ဘူတပုဗ္ဗန္တိ ဣဒံ၊ ဟူသော ဤစကားကို။
ကသ္မာ၊ ကြောင့်။
ဘဂဝတာ၊ သည်။
အာရဒ္ဓံ၊ အားထုတ်တော်မူအပ်သနည်း။
ဣဒ္ဓိပါဋိဟာရိယ အာဒေသနာ ပါဋိဟာရိယာနံ၊ တို့၏။
အနိယျာနိကဘာဝ ဒဿနတ္ထံ၊ ဝဋ်မှ မထွက်မြောက်တတ် ကုန်သည်၏ အဖြစ်ကို ပြတော်မူခြင်းအကျိုးငှာလည်းကောင်း။
[အနိယျာနိကဘာဝ ဒဿနတ္ထံ၊ ဝဋ်မှ မထွက်မြောက်တတ်ကုန်သည်၏ အဖြစ်ကို ပြတော်မူလိုခြင်းဟူသော အကြောင့်ကြောင့်လည်းကောင်း။
ဤသို့လည်း ပေးနိုင်၏။]
အနုသာသနီပါဋိဟာရိယဿေဝ၊ ယ၏သာ။
နိယျာနိကဘာဝ ဒဿနတ္ထံ၊ ဝဋ်မှာ ထွက်မြောက်တတ်သည်၏ အဖြစ်ကို ပြတော်မူခြင်းအကျိုးငှာလည်းကောင်း။
(အာရဒ္ဓံ၊ အပ်ပြီ။)အနိယျာနိကဘာဝ ဒဿနတ္ထံ။ ။ မဟာဘူတပရိယေသက ရဟန်းသည် ဣဒ္ဓိဝိဓအဘိညာဉ်ဟူသော ဣဒ္ဓိပါဋိဟာရိယ၌လည်းကောင်း, ပရစိတ္တ ဝိဇာနန အဘိညာဉ်ဟူသော အာဒေသနာပါဋိဟာရိယ၌လည်းကေင်း ဝသီဘောရောက်လောက်အောင် ကျွမ်းကျင်ပြီးဖြစ်၏၊ သို့ပါလျက် မဟာဘုတ်တို့၏ ချုပ်ကြောင်း နိဗ္ဗာန်ကို မသိနိုင်၊ ထို့ကြောင့် ထိုပါဋိဟာရိယ ၂ မျိုးလုံးပင် ဝဋ်မှ ထွက်မြောက်အောင် မစွမ်းဆောင်နိုင်၊ ဤသို့ မစွမ်းဆောင်နိုင်သည်၏အဖြစ်ကို ထင်ရှားပြခြင်းငှါ ဘူတပုဗ္ဗံ စသည်ဖြင့် မဟာဘူတ ပရိယေသက ရဟန်း၏ ဝတ္ထုကိုမိန့်တော်မူသည်။
အနိယျာနိကဘာဝ ဒဿနတ္တံ။ ။ အနုသာသနီပါဋိဟာရိယသည်ကား သွန်သင်ဆုံးမအပ်သည့်အတိုင်းလိုက်နာ၍ ပြုကျင့်သော ပုဂ္ဂိုလ်အတွက် ဧကန်မုချ ဝဋ်မှ ထွက်မြောက်ခြင်းကို ဆောင်နိုင်၏၊ ထိုသိ့ ဆောင်နိုင်သည်၏ အဖြစ်ကို ထင်ရှားပြခြင်းငှါလည်း ထို ဝတ္ထုကို မိန့်တော်မူသည်။

[ပြအပ်ပြီးသော အနိယျာနိကဘာဝ ဒဿနတ္ထစသော အကျိုး ၂ ပါးသည် ထိုဝတ္ထုကို မိန့်တော်မူခြင်းကြေင့် ရအပ်သော မုချအကျိုးတည်း၊ ယခုအခါ ဆက်သွယ်၍ ရသော အနုသင်္ဂီကအကျိုးကို ပြတော်မူလိုသောကြောင့် "အပိစ" စသည်ကိုမိန့်သည်။]
