Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Sīlakkhandhavaggaṭṭhakathā
(DN) Sīlakkhandhavaggaṭṭhakathā

Lohiccabrāhmaṇavatthuvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဧဝံ ၊ပေ၊ ကောသလေသူတိ၊ သုအစရှိသော ဤသုတ်သည်။ လောဟိစ္စသုတ္တံ၊ တည်း။
တတြ၊ ၌။ အယံ၊ ကား။ အနုတ္တာနပဒဝဏ္ဏနာ၊ တည်း။
သာလဝတိကာတိ၊ ကာဟူသော အမည်သည်။ တဿ ဂါမဿ၊ ၏။ နာမံ၊ တည်း။ ကိရ၊ ချဲ့။ သော၊ ထို ရွာကို။ (ယသ္မာ၊ ကြောင့်)။ ဝတိယာဝိယ၊ စည်းစောင့်ရန်ကဲ့သို့သော်။ ဝါ၊ စောင့်စည်းရန်နှင့်တူသော။ သာလပန္တိယာ၊ အင်ကြင်းပင် အစဉ်းအတန်းဖြင့်။ သမန္တတော၊ ပတ်ဝန်းကျင်၌ ။ ပရိက္ခိတ္တော၊ ကာရံအပ်ပြီ။
တသ္မာ၊ ကြောင့်။ (ထိုသို့ စည်းစောင့်ရန် နှင့်တူသော အင်ကြင်းပင် အစဉ်အတန်းဖြင့် ကာရံအပ်သည်၏ အဖြစ်ကြောင့်)။ သာလဝတိကာတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ ["ကိရ (ယသ္မာ) " ဟု ပေးရိုးရှိသော်လည်း သော ဝုစ္စတိ အတွင်းကပုဒ်သည် အတွင်း၌သာ စပ်ဖွယ်ရှိ၍ ဝုစ္စတိ တိုင်အောင် မစပ်နိုင်ဟု ယူဆသောကြောင့် တသ္မာအတွက် "ယသ္မာ" ဟု အပိုထည့် သည်။]
လောဟိစ္စောတိ၊ လောဟိစ္စောဟူသော အမည်သည်။ တဿ ဗြဟ္မာဏဿ၊ ၏ ။ နာမံ၊ တည်း။
ပါပကန္တိ၊ ကား။ ပရာနုကမ္ပာ၊ သူတစ်ပါးတို့ကို သနားစောင့်ရှောက်ခြင်းမှ။ ဝိရဟိတတ္တာ၊ ကင်းသည်၏ အဖြစ်ကြောင့်။ လာမကံ၊ ယုတ်ညံ့သော။ ပန၊ ဗျတိရိတ်။ ဥစ္ဆေဒသဿတာနံ၊ ဥစ္ဆေဒဒိဋ္ဌိ သဿတဒိဋ္ဌိတို့တွင်။ န အညတရံ၊ အမှတ်မထား တစ်ပါးပါးမဟုတ်သော။ ("ဒိဋ္ဌိဂတံ၊ အမြင်မျှသည်။ ဝါ၊ အယူမျှသည်။ ဥပ္ပန္နံ ဟောတိ၊ " ဟု ပါဠိတော်၌စပ်။)
ဥပန္နံ ဟောတီတိ၊ ကား။ ဇာတံ၊ ဖြစ်ပြီးသည်။ ဟောတိ၊ ၏။ [ထိုအချိန်၌ ဖြစ်ပြီးဖြစ်သည်- ဟူလို။] စ၊ ဆက်။ ကေဝလံ၊ ပြောခြင်းမဖက်သက်သက်။ စိတ္တေ၊ ၌။ ဇာတမတ္တမေဝ၊ ဖြစ်ရုံမျှသည်သာ။ န၊ မဟုတ်သေး။
