စတုတ္ထဇ္ဈာန သုခူပမာယံ၊ စတုတ္ထဈာန်ချမ်းသာ၏ ဥပမာ၌။
(အတ္ထော ဧဝံ ဝေဒိတဗ္ဗော။)
**ပရိသုဒ္ဓေန စေတသာ ပရိယောဒါတေနာ**တိ ဧတ္ထ၊ ဤပါဌ်၌။
နိရုပက္ကိလေသဋ္ဌေန၊ ဥပက္ကိလေသ မရှိသည်၏အဖြစ်ကြောင့်။
(စိတ္တံ၊ သည်။)
ပရိသုဒ္ဓံ၊ ထက်ဝန်းကျင် စင်ကြယ်၏။
ပဘဿရဋ္ဌေန၊ ပြိုးပြိုးပြက်ထွက်သောအရောင်ရှိသည်၏အဖြစ်ကြောင့်။
(စိတ္တံ) ပရိယောဒါတံ၊ ထက်ဝန်းကျင်ဖြူစင်၏။
ဣတိ၊ သို့။
ဝေဒိတဗ္ဗံ၊ ၏။
**ဩဒါတေန ဝတ္ထုနာ**တိ၊ ဟူသော။
ဣဒံ၊ ဤစကားကို။
ဥတုဖရဏတ္တံ၊ အနွေးငွေ့ဖြန့်ပုံကို ပြခြင်းအကျိုးငှာ။
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
[ဣဒံတိ ဩဒါတဝစနံ။ ဥတုဖရဏတ္ထိတိ ဥဏှဥတုနော ဖရဏဒဿနတ္ထံ။ ဋီကာ။
ဟိ၊ ချဲ့။
ကိလိဋ္ဌဝတ္ထေန၊ ညစ်နွမ်းသောအဝတ်ဖြင့်။
ဥတုဖရဏံ၊ အနွေးငွေ့ကို ဖြန့်ခြင်းသည်။
နဟောတိ၊ မဖြစ်။
[များစွာမဖြစ်သည်ကို ဆိုလိုသည်။ အနည်းငယ်တော့ဖြစ်ပါသေး၏။]
တင်္ခဏ မောတပရိသုဒ္ဓေန၊ ထိုခဏ၌ ဖွပ်လျှော်အပ်ပြီးဖြစ်၍ ထက်ဝန်းကျင်စင်ကြယ်သောအဝတ်ဖြင့်။
ဥတုဖရဏံ၊ သည်။
ဗလဝံ၊ အားရှိသည်။
ဟောတိ။
ဟိ၊ ထင်ရှားအောင်ပြဦးအံ့။
(တစ်နည်း) ဟိ (ယသ္မာ)၊ အကြင်ကြောင့်။
ဣမိဿာယ ဥပမာယ၊ ဤဥပမာ၌။
ဝတ္ထံဝိယ၊ အဝတ်ကိုကဲ့သို့။
ကရဇကာယော ကရဇကာယကို။
(ဒဋ္ဌဗ္ဗော)။
ဥတုဖရဏံ ဝိယ၊ အနွေးငွေ့ကို ဖြန့်ခြင်းကိုကဲ့သို့။
စတုတ္ထဇ္ဈာနသုခံ၊ စတုတ္ထဈာန်သုခကို။
(ဒဋ္ဌဗ္ဗံ)။
တသ္မာ၊ ထို့ကြောင့်။
သုနာတဿ၊ ကောင်းစွာရေချိုးပြီးသော။
ပုရိသဿ၊ ယောက်ျားသည်။
ဝါ၊ ၏။
