အပရဇ္စူန္တိ၊ (တစ်နည်း)
**အပရာဓုန္တိ**၊ ကား။
အပရဇ္စျိံသု၊ ပြစ်မှားဖူးကုန်သနည်း။
**ဧကမိဒါဟန္တိ** ဧတ္ထ၊ ၌။
ဣဒန္တိ၊ ဣဒံဟူသောသဒ္ဒါသည်။
နိပါတမတ္တံ၊ မျှသာတည်း။
အဟံ၊ အကျွန်ုပ်သည်။
ဧကံ၊ တစ်ပါးသော။
("သမယံ၊ အခါ၌" စပ်။)
ဣတိ အတ္ထော၊ နက်။
**သန္ဓာဂါရန္တိ**၊ ကား။
ရဇ္ဇအနုသာသနသာလာ၊ တိုင်းရေး ပြည်ရေးကိုသွန်သင်ရာရုံတည်း။ [သန္ဓာဂါရံပုဒ်၏ အဖွင့်ကို ပဌမသံဂါယနာ တင်ခန်းအစ၌ပြခဲ့ပြီ။]
**သကျာတိ**၊ ကား။
အဘိသိတ္တရာဇာနော၊ အဘိသိက်သွန်း အပ်ပြီးသောမင်းတို့တည်း။
**သကျကုမာရာတိ**၊ ကား။
အနဘိသိတ္တာ၊ အဘိသိက် မသွန်းအပ်သေးသောမင်းသားတို့တည်း။
**ဥစ္စေသူတိ**၊ ကား။
ယထာနုရူပေသု၊ မိမိအား အကြင်အကြင် လျောက်ပတ်ကုန်သော။
ပလ္လင်္က၊ ပေ၊ ဘေဒေသု၊ ခြင်္သေ့ သစ် ကျားစသောသားရဲရုပ်တို့ဖြင့်ဆန်းကြယ်သောပလ္လင်, အင်းပျဉ်ငယ်, ကြိမ်ခက်အပ်သောညောင်းစောင်း, နေထိုင်ရာ ပျဉ်ချပ်, ဆန်းကြယ်သောအခင်းအစရှိသောအပြားရှိကုန်သော။
("အာသနေသု"၌စပ်။)
[ဤအလို ပါဠိတော်၌"ဥစ္စေသု၊ မြင့်ကုန်သော"ဟု မပေးဘဲ, "မြင့်မြတ်ကုန်သော"ဟု ပေးပါ။
အချို့ ထိုင်စရာတို့ကား မမြင့်သော်လည်းကောင်းမြတ်သည်။]အပရဒ္ဓုံ။ ။ စာအုပ်တို့၌"အပရဒ္ဓုံ"ဟု တွေ့ရ၏။ အပ + ရာဓဓာတ်သည်ပြစ်မှားခြင်း (ပဒုဋ္ဌ) အနက်ကိုဟောရာ၌ဒိဝါဒိတည်း။ ဒိဝါဒိဖြစ်လျှင် "အပရဇ္စူံ"ဟုသာ ပြီးသင့်၏။ "ပအရဇ္စူန္တိ အပရဇ္ဈိံသု"ဟုလည်းဖွင့်နိုင်၏။ "အပရဒ္ဓုံ"ဟုကား ရုပ် မဖြစ်နိုင်။ ယပစ္စည်းကိုချေ၍"အပရာဓုံ"ဟုသော်လည်းမူလပါဌ်ဖြစ်လေရော့သလားဟု တွေးမိပါသည်။
အဘိသိတ္တရာဇာနော။ ။ အဘိသိက်သွန်းအပ်သောမင်းသည်အမ္ဗဋ္ဌ၏ရောက်လာချိန်ဝယ် တစ်ယောက်သာ ရှိထိုက်သည်မဟုတ်ပါလော။ အဘယ့်ကြောင့်"ရာဇာနော"ဟု ဗဟုဝုစ်ဖြင့်ဖွင့်ရပါသနည်းဟု မေးဖွယ်ရှိ၏။ အဖြေကား- သာကီဝင်မင်းမျိုးတွင် အကြီးဆုံးလည်းဖြစ်, စွမ်းရည်သတ္တိလည်းရှိသောတစ်ယောက်သည်အဘိသိက်ခံပြီးနောက် "မင်းအဖြစ် မည်သည်ကိစ္စလည်းများ၏,ကြောင့်ကြဗျာပါဒလည်းများ၏"ဟု နှလုံးသွင်းကာ ငြီးငွေ့ လာ၏။ ထိုအခါ မိမိအောက် အခြားတစ်ယောက်အား အပ်လွှဲတတ်၏။ ထိုသို့ လွှဲအပ်သဖြင့်ထိုသူသည်အဘိသိက်ခံရပြန်၏။ ဤနည်းအားဖြင့်အသက်မသေသေးဘဲ အထက်မင်းက ထီးနန်း အလွှဲခံရသောအဘိသိတ္တမင်းတွေ တစ်ချိန်တည်း၌အများရှိနိုင်သောကြောင့်"အဘိသိတ္တရာဇာနော"ဟု ဆိုကြောင်းကိုဋီကာဖွင့်၏။ ထို့ကြောင့်ပင် ဝိနည်း-မဟာဝဂ္ဂ ပဗ္ဗဇ္ဇဗုဒ္ဓက၌သုဒ္ဓေါဓနမဟာရာဇာ ရှိနေသေးပါလျက် ဘဒ္ဒိယမင်းသား၏မင်းအဖြစ်သို့ ရောက်နေပုံကိုတွေ့ရသည်။ [ဋီကာသစ်၌မိမိဆိုင်ရာ ရာထူးဝယ် အဘိသိက်သွန်းအပ်သောမင်းတွေများနေသောကြောင့်"အဘိသိတ္တရာဇာနော"ဟု ဆိုကြောင်းကိုတစ်နည်းဖွင့်သေး၏။

**သဉ္ဇဂ္ဃန္တာတိ**၊ ကား။
ဥပ္ပဏ္ဍနဝသေန၊ ပြောင်လှောင်ခြင်း၏ အစွမ်းဖြင့်။
မဟာဟသိတံ၊ ကျယ်စွာ ရယ်ခြင်းကို။
ဟသန္တာ၊ ရယ်ရွှင်ကုန်သည်။
(ဟုတွာ, နိသိန္နာ၌စပ်။)
[သံပုဗ္ဗ ဇဂ္ဃဓာတ်သည် မဟာဟသနအနက်ကို ဟော၏။]
**သံကီဠန္တာတိ**၊ ကား။
ဟသိတ ၊ ပေ၊ ဒါနာဒီနိ၊ ပြုံးရုံမျှကို ပြုခြင်း, လက်ဖျစ်တီးခြင်း, လက်ခုပ်တီးခြင်းကို ပေးခြင်း အစရှိသည်တို့ကို။
ကရောန္တာ၊ ပြုကုန်သည်။
(ဟုတွာ, နိသိန္နာ၌စပ်။)
**မမညေဝမညေတိ**၊ ကား။
မမညေဝ၊ အကျွန်ုပ်ကိုသာ။
အနုဟသန္တိ၊ ရည်စူး၍ ရယ်ကြကုန်၏။
အညံ၊ အခြားသူကို။
န (အနုဟသန္တိ)၊ ရည်စူး၍ ရယ်ကြ ကုန်သည် မဟုတ်။
ဣတိ ဧဝံ၊ ဤသို့။
အဟံ၊ အကျွန်ုပ်သည်။
မညာမိ၊ မှတ်ထင်၏။
["မညာမိ" ဟု ဖွင့်သောကြောင့် မညေ၌မိဝိဘတ်ကို ဧပြုထားသောအာချာတ် ပုဒ်ဟု သိစေ၏။ အချို့အရာ၌ကား ဣဝနှင့် အနက်တူသောမညေနိပါတ်လည်းရှိသည်။]
ပန၊ ပရိဟာရပက္ခမှတစ်ပါး စောဒကပက္ခကို ဆိုဦးအံ့။
ကသ္မာ၊ ကြောင့်။
တေ၊ ထိုသာကီဝင်တို့သည်။
ဧဝံ၊ ဤသို့။
အကံသု၊ ပြုကြကုန်သနည်း။
ဣတိ၊ ဤကားအမေးတည်း။
တေ၊ ထိုသာကီဝင်တို့သည်။
အမ္ဗဋ္ဌဿ၊ ၏။
ကုလဝံသံ၊ အမျိုး၏အနွယ်ကို။
ဇာနန္တိ ကိရ၊ သိကြကုန်သတတ်။
အယဉ္စ၊ ဤအမ္ဗဋ္ဌသည်လည်း။
တသ္မိံသမယေ၊ ၌။ (ကပိလဝတ္ထုမြို့ သို့ လာရာ ထိုအခါ၌။)
ယာဝ ပါဒန္တာ၊ ခြေအဆုံးတိုင်အောင်။
ဩလမ္ဗေတွာ၊ တွဲရရွဲချ၍။
နိဝတ္ထသာဋကဿ၊ ဝတ်အပ်သောအဝတ်၏။
