Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Sīlakkhandhavaggaṭṭhakathā
(DN) Sīlakkhandhavaggaṭṭhakathā

Saraṇagamanakathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဣဒါနိ၊ သရဏဂမနလျှောက်ပုံကို ဖွင့်ပြပြီးရာ ယခုအခါ၌။ တေသု သရဏ ဂမနေသု၊ ထို သရဏဂုံတို့၌။ ကောသလ္လတ္ထံ၊ ကျွမ်းကျင်သူ၏ဖြစ်ကြောင်းဖြစ်ရာ ဉာဏ်အကျိုးငှာ။ သရဏံ၊ သရဏလည်းကောင်း။ သရဏဂမနံ၊ သရဏဂုံလည်းကောင်း။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆတိ၊ ဆည်းကပ်၏။ကောသလ္လတ္တံ။ ။ သရဏဂမနဿ ဝိသယပ္ပဘေဒ ဖလ သံကိလေသဘေဒါနံဝိယ ကတ္တုစ ဝိဘာဝနာ တတ္ထ ကောသလ္လာယ ဟောတီတိ သရဏဂမနေသု ကောသလ္လတ္တံ သရဏံ ၊ပေ၊ ဝေဒိတဗ္ဗောတိ ဝုတ္တံ, တေန ဝိနာ သရဏဂမနဿဝ အသမ္ဘဝတော၊-ဋီကာ။[ဝိသယ (ကိုးကွယ်ရာ) စသော အပြားတို့ကို ထင်စွာပြခြင်းကဲ့သို့ကိုးကွယ်တတ်သူ ကတ္တားကို ထင်စွာပြခြင်းသည်လည်း ထိုသရဏဂုံတို့၌ ကျွမ်းကျင် နားလည်ခြင်းအကျိုးငှာဖြစ်၏။ ထို့ကြောင့် (ကတ္တားပါထည့်၍) "သရဏံ၊ ပေ၊ ဝေဒိတဗ္ဗော" ဟု မိန့်သည်(ဘာ့ကြောင့် ကတ္တားကိုပါထည့်၍ ဆိုရသနည်း၊)ကိုးကွယ်တတ်သူ ကတ္တားမရှိလျှင် သရဏဂုံဆိုတာပင် မဖြစ်နိုင်သောကြောင့်တည်း။ (သော) စ၊ ထိုပုဂ္ဂိုလ်လည်းကောင်း။ သရဏဂမနပ္ပဘေဒေါ၊ သရဏဂုံအပြားလည်းကောင်း။ သရဏဂမနဖလံ၊ သရဏဂုံ၏အကျိုးလည်းကောင်း။ သံကိ လေသော၊ သရဏဂုံ၏ ညစ်နွမ်းကြောင်းလည်းကောင်း။ ဘေဒေါ၊ သရဏဂုံ၏ ပျက်ခြင်းလည်းကောင်း။ ဣတိ၊ သို့။ အယံ ဝိဓိ၊ ဤအစီအရပ်ကို။ ဝေဒိတဗ္ဗော။ [ယောစ” ဟု ကတ္တားပုဒ်၌သာ စသဒ္ဒါကို ထည့်ခြင်းမှာ ကတ္တားက ဝိသယစသည် တို့ထက် ထူးသောကြောင့်ဖြစ်ဟန်တူသည်။]
သေယျထိဒံ၊ ဤအစီအရပ်ဟူသည် အဘယ်နည်း။ တာဝ၊ သရဏဂမန စသည်တို့မှရှေးဦးစွာ။ သရဏတ္ထတော၊ သရဏသဒ္ဒါ၏ အနက်အားဖြင့်။ ဟိံသတိ၊ ပယ်ဖျောက်ဖျက်ဆီးတတ်၏။ ဣတိ၊ ကြောင့်။ သရဏံ၊ သရဏမည်၏။သရဏံ ၊ပေ၊ ဘေဒေါ။ ။ သရဏဂုံဖြင့် ရတနာ ၃ပါးဟူသောကိုးကွယ်ရာ ဝိသယ (အာရုံကိုပြ၏။ သရဏဂမနံဖြင့်ကိုးကွယ်ကြောင်း စိတ္တုပ္ပါဒ်ကိုပြ၏။ ယောစသရဏံ ဂစ္ဆတိဖြင့်ကိုးကွယ်တတ်သော ကတ္တားကို ပြ၏၊ သရဏဂမနပ္ပဘေဒေါဖြင့် လောကီ လောကုတ္တရာစသော သရဏဂုံအပြားကိုပြ၏၊ သရဏဂမနဖလံဖြင့် သရဏဂုံ၏ အကျိုးကိုပြ၏၊ သံကိလေသောဖြင့် သရဏဂုံ၏ ညစ်နွမ်းကြောင်းကိုပြ၏။ ဘေဒေါဖြင့် သရဏဂုံ၏ ပျက်ပုံကို ပြသည်။
ဝေါဒါန မပါ။ ။ "ဤခေါင်းစဉ်၌ သံကိလေသကို ယူသကဲ့သို့, ဝေါဒါနကို အဘယ့်ကြောင့် မယူအပ်သနည်း" ဟု မေးဖွယ်ရှိ၏။ အဖြေကား-သံကိလေသကို ယူလိုက်လျှင် ဝေါဒါနကိုလည်း ယူအပ်ပြီးဖြစ်သောကြောင့် သီးခြားမယူတော့၊ မှန်၏-အညာဏစသော အကြင်အကြောင်းတို့သည် သံကိလေသ၏ အကြောင်းများဖြစ်ကြ၏၊ ထိုအကြောင်းတို့ကို အချင်းခပ်သိမ်း မဖြစ်စေခြင်း, ဖြစ်ပြန်လျှင်လည်း ပယ်ခြင်းအားဖြင့် သရဏဂုံ၏စင်ကြယ်မှု ဝေါဒါနဖြစ်သည်။
ဟိံသတိ သရဏံ။ ။ သရဓတ်သည် ဟိံသန အနက်ကို ဟောသောကြောင့် ဓာတ်နက်ဖြင့် ပြုအပ်သော ဓာတွတ္ထဝိဂ္ဂဟတည်း၊ နဂိုဓာတ်ရင်းအတိုင်း "သရဏီတီတိ သရဏံ" ဟုလည်း ပြုနိုင်၏။ သရဓာတ်, ယုကို အန၊ ရနောက်ဖြစ်၍ နကို ဏပြန်စေသည်။ ["သရဏတ္ထတာ" နေရာ၌ "အတ္ထတော" ဟုလည်း ပါဌ်ရှိ၏အနက်တူပင်။]
သရဏဂတာနံ ၊ပေ၊ ဝိနာသေတိ။ ။ ဟိံသတိကိုထပ်ဖွင့်သော အနုသံဝဏ္ဏနာတည်း၊ "ဟိံသ-ပယ်ဖျောက်" ဟူရာ၌ အဘယ်သူတို့၏+အဘယ်အရာကို+အဘယ်ဖြင့် ပယ်ဖျောက်သနည်းဟု မေးဖွယ်ရှိသောကြောင့် "သရဏဂတာနံ+ဘယံ ၊ပေကိလေသံ+တေနသရဏဂမနေန ဟနတိ ဝိနာသေတိ" ဟု မိန့်သည်၊ ဝိနာသေတိကား "ဟနတိ" အတွက် သတ်ခြင်းအနက်ကို တားမြစ်သောပုဒ်တည်း၊ "ဟနတိ-ဖျက်ဆီးတတ်၏" ဟု ပေးပါ-ဟူလို၊ ထိုဟနတိလည်း ဟိံသတိ၏ အနက်ဖွင့်တည်း။
သရဏ ဂတာနံ၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူတို့၏။ တေနေဝ သရဏဂမနေန၊ ထိုသရဏဂုံဖြင့်ပင်။ ဘယံ၊ ဝဋ်ဘေးကိုလည်းကောင်း။ သန္တာသံ၊ စိတ်၌ပြင်းစွာထိတ်လန့်ခြင်းကိုလည်းကောင်း။ ဒုက္ခံ၊ ကိုယ်ဆင်းရဲခြင်းကိုလည်းကောင်း။ ဒုဂ္ဂတိ ပရိကိလေသံ၊ ဒုဂ္ဂတိဘဝ၌ ထက်ဝန်းကျင် အနှိပ်စက်ခံရခြင်း ပူလောင်ရခြင်းကိုလည်းကောင်း။ ဟနတိ ဝိနာသေတိ၊ ပယ်ဖျောက်ဖျက်ဆီးတတ်၏။ ဣတိ အတ္ထောဧတံ၊ ဤသရဏသဒ္ဒါသည်။ ရတနတ္တယဿဝ၊ ရတနာ ၃ပါး အပေါင်းကိုပင်။ အဓိဝစနံ၊ ဟောသောသဒ္ဒါတည်း။ [အနက်အကျယ်ကို အဓိပ္ပာယ်၌ ရှုပါ။]ဘယံ ၊ပေ၊ ကိလေသံ။ ။ ဘယံတိ ဝဋ္ဋဘယံ၊ သန္တာသံတိ စိတ္တုတြာသံ၊ ဒုက္ခံတိကာယိကဒုက္ခံ၊ [စေတသိကဒုက္ခကို သန္တာသံဖြင့် ယူခဲ့ပြီ။] ဒုဂ္ဂတိပရိကိလေသံတိ ဒုဂ္ဂတိပရိယာပန္နံ (ဒုဂ္ဂတိဘဝ၌ အကျုံးဝင်သော) သဗ္ဗဒုက္ခံ (ကိုယ်ဆင်းရဲ စိတ်ဆင်းရဲအားလုံး)၊ [ပရိကိလိဿနံ-ထက်ဝန်းကျင် အနှိပ်စက်ခံရခြင်း၊ ဝါ-ထက်ဝန်းကျင်ပူလောင်ရခြင်း၊ ပရိကိလေသောခြင်း (ကိလေသဓာတ်၏ ဗာဓန, ဥပတာပ အနက်ကို ဖွင့်ခြင်းတည်း"တိရစ္ဆာန်စသည်ဖြစ်၍ အနှိပ်စက်ခံရခြင်း အနှိပ်စက်မခံရသော်လည်းအမြဲပူလောင်၍နေရခြင်း" ဟူလို၊) ဒုဂ္ဂတိယံ+ပရိကိလေသော ဒုဂ္ဂတိပရိကိလေသော၊ ဤ ဋီကာအဖွင့်အတိုင်း "ဒုဂ္ဂတိပရိကိလေသံ" ဟု တစ်ပုဒ်တည်းရှိပါစေ၊ ရှေးစာအုပ်များ၌ "ဒုဂ္ဂတိ ပရိက်လေသံ" ဟု ၂ ပုဒ်ရှိသည်ကား ပါဌ်ပျက်။]
အဓိဝစနံ။ ။ အဓိဝစနံတိ နာမံ၊ [အဓိဝစနသဒ္ဒါသည် "အဓိ (ဥပရိ)-ရတနာ ၃ပါး၏ အထက်၌+ဝစနံ-ဖြစ်သော သဒ္ဒါတည်း၊ ထိုသဒ္ဒါသည်ပင် ရတနာ ၃ပါး၏ "သရဏ" ဟူသော အမည်ဖြစ်သောကြောင့် "နာမံ" ဟု အဓိပ္ပာယတ္ထဖွင့်သည်၊ ဤအလို "ရတနတ္တယ သေ၀-၏ပင်၊ အဓိဝစနံ-အထက်၌ဖြစ်သော သဒ္ဒါတည်း၊ ဝါ-အမည်တည်း" ဟု ပေးပါ။
တစ်နည်း။ ။ ပသိဒ္ဓဝစနံ ဝါ-ရတနာ ၃ပါး၏ အထက်၌ ထင်ရှားသော အထင်ရုဠှီသဒ္ဒါတည်း၊ သရဏသဒ္ဒါသည် "သရတိ ဟိံသတိ" ဟူသော ဝိဂြိုဟ်အရ ညှဉ်းဆဲတတ်သော အခြားအနက်များနှင့် ဆိုင်သော်လည်း အထင်ရုဠီအားဖြင့် ရတနာ ၃ပါးကိုသာ ဟောရသည် ဟူလို။ [အဓိဝစနံ, နာမံရှိက, များလှနက်တွင်, လိုအင်နက်မှီ-ထင်ရုဠှီ၊ ရှေးနိယာမ်။] ဤအလို "ရတနတ္တယဿေ၀-၏ပင်၊ အဓိဝစနံ-အထက်၌ထင်ရှားသော ရုဠှီသဒ္ဒါတည်း" ဟု ပေးပါ။
တစ်နည်း။ ။ ယထာတုစ္စံ ဂုဏံ အဓိကိစ္စ ပဝတ္တဝစနံ-ဟုတ်မှန်သော ဂုဏ်ကိုစွဲ၍ဖြစ်သော သဒ္ဒါတည်း၊ တိဿ ဒတ္တ စသည်ကဲ့သို့ သဒ္ဒါဖြစ်ခြင်း၏ အကြောင်း (ပဝတ္တိနိမိတ်) မရှိသော, ဝိဂြိုဟ်ပြု၍ မရသော သက်သက်ရုဠှီသဒ္ဒါ မဟုတ်ပါ-ဟူလို"အမိကိစ္စ+ပဝတ္တံ+ဝစနံ အဓိဝစနံ" ဟု ပြု၊ ဤအလို "ရတနတ္တယသေ၀-၏ပင်၊ အဓိဝစနံ-ဟုတ်မှန်သောဂုဏ်ကို စွဲ၍ဖြစ်သော သဒ္ဒါတည်း" ဟု ပေးပါ၊ ဤသို့ ဋီကာသစ်၌ ၃ နည်း ဖွင့်ထားသည်။
အထဝါ၊ အကျယ်တစ်နည်းကား။ ဗုဒ္ဓေါ၊ သည်။ ဟိတေ၊ အကြောင်းဖြစ်သော စီးပွား၌။ ပဝတ္တနေန၊ သတ္တဝါတို့ကိုဖြစ်စေခြင်းအားဖြင့်လည်းကောင်း။ (ဟိံသတိ၏ ကြိယာဝိသေသန)။ အဟိတာ၊ အစီးအပွားမဲ့မှ။ ဝါ၊ စီးပွား၏ဆန့်ကျင်ဘက်မှ။ နိဝတ္တနေနစ၊ သတ္တဝါတို့ကို ဆုတ်နစ်စေခြင်းအားဖြင့်လည်းကောင်း။ သတ္တာနံ၊ တို့၏။ ဘယံ၊ ဝဋ်ဘေးကို။ ဟိံသတိ၊ ပယ်ဖျောက်ဖျက်ဆီးတော်မူတတ်၏။
ဓမ္မော၊ သည်။ ဘဝကန္တာရာ၊ ဘဝတည်းဟူသော ခရီးခဲမှ။ ဥတ္တာရဏေန၊ ကယ်တင်ခြင်းအားဖြင့်လည်းကောင်း။ အဿာသဒါနေနစ၊ သက်သာရာ သက်သာကြောင်းကို ပေးခြင်းအားဖြင့်လည်းကောင်း။ (သတ္တာနံ ဘယံ ဟိံသတိ။) သံယော၊ သည်။ အပ္ပကာနံပိ၊ အနည်းငယ်လည်းဖြစ်ကုန်သော။ ကာရာနံ၊ ပြုအပ်သော ကောင်းမှုတို့၏။ ဝိပုလပ္ဖလပဋိလာဘကရဏေန၊ ပြန့်ပြောသောအကျိုးကို ရခြင်းကို ပြုခြင်းအားဖြင့်။ (သတ္တာနံ ဘယံ ဟိံသတိ။)
တသ္မာ, ဣမိနာပိ ပရိယာယေန၊ ဤခွဲခြား၍ ဖွင့်ဆိုအပ်သော အကြောင်းကြောင့်လည်း။ ရတနတ္တယံ၊ သည်။ သရဏံ၊ မည်၏။ [ဣမိနာပိ ပရိယာယေနာတိ ဣမိနာပိ ဝိဘဇိတွာ ဝုတ္တေန ကာရဏေန၊ ဋီကာ။]အထဝါ။ ။ အထဝါဟု တက်သော်လည်း ဟိံသနတ္ထအနက်ကား မပြောင်းပါ၊ ဗုဒ္ဓ ဓမ္မ သံဃတို့၏ အသီးအသီး ဟိံသနဖြစ်ပုံအကျယ်ပြခြင်းသာ ရှေ့နည်းမှ´ထူးပါသည်။ ဧဝံ အဝိသေသတော သရဏသဒ္ဒဿ အတ္ထံ ဒဿေတွာ ဣဒါနိ ဝိသေသတော ဒဿေတုံ အထဝါတိ အာဒိ ဝုတ္တံ၊-ဋီကာ။
ဟိတေ ၊ပေ၊ ဘယံ။ ။ "သမ္ပန္နသီလာ ဘိက္ခဝေ ဂိဟရထ-ပြည့်စုံသော သီလရှိကြသည်ဖြစ်၍ နေကြလော" စသည်ဖြင့် သတ္တဝါတို့ကို ဟိတ၌ တိုက်တွန်းတော်မူခြင်း, "ပါဏာတိပါတ၏အကျိုးသည် တစ်မလွန်ဘဝ၌ ဆိုးဝါးလှ၏" ဤသို့ စသည်ဖြင့် သတ္တဝါတို့ကို အဟိတမှ ဆုတ်နစ်စေတော်မူခြင်းအားဖြင့် သတ္တဝါတို့၏ ဝဋ္ဋဘယကို ဖျက်တော်မူရာရောက်၏"ကောင်းသော အကြောင်းကိုဖြစ်စေ၍ မကောင်းသော အကြောင်းကိုမဖြစ်စေလျှင်, ဝဋ်ဘေးကို မဖြစ်စေရာရောက်သည်" ဟူလို။
တဝ၊ ပေ၊ ဒါနေနစ။ ။ မဂ်တရားသည် ခုနစ်ဘဝအထက်၌မဖြစ်စေခြင်း စသည် ဖြင့် ဘ၀ကန္တာရမှ ထုတ်ဆောင်နိုင်၏၊ ဖိုလ် နိဗ္ဗာန်တရားသည် ဖလသမာပတ်ဝင်စား၍ နိဗ္ဗာန်ကို အာရုံပြုသောအခါ သံသရာဒုက္ခ၏ အလွန်သက်သာမှုကို ပေးနိုင်၏။ ပရိယတ်တရားလည်း ကြားနာ၍ နေရလျှင်ပင် စိတ်ကြည်လင်ချမ်းသာ၏။ တရားအတိုင်း ကျင့်လျှင်လည်း ချမ်းသာ၏ဤနည်းအားဖြင့် အဿာသကို ပေးနိုင်သည်။
အပ္ပကာနံပိ ကာရာနံ။ ။ အရိယာသံဃာတော်သည် အနုတ္တရပုညခေတ္တဖြစ်ရ ကား (သံဃာတော် အပေါ်၌) အနည်းငယ်သော ဒါနမှု ရိုသေမှုစသော ကောင်းမှုကိုပြုလျှင် ကြီးကျယ်သောအကျိုးကိုပေးနိုင်၏ဤသို့အားဖြင့် ရတနာ ၃ပါးလုံးပင် သတ္တဝါတို့၏ ဝဋ္ဋဘယကိုပယ်ဖျောက်တော်မူနိုင်ကြသည်။ [ကာရသဒ္ဒါသည် ကုသိုလ်ကောင်းမှုအနက်ကို ဟော၏"ကရီယတေတိ ကာရော" ဟု ပြုပါ။ ကာရာနံတိ ဒါနဝသေန ပူဇာဝသေနစ ဥပနီတာနံ သက္ကာရာနံ-ဋီကာ။]
တပ္ပသာဒတဂ္ဂရုတာဟိ၊ ထိုရတနာ ၃ပါး၌ ကြည်ညိုခြင်း, ထိုရတနာ ၃ပါး သာလျှင် အလေးပြုစရာရှိသူ၏အဖြစ်တို့ဖြင့်။ ပိဟတကိလေသော၊ ပယ်ဖျောက်အပ်ပြီးသော ကိလေသာရှိသော။ ဝါ၊ ကိလေသာကို ပယ်ဖျောက်ပြီးသော။ တပ္ပရာယဏတာကာရပ္ပဝတ္တော၊ ထိုရတနာ ၃ပါးဟူသော လည်းလျောင်းရာရှိသည်၏ အဖြစ်ဟူသော အခြင်းအရာအားဖြင့်ဖြစ်သော။ စိတ္တုပ္ပါဒေါ၊ စိတ္တုပ္ပါဒ်သည်။ ဝါ၊ , စိတ်, စေတသိက်သည်။ သရဏဂမနံ၊ သရဏဂုံမည်၏။တပ္ပသာဒ၊ ပေ၊ ဂမနံ။ ။ ပြအပ်ခဲ့သော မာတိကာပုဒ်တို့တွင် သရဏံပုဒ်ကို ဖွင့်ပြပြီး၍ ယခုအခါ သရဏဂမနံပုဒ်ကို ဖွင့်ပြလိုသောကြောင့် "တပ္ပသာဒ" စသည်ကို မိန့်သည်။ တသ္မိံ-ထိုရတနာ ၃ပါး၌+ပသာဒေါ-ကြည်ညိုခြင်းတည်း၊ တပ္ပသာဒေါ-ခြင်း၊ "သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ" ဟု လည်းကောင်း, "သွာက္ခာတော ဓမ္မော" ဟု လည်းကောင်း, "သုပ္ပဋိပန္နော သံဃော" ဟု လည်းကောင်း ယုံကြည်ခြင်း-အာရုံပြု၍စိတ်ကြည်နေခြင်းကို "ပသာဒ" ဟု ခေါ်သည်။
တဂ္ဂရုတာ။ ။ တံဧဝ+ဂရုယဿာတိ တဂ္ဂရု၊ တဂ္ဂရုနော+ဘာဝေါ တဂ္ဂရုတာ-ထို ရတနာ ၃ပါးသာလျှင် အလေးပြုစရာ ရှိသူ၏ဖြစ်ကြောင်းဖြစ်ရာ (ထိုရတနာ ၃ပါးကို အလေးပြုခြင်းအမူအရာ) တည်း။
ဝိဟတ ကိလေသော။ ။ ရတနာ ၃ပါး၌ သမ္မာသမ္ဗုဒ္ဓမဟုတ်, သွာက္ခာတမဟုတ်, သုပ္ပဋိပန္နမဟုတ် စသည်ဖြင့် အယူမှားခြင်း ဒိဋ္ဌိ, ယုံမှားသံသယဖြစ်ခြင်းဝိစိကိစ္ဆာလုံးလုံး နားမလည်ဘဲ တွေဝေနေခြင်း သမ္မောဟ, မယုံခြင်း အသဒ္ဓိယ စသည်ကို "ကိလေသ" ဟု ဆိုသည်။ တပ္ပသာဒတဂ္ဂရုတာတို့ဖြင့် ဖျက်ဆီးအပ်ပြီးသော ကိလေသာရှိသူ (ကိလေသာတို့ကို ဖျက်ဆီးပြီးသူ)ကို "ဝိဟာကိလေသော" ဟု ဆိုသည်"ဝိဟတာ+ကိလေသာ ယေနာတိ ဝိဟတကိလေသော၊
တပ္ပရာယဏတာကာရပ္ပဝတ္တော။ ။ တဒေဝ (ထိုရတနာ ၃ပါးသာလျှင်ဖြစ်သော) ပရာယဏံ (အလွန်ရောက်အပ်သော အရာသည်ဝါ-လည်းလျောင်းရာသည်) ဧတဿာတိ တပ္ပရာယဏော၊ တပ္ပရာယဏဿ+ဘာဝေါ တပ္ပရာယဏတာ၊ တပ္ပရာယဏတာယေဝ+ အာကာရော တပ္ပရာယဏတာကာရော၊ တေန+ပဝတ္တော တပ္ပရာယဏတာကာရပ္ပဝတ္တော[ပရာယဏံ၌ "ပရံ+အယနံ-အလွန်ရောက်အပ်" ဟု သဒ္ဒတ္ထဖြစ်သောကြောင့် "ပရာ+ဂတိ" ဟု သဒ္ဒတ္ထလည်းကောင်း, "တာဏံ-စောင့်ရှောက်တတ်, လေဏံ-ပုန်းအောင်းရာ" ဟု အဓိပ္ပာယတ္ထလည်းကောင်း ဋီကာ၌ ဖွင့်သည်။
စိတ္တုပ္ပါဒေါ သရဏဂမနံ။ ။ ဂစ္ဆတိ ဧတေနာတိ ဂမနံ၊ သရဏံ ဣတိ+ဂမနံ သရဏဂမနံ၊ ဤဝိဂ္ဂဟအရကိုးကွယ်ရာဟု ဆည်းကပ်ကြောင်း (သိကြောင်း) စိတ္တုပ္ပါဒ်ကို "သရဏဂမန"ဟု ကောက်ပါ၊ စိတ္တုပ္ပါဒ်ဟူရာ၌ ပုထုဇဉ်သေက္ခအတွက် မဟာကုသိုလ် စိတ္တုပ္ပါဒ်, ရဟန္တာအတွက် ကြိယာစိတ္တပ္ပါဒ်ကို ကောက်ပါ။ [ဉာဏ်မရှိဘဲ ကြည်ညိုရုံသာဖြစ်သော ပုထုဇဉ်အတွက် ဉာဏဝိပ္ပယုတ် စိတ္တုပ္ပါဒ်ဟု မှတ်ပါ။
မှတ်ချက်။ ။ "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ" စသည်ဖြင့် နှုတ်မြွက်ကြောင်း စိတ်သည် ကိုးကွယ်ရာဟုဆည်းကပ်ကြောင်း (သိကြောင်း) စိတ်တည်း၊ ထိုစိတ် (စေတသိက်)ကို "သရဏဂမန" ဟု ခေါ်၏၊ ထို့ကြောင့် သီလပေးရာ၌ "တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ"အဆုံးဝယ် သီလပေးသောပုဂ္ဂိုလ်က "သရဏ ဂမနံ ပရိပုဏ္ဏံ-အသင့်မှာ သရဏဂုံပြည့်စုံပြီ (ဗုဒ္ဓ ဓမ္မ သံဃ ၃ပါးလုံးအတွက်ကိုးကွယ်ရာဟု ဆည်းကပ်ကြောင်းစိတ် ၃ ပျိုး ပြည့်စုံပြီ" ဟု ဆိုလေ့ရှိကြ၏ထိုသို့ဆိုရာ၌ ဤ သရဏဂမနံကို ထောက်၍ ဆိုသည်ဟု မှတ်ပါ။
တံ သမင်္ဂီ၊ ထိုသရဏဂုံနှင့် ပြည်စုံသော။ သတ္တော၊ သည်။ သရဏံ၊ ကိုးကွယ် ရာဟူ၍။ ဂစ္ဆတိ၊ ဆည်းကပ်၏
ဝုတ္တပ္ပကာရေန၊ ဆိုအပ်ပြီးသော အပြားရှိသော။ (“တပ္ပသာဒ၊ ပေ၊ ကာရပ္ပဝတ္တော” ဟု ဆိုအပ်ပြီးသော အပြားရှိသော။) စိတ္တုပ္ပါဒေန၊ စိတ္တုပ္ပါဒ်ဖြင့်။ (“ဥပေတိ” ၌စပ်။) တီဏိ၊ န်သော။ ဧတာနိ ရတနာနိ၊ တို့သည်၏။ သရဏံ၊ ကိုးကွယ်ရာတည်း။ ဧတာနိ၊ တို့သည်။ (မေ၊ ၏။) ပရာယဏံ၊ အလွန်ရောက်အပ်သောအရာတည်း။ ဝါ၊ လည်းလျောင်းရာတည်း။ ဣတိ ဧဝံ၊ သို့။ ဥပေတိ၊ ဆည်းကပ်၏။ ဣတိ အတ္ထော။လောကီ လောကုတ္တရာ။ ။ တပ္ပသာဒဖြင့် လောကီသရဏဂုံကို ပြ၏။ မှန်၏ လောကီသရဏဂုံ၌ ယုံကြည်မှုသည် ပဓာနဖြစ်၏၊ [တချို့မှာ ဉာဏ်ပါသော်လည်း ဉာဏ်သည် သဒ္ဓါ၏ နောက်လိုက်တည်း။] တဂ္ဂရုတာဖြင့် လောကုတ္တရာသရဏဂုံကိုပြ၏ မှန်၏-အရိယာ တို့သည် ရတနာ ၃ပါး၏ ဂုဏ်တော်ကို အထူးသိခြင်းကြောင့် ရတနာ ၃ပါးကို "အလွန် အလေးပြုစရာ"ဟု သိမြင်နေကြပေသည်။
မှတ်ချက်။ ။ "ရတနာ ၃ပါးကို အရိယာဖြစ်သူတို့သာ အလွန်လေးစားကြ၏" ဟု ဆိုသည့်အားလျော်စွာ ယခုအခါ အချို့ ဘုန်းတော်ကြီးများနှင့်တကွ ပုထုဇဉ်မြန်မာတို့သည် "ရတနာ ၃ ပါးကိုကိုးကွယ်ပါသည်'ဟု ဆိုကြသော်လည်း လေးစားသင့်သလောက် အလေးဂရု မပြုကြ၊ ထို့ကြောင့်ပင် သက်တော်ထင်ရှားမြတ်ဘုရား၏ကိုယ်စားတော်ဖြစ်သော ဆင်းတုတော် ရုပ်ပွားတော် စေတီတော်မြတ်တို့၏ အနီးအပါးဝယ် မရိုမသေ မလေးမစား ကျောပေး၍ပင် ထိုင်ကာ စားကြသောက်ကြ ဟေးလားဝါးလား စကားပြောရုံမကဘုရားပိုင်းအတွင်း၌ ပွဲသဘင်ကိုပင် ကျင်းပဝံ့ကြ၏
ဋီကာ။ ။ ဧတ္ထစ ပသာဒဂ္ဂဟဏေန လောကီသသရဏဂမနမာက ပေ ဂရုဟာဂ္ဂဟဏေန လောကုတ္တရံ ပေ၊ တသ္မာ တပ္ပသာဒေန ဝိက္ခမ္ဘနဝသေန ဝိဟဟကိလေသေ ဝိက္ခမ္ဘနဆိုသော်လည်း မဟဂ္ဂုတ်ဈာန်၏ ဝိတမ္ဘန မဟုတ်, ရတနာ ၃ ပါးကို တစ်သက်လုံး ယုံကြည်နေသောကြောင့် တဒင်္ဂမဟုတ်ဘဲ ဝိက္ခမ္ဘနဟု ဆိုသည်။] တဂ္ဂရတာယ သမုစ္ဆေဒ ဝသေနာတိ ယောဇေတဗ္ဗံ, အဂါရ၀ကရဏဟေတူနံ (အဂါရ၀ပြုခြင်း၏အကြောင်း မကောင်းသော ကိလေသာတို့ကို) သမုစ္ဆိဒ္ဒနုတော။
တံ သမင်္ဂီ။ ။ မာတိကာပုဒ်တို့တွင် သရဏဂမနံကို ဖွင့်ပြပြီး၍ "ယောစ သရဏံ ဂစ္ဆတိ"ကို ဖွင့်ပြလိုသောကြောင့် "တံ သမင်္ဂီ"စသည်ကို မိန့်၊ သမံ+ဂမနံ ပဝတ္တနံ သမင်္ဂေါ၊ သမင်္ဂေါ ယဿ အတ္ထီတိ သမင်္ဂီ, တေန-ထို စိတ္တုပ္ပါဒ်နှင့်+ သမင်္ဂီ-အညီအမျှ တကွဖြစ်ခြင်းရှိသူတည်း၊ ဝါ-ပြည့်စုံသူတည်း၊ တံ သမင်္ဂီ-သူ "ဝုတ္တဇ္ဇဟာရေန ၊ပေ၊ ဥပေတီတိ အတ္တော" ကား သရဏံ ဂစ္ဆတိ၏ အနက်ဖွင့်တည်း။ ဥပေတိ (ဥပ+ဣတိ)ဖြင့် ဘဇတိစသော အနက်ကို သာ ဖွင့်သော်လည်း ဋီကာ၌ "ဧဝံ ဝါ ဇာနာတိ ဗုဇ္ဈတိ" ဟူသော နောက်နည်းအနက်ကိုလည်း ဖွင့်သေး၏။
ဧဝံ၊ ဤသို့လျှင်။ တာဝ၊ သရဏဂမနပ္ပဘေဒစသည်တို့မှ ရှေးဦးစွာ။ သရဏံ၊ သရဏကိုလည်းကောင်း။ သရဏဂမနံ၊ သရဏဂုံကိုလည်းကောင်း။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆတိ။ (သော)။ စ၊ ကိုလည်းကောင်း။ ဣဒံ တယံ၊ ဤ ၃ ပါးအပေါင်းကို။ ဝေဒိတဗ္ဗံ။