ပရိသုဒ္ဓံ၊ ထက်ဝန်းကျင်စင်ကြယ်သော။ပရိသုဒ္ဓံ ပရိယောဒါတံ။ ။ ကိလေသာ အညစ်ကြေးတို့မှ စင်ကြယ်သောကြောင့်ပရိသုဒ္ဓဖြစ်၏၊ ထို ပရိသုဒ္ဓဖြစ်ပြီးသောစတုတ္ထဈာန်စိတ်သည်ထပ်၍ ထပ်၍ ပွားစေသောအခါ ပြိုးပြိုးပြက် အရောင်ထွက်သကဲ့သို့ ထင်ရလောက်အောင် ဖြူစင်လာ၏၊ ဥပမာ-ရွှေသည်သုဓန္တ (အညစ်အကြေးကိုမှုတ်လွှင့်ပြီး)ဖြစ်၍ ပရိသုဒ္ဓဖြစ်ပြီးနောက်, ပွတ်တိုက်ပေးမှသာ အရောင်ထွက်လာသကဲ့သို့တည်း၊ ထို့ကြောင့် "ပဘဿရဋ္ဌေနပရိယောဒါတံ" ဟုမိန့်သည်။ [ယသ္မာ ပန ပရိသုဒ္ဓိယာဧဝ ပစ္စယဝိသေသေန ပဝတ္တိဝိသေသောပရိယောဒါတတာ (စင်ကြယ်ခြင်း၏ပင် အကြောင်းအထူးကြောင့်ဖြစ်ပုံအထူးသည်ပရိယောဒါတ အဖြစ်တည်း၊) သုဓန္တ သုဝဏ္ဏဿ (အညစ်အကြေးတို့ကိုမှုတ်လွှင့်ပြီးသောရွှေ၏) နိယံသနေန ပဘဿရတာ ဝိယ၊ ဋီကာ။
ဩဒါတေန ၊ပေ၊ ဣဒံ။ ။ "ဩဒါတေန ဝတ္ထေန" ဟူသောစကား၌ "ဩဒါတ ဖြူစင် သန့်ရှင်း" ဟူသောဤစကားကိုရည်ရွယ်၍ "ဣဒံ" ဟု ဆိုသည်၊ သာမန်အဝတ်ကိုမပြဘဲ ဩဒါတအဝတ်ကိုပြခြင်းသည်ထိုအဝတ်၌ကိုယ်ငွေ့ဟူသောအနွေးငွေ့ကိုဖြန့်ပုံကိုပြရခြင်းအကျိုးရှိ၏၊ "အဝတ်က ညစ်ပေနေလျှင် အငွေ့ ကောင်းကောင်း မခံနိုင်ပါ" ဟူလို။ [ခန္ဓာကိုယ်ကလည်းအညစ်အကြေး များလောက်အောင် ရေမချိုး, ရေတစ်ဘက် မပွတ်လျှင်လည်းကိုယ်ငွေ့ ကောင်းကောင်း မထွက်ပါ။]
စတုတ္ထဇ္ဈာနသုခံ။ ။ "စတုတ္ထဈာန်သုခက တစ်ကိုယ်လုံးကိုဖြန့်ခြင်းသည် ကိုယ်ငွေ့က အဝတ်ကိုဖြန့်ခြင်းနှင့် တူ၏" ဟု ဆိုသောကြောင့် "ပရိသုဒ္ဓေန စေတသာ" ဟု စိတ်ကိုနာမည်တပ်ခဲ့သော်လည်းထိုစိတ်ဖြင့်စိတ်နှင့်ယှဉ်သောသုခကိုသဟစရဏနည်းအားဖြင့်ယူရသည်ဟု မှတ်ပါ၊ ထို့ပြင်-စတုတ္ထဈာန်စိတ်၌ (စတုတ္ထနည်းအရ) သုခဝေဒနာ မယှဉ်ပါသော်လည်းဥပေက္ခာဝေဒနာကိုပင် (အလွန်ငြိမ်သက်သောကြောင့်) "သုခ" ဟု ဆိုထားကြောင်းကိုလည်းမှတ်ပါ။ ဝတ္ထံ၊ အဝတ်ကို။ သသီသံ၊ ဦးခေါင်းနှင့်တကွဖြစ်သောကိုယ်ကို။ ပါရုပိတွာ၊ ခြုံ၍။ နိသိန္နဿ၊ ထိုင်လသော်။ သရီရတော၊ ကိုယ်မှ။ ဥတု၊ အငွေ့သည်။ သဗ္ဗမေဝ၊ အလုံးစုံသာလျှင်ဖြစ်သော။ ဝတ္ထု၊ အဝတ်ကို။ ဖရတိ (ယာ)၊ ဖြန့်သကဲ့သို့။ ဝတ္ထဿ၊ ၏။

