ဧဝံ မေ သုတံ ၊ပေ၊ ကောသမ္ဗိယံတိ၊ ကောသမ္ဗိယံ ဟူသော သုတ်သည်။
ဇာလိယသုတ္တံ၊ ဇာလိယသုတ်တည်း။
တတြ၊ ထို ဇာလိယသုတ်၌။
အယံ၊ ဤဆိုအပ်လတံ့ကား။
အပုဗ္ဗပဒဝဏ္ဏနာ၊ ရှေးမဟုတ်သော ပုဒ်တို့၏ အဖွင့်တည်း။
ဃောသိတာရာမေတိ၊ ကား။
ဃောတိတေန၊ ဃောသိတမည်သော။
သေဋ္ဌိနာ၊ သူဌေးသည်။
ကတေ၊ ဆောက်လုပ်အပ်သော။
အာရာမေ၊ အာရာမ်၌။
(ကျောင်းတိုက်၌ ဝိဟရတိ ၌စပ်)။
ကိရ၊ ချဲ့။
ပုဗ္ဗေ၊ ရှေး၌။
အလ္လကပ္ပရဋ္ဌံနာမ၊ အလ္လကတိုင်းမည်၏။
(အဇိတရဋ္ဌံနာမဟုလည်းကောင်း, ဒမိဠရဋ္ဌံနာမဟုလည်းကောင်း မူကွဲရှိ၏)။
အဟောသိ၊ ရှိပြီ။
တတော၊ ထို အလ္လကပ္ပတိုင်းမှ။
ကောတူဟလိကောနာမ၊ ကောတူဟလိက မည်သော။
ဒလိဒ္ဒေါ၊ သူဆင်းရဲသည်။
ဆာတကဘယေန၊ ဆာလောင် ငတ်မွတ်ခြင်းဘေးကြောင့်။
သပုတ္တဒါရော၊ သားမယားနှင့် တကွဖြစ်သည်။
(ဟုတွာ)၊
အဝန္တိရဋ္ဌံ၊ အဝန္တိတိုင်းသို့။
ဂစ္ဆန္တော၊ သွားလသော်။
ပုတ္တံ၊ သားကို။
ဝဟိတုံ၊ ဆောင်ယူခြင်းငှါ။
အသက္ကောန္တော၊ မစွမ်းနိုင်သည်။
(ဟုတွာ)၊
ဆဍ္ဍေတွာ၊ စွန့်ပစ်၍။
အဂမာသိ၊ သွားပြီ။
မာတာ၊ မိခင်သည်။
နိဝတ္တိတွာ၊ ပြန်နစ်၍။
တံ၊ ထိုသားကို။
ဂဟေတွာ၊ ကောက်ယူ၍။
ဂတာ၊ သွားပြီ။
တေ၊ ထို သမီးခင်ပွန်းတို့သည်။
ဧကံ၊ တစ်ခုသော။
ဂေါပလကဂါမံ၊ နွားမွေးမြူသူတို့၏ ရွာသို့။
ပဝိသိံသု၊ ကုန်ပြီ။
ဂေါပါလကေနစ၊ နွားမွေးမြူသည်လည်း။
တဒါ၊ ထိုအခါ၌။
(သူဆင်းရဲသမီး ခင်ပွန်းတို့ ရောက်လာရာ ထိုအခါ၌)။
ဗဟုပါယာသော၊ များစွာသော နို့ဃနာသည်။
ဝါ၊ ကို။
ပဋိယတ္တော၊ စီရင်အပ်သည်။
ဟောတိ၊
တေ၊ ထိုသမီးခင်ပွန်းတို့သည်။
တတော၊ ထို နွားမွေးမြူသူအိမ်မှ။
ပါယာသံ၊ နို့ဃနာကို။
လဘိတွာ၊ ရ၍။
ဘုဉ္ဇိံသု၊ စားကြကုန်ပြီ။
အထ၊ ထိုအခါ၌။
သော ပုရိသော၊ ထို ယောင်္ကျားသည်။
ဗလဝပါယာသံ၊ အားရှိသော နို့ဃနာကို။
ဘုတ္တော၊ စားပြီးသည်။
(ဟုတွာ)၊
[အချို့ စာအုပ်တို့၌ "ဘုဉ္ဇန္တော" ရှိသည်ကား စားဆဲမဟုတ်သောကြောင့် မကောင်း။]
ဇီရာပေတုံ၊ အစောကြေစေခြင်းငှာ။
အသက္ကောန္တော၊ မစွမ်းနိုင်သည်။
(ဟုတွာ)၊
ရတ္တိဘာဂေ၊ ညဉ့်အဖို့၌။
ကာလံ၊ သေခြင်းကို။
ကတွာ၊ ပြု၍။
တတ္ထေဝ၊ ထိုအိမ်၌ပင်။
သုနခိယာ၊ ခွေးမ၏။
ကုစ္ဆိသ္မိံ၊ ဝမ်း၌။
ပဋိသန္ဓိံ၊ ပဋိသန္ဓေကို။
ဂဟေတွာ၊ ယူ၍။
ကုက္ကုရော၊ ခွေးသည်။
ဇာတော၊ ဖြစ်ပြီ။
သော၊ ထိုခွေးသည်။
ဂေါပါလကဿ၊ နွားကျောင်းသား၏။
ပိယော၊ ချစ်အပ်သည်။
အဟောသိ၊ ဖြစ်ပြီ။
ပုဗ္ဗေ ကိရ။ ။ ဃောသကသူဌေး ဟူသည် အဘယ်သူနည်း၊ အဘယ်နည်းဖြင့် ထို သူဌေးသည် ကျောင်းတိုက်ကို ဆောက်လုပ်စေသနည်း၊ အဘယ်နည်းဖြင့် ဘုရားရှင်သည် ထို ကျောင်းတိုက်၌ သီတင်းသုံးတော်မူသနည်း၊ ဤသို့ စသော အလုံးစုံကို သမုဒါဂမ (ဖြစ်ခဲ့ရာအစ) မှ စ၍ အကျဉ်းအားဖြင့်သာ ပြခြင်းငှါ ပုဗ္ဗေကိရ စသည်ကို မိန့်သည်။
စ၊ ဆက်။
ဂေါပါလကော၊ နွားမွေးမြူသူသည်။
ပစ္စေကဗုဒ္ဓံ၊ ပစ္စေကဗုဒ္ဓါကို။
ဥပဋ္ဌာသိ၊ ပြုစု လုပ်ကျွေးပြီ။
ပစ္စေကဗုဒ္ဓေါပိ၊ လည်း။
ဘတ္တိကိစ္စပရိယောသာနေ၊ ဆွမ်းကိစ္စ အဆုံးအဆုံး၌။
ကက္ကုရဿ၊ ခွေးအား။
ဧကေကံ၊ တစ်ခဲတစ်ခဲသော။
ပိဏ္ဍံ၊ ထမင်းခဲကို။
ဒေတိ၊ ပေး၏။
သော၊ ထိုခွေးသည်။
ပစ္စေကပုဒ္ဓေ၊ ၌။
သိနေဟံ၊ ချစ်ခြင်းကို။
ဥပ္ပါဒေတွာ၊ ဖြစ်စေ၍။
ဂေါပါလကေန၊ နှင့်။
သဒ္ဓိံ, ပဏ္ဏသာလံပိ၊ သစ်ရွက်ကျောင်းသို့လည်း။
ဂစ္ဆတိ၊ သွား၏။
ဂေါပါလကေ၊ သည်။
အသန္နိဟိတေ၊ အနီး၌ မတည်လသော်။
(အိမ်ပြင်ဘက်သို့ ထွက်သွားလသော်)။
