစ်။] ရှာဖွယ်မလို။

ဟိ၊ မှန်။
ဒိဋ္ဌိဂတိကဿ၊ မိစ္ဆာအယူရှိသူ၏။
ဂါဟော၊ အယူသည်။
ဥမ္မတ္တက ပစ္ဆိသဒိသော၊ အရူး၏တောင်းနှင့်တူ၏။
ဣတိဧတံ၊ ဤအကြောင်းကို။
(မယာ) ဝုတ္တံ၊ ပြီ။
[တစ်နည်း,
(ကသ္မာ၊ အဘယ့်ကြောင့်)။
ကာရဏံ၊ ကို။
ဝါ၊ ကို။
နပရိယေသိဗ္ဗံ၊ မရှာထိုက်သနည်း။
ဟိ(ယသ္မာ)၊ အကျင့်ကြောင့်။
ဒိဋ္ဌိဂတဿ၊ ၏။
ဂါဟော၊ သည်။
ဥမ္မတ္တက ပစ္ဆိသဒိသော၊ တူ၏။
ဣတိဧတံ၊ ကို။
(မယာ)။
ဝုတ္တံ၊ ပြီ။
[ရှေ့၌ဆိုခဲ့ပြီ။]
(တသ္မာ၊ ကြောင့်။
ဝါ၊ ထိုသို့ မိစ္ဆာအယူရှိသူ၏အယူ၏ဥမ္မတ္တကပစ္ဆိမနှင့်တူသည်၏အဖြစ်ကြောင့်။
ကာရဏံ န ပရိယေသိတဗ္ဗံ)။]
အသညီ နေဝသညီနာသညီဝါဒ အဖွင့်ပြီး၏။