ကောစိ၊ တစ်စုံတစ်ခုသော။
အဖုဋောကာသော၊ မဖြန့်အပ်သော အရပ်မည်သည်။
နဟောတိ (ယထာ)၊ မရှိသကဲ့သို့။
ဧဝံ၊ အတူ။
စတုတ္ထဇ္ဈာနသုခေန၊ စတုတ္ထဈာန်သုခသည်။
ဘိက္ခုနော၊ ရဟန်း၏။
ကရဇကာယဿ၊ ကရဇကာယ၏။
ကောစိ၊ တစ်စုံတစ်ခုသော။
ဩကာသော၊ အရပ်သည်။
ဝါ၊ ကို။
အဖုဋော၊ မဖြန့်အပ်သည်။
န ဟောတိ၊ မဖြစ်။
ဣတိဧဝံ၊ ဤသို့။
ဧတ္ထ၊ ဤဥပမာ၌။
အတ္တော၊ အနက်ကို။
ဒဋ္ဌဗ္ဗော၊ ၏။ပါဠိတော်။ ။ ပါဠိတော်၌ "သေယျထာပိ မဟာရာဇ ပုရိသောဩဒါတေန ဝတ္ထေန သသီသံ ပါရုပိတွာ နိသိန္နော အဿ၊ နာဿ ကိဉ္စိ သဗ္ဗာဝတော ကာယဿ ဩဒါတေန ဝတ္ထေန အဖုဋံ အဿ" ဟုရှိ၏။ ဤ ပါဠိတော်ကိုကြည့်လျှင် "အဝတ်သည်ဖြန့်တတ်သောကတ္တား, ခန္ဓာကိုယ်၏ မည်သည့်အရပ်မဆို ဌာနဟူသမျှသည်ဖြန့်အပ်သောကံ"ဟု သိသာ၏။ သို့ဖြစ်လျှင် ဥပမေယျ၌ "ကရဇကာယသည်ဖြန့်အပ်သောကြောင့် အဝတ်ခြုံအပ်သောကာယနှင့်တူ၍, စတုတ္ထဈာန်စိတ် (သုခ)သည်ဖြစ်တတ်သောကြောင့် အဝတ်နှင့် တူ၏" ဟု ဆိုမှ ဥပမာနှင့် ဥပမေယျ ထပ်တူကျစရာရှိပါသည်။ ဤအတိုင်းပင် အင်္ဂုတ္တရအဋ္ဌဂကထာ၌ တစ်နည်း ဖွင့်ထား၏။ နောက်၌ ပြထားပါသည်။
သို့သော် ဣမိဿာယ ဟိ-စသောဤအဋ္ဌကထာ၌ကား "ဝတ္ထံဝိယ ကရဇကာယော ဥတုဖရဏံဝိယ စကုတ္ထဇ္ဈာနသုခံ" ဟု ပြောင်းပြန်ဆိုထား၏၊ ထိုအဆိုအတိုင်းပင် ဋီကာ၌ "ဥတုဖရဏသဒိသေန စတုတ္ထဇ္ဈာနသုခေန ဖရိတဗ္ဗတ္တာ" ဟု အကြောင်းပြ၍ ထောက်ခံဖွင့်သွား၏၊ ဆိုလိုရင်းကား-"စတုတ္ထဈာန်သုခသည်ဖြန့်အပ်သောကြောင့် ကာယသည်အဝတ် နှင့်တူ၏" ဟူလို၊ ဤအလိုအဝတ်လည်းကိုယ်ငွေ့သည်ဖြန့်အပ်သောကံဖြစ်တော့၏၊ ဤအတိုင်းပင် လောကီလူများကလည်းအဝတ်ကိုကိုယ်ငွေ့၏အခြားသို့ မရောက်အောင် ခြုံထားသောအရာဝတ္ထုဟု ယူကြလေသည်။