ဘတ္တဝေလာယံ၊ ဆွမ်းစာချိန်၌။
သယမေဝ၊ မိမိချည်းသာ။
ဂန္တွာ၊ ၍။
ကာလာရောစနတ္ထံ၊ အချိန်ကို လျှောက်ခြင်းအကျိုးငှါ။
ပဏ္ဏသာလဒွါရေ၊ သစ်ရွက်ကျောင်းတံခါး အနီး၌။
ဘုဿသတိ၊ ဟောင်၏။
အန္တရာမဂ္ဂေပိ၊ လမ်းခရီးအကြား၌လည်း။
စဏ္ဍမိဂေ၊ ကြမ်းတန်းသော သားကောင်တို့ကို။
ဒိသွာ၊ တွေ့မြင်၍။
ဘုဿိတွာ၊ ဟောင်၍။
ပလာပေတိ၊ ပြေးစေ၏။
သော၊ ထိုခွေးသ်ည။
ပစ္စေကဗုဒ္ဓေ၊ ၌။
မုဒုကေန၊ နုညံ့သော။
စိတ္တေန၊ ဖြင့်။
ကာလံ၊ သေခြင်းကို။
ကတွာ၊ ၍။
ဒေဝလောကေ၊ ၌။
နိဗ္ဗတ္တိ၊ ဖြစ်ပြီ။
တတြ၊ ထို နတ်ပြည်၌။
အဿ၊ ထိုခွေး၏။
ဃောသကဒေဝပုတ္တော တွေဝ၊ ဃောသကနတ်သားဟူ၍သာ။
နာမံ၊ အမည်သည်။
အဟောသိ၊ ဖြစ်ပြီ။အသန္နိဟိတေ။ ။ သံ (သဟ)- အိမ်၌အတူ+ နိဒဓာတိ- တည်နေတတ်၏၊ ဣတိ သန္နိဟိတော။ [သံ+နိ+ဓာ-တ ၊ဓ ကို ဟ, အာကို ဣပြု။]န+သန္နိဟိတော အသန္နိဟိတော၊ ဋီကာ၌ "ဂေဟတော ဗဟိ ဂတေ- အိမ်မှ ပြင်ဘက်သို့ သွားလသော်" ဟု အဓိပ္ပာယတ္ထ ဖွင့်သည်။
ဘုဿတိ။ ။ ဋီကာ၌ "ရဝတိ- မြည်၏" ဟု ဖွင့်၍ ဋီကာသစ်၌ "နဒတိ- ဟိန်း၏" ဟု ဖွင့်၏၊ ခွေးသံပြခြင်းအနက်ကို ဟောရာ၌ ဓာတ်ကျမ်းဝယ် ဗုက္ကဓာတ်, ဘသဓာတ်တို့ကိုသာတွေ့ရ၏၊ ထို ဘသဓာတ်လည်း ဘူဝါဒိလည်း ၊ ထို့ကြောင့် ဘုဿတိကို စဉ်းစားသင့်၏၊ [ဆွမ်းစားချိန်၌ ခွေးသံပြုခြင်း, ပစ္စေကဗုဒ္ဓါအား ဘေးမရှိအောင် အခြားတောကောင်တို့ကို ဟိန်းခြင်းသည် ကောင်းမှုတစ်မျိုးတည်း၊ ထိုကောင်းမှုကြောင့် အသံကျယ်သော ဃောသကနတ်သား၊ ဃောသကသူဌေး ဖြစ်ရပေသည်။]
ဒေဝလောကေ နိဗ္ဗတ္တိ။ ။ ပစ္စေကဗုဒ္ဓါသည် သင်္ကန်းချုပ်ဖို့ရန် အခြား ပစ္စေကဗုဒ္ဓများသီတင်းသုံးရာ ဂန္ဓမာဒနတောင်သို့ ကြွတော်မူလေသော် ခွေးသည် ပစ္စေကဗုဒ္ဓါအပေါ်၌ ချစ်ခင်စွဲလမ်းသော စိတ်ကြောင့် နှလုံးကွဲ၍ သေရှာ၏၊ ချစ်ခင်ခြင်း၏ အကြားအကြား၌ သဒ္ဓါတရားကြောင့် နတ်ပြည်၌ ဖြစ်ရသည်။
ဘုဿတိ။ ။ ဋီကာ၌ "ရဝတိ- မြည်၏" ဟု ဖွင့်၍ ဋီကာသစ်၌ "နဒတိ- ဟိန်း၏" ဟု ဖွင့်၏၊ ခွေးသံပြခြင်းအနက်ကို ဟောရာ၌ ဓာတ်ကျမ်းဝယ် ဗုက္ကဓာတ်, ဘသဓာတ်တို့ကိုသာတွေ့ရ၏၊ ထို ဘသဓာတ်လည်း ဘူဝါဒိလည်း ၊ ထို့ကြောင့် ဘုဿတိကို စဉ်းစားသင့်၏၊ [ဆွမ်းစားချိန်၌ ခွေးသံပြုခြင်း, ပစ္စေကဗုဒ္ဓါအား ဘေးမရှိအောင် အခြားတောကောင်တို့ကို ဟိန်းခြင်းသည် ကောင်းမှုတစ်မျိုးတည်း၊ ထိုကောင်းမှုကြောင့် အသံကျယ်သော ဃောသကနတ်သား၊ ဃောသကသူဌေး ဖြစ်ရပေသည်။]
ဒေဝလောကေ နိဗ္ဗတ္တိ။ ။ ပစ္စေကဗုဒ္ဓါသည် သင်္ကန်းချုပ်ဖို့ရန် အခြား ပစ္စေကဗုဒ္ဓများသီတင်းသုံးရာ ဂန္ဓမာဒနတောင်သို့ ကြွတော်မူလေသော် ခွေးသည် ပစ္စေကဗုဒ္ဓါအပေါ်၌ ချစ်ခင်စွဲလမ်းသော စိတ်ကြောင့် နှလုံးကွဲ၍ သေရှာ၏၊ ချစ်ခင်ခြင်း၏ အကြားအကြား၌ သဒ္ဓါတရားကြောင့် နတ်ပြည်၌ ဖြစ်ရသည်။
သော၊ ထို ဃောသကနတ်သားသည်။
ဒေဝလောကတော၊ မှ။
စဝိတွာ၊ စုတေပြီး၍။
ကောသမ္ဗိယံ၊ ကောသမ္ဗီမြို့၌။
ဧကသ္မိံ ကုလဃဗရ၊ တစ်ခုသော အမျိုးအိမ်၌။
နိဗ္ဗတ္တိ၊ ပြီ။
တံ၊ ထိုကလေးကို။
အပုတ္တကော၊ သားမရှိသော။
သေဋ္ဌိ၊ သူဌေးသည်။
တဿ၊ ထိုကလေး၏။
မာတာပိတူနံ၊ တို့အား။
ဓနံ၊ ကို။
ဒတွာ၊ ၍။
ပုတ္တံ၊ ကို။
ကတွာ၊ ၍။
အဂ္ဂဟေသိ၊ ယူပြီ။
အထ၊ ထိုအခါ၌။
သော၊ ထိုသူဌေးသည်။
အတ္တနော၊ ၏။
ပုတ္တေ၊ သည်။
ဇာတေ၊ ဖွားလသော်။
သတ္တက္ခတ္တုံ၊ ခုနှစ်ကြိမ်။
ဃာတာပေတုံ၊ သတ်စေခြင်းငှာ။
ဥပက္ကမိ၊ လုံ့လပြုပြီ။
[အကျယ်ကို ဓမ္မပဒ၌ ရှုပါ။]