အပိစ၊ သည်သာမကသေး။
ယော(ဘိက္ခု)၊ သည်။
မဟာဘူတေ၊ မဟာဘုတ်တို့ကို။
(ဓာတ်ကြီး ၄ ပါး၏ အကြွင်းမဲ့ ချုပ်ကြောင်းကို)။
ပရိယေသန္တော၊ ရှာလျက်။
ယာဝ ဗြဟ္မလောကာ၊ ဗြဟ္မာ့ပြည်တိုင်အောင်။
ဝိစရိတွာ၊ လှည့်လည်၍။
ဝိသဇ္ဇောကာသံ၊ ဖြေဆိုခြင်း တည်ရာကို။
(တစ်နည်း) ဝိသဇ္ဇကရံ၊ ဖြေဆိုခြင်းကို ပြုတတ်သော ပုဂ္ဂိုလ်ကို။
(တစ်နည်း) ဝိသဇ္ဇေတာရံ၊ ဖြေဆိုနိုင်သော ပုဂ္ဂိုလ်ကို။
အလဘိတွာ၊ မရမူ၍။
(မရခြင်းကြောင့်)။
အာဂမ္မ၊ ပြန်လာ၍။
ဗုဒ္ဓ မေဝ၊ ဘုရားရှင်ကိုသာ။
ပုစ္ဆိတွာ၊ မေးလျှောက်၍။
နိက္ကင်္ခေါ၊ ယုံမှားခြင်းမရှိသည်။
ဟောတိ၊
သဗ္ဗဗုဒ္ဓါနံ၊ အလုံးစုံသော ဘုရားရှင်တို့၏။
မဟာဘူတပရိယေသကောနာမ၊ မဟာဘူတပရိယေသကမည်သော။
(မဟာဘုတ်တို့၏ ချုပ်ကြောင်း ကို ရှာသူမည်သော။)
ဧကော၊ တစ်ပါးသော။
(သော) ဘိက္ခု၊ ထိုရဟန်းသည်။
ဟောတိယေဝ၊ ရှိမြဲသာတည်း။
တသ္မာ၊ ထို့ကြောင့်။
(ဘုရားရှင်တိုင်းမှာပင် မဟာဘူတပရိယေသကရဟန်းတစ်ပါး၏ ရှိမြဲ၏ အဖြစ်ကြောင့်)။
ဗုဒ္ဓါနံ၊ တို့၏။
မဟန္တဘာဝ ကကာသနတ္ထံ၊ ကြီးကျယ် မြင့်မြတ်တော်မူကုန်သည်၏ အဖြစ်ကို ထင်ရှားပြတော်မူခြင်း အကျိုးငှါ။
အာရဒ္ဓံ၊ ပြီ။
စ၊ ဆက်။
ဣဒံ ကာရဏံ၊ ဤအကြောင်းကို။
(မဟန္တဘာဝကို ထင်ရှားပြနိုင်သော ဤမဟာဘူတပရိယေသက ရဟန်း ၏အကြောင်းကို)။
ပဋိစ္ဆန္နံ၊ ဖုံးကွယ်အပ်ပြီ။
(ဖုံးကွယ်တိမ်မြှုပ်နေပြီ)။
အထ၊ ထိုသို့ ဖုံးကွယ်သည်၏ အဖြစ်ကြောင့်။
နံ၊ ထိုအကြောင်းကို။
ဝိဝဋံ၊ ဖွင့်ဖော်အပ်သည်ကို။
ကတွာ၊ ၍။
ဒေသေန္တောပိ၊ ဟောတော်မူလိုသည်၏ အဖြစ်ကြောင့်လည်း။
ဘဂဝါ၊ သည်။
ဘူတပုဗ္ဗန္တိ အာဒိံ၊ ကို။
အာဟ၊ ပြီ။ပရိယေသန္တော။ ။ မဟာဘူတေ ပရိယေသန္တော၌ "မဟာဘုတ်ကို ရှာလျက်" ဟု အနက်မမှတ်ရ, "မဟာဘုတ်တို့၏ အကြွင်းမဲ့ချုပ်ကြောင်းကို ရှာလျက်" ဟု အနက်မှတ်ပါ၊ "တေသံ အနဝသေသ နိရောဓံ ဝီမံသန္တောတိ ဝုတ္တံ ဟောတိ၊- ဋီကာ။