ကိရ၊ စင်စစ်ကား။ သော၊ ထို လောဟိစ္စပုဏ္ဏားသည်။ တဿ (ဒိဋ္ဌိဂတဿ)၊ ထို အယူ၏။ ဝသေန၊ အစွမ်းကြောင့်။ ပရိသမဇ္ဈေပိ၊ ပရိသတ်အလယ်၌လည်း။ ဧဝံ၊ သို့။ (ပါဠိတော်၌ လာသည့်အတိုင်း)။ ဘာသတိယေဝ၊ ပြောသည်သာ။သာလဝတိကာ။ ။ ဝရီယတိ ဧတာယာတိ ဝတိ- ရွာကို ဆည်းတားအပ်ကြောင်းဖြစ်သော စည်းရိုး၊ [" စောင့်ရန်း" ဟု ရှေးကခေါ်၏။] ဝတိဝိယာတိ ဝတိ- စည်းရိုးနှင့်တူစွာ ရွာကို ကာရံ၍ ပေါက်နေသော အင်ကြင်းပင်အစဉ်အတန်း၊ သာလာ (အင်ကြင်းပင် အများဟူကုနသော)+ ဝတိ ယဿာတိ သာလဝတိကာ၊ ဤအနက်ကို ပြလို၍ "သော ကိရ" စသည်ကို မိန့်သည်။
ပါပကံ။ ။ ပါဠိတော်၌ "ပါပကံ ဒိဋ္ဌိဂတံ" ဟု ရှိသောကြောင့် "မိစ္ဆာအယူဖြစ်သော ပါပက" ဟု ယူမည်စိုး၍ "ပရာနု ၊ပေ ၊ န ပန ဥစ္ဆေဒ သဿတာနံ အညတရံ" ဟု ဖွင့်သည်၊ ဥစ္ဆေဒဒိဋ္ဌီ သဿတဒိဋ္ဌိတို့တွင် ပါဝင်သော မိစ္ဆာအယူမဟုတ်ပါ, သူတစ်ပါးအပေါ်၌ သနားခြင်းမရှိသောကြောင့် "ပါပက" ဟု ဆိုပါသည်- ဟူလို။ [ဒိဋ္ဌိဂတန္တိ လဒ္ဓိမတ္တံ (အယူမျှကို- သူ့အထင်အမြင်မျှကို) အဓိပ္ပေတံ၊- ဋီကာ။]
ဆက်ဦးအံံ။ ။ ထို လောဟီစ္စပုဏ္ဏား၏ အယူမှာ- သမဏဖြစ်စေ, ဗြဟ္မဏဖြစ်စေ အနဝဇ္ဇဖြစ်သော ဝိမောက္ခတရာကို မိမိသိလျှင် ထိုတရားကို သူတစ်ပါးအား ဟောပြနေဖွယ်မလို၊ မိမိသိအပ်သော တရားကို မိမိကိုယ်တိုင်သာ အလေးဂရုပြု၍ နေရမည်၊ သူတစ်ပါးကို တစ်ဆင့် ဟောခြင်းမှာ အခြွေအရံ ပရိသတ်ကိုလည်းကောင်း၊ ထိုပရိသတ်ကို အကြောင်းပြု၍ ရအပ်သော လာဘ်ကိုလည်းကောင်း မြှော်လင့်သော လောဘကြောင့်သာ ဖြစ်၏၊ ဤသို့ ယူဆလေသည်၊ ဤသို့ သူတစ်ပါးတို့အား တတ်သိလိမ္မာအောင် သနားစောင့်ရှောက်ခြင်း မရှိသော ကြောင့် သူ၏အယူဝါဒကို "ပါပက- ယုတ်မာသော အမြင်" ဟု ဆိုရသည်။
ကိဉှိ ပရော ပရဿာတိ၊ ကား။ ယော၊ အကြင်သူ့ကို။ အနုသာသီယတိ၊ သွန်သင်အပ်၏။ ပရော၊ တစ်ခြားသော။ သော၊ ထိုသွန်သင်အပ်သူသည်။ တဿ အနုသာသကဿ၊ ထို သွန်သင်တတ်သူ၏။ ကိံ၊ အဘယ်နည်းလမ်းကို။ ကရိဿတိ၊ ပြုကျင့်လတံ့နည်း။ [ထို့ကြောင့် သူတစ်ပါးအား ပြောဟောမှု မပြုရ- ဟူလို။]