သော၊ ထိုကလေးသည်။
ပုညဝန္တတာယ၊ ဘုန်းကံရှိသူ၏ အဖြစ်ကြောင့်။
သတ္တသုပိ၊ ၇ ပါးလည်းဖြစ်ကုန်သော။
ဌာနေသု၊ အရပ်တို့၌။
မရဏံ၊ သေခြင်းသို့။
အပတွာ၊ မရောက်မူ၍။
အဝသာနေ၊ အဆုံး၌။
ဧကာယ၊ တစ်ယောက်သော။
သေဋ္ဌီဓိတာယ၊ သူဌေးသမီး၏။
ဝေယျတ္တိယေန၊ ထက်မြတ်သူ၏ အဖြစ်တည်းဟူသော ဉာဏ်ကြောင့်။
လဒ္ဓဇီဝိကော၊ ရအပ်သော အသက်ရှိသည်။
(ဟုတွာ)၊
အပရဘာဂေ၊ နောက်အဖို့၌။
ပိတု၊ အဖသူဌေး၏။
(မွေးစားသော ဖခင်သူဌေး၏)။
အစ္စယေန၊ ကွယ်လွန်ရာ အခါ၌။
သေဋ္ဌိဋ္ဌာနံ၊ သူဌေးအရာသို့။
ပတွာ၊ ၍။
ဃောသကသေဋ္ဌိနာမ၊ ဃောသကသူဌေးမည်သည်။
ဇာတော၊ ဖြစ်ပြီ။
အညေပိ၊ ဃောသကသူဌေးမှ အခြားလည်းဖြစ်ကုန်သော။
ကောသမ္ဗိယံ၊ ၌။
ကုက္ကုဋသေဋ္ဌိ၊ ကုက္ကုဋသူဌေးလည်းကောင်း။
ပါဝါရိယသေဋ္ဌိ၊ ပါဝါရိယသူဌေးလည်းကောင်း။
ဣတိ၊ သို့။
ဒွေ၊ ကုန်သော။
သေဋ္ဌိနော၊ တို့သည်။
အတ္ထိ၊ န်၏။
ဣမိနာ၊ ဤကောသကသူဌေးနှင့်။
သဒ္ဓိံ, တယော၊ တို့သည်။
အဟေသုံ၊ န်ပြီ။
ဏကာယ သေဋ္ဌိဓိတာယ။ ။ သူဌေးသမီးဆိုသော်လည်း ငတ်မွတ်ခေါင်းပါးတုန်းက အတူပြေးလာသော ဇနီးဟောင်းပင်တည်း၊ ဃောသကကို သတ်ဖို့ရန် တောရွာက မိတ်ဆွေအထံသို့ စာရေး၍ စာမတတ်သော ဃောသကကိုပင် စာနှင့်အတူ လွှတ်လိုက်ရာလမ်းခရီးအကြား၌ နားနေဖို့ရန် သူဌေးတစ်ဦး၏ အိမ်သို့ ဝင်၍ အိပ်နေစဉ် သူဌေးသမီးသည် ပုဆိုးအစွန်၌ ထုပ်ထားသော စာကို တိတ်တိတ်ယူ၍ ဖတ်လေသော် သတ်ဖိုစာဖြစ်ကြောင်း သိ၍ ထိုစာကို တစ်မျိုးပြင်ကာ ထိုအိမ်က သူဌေးသမီးနှင့် လက်ထပ်ဖို့ရန် စီမံပေးဖို့ ရေးလေသည်၊ ထိုအခါ တုန်းက သားကလေးကို ပစ်ထားခဲ့သော ကံကြောင့် ငယ်စဉ်တုန်းက သေစေဖို့ရန် ၇ ကြိမ်အပစ်ခံရလေသည်။
စ၊ ဆက်။
တေန သမယေန၊ ထိုအခါ၌။
ဟိမဝန္တတော၊ ဟိမဝန္တာမှ။
ပဉ္စသတာ၊ ငါးရာအတိုင်းအရှည်ရှိကုန်သော။
တာပသာ၊ ရသေ့တို့သည်။
သရီရသန္တပ္ပနတ္ထံ၊ ကိုယ်၏ ကောင်းစွာ ပြည့်ဖြိုး အားတိုးခြင်းအကျိုးငှါ။
အန္တရန္တရာ၊ အကြားအကြား၌။
ကောသမ္ပိံ၊ ကောသမ္ဗီမြို့သို့။
အာဂစ္ဆန္တိ၊ လာတတ်ကြကုန်၏။
တေသံ၊ ထို ရသေ့တို့ အား။
တယော၊ ကုန်သော။
ဧတော သေဋ္ဌီ၊ ဤသူဌေးတို့သည်။
အတ္တနာ အတ္တနော၊ မိမိ မိမိ၏။
ဥယျာနေသု၊ ဥယျာဉ်တို့၌။
ပဏ္ဏကုဋိယော၊ သစ်ရွက်ကျောင်းတို့ကို။
ကတွာ၊ ဆောက်လုပ်၍။
ဥပဋ္ဌာနံ၊ လုပ်ကျွေးမှုကို။
ကရောန္တိ၊ ပြုကြကုန်၏။
အထ၊ ထိုအခါ၌။
ဧကဒိဝသံ၊ တစ်နေ့သ၌။
တေ တာပသာ၊ တို့သည်။
ဟိမဝန္တတော၊ မှ။
အာဂစ္ဆန္တာ၊ လာကုန်လသော်။
မစာကန္တရေ၊ ကြီးစွာသော ခရီးခဲ၌။
တသိတာ၊ မွတ်သိတ်ကုန်သည်။
ကိလန္တာ၊ ပင်ပန်းကုန်သည်။
(ဟုတွာ_၊
ဧကံ၊ တစ်ပင်သော။
မဟန္တံ၊ ကြီးစွာသော။
ဝဋရုက္ခံ၊ ပင်ညောင်ပင်သို့။
ဝါ၊ ညောင်ခြေထောက်ပင်သို့။
ပတွာ၊ ရောက်၍။
တတ္ထ၊ ထိုပင်ညောင်ပင်၌။
အဓိဝတ္ထာယ၊ စိုးအုပ်၍ နေသော။
ဒေဝတာယ၊ ရုက္ခစိုးနတ်၏။
သန္တိကာ၊ အထံမှ။
သင်္ဂဟံ၊ သင်္ဂြိုဟ် ချီးမြှောက်ခြင်းကို။
ပစ္စာသီသန္တာ၊ တောင့်တကုန်လျက်။
နိသီဒိံသု၊ နေကြကုန်ပြီ။
သရီရသန္တပ္ပနတ္ထံ။ ။ ဟိမဝန္တာဝယ် သစ်မြစ် သစ်သီးတို့ကိုသာ စားနေရသောကြောင့် ခန္ဓာကိုယ်သည် ပင်ပန်းအားနည်း၏၊ ထိုကိုယ်၏ ကောင်းစွာ ပြည့်ဖြိုး အားတိုးခြင်းအကျိုးကို "သရီရသန္တပ္ပနတ္ထံ" ဟု ဆိုသည်၊ တပ္ပဓာတ်သည် ပီဏန (နှစ်သက်ခြင်း, ပြည့်ဖြိုးခြင်း) အနက်ကိုဟော၏၊ သမ္မာ+တပ္ပနံ သန္တပ္ပနံ၊ သရီရဿ+ သန္တပ္ပနံ သရီရသန္တပ္ပနံ၊ [သရီရ သန္တပ္ပနတ္ထံတိ ဟိမဝန္တေ ဝနမူလဖလာဟာရတာယ ကိလန္တသရီရဿ လောဏမ္ဗိလသေဝနေန ပီဏနတ္ထံ၊ - ဋီကာသစ်။]