ပန၊ ကား။ သရဏဂမနပ္ပဘေဒေ၊ သရဏဂုံအပြား၌။ (လဗ္ဘမာနံ၊ သော။) သရဏဂမနံ၊ သည်။ လောကုတ္တရံ၊ လောကုတ္တရာ သရဏဂုံလည်းကောင်း။ လောကိယဉ္စ၊ လောကီသရဏဂုံလည်းကောင်း။ (ဣတိ၊ သို့။)
ဒုဝိဓံ၊ ရှိ၏။ တတ္ထ၊ ထို ၂ပါးတို့တွင်။ လောကုတ္တရံ၊ သည်။ ဒိဋ္ဌသစ္စာနံ၊ မြင်အပ်ပြီးသော သစ္စာ ၄ ပါးရှိသော အရိယာပုဂ္ဂိုလ်တို့၏။ မဂ္ဂက္ခဏေ၊ မဂ်ခဏ၌။ သရဏဂမနုပက္ကိလေသ သမုစ္ဆေဒေန၊ သရဏဂုံ၏ ညစ်နွမ်းကြောင်းကိလေသာတို့ကို အကြွင်းမဲ့ဖြတ်နိုင်ခြင်းကြောင့်။ အာရမဏတော၊ အာရုံအားဖြင့်။ နိဗ္ဗာနာရမဏံ၊ နိဗ္ဗာန်ဟူသော အာရုံရှိသည်။ ဟုတွာ, ကိစ္စတော၊ ကိစ္စအားဖြင့်။ သကလေပိ၊ အလုံးစုံလည်းဖြစ်သော။ ရတနတ္တယေ၊ ၌။ ဣဇ္ဈတိ၊ ပြီးစီး၏။လောကုတ္တရံ။ ။ ဤပုဒ်နှင့် မဂ္ဂက္ခဏေပုဒ်ကို ဣဇ္ဈတိ ၌စပ်"လောကုတ္တရာ သရဏဂုံသည် မဂ်ခဏ၌ ပြီးစီး၏"ဟူလိုမဂ်ခဏ၌ပြီးစီးသော သရဏဂုံသည် မပျက်နိုင်သောကြောင့်လည်းကောင်း မဂ်နှင့် ဖိုလ်တို့သည် ပုဂ္ဂိုလ်တစ်ပါးတည်း၏ တစ်သန္တာန်တည်း၌ဖြစ်သောကြောင့်လည်းကောင်း ဖိုလ်ခဏနှင့် မဂ်ခဏ ဖိုလ်ခဏမှ တစ်ပါးသော အခြားစိတ်ဖြစ်ရာ ခဏတို့၌ ပြီးစီးမြဲ ပြီးစီး (တည်မြဲ တည်)သည်သာ။
သရဏ၊ ပေ၊ သမုစ္ဆေဒေ။ ။အဘယ်နည်းဖြင့် ပြီးစီးပါသနည်း"ဟု မေးဖွယ်ရှိသောကြောင့် "သရဏ ၊ပေ၊ သမုစ္ဆေဒေန, အာရမဏတော, ကိစ္စတော"ဟု မိန့်သည်။ သရဏဂုံ စိတ္တုပ္ပါဒ်ကို ညစ်နွမ်းစေတတ်သော ကိလေသာတို့ကို အကြွင်းမဲ့ ဖြတ်သောအားဖြင့်လည်း ကောင်း, နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့်လည်းကောင်း, မဂ်ကိစ္စအားဖြင့်အားလည်းကောင်း, လောကုတ္တရာသရဏဂုံသည် မဂ်ခဏ၌ ပြီးစီးပါသည်-ဟူလို။
နိဗ္ဗာနာရမဏံ ဟုတွာ။ ။ အာရမဏတောကို "နိဗ္ဗာနာရမဏံ ဟုတွာ"ဟု ထပ်ဖွင့်သည်၊ ဤပါဌ်ဖြင့် "လောကုတ္တရာ သရဏဂုံသည် (လောကီသရဏဂုံကဲ့သို့ ရတနာ ၃ ပါး၏ဂုဏ်တော်ကို အာရုံပြုနေဖွယ်မလို) သစ္စာ ၄ ပါးကို သိခြင်းသည်ပင် လောကုတ္တရ သရဏဂုံဖြစ်တော့၏"ဟုပြ၏။ [နိဗ္ဗာနာရမဏံ ဟုတွာတိ ဧတေန အတ္ထတော (လိုရင်း အနက်အဓိပ္ပာယ်အားဖြင့်) စတုသစ္စာဓိဂမော ဧဝ လောကုတ္တရသရဏဂမနံတိ ဒဿေတိ၊-ဋီကာ။]
ကိစ္စတော။ ။ "သရဏ ၊ပေ၊ သမုစ္ဆေဒေန" ဖြင့် ပဟာနကိစ္စကိုပြ၏။ နိဗ္ဗာနာရမဏံ ဟုတွာဖြင့် သစ္ဆိကိရိယကိစ္စကို ပြ၏ထို့ကြောင့် ကိစ္စတောအရ ပရိညာကိစ္စ ဘာဝနာ ကိစ္စ ၂ပါးကို ယူပါ။ ကိစ္စတောတိ တဒဝသေသံ ဘာဝနာဘိသမယံ၊ ထိုတွင် မဂ္ဂက္ခဏေဖြင့် မဂ်ကိုဖြစ်စေခြင်းဟူသော ဘာဝနာကိစ္စကိုလည်း ပြပြီးဖြစ်၏၊ ပရိညာဘိသမယဉ္စ သန္ဓာယ ဝုတ္တံ၊-ဋီကာသစ်၊ သာဝကတို့ သိထိုက်သော ဗုဒ္ဓဂုဏ်တော်များကိုလည်းကောင်း အရိယာသံဃာတော်၏ ဂုဏ်တော်များကိုလည်းကောင်း ပိုင်းခြား၍ သိပြီးဖြစ်သောကြောင့် ပရိညာကိစ္စသည် ပြီးစီး၏။ မိမိကိုယ်တိုင် နိဗ္ဗာန်ကိုမြင်၍ မဂ်ဖြင့် ကိလေသာတို့ကို သတ်နိုင်ရကား ဓမ္မဂုဏ်တော်ကိုလည်းပိုင်းခြား၍ သိခြင်းကိစ္စပြီးတော့သည်သာ။
လောကိယံ၊ လောကီသရဏဂုံသည်။ (ဟုတွာ ဣဇ္ဈတိ ၌စပ်။) ပုထုဇ္ဇနာနံ၊ ပုထုဇဉ်တို့၏။ သရဏဂမနုပက္ကိလေသ ဝိက္ခမ္ဘနေန၊ သရဏဂုံ၏ ညစ်နွမ်းကြောင်းကိလေသာတို့ကို ပယ်ခွာနိုင်ခြင်းကြောင့်။ အာရမဏတော၊ အာရုံအားဖြင့်။ ဗုဒ္ဓါဒိဂုဏာရမဏံ၊ ဘုရားအစရှိသော ရတနာ ၃ ပါး၏ ဂုဏ်တော်ဟူသော အာရုံရှိသည်။ ဟုတွာ, ဣဇ္ဈတိ၊ ပြီးစီး၏။
တံ၊ ထိုလောကီသရဏဂုံသည်။ အတ္ထတော၊ လိုရင်းအနက်အားဖြင့်။ ဗုဒ္ဓါဒီသု၊ ဘုရားအစရှိကုန်သော။ ဝတ္ထူသု၊ ဝတ္ထုတို့၌။ (ကြည်ညိုသောစိတ်၏ တည်ရာအာရုံတို့၌။ သဒ္ဓါပဋိလာဘော၊ သဒ္ဓါကိုရခြင်းသည်လည်းကောင်း။ သဒ္ဓါမူလိကာ၊ သဒ္ဓါဟူသောအရင်းခံရှိသော။ သမ္မာဒိဋ္ဌိ စ၊ သမ္မာဒိဋ္ဌိသည်လည်းကောင်းတည်း။ သဒ္ဓါပဋိလာဘော၊ သဒ္ဓါကိုရခြင်းကိုလည်းကောင်း။ သဒ္ဓါမူလိကာ၊ သော။ သမ္မာဒိဋ္ဌိ စ၊ ကိုလည်းကောင်း။) ဒသသု၊ ဆယ်ပါး ကုန်သော။ ပုညကြိယဝတ္ထူသု၊ ပုညကြိယာဝတ္ထုတို့တွင်။ ဒိဋ္ဌိဇုကမ္မတိ၊ ဒိဋ္ဌိဇုကမ္မဟူ၍။ ဝုစ္စတိ၊ ၏။သဒ္ဓါပဋိလာဘော။ ။ "သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ-မြတ်စွာဘုရားသည် အလုံးစုံကိုမှန်ကန်စွာကိုယ်တော်တိုင် သိတော်မူ၏" ဤသို့ စသည်ဖြင့် ယုံကြည်မှုသဒ္ဓါ ရခြင်း(သဒ္ဓါဖြစ်ခြင်း)ကို "သဒ္ဓါပဋိလာဘ"ဟု ခေါ်၏ဤစကားဖြင့် ဉာဏဝိပ္ပယုတ်သရဏဂုံကို ပြ၏။ [သဒ္ဓါပဋိလာဘောတိ ဣမိနာ မာတာဒီဟိ ဥဿာဟိတဒါရကာနံ ဝိယ ဉာဏဝိပ္ပယုတ္တသရဏ ဂမနံ ဒဿေတိ၊-ဋီကာ။]
သဒ္ဓါမူလိကာ စ သမ္မာဒိဋ္ဌိ။ ။ "သဒ္ဓါမူလိကာ"ဟု ဆိုသောကြောင့် သမ္မာဒိဋ္ဌိ(ဉာဏ်)ဖြစ်ရာ၌, ယုံကြည်မှုသဒ္ဓါသည် အရင်းခံလျက်ရှိ၏ ဟု သိစေ၏မှန်၏-ဘုရားစသည်ကို ဖူးမြင်ရသောအခါ ရှေးဦးစွာ ကြည်ညိုမှုသဒ္ဓါဖြစ်၏၊ ထိုသဒ္ဓါကို အရင်းခံမှ ဂုဏ်တော်များ၌ အသိဉာဏ်ပေါ်လာနိုင်သည်။ ဤသမ္မာဒိဋ္ဌိပါဌ်ဖြင့် ဉာဏသမ္ပယုတ်သရဏဂုံကို ပြသည်။ [သမ္မာဒိဋ္ဌိတိ ဣမိနာ ဉာဏသမ္ပယုတ္တသရဏဂမနံ (ဒဿေတိ)။]
ဒသသု ၊ပေ၊ ဒိဋ္ဌိဇုကမ္မံ။ ။ ထို သဒ္ဓါပဋိလာဘ သမ္မာဒိဋ္ဌိ ၂ မျိုးလုံးကိုပင် ပုည ကြိယဝတ္ထု ဆယ်ပါးတွင် "ဒိဋ္ဌိဇုကမ္မပုညကြိယဝတ္ထု"ဟု ခေါ်ရသည်။ [အတ္တနောပစ္စယေဟိ (မိမိ၏ သပ္ပုရိသူပနိဿယ, သဒ္ဓမ္မဿဝန, ယောနိသော မနသိကာရစသော အကြောင်းတို့သည်) ဥဇု-ဖြောင့်မတ်သည်ကို + ကရီယဟီတိ ဥဇုကမ္မံ၊ ဒိဋ္ဌိဧဂ - ဉာဏ်အမြင်သည်ပင် + ဥဇုကမ္မံ ဒိဋ္ဌိဇုကမ္မံ၊ ဤသို့ပြုလျှင် သမ္မာဒိဋ္ဌိဟူသော ဉာဏ်ကိုရ၏၊ ဥဇု + ကရီယတိ ဧတေနာတိ ဥဇုကမ္မံ၊ ဒိဋ္ဌိယာ - ဉာဏ်အမြင်၏။ ဝါ-ကို + ဥဇုကမ္မံ - ဖြောင့်မတ်အောင်ပြုကြောင်းသဒ္ဓါတည်း၊ ဒိဋ္ဌိဇုကမ္မံ-ဒ္ဓါ၊ ဤသို့ပြုလျှင် သဒ္ဓါကိုလည်း "ဒိဋ္ဌိဇုကမ္မ"ဟု ခေါ်နိုင်သည်"ရှေးဦးစွာ သဒ္ဓါဖြစ်ပြီးမှ ထိုသဒ္ဓါက ဉာဏ်ကို ဖြောင့်မတ်အောင် ပြုသည်"ဟူလို။]
တယိဒံ (တံ+ဣဒံ)၊ ထိုလောကီသရဏဂုံသည်။ အတ္တသန္နိယျာတနေန၊ မိမိကိုအပ်နှင်းခြင်းအားဖြင့်လည်းကောင်း။ (မိမိကို အပ်နှင်းကြောင်းဖြစ်သော ဒိဋ္ဌိဇု ကမ္မအားဖြင့်လည်းကောင်း)။ တပ္ပရာယဏတာယ၊ ထိုရတနာ ၃ ပါးဟူသော လည်းလျောင်းရာရှိသူ၏အဖြစ်အားဖြင့်လည်းကောင်း(ထိုရတနာ ၃ပါးဟူသော လည်းလျောင်းရာရှိသူ၏ဖြစ်ကြောင်းဖြစ်ရာ ဒိဋ္ဌိဇုကမ္မအားဖြင့်လည်းကောင်း)။ သိဿဘာဝူပဂမနေန၊ တပည့်၏အဖြစ်သို့ ကပ်ရောက်ခြင်းအားဖြင့်လည်းကောင်း။ (တပည့်၏အဖြစ်သို့ ကပ်ရောက်ကြောင်း ဒိဋ္ဌိဇုကမ္မအားဖြင့်လည်းကောင်း)။ ပဏိပါတေန၊ မွန်မွန်မြတ်မြတ် ပျပ်ဝပ်ခြင်းအားဖြင့်လည်းကောင်း။ (မွန်မွန်မြတ်မြတ် ပျပ်ဝပ်ကြောင်း ဒိဋ္ဌိဇုကမ္မအားဖြင့်လည်းကောင်း။) ဣတိ၊ သို့။ စတုဓာ၊ ၄ ပါး အပြားအားဖြင့်။ ဝတ္တတိ၊ ဖြစ်၏။ တတ္ထ၊ ထို ၄ပါးတို့တွင်။ အတ္တသန္နိယျာတနံနာမ၊ မည်သည်။ အဇ္ဇ၊ ယနေ့ကို။ အာဒိံကတွာ၊ အစပြု၍။ အဟံ၊ တပည့်တော်သည်။ အတ္တာနံ၊ မိမိကို။ ဗုဒ္ဓဿ (ဧဝ)၊ မြတ်စွာဘုရားအားသာ။ နိယျာတေမိ၊ အပ်နှင်းပါ၏။ ဓမ္မဿ (ဧဝ)၊ သာ။ (နိယျာတေမိ။) သံဃဿ (ဧဝ)၊ သာ။ (နိယျာတေမိ။) ဣတိ ဧဝံ၊ ဤသို့။ ဗုဒ္ဓါဒီနံ၊ ဘုရားအစရှိသော ရတနာတို့အား။ အတ္တပရိစ္စဇနံ၊ မိမိကို စွန့်ခြင်းတည်း။
**တပ္ပရာယဏတာ**နာမ၊ မည်သည်။ အဇ္ဇ၊ ကို။ အာဒိံကတွာ၊ ၍။ အယံ၊ ဤသူသည်။ [စာရှိအတိုင်း ဆိုလျှင် “အဟံ- သည်”ဟု ပေးပါ။] ဗုဒ္ဓပရာယဏော၊ ဘုရားသာလည်းလျောင်းရာရှိသူတည်း။အတ္တသန္နိယျာတနံ။ ။အတ္တာ-မိမိကို၊ သန္နိယျာတီယတိ ကောင်းစွာအပ်နှင်းအပ်၏။ အပ္ပီယတိ-အပ်နှင်းအပ်၏၊ ပရိစ္စဇီယတိ-စွန့်အပ်၏။ ဧတေနာတိ အတ္တသန္နိယျာတနံ ဆိုအပ်ပြီသော ဒိဋ္ဌိဇုကမ္မကို အရကောက်ပါ၊ [အပ္ပီယတိ ပရိစ္စဇီယတိတို့သည် သန္နိယျာတီ ယတိ၏ အဖွင့်တည်း။ သံ+နိ+ယတဓာတ်, စုရာဒိ ဏေ, ယု။]
အတ္တပရိစ္စဇနံ။ ။ သန္နိယျာတနံနှင့် ပရိစ္စဇနသည် သဘောတူတည်းမိမိကို ရတနာ ၃ပါးအား စွန့်ခြင်းဟူသည်လည်း သံသရာမှ လွတ်မြောက်ခြင်းအကျိုးငှာ စွန့်ခြင်းတည်း။ [သံသာရဒုက္ခ နိဿရဏတ္ထံ အတ္တနော အတ္တဘာဝဿ ပရိစ္စဇနံ-ဋီကာ။]
တပ္ပရာယဏတာ။ ။ တံ+ပရာယဏံ ဧတဿာတိ တပ္ပရာယဏာ-ထိုရတနာ ၃ပါးဟူသော လည်းလျောင်းရာရှိသူဝါ-ရှိသောစိတ္တုပ္ပါဒ်၊ တပ္ပရာယဏဿ+ဘာဝေါ တပ္ပရာ ယဏတာ၊ ပြအပ်ပြီးသော ဒိဋ္ဌိဇုကမ္မပင်တည်း။
အဟံ ဗုဒ္ဓပရာယဏော။ ။ စာအုပ်တို့၌ "အဟံ" ဟု ရှိ၏"မံ ဓာရေထ"ကို ထောက်လျှင်, "အယံ ဗုဒ္ဓပရာယဏော ၊ပေ၊ တိ မံ ဓာရေထ-ဤသူသည် ဗုဒ္ဓပရာယဏ ရှိသူတည်း၊ ပေ၊ သံဃပရာယဏရှိသူတည်း။ ဤသို့ အကျွန်ုပ်ကို မှတ်ကြပါ" ဟု ဆိုမှ ရှေ့နောက် ညီ၏။ မူလပဏ္ဏာသ-ဘယဘေရဝသုတ် အဋ္ဌကထာ၌လည်း "အယံ" ဟုပင်ရှိ၏။ အဟံကို အမှန်ဟုဆိုလျှင် "ပရိသုဒ္ဓေါ အဟံဘန္တေ, ပရိသုဒ္ဓေါတိ မံ ဓာရေထ" ကဲ့သို့ "အဟံ ဗုဒ္ဓ ဓမ္မ ၊ပေ၊ သံဃပရာယဏောဗုဒ္ဓ ၊ပေ၊ ဓမ္မ၊ ပေ၊ သံဃပရာယဏောတိ မံ ဓာရေထ" ဟု ၂ ထပ်ရှိမှ အဓိပ္ပာယ်မှန်မည်။
ဓမ္မပရာယဏော၊ တရားတော်သာလည်းလျောင်းရာရှိသူတည်း။ သံဃပရာယဏော၊ သံဃာတော်သာလည်းလျောင်းရာရှိသူတည်း။ ဣတိ၊ သို့။
မံ၊ တပည့်တော်ကို။ ဓာရေထ၊ မှတ်တော်မူပါကုန်။ ဣတိ ဧဝံ၊ သို့။ တပ္ပရာယဏ ဘာဝေါ၊ ထိုရတနာ ၃ပါးဟူသောလည်းလျောင်းရာရှိသူ၏ အဖြစ်တည်း။
သိဿာဘာဝူပဂမနံနာမ၊ မည်သည်။ အဇ္ဇ၊ ကို။ အာဒိံကတွာ၊ ၍။ အယံ၊ ဤသူသည်။ [စာရှိအတိုင်းဆိုလျှင် "အဟံ- သည်" ဟု ပေးပါ။] ဗုဒ္ဓဿ (ဧဝံ)၊ ၏သာ။ အန္တေဝါသိကော၊ အနီးနေတပည့်တည်း။ ဓမ္မဿ (ဧဝ)၊ ၏သာ။ (အန္တေဝါသိကော။) သံဃဿ (ဧဝ)၊ ၏သာ။ အန္တေဝါသိကော ဣတိ မံဓာရေထ။ ဣတိ ဧဝံ၊ သို့။ သိဿဘာဝူပဂမော၊ တပည့်၏အဖြစ်သို့ ကပ်ရောက်ခြင်းတည်း။
ပဏ္ဍိပါ တောနာမ၊ မည်သည်။ အဇ္ဇ အာဒိံကတွာ, အဟံ၊ သည်။ အဘိဝါဒန ၊ပေ၊ သာမိစီ ကမ္မံ၊ ရှိခိုးခြင်း, ခရီးဦးကြိုဆိုခြင်း, လက်အုပ်ချီမှုကိုပြုခြင်း, အရိုအသေပြုခြင်းကို။ ဗုဒ္ဓါဒီနံ၊ ကုန်သော။ တိဏ္ဏံ၊ ကုန်သော။ ဝတ္ထူနံဧဝ၊ ဝတ္ထုတို့၏အတွက်သာ။ ကရောမိ၊ ၏။ ဣတိ ဧဝံ၊ သို့။ ဗုဒ္ဓါဒီသု၊ ဘုရားအစရှိသောဝတ္ထုတို့၌။ ပရမနိမစ္စကာရော၊ မွန်မွန်မြတ်မြတ် ပျပ်ဝပ်မှုကိုပြုခြင်းတည်း။သိဿဘာဝူပဂမနံ။ ။ ဥပဂစ္ဆတိ ဧတေနာတိ ဥပဂမနံသိဿဘာဝဿ+ဥပဂမနံ သိဿဘာဝူပဂမနံ။ [ဤ၌လည်း "ဓာရေထ"ကိုထောက်၍ "အဟံ" နေရာဝယ် "အသံ" ရှိသင့်သည်။]
ပဏိပါတော။ ။ ဤပဏိပါတ ဟူသည် အဘိဝါဒန ပစ္စုဋ္ဌာန အဉ္စလိကမ္မသာမိစီ ကမ္မပင်တည်း၊ ပ + နိ + ပတဓာတ်ဏပစ္စည်း၊ သရဏဂမနာဓိပ္ပာယေန-ကိုးကွယ်ရာဟု + ဆည်းကပ်ခြင်း၌ဖြစ်သော အလိုဆန္ဒဖြင့်၊ ပ+ဏိပကတိ-မွန်မွန်မြတ််ပျပ်ဝပ် ရိုသေတတ်၏။ ဧတေနာတိ ပဏိပါတော၊ ပ (ပြ) ဥပသာရကြောင့် နကို ဏပြန်စေရသည်["မုကုန္ဒံ ဗိဿဏိုးနတ်မင်းကို၊ ပြဏိပတျ-အလွန်ရိုသေစွာ ရှိခိုးဝပ်ချပြီး၍၊ ပြဏိယတေ-လွန်စွာ ဆောင်ပြအပ်၏၊-မုဒ္ဓဗောဓဂန္ထာရမ္ဘ၊ ဤသို့စသည်ဖြင့် ပြ (ပ) ရှေးရှိရာ၌ နိကို ဏိ ပြုလေ့ရှိသည်၊ ပြအပ်ခဲ့သော ပြဏိပတျ"ကိုထောက်၍ "ပါဏိပါတော" ဟု ရှိသည်ကို ပါဌ်ပျက်ဟု မှတ်ပါ။],
ဗုဒ္ဓါဒီနံယေဝ။ ။ ဤဧဝကို အတ္တသန္နိယျာတနစသည်တို့၌လည်း "ဗုဒ္ဓဿေဝ" စသည်ဖြင့်လည်းကောင်း, "ဗုဒ္ဓေါ ဧဝ+ပရာယဏော-ယဿာတိ ဗုဒ္ဓပရာယဏော" စသည်ဖြင့် လည်းကောင်း ဆိုထိုက်၏-ဟု ဋီကာဖွင့်သည်။ ဋီကာသစ်၌ သီဟဂတိကအဓိကာရနည်းဖြင့် ပြန်၍ လိုက်စေရမည်ဟု ဆို၏၊ ထိုသို့လိုက်စေမှလည်း အခြားအနက်များကို တားမြစ်နိုင်သည်။
ပရမနိပစ္စကာရော။ ။ ပရမသည် ပ၏ အဖွင့်၊ နိပစ္စကာရော (နိပတျကာရော)သည် နိပါတ၏အဖွင့်တည်း၊ ဤအဖွင့်ကိုထောက်၍လည်း "ပါဏိပါတော" ၏ ပါဌ်မှန်ဖြစ်ကြောင်း "ပါဏိပါတော" ဟု မရှိသင့်ကြောင်း သာ့၍ သိသာသည်။ [နိပတနံ နိပစ္စံ၊ ပရမံ+ နိပစ္စံ ပရမနိပစ္စံ-မွန်မွန်မြတ်မြတ် ပျပ်ဝပ် (ရိုသေ) ခြင်း၊ပရမနိပစ္စဿ+ကာရော ပရမ နိပစ္စ ကာရော၊ ဤဝါကျ၌ "ကရောမီတိ မံ ဓာရေထာတိ ဧဝံ" ဟု ဣတိ ၂ ပုဒ် (အာကာရ ၂ဝါကျ)ကို တွေ့ရ၏။ နောက်ဣတိဧဝံဖြင့် "တပည့်တော်ကို မှတ်ကြပါ" ဟု ပြန်၍မညွှန်းသင့်, "အဟံ ပေကရောမိ"ကိုသာ ပြန်၍ညွှန်းသင့်၏"ယနေ့မှစ၍ အကျွန်ုပ်သည် ၊ပေ၊ ဗုဒ္ဓစသော ၃ပါးကုန်သော ဝတ္ထုတို့၏အတွက်သာ ပြုပါ၏၊ ဤသို့ဗုဒ္ဓအစရှိသောဝတ္ထုတို့၌ မွန်မြတ်သော ရိုသေပျပ်ဝပ်မှုကိုပြုခြင်းသည် ပဏိပါတမည်၏" ဟုသာ အဓိပ္ပာယ်ဖြစ်သင့်သောကြောင့် "ဣတိ မံ ဓာရေထ"သည် ပိုနေ၏၊ ရှေ့ ၂ ဝါကျ၌ "ဣတိ မံ ဓာရေထ" ပါသောကြောင့် နောက်ဆရာတို့ ထည့်ကြဟန်တူသည်။
ဟိ၊ မှန်။ စတုန္နံ၊ န်သော။ ဣမေသံ အာကာရာနံ၊ ဤအခြင်းအရာတို့တွင်။ အညတရမ္ပိ၊ တစ်ပါးသော အခြင်းအရာကိုလည်း။ ကရောန္တေန၊ ပြုသောပုဂ္ဂိုလ်သည်။ သရဏံ၊ သည်။ ဝါ၊ ကိုးကွယ်ရာဖြစ်သော ရတနာ ၃ ပါးသည်။ ဝါ၊ ကို။ ဂဟိတံယေဝ၊ ယူအပ်သည်သာ။ ဟောတိ။ [ဤ "သရဏံ ဂဟိတံ"ကိုထောက်၍ သီလပေးရာ၌ "သရဏဂဟဏံ ပရိပုဏ္ဏ" ဟုလည်း အချို့က သုံးစွဲကြ၏။ သို့သော် သီလပေးရာ၌ "သရဏံ ဂစ္ဆာမိ" ဟု ပါပြီးဖြစ်၍ "သရဏဂမနံ" ဟု သုံးစွဲမှ ရှေ့နောက်ညီပါသည်။]
အပိစ၊ သည်သာမကသေး။ ဘဂဝတော၊ အား။ အတ္တာနံ၊ မိမိကို။ ပရိစ္စဇာမိ၊ စွန့်ပါ၏။ ဓမ္မဿ၊ (အတ္တာနံ ပရိစ္စဇာမိ။) သံဃဿ အတ္တာနံ ပရိစ္စဇာမိ။ ဇီဝိတံ၊ အသက်ကို။ ပရိစ္စဇာမိ။ ("ရတနာ ၃ပါးအတွက် အသက်ကို စွန့်ပါ၏" ဟူလို။) မေ၊ တပည့်တော်သည်။ အတ္တာ၊ မိမိကို။ ပရိစ္စတ္တံယေဝ၊ စွန့်အပ်ပြီးပါသည်သာ။ ဇီဝိတံ၊ ကို။ ပရိစ္စတ္တံယေဝ၊ သည်သာ။ ဇီဝိတပရိယန္တိကံ၊ အသက်အဆုံးပိုင်းအခြားရှိအောင်။ဣမေသံ ဟိ ၊ပေ၊ သရဏံ။ ။လောကီသရဏဂုံ ၄ မျိုးပြားခြင်းကို ခိုင်မြဲစေလို (ပြီးစေလို)၍ "ဣမေသံ ဟိ" စသည်ကို မိန့်သည်၊ ဤ ၄ မျိုးတည်းတွင် တစ်မျိုးတစ်မျိုးဖြင့် သရဏကို ယူနိုင်သောကြောင့် လောကီသရဏဂုံ ၄ မျိုးပြားခြင်းသည် သင့်မြတ်၏-ဟူလို၊ တစ်နည်း-၄ မျိုးပြားခြင်း၏ အကြောင်းကိုပြသော ဝါကျဟုလည်း ဆိုနိုင်၏ဤအလို "ကသ္မာ တယိဒံ စတုဓာ ဝတ္တတိ" ဟု ပုစ္ဆာထုတ်၍ ဟိ ယသ္မာ ၊ပေ၊ ဂဟိတံ ဟောတိ၊ စတုဓာ ဝတ္တတိ" ဟု ပေးပါ။-ဋီကာသစ်။ တသ္မာ တယိဒံ စတုဓာ ဝတ္တတိ" ဟုပေးပါ။ ဋီကာသစ်။
အပိစ။ ။ အတ္တသန္နိယျာတနံ စသော သရဏဂုံ ၄ပါးကိုပင် အခြားနည်းတို့ဖြင့် ပြလို၍ "အပိစ" စသည်ကို မိန့်သည်၊[ဧဝံ အတ္တသန္နိယျာတနာဒီနိ ဧကေန ပကာရေန ဒဿေတွာ ဣဒါနိ အပရေဟိပိ ပကာရေဟိ ဒဿေတုံ အပိစာတိ အာဒိ အာရဒ္ဓံ - ဋီကာ၊ ဤဋီကာအရ ယခုပြမည့် စကားရပ်တို့သည် နည်းတစ်မျိုးအားဖြင့် အတ္တသန္နိယျာတနစသည် ပြုပုံကို ပြကြောင်းစကားသာဖြစ်၏၊ အနက်အဓိပ္ပာယ်မှာ မထူးဟု မှတ်ပါ။]
ဇီဝိတပရိယန္တိကံ။ ။ ဇီဝိတဿ+ပရိယန္တော ဇီဝိတပရိယန္တော၊ ဇီဝိတပရိယန္တော ယဿာတိ ဇီဝိတပရိယန္တိကံ-အသက် အဆုံးအပိုင်းအခြားရှိသော ဆည်းကပ်ခြင်း, အသက်ထက်ဆုံး ဆည်းကပ်ခြင်း၊ ဤပုဒ်ကို "ဂစ္ဆာမိ" ၌ ကြိယာဝိသေသနစပ်။ [ဇီဝိတပရိယန္တိကန္တိ ဘာဝနပုံသကဝစနံ (ကြိယာ၌စပ်ထိုက်သော နပုလ္လိန်ရှိသော သဒ္ဒါ၊) ယာဇီဝံ ဂစ္ဆာမီတိ အတ္တော-ဋီကာသစ်။]
ဝါ၊ အသက်ထက်ဆုံး။ ဗုဒ္ဓံ၊ ကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။ ဝါ၊ သိပါ၏။ ဗုဒ္ဓေါ၊ သည်။ မေ၊ တပည့်တော်၏။ သရဏံ၊ ကိုးကွယ်ရာပါတည်း။ လေဏံ၊ ပုန်းအောင်းရာပါတည်း။ တာဏံ၊ စောင့်ရှောက်တတ်သော ရတနာပါတည်း။ ဣတိ ဧဝမ္ပိ၊ ဤသို့လည်း။ အတ္တသန္နိယျာတနံ၊ မိမိကိုယ်ကိုအပ်နှင်းကြောင်း သရဏဂုံကို။ ဝေဒိတဗ္ဗံ။ [သရဏံ စသောပုဒ်တို့သည် နပုလ္လိန် မြဲသောကြောင့် ဗုဒ္ဓေါနှင့် အရတူသော်လည်း နပုလ္လိန်ပင်ရှိရသည်။ ဧဝမ္ပိ၌ ပိဖြင့် ပဌမနည်း၌ ပြအပ်ခဲ့သော အတ္တသန္နိယျာတနကို ပေါင်းပါ။]
အဟံ၊ တပည့်တော်သည်။ ဝတ၊ စင်စစ်။ သတ္ထာရံ၊ ဆရာဖြစ်သော မြတ်စွာဘုရားကို။ စ ပဿေယျံ၊ အကယ်၍ ဖူးတွေ့ရငြားအံ့။ (ဧဝံသတိ။) ဘဂဝန္တမေဝ၊ ဤရှင်တော်မြတ်ဘုရားကိုသာ။ ပဿေယျံ၊ ဖူးတွေ့ရရာ၏။ အဟံ ဝတ, သုဂတံ၊ ကောင်းသော ပဋိပတ္တိဂမနရှိတော်မူသော မြတ်စွာဘုရားကို။ စ ပဿေယျံ၊ အံ့။ (ဧဝံသတိ)။ ဘဂဝန္တမေဝ ပဿေယျံ။ အဟံ ဝတ, သမ္မာသမ္ဗုဒ္ဓံ၊ မဖေါက်မပြန်ကိုယ်တော်တိုင် သစ္စာ ၄ ပါးတရားကိုသိတော်မူသော မြတ်စွာဘုရားကို။ ပဿေယျံ။ (ဧဝံသတိ။) ဘဂဝန္တမေဝ ပဿေယျံ။
ဣတိ ဧဝံမ္ပိ၊ သို့လည်း။ မဟာကဿပဿ၊ ၏။ သရဏဂမနံဝိယ၊ သရဏဂုံကိုကဲ့သို့။ သိဿဘာဝူပဂမနံ၊ တပည့်၏အဖြစ်သို့ ကပ်ရောက်ကြောင်းသရဏဂုံကို။ ဝေဒိတဗ္ဗံ။