အတ္တနာ၊ မိမိသည်။ ပဋိလဒ္ဓံ၊ ရအပ်ပြီးသော။ ကုသလံ၊ အပြစ်မရှိသော။ ဓမ္မံ၊ ဝိမောက္ခတရားကို။ အတ္တနာဝ၊ ကိုယ်တိုင်သာ။ သက္ကတွာ၊ ကောင်းစွာ ပြု၍။ ဂရုံကတွာ၊ အလေးအမြတ်ပြု၍။ ဝိဟာတဗ္ဗံ၊ နေရာ၏။ ဣတိ၊ သို့။ ဝဒတိ၊ ပြောဆို၏။ ["ကုသလံ ဓမ္မံ" အရကုသိုလ်ကို သာမယူဘဲ, ကြိယာ အဗျာကတကိုပါ ယူစေလိုသောကြောင့် "အနဝဇ္ဇံ နိက္ကိလေသဓမ္မံ, ဝိမောက်ခဓမ္မံတိ အတ္ထော" ဟု ဋီကာသစ်ဖွင့်သည်၊ ဤ၌ "ဝိမောက္ခ" နှင့် ဖွင့်ပုံကို သတိပြုခဲ့ပါ။]တဿ ဝသေန။ ။ ရှေးစာအုပ်များ၌ "တဿေဝ ပရိသမဇ္ဈေပိ" ဟု ရှိ၏၊ နောက်စာအုပ်များ၌ "တဿ ဝသေန ပရိသမဇ္ဈေပိ" ဟု ရှိ၏၊ ဋီကာ၌ "သော ကိရ ၊ပေ၊ ဘာသတိယေဝါတိစ (ဟူသော ပါဌ်ဖြင့်လည်း) တဿာ လဒ္ဓိယာ လောကေ ပါကဋဘာဝံ ဝဒတိ" ဟု ဖွင့်သောကြောင့်သူ၏ ပရိသတ်တစ်ခု၌သာ ပြောသည်မဟုတ်၊ ထိုအယူကြောင့် တွေ့ရာမြင်ရာ ပရိသတ်၌ ပြောသည့်အတွက် လောက၌ ပြန်နှံ့နေရကား တဿေဝ ပိသမဇ္ဈေသည် မကောင်း၊ "တဿ ဝသေန" ပါဌ်သာ ကောင်းသည်။
ကိံ ဟိ ပရော ပရဿ။ ။ ပရောကို "ပရော ယော ၊ပေ၊ သော" ဟုလည်းကောင်း, ပရဿကို "တဿ အနုသာသကဿ" ဟုလည်းကောင်း ဖွင့်၏၊ ထို့ကြောင့် ပါဠိတော်၌ "ဟိ- အကြင်အကြောင့်" ဟု ပေးပြီးလျှင် "သွန်သင်အပ်သူ တစ်ခြားလူသည် သွန်သင်တတ်သူ တခြားလူ၏ အဘယ်နည်းလမ်းကို ပြုလတံ့ (လိုက်နာသတံ့) နည်း၊ ဣတိ- ထို့ကြောင့်" ဟု ထည့်၍ "ဣဓ ၊ပေ၊ န အာရောစေယျ" ဟု အနက်ပေးပါ။
ကိံ ကရိဿတိ။ ။ ကိံ သဒ္ဒါနှင့်တွဲရာ၌ ဝတ္တမာန်အနက်ဝယ် အနာဂတ်ဝိဘတ်သက်ဟု သဒ္ဒါကျမ်းတို့၌ ဆိုသောကြောင့် "ကရိဿတိ" ဟုထား၏၊ (တစ်နည်း) "နောင်အနာဂတ်၌လည်း မပြုထိုက်" ဟု ပြလို၍ အနာဂတ်ဝိဘတ်ဖြင့် ထားသည်၊- ဋီကာ။
ဋီကာ။ ။ "သူတစ်ပါးအားပြောလျှင် ဘာအပြစ်ရှိသနည်း" ဟု မေးဖွယ်ရှိသောကြောင့် ပါဠိတော်၌ "လောဘဓမ္မံ ဝဒါမိ" ဟု အပြစ်ပြသည်။ "သူတစ်ပါးတို့အား တရားဟောအံ့" ဟု ကြံ၍ "မိမိကို ခြံရံစေကာ လှည့်လည်သွားလာခြင်းသည် ဘာအကျိုးရှိသနည်း" ဟု မေးလျှင် "အာသယ ဝုဍ္ဎဿာပိ (အဇ္ဈာသယကြီးမားသော ပုဂ္ဂိုလ်ပင်ဖြစ်စေကာမူ) အနုရောဓေန ဝိနာ တံ န ဟောတိ (အခြွေအရံတို့ကို ချစ်ခင်မှုနှင့် ကင်း၍ ထိုဟောပြောမှု မဖြစ်နိုင်) ၊ ဣတိ- ဤသို့ ဖြေစရာရှိ၏၊ ပေ၊ တေနာဟ- "ဧဝံ သမ္ပဒမိဒံ ပါပကံ လောဘဓမ္မံ ဝဒါမိ" ဟု ပါဠိတော်၌ ဆိုသည်။