ဒေဝတာ၊ ရုက္ခစိုးနတ်သည်။
သဗ္ဗာလင်္ကာရ ဝိဘူသိတံ၊ အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော။
ဟတ္ထံ၊ လက်ကို။
ပသာရေတွာ၊ ဆန့်တန်း၍။
တေသံ၊ ထို ရသေ့တို့အား။
ပါနီယ ပါနကာဒီနိ၊ သောကရေ ဖျော်ရေအစရှိသည်တို့ကို။
ဒတွာ၊ ပေး၍။
ကိလမထံ၊ ပင်ပန်းမှုကို။
ပဋိဝိနောဒေတိ၊ ပယ်ဖျော်ပြီ။
ဧတေ၊ ထိုရသေ့တို့သည်။
ဒေဝတာယ၊ ရုက္ခစိုးနတ်သည်။
အာနုဘာဝေန၊ အာနုဘော်ကြောင့်။
["အာနုဘာဝေ- ၌" ဟု ရှိလျှင် ကောင်းမည်။]
ဝိမှိတာ၊ အံ့ဩကြကုန်သည်။
[ဝိပုဗ္ဗ,မှိဓာတ်, တ ပစ္စည်း။]
ဟုတွာ၊ ဖြစ်၍။
ပုစ္ဆိံသု၊ မေးကြကုန်ပြီ။
(ကိံ)၊ ဒေဝတေ၊ နတ်မင်း။
တယာ၊ အသင်သည်။
ကိံ ကမ္မံ၊ အဘယ်ကောင်းမှုကို။
ကတွာ၊ ပြု၍။
အယံ သမ္ပတ္တိ၊ ဤစည်းစိတ်ကို။
လဒ္ဓါနုခေါ၊ ရအပ်ပါသနည်း။
ဣတိ၊ ဤသို့။
(ပုစ္ဆိံသု)၊
ဒေဝတာ၊ သည်။
အာဟ၊ ပြောပြီ။
(ကိံ)၊
လောကေ၊ လောက၌။
ဗုဒ္ဓွေါနာမ၊ ဗုဒ္ဓမည်သော။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဥပ္ပန္နော၊ ဖြစ်တော်မူပြီ။
ဝါ၊ ပွင့်တော်မူပြီ။
သော၊ ထိုမြတ်စွာဘုရားသည်။
ဧတရဟိ၊ ယခုအခါ၌။
သာတတ္ထိယံ၊ သာဝတ္ထိမြို့၌။
ဝိဟရတိ၊ သီတင်းသုံးတော်မူ၏။
အနာထပိဏ္ဍိကော၊ အနာထပိဏ္ဍိကမည်သော။
ဂဟပတိ၊ အိမ့်ရှင်သူဌေးသည်။
တံ၊ ထိုမြတ်စွာဘုရားကို။
ဥပဋ္ဌဟတိ၊ ပြုစုလုပ်ကျွေးသည်။
သော၊ ထိုသူဌေးသည်။
ဥပေါသထဒိဝသေသု၊ ဥပုသ်နေ့တို့၌။
အတ္တနော၊ မိမိ၏။
တတကာနံ၊ အလုပ်သမားတို့အား။
ပကတိဘတ္တဝေတနမေဝ၊ မင်ကိုယ်ဖြစ်သော ထမင်းရိက္ခာကိုပင်။
ဒတွာ၊ ပေး၍။
(အလုပ်မခိုင်းဘဲ ပေး၍)။
ဥပေါသထံ၊ ဥပုသ်ကို။
ကာရာပေသိ၊ ပြုစေပြီ။
ဝါ၊ ဆောက်တည်စေပြီ။
ပစ္စာသီသန္တာ။ ။ ဤသစ်ပင်၏ ရုက္ခစိုးသည် ရသေ့အပေါင်းအား သောက်ရေစသည်ကိုပေးကာ အပန်းဖြေစေပါလျှင် ကောင်းလေစွာ့" ဟု အကြီးအကဲရသေ့၏ တောင့်တမှုကို ရသေ့အများပေါ်၌ တင်စား၍ "ပစ္စာသီသန္တာ" ဟု ဗဟုဝုစ်ဆိုသည်။
အထ၊ ထိုအခါ၌။
အဟံ၊ အကျွန်ုပ်သည်။
ဧကဒိဝသံ၊ တစ်နေ့သ၌။
မဇ္ဈနှိကေ၊ မွန့်တည့်အခါ၌။
ပါတရာသတ္ထာယ၊ နံနက်စာ စားခြင်းအကျိုးငှါ။
အာဂတော၊ ပြန်လာသည်။
(သမာနော၊ ဖြစ်လသော်)။
ကိဉ္စိ၊ တစ်စုံတစ်ယောက်ကို။
ဘတကကမ္မံ၊ အလုပ်သမားတို့၏ အလုပ်ကို။
အကရောန္တံ၊ မလုပ်သည်ကို။
ဒိသွာ၊ မြင်၍။
အဇ္ဇ၊ ယနေ့။
မနုဿာ၊ လူတို့သည်။
ကသ္မာ၊ အဘယ်ကြောင့်။
ကမ္မံ၊ အလုပ်ကို။
န ကရောန္တိ၊ မလုပ်ကြကုန်သနည်း။
ဣတိ၊ ဤသို့ ။
ပုစ္ဆိံ၊ မေးပြီ။
တဿမေ၊ ထို အကျွန်ုပ်အား။
တမတ္ထံ၊ ထိုအကြောင်းကို။
အာရောစေသုံ၊ ပြောကြကုန်ပြီ။
[ထိုသူကား ထိုနေ့မှ အလုပ်ဝင်သူတည်း။]
အထ၊ ထိုအခါ၌။
အဟံ၊ အကျွန်ုပ်သည်။
ဧတံ၊ ဤစကားကို။
အဝေါစံ၊ ပြောပြီ။
(ကိံ)၊
ဣဒါနိ၊ ယခုအခါ၌။
ကပဍ္ဎဒိဝသော၊ ထက်ဝက်သောနေ့သည်။
ဂတော၊ လွန်သွားပြီ။
ဥပဍ္ဎုပေါသထံ၊ ထက်ဝက်သော ဥပုသ်စောင့်မှုကို။
ကာတုံ၊ ပြုခြင်းငှါ။
သက္ကာနုခေါ၊ တက်ကောင်းပါသလော။
ဣတိ, အဝေါစံ၊
တတော၊ ထိုသို့ ပြောခြင်းကြောင့်။
သေဋ္ဌိဿ၊ သူဌေးအား။
ပတိဝေဒေတွာ၊ တစ်ဖန်သိစေ၍။
ဥပဍ္ဎုပေါသထံ၊ ကို)။
ကာတုံ၊ ငှာ။
သက္ကာ၊ တက်ကောင်း၏။
ဣတိ၊ ဤသို့။
အာဟ၊ ပြောပါပြီ။
သွာဟံ (သောအဟံ)၊ ထိုအကျွန်ုပ်သည်။
ဥပဍ္ဎဒိဝသံ၊ ထက်ဝက်သောနေ့ပတ်လုံး။
ဥပဍ္ဎုပေါသထံ၊ ထက်ဝက်သော ဥပုသ်ကို။