သော အဟံ၊ ထိုငါသည်။ သမ္ဗုဒ္ဓံ၊ ကိုယ်တိုင်သိမြင် ဘုရားရှင်ကို။ နမဿမာနော၊ ရှိခိုးလျက်လည်းကောင်း။ ဓမ္မဿ၊ တရားတော်၏။ သုဓမ္မတံစ၊ ကောင်းသောတရား၏အဖြစ်ကိုလည်းကောင်း။ (သံဃဿ၊ သံဃာတော်၏။ သုပ္ပဋိပန္နတံစ၊ ကောင်းစွာကျင့်တော်မူသည်၏ အဖြစ်ကိုလည်းကောင်း။ အဘိတ္ထဝိတွာ၊ ချီးမွမ်း၍လည်းကောင်း။)သတ္ထာရဉ္စ ဝတာဟံ။ ။ နိဒါနဝဂ္ဂ-ကဿပသံယုတ် ပါဠိတော်တည်း၊ ထိုအဋ္ဌကထာ၌ "သစေ အဟံ သတ္ထာရံ ပဿေယျံ၊ ဣမံ ဘဂဝန္တံယေဝ ပဿေယျံ, န ဟိ မေ ဣတော အညေန သတ္ထာရာ ဘဝိတုံ " စသည်ဖြင့် ဖွင့်၏၊ ဤ၌ စကို "သစေ" ဟု ဖွင့်ဟန်တူ၏၊ သို့မဟုတ်"သတ္ထာရဉ္စေ" ဟုသော်လည်း မူလပါဠိဖြစ်စရာရှိ၏၊ ဝတကိုကား အထူးမဖွင့်ဧကံသတ္ထအနက်ပင်ဖြစ်သင့်၏၊ နောက်ဝါကျတို့၌လည်း "သမ္မာပဋိပတ္တိယာ သုဋ္ဌုဂတတ္တာ သုဂတံနာမ ပဿေယျံ ၊ပေ၊ သမ္မာ သာမဉ္စ သစ္စာနံ ဗုဒ္ဓတ္တာ သမ္မာသမ္ဗုဒ္ဓံနာမ ပဿေယျံ" ဟု ဖွင့်သည်၊ ဆိုလိုရင်းမှာ-"တပည့်တော်သည် ဆရာအစစ်ကို ဖူးတွေ့ရမည်ဖြစ်လျှင်, ဤအရှင်တော်မြတ် ဘုရားကိုသာ ဖူးတွေ့ရာပါ၏။ ဤရှင်တော်မြတ်ဘုရားမှ တစ်ပါးသောပုဂ္ဂိုလ်သည် တပည့်တော်၏ ဆရာမဖြစ်နိုင်ပါ" စသည်တည်း။ [အရှင်မဟာကဿပ၏ ဗုဒ္ဓနှင့်စ၍ တွေ့ပုံကို ဋီကာသစ်၌ အကျဉ်းမျှပါ၏၊ အကျယ်ကို ထိုပါဠိတော် အဋ္ဌကထာ၌ရှူပါ။]
သော အဟံ ဝိစရိဿာမိ။ ။ သုတ္တနိပါတ် အာဠဝကသုတ်နှင့် သဂါထာ၀ဂ္ဂယက္ခသံယုတ် အာဠ၀ကသုတ် ဂါထာတည်း "ဓမ္မဿစ သုဓမ္မတံ" ၌ စသဒ္ဒါကို အဝုတ္တသမုစ္စယတ္ထကြံ၍ "သံဃဿ သုပ္ပဋိပန္နတံစ" ဟု ဆည်းပါ။ "အဘိဝတ္ထဝိတွာ" ဟုလည်းထည့်ပါ၊အာဠဝကာဒီနံ၌ အာဒိဖြင့် သုတ္တနိပါတ်၌လာသော သာတာဂိရ-ဟေမဝတနတ်တို့ကို ယူပါ၊ ထိုနတ်တို့လည်း "တေ မယံ ဝိစရိဿာမ, ဂါမာ ဂါမံ နဂါ နဂံ ၊ ပေ၊ သုဓမ္မတံ" ဟု ရွတ်ဆိုကြသည်။
ဂါမာ၊ နတ်ရွာတစ်ရွာမှ။ ဂါမံ၊ နတ်ရွာတစ်ရွာသို့လည်းကောင်း။ ပုရာ၊ နတ်မြို့တစ်မြို့မှ။ ပုရံ၊ သို့လည်းကောင်း။ ဝိစရိဿာမိ၊ လှည့်လည်ပါတော့အံ့။ ဣတိ ဧဝမ္ပိ၊ သို့လည်း။ အာဠဝကာဒီနံ၊ အာဠဝကအစရှိသောနတ်တို့၏။ သရဏဂမနံဝိယ၊ ကဲ့သို့။ တပ္ပရာယဏတာ၊ ထိုရတနာ ၃ ပါးဟူသော လည်းလျောင်းရာရှိသူ၏အဖြစ်ဟူသော သရဏဂုံကို။ ဝေဒိတဗ္ဗာ။
အထ၊ ပြဿနာကို ဖြေပြီးရာ ထိုအခါ၌။ ဗြဟ္မာယု၊ မည်သော။ ဗြာဟ္မဏော၊ သည်။ အာသနာ၊ နေရာမှ။ ဥဋ္ဌာယ၊ ထ၍။ ဧကံသံ၊ လက်ဝဲတစ်ဖက်ပခုံးထက်၌။ ဥတ္တရာသင်္ဂံ၊ အပေါ်ခြုံကို။ ကရိတွာ၊ ပြု၍။ (တစ်နည်း) ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ၊ လက်ကတော့တင်၍။ ဘဂဝတော၊ ၏။ ပါဒေသု၊ ခြေတော်တို့၌။ သိရသာ၊ ဦးခေါင်းဖြင့်။ နိပတိတွာ၊ ပျပ်ဝပ်၍။ ဘဂဝတော၊ ၏။ ပါဒါနိ၊ တို့ကို။ မုခေနစ၊ နှုတ်ခမ်းဖြင့်လည်း။ ပရိစုမ္ဗတိ၊ ထက်ဝန်းကျင်စုတ်၏။ ပါဏီဟိစ၊ လက်တို့ဖြင့်လည်း။ ပရိသမ္ဗာဟတိ၊ ထက်ဝန်းကျင် ဆုတ်နယ်၏။ ဘောဂေါတမ၊ အရှင်ဂေါတမ။ အဟံ၊ သည်။ ဗြဟ္မာယု၊ မည်သော။ ဗြာဟ္မဏော၊ ပုဏ္ဏားပါတည်း။ ဗြဟ္မာယု ၊ ပေ၊ ဗြဟ္မဏော, ဣတိ၊ သို့။ နာမဉ္စ၊ အမည်ကိုလည်း။ သာဝေတိ၊ ကြားစေ၏။ ဣတိ ဧဝမ္ပိ, ပဏိပါတော၊ မွန်မွန်မြတ်မြတ်ပျပ်ဝပ်ကြောင်း သရဏဂုံကို။ ဒဋ္ဌဗ္ဗော။ [ဧဝမ္ပိနောက်၌ "ဗြဟ္မာယု ဗြာဟ္မဏဿ သရဏဂမနံ ဝိယ" ဟု ရှိလျှင် ရှေ့နောက်ညီ၏၊ ကျနေဟန်တူသည်။]မေးဖွယ်။ ။ထိုအာဠ၀က သာတာဂိရ ဟေမဝတနတ်တို့သည် သောတာပန်ဖြစ်ပြီးမှ ဤဂါထာတို့ကို ရွတ်ဆိုလျှောက်ကြသည် မဟုတ်လော, အဘယ့်ကြောင့် လောကီသရဏဂုံကိုပြရာ၌ ထည့်ထားပါသနည်း၊ အဖြေကား သောတာပန်ဖြစ်ပြီးမှ ရွတ်ဆိုကြသော်လည်း "နမဿမာနော ဝိစရိဿာမိ-ရှိခိုးလျက် လှည့်လည်အံ့" ဟု ဆိုသဖြင့် ဘုရားသာလျှင် အမြဲလည်းလျောင်းရာရှိကြောင်းကို ပြရာရောက်သောကြောင့် လောကီ လောကုတ္တဟု မခွဲခြားဘဲ သာမညအားဖြင့် တပ္ပရာယဏတာ သရဏဂုံ၏ သာဓကအဖြစ်ဖြင့် ထည့်သွင်းပြထားသည်။
အထခေါ ဗြဟ္မာယု။ ။ မဇ္ဈိမပဏ္ဏာသ-ဗြဟ္မာယုသုတ်၌ လာသော ပါဠိတော်တည်း၊ ထိုဗြာဟ္မဏသည် ထိုတိုင်းပြည်၌ အသက်တစ်ရာ့နှစ်ဆယ် ရှိပြီဖြစ်၍ အသက်အကြီးဆုံး, ပစ္စည်းလည်း အပေါဆုံး, ပညာလည်း အတတ်ဆုံး ပါမောက္ခကြီးဖြစ်၏။ ဗုဒ္ဓမြတ်စွာသည် သူ၏နေရာ မိထိလာပြည်သို့ ကြွရောက်တော်မူလာသောအခါ ပြဿနာကို မေး၍ အဖြေ၏အဆုံး၌ အဋ္ဌကထာလာသည့်အတိုင်း ပရမနိပစ္စကာရကို ပြုသည်၊ ထို့နောက် အနာဂါမ်ဖြစ်၍ ဗြဟ္မာပြည်သို့ ရောက်သည်။
ပန၊ ဆက်။ သော၊ ထိုပဏိပါတသည်။ ဉာတိ၊ ပေ၊ ဝသေန၊ ဆွေမျိုးအဖြစ်၏ အစွမ်း, ကြောက်သည်၏အဖြစ်၏ အစွမ်း, ဆရာအဖြစ်၏ အစွမ်း, ဒက္ခိဏေယျ အဖြစ်၏ အစွမ်းဖြင့်။ စတုဗ္ဗိဓော၊ ရှိသည်။ ဟောတိ။
တတ္ထ၊ ထို ၄ပါးတို့တွင်။ ဒက္ခိဏေယျပဏိပါတေန၊ ဒက္ခိဏေယျပဏိပါတအားဖြင့်။ ( အလှူခံထိုက်သော ပုဂ္ဂိုလ်ဟု မွန်မွန်မြတ်မြတ် ပျပ်ဝပ်ခြင်းအားဖြင့်။) သရဏဂမနံ၊ သရဏဂုံသည်။ ဟောတိ။ ဣတရေဟိ၊ ဒက္ခိဏေယျပဏိပါတမှတစ်ပါးသော ဉာတိပဏိပါတအစရှိသည်တို့ဖြင့်။ (သရဏဂမနံ။) န (ဟောတိ)။ (ကသ္မာ ဒက္ခိဏေယျပဏိပါတေန သရဏဂမနံ, ဟောတိ၊ နည်း။ န ဣတရေဟိ။)
ဟိ (ယသ္မာ)၊ ကြောင့်။ သေဋ္ဌဝသေနေဝ၊ အမြတ်၏ အစွမ်းဖြင့်သာလျှင်။ သရဏံ၊ ကိုးကွယ်ရာကို။ ဂဏှာတိ၊ ယူ၏။ သေဋ္ဌဝသေနစ၊ သာလျှင်။ (သရဏံ၊ သည်။) ဘိဇ္ဇတိ၊ ပျက်၏။ (တသ္မာ ကြောင့်။ ဒက္ခိဏေယျပဏိပါတေန သရဏဂမနံ ဟောတိ။ န ဣတရေဟိ။)
တသ္မာ၊ ကြောင့်။ (ထိုသို့ဒက္ခိဏေယျပဏိပါတအားဖြင့် သရဏဂုံဖြစ်သည်၏ အဖြစ်ကြောင့်။) သာကိယောဝါ၊ သာကီဝင်မင်းမျိုးမူလည်းဖြစ်သော။ ကောလိယောဝါ၊ ကောလိယမင်းမျိုးမူလည်းဖြစ်သော။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ (ဝန္ဒတိ၌စပ်။) ဗုဒ္ဓေါ၊ သည်။ အမှာကံ၊ တို့၏။ ဉာတကော၊ ဆွေတော်မျိုးတော်တည်း။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ဉာတိ ၊ပေ၊ ဝသေန။ ။ ဝသသဒ္ဒါ၏ရှေ့၌ ဘာဝပ္ပဓာန-ဘာဝလောပကြံ၍လည်းကောင်း ဉာတိစသော ပုဒ်တိုင်းသို့ လိုက်စေ၍လည်းကောင်း "ဉာတိဘာဝဝသေန, ဘယ ဘာဝဝသေန, အာစရိယဘာဝဝသေန, ဒက္ခိဏေယျဘာဝဝသေန"ဟု ဋီကာတို့ဖွင့်ကြ၏၊ [ဝသေနာတိ ဧတ္တ ဉာတိဝသေန ၊ပေ၊ ဒက္ခိဏေယျဝသေနာတိ ပစ္စေကံ ယောဇေတဗ္ဗံ၊ ဉာတိ ဘယစသည်ကို ဒွန်တွဲ၍ "ဒွန်၏နောက်၌, ရှိသောပိုဒ်, ယှဉ်လိုက်ပုဒ်တိုင်းသာ" အတိုင်း ဖွင့်သည်တတ္ထ ဉာတိဝသေနာတိ ဉာတိဘာဝဝသေန၊ ဧဝံ သေသေသုပိ၊-ဋီကာ။] ဤ၌ "ဉာဟိ ဘာဝ ဟူသည် ဉာတိ၏ဖြစ်ကြောင်းဖြစ်ရာ သွေးသားတော်စပ်ခြင်းတည်း။
သေဋ္ဌဝသေနေဝ ဟိ။ ။ နောက်ဝါကျ၌ "တသ္မာ"ဟု ရှိသောကြောင့် "တသ္မာရှေ့ ဟိတ်ကိုတွေ့ , ပြား၍ရှိမှခံ" နှင့်အညီ ထို့နောက် "တသ္မာ"၌ မစပ်ဘဲ ရှေ့သို့ လှည့်စပ်ဖို့ရန် "ကသ္မာ"ဟု ပုစ္ဆာဝါကျထည့်သည်။ ဤသို့ အနက်ပေးသောအခါ "သေဋ္ဌဝသေန ဟိ" စသော ဝါကျသည် ကာရဏဝါကျ "ဒက္ခိဏေယျ ပဏိပါတေန" စသော ဝါကျသည် ဖလဝါကျဖြစ်၏။ နောက် တသ္မာကား ဤဖလဝါကျကို စွဲရသည်၊ တသ္မာ ထို, ဟိတ်၏ဖိုလ်, စွဲဆို မြဲထုံးစံ" နှင့် အညီတည်း။ ဤသို့ မစွဲဘဲ "သေဋ္ဌဝသေနဟိ" စသောဝါကျကို "ဝိတ္ထာရဝါကျ" ဟု ယူလျှင်လည်းဖြစ်နိုင်ပါ၏၊ ဟိသည် ဒဠှီကရဏဇောတက, နောက် တသ္မာကိုထောက်၍ ကာရဏဇောတက လည်းဖြစ်နိုင်စရာရှိ၏။
ဝန္ဒတိ။ ။ ပဏိပါတ သရဏဂုံသည် အဘိဝါဒန, ပစ္စုဋ္ဌာန, အဉ္စလိကမ္မ, သာမိစီ ကမ္မ" ဟု အမျိုးမျိုးရှိသော်လည်း အဘိဝါဒနဖြစ်သော ဝန္ဒတိတစ်မျိုးကိုသာ ဥပလက္ခဏအားဖြင့် ပြသည်။ [ဝန္ဒတီတိ ပဏိပါတဿ လက္ခဏဝစနံဋီကာ။]
ဝန္ဒတိ၊ ရှိခိုး၏။ (တေန၊ သည်။) သရဏံ၊ သည်။ ဝါ၊ ကို။ အဂ္ဂဟိတ မေဝ၊ မယူအပ်သည်သာ။ ဟောတိ။ ("ဉာတိပဏိပါတကြောင့် သရဏဂုံ မဖြစ်" ဟူလို။)
ယောဝါ၊ အကြင်ပုဂ္ဂိုလ်သည်မူလည်း။ သမဏော ဂေါတမော၊ သည်။ ရာဇပူဇိတော၊ မင်းတို့သည် ပူဇော်အပ်သော ပုဂ္ဂိုလ်တည်း။ မဟာနုဘာဝေါ၊ ကြီးသောအာနုဘော်ရှိသော ပုဂ္ဂိုလ်တည်း။ အဝန္ဒိယမာနော၊ ရှိမခိုးအပ်သော်။ (ငါ၏ရှိခိုးခြင်းကို မခံရလျှင်။) အနတ္တမ္ပိ၊ စီးပွားမဲ့ကိုလည်း။ ကရေယျ၊ ရာ၏။ ဣတိ၊ ဤသို့တွေး၍။ ဘယေန၊ ကြောက်ခြင်းကြောင့်။ ဝန္ဒတိ၊ ရှိခိုး၏။ (တေန)။ အဂ္ဂဟိတမေဝ ဟောတိ သရဏံ။ [ဤစကားဖြင့် ဘယပဏိပါတကြောင့် ရှိခိုးရာ၌ သရဏဂုံ မဖြစ်ကြောင်းကိုပြသည်။]
ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဗောဓိသတ္တကာလေ၊ ဘုရားအလောင်းဖြစ်ရာအခါ၌။ ဘဂဝတော၊ မြတ်စွာဘုရား၏။ (ဘုရားဖြစ်မည့် ဘုရားအလောင်း၏။) သန္တိကေ၊ အထံ၌။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ ဥဂ္ဂဟိတံ၊ သင်ယူအပ်ပြီးသောအတတ်ကို။ သရမာနော၊ အမှတ်ရသည်။ (ဟုတွာ။) ဝါ၊ ဖြစ်၍သော်လည်းကောင်း။ ဗုဒ္ဓကာလေ၊ ဘုရားဖြစ်ရာအခါ၌။
စတုဓာ၊ ပေ၊ ဘဝိဿတီတိ၊ ဟူသော။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ အနုသာသနိံ၊ အဆုံးအမတော်ကို။ ဥဂ္ဂဟေတွာဝါ၊ နာယူပြီး၍သော်လည်းကောင်း။ မေ၊ ငါ၏။ အာစရိယော၊ ဆရာတည်း။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ ဝန္ဒတိ၊ ၏။ (တေန၊ ထိုပုဂ္ဂိုလ်သည်။) သရဏံ၊ ကိုးကွယ်ရာသည်။ ဝါ၊ ကို။ အဂ္ဂဟိတမေဝ၊ မယူအပ်သည်သာ။ ဟောတိ။ရာဇပူဇိတော။ ။ ရာဇူဟိ ရာဇူနံ (တို့သည်) ဝါ ပူဇိတော၊ ယထာ ဂါမပူဇိတောတိ၊ ပူဇာဝစနပယောဂေ ဟိ ကတ္တရိ သာမိဝစနံ ဣစ္ဆန္တိ သဒ္ဒဝိဒူ၊-ဋီကာသစ်။ [ဂါမပူဇိတောဝယ် "ဂါမဿ-သည်+ပူဇိတံ ဂါမပူဇိတံ" ပြုရသကဲ့သို့တည်း၊ အကျယ်ကို ပါရာဇိကဏ်ဘာသာဋီကာ, သံဃာဒိသေသ် ဝိဟာရသိက္ခာပုဒ်အဖွင့်၌ ကြည့်ပါ။
ဧဝရူပံ အနုသာသနိံ။ ။ ဧဝရူပံဖြင့် "စတုဓာ ဝိဘဇေ ဘောဂေ" နှင့် အလားတူဖြစ်သော ဤဘဝကြီးပွားရေး အနုသာသနီများကို ရည်ရွယ်သည်။ တစ်မလွန်ရေး သို့မဟုတ် ဝဋ်မှထွက်ရေးဖြစ်သော အနုသာသနီကို တောင့်တ၍ ပဏိပါတပြုသူကား ဒက္ခိဏေယျ ပဏိပါတကိုသာ ပြုရာရောက်၏။ "အာစရိယအဖြစ်ဖြင့် ပဏိပါတပြုရာမရောက်" ဟူလို။ [ဧဝရူပန္တိ ဒိဋ္ဌဓမ္ပိကံ သန္ဓာယ ဝဒတိ မ္ပရာယိကံ ဟိ နိယျာနိကံဝါ အနုသာသနိံ ပစ္စာသီသန္တော ဒက္ခိဏေယျပဏိပါတမေဝ ကရောတီတိ အဓိပ္ပာယော။-ဋီကာ။
အာစရိယော ၊ပေ၊ အဂ္ဂဟိတမေဝ။ ။ "အတတ်ကိုသင်ပေးသော ဆရာဟု သဘောထား၍ကိုးကွယ်လျှင် သရဏဂုံယူရာမရောက်" ဟု ဆိုသောကြောင့် ယခုအခါများစွာသောလူတို့သည် မိမိဆရာဘုန်းတော်ကြီးကိုကိုးကွယ်ပါသည်ဟု ဆိုသော်လည်း ဆရာအဖြစ်ဖြင့်သာကိုးကွယ်ကြသောကြောင့် ဤသရဏဂုံနှင့်မဆိုင်၊ သံဃသရဏဂုံအစစ်အမှန်မှာ ဂုဏ်ကိုရည်မှန်း၍ အရိယာသံဃာကိုကိုးကွယ်ခြင်းသာဖြစ်သည်။
ဂါထာနက်။ ။ ဃရံ၊ အိမ်၌။ အာဝသံ၊ နေသော။ ပဏ္ဍိတော၊ ကြောင်းကျိုးမြင်သိ, ပညာရှိသည်။ ဘောဂေ၊ စည်းစိမ်တို့ကို။ စတုဓာ၊ ၄ စု ၄ ပုံအားဖြင့်။ ဝိဘဇေ၊ ခွဲခြားဝေဘန်ရာ၏။ ဧကေန၊ တစ်ပုံဖြင့်။ ဘောဂေ၊ စည်းစိမ်တို့ကို။ ဘုဉ္ဇေယျ၊ သုံးဆောင်ခံစားရာ၏။ ဒွီဟိ၊ ၂ ပုံတို့ဖြင့်။ ကမ္မံ၊ လယ်ယာလုပ်ငန်း, ကူးသန်းရောင်းဝယ်မှုကို။ ပယောဇယေ၊ ယှဉ်စေရာ၏။ ဝါ၊ သုံးစွဲရာ၏။ [ကသိဝါဏိဇ္ဇာဒိကမ္မံ ပယောဇေယျ။ ဋီကာသစ်။] အာပဒါသု၊ ဘေးရန်တို့သည်။ (မင်း, မီး, ရေ, ခိုးသူ, အပ္ပိယဒါယာဒ အစရှိသော ဘေးရန်တို့သည်။ (ဥပ္ပန္နာသု၊ ဖြစ်ကုန်လတ်သော်။ ဘဝိဿတိ၊ သုံးစွဲဖို့ရန်ဖြစ်လတံ့။ ဣတိ၊ ဤသို့ နှလုံးသွင်း၍။ စတုတ္ထံစ၊ ၄ ခုမြောက် တစ်ပုံကိုကား။ နိမာပေယျ၊ သိုမှီးသိမ်းဆည်းရာ၏။ (ဘဏ်အပ်ထားခြင်းလည်း ပါဝင်၏။)
ပန၊ ကား။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ အယံ၊ ဤပုဂ္ဂိုလ်သည်။ လောကေ၊ ၌။ အဂ္ဂဒက္ခိဏေယျော၊ အလှူခံထိုက်သော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ပေတည်း။ ဣတိ၊ ဤသို့ နှလုံးသွင်း၍။ ဝန္ဒတိ၊ ရှိခိုးဝပ်ချ၏။ တေနေဝ၊ ထိုပုဂ္ဂိုလ်သည်သာ။ သရဏံ၊ ကိုးကွယ်ရာသည်။
ဝါ၊ ကို။ ဂဟိတံ၊ ယူအပ်သည်။ ဟောတိ။ [ဤတွင် သရဏဂမန ပဘေဒ ပြီးပြီ။ ထိုသရဏဂမနပဘေဒနှင့်စပ်၍ သရဏဂုံမပျက်ပုံကိုလည်း ပြလိုသောကြောင့် ဧဝံစသည်မိန့်။] ဧဝံ၊ သို့။ ဂဟိတသရဏဿ၊ ယူအပ်ပြီးသော သရဏရှိသော။ (သရဏဂုံယူပြီးသော။) ဥပါသကဿဝါ၊ ဥပါသကာ၏သော်လည်းကောင်း။ ဝါ၊ သည်သော်လည်းကောင်း။ (ဂဟိတသရဏာယ၊ သော။) ဥပါသိကာယဝါ၊ ဥပါသိကာမ၏သော်လည်းကောင်း။ (သရဏဂမနံ၌စပ်။) ဝါ၊ သည်သော်လည်းကောင်း။ (ဝန္ဒတော၌စပ်။) အညတိတ္ထိယေသု၊ သာသနာတော်အယူမှအခြားသောအယူရှိသော တိတ္ထိတို့၌။ဃရမာဝသံ။ ။ [ဤဂါထာသည် သုတ်ပါထေယျ, သိင်္ဂါလောဝါဒသုတ်လာဂါထာတည်း။] ဋီကာသစ်၌ "ဃရမာဝသံတိ ဃရေ ဝသန္တော၊ ကမ္မပ္ပဝစနီယယောဂတော စေတ္ထ ဘုမ္မတ္ထေ ဥပယောဂဝစနံ" ဟု ဆို၏။ သို့သော် သဒ္ဒါကျမ်းတို့၌ အာ ဥပသာရကို "ကမ္မပ္ပဝနီယ" ဟု မတွေ့ ရ၊ မိမိကား အမ္ဗဋ္ဌသုတ်, ဥက္ကဋ္ဌံ အဇ္ဈာဝသတိအဖွင့်၌ "ဥပ, အနု, အဓိ, အာ ဣတိဧဝံ ပုဗ္ဗကေ ဝသနကြိယာဌာနေ ဥပယောဂဝစနမေဝ ပါပုဏာတီတိ သဒ္ဒဝိဒူ ဣစ္ဆန္တိ" ဟူသော ဋီကာအတိုင်း အာဥပသာရနှင့်ယှဉ်သော ဝသနကြိယာကြောင့် သတ္တမီအနက်၌ ဒုတိယာသက်ထားသည်ဟု ထင်သည်။
ဘောဂေ ဘုဉ္ဇေယျ။ ။[ပါဠိတော်၌ "ဘောဂေ" ဟု ရှိသည်။] စား, ဝတ်, နေရာအိမ်တို့ကို "ဘောဂ" ဟု ဆိုသည်၊ မိမိ၌ရှိသောပစ္စည်းကို ၄ ပုံ ပုံ၍ တစ်ပုံဖြင့် စားဝတ်နေရေးကို သုံးစွဲရမည်ဤ"ဘောဂေ ဘုဉ္ဇေယျ" ဟူသော အဖို့မှပင် စားဦးစားဖျားကို လှူခြင်း, တောင်းရမ်းသူတို့အား ပေးခြင်းဟူသော ဒါနမှု, ရက်ကန်းလက်ခ စသည်ပေးခြင်းတို့ကိုလည်း ပြုရမည်ဟု သုတ်ပါထေယျ အဋ္ဌကထာအတိုင်း ဋီကာသစ် ဖွင့်သည်။
ပဗ္ဗဇိတမ္ပိ၊ ရသေ့၏အဖြစ်သို့ကပ်ရောက်သည်လည်းဖြစ်သော။ ဉာတိံ၊ ဆွေမျိုးကို (ဝန္ဒတော၌စပ်။)
အယံ၊ ဤရသေ့သည်။ မေ၊ ၏။ ဉာတကော၊ ဆွေမျိုးတည်း။ ဣတိ၊ ဤသို့ နှလုံးသွင်း၍။ ဝန္ဒတော၊ ရှိခိုးလတ်သော်။ သရဏဂမနံ၊ သရဏဂုံသည်။ န ဘိဇ္ဇတိ၊ မပျက်။ အပဗ္ဗဇိတံ၊ ရသေ့အဖြစ်သို့ မကပ်ရောက်သော။ (ဉာတိံ၊ ကို။ ဝန္ဒတော၊ သော်။ သရဏဂမနံ၊ သည်။) ပဂေဝ၊ ရှေးဦးမဆွ အစကပင်။ (န ဘိဇ္ဇတိ၊ မပျက်။) (တစ်နည်း) ပဂေဝ (ဘိဇ္ဇတိ)၊ အဘယ်မှာပျက်ပါတော့အံ့နည်း။ (န ဘိဇ္ဇတိ ဧဝ၊ မပျက်သည်သာ။)
ရာဇာနံ၊ မင်းကို။ ဘယဝသေန၊ ဘယအဖြစ်၏ အစွမ်းကြောင့်။ ဝန္ဒတော၊ သော်။ တထာ၊ တူ။ (သရဏဂမနံ န ဘိဇ္ဇတိ။)
ဟိ၊ မှန်။ (တစ်နည်း,ကသ္မာ၊ ကြောင့်။ သရဏဂမနံ, န ဘိဇ္ဇတိ၊ နည်း။) ဟိ ယသ္မာ၊ ကြောင့်။ သော၊ ထိုမင်းသည်။ ရဋ္ဌပူဇိ တတ္တာ၊ တိုင်းပြည်သည် ပူဇော်အပ်သည်၏ အဖြစ်ကြောင့်။ ဝါ၊ တိုင်းသူပြည်သား လူအများသည် ပူဇော်အပ်သည်၏ အဖြစ်ကြောင့်။ အဝန္ဒိယမာနော၊ ရှိမခိုးအပ်သော်။ (ရှိခိုးမခံရလျှင်။) အနတ္ထမ္ပိ၊ စီးပွားမဲ့ကိုလည်း။ ကရေယျ၊ ပြုရာ၏။ ဣတိ၊ ကြောင့်။ (ရာဇာနံ ဘယဝသေန ဝန္ဒတော သရဏဂမနံ, န ဘိဇ္ဇတိ။)ပဂေဝ အပဗ္ဗဇိတံ။ ။ တိတ္ထိဘောင်၌ ရသေ့လုပ်နေသောဉာတိကို ဉာတိအနေအားဖြင့် ရှိခိုးမှုကြောင့် ပဏိပါတသရဏဂုံမဖြစ်၊ ပဗ္ဗဇိတမ္ပိ၌ အပိသည် သမ္ဘာဝနာဇောတကထိုပိဖြင့် "ရသေ့ ရဟန်းဆိုတာကိုးကွယ်စရာဖြစ်၍ မြင့်မြတ်သူတည်း, ထိုရသေ့ ရဟန်းကိုသော်မှ ရှိခိုးသည့်အတွက် သရဏဂုံ မပျက်တုံသေး၏။ ရသေ့ ရဟန်းမဟုတ်သော ဉာတိကို ရှိခိုးလျှင် အဘယ်မှာ ပျက်နိုင်ပါအံ့နည်းဟု ဂရဟာဆည်းသည်။
မှတ်ချက်။ ။ ဤစကားအရ ဉာတိဖြစ်သော ရသေ့ကို ရှိခိုးမှုကြောင့် သရဏဂုံ မပျက်သကဲ့သို့, ထို့အတူ တစ်စုံတစ်ခု လာဘ်ကိုမြှော်၍လည်းကောင်း, ဘေးရန်ကို ကာကွယ်လိမ့်မည်ဟု ထင်၍လည်းကောင်း, နတ်ကို ရှိခိုးပူဇော်မှုကြောင့် မူလရှိပြီးသောသရဏဂုံမပျက်ဟု မှတ်ပါ။
ရဋ္ဌပူစိတတ္တာ။ ။ ရဋ္ဌေန-သည်(တစ်နည်း) ရဋ္ဌဿ-သည်၊ ပူဇိတော ရဋ္ဌ ပူဇိတော၊ ရဋ္ဌဖြင့် ရဋ္ဌဝါသီကို အဘေဒေါပစာရအားဖြင့် ယူပါ"ပူဇာသဒ္ဒါနှင့်ယှဉ်ရာဝယ် ကတ္တားအနက်၌ သာမီဝိဘုတ်ကို အလိုရှိကြ၏" ဟု ရှေးရာဇပူဇိတော အဖွင့်၌ ပြခဲ့ပြီ။ ဋီကာသစ်၌ "ရဋ္ဌေ-၌+ပူဇိတော" ဟု ဝိဂြိုဟ်ပြုသည်မှာ "ဂါမေန ပူဇိတံ, ဂါမဿ ဝါ ပူဇိတံကို ဂါမပူဇိတံ" ဟူသော ဝိဟာရကာရသိက္ခာပဒ ဋ္ဌကထာနှင့် မညီ။
မှတ်ချက်။ ။ ဤရဋ္ဌပူဇိတတ္တာသည် ကြောက်ခြင်းကြောင့် ရှိခိုးရသည်၏အဖြစ် ပြီးစေသောဟိတ်တည်း၊ သရဏဂုံ မပျက်ခြင်း၏ အကြောင်းပြဟိတ် မဟုတ်၊ သရဏဂုံမပျက်ခြင်း၏အကြောင်းမှာ "သေဋ္ဌဝသေန အဝန္ဒိတတ္တာ" ဟု ထည့်ရမည်ဘာကြောင့်နည်း-"သေဋ္ဌ ဝသေနစ ဘိဇ္ဇတိ" ဟု ရှေ့၌ ဆိုအပ်ခဲ့သောကြောင့်တည်း၊-ဋီကာသစ်ဤစကားအရ နတ်ကိုကိုးကွယ်ရာ၌ ရဲတနာ ၃ ပါးထက်ပင် မြတ်သည်ဟု သဘောထား၍ကိုးကွယ်လျှင် သရဏဂုံပျက်၏ဟုလည်း မှတ်ပါ။