ဋီကာသစ်။ ။ ဤဥပမာနနှင့်ဥပမေယျသည်ပါဠိတော်အသွားအတိုင်း တိုက်ခိုက်ယူ၍ မရသောကြောင့် ပါဠိတော်ဝယ် "သဗ္ဗာဝတော ကာယဿ ဩဒါတေန ဝဇ္ဇေန" ၌ ကာယဿအရ ထိုကာယကိုမှီသော(ထိုကာယကိုခြုံထားသော) အဝတ်ကိုယူ၍ "ဝဇ္ဇေန" အရ ထိုအဝတ်ကြောင့်ကိုယ်ငွေ့ဖြန့်ရပုံကိုယူပါဟု ဖွင့်ပြီးလျှင် "နေယျတ္ထတော ဟိ အယံ ဥပမာ ဝုတ္တာ ဤဥပမာကိုနေယျတ္ထနည်းအားဖြင့်ဟောတော်မူအပ်ပြီ" ဟု ဋီကာသစ်ဆိုသည်။
အင်္ဂုတ္တရဋ္ဌကထာ။ ။ ပဉ္စကအင်္ဂုတ္တိုရ်, ပဌမပံ, ပဉ္စင်္ဂံကဝဂ်, (ဂ) သုတ် အဋ္ဌကထာ၌ကား "စတုတ္ထဇ္ဈာန စိတ္တမေဝ ဝါ ဝတ္ထံဝိယ၊ ကံ သမုဋ္ဌာနရူပံ ဥတုဖရဏံဝိယ၊ ယထာ ဟိ ကတ္ထစိ ကတ္ထစိ (အချို့အချို့သောကိုယ်အရပ်၌) ဩဒါတဝဏ္ဏိ ကာယံ အဖုသန္တေပိ တံသမုဋ္ဌာ နေန ဥတုနာ (ထိုအဝတ်ကြောင့်ဖြစ်သောအငွေ့သည်သဗ္ဗတ္ထကမေဝ ကာယော ဖုဋောဟောတိ၊ ဧဝံ စတုတ္ထဇ္ဈာန သမုဋ္ဌာပိတေန သုခုမ သုခေန သဗ္ဗတ္ထကမေဝ ဘိက္ခုနော ကာယောဖဋော ဟောတီတိ ဧဝမေတ္ထ အတ္ထော ဒဋ္ဌဗ္ဗော" ဟု တစ်နည်းဖွင့်သေး၏၊ ထိုအဖွင့်သည်ပါဠိတော်အသွားနှင့် လျော်သကဲ့သို့ထင်၏၊ သို့သော် အင်္ဂုတ္တရဋီကာက မဖွင့်ပါချေ။

ပန၊ ဆက်။
စတုန္နံ၊ ၄ ပါးကုန်သော။
ဣမေသံ ဈာနာနံ၊ ဤဈာန်တို့၏။
အနုပဒဝဏ္ဏာနာစ၊ အစဉ်အတိုင်းသောပုဒ်တို့၏ အဖွင့်ကိုလည်းကောင်း။
ဘာဝနာနယောစ၊ ဘာဝနာနည်းကိုလည်းကောင်း။
ဝိသုဒ္ဓိမဂ္ဂေ၊ ၌။
(မယာ) ဝုတ္တော၊ ဆိုအပ်ပြီ။
ဣတိ၊ ထို့ကြောင့်။
ဣဓ၊ ဤသုမင်္ဂလဝိလာသိနီမည်သော ဒီဃနိကာယ် အဋ္ဌကထာ၌။
(မယာ) န ဝိတ္ထာရိတော၊ မချဲ့အပ်။
စ၊ ဆက်။
ဧတ္တာဝတာ၊ ဤမျှအတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့်။