သမာဒိယိတွာ၊ ဆောက်တည်၍။
တဒဟေဝ၊ ထိုနေ့၌ပင်။
ကာလံ၊ သေခြင်းကို။
ကတွာ၊ ပြု၍။
ဣမံ သမ္ပတ္တိံ၊ ဤစည်းစိမ်ကို။
ပဋိလဘိံ၊ ရပါပြီ။
ဣတိ၊ သို့။
(ဒေဝတာ အာဟ၌စပ်)။
အထ၊ ထိုအခါ၌။
တေ တာပသာ၊ ထိုရသေ့တို့သည်။
ဗုဒ္ဓေါ၊ သည်။
ဥပ္ပန္နောကိရ၊ ပွင့်တော်မူပြီတဲ့။
ဣတိ၊ ဤသို့ ကြားရ၍။
သဉ္ဇာတပီတိပါမောဇ္ဇာ၊ လွန်စွာ ဖြစ်သော နှစ်သက်ဝမ်းမြောက်ခြင်းရှိကုန်သည်။
(ဟုတွာ)၊
တတောဝ၊ ထိုပင်ညောင်ပင်မှပင်။
သာဝတ္ထိံ၊ သို့။
ဂန္တုကာမာ၊ သွားခြင်းငှာ အလိုရှိကုန်သည်။
ဟုတွာပိ၊ ဖြစ်၍လည်း။
(ဖြစ်ပါသော်လည်း)။
နော၊ ငါတို့အား။
ဝါ၊ တို့၏။
ဥပဋ္ဌာကသေဋ္ဌိနော၊ အလုပ်အကျွေးဖြစ်သော သူဌေးတို့သည်။
ဗဟူပကာရာ၊ များသော လျော်သော ကျေးဇူကို ပြုတတ်ကုန်၏။
တေသံပိ၊ ထိုသူဌေးတို့အားလည်း။
ဣမံ အတ္ထံ၊ ဤအကြောင်းအရာကို။
(ဘုရားပွင့်တော်မူပြီဟူသော အကြောင်းရာကို)။
အာရောစေဿာမ၊ ပြောကြကုန်ဦးစို့။
ဣတိ၊ ဤသို့တိုင်ပင်၍။
(တစ်နည်း) အာရောစေဿာမ၊ ပြောကြကုန်အံ့။
ဣတိ၊ ဤသို့ ကြံ၍။
ကောသမ္ဗိံ၊ သို့။
ဂန္တွာ၊ သွား၍။
သေဋ္ဌီဟိ၊ သူဌေးတို့သည်။
ကတသက္ကာရဗဟုမာနာ၊ ပြုအပ်ပြီးသော ကောင်းစွာ ပြုခြင်းများစွာ မြတ်နိုးခြင်း ရှိကုန်သည်။
(ဟုတွာ)၊
တဒဟေဝ၊ ထိုနေ့၌ပင်။
မယံ၊ တို့သည်။
ဂစ္ဆာမ၊ သွားကြကုန်အံ့။
ဣတိ၊ ဤသို့။
အာဟံသု၊ ပြောကြကုန်ပြီ။
ဘန္တေ၊ အရှင်ဘုရားတို့။
ကိံ၊ အဘယ်ကြောင့်။
တုရိတာ၊ ဆောလျင်ကုန်သည်။
အတ္ထ၊ ဖြစ်ကြပါကုန်သနည်း။
တုမှေ၊ အရှင်တို့သည်။
ပုဗ္ဗေ၊ ရှေးအခါ၌။
စတ္တာရော မာသေ၊ လေးလတို့ပတ်လုံးသော်လည်းကောင်း။
ပဉ္စမာသေ၊ ငါးလတို့ပတ်လုံးသော်လည်းကောင်း။
တသိတွာ၊ နေပြီး၍။
ဂစ္ဆထနနု၊ ပြကြကုန်သည် မဟုတ်ပါလော။
ဣတိစ၊ ဤသို့လည်း။
ဝုတ္တေ၊ လျှောက်အပ်သော။
["ဝုတ္တာ၊ လျှောက်အပ်ကုန်သည်။
(ဟုတွာ)" ဟုလည်း ရှိ၏။]
တံ ပဝတ္တိံ၊ ထိုဖြစ်ပုံကို။
(ဘုရားပွင့်တော်မူပြီဟူသော အကြောင်းကို)။
အာရောစေသုံ၊ ပြောကြကုန်ပြီ။
ဘန္တေ၊ တို့။
တေနဟိ၊ ထိုသို့ဖြစ်လျှင်။
(ထိုသို့ ဘုရားပွင့်တော်မူလျှင်)။
သဟေဝ၊ အတူတကွ သာလျှင်။
ဂစ္ဆာမ၊ သွားကြပါကုန်စို့။
ဣတိစ၊ သို့လည်း။
ဝုတ္တေ၊ သော်။
မယံ၊ ငါတို့သည်။
ဂစ္ဆာမ၊ သွားနှင့်ကုန်အံ့။
တုမှေ၊ သင်တို့သည်။
သဏိကံ၊ ဖြည်းဖြည်း။
အာဂစ္ဆထ၊ လိုက်ခဲ့ကြကုန်လော။
ဣတိ၊ ဤသို့ ပြောလျှင်။
သာဝတ္ထိံ၊ သို့။
ဂန္တွာ၊ ၍။
ဘဂဝတော၊ ၏။
သန္တိကေ၊ ၌။
ပဗ္ဗဇိတွာ၊ ရဟန်းပြုပြီး၍။
အရဟတ္တံ၊ ပဋိသမ္ဘိဒါဖြင့် တန်ဆာဆင်အပ်သော အရဟတ္တဖိုလ်သို့။
ပါပုဏိံသု၊ ရောက်ကြကုန်ပြီ။
တေပိ သေဋ္ဌိနော၊ ထို သူဌေးတို့သည်လည်း။
ပဉ္စသတပဉ္စသတသကဋပရိဝါရာ၊ ငါးရာ ငါးရာသော လှည်းအခြံအရံရှိကုန်သည်။
(ဟုတွာ)၊
သာဝတ္ထံ၊ သို့။
ဂန္တွာ၊ ၍။
ဒါနာဒီနိ၊ ဒါနအစရှိသော ကောင်းမှုတို့ကို။
ကတွာ၊ ၍။
["ဒတွာ" ဟု ရှိသည်ကား မကောင်း။]
ကောသမ္ဗိံ၊ သို့။
အာဂမနတ္ထာယ၊ ကြွလာတော်မူခြင်းအကျိုးငှါ။
ဘဂဝန္တံ၊ ကို ။
ယာစိတွာ၊ တောင်းပန်ပြီး၍။
ပစ္စာဂမ္မ၊ ပြန်လာ၍။
တယော၊ သုံးတိုက်ကုန်သော။
ဝိဟာရော၊ ကျောင်းတိုက်တို့ကို။
ကာရေသုံ၊ ပြုစေကြကုန်ပြီ။
[တေဟိ သေဋ္ဌိနော သောတာပတ္တိဖလေ ပတိဋ္ဌာယ အဍ္ဎမာသမတ္တံ ဒါနာနိ ဒတွာ ပစ္စာဂမ္မ တယော ဝိဟာရေ ကာရေသုံ- ဋီကာသစ်။]
တေသု၊ ထိုကျောင်းတိုက်တို့တွင်။
ကုက္ကုဋသေဋ္ဌိနာ၊ ကုက္ကုဋသူဌေးသည်။
ကတော၊ ပြုအပ်သော။
(ဝိဟာရော၊ သည်။)