ရောသိကံ နှာပိတံ အာမန္တေ သီတိ၊ ကား။ ရောသိကာတိ၊ ကာဟူ၍။ ဧဝံ၊ ဤသို့။ ဣတ္ထိလိင်္ဂဝသေန၊ ဣတ္ထိလိန်၏ အစွမ်းဖြင့်။ လဒ္ဓနာမံ၊ ရအပ်သော အမည်ရှိသော။ နှာပိတံ၊ ရေချိုးစေတတ်သူကို။ အာမန္တေသိ၊ ခေါ်၍ ပြောဆိုပြီ။
သော၊ ထို လောဟိစ္စသည်။ ဘဂဝတာ၊ ၏။ အာဂမနံ၊ ကြွလာတော်မူခြင်းကို။ သုတွာ၊ ၍။ စိန္တေသိ၊
(ကိံ)၊ ဝိဟာရံ၊ ကျောင်းသို့။ ဂန္တွာ၊ သွား၍။ ဒိဋ္ဌံနာမ၊ ဖူးမြင်ရခြင်းမည်သည်။ ဘာရော၊ ဝန်လေး၏။ [ဘုရားရှင်မှာ ပရိသတ်များ၌ မိမိသွားသော်လည်း လျှောက်ခွင့်မရခြင်းကိုလည်းကောင်း,မိမိမှာ ကိစ္စများ၌ မအားခြင်းကိုလည်းကောင်း "ဘာရ" ဟုဆိုသည်။] ပန၊ ကား။ ဂေဟံ၊ အိမ်ကို။ အာဏာပေတွာ၊ ပင့်စေ၍။ ပဿိဿာမိစေဝ၊ ဖူးမြင်လည်း ဖူးမြင်ရတော့အံ့။ ယထာသတ္တိ၊ သတ္တိအာလျော်စွာ။ အာဂန္တုကဘိက္ခံ၊ အာဂန္တုကဆွမ်းကို။ ဒဿာမိစ၊ ပေးလှူလည်း ပေးလှူရတော့အံ့။ ဣတိ၊ သို့။ စိန္တေသိ၊ တသ္မာ၊ ထို့ကြောင့်။ ဧဝံ၊ ဤသို့ ဧဟိတွံ သမ္မရောသိကေ အစရှိသည်ဖြင့်။ နှာပိတံ၊ ကို။ အာမန္တေသိ၊ ပြီ။ နှာပိတံ။ ။ "နှာပိတံ- ဆတ္တာသည်ကို" ဟု ပေးကြ၏၊ နှာဓာတ်သည် စင်ကြယ်ခြင်းအနက်ကို ဟော၏၊ "နှာပေတီတိ နှာပိတော- သူတစ်ပါးတို့ကို စင်ကြယ်အောင် ရေချိုးပေးတတ်သူ" ဟု သဒ္ဒတ္ထဖြစ်၏၊ နိုင်ငံခြားတို့၌ ရေကို အငှားချိုးပေးသူများ ရှိသတတ်၊ ထို့ကြောင့် ရေချိုးပေးတတ်သူဟု ပေးလိုက်သည်၊ နှာပကရှိရာ၌လည်း နည်းတူ၊ ထိုသူသည်ပင် မုတ်ဆိတ် ဆံပင် တို့ကိုလည်း စင်ကြယ်အောင် ပြုရသောကြောင့် သာမညဖလသုတ် အဋ္ဌကထာ၌ "မဿုကရဏတ္ထာယ" ဟု ဆိုသည်။
ပိဋ္ဌိတော ပိဋ္ဌီတောပိ၊ ကား။ ကထာ ဖာသုကတ္ထံ၊ စကား၏ ချမ်းသာခြင်းအကျိုးငှါ။ ပစ္ဆတော ပစ္ဆတော၊ နောက်၌ နောက်၌။ (နောက် က နောက်က)။ အနုဗန္ဓော၊ အစဉ်လိုက်သည်။ ဟောတိ၊ ၏။
ဝိဝေစေတူတိ၊ ကား။ ဝိမောစေတု၊ လွတ်စေတော်မူပါ။ တံ ဒိဋ္ဌိဂတံ၊ ထိုမိစ္ဆာအယူကို။ ဝိနောဒေတု၊ ပယ်ဖျောက်တော်မူပါ။ ဣတိ၊ သို့။ ဝဒတိ၊ လျှောက်၏။