(ပဌမဈာန်ကို ရသည်မှစ၍ စတုတ္ထဈာန်ရသည်တိုင်အောင်သော စကားအစဉ်ဖြင့်။
ဧသ၊ ဤရဟန်းကို။
(န ဝေဒိတဗ္ဗော၌စပ်။)
ရူပဇ္ဈာနလာဘီယေဝ၊ ရူပဈာန်ကိုသာရခြင်းရှိသူတည်း။
န အရူပဇ္ဈာနလာဘီ အရူပဈာန်ကိုရခြင်းရှိသူမဟုတ်။
ဣတိ၊ သို့။
န ဝေဒိတဗ္ဗော၊ မသိထိုက်။
(ကသ္မာ၊ ကြောင့်။
ဣတိ၊ သို့။
န ဝေဒိတဗ္ဗော၊ နည်း။)ဟောတော်မူလိုရင်း။ ။ ပဌမနည်းအလို "ကိုယ် က အဝတ်ကိုဖြန့်သည်ဖြစ်စေ, အင်္ဂုတ္တရအဋ္ဌကထာ ဒုတိယနည်းအလို "အဝတ်၏ အငွေ့ကကိုယ်ကိုဖြန့်သည်ဖြစ်စေ, အလွန် ငြိမ်သက်သောစတုတ္ထဈာန်သုခ (ဥပေက္ခာ) နှင့် ယှဉ်သောစိတ်ကြောင့်ဖြစ်သောစိတ္တဇရုပ်တွေသည်ယောဂီပုဂ္ဂိုလ်၏ တစ်ကိုယ်လုံး၌ ပြန့်နှံ့၍နေရကား ယောဂီပုဂ္ဂိုလ်မှာ ထိုဈာန်ချမ်းသာ၏အရသာကိုလက်တွေ့ခံစားရသည်" ဟု ဟောတော်မူလိုရင်းဟု မှတ်ပါ။
ဧတ္တာဝတာ ၊ပေ၊ န ဝေဒိတဗ္ဗော။ ။ ပဌမဇ္ဈာနာဓိဂမပရိဒီပနတော (ပဌမ ဈာန်ရပုံကိုပြကြောင်းစကားမှ) ပဋ္ဌာယ စတုတ္ထာနာဓိဂမပရိဒီပနာ (စတုတ္ထဈာန်ရပုံကိုပြကြောင်း စကားတိုင်အောင်သော) တာဝတာ ဝစနတ္တမေန၊ လဘနံ လာဘော၊သောဧတဿာတိ လာဘီ၊ ရူပဇ္ဈာနာရုံ+လာဘီ ရူပဇ္ဈာနလာဘီ၊-ဋီကာသစ်၊ ပါဠိတော်၌ ရူပဈာန်သာ တိုက်ရိုက်လာသောကြောင့် ထိုယောဂီရဟန်းကို"ရူပဈာန်ကိုသာ ရ၍ အရူပဈာန်ကိုမရသောရဟန်း" ဟု မသိထိုက်ပါ၊-ဟူလို။
န ဟိ၊ ပေ၊ ဟောတိ။ ။ အဘယ့်ကြောင့် အရူပဈာန်ကိုမရသောရဟန်း" ဟု မသိထိုက်ပါသနည်း ဟု မေးဖွယ်ရှိသောကြောင့် "န ဟိ" စသည်ကိုမိန့်သည် (ရူပဈာန် စတုတ္ထနည်းအရ သမာပတ် ၄ ပါးနှင့် အရူပဈာန် သမာပတ် ၄ ပါးဟူသောသမာပတ် ရှစ်ပါး၌ ဝိသိဘော်ရအောင် လေ့လာမှုမရှိလျှင် အဘိညာဉ်ကိုမရနိုင်သောကြောင့်လည်းကောင်း, အထက်၌လည်း, ဝိပဿနာမှစ၍ အဘိညာဉ်တို့ကိုပြတော်မူလတံ့ဖြစ်သောကြောင့်လည်းကောင်း ထိုရဟန်းကို"အရူပဈာန်ကိုမရသောရဟန်း" ဟု မသိထိုက်ပါ၊-ဟူလို၊ ဤစကားအရ "အဘိညာဉ်ကိုရရာ၌ အရူပသမာပတ်သည်မကင်းစကောင်းသောအကြောင်းဖြစ်သည်" ဟု သိသာ၏။