ယံ ကိဉ္စိ အမှတ်မထား တစ်ပါးပါးသော။ သိပ္ပံ၊ အတတ်ကို။ သိက္ခာပကံ၊ သင်စေတတ်သော။ ဝါ၊ သင်ပေးတတ်သော။ တိတ္ထိယမ္ပိ၊ တိတ္ထိကိုသော်မှလည်း။ အယံ၊ ဤသူသည်၏။ အာစရိယော၊ ဆရာတည်း။
ဣတိ၊ ဤသို့နှလုံးသွင်း၍။ ဝန္ဒတောပိ၊ ရှိခိုးပါသော်လည်း။ (သရဏဂမနံ။) နဘိဇ္ဇတိ။ ဧဝံ၊ ဤသို့။ သရဏဂမနပ္ပဘေဒေါ၊ ကို။ ဝေဒိတဗ္ဗော။
[သရဏဂမနပ္ပဘေဒကို ပြပြီး၍, ပြအပ်ပြီးသော ခေါင်းစဉ်အတိုင်း သရဏဂမနဖလကို ပြလိုသောကြောင့် "ဧတ္ထ" စသည် မိန့်။] စ၊ ဆက်။ ဧတ္ထ၊ ဤသရဏဂုံတို့တွင်။ လောကုတ္တရဿ၊ လောကုတ္တရာဖြစ်သော။ သရဏဂမနဿ၊ သရဏဂုံ၏။ စတ္တာရိ၊ ကုန်သော။ သာမညဖလာနိ၊ သာမညဖိုလ်တို့သည်။ (သမဏ၏ဖြစ်ကြောင်းဖြစ်ရာမဂ်၏ အကျိုးဖြစ်သောဖိုလ်တို့သည်။) ဝိပါကဖလံ၊ ဝိပါက်ဖြစ်သော အကျိုးတည်း။ ဝါ၊ အကျိုးရင်းတည်း။ သဗ္ဗဒုက္ခက္ခယော၊ အလုံးစုံသောဒုက္ခတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော နိဗ္ဗာန်သည်။ အာနိသံသဖလံ၊ အာနိသင်ဖြစ်သော အကျိုးတည်း။
ဝါ၊ အကျိုးဆက်တည်း။ ဟိ၊ သာဓကကား။ ယောစ ၊ ပေ၊ ပမုစ္စတီတိ၊ ဟူသော။ ဧတံ၊ ဤဂါထာဗန္ဓကို။ (ဘဂဝတာ။) ဝုတ္တံ။သရဏဂမနပ္ပဘေဒေါ။ ။ ပဘေဒကို ဝိဘာဂ (ဝေဘန်အပ်သော အပြား) ဟု ဖွင့်၏၊ ထိုသရဏဂုံသည် လောကီလောကုတ္တရာအပြား, လောကီသရဏဂုံလည်း အတ္တသန္နိယျာ တနစသော ၄ပါးအပြားအားဖြင့်ပြား၏၊ ထိုသို့ ပြားပုံကိုပြလျှင် "သရဏဂမနပ္ပဘေဒေါ" ဟူသော မာကာအတွက် အကျယ်ပြခြင်းကိစ္စ ပြီးပေပြီ၊ သို့သော် ထိုအပြားနှင့်စပ်၍ သရဏဂုံ မပျက်ပုံကိုလည်း ပြဖို့ရန် လွယ်ကူသောကြောင့် သရဏဂုံအပြားကို ပြရာဝယ် သရဏဂုံ မပျက်ပုံကိုလည်း ထည့်၍ပြခဲ့ရသည်။ [တဗ္ဗိဘာဂသမ္ဗန္ဓကော စေတ္ထ သက္ကာ အဘေဒေါပိ သုခေန ဒဿေတုန္တိ အဘေဒဒဿနတ္ထံ ကတံ၊-ဋီကာသစ်။]
ဝိပါက ၊ပေ၊ အာနိသံသဖလံ။ ။ ဝိပါကဓမ္မာဟူသော မာတိကာပုဒ်၌လာသည့်အတိုင်း ကံကြောင့်ဖြစ်သော အကျိုးတို့သာ ဝိပါကဟူသောအမည်ကို ရနိုင်သည်။ လောကုတ္တရာ သရဏဂုံသည် မဂ်ခဏ၌ပြီးစီး၏ဟု ဆိုခဲ့ပြီ။ ထို့ကြောင့် မဂ်တည်းဟူသော ကံ၏အကျိုးဖြစ်သောဖိုလ်ကို လောကုတ္တရာသရဏဂုံ၏ ဝိပါကဖလ ဟု ခေါ်၍, အလုံးစုံသောဒုက္ခ၏ ကုန်ရာ နိဗ္ဗာန်ကို အာနိသံသဖလ (မဂ်၏အကျိုးဆက်) ဟု ဆိုသည်။
ယောစ ဗုဒ္ဓဉ္စ။ ။ ဓမ္မပဒဗြာဟ္မဏဝတ္ထု၌လာသော ဂါထာတည်း၊ ဤဂါထာ၏ ရှေ့၌ "ဗဟူဝေ သရဏံ ယန္တိ, ပဗ္ဗတာနိ ဝနာနိစ" 'စသော ဂါထာများရှိသေး၏။ ထိုဂါထာများ အရ ပဗ္ဗတစသည်ကိုကိုးကွယ်၍ အကျိုးမရနိုင်, ဒုက္ခမှ မလွတ်နိုင်ပါလျှင် အဘယ်ကိုကိုးကွယ်မှ လွတ်နိုင်ပါသနည်း-ဟု မေးဖွယ်ရှိသောကြောင့် "ယောစ" ဟု မိန့်တော်မူသည် ယောစ၌ စသဒ္ဒါကို "ဗျာတိရေက" ဟု ဆို၏။
ဂါထာနက်။ ။ ယောစ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ဗုဒ္ဓဉ္စ၊ မြတ်စွာဘုရားကိုလည်းကောင်း။ ဓမ္မဉ္စ၊ ကိုလည်းကောင်း။ သံဃဉ္စ၊ အရိယာသံဃာကိုလည်းကောင်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတော၊ ဆည်းကပ်၏။ စတ္တာရိ၊ ကုန်သော။ အရိယသစ္စာနိ၊ အရိယာအဖြစ်ကို ပြုတတ်သော သစ္စာတို့ကို။ သမ္မ (သမ္မာ)၊ မဖေါက်မပြန် ဟုတ်မှန်စွာ။ ပညာယ၊ မဂ်ပညာဖြင့်။ ပဿတိ၊ မြင်၏
ဒုက္ခံ၊ ဒုက္ခသစ္စာကိုလည်းကောင်း။ ဒုက္ခသမုပ္ပာဒံ၊ ကြွင်းသောအကြောင်းနှင့် ပေါင်းမိလတ်သော် ဒုက္ခ၏ဖြစ်ကြောင်း သမုဒယသစ္စာကိုလည်းကောင်း။ ဒုက္ခဿ၊ ဒုက္ခသစ္စာကို။ အတိက္ကမံစ၊ လွန်မြတ်ကြောင်း နိရောဓသစ္စာကိုလည်းကောင်း။ အရိယံ၊ မြတ်သော။ အဋ္ဌင်္ဂိကံ၊ ရှစ်ပါးသော အင်္ဂါရှိသော။ ဒုက္ခူပသမဂါမိနံ၊ ဒုက္ခ၏ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော။ မဂ္ဂံစ၊ မဂ္ဂသစ္စာကိုလည်းကောင်း။ (ပဿတိ)။
ဧတံ၊ ဤသစ္စာ ၄ပါးကို သိမြင်ခြင်းသည်။ ဝါ၊ ဤသစ္စာ ၄ပါးကို သိမြင်ကြောင်း အရိယာမဂ်သည်။ ခေမံ၊ ဘေးတို့၏ ကုန်ရာဖြစ်သော။ သရဏံ၊ သရဏဂုံတည်း။ ["သရဏဂမနံ" ဟု ဆိုလိုလျက် ဂမနပုဒ်ချေထားသည်ဟု ကြံပါ။] ဧတံ၊ သည်။ ဝါ၊ သည်။ ဥတ္တမံ၊ မြတ်သော။ သရဏံ၊ တည်း။ ဧတံ သရဏံ၊ ဤသစ္စာ ၄ပါးကို သိမြင်ခြင်းဟူသော သရဏဂုံကို။ အာဂမ္မ၊ ရောက်၍။ သဗ္ဗဒုက္ခာ၊ အလုံးစုံသောဒုက္ခမှ။ ပမုစ္စတိ၊ လွတ်၏။ [ဧတံတိ စတ္တာရိ၊ ပေ၊ ပဿတီတိ ဧဝံ ဝုတ္တံ သရဏဂမနသင်္ခါတံ အရိယသစ္စ၊ ဒဿနံ၊-ဋီကာသစ်။] ဓမ္မပဒ၊ ဗုဒ္ဓဝဂ် အဂ္ဂိဒတ္တဗြာဟ္မဏဝတ္ထု။ အပိစ၊ သည်သာမကသေး။ နိစ္စာဒိတော၊ နိစ္စအစရှိသောအားဖြင့်။ အနုပဂမ နာဒိဝသေနပိ၊ မကပ်ရောက်ခြင်းအစရှိသည်တို့၏ အစွမ်းဖြင့်လည်း။ ဧတဿ၊ ဤလောကုတ္တရာသရဏဂုံ၏။ အာနိသံသဖလံ၊ အာနိသင်ဖြစ်သော အကျိုးကို။ ဝါ၊ အကျိုးဆက်ကို။ ဝေဒိတဗ္ဗံ။
ဟိ၊ သာဓကကား။ အဋ္ဌာနမေတံ၊ ပေ၊ နေတံဌာနံ ဝိဇ္ဇတီတိ၊ ဟူသော။ ဧတံ (သုတ္တံ)၊ ဤပါဠိတော်ကို။ (ဘဂဝတာ။) ဝုတ္တံ။ [ဘိက္ခဝေ၊ တို့။ ယံ၊ အကြင်ဇနကအကြောင်းကြောင့်။ ဝါ၊ အကြင်ဥပတ္ထမ္ဘကအကြောင်းကြောင့်။ ဒိဋ္ဌိသမ္ပန္နော၊ မဂ်ဒိဋ္ဌိနှင့်ပြည့်စုံသော။ ပုဂ္ဂလော၊ သည်။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ သင်္ခါရံ၊ သင်္ခါရကို။ နိစ္စတော၊ နိစ္စအားဖြင့်။ ဝါ၊ နိစ္စဟူ၍။ ဥပဂစ္ဆေယျ၊ ကပ်ရောက်ရာ၏။ဗျတိရေက။ ။ ဝိ+အတိ+ရိစ ဓာတ်သည် ဘိန္န (ကွဲပြားခြင်း) အနက်ဟောဟု ထောမနိဓိ၌ ဆို၏၊ ဤ၌လည်း ပဗ္ဗတဝနစသည်ကို ကိုးကွယ်ပုံ အကျိုးရပုံမှ ခွဲခြား၍ပြသော "ဗျတိရေ" ဟု ယူပါ။ အနွယ၏ ပြောင်းပြန် ဗျတိရေကမျိုး မဟုတ်၊ ဋီကာသစ်၌ "ယောပန" ဟု ဖွင့်၏၊ "အကြင်ပုဂ္ဂိုလ်သည်ကား" ဟု ပေးပါ။
နိစ္စာဒိတော အနုပဂမနာဒိ။ ။ "နိစ္စန္တိ အဂ္ဂဟဏာဒိဝသေန" ဟု ဋီကာသစ်ဖွင့်၏"နိစ္စံတိ"ဟု ဣတိသဒ္ဒါဖြင့် ညွှန်ပြထိုက် ဖွင့်ပြထိုက်သော ပုဒ်များဝယ် တောပစ္စည်းကို သဒ္ဒဝိဒူတို့ အသုံးပြုလေ့ရှိကြ၏။ မှန်၏၊-"နိစ္စအားဖြင့်"ဟု ဆိုခြင်းနှင့် "နိစ္စဟူ၍"ဟု ဆိုခြင်းသည် အဓိပ္ပာယ်တူပင်ဖြစ်၏။ ['ဣတိနာ နိဒ္ဒိသိတဗ္ဗေ ဟိ တောသဒ္ဒ မိစ္ဆန္တိ သဒ္ဒဝိဒူ-ဋီကာသစ်။] "အနုပဂမနေ- မကပ်ရောက်" ဟူသည် နိစ္စဟု မယူခြင်းပင်တည်း။ နိစ္စာဒိတော၌ အာဒိဖြင့် သာဓက၌ ပြအပ်လတံ့သော သုခ- အတ္တကို ယူ။ အနုပဂမနာဒိ၌ အာဒိဖြင့် "မာတရံ ဇီဝိတာ ဝေါရောပေယျ၊ ပေ၊ အညံသတ္ထာရံ ဥဒ္ဒိသေယျ" အရ မာတုဇီဝိတာဝေါရောပန စသည်တို့ကို ယူပါ။ [သီဟိုဠ်မူ၌ အာဒိမပါဘဲ "နိစ္စတော" ဟုသာ ရှိသတတ်၊ ထိုအလို အနုပဂမနာဒိဖြင့် ကျန်သမျှကို ယူပါ။]
ဧတံ၊ ဤအကြောင်းသည်။ အဋ္ဌာနံ၊ သင့်သောအကြောင်း မဟုတ်။ ဧသော၊ ဤအခွင့်သည်။ အနဝကာသော၊ သင့်သောအခွင့်မဟုတ်။ ဧတံ ဌာနံ၊ ဤအကြောင်းသည်။ န ဝိဇ္ဇတိ၊ မရှိ။ ယံ၊ အကြင်အကြောင်းကြောင့်။ ဝါ၊ အကြင်အခွင့်ကြောင့်။ (အခွင့်ဟူသည်လည်းအကြောင်းပင်တည်း။) ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော ကဉ္စိသင်္ခါရံ, သုခတာ၊ သုခအားဖြင့်။ ပေ၊ ကဉ္စိ၊ သော။ ဓမ္မံ၊ တရားကို။အဋ္ဌာနံ အနဝကာသော။ ။ ဌာန - ကာသ ၂ ပုဒ်လုံးပင် အကြောင်းဟူသောအနက်ကို ဟောနိုင်သော်လည်း ဤနေရာ၌ ဇနကသတ္တိရှိသော အကြောင်းကို ဌာန, ဥပတ္ထကသတ္တိရှိသော အကြောင်းကို ဩကာသဟု ခွဲ၍, ထိုအကြောင်းကို ပယ်ခြင်းကို "အဋ္ဌာန-အနဝ ကာသ" ဟု ဆိုသည်။ [အဋ္ဌာနန္တိ ဇနကဟေတု ပဋိက္ခေပေါ, အနဝကာသောတိ ပစ္စယဟေတု ပဋိက္ခေပေါ ဥဘယေနာပိ ကာရဏမေဝ ပဋိက္ခိပတိ၊ ယံတိယေန ကာရဏေန၊-ဋီကာသစ်၊]
ဒိဋ္ဌိသမ္ပန္နော ၊ပေ၊ သင်္ခါရံ။ ။ ဒိဋ္ဌိဟု သာမညဆိုသော်လည်း အတ္ထုပ္ပကရဏလိုက်၍ အရာဌာနအားလျော်စွာ "မဂ္ဂသမ္မာဒိဋ္ဌိ"ကို ယူပါ၊ သင်္ခါရ အရကိုလည်း အရိယာ ပုဂ္ဂိုလ်ဖြစ်၍ လောကုတ္တရာဟရားကိုလည်း အာရုံပြုနိုင်သောကြောင့် စတုဘူမကသင်္ခါရကို ယူရသည်။ [ဒိဋ္ဌိသမ္ပန္နောတိ မဂ္ဂဒိဋ္ဌိယာ သမ္ပန္နော၊ သင်္ခါရန္တိ စတုဘူမကေသု သင်္ခတသင်္ခါရေသု ဧကသင်္ခါရံပိ-ဋီကာ။]
သုခတော။ ။ သုခဟု ယူရာ၌ ရှေးဦးစွာ သင်္ခါရတစ်ခုခုကို အတ္တဟု စွဲလမ်းပြီးမှ ထိုအတ္တသည် "ဧကန္တသုခီ-ဧကန်သုခရှိ၏၊ အရောဂေါ ပရံ မရဏာ-သေပြီးမှနောက်၌လည်း ပျက်စီးခြင်းမရှိ" ဤသို့ အတ္တဒိဋ္ဌိအရာခံ၍ ထိုအတ္ထကိုပင် သုခရှိ၏ဟု ယူခြင်းတည်း၊ ထိုအယူကို အရိယာသည် မယူပါ-ဟူလို။
ဒိဋ္ဌိဝိပ္ပယုတ်စိတ်ဖြင့် သုခယူပုံ။ ။ စောက္ခသဒ္ဒါသည် "စင်ကြယ်" ဟူသော အနက်ကို ဟော၏၊ အလွန်စင်ကြယ်လိုသော စောက္ခပုဏ္ဏားသည် အမုန်ယစ်သောဆင်က လိုက်သောအခါ မစင်ကျင်ကြီးတွေ ပြည့်နေသော မြေအရပ်ကိုပင် "သုခဋ္ဌာန" ဟု ထင်မှတ် သကဲ့သို့, ဒိဋ္ဌိကင်းသော အရိယာသာဝကလည်း ကိလေသာ အပူငြိမ်းစေခြင်း အကျိုးငှာ ကာမချမ်းသာကို ခံစား၏၊ ထိုခံစားမှုသည် ဒိဋ္ဌိမယှဉ်သော ဉာဏဝိပ္ပယုတ်စိတ်ဖြင့် ကာမအရသာဖြစ်သော သင်္ခါရကို သုခဟု ယူခြင်းပင်တည်း။
ဋီကာ။ ။ ဒိဋ္ဌိဝိပ္ပယုတ္တ စိတ္တေန ပန အရိယသာဝကော (သောတာပန် သကဒါဂါမ်ကို ရည်ရွယ်သည်၊) ပရိဠာဟ ဝူပသမနတ္ထံ မတ္တဟတ္ထိပရိတ္တာသိတော (အမုန်ယစ်သော ဆင်သည် ထက်ဝန်းကျင် ထိတ်လန့်စေအပ်-လိုက်အပ်သည်ဖြစ်၍) ဝိယ စောက္ခဗြာဟ္မဏော ဥက္ကာရဘူမိံ ကဉ္စိသင်္ခါရံ သုခတော ဥပဂစ္ဆတိ။
အတ္တကော၊ အတ္တအားဖြင့်။ ဥပဂစ္ဆေယျ။ ပေ။ မာတရံ၊ အမိရင်းကို။ ဇီဝိတာ၊ ဇီဝိတိန္ဒြေမှ။ ဝေါရောပေယျ၊ ခွင်းရာ၏။ ပေ။ ပိတရံ၊ အဖရင်းကို။ ပေ။ အရဟန္တံ၊ ရဟန္တာကို။ ပေ။ ပဒုဋ္ဌစိတ္တော၊ ပျက်သော စိတ်ရှိသည်။ ဝါ၊ ဒေါသသည် ဖျက်ဆီးအပ်သော စိတ်ရှိသည်။ (ဟုတွာ။) [ဇီဝကကဲ့သို့ ပဒုဋ္ဌမဟုတ်သော စိတ်ဖြင့် သွေးကိုဖြစ်စေခြင်းကား အဋ္ဌာနမဟုတ်, ဒေဝဒတ်ကဲ့သို့ဖြစ်စေခြင်းသာလျှင် အဋ္ဌာနတည်း။ ထို့ကြောင့် "ပဒုဋ္ဌစိတ္တော" ဟု ဝိသေသနပြုသည်။] တထာဂတဿ၊ သက်တော်ထင်ရှား မြတ်စွာဘုရား၏။ (ကိုယ်တော်၌။) လောဟိတံ၊ သွေးကို။ ဥပ္ပါဒေယျ၊ ဖြစ်စေရာ၏။ ပေ။
သံဃံ၊ ကို။ ဘိန္ဒေယျ၊ ခွဲရာ၌။ [သံဃာသင်းခွဲပုံကို ဝိနည်း စူဠဝဂ္ဂ, သံဃဘေဒကက္ခန္ဓက၌ ရှုပါ။] ပေ။ အညံ၊ အခြားသော သာသနာပဆရာကို။ သတ္ထာရံ၊ ဆရာဟူ၍။ ဥဒ္ဒိသေယျ၊ ညွှန်ပြရာ၏။ ဧတံအဋ္ဌာနံ, (ဧသော) အနဝကာသော၊ ဧတံဌာနံ န ဝိဇ္ဇတိ။ အင်္ဂုတ္တိုရ်, ဧကနိပါတ်, အဋ္ဌာနပါဠိ, ပဌမဝဂ်။]
ပန၊ ကား။ လောကိယဿ၊ လောကီဖြစ်သော။ သရဏဂမနဿ၊ ၏။ ဘဝသမ္ပဒါပိ၊ ဘဝ၏ပြည့်စုံခြင်းသည်လည်းကောင်း။ ဘောဂသမ္ပဒါပိ၊ စည်းစိမ်၏ ပြည့်စုံခြင်းသည်လည်းကောင်း။ ဖလမေဝ၊ အကျိုးပင်တည်း။ကဉ္စိဓမ္မံ။ ။ အနတ္တဟု ယူရာ၌ "ကဉ္စိသင်္ခါရံ" ဟု ဟောတော်မမူဘဲ "ကဉ္စိ ဓမ္မံ" ဟု တော်မူရခြင်းကား ရုပ်နာမ်သင်္ခါရသာမက, ကသိုဏ်းစသော ပညတ်များကိုပါ အတ္တဟု (ဒိဋ္ဌိသမ္ပန္နပုဂ္ဂိုလ်၏) မစွဲလမ်းတော့ခြင်းကို ပြတော်မူလိုသောကြောင့်တည်း။ မှန်၏၊-ပညတ်နှင့် နိဗ္ဗာန်ကို အနတ္တဟု ပရိဝါပါဠိတော်၌ မိန့်သည်။
အနိစ္စာ သဗ္ဗသင်္ခါရာ, ဒုက္ခာ နတ္တာစ သင်္ခတာ၊ နိဗ္ဗာနဉ္စေဝ ပညတ္တိ, အနတ္တာ ဣတိ နိစ္ဆယာ။
တေဘူမကသင်္ခါရကို ယူသောနည်း။ ။ ပြအပ်ပြီးသော နည်း၌ သင်္ခါရံအရ စတုဘူမကသင်္ခါရကို အနိစ္စစသည်ဖြင့် မရှုပုံကို ပြ၏။ (တစ်နည်း) သင်္ခါရံအရ တေဘူမက သင်္ခါရကိုသာ ယူသင့်၏။ ဘာ့ကြောင့်နည်းပုထုဇဉ်သည် တေဘူမကသင်္ခါရတို့တွင် အကြင် အကြင်သင်္ခါရကို နိစ္စစသည်ဖြင့် ယူ၏။ ထိုထိုသင်္ခါရကို အရိယာက အနိစ္စ ဒုက္ခ အနတ္တဟု ရှုလျက် ပုထုဇဉ်ဘဝတုန်းက နိစ္စစသော အယူကို ဖြေရှင်းသောကြောင့်တည်း။
ဋီကာ။ ။ ဣမေသုပိ တီသု ဝါရေသု (နိစ္စ, သုခ, အတ္တဟု မယူကြောင်းကို ပြရာ ဝါရတို့၌) စတုဘူမကဝသေနေဝ ပရိစ္ဆေဒေါ (ရှုရာတရား၏ အပိုင်းအခြားကို) ဝေဒိတဗ္ဗော၊ တေဘူမကဝသေနေဝဝါ၊ ယံယံ ဟိ ပုထုဇ္ဇနော ဂါဟဝသေန ဂဏှာတိ၊ တတော တတော အရိယသာဝကော ဂါဟံ ဝိနိဗ္ဗဌေတိ (ဖြေရှင်း၏)။
ဘဝ-ဘောဂသမ္ပဒါ။ ။ သုဂတိဘဝေန ဘဝသမ္ပဒါ၊ ဣဒံ ဝိပါကဖလံ (ဤသုဂတိ ဘဝသည် ဝိပါကအကျိုးတည်း၊ဘောဂသမ္ပဒါတိ မနုဿဘောဂ ဒေဝဘောဂေဟိ သမ္ပဒါ၊ ဣဒံ ပန အာနိသံသဖလံ၊ ဝုတ္တဉှေတံ စသော သာဓကဖြင့် ဘဝသမ္ပဒါကို ပြ၏။ ဂတာသေ၌ သေသည် အနက်မရှိ၊ အပါယံနေရာဝယ် "အပါယဘူမိ" ဟု သဂါထာဝဂ္ဂ ဒေဝတာ သံယုတ်၌လည်းကောင်း၊ မဟာသမယသုတ်၌လည်းကောင်း ရှိ၏၊ ဥပေန္ဒဝဇိရဂါထာပါဒဖြစ်၍ "ဘူမိံ" ပါမှ ကောင်းမည်မာနုသံကား ဆန်းကြောင့် ဿံ၌ သံယုဂ်ကိုချေထားသည်"မနုဿေသု+ဇာတံ မာနုဿံ" တဒ္ဓိတ်ပုဒ်တည်း။
ဟိ၊ သာဓကကား။ ယေကေစိ။ ပေ။ ပရိပူရေဿန္တိတိ၊ ဟူသော။ ဧတံ၊ ဤဂါထာဗန္ဓကို။ (ဘဂဝတာ။) ဂါထာနက်။ ။ယေကေစိ၊ အမှတ်မရှိ ကြွင်းမဲ့ဥဿုံ အလုံးစုံသော လူတို့သည်။ ဗုဒ္ဓံ၊ ကို။ သရဏံ၊ ဟူ၍။ ဂတာသေ၊ ဆည်းကပ်ကြကုန်၏။ တေ၊ ထိုလူတို့သည်။ အပါယဘူမိံ၊ အပါယ်ဘုံသို့။
န ဂမိဿန္တိ၊ မရောက်ကြကုန်လတံ့။ မာနုသံ (မာနုဿံ)၊ လူတို့၌ဖြစ်သော။ ဒေဟံ၊ ကိုယ်ကို။ ပဟာယ၊ ပယ်စွန့်ရ၍။ ဝါ၊ ပယ်စွန့်ရသည်ရှိသော်။ ဒေဝကာယံ၊ နတ်အပေါင်းကို။ ပရိပူရေဿန္တိ၊ ပြည့်စေကုန်လတံ့။ သဂါထာဝဂ္ဂ၊ ဒေဝတာသံယုတ်, ၄- ဝဂ်, ၇- သုတ်။]
အပရမ္ပိ၊ အခြားအကျိုးကိုလည်း။ (အာယသ္မာတာ မဟာမောဂ္ဂလ္လာနတ္ထေရေန၊ သည်။) ဝုတ္တံ။ (ကိံ)။ အထခေါ၊ ထိုအခါ၌။ ဒေဝါနံ၊ နတ်တို့၏။ ဣန္ဒော၊ အရှင်ဖြစ်သော။ သက္ကော၊ သိကြားသည်။ အသီတိယာ၊ ရှစ်ဆယ်သော။ ဒေဝတာသဟဿေဟိ၊ နတ်အထောင်တို့နှင့်။ (တစ်နည်း) အသီတိယာဒေဝတာသဟဿေဟိ၊ ရှစ်သောင်းသောနတ်တို့နှင့်။ သဒ္ဓိံ၊ တကွ။ ယေန၊ ၌။ အာယသ္မာမဟာမောဂ္ဂလ္လာနော (အတ္ထိ)။ တေန၊ သို့။ ဥပသင်္ကမိ။ ပေ၊ ဧကမန္တ, ဌိတံ၊ သော။ ဒေဝါနံ၊ တို့၏။ ဣန္ဒံ၊ သော။ သတ္တံ၊ ကို။ အာယသ္မာ မဟာမောဂ္ဂလ္လာနော ဧတံ အဝေါစ (ကိံ)။ ဒေဝါနံ၊ တို့၏။ ဣန္ဒ၊ အရှင်ဖြစ်သောသိကြား။ ဗုဒ္ဓံ၊ ကို။ သရဏဂမနံ၊ ကိုးကွယ်ရာ ဟူ၍ဆည်းကပ်ခြင်းသည်။ သာဓု၊ ကောင်းသည်။ ဟောတိ၊ ၏။
ဒေဝါနံဣန္ဒ, ဗုဒ္ဓံ၊ ကို။ သရဏဂမနဟေတု၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းဟူသောအကြောင်းကြောင့်။ ဧဝံ၊ ဤဆိုအပ်လတံ့သောနည်းအားဖြင့်။ ဣဓ၊ ဤလောက၌။ ဧကစ္စေ၊ အချို့ကုန်သော။ သတ္တာ၊ တို့သည်။ ကာယဿ၊ ဥပါဒိန္နကခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်ခြင်းဟူသော။ မရဏာ၊ သေခြင်းမှ။ ပရံ၊ နောက်၌။ သုဂတိံ၊ သုခအပေါင်း၏လည်းလျောင်းရာဖြစ်သော။ သဂ္ဂံ လောကံ၊ နတ်ပြည်သို့။ ဥပပဇ္ဇန္တိ၊ ကပ်ရောက်ကြရကုန်၏။ ပေ၊ တေ၊ ထိုသရဏဂုံတည်သော နတ်တို့သည်။ အညေ၊ န်သော။ ဒေဝေ၊ သရဏဂုံမတည်သော နတ်တို့ကို။ ဒသဟိ၊ န်သော။ ဌာနေဟိ၊ အရာဌာနတို့ဖြင့်။ အဓိဂဏှန္တိ၊ လွှမ်းမိုး၍ယူနိုင်ကုန်၏။ ဒိဗ္ဗေန၊ နတ်၌ဖြစ်သော။ အာယုနာ၊ အသက်ဖြင့်လည်းကောင်း။ ဒိဗ္ဗေန, ဝဏ္ဏေန၊ အဆင်းဖြင့်လည်းကောင်း။ ဒိဗ္ဗေန, သုခေန၊ ချမ်းသာဖြင့်လည်းကောင်း။ ဒိဗ္ဗေန, ယသေန၊ အခြံအရံဖြင့်လည်းကောင်း။အပရမ္ပိ ဝုတ္တံ။ ။ သဠာယတနဝဂ္ဂ၊ မောဂ္ဂလ္လာနသံယုတ် ပါဠိတော်တည်း၊ ဤပါဠိတော်၌ "သဂ္ဂံ လောကံ ဥပပဇ္ဇန္တိ" ဖြင့် ဘဝသမ္ပဒါကို ပြ၍, ဒိဗ္ဗေန အာယုနာစသည်ဖြင့် ဘောဂသမ္ပဒါကိုပြသည်။ [ဝဏ္ဏအရ အဇ္ဈတ္တကိုယ်အဆင်းကိုယူ၍, ရူပအရ ရူပါရုံဟူသော ခံစားဖွယ် ဗဟိဒ္ဓအဆင်းကို ယူပါ။] ဒိဗ္ဗေန, အာဓိပတေယျေန၊ အစိုးရသူ၏အဖြစ်ဖြင့်လည်းကောင်း။ ဒိဗ္ဗေဟိ၊ န်သော။ ရူပေဟိ၊ ရူပါရုံတို့ဖြင့်လည်းကောင်း။ ပေ၊ ဖေါဋ္ဌဗ္ဗေဟိ၊ တို့ဖြင့်လည်းကောင်း။ (အဓိဂဏှန္တိ)။ ဣတိ (အဝေါစ)။ ဣတိ (ဝုတ္တံ)။
ဓမ္မစ၊ ဓမ္မ၌လည်းကောင်း။ ဝါ၊ ဓမ္မသရဏဂုံ၌လည်းကောင်း။ သံဃေစ၊ သံဃာ၌လည်းကောင်း။ ဝါ၊ သံဃသရဏဂုံ၌လည်းကောင်း။ ဧသ၊ ဤအစီအရပ်သည်။ နယော၊ သိကြောင်းအစီအရပ်တည်း။
အပိစ၊ သေး။ ဝေလာမသုတ္တာဒိ ဝသေနပိ၊ ဝေလာမသုတ် အစရှိသည်တို့၏ အစွမ်းဖြင့်လည်း။ သရဏဂမနဿ၊ ၏။ ဖလဝိသေသော၊ အကျိုးအထူးကို။ ဝေဒိတဗ္ဗော။ [ဝေလာမသုတ်ကို အင်္ဂုတ္တရ- နဝကနိပါတ်၌လည်းကောင်း, ဤဋီကာသစ်၌လည်းကောင်းရှူပါ။ အာဒိဖြင့် အဂ္ဂပသာဒသုတ်, ဆတ္တမာဏဝက ဝိမာနဝတ္ထု စသည်ကိုယူပါ။]
ဧဝံ၊ လျှင်။ သရဏဂမနဿ၊ ၏။ ဖလံ၊ ကို။ ဝေဒိတဗ္ဗံ။
[သရဏဂမနဖလကို ပြပြီး၍, သံကိလေသနှင့် ဘေဒကို ပြလိုသောကြောင့် "တတ္ထ" စသည်ကိုမိန့်။] စ၊ ဆက်။ တတ္ထ၊ ထိုလောကီသရဏဂုံ လောကုတ္တရာ သရဏဂုံတို့တွင်။ လောကိယသရဏဂမနံ၊ လောကီသရဏဂုံသည်။ တီသု၊ န်သော။ ဝတ္ထူသု၊ ကုသိုလ်စိတ်၏တည်ရာရတနာ ၃ ပါးတို့၌။ အညာဏသံသယမိစ္ဆာဉာဏာဒီဟိ၊ မသိခြင်း မောဟ, ယုံမှားခြင်း ဝိစိကိစ္ဆာ, အမှားသိခြင်း ဒိဋ္ဌိအစရှိသည်တို့ကြောင့်။ သံကိလိဿတိ၊ ငြစ်နွမ်း၏။ မဟာဇုတိကံ၊ ကြီးစွာသောအရောင်အဝါရှိသည်။ န ဟောတိ၊ မဖြစ်။ မဟာဝိပ္ဖာရံ၊ ကြီးစွာပြန့်နှံ့ခြင်းဟူသော အာနုဘော်ရှိသည်။ န (ဟောတိ)။