ကိရ၊ ချဲ့။ အယံ ဥပါသကော၊ သည်။ (ယသ္မာ)၊ လောဟိစ္စဿ၊ မည်သော။ ဗြာဟ္မဏဿ၊ ၏။ ပိယသဟာယကော၊ ချစ်အပ်သော သဟာယ်ချင်းတည်း။
တသ္မာ၊ ကြောင့်။ တဿ၊ ထို လောဟိစ္စ၏။ အတ္ထကာမတာယ၊ စီးပွားကို အလိုရှိသည်၏ အဖြစ်ကြောင့်။ ဧဝံ၊ သို့။ (လောဟိစ္စဿ ဘန္တေ၊ပေ၊ ဝိဝေစေတု၊ ဟူ၍။) အာဟ၊ လျှောက်ပြီ။ ယထာ ဖာသုကတ္ထံ။ ။ ကထာသုခတ္ထံ၊ သုခေန ကထံ ကထေတုံစေဝ သောတုံစာတိ အတ္ထော၊ နောက်ကလိုက်သွားလျှင် မိမိလျှောက်လိုသော စကားကိုလည်း လျှောက်နိုင်ခြင်း၊ ပြန်၍ မိန့်တော်မူအပ်သော စကားကိုလည်း ကောင်စွာ ကြားနိုင်ခြင်းကို "ကထာဖာသုက" ဟု ဆိုလိုသည်။
အပ္ပေဝနာမ သိယာတိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ ပဌမဝစနေန၊ ပဌမစကားဖြင့်။ ဘဂဝါ၊ သည်။ ဂဇ္ဇတိ၊ ကြုံးဝါးတော်မူ၏။ ဒုတိယဝစနေန၊ ဖြင့်။ အနုဂဇ္ဇတိ၊ နောက်ထပ်ကြုံးဝါးတော်မူ၏။
ကိရ၊ ချဲ့။ အယံ၊ ဤဆိုအပ်လတံ့သော။ ဧတ္ထ၊ ဤအပ္ပေဝနာမ သိယာဟူသော စကားနှစ်ရပ်၌။ အဓါပ္ပါယော၊ ဘုရားရှင်၏ အလိုတောတည်း။ ရောသိကေ၊ ရောသိကာ။ ဧတဒတ္ထမေဝ၊ ဤသူတစ်ပါး၏ အယူမှားကို ကင်းဆိတ်စေခြင်းအကျိုးငှါသာလျှင်။ မယာ၊ ငါသည်။ စတ္တာရိ အသင်္ချေယျာနိ၊ လေးအသင်္ချေတို့ပတ်လုံးလည်းကောင်း။
ကပ္ပသတသဟဿဉ္စ၊ ကမ္ဘာတစ်သိန်းပတ်လုံးလည်းကောင်း။ ဝိဝိဓာနိ၊ အထူးထူးသော အပြာရှိကုန်သော။ ဒုက္ကရာနိ၊ ခဲယဉ်းသဖြင့် ပြုအပ်ကုန်သော ပါရမီစာဂ, စရိယတို့ကို။ ကရောန္တေန၊ ပြုတော်မူလျက်။ ပါရမိယော၊ ပါရမီတော်တို့ကို။ ပူရိတာ၊ ပြည့်စေတော်မူအပ်ကုန်ပြီ။ ဝါ၊ ဖြည့်တော်မူအပ်ကုန်ပြီ။ ဧတဒတ္ထမေဝ၊ သာလျှင်။ သဗ္ဗညုတညာဏံ၊ သဗ္ဗညုတဉာဏ်တော်ကို။ ပဋိဝိဒ္ဓံ၊ ထိုးထွင်း၍ သိတော်အပ်အပ်ပြီ။ မေ၊ ငါ၏။ လောဟိစ္စဿ၊ လောဟိစ္စ၏။ ဒိဋ္ဌိဂတံ၊ မှားသော အယူကို။ ဘိန္ဒိတုံ၊ ဖျက်ခြင်းငှါ။ န ဘာရော၊ ဝန်မလေး။ ဣတိ ဣမမတ္ထံ၊ ဤ အနက်အဓိပ္ပါယ်ကို။ ဒဿေန္တော၊ ပြတော်မူလျက်။ ပဌမဝစနေန၊ ဖြင့်။ ဘဂဝါ၊ သည်။ ဂဇ္ဇတိ၊ ၏။