ကုက္ကုဋာရာမောနာမ၊ ကုက္ကုဋာရံကျောင်းတိုက်မည်သည်။
(အဟောသိ၊ ဖြစ်ပြီ)။
ပါဝါရိယသေဋ္ဌိနာ၊ ပါဝါရိယသူဌေးသည်။
ကတော၊ သော။
(ဝိဟာရော)။
ပါဝါရိကမ္ဗဝနံနာမ၊ ပါဝါရိကမ္ဗဝန ကျောင်းတိုက်မည်သည်။
(အဟောတိ)။
ဃောသိတသေဋ္ဌိနာ၊ ဃောသိတသူဌေးသည်။
ကတော၊ သော။
(ဝိဟာရော)။
ဃောသိတာရာမောနာမ၊ ဃောသိတာရုံ ကျောင်းတိုက်မည်သည်။
အဟောသိ၊
တံ၊ ထိုဃောသိတာရုံ ကျောင်းတိုက်ကို။
သန္ဓာယ၊ ရည်ရွယ်၍။
ကောသမ္ဗိယံ ဝိဟရတိ ဃောသိတာရာမေတိ၊ ဟူ၍။
(အာယသ္မတာအာနန္ဒတ္ထေရေန)။
ဝုတ္တံ၊ ပြီ။
[ဃောသကသူဌေးကိုပင် "ဃောသိတ" ဟု ဆိုသည်။]
မုဏ္ဍိယောတိ ဣဒံ၊ မုဏ္ဍိယဟူသော ဤအမည်သည်။
တဿ၊ ထိုပရိဗ္ဗိုဇ်၏။
နာမံ၊ အမည်တည်း။
ဇာလိယောတိ ဣဒံပိ၊ ဇာလိယဟူသော ဤအမည််သည်လည်း။
ဣတရဿ၊ အခြားပရိဗ္ဗိုဇ်၏။
နာမမေဝ၊ အမည်ပင်တည်း။
ပန၊ ဆက်။
ယသ္မာ၊ ကြောင့်။
အဿ၊ ထို ဇာလိယပရိဗ္ဗိုဇ်၏။
ဥပဇ္ဈာယော၊ ဥပဇ္ဈာယ်သည်။
ဒါရုမယေန၊ သစ်သားဖြင့် ပြုအပ်သော။
ဝတ္တေန၊ သပိတ်ဖြင့်။
ပိဏ္ဍာယ၊ ဆွမ်းအလို့ငှါ။
စရတိ၊ ၏။
တသ္မာ၊ ကြောင့်။
ဒါရုပတ္တိကန္တေဝါသီတိ၊ ဟူ၍။
ဝါ၊ သစ်သားသပိတ်ကို ဆောင်သော ဆရာ၏ အနီးနေတပည့်ဟူ၍။
ဝုစ္စတိ၊ ၏။
ဧတဒဝေါစုံတိ၊ ကား။
ဥပါရမ္ဘာဓိပ္ပာယေန၊ သူတစ်ပါးတို့၏ အယူကို ကပ်၍ ဖျက်ဆီးခြင်း၌ဖြစ်သော အလိုဖြင့်။
ဝါ၊ သူတစ်ပါး၏ အယူကို ကပ်၍ ဖျက်ဆီးလိုသဖြင့်။
ဝါဒံ၊ ပြောဆိုကြောင်း အပြစ်ကို။
အာရောပေတုကာမာ၊ တင်ခြင်းငှါ အလိုရှိကုန်သည်။
ဟုတွာ၊ ၍။
ဧတံ၊ ဤစကားကို။
အဝေါစုံ၊ ပြောဆိုကြကုန်ပြီ။
နေသံ၊ ထို ပရိဗ္ဗိုဇ်တို့၏။
ဣတိ၊ ဤအကြံသည်။
အဟောသိ ကိရ၊ ဖြစ်ပြီတဲ့။
(ကိံ)၊
သမဏော ဂေါတမော၊ သည်။
တံ ဇီဝံ, တံ သရီရံတိ၊ ဟူ၍။
(ထို ဇီဝသည် ထို သရီရပင် ဖြစ်၏ ဟူ၍)။
သစေ ဝက္ခတိ၊ အကယ်၍ ပြောအံ့။
အထ၊ ထိုသို့ပြောလသော်။
အဿ၊ ထိုရဟန်းဂေါတမ၏ အပေါ်၌။
မယံ၊ ငါတို့သည်။
ဧတံဝါဒံ၊ ဤအပြစ်ကို။
အရောပေဿာမ၊ တင်ကုန်အံ့။
(ကိံ)၊
ဘောဂေါတမ၊ တုမှာကံ၊ အရှင်တို့၏။
လဒ္ဓိယာ၊ အယူအားဖြင့်။
ဣဓေဝ၊ ဤဘဝ၌ပင်။
သတ္တော၊ သတ္တဝါသည်။
ဘိဇ္ဇတိ၊ ပျက်၏။
တေန၊ ထိုသို့ ပျက်ခြင်းကြောင့်။
ဝေါ၊ အရှင်တို့၏။
ဝါဒေါ၊ အယူသည်။
ဥစ္ဆေဒဝါဒေါ၊ ဥစ္ဆေဒဝါဒသည်။
ဟောတိ၊ ၏။
ဣတိ၊ သို့။
(ဝါဒံ အာရောပေသာမ)။
ပန၊ သို့မဟုတ်။
အညံ ဇီဝံ, အညံ သရီရံတိ၊ ဟူ၍။
(ဇီဝတစ်ခြား သရီရ တစ်ခြားဟူ၍)။
သစေ ဝက္ခတိ၊ အံ့။
အထ၊ ထိုသို့ ပြောလသော်။
အဿ၊ ထို အရှင်ဂေါတမ၏ အပေါ်၌။
ဧတံ ဝါဒံ၊ ဤအပြစ်ကို။
အာရောပေဿာမ၊ န်အံ့။
(ကိံ)၊
တုမှာကံ၊ အရှင်တို့၏။
ဝါဒေ၊ အယူ၌။
ရူပံ၊ ရုပ်ခန္ဓာသည်။
ဘိဇ္ဇတိ၊ ပျက်၏။
သတ္တော၊ သည်။
န ဘိဇ္ဇတိ၊ မပျက်။
တေန၊ ထို့ကြောင့်။
(ထိုသို့ ရုပ်ခန္ဓာသာပျက်၍ သတ္တဝါ၏ မပျက်ခြင်းကြောင့်)။
ဝေါ၊ အရှင်တို့၏။
ဝါဒေ၊ ၌။
သတ္တော၊ သည်။
သဿတော၊ မြဲသည်။
အာပဇ္ဇတိ၊ ဖြစ်၏။
ဣတိ၊ သို့။
(ဝါဒံ အာရောပေဿာမ၊
ဣတိ၊ ဤသို့ သော အကြံသည်။
အဟောသိ ကိရ၊ )။ဥပဇ္ဈာယော။ ။ သာသနာပ၌ သူတို့၏ ဆိုင်ရာအတတ် သင်ပေးသော ဆရာကို "ဥပဇ္ဈာယ" ဟု ခေါ်လေ့ရှိ၏၊ ဥပေတျ (ဥပေစ္စ)- ကပ်ရောက်၍ +အဓိယတေ အသ္မာတိ ဥပဓျာယော- ကပ်ရောက်၍ အတတ်သင်ရာ ဆရာကြီး၊- ထောမနိဓိဝိဂ္ဂဟ။
ဥပါရမ္ဘာဓိပ္ပာယေန။ ။ အဘိဓာန် (၈၅၂) လ အာရမ္ဘသဒ္ဒါ၏ အနက်တို့တွင် ဝိကော ပန နက်ဟောတည်း၊ ဥပ (ဥပေစ္စ) ကပ်ရောက်၍ + အာရမ္ဘနံ- သူတစ်ပါးတို့၏ အယူဝါဒကို ဖျက်ဆီးခြင်း၊ ဥပါရမ္ဘော- ခြင်း၊ ဥပါရမ္ဘေ+ ပဝတ္တော+ အဓိပ္ပာယော- အလိုတည်း၊ ဥပါရမ္ဘာဓိပ္ပာယော- လို [ဝဒန္တိ နိန္ဒ ဝသေန ကထေန္တိ ဧတေနာတိ ဝါဒေ- ကဲ့ရဲသော အားဖြင့် ပြောဆိုကြောင်း အပြစ်။]