ဝိစရိတွာ။ ။ နောက်၌ "ဓမ္မတာယ စောဒိတော" ဟု အဋ္ဌကထာ ပြလတံ့၊ ထို့ကြောင့် "ဝိစရိတွာ" အရ "ဓမ္မတာ ထုံးစံသည် နှိုးဆော်အပ်သည်ဖြစ်၍ လည့်လည်ခြင်း" ဟု မှတ်ပါ၊ မှန်၏- ဘုရားအလောင်းတော်၏ ဖွားမြင်သောအခါ မြေကြီး တုန်လှုပ်ရခြင်းသည် ဓမ္မတာသိဒ္ဓဖြစ်သကဲ့သို့ ဘုရားတစ်ဆူတစ်ဆူ၌ ရဟန်းတစ်ပါးတစ်ပါး၏ ထိုသို့ လှည့်လည်ရခြင်းကိစ္စသည်လည်း ဓမ္မတာသိဒ္ဓပင်တည်း။
ဝိသဇ္ဇောကာသံ။ ။ "ဝိသဇ္ဇဋ္ဌာနံ (ဝိသဇ္ဇောကာသံ၏ အဖွင့်) ဝိသဇ္ဇကရန္တိ ပိ ပါဌော"ဟု ဋီကာသစ်ဖွင့်၏၊ သို့သော် "ဝိသဇ္ဇ- ဖြေဆိုခြင်း" ဟု ပါဠိအသုံးမတွေ့ရ၊ ထို့ကြောင့် "ဝိသဇ္ဇေတာရံ- ဖြေဆိုနိုင်သည်ကို" ဟု ရှိသော ပါဌ်သာကောင်းမည်ထင်သည်။
မဟန္တ ဘာဝ ပကာသနတ္ထံ။ ။ [အနုသင်္ဂိက (အကျိုးဆက်ကို) ဒဿနတ္ထ- ဝိဘာဝနတ္ထဟု မသုံးဘဲ "ပကသနတ္ထ" ဟု သုံးစွဲပုံကို သတိပြုခဲ့ပါ။] "မဟန္တာနံ- ကြီးကျယ်ကုန်သော ဘုရားရှင်တို့၏+ဘာဝေါ- ဖြစ်ကြောင်းဖြစ်ရာ" ဟူသည် တစ်လောလလုံးဝယ် မည်သူနှင့်အမျှ မဆက်ဆံအောင်ထူးခြားသော မည်သူမျှ မဖြေနိုင်သော ပြဿနာကို ဖြေနိုင်တော်မူသော သဗ္ဗညုတဉာဏ်စွမ်းတည်း၊ ထိုဉာဏ်တော်၏ အာနုဘော် အစွမ်းသတ္တိကို ပြခြင်းအကျိုးငှါ- ဟူလို။
ဣဒဉ္စ ကာရဏံ။ ။ သဗ္ဗေသမ္ပိ ဗုဒ္ဓါနံ သာသနေ ဧဒိသော ဧကော ဘိက္ခု တဒါနု ဘာဝပ္ပကာသကော ဟောတိ- ( ထို သဗ္ဗညုတဉာဏ်တော်၏ အာနုဘော်အစွမ်းကို ပြရာရောက်သော ရဟန်းတစ်ပါးသည် ဘုရားရှင်တို့၏ သာသနာတိုင်းမှာ ရှိမြဲဖြစ်၏) ဟူသော ဤအကြောင်းသည် ဖုံးကွယ် တိမ်မြုပ်နေ၏။ [ဤ ဒဿေန္တောပိ၌ အပိဖြင့် ရှေး၌ ပြအပ်ပြီးသော အကျိုး ၃ မျိုးကို ပြခြင်းကို ပေါင်းပါ၊ ဤအကြောင်းကို ထင်ရှာပြတော်မူလိုသော ဆန္ဒတော်လည်း ဤတတ္ထကို ဟောရခြင်းအကြောင်းပင် ဖြစ်သည်- ဟူလို။]