ဟိ (ယသ္မာ)၊ ကြောင့်။
အဋ္ဌသု၊ ကုန်သော။
သမာပတ္တိသု၊ သမာပတ်တို့၌။
စုဒ္ဒသဟိ၊ ၁၄ ပါးကုန်သော။
အာကာရေဟိ၊ အခြင်းအရာတို့ဖြင့်။
စိဏ္ဏဝသိဘာဝံ၊ လေ့လာအပ်ပြီးသော ဝသိဘော်ရှိသူ၏အဖြစ်ကို။
ဝိနာ၊ ကြဉ်၍။
ဥပရိ၊ အထက်၌။
အဘိညာဓိဂမော၊ အဘိညာဉ်ကိုရခြင်းသည်။
န ဟောတိ၊ မဖြစ်။
(တသ္မာ ဣတိ န ဝေဒိတဗ္ဗော။)
ပန၊ ထိုသို့ပင် ရူပဈာန်ကိုသာရခြင်းရှိ၍ အရူပဈာန်ကိုရခြင်းရှိသူမဟုတ်ဟု မသိထိုက်ပါသော်လည်း။
ပါဠိယံ၊ ပါဠိတော်၌။
ရူပဇ္ဈာနာနိယေဝ၊ ရူပဈာန်တို့သည်သာ။
အာဂတာနိ၊ လာကုန်၏။
(ကထိကေန၊ တရားစကားကိုပြောပြသော ရဟန်းသည်။)
အရူပဇ္ဈာနာနိ အရူပဈာန်တို့ကို။
အာဟရိတွာ၊ ဆောင်၍။
ကထေတဗ္ဗာနိ၊ ပြောပြထိုက်ကုန်၏။မေးဖွယ်။ ။ အရူပဈာန်တို့လည်း မရလျှင်မပြီး အရေးကြီသောဈာန်ဖြစ်ပါလျက် ပါဠိတော်၌ အရူပဈာန်တို့ကိုအဘယ့်ကြောင့် ဟောတော်မမူဘဲ ရူပစတုတ္ထဈာန်၌သာ တန့်ရပ်တော်မူပါသနည်း-ဟု မေးဖွယ်ရှိ၏။ အဖြေကား-အဘိညာဉ်ကိစ္စကိုရွက်ဆောင်သောအခါ ရူပစတုတ္ထဈာန်ကိုအခြေခံပြု၍ ရွက်ဆောင်ရသောကြောင့် ရူပစတုတ္ထဈာန်၌သာ တန့်ရပ်တော်မူပါသည်၊ "အရူပဈာန်တို့က အသုံးမဝင်သောကြောင့် မထည့်ခြင်း မဟုတ်ပါ" ဟူလို။ [ကသ္မာ၊ တာသံ (ထိုအဘိညာဉ်တို့၏) တပ္ပာဒကဘာဝဝိညာပနတ္ထိ (ထို စတုတ္ထဈာန်ဟူသောအခြေခံရှိကုန်သည်၏အဖြစ်ကိုသိစေခြင်းအကျိုးငှာ) တတ္ထေဝ ဌတွာ ဒေသနာ ကတာ၊ န ပန အရူပါဝစ ရဇ္ဈာနာနံ ဣဓ အပ္ပယောဂတော (အရူပဈာန်တို့က ဤနေရာ၌ မယှဉ်စေထိုက် (အသုံးမပြုထိုက်)သောကြောင့်မဟုတ်ပါ)၊-ဋီကာသစ်။]