ကံ ဇီဝံ, တံ သရီရ။ ။ ဇီဝဟူသည် အသက်ကောင်ဟုလည်းကောင်း, သတ္တဝါဟုလည်းကောင်း ခေါ်ရသော အတ္တတည်း၊ သရီရဟူသည် ရုပ်ခန္ဓာကိုယ် (ခန္ဓာအိမ်) တည်း၊ ဤဝါဒ၌ "တံ ဇီဝံ, တံ သရီရ" ဟု "တ" သဒ္ဒါဖြင့် ဆိုသောကြောင့် အရတူ အဖြစ်ကို ပြ၏၊ ခန္ဓာကိုယ်နျင့် ဇီဝ (အတ္တ) သည် အတူတူပင် ဖြစ်၏- ဟူလို၊ ထိုသို့ ယူ၍ "ဤဘဝ၌ ခန္ဓာကိုယ်၏ ပျက်ခြင်းက ထင်ရှားသောကြောင့် ခန္ဓာကိုယ်နှင့် အတူဖြစ်သော ဇီဝ (အတ္တ)လည်း ပျက်၏" ဟု ယူဆရကား ဥစ္ဆေဒဒိဋ္ဌိဖြစ်၏၊ "ဇီဝနှင့် သရီရသည် အတူမဟုတ်, တစ်ခြားစီ" ဟု ယူလျှင် သရီရသာပျက်၍, ဇီဝ မပျက်သောကြောင့် သဿတဒိဋ္ဌိဖြစ်သည်။
ဥပါရမ္ဘာဓိပ္ပာယေန။ ။ အဘိဓာန် (၈၅၂) လ အာရမ္ဘသဒ္ဒါ၏ အနက်တို့တွင် ဝိကော ပန နက်ဟောတည်း၊ ဥပ (ဥပေစ္စ) ကပ်ရောက်၍ + အာရမ္ဘနံ- သူတစ်ပါးတို့၏ အယူဝါဒကို ဖျက်ဆီးခြင်း၊ ဥပါရမ္ဘော- ခြင်း၊ ဥပါရမ္ဘေ+ ပဝတ္တော+ အဓိပ္ပာယော- အလိုတည်း၊ ဥပါရမ္ဘာဓိပ္ပာယော- လို [ဝဒန္တိ နိန္ဒ ဝသေန ကထေန္တိ ဧတေနာတိ ဝါဒေ- ကဲ့ရဲသော အားဖြင့် ပြောဆိုကြောင်း အပြစ်။]
ကံ ဇီဝံ, တံ သရီရ။ ။ ဇီဝဟူသည် အသက်ကောင်ဟုလည်းကောင်း, သတ္တဝါဟုလည်းကောင်း ခေါ်ရသော အတ္တတည်း၊ သရီရဟူသည် ရုပ်ခန္ဓာကိုယ် (ခန္ဓာအိမ်) တည်း၊ ဤဝါဒ၌ "တံ ဇီဝံ, တံ သရီရ" ဟု "တ" သဒ္ဒါဖြင့် ဆိုသောကြောင့် အရတူ အဖြစ်ကို ပြ၏၊ ခန္ဓာကိုယ်နျင့် ဇီဝ (အတ္တ) သည် အတူတူပင် ဖြစ်၏- ဟူလို၊ ထိုသို့ ယူ၍ "ဤဘဝ၌ ခန္ဓာကိုယ်၏ ပျက်ခြင်းက ထင်ရှားသောကြောင့် ခန္ဓာကိုယ်နှင့် အတူဖြစ်သော ဇီဝ (အတ္တ)လည်း ပျက်၏" ဟု ယူဆရကား ဥစ္ဆေဒဒိဋ္ဌိဖြစ်၏၊ "ဇီဝနှင့် သရီရသည် အတူမဟုတ်, တစ်ခြားစီ" ဟု ယူလျှင် သရီရသာပျက်၍, ဇီဝ မပျက်သောကြောင့် သဿတဒိဋ္ဌိဖြစ်သည်။
အထ၊ ထိုအခါ၌။
ဘဂဝါ၊ သည်။
ဣမေ၊ ဤပရိဗ္ဗိုဇ်တို့သည်။
ဝါဒါရောပနတ္ထာယ၊ အပြစ်တင်ခြင်းအကျိုးငှါ။
ပဉှံ၊ ပြဿနာကို။
ပုစ္ဆန္တိ၊ မေးကြကုန်၏။
မမ၊ ငါဘုရား၏။
သာသနေ၊ သာသနာတော်၌။
ဒွေ၊ နှစ်ခုကုန်သော။
ဣမေ အန္တေ၊ ဤအဖို့တို့သို့။
အနုပဂမ္မ၊ မကပ်ရောက်မူ၍။
မဇ္ဈိမာ၊ အလယ်အလတ်၌ဖြစ်သော။
ပဋိပဒါ၊ အကျင့်သည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ သို့။
န ဇာနန္တိ၊ မသိကြကုန်။
ဟန္ဒ၊ ယခု။
နေသံ၊ ထို ပရိဗ္ဗိုဇ်တို့၏။
ပဉှံ၊ ပြဿနာကို။
အဝီသဇ္ဇေတွာ၊ မဖြေမူ၍။
တဿာယေဝ ပဋိပဒါယ၊ ထို မဇ္ဈိမပဋိပဒါကိုပင်။
["တဿာပိ ဧဝံ ပဋိပဒါယ" ဟု ရှေးစာအုပ် ၌ ရှိ၏ မကောင်း။]
အာဝိဘာဝတ္ထံ၊ ထင်စွာဖြစ်စေခြင်း အကျိုးငှါ။
ဓမ္မံ၊ တရားကို။
ဒေသေမိ၊ ဟောတော်မူအံ့။
ဣတိ၊ ဤသို့။
စိန္တေတွာ၊ ကြံတော်မူ၍။
တေန ဟာဝုသောတိ အာဒိံ၊ အစရှိသော စကားကု။
အာဟ၊ မိန့်တော်မူပြီ။
တတ္ထ၊ ထို တေနဟာဝုသော အစရှိသော စကားရပ်၌။
ကလ္လံ ၊ပေ၊ ဝစနာယာတိ၊ ကား။
သဒ္ဓါပ္ဗဇိတဿ၊ သဒ္ဓါတရားဖြင့် ရဟန်းအဖြစ်သို့ ရောက်ပြီးသော။
တိဝိဓံ၊ ၃ ပါးအပြားရှိသော။
သီလံ၊ သီလကို။
ပရိပူရေတွာ၊ ပြည့်စေ၍။
ပဌမဇ္ဈာနံ၊ ပဌမဈာန်သို့။
ပတ္တဿ၊ ရောက်ပြီးသော။
တဿ၊ ထိုရဟန်းအား။
ဝါ၊ ၏။
ဧတံ၊ ဤတံဇီဝံ, တံ သရီရံဟူသော စကားကို။
ဝတ္ထုံ၊ ပြောဆိုခြင်းငှါ။
ယုတ္တံနုခေါ၊ သင့်ပါအံ့လော။