တတ္ထ၊ ထို ဘူတပုဗ္ဗံ အစရှိသော စကားရပ်၌။
ကတ္ထနုခေါတိ၊ ကား။
ကိသ္မိံ ဌာနေ၊ အဘယ်အကြောင်းကြောင့်။
ကိံ၊ အဘယ်အာရုံသို့။
အာဂမ္မ၊ ရောက်ခြင်းကြောင့်။
ကိံ၊ အဘယ်အာရုံသို့။
ပတ္တဿ၊ ရောက်သော။
(ပုဂ္ဂလဿ၊ ၏)။
တေ၊ ထို မဟာဘုတ်တို့သည်။
အနဝသေသာ၊ အကြွင်းအကျန်မရှိကုန်သည်။
(ဟုတွာ)၊
အပ္ပဝတ္တိဝသေန၊ နောက်ထပ်မဖြစ်ခြင်း၏ အစွမ်းဖြင့်။
နိရုဇ္ဈန္တိ၊ ချုပ်ကြပါကုန်လိမ့်မည်နည်း။
ပန၊ အမှာစကားချပ် ညှပ်လိုက်ဦးအံ့။
ဧသာ မဟာဘူဝကထာ၊ ဤမဟာဘူတကထာကို။
သဗ္ဗာကာရေန၊ အလုံးစုံသော အခြင်းအရာအားဖြင့်။
(ဝစနတ္ထ, လက္ခဏ, ရသ, ပစ္စုပဋ္ဌာနစသော အခြင်းအရာအားဖြင့်)။
ဝိသုဒ္ဓိမဂ္ဂေ၊ ၌။
ဝုတ္တာ၊ ဆိုအပ်ပြီ။
တသ္မာ၊ ကြောင့်။
သာ (မဟာဘူတကထာ)၊ ကို။
တတောဝ၊ ထို ဝိသုဒ္ဓိမဂ်မှသာ။
ဂဟေတဗ္ဗာ၊ ယူထိုက်၏။ကတ္ထနုခေါ။ ။ ကိသ္မိံ ဌာနေသု ဖွင့်ပြီးလျှင် ထို ဌာနအရ တည်ရာဒေသကို ယူမည်စိုး၍ "ကိံ အာဂမ္မ- အဘယ်အာရုံသို့ ရောက်ခြင်း (ရခြင်း) ကြောင့်" ဟု အဓိပ္ပါယတ္ထ ဖွင့်သည်၊ "ကိသ္မိံဌာနေ- အဘယ်အကြောင်းကြောင့်" ဟု ပေးပါ- ဟူလို။ [ကိသ္မိံဌာနေ ကာရဏဘူတေတိ အတ္ထံ ဒဿေတုံ ကိံ အာဂမ္မာတိ ဝုတ္တံ၊ ကိံ အာရမဏပစ္စယဘူတံ အဓိဂန္တွာ အဓိဂမန ဟေတူတိ တ္ထော၊ တေနာဟ ကိံ ပတ္တဿာတိ၊- ဋီကာသစ်။]
ကိံ ပတ္တဿ။ ။ ကိံ အာရမဏံ ပုဂ္ဂလဿ နိရုဇ္ဈန္တီတိ သမ္ဗန္ဓော၊ ဟေတု ဂဗ္ဘဝိသေသနမေတံ- (ဟိတ်အနက်အတွင်းငုတ်သော ဝိသေသနပုဒ်တည်း) " ပတ္တဿ- ရောက်သော၊ ဝွ- ရောက်သည်၏ အဖြစ်ကြောင့်" ဟု ပေးပါ၊ ရောက်ခြင်းကြောင့် ထိုမဟာဘုတ်တို့ နောက်ထပ်မဖြစ်တော့သောအားဖြင့် အကြွင်းမရှိ ချုပ်ကြသနည်း- ဟူလို။

ဒေဝယာနီယောမဂ္ဂေါတိ၊ ကား။
ပါဋိယေက္ကော၊ အသီးအခြား တစ်မျိုးသော။