လောကုတ္တရဿ၊ လောကုတ္တရာသရဏဂုံ၏။ သံကိလေသော၊ ငြစ်နွမ်းခြင်းသည်။ နတ္ထိ။အညာဏ ၊ပေ၊ ညာဏာဒီဟိ။ ။ ရတနာ ၃ပါး၏ဂုဏ်တော်ကို လုံးလုံးမသိခြင်းပြင်းစွာ တွေဝေနေခြင်းသည် "အညာဏ" မည်၏။ ဗုဒ္ဓဟုတ်လေသလား, မဟုတ်လေသလားဟု ယုံမှားခြင်းသည်, "သံသယ" မည်၏၊ ရတနာ ၃ ပါး၏ အရဟံ စသော ဂုဏ်တော်ကိုပင် ဂုဏ်မဟုတ်ဟု ပြောင်းပြန်ယူခြင်းသည်။ "မိစ္ဆာညာဏ" မည်၏၊ အာဒိဖြင့် ရတနာ ၃ ပါးကို အနာဒရ (မရိုသေခြင်း), အဂါရဝ (မလေးစားခြင်း) စသည်ကို ယူပါ။ [ယခုခေတ်မှာလည်း ဗုဒ္ဓဓမ္မတို့၌ ရိုသေမှု နည်းပါးလာလေပြီ။]
မဟာဝုတိ၊ ပေ၊ ဝိပ္ဖာရံ။ ။ သံကိလိဿတိကိုပင် "န မဟာဇုတိကံ န မဟာဝပ္ဖာရံ" ဟု အဓိပ္ပာယ်ဖွင့်သည်ဇုတိ သဒ္ဒါသည် အရောင်အဝါကို ဟော၏၊ မဟတီ+ဇုတိယဿာဟိ မဟာဇုတိကံ၊ ၀ိပ္ဖာရသဒ္ဒါသည် ပြန့်နှံ့ခြင်းအနက်ကို ဟော၏၊ သရဏဂုံ၏အကျိုး ပြန့်နှံ့ခြင်းဟူသည် အာနုဘော်တည်း။ ထို အာနုဘော်ဟူသည် မြင့်မြတ်ခြင်းတည်း၊ မဟန္တော+ဝိပ္ဖာရော ယဿာတိ မဟာဝိပ္ဖာရံ၊ [န မဟာဇုတိကံတိ န မဟုဇ္ဇလံ (များစွာ မတောက်ပ) န မဟာဝိပ္ဖာရံတိ န မဟာနုဘာဝံ၊ အပ္ပဏီတံ အနုဠာရံ (၃ -မမြင့်မြတ်)၊-ဋီကာသစ်။]
စ၊ ဆက်။ (တစ်နည်း) စ၊ သံကိလေသမှတစ်ပါး, ဘေဒကား။ လောကိယဿ၊ လောကီဖြစ်သော။ သရဏဂမနဿ၊ ၏။ ဘေဒေါ၊ ပျက်ခြင်းသည်။ သာဝဇ္ဇော၊ အပြစ်နှင့်တကွဖြစ်သော။ ဝါ၊ အပြစ်ရှိသော။ (ဘေဒေါ) စ၊ ပျက်ခြင်းလည်းကောင်း။ အနဝဇ္ဇော၊ အပြစ်မရှိသော။ (ဘေဒေါ) စ၊ လည်းကောင်း။ (ဣတိ၊ သို့။) ဒုဝိဓော၊ ၏။
တတ္ထ၊ ထို ၂ ပါးတို့တွင်။ သာဝဇ္ဇော၊ အပြစ်နှင့်တကွဖြစ်သော ပျက်ခြင်းသည်။ အညသတ္ထာရာဒီသု၊ သာသနာတွင်းဆရာမှ တစ်ပါးသောဆရာအစရှိသည်တို့၌။ အတ္တသန္နိယျာတနာဒီဟိ၊ မိမိကိုယ်အပ်နှင်းခြင်း အစရှိသည်တို့ကြောင့်။ ဟောတိ။ သောစ၊ ထို သာဝဇ္ဇဘေဒသည်လည်း။ အနိဋ္ဌဖလော၊ အလိုမရှိအပ်သောအကျိုးရှိသည်။ ဝါ၊ မကောင်းသောအကျိုးရှိသည်။ ဟောတိ။
အနဝဇ္ဇော၊ အပြစ်မရှိသော ပျက်ခြင်းသည်။ ကာလံ ကိရိယာယ၊ သေချိန်ကိုပြုခြင်းကြောင့်။ ဝါ၊ သေခြင်းကြောင့်။ ဟောတိ။ သော၊ ထိုအနဝဇ္ဇဘေဒသည်။ အဝိပါကတ္တာ၊ ဝိပါကဓမ္မ မဟုတ်သည်၏အဖြစ်ကြောင့်။ အဖလော၊ အကျိုးမရှိ။
ပန၊ ကား။ လောကုတ္တရဿ၊ လောကုတ္တရာသရဏဂုံ၏။ ဘေဒေါ၊ ပျက်ခြင်းသည်။ နေဝအတ္ထိ၊ မရှိသည်သာ။ (ကသ္မာ, လောကုတ္တရဿ၊ ၏။ ဘေဒေါ၊ သည်။ နေဝတ္ထိ၊ မရှိသနည်း။)
ဟိ (ယသ္မာ), ဘဝန္တရေပိ၊ ဘဝတစ်ပါး၌သော်မှလည်း။ [ပိဖြင့် "ဤဘဝကို မဆိုထားနှင့်" ဟု ဂရဟာပြု။] အရိယသာဝကော၊ သည်။ အညံ၊ သာသနာတွင်းဆရာမှ အခြားသောဆရာကို။ သတ္ထာရံ၊ ဆရာဟူ၍။ န ဥဒ္ဒိသတိ၊ မညွှန်ပြတော့။ ဣတိ၊ ကြောင့်။ (လောကုတ္တရဿ ဘေဒေါ နေဝတ္ထိ။)
ဧဝံ၊ ဤသို့လျှင်။ သရဏဂမနဿ၊ ၏။ သံကိလေသောစ၊ ကိုလည်းကောင်း။ ဘေဒေါစ၊ ပျက်ခြင်းကိုလည်းကောင်း။ ဝေဒိတဗ္ဗော။ ဣတိ၊ သရဏဂုံနှင့်စပ်၍ မှတ်ဖွယ်အပြီးတည်း။သာဝဇ္ဇော။ ။တဏှာဒိဋ္ဌာဒိဝသေန-အညသတ္ထုတို့ကို ချစ်ခင်ခြင်းတဏှာ, အညသတ္ထုတို့၏ အယူကိုပင် အမှန်ထင်သော မိစ္ဆာဒိဋ္ဌိ အစရှိသည်တို့၏ အစွမ်းဖြင့်၊ သဒေါသော-အပြစ်နှင့်တကွဖြစ်၏။
ကာလံ ကိရိယာယ။ ။ သရဏဂုံ ဆောက်တည်မှုသည် သီလ ဆောက်တည်မှုနှင့် တူ၏။ သီလသည် ကာလအပိုင်းအခြား ရှိ-မရှိ ၂ မျိုးဖြစ်၏။ သရဏဂုံ ဆောက်တည်မှုလည်း ထို့အတူပင်တည်း၊ ကာလအပိုင်းအခြား မရှိဘဲ ဆောက်တည်လျှင် သေမှ သရဏဂုံပျက်သည်။
မှတ်ချက်။ ။ သေလျှင် သရဏဂုံ ပျက်သောကြောင့် ယခုအခါ လူသေလျှင် သရဏဂုံတင်ကြဟန် တူသည်၊ သို့သော် အလောင်းကောင်သည် သရဏဂုံ မယူနိုင်ပါ၊ သေသူက အနားမှာဖြစ်နေလျှင်သာ ယူနိုင်စရာရှိပါသည်။
**ဥပါသကံ၊ ပေ၊ ဓာရေတူ**တိ၊ ကား။ မံ၊ ဒကာတော်ကို။ ဘဂဝါ၊ သည်။ အယံ၊ ဤမင်းသည်။ ဥပါသကော၊ ဥပါသကာတည်း။ ဣတိဧဝံ၊ သို့။ ဓာရေတု၊ စိတ်၌ဆောင်တော်မူပါ။ ဝါ၊ မှတ်တော်မူပါ။ ဇာနာတု၊ သိတော်မူပါ။ ဣတိ အတ္ထော။
ပန၊ ဆက်။ ဧတ္ထ၊ ဤဥပါသကံ မံ အစရှိသောပါဠိရပ်၌။ ဥပါသကဝိဓိကောသလ္လတ္ထံ၊ ဥပါသကာ၏ဖြစ်ကြောင်းဖြစ်ရာ အစီအရပ်၌ ကျွမ်းကျင်သူ၏ အဖြစ်ဟူသော ဉာဏ်အကျိုးငှာ။ ကော၊ အဘယ်သူသည်။ ဥပါသကော၊ ဥပါသကာမည်သနည်း။
ကသ္မာ၊ ကြောင့်။ ဥပါသကောတိ၊ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်သနည်း။
အဿ၊ ထို ဥပါသကာ၏။ သီလံ၊ သီလသည်။ ကိံ၊ အဘယ်နည်း။
အာဇီဝေါ၊ အသက်မွေးဝမ်းကြောင်းသည်။ ကော၊ နည်း။
ဝိပတ္တိ၊ ပျက်ခြင်းသည်။ ကာ၊ နည်း။
သမ္ပတ္တိ၊ ပြည့်စုံခြင်းသည်။ ကာ၊ နည်း။
ဣတိ၊ သို့။ ဣဒံ ပကိဏ္ဏကံ၊ ဤအပြားအားဖြင့် ရောပြွမ်းသော အဆုံးအဖြတ်ကို။ ဝေဒိတဗ္ဗံ။ဥပါသကဝိဓိ။ ။ "ဥပါသကဘာဝဝိဓာန" ဟု ဘာဝဒ္ဒါထည့်၍ ဋီကာသစ် ဖွင့်သောကြောင့် ဥပါသက၌ ဘာဝပ္ပဓာန ဘာဝလောပကြံပါ။ ဥပါသက အစစ်၏ ဖြစ်ကြောင်းဖြစ်ရာဟူသည် ရတနာ ၃ ပါးကို ဆည်းကပ်ရုံသာမက, သီလရှိခြင်း, အသက်မွေးမှု၏ သမ္မာအာဇီဝဖြစ်ခြင်း စသည်တို့တည်း။ [နိဿယ၌- ဤအဖွင့်အတိုင်း အနက်ပေးထား၏။ ပါရာဇိကဏ်ဘာသာဋီကာ၌လည်း ဤအတိုင်းပြင်ပါ။
ကော ဥပါသကော, ကသ္မာ။ ။ ကော ဥပါသကောဟူသော ပုစ္ဆာဖြင့် ဥပါသက ၏ သရုပ်သကောင်ကို မေး၏၊ အဘယ်သို့သော အမှတ်လက္ခဏာနှင့် ပြည့်စုံသူကိုမှ "ဥပါသက ဥပါသိကာမ"ဟု ခေါ်နိုင်ပါသနည်း-ဟူလို၊ ကသ္မာဖြင့် ဥပါသကအမည်ရခြင်း၏ သဒ္ဒပဝတ္တိ နိမိတ်ဖြစ်သော အကြောင်းကိုမေးသည်။ မှန်၏၊-ဥပါသကပုဒ်၌ ဥပ+အာသဓာတ် ပစ္စည်းတည်း၊ ထိုသို့ ဓာတ်ပစ္စည်းဖြင့်ပြီးသော ပုဒ်ဟူသမျှ၌ သဒ္ဒပဝတ္တိနိမိတ်ဟု ခေါ်အပ်သော အကြောင်းတစ်မျိုးမျိုး ရှိရရိုးတည်း။
ကိမဿသီလံ၊ ပေ၊ အာဇီဝေါ။ ။ ကိမဿသီလံဖြင့် ဥပါသကအမည်ရသူ၏ အမြဲ ဆောက်တည်အပ်သော သီလကို မေးသည်၊ အသက်မွေးဖို့ရန် အလုပ်အကိုင်ကို "အာဇီဝ" ဟု ခေါ်၏၊ အာဇီဝန္တိ ဧတေနာတိ အာဇီဝေါ - အသက်၏ဖြစ်ကြောင်း၊ ဝါ-အသက်မွေးဝမ်းကြောင်း၊ ထိုအာဇီဝကိုပြရာ၌ မိစ္ဆာဇီဝမှရှောင်လျှင် ဥပါသကာ၏ သမ္မာအာဇီဝဖြစ်သောကြောင့် မိစ္ဆာဇီဝကို အကျယ်ဝေဖန်လိမ့်မည်။
ကာ ဝိပတ္တိ, သမ္ပတ္တိ။ ။ "ဝိပတ္တိ"ဟု သာမည မေးသော်လည်း ရှေ့၌ သီလနှင့် အာဇီဝကို ပြခဲ့ပြီဖြစ်သောကြောင့် သီလ၏ဝိပတ္တိ အာဇီဝ၏ဝိပတ္တိကို မေးရာရောက်၏။ ထို့ကြောင့် "သီလဿစ အာဇီဝဿစ ဝိပတ္တိ"ဟု အကျယ်ပြလိမ့်မည်။ သမ္ပတ္တိ၌လည်း နည်းတူ၊ မှန်၏- ဝိဓိ (စီမံစရာ)ရှိရာ၌ အခြားမဲ့ လွန်ပြီးအနက်ကို ယူ၍ စီမံရ၏၊ ပဋိသေဓ (တားမြစ်ဖွယ်) ရှိရာ၌လည်း အခြားမဲ့လွန်ပြီးအနက်ကိုပင်ယူ၍ တားမြစ်ရသည်။
တတ္ထ၊ ထိုပကိဏ္ဏက စကားရပ်၌။ **ကော ဥပါသိကော**တိ၊ ဟူသောပုစ္ဆာ၏။ (ဝိသဇ္ဇနံ၊ အဖြေကား။) ယောကောစိ၊ အမှတ်မရှိတစ်စုံတစ်ယောက်သော။ သရဏဂတော၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်တတ်သော။ ["တိသရဏဂတော၊ ရတနာ ၃ ပါး၌ကိုးကွယ်ရာဟူ၍ ဆည်းကပ်သော" ဟု အချို့စာ၌ တိသဒ္ဒါပါ၏။] ဂဟဋ္ဌော၊ အိမ်၌တည်သူ လူဝတ်ကြောင်သည်။ (ဥပါသကော၊ မည်၏။)
ဟိ၊ သာဓကား။ ယတော၊ ပေ၊ ဟောတီတိ၊ ဟူသော။ ဧတံ (သုတ္တံ)၊ ဤပါဠိကို။ (ဘဂဝတာ) ဝုတ္တံ။ [မဟာနာမ၊ မဟာနာမ်။ ယတော၊ အကြင်အကြောင်းကြောင့်။ (အချို့စာ၌ "ဥပါသကော- သည်" ဟု ရှိ၏။) ဗုဒ္ဓံ၊ ကို။ သရဏံ၊ ဟူ၍။ ဂတော၊ ဆည်းကပ်သည်။ ဟောတိ။ ဓမ္မံ သရဏံ ဂတော ဟောတိ။ သံဃံ သရဏံ ဂတော ဟောတိ။
မဟာနာမ, ဧတ္တာဝတာ၊ ဤမျှအတိုင်းအရှည်ရှိသော ရတနာ ၃ ပါးကို ဆည်းကပ်ခြင်းဟူသော အကြောင်းကြောင့်။ ဥပါသကော ဟောတိ။ မဟာဝဂ္ဂ၊ သောတာပတ္တိသံယုတ်, ၄- ဝဂ်, ၇- သုတ်။]
**ကသ္မာ ဥပါသကော**တိ၊ ဟူသော ပုစ္ဆာ၏။ (ဝိသဇ္ဇနံ၊ ကား။) ရတနတ္တယဿ၊ ကို။ ဥပါသနတော၊ ဆည်းကပ်ခြင်းကြောင့်။ ဝါ၊ ဆည်းကပ်တတ်သည်၏အဖြစ်ကြောင့်။ (ဥပါသကောတိ၊ ဟူ၍။ ဝုစ္စတိ။)
ဟိ၊ မှန်။ သော၊ ထိုဥပါသကာသည်။ ဗုဒ္ဓံ၊ ကို။ ဥပါသတိ၊ ကပ်ဝင်နေတတ်၏။ ဝါ၊ ဆည်းကပ်တတ်၏။ ဣတိ, ဥပါသကော၊ မည်၏။ တထာ၊ တူ။ ဓမ္မံ၊ ကိုလည်းကောင်း။ သံဃံ၊ ကိုလည်းကောင်း။ ဥပါသတိ ဣတိ ဥပါသကော။
**ကိမဿ သီလန္တိ**၊ ဟူသော ပုစ္ဆာ၏။ (ဝိသဇ္ဇနံ၊ ကား။) ပဉ္စ၊ န်သော။ ဝေရမဏိယော၊ ဒုဿီလျရန်ကို သတ်ဖြတ်ဖျက်ဆီးတတ်သော ဝိရတိစေတသိတ်တို့သည်။ (အဿ၊ ထို ဥပါသကာ၏။ သီလံ၊ တည်း။)ပကိဏ္ဏကံ။ ။ ပ+ကိရ, တပစ္စည်း၊ ပကာရေန-ဥပါသကာ၏ သရုပ်သကောင်, ဥပါသကသဒ္ဒါ၏ ဝစနတ္ထစသော အပြားအားဖြင့်+ကိရတိ-(တစ်မျိုးမက) ရောပြွမ်းနေတတ်၏။ ဣတိ ပကိဏ္ဏံ၊ သွတ္ထ၌ ကပစ္စည်းသက်၍ "ပကိဏ္ဏံယေဝ ပကိဏ္ဏကံ" ဟု ပြုပါ၊ သရုပ်ဝစနတ္ထစသည်ကို ပြခြင်းဟူသော များစွာသော အပြားအားဖြင့်ဖြစ်သောအနက်အဓိပ္ပာယ် အဆုံးအဖြတ် စကားရပ်ကို "ပကိဏ္ဏက ဝိနိစ္ဆယ" ဟု ခေါ်သည်။ [အနေကာကာရေန ပဝတ္တံ အတ္ထဝိနိစ္ဆယံတိ အတ္ထော-ဋီကာသစ်။]
ယောကောစိ။ ။ တိသရဏဂတ ဖြစ်သူဟူသမျှကို "ဥပါသက (ဥပါသိကာ)" ဟု ခေါ်နိုင်ရကား ခတ္တိယဗြာဟ္မဏစသော အမျိုးဇာတ်အနွယ်တို့သည် ဥပါသကဖြစ်ဖို့ အရေးအခင်း၌ လိုရင်းမဟုတ် ဟု ယောကောစိပါဌ်ဖြင့် ပြသည်။
ဝေရမဏိယော။ ။ "ဝေရံ-ပါဏာတိပါတ စသော ဒုဿီလျရန်ကို+မဏတိ (ဟိံသတိ)-သတ်ဖြတ် ဖျက်ဆီးတတ်၏" ဟူသော ဝိဂြိုဟ်အရ ပါဏာတိပါတစသော ၅ မျိုးမှ ရှောင်ကြဉ်ကြောင်းဖြစ်သော ဝိရတိတို့ကို "ဝေရမဏိ" ဟု ခေါ်၏၊ မဏဓာတ်သည် ဟိံသာအနက်ဟောတည်း။ ဣပစ္စည်း။ [အခြားတစ်နည်းနှင့် အကျယ်ကို ဝိနည်း-မဟာဝဂ္ဂ ဘာသာဋီကာ ပဗ္ဗဇ္ဇကထာ၌ ရှုပါ။]
ယထာဟ၊ အဘယ်ကဲ့သို့ ဟောတော်မူသနည်း။ မဟာနာမ, ယတော၊ ကြောင့်။ ဥပါသကော၊ သည်။ ပါဏာတိပါတာ၊ ပါဏာတိပါတမှ။ ပဋိဝိရတော၊ ရှောင်ကြဉ်သည်။ ဟောတိ။ အဒိန္နာ ဒါနာ၊ မှ။ ပဋိဝိရတော ဟောတိ။ ကာမေသုမိစ္ဆာစာရာ၊ မှ။ ပဋိဝိရတော ဟောတိ။ မုသာဝါဒါ၊ မှ။ ပဋိဝိရတော ဟောတိ။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ၊ မှ။ ပဋိဝိရတော ဟောတိ။ မဟာနာမ, ဧတ္တာဝတာ၊ ဤမျှအတိုင်းအရှည်ရှိသော ၅ ပါးသီလကို ဆောက်တည်ခြင်းဟူသော အကြောင်းကြောင့်။ ဥပါသကော၊ သည်။ သီလဝါ၊ သီလရှိသည်။ ဟောတိ။ ဣတိ (အာဟ)။ မဟာဝဂ္ဂ၊ သောတာပတ္တိသံယုတ်, ၄ ဝဂ်, ၇- သုတ်။
**ကော အာဇီဝေါ**တိ၊ ကော အာဇီဝေါဟူသော ပုစ္ဆာ၏။ (ဝိသဇ္ဇနံ၊ ကား။) ပဉ္စ၊ န်သော။ မိစ္ဆာဝါဏိဇ္ဇာ၊ မှားယွင်းသော ကူးသန်းရောင်းဝယ်ခြင်းတို့ကို။ ပဟာယ ပယ်စွန့်၍။ ဓမ္မေန၊ တရားမှ မကင်းသော အသက်မွေးခြင်းဖြင့်။ သမေန၊ မျှမျှတတ အသက်မွေးခြင်းဖြင့်။ ဇီဝိတကပ္ပနံ၊ အသက်မွေးမှုကို ပြုခြင်းတည်း။
ဟိ၊ သာဓကကား။ ပဉ္စိမာ ဘိက္ခဝေ။ ပေ၊ ဥပါသကေန အကရဏီယာတိ၊ ဟူသော။ ဧတံ(သုတ္တံ)၊ ဤပါဠိတော်ကို။ (ဘဂဝတာ)။ ဝုတ္တံ။မိစ္ဆာဝါဏိဇ္ဇာ။ ။ ဝါဏိဇာနံ အသံတိ ဝါဏိဇ္ဇာ၊ ဣဒံ အနက်၌ ဏျပစ္စည်း၊ အာပစ္စည်း၊ ["ဝါဏိဇ္ဇံ-ကုန်သည်တို့၏ အလုပ်" ဟု ကမ္မအနက်၌ ဏျပစ္စည်းသက်၍ နပုလ္လိန်လည်း အဘိဓာန်၌ရှိသည်။] မိစ္ဆာသဒ္ဒါသည် မုသာသဒ္ဒါနှင့် အနက်တူ၏။ အလွဲအမှား, မသင့်မမှန် အနက်ကို ဟော၏။ [မိစ္ဆာဝါဏိဇ္ဇာတိ န သမ္ပာဝါဏိဇ္ဇာ၊ အယုတ္တဝါဏိဇ္ဇာ, အသာရုပ္ပဝါဏိဇ္ဇာ-၊ဋီကာ။ ထို ဝါဏိဇ္ဇာအမှုကို မပြုခြင်းကို "ပဟာယ" ဟု ဆိုသည်။
ဓမ္မေန။ ။ ဓမ္မေနာတိ ဓမ္မတော အနပေတေန-တရားမှမကင်းသော အသက်မွေးခြင်းဖြင့်" ဟုဖွင့်၏၊ ဓမ္မဖြင့် ဓမ္မနှင့်ယှဉ်သော အသက်မွေးခြင်းရှိအောင် ကာရဏုပစာရအားဖြင့် ယူပါ-ဟူလို၊ တေန အညမ္ပိ အဓမ္မိကံ ဇီဝိကံ ပဋက္ခာတိ-ထို ဓမ္မေနပါဌ်ဖြင့် မိစ္ဆာဝါဏိဇ္ဇာမှ တစ်ပါးသော မတရားအသက်မွေးမှုဟူသမျှကို ပယ်သည်။
သမေန။ ။ "သမေနာတိ အဝိသမေန (သူဖို့ကိုယ်ဖို့ မမျှမတ မဟုတ်, မျှတသော အသက်မွေးခြင်းဖြင့်)" ဟု ဖွင့်၏။ တေန-ထိုသမေနပါဌ်ဖြင့်၊ ကာယဝိသမာဒိဒုစ္စရိတံ-ကိုယ်ဖြင့် မမျှမတပြုခြင်း အစရှိသော ဒုစရိုက်ကို ပဟာယ ကာယသမာဒိနာကိုယ်ဖြင့် မျှမျှတတပြုခြင်း အစရှိသော) သုစရိတေန ဇီဝိကံ ဒဿေတိ-ဋီကာ။ [ဤအဖွင့်အရ "ဓမ္မေန-တရားနှင့်၊ သမေန-ညီစွာ" ဟု မပေးရဟု မှတ်ပါ၊ ယခုအခါမတရားရောင်းဝယ်မှု အမြတ်ကြီးစားမှု မတရားငွေတိုးယူမှုဟူသမျှသည် မညီမျှသော အသက်မွေးမှုများတည်း။]
ဝုတ္တဉ္စေတံ။ ။ ပဉ္စိမာ ဘိက္ခဝေ-စသော ပါဠိတော်သည် ပဉ္စမိစ္ဆာဝါဏိဇ္ဇာ၏ သရုပ်ကိုလည်းကောင်း သာဓကကိုလည်းကောင်း ပြသော ပါဠိတော်တည်း၊ ပါဠိတော်တစ်ရပ်တည်းဖြင့် သရုပ်ပြခြင်း သာဓကပြခြင်း အကျိုး ၂ ရပ်ကို ပြီးစေတတ်သောကြောင့် အမ္ဗသေစနဂရုသိနာနနည်းဟု ခေါ်သည်၊ ဥပမာ-သရက်ပင်အရင်း၌ ရဟန်းတော် ချိုးဖို့ရန် ဥယျာဉ်စောင့်၏ ချိုးရေ အိုးကိုတည်ထားခြင်း ကိစ္စတစ်ခုသည် သရက်ပင်ကို ရေလောင်းခြင်း အကျိုး, ရဟန်းတော်၏ ရေချိုးရခြင်းအကျိုး ဤ ၂ မျိုးကို ပြီးစေသကဲ့သို့တည်း၊ ယထာဟတုန်းက လည်း ဤနည်းရနိုင်၏။ နေရာတိုင်း နည်းယူပါ။ အောက်ပါဂါထာသည် အမ္ဗဝိမာနဂါထာ တည်း၊
အမ္ဗောစ သိဉ္စိတော အာသိ, သမဏော စ နဟာပိတော၊ ဗဟုံစ ပုညံ ပသုတံ, အဟော သဖလံ ဇီဝိတံ။
[ဘိက္ခဝေ၊ တို့။ ပဉ္စ၊ န်သော။ ဣမာ ဝါဏိဇ္ဇာ၊ ဤကူးသန်းရောင်းဝယ်ခြင်းတို့ကို။ ဥပါသကေန၊ ဥပါသကာသည်။ အကရဏီယာ၊ မပြုထိုက်ကုန်။
ကတမာ ပဉ္စ၊ အဘယ် ၅ပါးတို့နည်း။
သတ္တဝါဏိဇ္ဇာ၊ လက်နက်ကို ကူးသန်းရောင်းဝယ်ခြင်းလည်းကောင်း။ သတ္တဝါဏိဇ္ဇာ၊ လူသတ္တဝါကို ကူးသန်းရောင်းဝယ်ခြင်းလည်းကောင်း။ မံသဝါဏိဇ္ဇာ၊ တိရစ္ဆာန်တို့ကိုမွေးမြူ၍ အသားကို ကူးသန်းရောင်းဝယ်ခြင်းလည်းကောင်း။ မဇ္ဇဝါဏိဇ္ဇာ၊ သေရည်အရက်ကို ကူးသန်းရောင်းဝယ်ခြင်းလည်းကောင်း။ ဝိသဝါဏိဇ္ဇာ၊ အဆိပ်ကိုကူးသန်းရောင်းဝယ်ခြင်းလည်းကောင်းတည်း။သတ္တဝါဏိဇ္ဇာ။ ။ အာဝုဓဘဏ္ဍံ ကတွာဝါ (လက်နက်ဟူသော ရောင်းဖွယ်ဘဏ္ဍာကိုကိုယ်တိုင်လုပ်၍ဖြစ်စေ) ကာရေတွာဝါ (အလုပ်ခိုင်း၍ဖြစ်စေ) ယထာကတံ ပဋိလဘိတွာဝါ (လုပ်အပ်ပြီးကို ရ၍ဖြစ်စေ) တဿ ဝိတ္တယော။ [သူတစ်ပါးကို နှိပ်စက်ကြောင်းဖြစ်၍ မပြုထိုက်ဟု တားမြစ်တော်မူသည်။]
သတ္တဝါဏိဇ္ဇာ။ ။ လူသတ္တဝါကို အရောင်းအဝယ် ကုန်သွယ်ခြင်း။ [သတ္တဝါဏိဇ္ဇာတိ မနုဿဝိက္ကယော၊ ထိုသို့ ရောင်းအပ်သူသည် သူ့ကိုယ်သူ မပိုင်တော့သဖြင့် ကျွန်, ကျွန်မ, ကျွန်မယား (ဒါသီဘရိယာ)ဖြစ်သွားသောကြောင့် "ထို အရောင်းအဝယ်ကို မပြုထိုက်"ဟု တားမြစ်တော်မူသည်။
မံသဝါဏိဇ္ဇာ။ ။ သူနကာရာဒယော ဝိယ (သားသတ်သမား အစရှိသူတို့ကဲ့သို့) မိဂသူကရာဒိကေ ပေါသေတွာ (သမင် ဝက် စသော တိရစ္ဆာန်တို့ကို မွေးမြူ၍) မံသံသမ္ပာဒေတွာ (အသားကို တိုးပွားစေ, ပြည့်စုံစေ၍) ဝိက္ကယော။ [ထို သားကောင်တို့ကို ရောင်းလိုက်သောအခါ သတ်ကြမည်ဖြစ်သောကြောင့် မပြုထိုက်ဟု တားမြစ်တော်မူသည်။]
မဇ္ဇဝါဏိဇ္ဇာ။ ။ သေရည်အရက်ကိုကိုယ်တိုင်လုပ်၍ဖြစ်စေ, အလုပ်ခိုင်း၍ဖြစ်စေလုပ်ပြီးကိုယူ၍ဖြစ်စေ ရောင်းခြင်း။ [ထိုသို့ ရောင်းလိုက်သောအခါသောက်သူမှာ ပမာဒဟေတု (ကုသိုလ်ကောင်းမှု၌ မေ့လျော့ကြောင်း)ဖြစ်သောကြောင့် "မပြုထိုက်"ဟု တားမြစ်တော်မူသည်။
ဝိသဝါဏိဇ္ဇာ။ ။ ဝိသံ ယောဇေတွာ ဝါ (အဆိပ်ကို ဖော်စပ်၍သော်လည်းကောင်း) သင်္ဂဟေတွာ ဝါ (ဖော်စပ်သူတို့ကို ချီးမြှောက်၍သော်လည်းကောင်း) တဿ ဝိက္ကယော။ [သူတစ်ပါးကို သတ်ကြောင်းဖြစ်သောကြောင့် မပြုထိုက်ဟု တားမြစ်တော်မူသည်။]
ဘိက္ခဝေ၊ တို့။ ပဉ္စ၊ ကုန်သော။ ဣမာ ဝါဏိဇ္ဇာ၊ တို့ကို။ ဥပါသကေန၊ သည်။ အကရဏီယာ၊ ကုန်။ အင်္ဂုတ္တိုရ်, ပဉ္စကနိပါတ်, စတုတ္ထပံ, ဝဏိဇ္ဇာသုတ်။]
**ကာ ဝိပတ္တီ**တိ၊ ဟူသော ပုစ္ဆာ၏။ (ဝိသဇ္ဇနံ၊ ကား)။ တဿေဝ သီလဿစ၊ ထို ၅ ပါးသီလ၏ပင်လျှင်လည်းကောင်း။ တဿေဝ အာဇီဝဿစ၊ ထို မိစ္ဆာဇီဝမှရှောင်ကြဉ်ခြင်း၏ပင်လျှင်လည်းကောင်း။ ဝါ၊ ထို သမ္မာအာဇီဝ၏ပင်လျှင်လည်းကောင်း။ ယာ ဝိပတ္တိ၊ အကြင်ပျက်ခြင်းသည်။ (အတ္ထိ)။ အယံ၊ ဤပျက်ခြင်းသည်။ အဿ၊ ထို ဥပါသကာ၏။ ဝိပတ္တိ၊ ပျက်ခြင်းတည်း။
အပိစ၊ သည်သာမကသေး။ ယာယ (ဝိပ္ပဋိပတ္တိယာ)၊ အကြင် ဖောက်ပြန်စွာကျင့်ခြင်းကြောင့်။ ဧသ၊ ဤဥပါသကာသည်။ စဏ္ဍာလော စေဝ၊ ဒွန်စဏ္ဍာသည်လည်းကောင်း။ မလဉ္စ၊ အညစ်အကြေးသည်လည်းကောင်း။ ပတိကိဋ္ဌောစ၊ အညံ့စားသည်လည်းကောင်း။ ဟောတိ။ အဿ၊ ထို ဥပါသကာ၏။ သာပိ (ဝိပ္ပဋိပတ္တိ)၊ ထို ဖောက်ပြန်စွာကျင့်ခြင်းကိုလည်း။ ဝိပတ္တီတိ၊ ဟူ၍။ ဝေဒိတဗ္ဗာ၊ ၏။