ဧကေန၊ တစ်ဖက်သော။
ဟတ္ထေန၊ လက်ဖြင့်။
ဒုဿကဏ္ဏံ၊ ပုဆိုးအနားကို။
ဂဟေတွာ၊ ကိုင်၍။
ခန္ဓဋ္ဌိကံ၊ ပခုံးရိုးကို။
ဥန္နာမေတွာ၊ အထက်သို့ ညွတ်စေ၍။
ဝါ၊ မော့၍။
မနာမဒေန၊ မာန်ယစ်ခြင်းဖြင့်။
မတ္တောဝိယ၊ ယစ်မူးသကဲ့သို့။
အာဂစ္ဆတိ ကိရ၊ လာသတတ်။
တတော၊ ထိုသို့ကုလဝံသကို သိခြင်း, ထိုကဲ့သို့လာခြင်းကြောင့်။
["ကုလဝံသံ ဇာနန္တိ, အာဂစ္ဆတိ"ကို ပြန်၍ ညွှန်းသည်။]
ဘော၊ အမောင်တို့။
အမှာကံ၊ တို့၏။
ဒါသဿ၊ ကျွန်တော်မျိုးဖြစ်သော။
ကဏှာယနဂေါတ္တဿ၊ ကဏှာယန၏ အနွယ်ဖြစ်သော။
အမ္ဗဋ္ဌဿ၊ ၏။
အာမဂမနကာရဏံ၊ လာခြင်း၏ အကြောင်းကို။
(တစ်နည်း) အာဂမနာကာရံ၊ လာပုံ အခြင်းအရာကို။
ပဿထ၊ ကြည့်ကြကုန်လော။
ဣတိ၊ ဤသို့။
ဝဒန္တာ၊ ပြောဆိုကြကုန်လျက်။
ဧဝံ၊ သို့။
(ပြင်းစွာ ရယ်မောခြင်း, လွန်စွာမြူးတူးခြင်းကို။)
အကံသု၊ ကုန်ပြီ။ဟသိတ ၊ပေ၊ ဒါနာဒီနိ။ ။ လက်ဖျောက်တီးမှု စသည်ကိုမပြုဘဲ တချို့ကပြုံးရုံမျှကိုပြုကြ၏။ ထိုသို့ပြုခြင်းကို"ဟသိတမတ္တကရဏ"ဟု ဆို၏။ "အင်္ဂုလိသင်္ဃဋ္ဋန - လက်ချောင်းတို့ကိုပြင်းစွာထိခိုက်ခြင်း"ဟူသည်လက်ဖျစ်တီးခြင်းပင်တည်း။ "ပါဏိပ္ပဟာရ-လက်ဝါးတို့ကိုပုတ်ခတ်ခြင်း" ဟူသည်လက်ခုပ်တီးခြင်းတည်း။ သူ၏အတွက် ထိုသို့ပြုခြင်းကို"ဒါန-သူ့အားပေးခြင်း"ဟု ဆိုသည်။
သောပိ၊ ထိုအမ္ဗဋ္ဌသည်လည်း။
အတ္တနော၊ ၏။
ကုလဝံသံ၊ ကို။
ဇာနာတိ၊ ၏။
တသ္မာ၊ ကြောင့်။
မမညေဝ မညေတိ၊ ဟူ၍။
တက္ကယိတ္ထ၊ ကြံစည်လေပြီ။
**အာသနေနာတိ**၊ ကား။
ဣဒံ၊ ဤနေရာသည်။
အာသနံ၊ ထိုင်နေရာပါတည်း။
ဧတ္ထ၊ ဤ နေရာ၌။
နိသီဒါဟိ၊ ထိုင်ပါလော။
ဣတိဧဝံ၊ ဤသို့ပြောဆိုခြင်းသည်။
အာသနေန၊ ဖြင့်။
နိမန္တနံနာမ၊ ဖိတ်မန်ခြင်းမည်သည်။
ဟောတိ၊ ၏။
တထာ၊ ထိုဖိတ်မန်မှုကို။
ကောစိ၊ တစ်စုံတစ်ယောက်သည်။
န အကာသိ၊ မပြု။သောပိ ၊ပေ၊ ဇာနာတိ။ ။ ကုလမာနိနောဟိ (အမျိုးနှင့် စပ်၍မာန်ရှိသူတို့သည်) ယေဘုယျေန ပရေသံ ဥစ္စာဝစံ ကုလံ တထာ တထာ ဥဒါဟရန္တိ၊ အတ္တနောစ ကုလဝံသံ ဇာနန္တိ၊ တထာ အမ္ဗဋ္ဌောပိ (အမ္ဗဋ္ဌလည်းထို့အတူပင်ဖြစ်သည်)။