ရောသိကေ၊ ကား။ ကေဝလံ၊ သက်သက်။ လောဟိစ္စဿ၊ ၏။ မမ၊ ငါဘုရား၏။ သန္တိကေ၊ အနီး၌။ အာဂမနံဝါ၊ လာခြင်းသည်လည်းကောင်း။ နိသဇ္ဇဝါ၊ ထိုင်ခြင်းသည်လည်းကောင်း။ အာလာပသလ္လာပေါဝါ၊ ရှေးဦးစွာ ပြောဆိုခြင်း, နောက်ထပ်ပြောဆိုခြင်းသည်လည်းကောင်း။ ဟောတု၊ ဖြစ်ပါစေ။ လောဟိစ္စသဒိသာနံ၊ လောဟိစ္စနှင့် တူ သူတို့၏။ သတသဟဿသင်္ချာ၊ တစ်သိန်း အရေအတွက်သည်။ (တနည်း)၊ သတသဟဿသင်္ခါ၊ တစ်သိန်း၏ ယုံမှားခြင်းသည်။ [ဤသို့ မူကွဲရှိ၏၊ နောက်၌ ဧကဿကို ထောက်လျှင် မကောင်းပါ၊ လောဟိစ္စမှာ ကင်္ခါလည်း မဖြစ်, ဒိဋ္ဌိသာဖစ်ပါသည်။] သစေပိ ဟောတိ၊ အကယ်၍မူလည်း ဖြစ်စေဦးတော့။ (ဧဝံ သတိပိ၊ ဤသို့ ဖြစ်ပါသော်လည်း)။ အဟံ၊ ငါသည်။ ဝိနောဒေတုံ၊ ပယ်ဖျောက်ခြင်းငှာ။ ပဋိဗလော၊ စွမ်းနိုင်ပါ၏။ ပန၊ စင်စစ်ကား။ ဧကဿ၊ တစ်ယောက်ထည်းသော လောသိစ္ဏဿ၊ ၏။ ဒိဋ္ဌိဝိနောဒနေ၊ အယူကို ပယ်ဖျောက်ခြင်း၌။ ဘာရော၊ တာဝန်သည်။ (ဝန်လေးဖွယ်သည်)။ ကော၊ အဘယ်မှာ ရှိတော့အံ့နည်း။ ဣတိ ဣမမတ္ထံ၊ ကို။ ဒဿေန္တော၊ လျက်။ ဒုတိယဝစနေန၊ ဖြင့်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အနုဂဇ္ဇတိ၊ နောက်ထပ်ကြုံးဝါးတော်မူ၏။ ဣတိ ဝေဒိတဗ္ဗော၊ ။အပ္ပေဝနာမ သိယာ။ ။ ဤဝါကျကို ဘုရားရှင်သည် ပီတိအစွမ်းကြောင့် ၂ ကြိမ်ထပ်၍ မိန့်တော်မူ၏၊ [အာမေဋိတ်ကို ဆိုခြင်း၏ အကြောင်းတို့တွင် ဟာသ (ရွှင်လန်းတော်မူခြင်း) အာမေဋိတ်တည်း။] ဤစကားမျိုးကို "ဗုဒ္ဓဂဇ္ဇိတ- (မိုးချုပ်သကဲ့သို့) ဘုရားရှင်တို့၏ ခပ်ကျယ်ကျယ်ကြုံဝါးသံ" ဟု ခေါ်သည်၊ ထို့ကြောင့် "အယံ ကိရေတ္ထ" စသည်ဖြင့် ကြုံးဝါးတော်မူပုံကို ပြသည်။
မိန့်တော်မူလိုရင်းမှာ- (၁) အပ္ပေဝနာမ သိယာ ရောသိကာ..... ဒီလို အယူမှားတွေကို မှန်အောင်ပြုဖို့ရာ ပါမီတို့ကို ဖြည့်ကျင့်ကာ သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း၍ သိတော်မူခြင်းဖြစ်သည်၊ လောဟိစ္စ၏ အယူကို ဖျက်ဖို့ရန် ငါ့မှာ ဝန်မလေးပါ၊ ဖြစ်နိုင်စရာရှိပါသည်။ (၂) အပ္ပေဝနာမ သိယာ၊ လောဟိစ္စကသာ ငါ့အနားထိုင်၍ အာလာပသလ္လာပ ပြုပါစေ, သူလိုလူ တစ်သိန်းအရေအတွက် ရှိစေကာမူ ငါ့မှာ ဝန်မလေးပါ, ဖြစ်နိုင်စရာ ရှိပါတည်။