ဣတိ အတ္ထော၊ နက်။
[တဿေတံဟုလည်းကောင်း, ယုတ္တံ နုခေါ ဧတံဟု လည်းကောင်း "ဧတံ" နှစ်ထပ် ပါနေ၏၊ ဧတံတစ်ခုပိုသည်။]
တံ၊ ထို စကားကို။
သုတွာ၊ ကြားရ၍။
ပရိဗ္ဗာဇကာ၊ ပရိဗ္ဗိုဇ်တို့သည်။
ပုထဇ္ဇနောနာမ၊ ပုထုဇဉ်မည်သည်။
(ဈာန်ရ ပုထုဇဉ်မည်သည်)။
ယသ္မာ၊ အကြင့်ကြောင့်။
နိဗ္ဗိစိကိစ္ဆော၊ ဝိစိကိစ္ဆာ မရှိသည်။
န ဟောတိ၊ မဖြစ်သေး။
တသ္မာ၊ ထို့ကြောင့်။
ကဒါစိ၊ တစ်ရံတစ်ခါ၌။
ဧဝံ၊ ဤသို့။
(တံ ဇီဝံ တံ သရီရံ, အညံဇီဝံ အညံသရီရံဟူ၍)။
ဝဒေယျ၊ ပြောဆိုရာ။
ဣတိ၊ သို့။
မညမာနာ၊ မှတ်ထင်ကုန်သည်။
(ဟုတွာ)၊
ကလ္လံ တဿေတံ ဝစနာယာတိ၊ ဟူ၍။
အာဟံသု၊ လျှောက်ကြကုန်ပြီ။
အထစ ပနာဟံ ဝဒါမီတိ၊ ကား။
အဟံ၊ ငါသည်။
ဧတံ၊ ဤ ပဌမဈာန်လို။
ဧဝံ၊ ဤသိ့။
ဇာနာမိ၊ သိ၏။
စ၊ ထိုသို့ပင် သိပါသော်လည်း။
ဧဝံ၊ ဤသို့။
(တံ ဇီဝံ တံ သရီရံ, အညံဇီဝံ အညံသရီရံဟူ၍)။
နော ဝဒါမိ၊ မိန့်တော်မမူ။
အထခေါ၊ စင်စစ်ကား။
ဧတံ၊ ဤဈာန်သည်။
ကသိဏပရိကမ္မံ၊ ကသိုဏ်းပရိကမ်ကို။
ကတွာ၊ ပြု၍။
ဘာဝေန္တဿ၊ ပဌမဈာန်ကို ဖြစ်စေသော ပုဂ္ဂိုလ်၏။
ပညာဗလေန၊ ပညာ၏ အစွမ်းကြောင့်။
ဥပ္ပန္နံ၊ ဖြစ်သော။
မဟဂ္ဂတစိတ္တံ၊ မဟဂ္ဂုတ်စိတ်တည်း။
ဣတိ၊ ဤသို့။
သညံ၊ အမှတ်အသားကို။
ထပေသိံ၊ ထားတော်မူပြီ။
["ထပေမိ" ဟု အချို့စာအုပ်၌ ရှိ၏၊ ပဝတ္တာဝိရတ ဝတ္တမာန်ဖြစ်၍ ကောင်းပါ၏။]
န ကလ္လံ တဿေတန္တိ ဣဒံ၊ န ကလ္လံ တဿေတံဟူသော ဤစကားကို။
(ဝဒန္တိ ၌စပ်)။
တေ ပရိဗ္ဗာဇကာ၊ ထို ပရိဗ္ဗိုဇ် ၂ ယောက်တို့သည်။
ယသ္မာ၊ ကြောင့်။
ခီဧာသဝေါ၊ ရဟန္တာပုဂ္ဂိုလ်သည်။
ဝိဂတသမ္မောဟော၊ ကင်းသော ပြင်းစွာ တွေဝေခြင်းရှိခြင်း၏။
တိဏ္ဏဝိစိကိစ္ဆော၊ လွန်မြောက်အပ်ပြီးသော တိစိကိစ္ဆာရှိ၏။
တသ္မာ၊ ထို့ကြောင့်။
တဿ၊ ထို ရဟန္တာပုဂ္ဂိုလ်၏။
ဧတံ၊ ဤ တံ ဇီဝံ တံ သရီရံ, အညံ ဇီဝံ အညံ သရီရံဟူသော စကားကို။
ဝတ္တုံ၊ ပြောဆိုခြင်းငှါ။
န ယုတ္တံ၊ မသင့်။
ဣတိ မညမာနာ (ဟုတွာ) ဝဒန္တိ၊
ဧတ္ထ၊ ဤ ဇာလိယသုတ်၌။
သေသံ၊ ကြွင်းသော ပုဒ်အပေါင်းသည်။
ဥတ္တာနတ္ထမေဝ၊ သာ။
ဣတိ၊ အပြီးတည်း။
........ ဣတိ၊ ဤဆိုအပ်ပြီးသော စကားအစဉ်ဖြင့်။
၊ပေ၊ ဇာလိယသုတ္တဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီးပြီ။မညမာနာ။ ။ဘုရားရှင်သည် ထိုထိုဝါဒ၌ "အထစ ပနာဟံ န ဝဒါမိ" ဟု မိန့်တော်မူခဲ့၏၊ ထို ဘုရားစကားတော်ကို ဥပဒေသပြု၍ "န ကလ္လံ တဿေတံ" ဟု လျှောက်ကြသည်၊ မိမိ တို့ကိုယ်တိုင်က ဉာဏ်ဖြင့် သိသောကြောင့် လျှောက်ကြသည်မဟုတ်၊ ထို့ကြောင့် "မညမာနာ ဝဒန္တိ- မှတ်ထင်၍ လျှောက်ကြသည်" ဟု ဆိုသည်။
မှတ်ချက်။ ။ ဤသုတ်၌ "န ကလ္လံ ဝဿေတံ" ဟု န ပါသော စကားကို ခီဏာသဝအဖြစ်ရောက်မှ လျှောက်ကြသောကြောင့် ဝိပဿကဖြစ်ရုံမျှဖြင့် "န ကလ္လံ" ဟု မလျှောက်နိုင်ကြောင်းကို သိပါ၊ ထို့ကြောင့် ရှေ့သုတ်၏ ဋီကာသစ်၌ "ဝိပဿကတော ပဋ္ဌာယ န ကလ္လံ တဿေတံ ဝစနာယောတိ အဝေါစုံ" ဟူသော အဖွင့်ကို "ဤအဋ္ဌကထာနှင့် မညီ၍ မကြိုက်ကြ" ဟု မှတ်ချက်ချခဲ့သည်။
မှတ်ချက်။ ။ ဤသုတ်၌ "န ကလ္လံ ဝဿေတံ" ဟု န ပါသော စကားကို ခီဏာသဝအဖြစ်ရောက်မှ လျှောက်ကြသောကြောင့် ဝိပဿကဖြစ်ရုံမျှဖြင့် "န ကလ္လံ" ဟု မလျှောက်နိုင်ကြောင်းကို သိပါ၊ ထို့ကြောင့် ရှေ့သုတ်၏ ဋီကာသစ်၌ "ဝိပဿကတော ပဋ္ဌာယ န ကလ္လံ တဿေတံ ဝစနာယောတိ အဝေါစုံ" ဟူသော အဖွင့်ကို "ဤအဋ္ဌကထာနှင့် မညီ၍ မကြိုက်ကြ" ဟု မှတ်ချက်ချခဲ့သည်။