တေစ၊ ထို ဖောက်ပြန်စွာကျင့်ကြောင်းတရားတို့သည်လည်း။ အတ္ထတော၊ တရားကိုယ်အနက်အားဖြင့်။ အဿဒ္ဓိယာဒယော၊ အဿဒ္ဓိယအစရှိကုန်သော။ ပဉ္စ၊ န်သော။ ဓမ္မာ၊ တို့သည်။ ဟောန္တိ။
ယထာဟ၊ အဘယ်ကဲ့သို့ ဟောတော်မူသနည်း။ ဘိက္ခဝေ, ပဉ္စဟိ၊ န်သော။ ဓမ္မေဟိ၊ တို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ ဥပါသကော၊ သည်။ ဥပါသကစဏ္ဍာလောစ၊ ဥပါသကာ ဒွန်စဏ္ဍာသည်လည်းကောင်း။တဿေဝ။ ။ သီလအတွက် ၅ ပါးသော ဝိရတိသီလအပြားကို ပြခဲ့၏။ အာဇီဝအတွက် ၅ ပါးသော မိစ္ဆာဇီဝ- ပယ်ခြင်းကို ပြခဲ့၏၊ ထို ၂ မျိုးသော သီလနှင့် အာဇီဝကို တဿေဝ၌ တသဒ္ဒါဖြင့် ညွှန်ပြသည်။ [တဿေဝါတိ ယထာဝုတ္တဿ ပဉ္စဝေရမဏိလက္ခဏဿ (ငါးပါးသော ရှောင်ကြဉ်ခြင်းလက္ခဏာရှိသော) သီလဿစေဝ ပဉ္စမိစ္ဆာဇီဝပ္ပဟာနလက္ခဏဿ အာဇီဝဿစ ပဋိနိဒ္ဒေသော။]
အပိစ။ ။ ဧဝံ သီလ အာဇီဝဝိပတ္တိဝသေန (သီလဝိပတ္တိ အာဇီဝဝိပတ္တိနှင့် စပ်သဖြင့်) ဥပါသကဿ ဝိပတ္တိံ ဒဿေတွာ (ဥပါသကာ၏ ပျက်စီးပုံကို ပြပြီး၍) အသဒ္ဓိယာဒိ ဝသေနပိ ဒဿေန္တော (အသဒ္ဓိယစသည်နှင့် စပ်သဖြင့်လည်း ပျက်စီးပုံကို ပြလိုသောကြောင့်) အပိစာတိ အာဒိမာဟ။ [ယာယာတိ အသဒ္ဓိယာဒိ ဝိပ္ပဋိပတ္တိယာ၊-ဋီကာသစ်။
စဏ္ဍာလောစသည်။ ။ အမျိုးညံ့သူကို "စဏ္ဍာလ" ဟုခေါ်၏၊ အသဒ္ဓိယစသည်ရှိသော ဥပါသကာလည်း ဥပါသကာအများတွင် နိမ့်ကျသူဖြစ်ရကား စဏ္ဍာလနှင့်တူ၏၊ မလ သဒ္ဒါသည် အညစ်အကြေးကို ဟော၏။ အသဒ္ဓိယစသည်ရှိသော ဥပါသကာလည်း အညစ်အကြေးပင်ဖြစ်၏၊ ပတိကိဋ္ဌသဒ္ဒါသည် အယုတ်အညံ့ အနက်ကိုဟော၏၊ ထိုဥပါသကာသည် အထက်တန်း ဥပါသကာအောက် ယုတ်ညံ့သူဖြစ်၏။
ဥပါသကမလဉ္စ၊ ဥပါသကာ အညစ်အကြေးသည်လည်းကောင်း။ ဥပါသကပတိကိဋ္ဌောစ၊ ဥပါသကာ အညံ့စားသည်လည်းကောင်း။ ဟောတိ၊ ၏။
ပဉ္စဟိ၊ န်သော။ ကတမေဟိ၊ အဘယ်တရားတို့နှင့်။ (သမန္နာဂတော ဥပါသကော ဥပါသကစဏ္ဍာလောစ ဥပါသကမလဉ္စ ဥပါသကပတိကိဋ္ဌောစ, ဟောတိ၊ နည်း။)
အသဒ္ဓေါ (စ)၊ သဒ္ဓါမရှိသည်လည်း။ ဟောတိ။ ဒုဿီလော (စ)၊ သီလမရှိသည်လည်း။ ဟောတိ။ ကောတူဟလမင်္ဂလိကော (စ)၊ ကောတူဟလမင်္ဂလာရှိသည်လည်း။ ဝါ၊ အထူးအဆန်းဖြစ်သောဒိဋ္ဌသုတမုတကို မင်္ဂလာဟုအယူရှိသည်လည်း။ ဟောတိ။ မင်္ဂလံ (စ)၊ ဒိဋ္ဌသုတမုတမင်္ဂလာကိုလည်း။ ပစ္စေတိ၊ ယုံကြည်၏။ (အကျိုးရကြောင်းဟု ယုံကြည်၏။) ကမ္မံ၊ ကံကို။ နော (ပစ္စေတိ)၊ မယုံကြည်။ (အကျိုးရကြောင်းဟုမယုံကြည်)။အသဒ္ဓေါ။ ။ ဗုဒ္ဓစသော ရတနာ ၃ ပါး၌လည်းကောင်း, ကံနှင့် ကံ၏ အကျိုး၌လည်းကောင်း မယုံကြည်သူ (ယုံကြည်မှု သဒ္ဓါ၏ ပြောင်းပြန်ဖြစ်သော မိစ္ဆာဓိမောက္ခရှိသူ)သည် အသဒ္ဓမည်၏။ သဒ္ဓါ ယဿ အတ္တီတိ သဒ္ဓေါ၊ န+သဒ္ဓေါ အသဒ္ဓေါ၊ "နတ္ထိ သဒ္ဓါ ယဿာတိ အသဒ္ဓေါ" ဟုလည်း ပြုပါ။ [အမှားကိုပင် အမှန်ဟု ဆုံးဖြတ်တတ်သော အဓိမောက္ခကို မိစ္ဆာဓိမောက္ခဟု ခေါ်၏။]
ဒုဿီလော။ ။ ပြအပ်ခဲ့သော သီလဝိပတ္တိ (ငါးပါးသီလ ပျက်သူ) အာဇီဝဝိပတ္တိ (မိစ္ဆာဇီဝ)ဖြစ်နေသူသည် ဒုဿီလမည်၏။ [နတ္ထိ+သီလံ ယဿာတိ ဒုဿီလော။]
ကောတူဟလ မင်္ဂလိကော။ ။ ကူကူဟလ သဒ္ဒါသည် အထူးအဆန်းဟူသော အနက်ကိုဟော၏၊ တစ်စုံတစ်ခုကောင်းသောအရာကို ဒိဋ္ဌ-မြင်ရ၊ သုတ-ကြားရ, မုတ-နမ်းရ စားသောက်ရ တွေ့ထိရခြင်းကြောင့် မင်္ဂလာဖြစ်၏။ ထိုဒိဋ္ဌမင်္ဂလာစသည်ကြောင့် ကောင်းကျိုးရတော့မည်ဟု လူပြိန်း လူအတို့သည် ရှေးရှေးကပင် ကြံဆခဲ့ကြ၏။ ["ကံကြောင့် အကျိုးရသည် ဟု မယူဆဘဲ ထိုဒိဋ္ဌမင်္ဂလာစသည်ကြောင့် အကျိုးရသည်" ဟု ယူဆကြသည်။ အမင်္ဂလာကို တွေ့ရ ကြားရ တွေ့ထိရရာ၌လည်း ဤနည်းပင်တည်း။ ထိုသူ့ကို "ကောတူဟလ မင်္ဂလာရှိသူ" ဟု ခေါ်သည်။ ဣမိနာ ဒိဋ္ဌာဒိနာ ဣဒံနာမ မင်္ဂလံ ဟောတီတိ ဧဝံ ဗာလဇနပရိကပ္ပိတေန ကောတူဟလသင်္ခါတေန ဒိဋ္ဌသုတမုတမင်္ဂလေန သမန္နာဂတော ကောတူဟလ မင်္ဂလိကော၊ ဋီကာ။]
မှတ်ချက်။ ။ထိုဒိဋ္ဌမင်္ဂလာ စသည်ကြောင့် အကျိုးရသည်ဟု ယူမှ "ကောတူဟလ မင်္ဂလိက" ဟု ခေါ်ရသည်။ ထိုဒိဋ္ဌမင်္ဂလာစသည်ကို မြင်ရ'ကြားရ တွေ့သိရခြင်းသည် ပုဗ္ဗနိမိတ်မျှသာတည်း၊ "အကျိုးရသည်မှာ ထိုမင်္ဂလာကြောင့် မဟုတ်, ရှေးကံကြောင့်သာဖြစ်သည်" ဟု ယူဆလျှင် ကံ-ကံ၏အကျိုးကို ယုံကြည်သောကြောင့် "ကောတူဟလမင်္ဂလိကပုဂ္ဂိုလ်" ဟု မခေါ်ရ။
မင်္ဂလံပစ္စေတိ, နော ကမ္မံ။ ။ ဒိဋ္ဌမင်္ဂလာဒိဘေဒံ မင်္ဂလမေဝ ပတိယယတိ (ယုံကြည်၏။) ကမ္မဿကတံ (ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်၏ အဖြစ်ကို၊ ဝါ-ကံကြောင့် ကောင်းကျိုး ဆိုးကျိုးရမှုကို) နော ပတိယယတိ (မယုံကြည်)။ ["ပတ္တိယာယတိ" ဟု ဋီကာတို့ ဖွင့်ကြသော်လည်း "ပတိယယတိ"ဖြစ်သင့်ကြောင်းကို ဗြဟ္မဇာလသုတ်, နိဒါန်း, အပစ္စယောပုဒ်အဖွင့် ဘာသာဋီကာ၌ ပြခဲ့ပြီ။
ဣတိ၊ ဤသဗ္ဗညုသာသနာတော်မှ။ ဗဟိဒ္ဓါစ၊ အပ၌လည်း။ ဒက္ခိဏေယျံ၊ အလှူခံထိုက်သောပုဂ္ဂိုလ်ကို။ ပရိယေသတိ၊ ရှာမှီး၏။ စ၊ ရှာမှီးရုံသာမကသေး။ တတ္ထ၊ ထိုသာသနာပ၌။ ပုဗ္ဗကာရံ၊ ရှေးဦးစွာပြုအပ်သော ဒါန မာနန စသောအမှုကို။ ကရောတိ၊ ပြု၏။ (ဘိက္ခဝေ, ပဉ္စဟိ၊ န်သော။ ဣမေဟိ ဓမ္မေဟိ၊ တို့နှင့်။ သမန္နာဂတော၊ သော။ ဥပါသကော၊ သည်။ ဥပါသကစဏ္ဍာလောစ၊ သည်လည်းကောင်း။ ဥပါသကမလဉ္စ၊ သည်လည်းကောင်း။ ဥပါသကပတိကိဋ္ဌောစ၊ သည်လည်းကောင်း။ ဟောတိ၊ ၏။ ဤသို့ နိဂုံးဝါကျထည့်ပေးပါ။ ပါဠိတော်ရင်း၌ ပါ၏။) ဣတိ၊ သို့။ (အာဟ၊ ပြီ)။ အင်္ဂုတ္တိုရ်, ပဉ္စကနိပါတ်, စတုတ္ထပံ၊ ဥပါသကဝဂ်, စဏ္ဍာလသုတ် ပါဠိတော်။
**ကာ သမ္ပတ္တီ**တိ၊ ဟူသောပုစ္ဆာ၏။ (ဝိသဇ္ဇနံ၊ ကား။) အဿ၊ ထိုဥပါသကာ၏။ ယာ သီလသမ္ပဒါစေဝ၊ အကြင်သီလ၏ ပြည့်စုံခြင်းသည်လည်းကောင်း။ ယာ အာဇီဝသမ္ပဒါစ၊ အကြင်အာဇီဝ၏ ပြည့်စုံခြင်းသည်လည်းကောင်း။ (အတ္ထိ)။ သာ၊ ထိုသီလ၏ ပြည့်စုံခြင်း, အာဇီဝ၏ပြည့်စုံခြင်းသည်။ သမ္ပတ္တိ၊ သမ္ပတ္တိတည်း။ ["အပိစ" ဟု တက်ခဲ့သောရှေ့ဝါကျကဲ့သို့ တစ်နည်းဖွင့်ပြလို၍ "ယေစ" စသည်မိန့်။] စ၊ သည်သာမကသေး။ အဿ၊ ထိုဥပါသကာ၏။ ရတနဘာဝါဒိကရာ၊ ရတနာ၏အဖြစ်အစရှိသည်ကို ပြုတတ်ကုန်သော။ သဒ္ဓါဒယော၊ သဒ္ဓါအစရှိကုန်သော။ ပဉ္စ၊ န်သော။ ယေ ဓမ္မာ၊ တို့သည်။ (သန္တိ၊ န်၏။ တေ ဓမ္မာ၊ တို့သည်။ သမ္ပတ္တိ၊ တည်း။)
ယထာဟ၊ အဘယ်ကဲ့သို့ဟောတော်မူသနည်း။ ဘိက္ခဝေ ပဉ္စဟိ ဓမ္မေဟိသမန္နာဂတော, ဥပါသကော၊ သည်။ဣတော၊ ပေ၊ ပရိယေသတိ။ ။ ဣတော သဗ္ဗညုသာသနတော ဗဟိဒ္ဓါ ဗာဟိရ သမယေ (သာသနာပတိတ္ထိတို့၏အယူ၌) ဒုပ္ပဋိပန္နံ (မကောင်းသဖြင့် ကျင့်သူကို) ဒက္ခိဏာ ရဟသညီ ဂဝေသတိ (အလှူခံထိုက်သောပုဂ္ဂိုလ် ဟု အမှတ်ရှိသည်ဖြစ်၍ရှာ၏)။ [ဣတောစ၌ စ သဒ္ဒါကို အဋ္ဌာနပယုတ္တ (အရာဌာနမဟုတ်ရာ၌ ယှဉ်စပ်သုံးစွဲအပ်သောသဒ္ဒါ) တည်း၊ ထို့ကြောင့် "အသဒ္ဓေါစ" စသည်တို့၌လည်း ယှဉ်ပါစေဟု ဋီကာသစ် ဆိုသည်။
တတ္ထစ ပုဗ္ဗကာရံ။ ။ တတ္ထာတိ ဗဟိဒ္ဓါ, ဗာဟိရသမယေ၊ ပုဗ္ဗကာရံ ကရောတီတိ ပဌမတရံ ဒါနမာနနာဒိကံ ကုသလကိရိယံ ကရောတိ၊ [ပုဗ္ဗံ-ရှေးဦးစွာ+ကာရော-ပြုအပ်သော ဒါန-ပေးလှူခြင်း, မာနန-မြတ်နိုးခြင်းစသော ကောင်းမှုတည်း၊ ပုဗ္ဗကာရော-မှု။] ဗာဟိရ သမယေ ပဌမတရံ ကုသလကိရိယံ ကတွာ ပစ္ဆာ သာသနေ (ကုသလကိရိယံ) ကရောတီတိ ဝုတ္တံ ဟောတိ။ [အသဒ္ဓေါ စသည်ကို ပြရာ၌ ၆ပါးဖြစ်နေသော်လည်း "ဒက္ခိဏေယျံ ပရိယေသတိ" နှင့် "ပုဗ္ဗကာရံ ကရောတိ"ကို တစ်ပါးတည်းယူ၍ ငါးပါးဖြစ်သည် ဟု ဋီကာ မိန့်သည်။]
ကာ သမ္ပတ္တိ။ ။ ဝိပတ္တိတုန်းက သီလဝိပတ္တိ အာဇီဝဝိပတ္တိအပြင်, အသဒ္ဓစသည်ကို ဝိပတ္တိဟု တစ်နည်းပြသကဲ့သို့, ဤသမ္ပတ္တိ၌လည်း သီလ-အာဇီဝသမ္ပတ္တိကိုလည်းကောင်း, သဒ္ဓါစသော ၅ပါးကိုလည်းကောင်း ၂ နည်းပြသည်။
ဥပါသကရတနဉ္စ၊ ဥပါသကာရတနာသည် လည်းကောင်း။ ဥပါသကပဒုမဉ္စ၊ ဥပါသကာပဒုမ္မာကြာသည်လည်းကောင်း။ ဥပါသကပုဏ္ဍရီကဉ္စ၊ ဥပါသကာပုဏ္ဏရိတ်ကြာသည်လည်းကောင်း။ ဟောတိ။
ပဉ္စဟိ၊ န်သော။ ကတမေဟိ၊ အဘယ်တရားတို့နှင့်။ (သမန္နာဂတော ဥပါသကော ဥပါသကရတနာဉ္စ ဥပါသက ပဒုမဉ္စ ဥပါသက ပုဏ္ဍရီကဉ္စ, ဟောတိ၊ နည်း။)
သဒ္ဓေါ၊ သဒ္ဓါရှိသည်။ ဟောတိ။ သီလဝါ၊ သီလရှိသည်။ ဟောတိ။ ကောတူဟလမင်္ဂလိကော၊ ကောတူဟလမင်္ဂလာရှိသည်။ ဝါ၊ အထူးအဆန်းဖြစ်သော ဒိဋ္ဌ သုတ မုတကို မင်္ဂလာဟု အယူရှိသည်။ န ဟောတိ။ ကမ္မံ၊ ကို။ ပစ္စေတိ၊ ၏။ မင်္ဂလံ၊ ကို။ နော (ပစ္စတိ)။ ဣတော၊ မှ။ ဗဟိဒ္ဓါ၊ ၌။ ဒက္ခိဏေယျံ၊ ကို။ န ဂဝေသတိ၊ မရှာမှီးတော့။ စ၊ မရှာမှီးရုံသာမကသေး။ ဣဓ၊ ၌။ ပုဗ္ဗကာရံ၊ ကို။ ကရောတိ၊ ၏။ (ဘိက္ခဝေ ပဉ္စဟိ ဣမေဟိ ဓမ္မေဟိ သမန္နာဂတော ဥပါသကော ဥပါသကရတနဉ္စ ဥပါသကပဒုမဉ္စ ဥပါသက ပုဏ္ဍရီကဉ္စ ဟောတိ။) ဣတိ၊ သို့။ (အာဟ၊ ပြီ)။ အင်္ဂုတ္တိုရ်, ပဉ္စကနိပါတ်, စတုတ္ထပံ, ဥပါသကဝဂ်, စဏ္ဍာလသုတ် ပါဠိတော်။
**အဇ္ဇတဂ္ဂေ**တိဧတ္ထ၊ ၌။ အယံ အဂ္ဂသဒ္ဒေါ၊ ဤအဂ္ဂသဒ္ဒါသည်။ အာဒိကောဋိ ကောဋ္ဌာသသေဋ္ဌေသု၊ အစဟူသောအနက်, အစွန်အဖျားဟူသောအနက်, အဖို့အစုဟူသောအနက်, အမြတ်ဟူသောအနက်တို့၌။ ဒိဿတိ၊ ထင်၏။
ဟိ၊ ချဲ့။ သမ္မဒေါဝါရိက၊ အချင်း တံခါးစောင့်။ အဇ္ဇတံ၊ ယနေ့ကို။ အဂ္ဂေ၊ အစပြု၍။ နိဂဏ္ဌာနံ၊ နိဂဏ္ဌယောက်ျားတို့၏လည်းကောင်း။ ဝါ၊ တို့ဖို့လည်းကောင်း။ နိဂဏ္ဍီနံ၊ နိဂဏ္ဌမိန်းမတို့၏လည်းကောင်း။ ဝါ၊ တို့ဖို့လည်းကောင်း။ ဒွါရံ၊ တံခါးကို။ အာဗရာမိ၊ ပိတ်လိုက်၏။ ဣတိအာဒီသု၊ ရပ်တို့၌။ အာဒိမှိ၊ အစဟူသောအနက်၌။ ဒိဿတိ၊ ၏။ [မဇ္ဈိမနိကာယ်, မဇ္ဈိမပဏ္ဏာသက, ဥပါလိသုတ်။]ရတန, ပဒုမ, ပုဏ္ဍရီက။ ။ စတုန္နံပိ ပရိသာနံ ရတိဇနနဋ္ဌေန (မွေ့လျော်နှစ်သက်မှုကိုဖြစ်စေတတ်သောကြောင့်) ဥပါသကောဝ+ရတနံ ဥပါသကရတနံ၊ ထိုဥပါသကာ ရောက်ရှိရာပရိသတ်သည် အလွန်နှစ်သက် မွေ့လျော် ပျော်ရွှင်ကြ၏၊ ဂုဏသောဘာ (သီလစသော ဂုဏ်အားဖြင့် တင့်တယ်ခြင်း) ကိတ္တိသဒ္ဒ သုဂန္ဓတာယ (ကျော်စောသတင်းအားဖြင့် မွှေးကြိုင်ခြင်းကြောင့်) ဥပါသကောဝ+ပဒုမံ ဥပါသကပဒုမံ၊ တထာ ဥပါသကပုဏ္ဍိရီကံ၊- ဋီကာ။
မှတ်ချက်။ ။ ဤသို့ သီလပျက်, သီလရှိကို ထောက်၍ "ဥပါသက စဏ္ဍာလ, ဥပါသက ရတန" ဟု ခွဲသကဲ့သို့ ရဟန်း သာမဏေများလည်း သီလပျက်မှု, သီလရှိမှုကို ထောက်၍ "စဏ္ဍာလ ရဟန်းသာမဏေ, မလ ရဟန်းသာမဏေ, ပတိတိဋ္ဌ ရဟန်းသာမဏေ" ဟုလည်းကောင်း, "ရဟန်းသာမဏေ ရတနာ, ရဟန်းသာမဏေ, ပဒုမ္မာ, ရဟန်းသာမဏေ ပုဏ္ဍရိက် ဟုလည်းကောင်း ခေါ်သင့်၏ ဟု မှတ်ပါ။ [အဇ္ဇတဂ္ဂေ ပါဏုပေတံစသော ပါဠိတော်၏ အဖွင့်သည် ပါရာဇိကဏ်အဋ္ဌကထာနှင့် တူ၏၊ ထို့ကြောင့် အဓိပ္ပာယ်ကို ထိုဘာသာဋီကာ၌ ရှုပါ၊ ဤ၌ နိဿယကိုသာ ရေးထားပါသည်။]
တေနေဝ အင်္ဂုလဂ္ဂေန၊ ထိုလက်ချောင်းဖျားဖြင့်သာလျှင်။ တံ အင်္ဂုလဂ္ဂံ၊ ကို။ ပရာမသေယျ၊ သုံးသပ်ရာ၏။
ဥစ္ဆဂ္ဂံ (ဥစ္ဆု+ အဂ္ဂံ)၊ ကြံအဖျားကို။ ဝေဠဂ္ဂံ (ဝေဠု+အဂ္ဂံ)၊ ဝါးအဖျားကို။ ဣတိ အာဒီသု၊ ရပ်တို့၌။ ကောဋိယံ၊ အစွန်အဖျားဟူသော အနက်၌။ ဒိဿတိ၊ ၏။ [ကောဋိယံတိ ပရိယန္တ ကောဠိယံ။]
ဘက္ခဝေ၊ တို့။ အမ္ဗိလဂ္ဂံဝါ၊ ချဉ်သောသစ်သီးအဖို့အစုကိုလည်းကောင်း။ မဓုရဂ္ဂံဝါ၊ ချိုသောသစ်သီးအဖို့အစုကိုလည်းကောင်း။ တိတ္တဂ္ဂံဝါ၊ ခါးသော သစ်သီးအဖို့အစုကိုလည်းကောင်း။ ဝိဟာရဂ္ဂေနဝါ၊ ကျောင်းအခန်း အဖို့အစုအားဖြင့်သော်လည်းကောင်း။ ပရိဝေဏဂ္ဂေန၊ ပရိဝုဏ် အဖို့အစုအားဖြင့်သော်လည်းကောင်း။ ဘာဇေတုံ၊ ဝေဘန်ခြင်းငှာ။ အနုဇာနာမိ၊ ခွင့်ပြုတော်မူ၏။ ဣတိ အာဒီသု, ကောဋ္ဌာသေ၊ အဖို့အစုဟူသောအနက်၌။ (ဒိဿတိ၊ ၏)။
ဘိက္ခဝေ၊ တို့။ ယာဝတာ၊ အကြင်မျှ အတိုင်းအရှည်ရှိကုန်သော။ အပဒါဝါ၊ အခြေမရှိသည်မူလည်းဖြစ်ကုန်သော။ အပဒါဝါ၊ အခြေ ၂ ချောင်းရှိသည်မူလည်းဖြစ်ကုန်သော။ ပေ၊ သတ္တာ၊ တို့သည်။ (သန္တိ)။ တေသံ၊ ထိုသတွာတို့တွင်။ တထာဂတော၊ ကို။ အဂ္ဂံ၊ အမြတ်ဆုံးဟူ၍။ အက္ခာယတိ၊ ဆိုအပ်၏။ ဣတိ အာဒီသု, သေဋ္ဌေ၊ အမြတ်ဟူသောအနက်၌။ (ဒိဿတိ၊ ၏။ အင်္ဂုတ္တရ, စတုက္က, စက္ကဝဂ်။)
ပန၊ အတ္ထုဒ္ဓါရ, သာမညမှတစ်ပါး။ ပေ၊ အံ့။ ဣဓ၊ ဤအဇ္ဇတဂ္ဂေ ပါဏုပေတံဟူသောပါဌ်၌။ အယံ၊ ဤအဂ္ဂသဒ္ဒါကို။ အာဒိမှိ၊ အစဟူသောအနက်၌။ ဒဋ္ဌဗ္ဗော၊ ၏။
တသ္မာ၊ ကြောင့်။ အဇ္ဇတဂ္ဂေတိ ဧတ္ထ၊ ၌။ အဇ္ဇတံ၊ ယနေ့ကို။ အာဒိံ၊ အစကို။ ကတွာ၊ ၍။ ဣတိ ဧဝံ အတ္ထော ဝေဒိတဗ္ဗော။
**အဇ္ဇတံ**တိ၊ ကား။ အဇ္ဇဘဝံ၊ ယနေ့၌ဖြစ်သော ဆည်းကပ်မှုကို။ (အာဒိံ ကတွာ။)
ဝါ၊ တစ်နည်း။ အဇ္ဇဒဂ္ဂေတိ၊ အဇ္ဇဒဂ္ဂေဟူ၍။ ပါဌော၊ ပါဌ်သည်။ (အတ္ထိ)။ ဒကာရော၊ သည်။ ပဒသန္ဓိကရော၊ ပုဒ်တို့၏ စေ့စပ်မှုကိုပြုတတ်၏။
အဇ္ဇ၊ ယနေ့ကို။ အဂ္ဂံ၊ အစကို။ ကတွာ၊ ၍။ ဣတိ အတ္ထော။အဇ္ဇတဂ္ဂေ။ ။ဘာဝတ္ထေ တာသဒ္ဒေါတိ ဒဿေတိ အဇ္ဇဘာဝံတိ ဣမိနာ၊ အဇ္ဇဘာဝေါစ နာမ တသ္မိံ ဓမ္မဿဝနသမယေ ဓရမာနကတာပါပုဏကဘာဝေါ (ထင်ရှားရှိသည်၏ အဖြစ်သို့ ရောက်သည်၏အဖြစ်တည်း၊) တဒါ ဟိ တန္နိဿယဝသေန ဓရမာနတံ နိမိတ္တံ ကတွာ (သဒ္ဒပ္ပဝတ္တိနိမိတ်ပြု၍) တံ ဒိဝသနိဿိတ အရုဏဂ္ဂမနတော ပဋ္ဌာယ ယာဝ ပုန အရုဏုဂ္ဂမနာ ဧတ္ထန္တရေ အဇ္ဇသဒ္ဒေါ ပဝတ္တတိ၊ တသ္မာ-တသ္မိံသမယေ ဓရမာနကတာ သင်္ခါတံ အဇ္ဇဘာဝံ အာဒိံ ကတွာတိ အတ္ထော ဒဋ္ဌဗ္ဗော၊-ဋီကာသစ်၊ [ဤဋီကာအလို "အဇ္ဇတံ-ယနေ့၏ဖြစ်ကြောင်းဖြစ်ရာ ထင်ရှားရှိသော ယခုအချိန်အခါကို, ဟု ပေးရလိမ့်မည်၊ သို့သော် အဋ္ဌကထာ ၏အလို မဟုတ်ပါ။) အဇ္ဇတံတိဝါ အဇ္ဇဣစ္စေဝ အတ္ထော, တာသဒ္ဒဿ သကတ္ထဝုတ္တိတော ယထာ ဒေဝတာတိ၊ အယံ အာစရိယာနံ မတိ။ [ဤစကားကား ဋီကာဟောင်းနှင့်တကွ သာရတ္ထ ဝိမတိတို့၏ အယူကို ဖွင့်ပြသောစကားကည်း၊ ဤအလို "အဇ္ဇဘာဝံ" ဟု မရှိရ, "အဇ္ဇဘဝံ" ဟုသာ ရှိရလိမ့်မည်။
**ပါဏုပေတံ**တိ၊ ကား။ ပါဏေဟိ၊ အသက်တို့ဖြင့်။ ဥပေတံ၊ ဆည်းကပ်တတ်သော။
ယာဝ၊ အကြင်မျှလောက်။ မေ၊ ဒကာတော်၏။ ဇီဝိတံ၊ အသက်သည်။ ပဝတ္တတိ၊ ဖြစ်တည်၏။ တာဝ၊ ထိုအသက်ရှည်သမျှကာလပတ်လုံး။ ဥပေတံ၊ သော။ ("ဥပါသကံ" ၌စပ်။) အနညသတ္ထုကံ၊ အခြားဆရာမရှိသော။ တီဟိ၊ န်သော။ သရဏဂမနေဟိ၊ တို့ဖြင့်။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတံ၊ ဆည်းကပ်တတ်သော။ ဥပါသကံ၊ ဥပါသကာဟူ၍။ ကပ္ပိယကာရကံ၊ ကပ္ပိယကာရကဟူ၍။ မံ၊ ဒကာတော်ကို။ ဘဂဝါ၊ သည်။ ဓာရေတု၊ စိတ်၌ ဆောင်တော်မူပါ။ ဇာနာတု၊ သိတော်မူပါ။
ဟိ၊ မှန်။ (တစ်နည်း)။ ကသ္မာ၊ ကြောင့်။ ဓာရေတု၊ စိတ်၌ဆောင်တော်မူရာပါသနည်း။ ဟိ (ယသ္မာ)၊ ကြောင့်။ အဟံ၊ ဒကာတော်သည်။ ("နေဝ ဝဒေယျံ" ၌စပ်။) မေ၊ ဒကာတော်၏။ တိခိဏေန၊ ထက်လှစွာသော။ အသိနာ၊ သန်လျက်ဖြင့်။ သီသံ၊ ကို။ သစေပိ ဆိန္ဒေယျ၊ အကယ်မူလည်း ဖြတ်စေဦးတော့။ (ဧဝံသတိပိ၊ ဤသို့ဖြတ်ပါသော်လည်း။) ဗုဒ္ဓံ၊ ဘုရားကို။ န ဗုဒ္ဓေါ၊ ဘုရားမဟုတ်။ ဣတိဝါ၊ ဤသို့လည်းကောင်း။ ပေ၊ နေဝဝဒေယျံ၊ မပြောရာတော့ပါ။ ဣတိ၊ ထို့ကြောင့်။ (ဓာရေတု၊ ပါ)။
ဧဝံ၊ ဤသို့လျှင်။ အတ္တသန္နိယျာတနေန၊ မိမိကို အပ်နှင်းခြင်းဖြင့်။ ဝါ၊ မိမိကိုအပ်နှင်းကြောင်း သရဏဂုံဖြင့်။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂန္တွာ၊ ဆည်းကပ်ပြီး၍။ အတ္တနာ၊ မိမိသည်။ ကတံ၊ ပြုအပ်ပြီးသော။ အဖရာဓံ၊ အပြစ်ကို။ ပကာသေန္တော၊ ထင်ရှားပြလိုသည်။ (ဟုတွာ)။ အစ္စယော မံ ဘန္တေတိ အာဒိံ၊ အစရှိသော စကားရပ်ကို။ အာဟ။
တတ္ထ၊ ထို အစ္စယော မံ ဘန္တေ အစရှိသောစကားရပ်၌။ **အစ္စယော**တိ၊ ကား။အစ္စယော။ ။ အတိ+အယ၊ အတိသည် အတိက္ကမနအနက်ဟော၊ အယသည်ဖြစ်ခြင်းဟူသော ပဝတ္တိဂတိအနက်ဟောတည်း၊ သာဓုမရိယာဒံ-လူကောင်းသူကောင်းတို့၏စည်းကမ်းကို၊ မဒ္ဒိတွာ-နင်းချေဖျက်ဆီး၍၊ ဝီတိက္ကမနံ-ကျူးလွန်ခြင်းတည်း၊ အစ္စယော-ခြင်း၊ ["အတိက္ကမ္မ+အယနံ ပဝတ္တနံ အစ္စယော" ဟု ပြုစေလိုရင်းတည်း။]
အပရာဓ။ ။ လူကောင်းသူကောင်းတို့အတွက် မိဘနှင့် သားသ္မီး, ဆရာနှင့်တပည့် စသူတို့၏ ပြုကျင့်ရသော စည်းကမ်းထုံးစံရှိ၏၊ ထိုစည်းကမ်းကို နင်းချေ ဖျက်ဆီးခြင်းသည် အပြစ်တည်း၊ ထို့ကြောင့် "အပရာဓော" ဟု ဖွင့်သည်၊ အဇာတသတ်မင်းလည်း မိဘအပေါ်၌ သားသ္မီးတို့က ပြုကျင့်ရသော ထိုစည်းကမ်းကို နင်းချေ၍ ခမည်းတော်ကို သတ်စေသောကြောင့် ကြီးစွာသော အစ္စယ (အပရာဓ)ကို ပြုမိလေသည်။ အပရဇ္ဈနံ-ပြစ်မှားခြင်း၊ အပရာဓော ခြင်း၊ အပ+ရာဓဓာတ်သည် ပဒုဋ္ဌ (ပြစ်မှားခြင်း) အနက်ကို ဟော၏၊ မှားယွင်းသောအပြစ်ကို "ပြစ်+မှား" ဟု ခေါ်သည်။
တစ်နည်း။ ။ အစ္စေတိ အတိက္ကမတိ ဧတေနာတိ အစ္စယော-ကျူးလွန်ကျော်နင်းကြောင်းဖြစ်သော အကုသိုလ်တရား၊ ထို အကုသိုလ်တရားသည် "အပရဇ္ဈတိ ဧတေန" ဟူသော ကရဏသာဓနကြောင့် "အပရာဓ" လည်းမည်၏၊ ဧတေန-ဤအကုသိုလ်စိတ္တုပ္ပါဒ်ကြောင့်၊အပရဇ္ဈတိ-မိဘစသည်ကို ပြစ်မှားတတ်၏၊ ဣတိ အပရာဓော၊ ဤအဖွင့်အရ "အစ္စယော-ကျူးလွန်ကျော်နင်း၍ဖြစ်ခြင်းဟူသော အပြစ်သည်၊ ဝါ-ကျူးလွန်ကျော်နင်း၍ဖြစ်ကြောင်း `အပြစ်သည်" ဟု ပါဠိတော်၌ သဒ္ဒတ္ထပေးပါ။
အပရာဓော၊ အပြစ်သည်။ (အစ္စဂမာ၌စပ်။)
**မံ အစ္စဂမာ**တိ၊ ကား။ မံ၊ ဒကာတော်ကို။ အတိက္ကမ္မ အဘိဘဝိတွာ၊ လွှမ်းမိုး၍။ ပဝတ္တော၊ ဖြစ်ပါပြီ။
**ဓမ္မိကံ ဓမ္မရာရာဇနံ**တိ ဧတ္ထ၊ ၌။ (ဝစနတ္ထော ဧဝံ ဝေဒိတဗ္ဗော။) (ယောပိတာ၊ အကြင်ခမည်းတော်သည်။) ဓမ္မံ၊ မင်းကျင့်တရား, မြတ်ဆယ်ပါးကို။ စရတိ၊ ကျင့်တတ်၏။ ဣတိ၊ ကြောင့်။ (သော ပိတာ။) ဓမ္မိကော၊ မည်၏။ (ယော ပိတာ။)
ဓမ္မေနေဝ၊ တရားရှိသော ပယောဂဖြင့်သာလျှင်။ ရာဇာ၊ မင်းသည်။ ဇာတော၊ ဖြစ်ပြီ။ ပိတုဃာတာဒိနာ၊ အဖကိုသတ်ခြင်းအစရှိသော။ အဓမ္မေန၊ တရားမရှိသော ပယောဂဖြင့်။ (ရာဇာ၊ သည်။) န (ဇာတော)၊ ဖြစ်သည်မဟုတ်။ ဣတိ၊ ကြောင့်။ (သော ပိတာ။) ဓမ္မရာဇာ၊ မည်၏
**ဇီဝိတာ ဝေါရောပေသိံ**တိ၊ ကား။ ဇီဝိတာ၊ ဇီဝိတိန္ဒြေမှ။ ဝိယောဇေသိံ၊ ကင်းစေမိပါပြီ။ ဝါ၊ ခွင်းမိပါပြီ။အစ္စဂမာ။ ။ အတိပုဗ္ဗ+ဂမုဓာတ်, အာဝိဘတ်ဖြင့် အ အက္ခရာလာ၍ "အဂမာ" ဟုဖြစ်၏၊ အတိကို "အတိက္ကမ္မ" ဟု ဖွင့်၍, ထိုအတိက္ကမ္မကို "ကျော်လွန်၍" ဟု အနက်ပေးမည်စိုးသောကြောင့် "အဘိဘဝိတွာ-လွှမ်းမိုး၍" ဟု ဖွင့်သည်၊ မှန်၏၊-အပြစ်ကိုကျူးလွန်သူသည် ထိုအပြစ်ကို မဖြစ်အောင် မသိမ်းဆည်းနိုင်ရကား အပြစ်က ထိုသူ့ကို လွှမ်းမိုးရာရောက်သည်။
ဓမ္မံ စရတိ။ ။ စရတိအနက်၌ ဣကပစ္စည်းသက်ထားသည်ဟု သိစေလို၍ ဓမ္မိကံကို "ဓမ္မံ စရတိ" ဟု ဖွင့်သည်၊ ဓမ္မံအရ "ဒါနံ သီလံ ပရိစ္စာဂံ" စသည်ဖြင့် မဟာဟံသဇာတ်တော်၌ ဟောတော်မူအပ်သော မင်းကျင့်တရားဆယ်ပါးကို ယူပါ၊ "စရတိ-ကျင့်" ဟူသည်ပြုခြင်းတည်း၊ ထို့ကြောင့် "အာစရတိ ကရောတိ" ဟု ဋီကာဖွင့်သည်။
ဓမ္မရာဇာ။ ။ ဓမ္မေန+ရာဇာ ဓမ္မရာဇာ၊ ဓမ္မေနကို "ဓမ္မတော အနပေတေန ပယောဂေန-တရားမှမကင်းသောကိုယ်မှု နှုတ်မှုပယောဂဖြင့်" ဟု ဖွင့်၏၊ "ကိုယ်နှုတ်ဖြင့်ပြုလုပ်ပြောဆိုသမျှ၌ မင်းကျင့်တရား (ကုသိုလ်စိတ်) မှ မကင်းသော ပယောဂဖြင့်ချည်း ပြုလုပ်ပြောဆိုသည်၊-ဟူလို၊ အလုံးစုံသောပုဒ်တို့၌ "သဗ္ဗပဒံ သာဝဓာရဏံ" နှင့်အညီ ဧဝထည့်နိုင်၏၊ ထို့ကြောင့် "ဓမ္မေနေဝ" ဟု ဖွင့်၍ ထိုဧဝ၏ နိဝတ္တေတဗ္ဗတ္ထကို ဖွင့်ရာ၌ အဇာတသတ်မင်းကို စောင်းသောအားဖြင့် "န ပိတုဃာတာဒိနာ အဓမ္မေန ဟု အဋ္ဌကထာဆရာ ဖွင့်သည်။
ဝေါရောပေသိံ။ ။ ဝိ+အဝ+ရုဟဓာတ် ဏာပေပစ္စည်းဖြင့် ရု၏ ဥကို ဩ, ဟကိုလည်းကောင်း, အာကိုလည်းကောင်း ချေ၍ ဣံဝိဘတ်ဖြင့် "ဝေါရောပေသိ" ဟုဖြစ်၏၊ "အထူးအားဖြင့်+အောက်သို့+သက်ရောက်စေ" ဟု သဒ္ဒတ္ထဖြစ်သော်လည်း "ဝိယောဇေသိံ-ခမည်းတော်၏ကိုယ်ကို အသက်မှ ကင်းစေမိပါပြီ၊ ဝါ-ခွင်းမိပါပြီ" ဟု အဓိပ္ပာယတ္ထ ဖွင့်၏၊ "ခမည်းတော်ကို အသက်တစ်ခြားကိုယ်တစ်ခြားဖြစ်အောင်ပြုလုပ်မိပါပြီ" ဟူလို။
**ပဋိဂ္ဂဏှာတူ**တိ၊ ကား။ ခမတု၊ သည်းခံတော်မူပါ။
**အာယတိံ သံဝရာယာ**တိ၊ ကား။ အနာဂတေ၊ နောက်နောင်အခါ၌။ သံဝရတ္ထာယ၊ စောင့်စည်းခြင်းအကျိုးငှာ။
ပုန၊ တဖန်။ ဧဝရူပဿ၊ ဤသို့သဘောရှိသော။ အပရာဓဿ၊ အပြစ်ကို။ ဒေါသဿ၊ အပြစ်ကို။ ခလိတဿ၊ ချွတ်ယွင်းချက်ကို။ အကရဏတ္ထာယ၊ ငှာ။ (ပဋိဂ္ဂဏှာတု လက်ခံတော်မူပါ။)
**တဂ္ဃါ**တိ၊ တဂ္ဃဟူသော သဒ္ဒါသည်။ ဧကံသေ (ဧက+အံသေ)၊ တစ်ခုသော အဖို့ဟူသော အနက်၌။ ဝါ၊ စင်စစ် ဧကန်ဟူသောအနက်၌။ (ပဝတ္တော၊ သော။) နိပါတော၊ နိပါတ်တည်း။
**ယထာ ဓမ္မံ ပဋိကရောသီ**တိ၊ ကား။ ယထာ၊ အကြင်အခြင်းအရာအားဖြင့်။ ဓမ္မော၊ သူတော်ကောင်းတို့၏ အလေ့အကျက် တရားသည်။ ဌိတော၊ တည်၏။ တထေဝ၊ ထိုဓမ္မ၏တည်မြဲတိုင်းသော အခြင်းအရာအားဖြင့်သာလျှင်။ ကရောသိ၊ ပြု၏။ ခမာပေသိ၊ သည်းခံစေ၏။ ဝါ၊ တောင်းပန်၏။ ဣတိ ဝုတ္တံ ဟောတိ။
**တံ၊ ပေ၊ ပဋိဂ္ဂဏှာမာ**တိ၊ ကား။ တဝ၊ သင်၏။ တံ အပရာဓံ၊ ထိုအပြစ်ကို။ မယံ၊ တို့သည်။ ခမာမ၊ သည်းခံကုန်၏။
**ဝုဍ္ဎိဟေသာ၊ ပေ၊ ဝိနယေ**တိ၊ ကား။ မဟာရာဇ၊ မဟာရာဇာ။ ဧသာ၊ ဤသို့ကုစားပြီး၍ စောင့်စည်းခြင်းသည်။ အရိယဿ၊ အရိယာဖြစ်တော်မူသော မြတ်စွာဘုရား၏။ ဝိနယေ၊ ဆုံးမရာ ဆုံးမကြောင်းသာသနာတော်၌။ ဗုဒ္ဓဿ၊ အလုံးစုံသောတရားတို့ကို သိတော်မူသော။ပဋိဂ္ဂဏှာတု။ ။ "ပဋိဂ္ဂဏှ-လက်မခံ" ဟူသည် သည်းခံသောအားဖြင့် လက်ခံခြင်းတည်း၊ ထို့ကြောင့် "ခမတု" ဟု အဓိပ္ပာယတ္ထဖွင့်သည်။ [ပဋိဂ္ဂဏှာတူတိ အဓိဝါသနဝသေန သမ္ပဋိစ္ဆတူတိ အတ္ထောတိ အာဟ-ခမတူတိ-ဋီကာ။]
သံဝရာယ။ ။ သဝိဘတ်ကို အာယပြုထားသော တဒတ္ထသမ္ပဒါန်ပုဒ်ဟု သိစေလို၍၊ "သံဝရတ္ထာယ" ဟု အတ္ထထည့်၍ ဖွင့်သည်၊ ထို "စောင့်စည်းခြင်း" ဟူသည် "နောက်နောင်အခါ ထိုအပြစ်မျိုးကို မပြုခြင်းတည်း" ဟု သိစေလို၍ "အကရဏတ္ထာယ" ဟု အဓိပ္ပာယတ္ထ ဖွင့်သည်။
ယထာ၊ ပေ၊ ကရောသိ။ ။ ယထာဓမ္မံ၌ ယထာသဒ္ဒါသည် "အနုရူပအနက်ဟော" ဟု သိစေလို၍ "ယထာ ဓမ္မော ဌိတော, တထေဝ" ဟုလည်းကောင်း, ပတိဥပသာရသည် အနက်ထူး မရှိဟု သိစေလို၍ "ကရောသိ" ဟုလည်းကောင်း ဖွင့်သည်၊ ထိုသို့ ပြုခြင်းဟူသည် "တောင်းပန်ခြင်းပင်တည်း" ဟု သိစေလို၍ "ခမာပေသီတိ ဝုတ္တံ ဟောတိ" ဟု ဥဇုကတ္ထဖွင့်သည်၊ ဤ၌ ဓမ္မဟူသည် သူတော်ကောင်းတို့၏ အလေ့ကျက်ဖြစ်သော ကုသိုလ်တည်း၊ ထိုသို့ ဓမ္မအားလျော်စွာ ပြုခြင်းကို "ကုစားခြင်း" ဟုလည်း ဆိုကြ၏၊ ဤအလို ပတိအတွက် ကရဓာတ်သည် "ပတိကာရ-ကုစားခြင်း" အနက်ကို ဟောသည်ဟု တစ်နည်းကြံပါ။
အရိယဿ ဝိနယေ။ ။ "အရ-ဂတိမှိ" ဟူသော ဓာတ်နောင် ဏျပစ္စည်းဖြင့် ဝုဒ္ဓိ မရောက်ဘဲ "အရိယ" ဟု ပြီး၏၊ သဒေဝကေန လောကေန သရဏန္တိ အရီယတေ (ဂမီယတေ) တိ အရိယော-နတ်နှင့်တကွဖြစ်သော လောကသည်ကိုးကွယ်ရာဟူ၍ ဆည်းကပ်အပ်သောကြောင့် ဘုရားရှင်သည် "အရိယ" မည်တော်မူ၏၊ ဝိနေတိ ဧတ္ထဧတေနာတိ ဝိနယော-ဆုံးမရာဆုံးမကြောင်း သာသနာတော်သည် ဝိနယမည်၏၊ ထို့ကြောင့် "ဗုဒ္ဓဿ၊ ပေ၊ သာသနေ" ဟု ဖွင့်သည်။
ဘဂဝတော၊ ၏။ သာသနေ၊ ၌။ ဝုဍ္ဎိနာမ၊ တိုးပွားကြောင်းမည်၏။
ကတမာ၊ အဘယ်သည်။ (ဝုဍ္ဎိနာမ၊ မည်သနည်း။)
အစ္စယံ၊ အပြစ်ကို။ အစ္စယော၊ အပြစ်အားဖြင့်။ ဝါ၊ ဟူ၍။ ဒိသွာ၊ ၍။ ယထာဓမ္မံ၊ သူတော်သူမြတ်တို့၏ တရားအားလျော်စွာ။ ပဋိကရိတွာ၊ ကုစားပြီး၍။ အာယတိံ၊ နောက်နောင်အခါ၌။ ယာယံ (ယာ+အယံ) သံဝရာပဇ္ဇနာ၊ အကြင်စောင့်စည်းခြင်းသို့ ရောက်ခြင်းသည်။ (အတ္ထိ, ဧသာ၊ ဤသို့ ကုစားပြီး၍ စောင့်စည်းခြင်းသည်။ ဝုဍ္ဎိနာမ၊ မည်၏။) (ဝုဍ္ဎိဟေသာတိ အာဒိနာ၊ အစရှိသော ပါဠိတော်ပါဌ်ဖြင့်။ ဓမ္မာဓိဋ္ဌာန ဒေသနာ၊ ဓမ္မာဓိဋ္ဌာန်ဒေသနာကို။ ကိဉ္စာပိ အာရဒ္ဓါ၊ အကယ်၍မူလည်း အားထုတ်တော်မူပါပေပြီ။) ပန၊ ထိုသို့ပင်အားထုတ်တော်မူအပ်ပါသော်လည်း။ ဒေသနံ၊ ကို။ ပုဂ္ဂလာဓိဋ္ဌာနံ၊ ပုဂ္ဂိုလ်ဟူသောတည်ရာရှိသည်ကို။ ကရောန္တော၊ ပြုတော်မူလိုသည်။ (ဟုတွာ)။ဝုဒ္ဓိဟေသာ။ ။ ဧသာ၏ စွဲနက်ကို "ယာစာယံ၊ ပေ၊ သံဝရာပဇ္ဇနာ" ဟု ထည့်၏၊ ဝုဒ္ဓိဟူသည် သဂ္ဂသမ္ပတ္တိ မောက္ခသမ္ပတ္တိဟူသော တိုးပွားကြောင်းတည်း၊ ဝဒ္ဓတိ သဂ္ဂမောက္ခသမ္ပတ္တိ ဧတာယာတိ ဝုဒ္ဓိ၊ ဟေသာ၌ ဟသည်, တစ်နည်း ဟိနိပါတ်သည် အနက်သီးခြားမရှိ။
မှတ်ချက်။ ။ အနိယမဝါကျ၌ ကုစားမှု (တောင်းပန်မှု)ကို "ပဋိကရိတွာ" ဟု အပဓာနကြိယာဝိသေသန အဖြစ်ဖြင့် ဆို၍ "အာယတိံ သံဝရာပဇ္ဇနာ"ကို ဝိသေသျပဓာန အဖြစ်ဖြင့် ဆိုပါသော်လည်း အနက်မှန်အားဖြင့်မူ ပဋိကာရဟူသော ကုစားတောင်းပန်မှုက ပဓာနဖြစ်၏၊ ဘာကြောင့်နည်း အရိယူပဝါဒကံ အရာဝယ် တောင်းပန်မှုရှိမှ ထိုကံ၏ ကင်းနိုင် (ပပျောက်နိုင်) ခြင်းကြောင့်တည်း၊ ထို့ကြောင့် ဝုဒ္ဓိဟေသာ၌ ဧသာကို "ပဋိကရိတွာ+ သံဝရာပဇ္ဇနာ" ဟု ကြိယာ ၂ မျိုးလုံးကို စွဲပါ။
ဒေသနံ ပန။ ။ အဘယ့်ကြောင့် ပါဠိတော်၌ "ဝုဒ္ဓိဟေသာ" ဟု ပဋိကာရကြိယာ ဟု စောင့်စည်းခြင်းကြိယာကို အရကောက်ရသော ဓမ္မာဓိဋ္ဌာန် ဒေသနာကို ပဌမဟောတော် မူပြီးလျှင် "ယော အစ္စယံ အစ္စယတော ဒိသွာ ၊ပေ၊ သံဝရံ အာပဇ္ဇတိ-အကြင်ပုဂ္ဂိုလ်သည် အပြစ်ကို အပြစ်ဟုမြင်၍ ၊ပေ၊ စောင့်စည်းခြင်းသို့ ရောက်၏" ဟု ပုဂ္ဂလာဓိဋ္ဌာန် ဒေသနာတော်ကို ဟောတော်မူပြန်ပါသနည်း ဟု မေးဖွယ်ရှိသောကြောင့် "ဒေသနံ ပန" စသည်ကို မိန့်သည်၊ ပနသည် ဓမ္မာဓိဋ္ဌာန် အစွဲကို ရှုတ်ချသော ဂရဟာဇောတကတည်း၊ အနက်ပေးသောအခါ "ကိဉ္စာပိ" စသော ဝါကျကို ထည့်ရသည်။
ဋီကာသစ်။ ။ ကိဉ္စာပိ ဝုဍ္ဎိဟေသာတိအာဒိနာ ဓမ္မာဓိဋ္ဌာန ဒေသနာ အာရဒ္ဓါ၊ (စ၍ အားထုတ်တော်မူအပ်ပြီ။) တထာပိ (ပနအဖွင့်) ပုန ပုဂ္ဂလာဓိဋ္ဌာနံ ကရောန္တော ယောအစ္စယံတိ အာဒိနာ ပုဂ္ဂလာဓိဋ္ဌာနဒေသနာ အာရဒ္ဓါ ဒေသနာဝိလာသဝသေန ဝေနယဇ္ဈာ သယဝသေန စာတိ။
ယော ၊ ပေ၊ အာဝဇ္ဇတီတိ၊ ဟူ၍။ အာဟ၊ မိန့်တော်မူပြီ။
[ယော၊ အကြင် ပုဂ္ဂိုလ်သည်။ အစ္စယံ၊ ကို။ အစ္စယတော၊ အားဖြင့်။ ဝါ၊ ဟူ၍။ ဒိသွာ၊ ၍။ ယထာဓမ္မံ၊ စွာ။ ပဋိကရောတိ၊ ၏။ အာယတိံ၊ ၌။ သံဝရံ၊ စောင့်စည်းခြင်းသို့။ အာပဇ္ဇတိ၊ ၏။ (တဿ၊ ထိုပုဂ္ဂိုလ်၏။ ဧသာ၊ ဤသို့ ကုစားပြီး၍ စောင့်စည်းခြင်းသည်။ အရိယဿ၊ အရိယာဖြစ်တော်မူသော မြတ်စွာဘုရား၏။ ဝိနယေ၊ ဆုံးမရာ ဆုံးမကြောင်းသာသနာတော်၌။ ဝုဍ္ဎိ၊ တိုးပွားကြောင်းတည်း)။]
**ဧဝံ ဝုတ္တေ**တိ၊ ကား။ ဧဝံ၊ သို့။ ဘဂဝတာ၊ သည်။ ဝုတ္တေ၊ မိန့်တော်မူအပ်သော်။ (အဝေါစ ၌စပ်။)
**ဟန္ဒ၊ ပေ၊ ဘန္တေ**တိ ဧတ္ထ၊ ၌။ ဟန္ဒာတိ၊ ဟူသော သဒ္ဒါသည်။ ဝစသာယစ္ဆေ၊ စကား၏ ပြီးဆုံးခြင်းဟူသော အနက်၌။ ဝါ၊ စကားလက်စသတ်ခြင်းဟူသော အနက်၌။ (ပဝတ္တော)။ နိပါတော၊ နိပါတ်တည်း။
ဟိ၊ မှန်။ သော၊ ထိုအဇာတသတ်မင်းသည်။ ဂမနဝစသာယံ၊ သွားခြင်းအလို့ငှာ ပြုအပ်သောစကား၏ ပြီးဆုံးခြင်းကို။ ကတွာ, ဧဝံ၊ သို့။ အာဟ၊ ပြီ။ဝစသာဟတ္ထေ။ ။ သာဓာတ်သည် ပြီးဆုံးခြင်း အနက်ဟောတည်း၊ ဒါယောပုဒ်ကဲ့သို့ ဏပစ္စည်းဖြင့် သာ၏ အာကို အာယပြု၍ "သာယော" ဟုဖြစ်သည်ဟု ဋီကာသစ်၌ဆို၏၊ သာနံ-ပြီးဆုံးခြင်း၊ သာယော-ပြီးဆုံးခြင်း၊ ဝစသော-စကား၏+သာယော-ပြီးဆုံးခြင်းတည်း၊ ဝစသာယော-ခြင်း၊ ဤသို့ ကြံခြင်းသည် "သော ဟိ" စသောနောက်စကားနှင့် လျော်၏ ဟု ဋီကာသစ်ဆိုသည်၊ မှန်၏- "သော ဟိ" စသည်၌ "ဂမနဝစသာယတ္တံ" ဟု မဆိုဘဲ "ဂမန ဝစသာယံ" ဟု ဆိုသည်။ [ဂမနာယ-ပြန်သွားခြင်းငှာ (ပြန်ဖို့ရာ) +ကတော-ပြုအပ်သော+ဝစ သာယော-စကား၏ဆုံးခြင်း။]
ဝဒန္တိဝါဒ။ ။ ထိုဝဒန္တိဆရာတို့ကား "ဝစသာယတ္တိ" ဟု ဆို၍ "ဝစ+အာယတ္တ" ဟု ပုဒ်ခွဲပြီးလျှင် "ဝစ-ရှေ့စကားနှင့်+အာယတ္တ-နောက်စကားကို ဆက်သွယ်ပေးသော စကား" ဟု ကြံကြ၏၊ ထိုအကြံသည် နောက်ဝါကျ၌ "ဂမန ဝစသာယတ္တံ" ဟု မဆိုဘဲ "ဂမနဝစသာယံ" ဟု ဆိုအပ်သော စကားနှင့် ဆန့်ကျင်၏-ဟု ဋီကာသစ်ပယ်သည်။
ဟန္ဒ၏အနက်များ။ ။ ဟန္ဒသဒ္ဒါသည် စောဒန (တိုက်တွန်းခြင်း) အနက်, ဝဝသဂ္ဂ-ဝေါသဂ္ဂ (စကားကို စွန့်လွှတ်ခြင်း) အနက်အားဖြင့် အနက် ၂ မျိုးရှိ၏၊ "ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ" ၌ ဟန္ဒသည် စောဒနအနက်ဟောတည်း၊ "ဟန္ဒဒါနိ အပယာ ဟန္ဒ-ကိုင်း (ပြောနေကြာရော)၊ ဒါနိ အပယာမိ-ယခု ဖဲသွားတော့မည်" ဟူရာ၌ ဝဝသဂ္ဂ (စကားကိုစွန့်လွှတ်ခြင်း-စကားလက်စသတ်ခြင်း) အနက်ဟောတည်း၊ ထိုဝဝသဂ္ဂအနက်မှ ဤဝစသာယအနက်သည် သဘောတူပင်တည်း၊ ဤ၌ကား-"ဟန္ဒ-စကားလက်စသတ်၍" ပေးသင့်ပါသည်။ စာအုပ်တို့၌ "ဝစသဂ္ဂ" ဟု ပါဌ်ပျက်၏၊ အခြားနေရာ၌ "ဝစ ဝ၁သဂ္ဂ ဝစဝေါသဂ္ဂ" ဟု ရှိ၏၊ ဝဝသဂ္ဂ၌ ဝိ+အဝ+သဇ္ဇဓာတ်, ဏ ပစ္စည်းဖြစ်၍ ဝေါသဂ္ဂနှင့် သဘောတူပင်တည်း။]
**ဗဟုကိစ္စာ**တိ၊ ကား။ ဗလဝကိစ္စာ၊ များသောကိစ္စရှိပါကုန်၏။
ဗဟုကရဏီယာတိ၊ ဗဟုကရဏီယာဟူသော သဒ္ဒါသည်။ တဿေဝ၊ ထိုဗဟုကိစ္စာသဒ္ဒါ၏ပင်။ ဝေဝစနံ၊ ဝေဝုစ်ပရိယာယ် စကားလှယ်သဒ္ဒါတည်း။
**ယဿ ဒါနိ တွန္တိ**၊ ကား။ မဟာရာဇ၊ မဟာရာဇာ။ ဣဒါနိ၊ ၌။ တွံ၊ သည်။ ယဿ ဂမနဿ၊ အကြင်သွားခြင်း၏။ ကာလံ၊ အချိန်ကို။ မညသိ ဇာနာသိ၊ သိ၏။ တဿ (ဂမနဿ)၊ ထိုသွားခြင်း၏။ ကာလံ၊ ကို။ တွမေဝ၊ သင်သည်ပင်။ ဇာနာသိ၊ သိပေတော့။ ဣတိ ဝုတ္တံ ဟောတိ။
**ပဒက္ခိဏံ ကတွာ ပက္ကမီ**တိ၊ ကား။ တိက္ခတ္တုံ၊ ၃ ကြိမ်။ ပဒက္ခိဏံ၊ အပြားအားဖြင့် ကြီးပွားကြောင်းဖြစ်သော အရိုအသေကို။ ကတွာ၊ ၍။ ဒသနာခသမောဓာန သမုဇ္ဇလံ၊ ဆယ်ချောင်းသောလက်သည်းအပေါင်းတို့ဖြင့် တောက်ပသော။ အဉ္စလိံ၊ လက်အုပ်ကို။ဗဟုကိစ္စာ ဗဟုကရဏီယာ။ ။ ဗဟူနိ+ကိစ္စာနိ ယဿ မယှန္တိ ဗဟုကိစ္စာ၊ ဗဟုကရဏီယာ၌လည်း နည်းတူ၊ ကိစ္စ၌ ကရဓာတ် ရိစ္စပစ္စည်း, ကရဏီယ၌ ကရဓာတ် အနီယပစ္စည်းဖြစ်၍ ပစ္စည်း ၂ မျိုးလုံးပင် ကိစ္စပစ္စည်းချည်းဖြစ်သောကြောင့် အနက်တူရကား "တသေဝ ဝေဝစနံ" ဟု ဆိုသည်။
ဋီကာသစ်။ ။ "အဝဿံ ကတ္တပ္ပံ ကိစ္စံ၊ ဣတရံ ကရဏီယံ-မပြုမနေရ, ဧကန်ပြုရမည့် အလုပ်သည် ကိစ္စမည်၏၊ ပြုသင့်လျှင် ပြုရမည့်အလုပ်သည် ကရဏီယာမည်၏" ဟု ကိစ္စနှင့် ကရဏီယအထူးကို ဆို၏၊ ဤအဆိုသည် ပါတိမောက်၌မပြုဘဲ မနေရသော "သမ္မဇ္ဇနီ ပဒီပေါစ" စသည်ကို ကိစ္စဟု ခေါ်ပုံနှင့်လည်းကောင်း, ဆန္ဒစသည် ပေးသူရှိမှ ပြုရမည့် ဆန္ဒ ပါရိသုဒ္ဓိ စသည်ကို ကရဏီယ၏ ပရိယာယ် "ကရဏ" ဟု ခေါ်ပုံနှင့်လည်းကောင်း, သဘောတူသည်၊ "ပထမံဝါ ကတ္တဗ္ဗံ ကိစ္စံ၊ ပစ္ဆာ ကတ္တဗ္ဗံ ကရဏီယံ၊ ခုဒ္ဒကံဝါ ကိစ္စံ, မဟန္တံဝါ ကရဏီယ"န္တိ ဥဒါနဋ္ဌကထာဒီသု ဝုတ္တံ။
ယဿ၊ ပေ၊ မညသိ။ ။ "ယဿ ဒါနိ တွံ ကာလံ မညသိ" ဟူသော စကားသည် ပြန်ခွင့်ပြုရာ၌ အကျဉ်းချုပ် မိန့်တော်မူအပ်သော ပါဠိသုံးတစ်မျိုးတည်း၊ "ယဿ" ဟု ရှိလျှင် တ သဒ္ဒါရှိရမည်ဖြစ်သောကြောင့် "ယဿ ဒါနိ ၊ ပေ၊ ဇာနာသီတိ ဝုတ္တံ ဟောတိ" ဟု ပါဌသေသ ထည့်၍ အဋ္ဌကထာဖွင့်သည့်အတိုင်း အနက်ကျယ်ကို သိပါ၊ အချုပ်မှာ "ပြန်တော့" ဟု တိုက်ရိုက်မိန့်တော်မူလျှင် စကားအသုံး မယဉ်ကျေးသလိုဖြစ်သောကြောင့် စကားအသုံး ယဉ်ကျေးအောင် "ယဿ ဒါနိ ကာလံ မညသိ-အသင်မဟာရာဇာကိုယ်တိုင် ပြန်သွားဖို့ အချိန်ကို သိပေတော့" ဟု မိန့်တော်မူသည်။
အမှာ။ ။ဤဝါကျမျိုးကို ဤသာမညဖလသုတ် ကောမာရဘစ္စ ဇီဝကကထာ၌ လည်း ဖွင့်ခဲ့ပြီ၊ ဤဘာသာဋီကာ၌လည်း အဓိပ္ပာယ်ရေးခဲ့ပြီ၊ ထိုဖွင့်ပုံက သာ၍ကောင်းသကဲ့သို့ ထင်၏၊ "တဿ ကာလံ တွမေဝ ဇာနာသိ" နေရာဝယ် "ဇာနာဟိ" ဟု ရှိလျှင်ကောင်း၏၊ ထို၌ "ကရောဟိ" ဟု ရှိခဲ့သည်။
တိက္ခတ္တုံ ပဒက္ခိဏံ။ ။ ပ+ဒက္ခဓာတ်သည် ဝဍ္ဎိအနက်ကို ဟော၏၊ ပကာရေန+ ဒက္ခန္တိ ဝဍ္ဎန္တိ ဧတေနာတိ ပဒက္ခိဏံ-အပြားအားဖြင့် ကြီးပွားကြောင်းဖြစ်သော အရိုအသေပြုမှု ဒသနခသမောဓာန သမုဇ္ဇလံမှစ၍ ပဉ္စပတိဋ္ဌိတေန ဝန္ဒိတွာတိုင်အောင်သောစကားသည် "တိက္ခတ္တုံ ပဒက္ခိဏံ ကတွာ"ကို သရုပ်ဖေါ်သောစကားတည်း။ [ပဒက္ခိဏံ ကာယကမ္မံတိ တံ ဒိဝသံ တေန ကတံ ကာယကမ္မံ (သုစရိုက်အမှုသည်) ဝဍ္ဎိတ ကာယ ကမ္မံနာမ ကြီးပွားကြောင်း ကာယကံမည်သည်) ဟောတိ၊-တိကင်္ဂုတ္တရ-တတိယပံ, မင်္ဂလဝဂ်, ပုဗ္ဗဏှသုတ် အဋ္ဌကထာ၊ ဤ၌ ပဒက္ခိဏံကို "ကာယကမ္မံ" ဟု ဖွင့်သည်။]
သိရသိ၊ ဦးခေါင်း၌။ ပတိဋ္ဌာပေတွာ၊ တည်စေ၍။ ယာဝ ဒဿန ဝိသယံ၊ မြင်ခြင်း၏ အရာဖြစ်သောအရပ်တိုင်အောင်။ ဝါ၊ မြင်လောက်ရာအရပ်တိုင်အောင်။ ဘဂဝတော၊ မြတ်စွာဘုရား၏ဘက်သို့။ အဘိမုခေါဝ၊ ရှေးရှုသည်သာ။ (ဟုတွာ)။ ပဋိက္ကမိတွာ၊ နောက်ဆုတ်နောက်ဆုတ်သွား၍။ [ပါရာဇိက ဝေရဉ္ဇကဏ္ဍ အဋ္ဌကထာ၌ကား "အပက္ကမိတွာ- (အပသက္ကိတွာ၊ နောက်ဆုတ်သွား၍)" ဟု ရှိ၏။] ဒဿနဝိဇဟနဋ္ဌာနဘူမိယံ၊ မြင်ခြင်းကို စွန့်လွှတ်ရာအရပ်ဖြစ်သောမြေ၌။ ပဉ္စပ္ပတိဋ္ဌိတေန၊ ၅ ပါးသောအင်္ဂါတို့ဖြင့် ရှေးရှုတည်ခြင်းဖြင့်။ ဝါ၊ ၅ ပါးသောအင်္ဂါတို့၏တည်ခြင်းဖြင့်။ ဝန္ဒိတွာ၊ ဝပ်ချ၍။ ပက္ကမိ၊ ဖဲသွားပြီ။
**ခတာယံ၊ ပေ၊ ရာဇာ**တိ၊ ကား။ ဘက္ခဝေ, အယံ ရာဇာ၊ ဤမင်းသည်။ ခတော၊ မိမိ၏ ကုသိုလ်အမြစ်ကို တူးဖြတ်ခဲ့ပြီ။
**ဥပဟတာယန္တိ**၊ ကား။ အယံ၊ ဤမင်းသည်။ ဥပဟတော၊ ဖျက်ဆီးခဲ့ပြီ။
ဣဒံ ဝုတ္တံ ဟောတိ။ (ကိံ ဝုတ္တံ ဟောတိ။) ဘိက္ခဝေ, အယံ ရာဇာ၊ သည်။ ခတော၊ ပြီ။ ဥပဟတော၊ ပြီ။ ဘိန္နပတိဋ္ဌော၊ ဖျက်ဆီးအပ်ပြီးသော တည်ကြောင်းအမြစ်ရှိသည်။ခတော အယံ။ ။ "အယံ ရာဇာ" ဟူသော ဝုတ္တကတ္တားပုဒ်ကြောင့် "ခတော ဥပဟတော" တို့၌ တပစ္စည်းကို ကတ္တားဟောဟု ယူပါ၊ အခနီတိ ခတော၊ ဥပဟညီတိ ဥပဟတော။ [ဣမသ္မိံယေဝ အတ္တဘာဝေ ဝိပစ္စနကာနံ အတ္တနော ပုဗ္ဗေကတ ကုသလမူလာနံ ခဏနေန ခတော၊ (ယခုဘဝ၌ အကျိုးပေးမည့် ရှေးဘဝက ပြုအပ်ခဲ့သောကုသိုလ်ကံတို့၏အမြစ်ကို တူးပစ်ခြင်းအားဖြင့် တူးခဲ့ပြီ၊) တေသမေဝ ဥပာနေန ဥပဟတော၊ ပဒဒွယေနပိ တဿ ကမ္မာပရာဓမေဝ (အန္တရာယ် ၅ ပါးတို့တွင် ကမ္မန္တရာယ်ကိုသာလျှင်) ဒဿတိ, ပရိယာယ ဝစနတ္တာ ပဒဒွယဿ၊-ဋီကာသစ်။]
ဆက်ဦးအံ့။ ။ သတ္တဝါတိုင်း၌ ရှေးရှေးဘဝကပြုခဲ့၍ ဤဘဝဝယ် အကျိုးပေးလတံ့သော ကုသိုလ်အမြစ်သည် ပါရှိတတ်၏၊ ကောင်းသောဉာဏ် ဝီရိယ ပယောဂဖြင့် ထိုအမြစ်ကို သန်စွမ်းအောင်ပြုပြင်ပေးသူလည်းရှိ၏၊ မကောင်းသောပယောဂဖြင့် ထိုအမြစ်ကို ညှိုးနွမ်း၍ မသန်စွမ်းအောင်ဖျက်ဆီးသူလည်းရှိ၏၊ အဇာတသတ်မင်းကား သောတာပတ္တိမဂ်ကို ရလောက်အောင် အလွန်ကောင်းသော ကုသိုလ်အမြစ်ပါရှိခဲ့သော်လည်း အရှင်ဒေဝဒတ်ဟူသော ပါပမိတ္တနှင့် အပေါင်းမှားမှုပယောဂကို အရင်းခံ၍ ပိတုဃာတကကံတိုင်အောင် ပြုမိရကား ထိုအမြစ်ပြတ်အောင် တူးဖျက် ဖြတ်တောက်မိရှာလေသည်။
ဘိန္နပတိဋ္ဌော။ ။ ပတိဋ္ဌဟတိ ဧတာယာတိ ပတိဋ္ဌာ၊ ဘိန္နာ (ဝိနာသိတာ)+ ပတိဋ္ဌာ ယေနာတိ ဘိန္နပ္ပတိဋ္ဌော၊ ရေသောက်မြစ်သည် သစ်ပင်၏တည်ကြောင်းဖြစ်သကဲ့သို့ ထို့အတူ ရှေးကပါလာသော ကုသိုလ်အမြစ်သည် ဤဘဝ၌ အဇာတသတ်မင်း၏ သမ္မတ္တနိယာမ (သောတာပတ္တိမဂ်သို့) ရောက်ဖို့ရန် အခြေခံအမြစ်ဖြစ်၏၊ ထိုတည်ကြောင်းအမြစ်ကို ဖျက်ဆီးမိသည်ကို "ဘိန္နပ္ပတဋ္ဌော" ဟု ဆိုသည်။ [ပတိဋ္ဌာ မူလံတိစ အတ္ထတော ဧကံ၊ ပတိဋ္ဌဟတိ သမ္မတ္တနိယာမောက္ကမနံ ဧတာယာတိ ပတိဋ္ဌာ (သောတာပတ္တိမဂ်ဟူသော သမ္ပတ္တနိယာမသို့ ရောက်ခြင်း၏တည်ကြောင်းအခြေခံ၊) (ထိုသမ္မတ္တနိယာမောက္ကမန၏) ကုသလူပနိဿယသမ္ပဒါ (အားကြီးသောမှီရာဖြစ်သောကုသိုလ်၏ပြည့်စုံခဲ့ခြင်းသည် ပတိဋ္ဌာမည်၏၊) သာ (ထိုပတိဋ္ဌာကို) ကြိယာပရာဓေန (ခမည်းတော်ကို သတ်ခြင်းဟူသော အမူအရာ ကြိယာအပြစ်ဖြင့်) ဘိန္နာ (ဝိနာသိတာ) ဧတေနာတိ ဘိန္န ပတိဋ္ဌာ။ [ဘိန္နာကို "ပျက်" ဟု အနက်ယူ မည်စိုး၍ "ဝိနာသိတာ (ဖျက်)" ဟု ဖွင့်သည်၊-ဋီကာသစ်။]
ဇာတော၊ ဖြစ်ပြီ။ ယထာ၊ အကြင် အခြင်းအရာအားဖြင့် တူးဖြတ်အပ်သော။ အတ္တနော၊ ၏။ ပတိဋ္ဌာ၊ တည်ကြောင်းအမြစ်သည်။ န ဇာတာ၊ မဖြစ်တော့။ တထာ၊ ထို အခြင်းအရာအားဖြင့်။ အနေန၊ ဤမင်းသည်။ အတ္တနာဝ၊ ကိုယ်တိုင်သာလျှင်။ အတ္တာ၊ မိမိကိုယ်ကို။ ခတော၊ တူးဖြတ်အပ်ပြီ။ ဣတိ (ဝုတ္တံ ဟောတိ)။
**ဝိရဇန္တိ**၊ ကား။ ရာဂရဇာဒိဝိရဟိတံ၊ ရာဂမြူ အစရှိသောမြူတို့မှကင်းသော။
ရာဂမလာဒီနံယေဝ၊ ရာဂအညစ်ကြေးအစရှိသော အညစ်အကြေးတို့၏ပင်။ ဝိဂတတ္တာ၊ ကင်းကုန်သည်၏ အဖြစ်ကြောင့်။ **ဝီတမလံ**၊ ဝီတမလမည်သော။
ဝါ၊ ကင်းသော အညစ်အကြေးရှိသော။ (ဓမ္မစက္ခု၌စပ်)။ **ဓမ္မစက္ခုံ**တိ၊ ကား။ ဓမ္မေသု၊ သစ္စာ ၄ပါးတရားတို့၌။ (ပဝတ္တံ၊ ဖြစ်သော။)တထာ၊ ပေ၊ ဇာတာ။ ။ ဘိန္နပတိဋ္ဌော၏ အကျယ်စကားတည်း၊ ဤဝါကျ၌ ခတောသည် အနေနဟူသော အဝုတ္တကတ္တားနှင့် အတ္တာဟူသော ဝုတ္တကံကို ထောက်၍ ကံဟောဟု မှတ်ပါ။ ဤ၌ ကံဟောဖွင့်သော်လည်း "ခတောယံ" စသော ပါဠိတော်၌မူ ကတ္တား ဟောသာတည်း၊ ဥပဟတောသည် ပါဠိတော်၌ပါသော်လည်း ခတော၏ ပရိယာယ်ဖြစ်သော ကြောင့် ဤ၌ ထပ်၍မပြတော့။
ဝိရဇံ ဝီတမလံ။ ။ "ရာဂေါ ရဇော၊ န စ ပန ရေဏု ဝုစ္စတိ" စသည်ဖြင့် ဓမ္မပဒ အပ္ပမာဒဝဂ် စူဠပန္ထကတ္ထေရဝတ္ထု၌ ဟောတော်မူသောကြောင့် "ရာဂရဇာဒိ" ဟု မိန့်သည်၊ အာဒိဖြင့် ဒေါသ မောဟကို ယူပါ၊ ဝိရဟိတံဖြင့် "ဝိဂတံ+ရဇော ယဿာတိ ဝိရဇံ (ဓမ္မစက္ခု)" ဟု ဝစနတ္ထကိုပြ၏၊ ဝီတမလံ၌ ဝီတသည် "ဝိ+ဣတ" မှဖြစ်သောကြောင့် ဝိဂတနှင့် အနက် တူတည်း၊ "မလ" အရလည်း ရာဂစသော အညစ်အကြေးကိုပင် ယူစေလိုသော့ကြောင့် "ရာဂ မလာဒီနံယေဝ" ဟု ဖွင့်သည်၊ ဝိတ+မလံ ယဿာတိ ဝီတမလံ။ ["ဝိ+အယတိ-မဖြစ်တတ်၊ ဝါ-ကင်းတတ်၏။ ဣတိ ဝီတံ" ဟု ပြု၊ ဝိ+က္ကဓာတ် တပစ္စည်း။]
မှတ်ချက်။ ။ ဤအဋ္ဌကထာ၌ ရဇ-မလတို့ကို အရတူဖွင့်သော်လည်း အခြားနေရာ ၌ "ဝိရဇန္တိ အပါယဂမနီယ ရာဂရဇာဒီနံ ဝိဂမေန ဝိရဇံ၊ ဝီတမလန္တိ အဝသေသ ဒိဋ္ဌိဝိစိကိစ္ဆာ မလာပဂမေန ဝီတမလံ၊ ပဌမမဂ္ဂကိလေသရဇာဘာဝေန ဝါ ဝိရဇံ၊ ပဉ္စဝိဓဒုဿီလျမလာပ ဂမေန ဝီတမလံ" ဟု ဖွင့်သည်-မဟာဝဂ္ဂ, မဟာခန္ဓက တေရသကဏ်။
စက္ခု၊ သိမြင်တတ်သော သောတာပတ္တိဉာဏ်စက္ခုသည်။ ဝါ၊ တစ်နည်း။ ဓမ္မမယံ၊ သမထဝိပဿနာတရားကြောင့်ဖြစ်သော။ ဝါ၊ သီလ သမာဓိ ပညာအတိပြီးသော။ စက္ခု၊ သိမြင်တတ်သောသောတာပတ္တိဉာဏ်စက္ခုသည်။ ("ဥပ္ပဇ္ဇိဿယ၊ ဖြစ်လောက်ရာ၏" ၌စပ်။) အညေသု၊ ဤပါဠိရပ်မှ အခြားကုန်သော။ ဌာနေသု၊ ပါဠိရပ်တို့၌။ ဧတံ၊ ဤဓမ္မစက္ခုသဒ္ဒါသည်။ တိဏ္ဏံ၊ ကုန်သော။ မဂ္ဂါနံ၊ အောက်မဂ်တို့ကို။ အဓိဝစနံ၊ ဟောသောသဒ္ဒါတည်း။
ဣဓပန၊ ဤပါဠိရပ်၌ကား။ သောတာပတ္တိမဂ္ဂဿေဝ၊ သောတာပတ္တိမဂ်ကိုသာ။ (အဓိဝစနံ၊ တည်း)။
ဣဒံ ဝုတ္တံ ဟောတိ, (ကိံ ဝုတ္တံ ဟောတိ။) ဣမိနာ၊ ဤမင်းသည်။ ပိတာ၊ ခမည်းတော်သည်။ ဝါ၊ ကို။ ယာတိတော၊ သတ်အပ်ပြီးသည်။ သစေ န အဘဝိဿ၊ အကယ်၍ မဖြစ်ခဲ့အံ့။ (ဧဝံသတိ)။ ဣဒါနိ၊ ၌။ ဣဓေဝါသနေ၊ ဤနေရာ၌ပင်။ နိသိန္နော၊ နေလျက်။ သောတာပတ္တိမဂ္ဂံ၊ သောတာပတ္တိမဂ်သို့။ ပတ္တော၊ ရောက်သည်။ အဘဝိဿ၊ ဖြစ်လောက်ရာပြီ။ ပန၊ ထိုသို့ပင်သောတာပတ္တိမဂ်ကိုရလောက်ရာပါသော်လည်း။ ပါပမိတ္တသံသဂ္ဂေန၊ ယုတ်မာသော မိတ်ဆွေနှင့်ရောနှောပေါင်းသင်းမခြင်းကြောင့်။ဓမ္မေသု စက္ခု။ ။ဓမ္မေသုကို "စတုသစ္စဓမ္မေသု" ဟုလည်းကောင်း, စက္ခုကို "တေသံ ဒဿနဋ္ဌေန စက္ခု" ဟုလည်းကောင်းဖွင့်၏၊ "ဓမ္မေသု+ပဝတ္တံ+စက္ခု ဓမ္မစက္ခု" ဟု ပြုပါ၊ (တစ်နည်း) "ဟေဋ္ဌိမေသု ဝါ တီသုမဂ္ဂဓမ္မေသု+သောတာပတ္တိမဂ္ဂသင်္ခါတံ ဧကံ စက္ခု" ဟု ဋီကာ တစ်နည်းဖွင့်၏၊ "အောက်မဂ် ၃ ပါးတရားတို့၌ တစ်ပါးအပါဝင်ဖြစ်သောသောတာပတ္တိမဂ်ဟူသော စက္ခု" ဟု ပေးပါ။
ဓမ္မမယံ ဝါ စက္ခု။ ။ ဓမ္မမယံကို "သမထဝိပဿနာဓမ္မေန နိဗ္ဗတ္တံ" ဟု ဖွင့်၏၊ "နိဗ္ဗတ္တအနက်၌သက်သော မယပစ္စည်း" ဟူလို၊ ဓမ္မစက္ခုကို ဝိဂြိုဟ်ပြုသောအခါ နိဗ္ဗတ္တပုဒ် အကြေကြံ၍ "ဓမ္မေန+နိဗ္ဗတ္တံ+စက္ခု" ဟု ပြုစေလိုသည်၊ (တစ်နည်း) ဓမ္မအရသောတာပတ္တိမဂ်တွင် ပါဝင်သော "သီလက္ခန္ဓ သမာဓိက္ခန္ဓ ပညာခန္ဓ" ဟူသော ၃ ပါးကိုယူ၍ "ဓမ္မစက္ခု သီလ သမာဓိ ပညာအတိပြီးသော သောတာပတ္တိမဂ်ဟူသော စက္ခုသည်" ဟု ပေးပါ၊ ဤနောက် နည်း၌ ဓမ္မမယံဝယ် မယကို သွတ္ထဟု ဋီကာသစ်ဆို၏၊ မိမိကား အထည်ကိုယ် ပကတိအနက်၌ သက်သော မယပစ္စည်းဟု ထင်သည်။
ဣဒံ ဝုတ္တံ ဟောတိ။ ။ "ခတာယံ ဘိက္ခဝေ ရာဇာ" မှစ၍ "ဓမ္မစက္ခုံ ဥပ္ပဇ္ဇိဿထ" တိုင်အောင်သော ပါဠိရပ်၏ ပိဏ္ဍတ္ထကို ပြလို၍ "ဣဒံ ဝုတ္တံ ဟောတိ" ဟု စချီသည်၊ ဤ ဣဒံ ဝုတ္တံ ဟောတိ၏နယ်မှာ "အန္တရာယော ဇာတော" တိုင်ရုံသာတည်း၊ ထို့ကြောင့် "ဇာတောတိ" ဟု ဣတိပါလျှင် ကောင်း၏၊ မပါလျှင် ထည့်ပါ။ [နာဘဝိဿ, အဘဝိဿတို့သည် အတိတ်ဟော ကာလာတိပတ္တိ ဝိဘတ်တို့တည်း၊ ပါဠိတော်၌ ဝေါရောပေဿထ, ဥပ္ပဇ္ဇိဿထ ု တို့လည်း ကာလာတိပတ္တိ အတ္တနောပုဒ် ဿထဝိဘတ်တို့ပင်တည်း။]
အဿ၊ ထိုသောတာပတ္တိမဂ်၏။ အန္တရာယော၊ အန္တရာယ်သည်။ (ကမ္မန္တရာယ်သည်။) ဇာတော၊ ဖြစ်ပြီ။ ဣတိ (ဝုတ္တံ ဟောတိ)။
ဧဝံ သန္တေပိ၊ ဤသို့ ပါပမိတ္တသံသဂ္ဂကြောင့်သောတာပတ္တိမဂ်၏ အန္တရာယ်ဖြစ်ပါသော်လည်း။ ယသ္မာ၊ ကြောင့်။ အယံ၊ ဤမင်းသည်။ တထာဂတံ၊ သို့။ ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။ ရတနတ္တယံ၊ ကို။ သရဏံ၊ ဟူ၍။ ဂတော၊ ဆည်းကပ်ပြီ။ တသ္မာ၊ ကြောင့်လည်းကောင်း။ (ထိုသို့ ဤမင်း၏ မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရတနာ ၃ပါးကိုကိုးကွယ်ရာဟု ဆည်းကပ်ခြင်းကြောင့်လည်းကောင်း။) မမ၊ ငါဘုရား၏။ သာသနမဟန္တတာယစ၊ သာသနာတော်၏ မြင့်မြတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ ယထာနာမ၊ ဥပမာမည်သည်ကား။ ကောစိ၊ တစ်စုံတစ်ယောက်သည်။ ပုရိသဿ၊ ယောက်ျားတစ်ယောက်ကို။ ဝမံ၊ သတ်ခြင်းကို။ ကတွာ၊ ပြုပြီး၍။ ပုပ္ဖမုဋ္ဌိ မတ္တေန၊ ပန်းတစ်ဆုတ်မျှသော။ ဒဏ္ဍေန၊ ဥစ္စာဒဏ်ဖြင့်။ မုစ္စေယျ၊ သေစားသေရမည့်ဒဏ်မှ လွတ်ရာသကဲ့သို့။ (တစ်နည်း) ပုပ္ဖမုဋ္ဌိမတ္တေန၊ ပန်းတစ်ဆုတ်မျှဖြင့်။ ဒဏ္ဍေန၊ ဥစ္စာဒဏ်, သေစားသေရမည့်ဒဏ်မှ။ မုစ္ဆေယျ ယထာ၊ ကဲ့သို့။ ဧဝမေဝ၊ ပင်။ လောဟကုမ္ဘိယံ၊ လောဟကုမ္ဘီ ငရဲ၌။ နိဗ္ဗတ္တိတွာ၊ ၍။ တိံသဝဿသဟဿာနိ၊ အနှစ် ၃ သောင်းတို့ပတ်လုံး။ အဓော၊ အောက်သို့။ ပတန္တော၊ ကျလသော်။ ဟေဋ္ဌိမတလံ၊ အောက်အပြင်သို့။ ပတွာ၊ ရောက်ပြီး၍။ တိံသဝဿသဟဿာနိ၊ တို့ပတ်လုံး။ ဥဒ္ဓံ၊ အထက်သို့။ ဂစ္ဆန္တော၊ တက်လသော်။ ပုနပိ၊ တစ်ဖန်လည်း။ ဥပရိမတလံ၊ အထက်အပြင်သို့။ ပါပုဏိတွာ၊ ရောက်ပြီး၍။ မုစ္စဿတိ၊ လွတ်လတ္တံ့။ ဣတိ ဣဒမ္ပိ၊ ဤ စကားတော်ကိုလည်း။ ဘဂဝတာ၊ သည်။ ဝုတ္ထမေဝ ကိရ၊ မိန့်တော်မူအပ်ပြီးသာဖြစ်သတတ်။ဧဝံ သန္တေပိ။ ။ဧဝံသန္တေပီတိအာဒိနာ ပါဌာနာရုဠံ (ပါဠိတော်၌ သံဂါယနာ မတင်အပ်သော) ဝစနာဝသေသံ (စကားအကြွင်းကို) ဒဿေတိ၊-ဋီကာသစ်၊ ဤ ဧဝံသန္တေကို မုစ္စိဿတိ၌ စပ်ပါ၊ "ဤသို့ ပါပမိတ္တသံသဂ္ဂကြောင့်သောတာပတ္တိမဂ်၏ အန္တရာယ်ဖြစ်ပါသော်လည်း အနှစ် ၆ သောင်းမျှဖြင့် လောဟကုမ္ဘီငရဲမှ လွတ်ပါလိမ့်မည်" ဟူလို။ [ဒု သ န သော ဟု အော်ကြသော သဋ္ဌေးသားတို့မှာ အနှစ် ၆ သောင်းပြည့်ပြီးသောအခါ အောက်သို့ တစ်ဖန်ကျရပြန်သည်။
ပုပ္ဖမုဋ္ဌိမတ္တေန ဒဏ္ဍေန။ ။ ပုပ္ဖမုဋ္ဌိမတ္တေန ဓနဒဏ္ဍေန၊ မုစ္စေယျာတိ ဝဓကမ္မဒဏ္ဍတော မုစ္ဆေယျ၊ ဤနည်း၌ မုစ္စေယျ၏ အပါဒါန်ကို အပိုထည့်နေရသောကြောင့် "ဒဏ္ဍနာ တိဝါ နိသက္ကတ္ထေ ကရဏဝစနံ" ဟု တစ်နည်းဖွင့်၏၊ ဥပမာ-"သုမုတ္တာ မယံ တေန မဟာ သမဏေန" ၌ နာဝိဘတ်သည် အပါဒါန်အနက်၌ သက်သကဲ့သို့တည်း။
လောဟကုမ္ဘိယံ။ ။ သံအတိပြီးသော ငရဲအိုးကို "လောဟမယာ+ကုမ္ဘီ" အရ လောဟကုမ္ဘီဟု ခေါ်၏။ "အဓော ပတန္တော ဥဒ္ဓံ ဂစ္ဆန္တော" ဟု ဆိုသောကြောင့် သံပူရည်တွေ ပြည့်နေဟန်တူ၏၊ ထမင်းအိုး၌ ဆန်လုံးတွေကဲ့သို့ ကျက်ရဟန်တူသည်။
ပန၊ ထိုသို့ပင် မိန့်တော်မူအပ်ပြီးပါသော်လည်း။ (ဣဒံ၊ ဤစကားတော်ကို။) ပါဠိယံ၊ ပါဠိတော်၌။ န အာရဠှံ၊ သင်္ဂါယနာ မတင်အပ်။
ပန၊ ဆက်။ (တစ်နည်း) ပန၊ ထိုသို့ လောဟကုမ္ဘီငရဲ၌ ကျက်ရဦးမည်ဖြစ်လျှင်။ ဣဒံ သုတ္တံ၊ ဤသာမညဖလသုတ်တော်ကို။ သုတွာ၊ နာရ၍။ ရညာ၊ သည်။ ကောစိ၊ တစ်စုံတစ်ခုသော။ အာနိသံသော၊ အာနိသင်ကို။ လဒ္ဓေါ၊ ရအပ်ပါသလော။ ဣတိ၊ ဤကား အမေးတည်း။
မဟာအာနိသံသော၊ ကြီးစွာသောအာနိသင်ကို။ လဒ္ဓေါ၊ ရအပ်ပြီ။
ဟိ၊ ချဲ့။ အယံ၊ ဤမင်းသည်။ ပိတု၊ ခမည်းတော်၏။ ဝါ၊ ကို။ မာရိတကာလတော၊ သတ်အပ်ပြီးရာ အခါမှ။ ပဋ္ဌာယ၊ စ၍။ ရတ္တိံ၊ ညဥ့်အခါ၌။ (နိဒ္ဒံ၊ အိပ်ပျော်ခြင်းကို။ နေဝ လဘတိ၊ မရ။) ဒိဝါ၊ နေ့အခါ၌။ နိဒ္ဒံ၊ ကို။ န, လဘတိ။ ပန၊ အနွယ။ သတ္ထာရံ၊ သို့။ ဥပသင်္ကမိတွာ၊ ၍။ မဓုရာယ၊ ချိုမြိန်သော အရသာနှင့်တူသော။ ဩဇဝန္တိယာ၊ အဆီ အနှစ် ဩဇာရှိသော။ ဣမာယ ဓမ္မဒေသနာယ၊ ဤတရားဒေသနာတော်၏။ ဝါ၊ ကို။ သုတကာလတော၊ ကြားနာအပ်ပြီးရာအခါမှ။ ပဋ္ဌာယ၊ ၍။ နိဒ္ဓံ၊ ကို။ လဘိ၊ ပြီ။
တိဏ္ဏ၊ န်သော။ ရတနာနံ၊ တို့ကို။ မဟာသက္ကာရံ၊ ကြီးစွာသော ပူဇော်ခြင်းကို။ အကာသိ၊ ပြုပြီ။
ပေါထုဇ္ဇနိကာယ၊ ပုထုဇဉ်တို့၏ ဥစ္စာဖြစ်သော။ သဒ္ဓါယ၊ သဒ္ဓါနှင့်။ သမန္နာဂတော၊ ပြည့်စုံသူသည်။ ဣမိနာ ရညာ၊ ဤမင်းနှင့်။ သဒိသောနာမ၊ တန်းတူသူမည်သည်။ န အဟောသိ၊ မရှိတော့ပြီ။
ပန၊ ကား။ အနာဂတေ၊ နောင်အခါ၌။ **ဝိဇိတာဝီ နာမ**၊ ဝိဇိတာဝီမည်သော။ **ပစ္စေကဗုဒ္ဓေါ**၊ ပစ္စေကဗုဒ္ဓါသည်။ဣဒံပိ ၊ပေ၊ န အာရုဠံ။ ။ "ယသ္မာ အယံ ၊ပေ၊ တသ္မာ ၊ပေ၊ မုစ္စဿတိ" ဟူသော ဤအနက်ဓိပ္ပာယ်ကို အဘယ်မှ ရအပ်ပါသနည်းဟု မေးဖွယ်ရှိသောကြောင့် "ဣဒံပိ" စသည်ကို မိန့်သည်၊ ဤအနက်အဓိပ္ပာယ်ကို အခြားပါဠိမှ ရအပ်သည်မဟုတ်, ဘုရားရှင်ကိုယ်တော်တိုင် မိန့်တော်မူအပ်သည်ဟု အဆင့်ဆင့်မှတ်သားခဲ့ရသည်၊ သို့သော် ပါဠိတော် ၌ကား သံဂါယနာ မတင်အပ်ပါ။
ဣဒံ ပန သုတ္တံ။ ။ ရှေ့၌ "လောဟကုမ္ဘီငရဲဝယ်ဖြစ်ရဦးမည်" ဟု ဆိုခဲ့သော ကြောင့် ဤသုတ်တော်ကို ကြားနာရပါလျက် အကျိုးမရဟု ယူဆရမည် စိုးရကာ၊ "ဣဒံ ပန" စသည်ဖြင့် ပုစ္ဆာထုတ်၍ "မဟာအာနိသံသော လဒ္ဓေါ" ဟု အဖြေကို ပြသည်၊ အယံဟိ စသည် ကား ထိုမဟာအာနိသံသ အကျယ်တည်း၊ အချုပ်မှာ-"နိဒ္ဓံ လဘိ" အရ အိပ်ပျော်မှုကို ရခြင်း, "မဟာသက္ကာရံ အကာသိ" အရ ရတနာ ၃ ပါးကို ကြီးစွာပူဇော်သက္ကာရပြုခြင်း, "သဒ္ဓါယ သမန္နာဂတော ၊ပေ၊ နာဟောသိ" အရ ပုထုဇဉ်ဘဝ၌ အသာဆုံးသဒ္ဓါကို ရခြင်း, ဤ ၃ မျိုး ကား ဒိဋ္ဌဓမ္မိက အာနိသံသတည်း၊ ပစ္စေကဗုဒ္ဓါဖြစ်၍ ပရိနိဗ္ဗာန်စံရခြင်းကား အလွန်ဆုံးဖြစ်သော သမ္ပရာယိကအာနိသံသတည်း၊ ထိုမျှလောက် မကြီးကျယ်သော အာနိသံသတွေမှာ မရေမတွက်နိုင်အောင်ပင် များပါသည်။
ဟုတွာ၊ ဖြစ်၍။ ပရိနိဗ္ဗာယိဿတိ၊ ပရိနိဗ္ဗာန်စံရလတံ့။ ဣတိ၊ ဤသို့။ (မဟာအာနိသံသော၊ ကို။ လဒ္ဓေါ၊ ပြီ။)
ဘဂဝါ၊ သည်။ ဣဒံ၊ ဤသာမညဖလသုတ်တော်ကို။ အဝေါစ၊ မိန့်တော်မူပြီ။
တေဘိက္ခု၊ ထိုရဟန်းတို့သည်။ အတ္တမနာ၊ မိမိစိတ်ရှိကုန်သည်။ ဝါ၊ နှစ်သက်ဝမ်းမြောက်သောစိတ်ရှိကုန်သည်။ (ဟုတွာ)။ ဘဂဝတော၊ ၏။ ဝါ၊ သည်။ ဘာသိတံ၊ ဟောတော်မူအပ်သော သုတ်တော်ကို။ အဘိနန္ဒုံ၊ ဝမ်းမြောက် နှစ်သက် လက်ခံကြကုန်ပြီ။ ဣတိ၊ အပြီးတည်း။
ဣတိ၊ ဤဆိုအပ်ပြီးသော စကားအစဉ်ဖြင့်။ သုမင်္ဂလဝိလာသိနီယာ၊ သုမင်္ဂလဝိလာသိနီမည်သော။ ဒီဃ နိကာယဋ္ဌကထာယံ၊ ဒီဃနိကာယ် အဋ္ဌကထာ၌။ သာမညဖလသုတ္တဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ပြီးပြီ။ပစ္စေကဗုဒ္ဓေါ။ ။ ပစ္စေကံ- အသီးအခြား, တစ်ပါးတည်းသာ၊ ဗုဒ္ဓေါ-သစ္စာ ၄ ပါးကို သိသောဘုရားတည်း၊ ပစ္စေကဗုဒ္ဓေါ-ရား "သမ္မာသမ္ဗုဒ္ဓဘုရားကဲ့သို့ သူတစ်ပါးကို သိစေတော်မမူနိုင်" ဟူလို။ [အနာစရိယကော ဟုတွာ သာမံယေဝ သမ္ဗောဓိံ (အရဟတ္တမဂ်ဉာဏ်, ပစ္စေကဗောဓိဉာဏ်တော်ကို) အဘိသမ္ဗုဒ္ဓေါတိ အတ္ထော။]
တတာ ဟိ ပစ္စေကဗုဒ္ဓါ သယမေဝ ဗုဇ္ဈန္တိ, န စ ပရေ ဗောဓေန္တိ, အတ္တရသမေဝ ပဋိဝိဇ္ဇန္တိ (အနက်အရသာကိုသာ ထိုးထွင်း၍ သိတော်မူကြကုန်၏၊) ဓမ္မရသံ (သူတစ်ပါးကို ဟောပြောဖို့ရန် နာမည်ပညတ် စကားလုံးဖြစ်သော ဓမ္မအရသာကို ထိုးထွင်း၍ သိတော်မမူနိုင်ကြကုန်၊) မူဝေန ဒိဋ္ဌသုပိနော ဝိယ (လူအသည် သူမြင်အပ်သော အိပ်မက်ကို သူတစ်ပါးအား ပြန်၍ မပြောနိုင်သကဲ့သို့လည်းကောင်း) ဝနစရကေန နဂရေ သာယိတဗျဉ္ဇနရသော ဝိယစ (မုဆိုးသည် မြို့၌ သာယာအပ်သော ဟင်း၏အရသာကို ပြန်၍ မပြောနိုင်သကဲ့သို့လည်း ကောင်းဖြစ်သည်)။-ဋီကာသစ်။
မှတ်ချက်။ ။ အဇာတသတ်မင်းသည် နဂိုကပင် ပစ္စေကဗောဓိကို ရည်ရွယ်ထားသူတည်း၊ လောဟကုမ္ဘီငရဲမှ လွတ်ပြီးသောအခါ ပါရမီပြည့်အောင် ထပ်၍ဖြည့်ရလိမ့်မည်၊ ထိုပစ္စေကဗုဒ္ဓါ အလောင်းများသည် နိယတအဖြစ်သို့ မရောက်သေးလျှင် အကြား၌ ဘုရားရှင်နှင့် တွေ့သောအခါ ပကတိသာဝကလည်းဖြစ်နိုင်ကြ၏၊ ထို့ကြောင့် "သစာယံ ဘိက္ခဝေ ရာဇာ ၊ပေ၊ ဓမ္မစက္ခုံ ဥပ္ပဇ္ဇိဿထ" ဟု ဘုရားရှင် မိန့်တော်မူသည်။
ဣဒမဝေါစ။ ။ ပါဠိတော်၌ ပါပြီးသော နိဂုံးကိုပင် အဋ္ဌကထာဆရာက ယူ၍ နိဂုံးအဖြစ်ဖြင့် ပြပြန်၏၊ (တစ်နည်း) ဣဒမဝေါစဟူသော စကားသည် ပါဠိတော်၌ မပါသောကြောင့် အဋ္ဌကထာဆရာက နိဂုံးအဖြစ်ဖြင့် ထည့်ထားသည်၊ ဤနောက်နည်းအလို ပါဠိတော်၌ "ဣဒမဝေါစ" စသော စကားမရှိရ။ [ယထာ ဝုတ္တံ ပါဠိမေဝ (ပါဠိကိုပင်) သံဝဏ္ဏနာယ နိဂမဝသေန ဒဿေန္တော ဣဒမဝေါစာတိ အာဒိမာဟ၊ ကဿတ္ထော ဟိ ဟေဋ္ဌာ ဝုတ္တောတိ၊ အပိစ ပါဠိယမနာနုရုဠှံပိ အတ္ထံ သင်္ဂဟေတုံ ဣဒမဝေါစာတိ အာဒိနာ နိဂမနံ ကရောတီတိ ဒဋ္ဌဗ္ဗံ။]-ဋီကာသစ်။