ဒေဝလောကဂမနမဂ္ဂေါနာမ၊ နတ်ပြည်သို့ သွားကြောင်း လမ်းမည်သည်။
နတ္ထိ၊ မရှိ။
ပန၊ စင်စစ်ကား။
ဧတံ၊ ဤ ဒေဝယာနီဗယာ မဂ္ဂေါဟူသော အမည်သည်။
ဣဒ္ဓိဝိဓညာဏဿေဝ၊ ဣဒ္ဓိဝိဓဉာဏ်၏ သာလျှင်။
အဓိဝစနံ၊ အမည်တည်း။
ဟိ၊ မှန်။
ဧသ၊ ဤရဟန်းသည်။
တေန၊ ထို ဣဒ္ဓိဝိဓဉာဏ်ဖြင့်။
ယာဝ ဗြဟ္မလောကာပိ၊ ဗြဟ္မပြည်တိုင်အောင်လည်း။
ကာယေန၊ ကိုယ်ဖြင့်။
ဝသံ၊ မိမိအလိုကို။
ဝတ္တေန္တော၊ ဖြစ်စေလျက်။
ဝါ၊ လိုက်စေလျက်။
ဒေဝလောကံ၊ နတ်ပြည်သို့။
ယာတိ၊ သွားနိုင်၏။
[တေန ယာတိကို ကြည်၍ ယာနီယောကို ကရဏသာဓ် ပြုရသည်။]
တသ္မာ၊ ထို့ကြောင့်။
တံ၊ ထိုဣဒ္ဓိဝိဓဉာဏ်ကို။
ဒေဝယာနီယော မဂ္ဂေါတိ၊ ဟူ၍။
(အာယသ္မတာ အာနန္ဒေန၊ သည်။)
ဝုတ္တံ၊ လျှောက်အပ်ပြီ။
ယေန စာတုမဟာရာဇိကာတိ၊ ကား။
သမီပေ၊ အနီး၌။
ဌိတံပိ၊ တည်တော်မူသည်လည်းဖြစ်သော။
ဘဂဝန္တံ၊ ကို။
အပုစ္ဆိတွာ၊ မမေးမူ၍။
ဓမ္မတာယ၊ ထုံးစံ ဓမ္မတာသည်။
စောဒိတော၊ တိုက်တွန်းအပ်သည်။
(ဟုတွာ)၊
ဒေဝတာ၊ နတ်တို့သည်။
မဟာနုဘာဝါ၊ ကြီးသော အာနုဘော်ရှိကုန်၏။
ဣတိ၊ ဤသို့။
မညမာနော၊ မှတ်ထင်သည်။
(ဟုတွာ)၊
ဥပသင်္ကမိ၊ ချဉ်းကပ်ပြီ။
မယံပိ ခေါ ဘိက္ခု န ဇာနာမာတိ၊ ကား။
ဗုဒ္ဓဝီသယေ၊ ဘုရားရှင်၏ အရာတော်၌။
ပဉှံ၊ ပြဿနာကို။
ပုစ္ဆိတာ၊ မေးအပ်ကုန်သော။
ဒေဝတာ၊ တို့သည်။
န ဇာနန္တိ၊ မသိကြကုန်။
တေန၊ ထို့ကြောင့်။
ဧဝံ၊ ဤသို့။
(မယံပိ ခေါ ဘိက္ခု န ဇာနမဟူ၍။)
အာဟံသု၊ ပြောကြကုန်ပြီ။ဒေဝယာနီယော။ ။ ဒိဗ္ဗန္တိ ဧတ္ထာဟိ ဒေဝါ- ကာမဂုဏ်တို့နှင့် ပြည့်စုံသည်ဖြစ်၍ လှည့်လည်ကြ,မြူးပျော်ကြ, ထွန်းပကြရာ နတ်ပြည်တို့၊ "တေ (ထို နတ်ပြည်တို့သို့) ယန္တိ ဥပဂစ္ဆန္တိဧတေနာတိ ဒေဝယာနီယော- (နတ်ပြည်တို့သို့ သွားရောက်ကြောင်းလမ်း)၊ ယထာ နိယျာနိယာတိ ဧတ္ထ အနီယသဒ္ဒေါ ကတွတ္ထေ၊ တထာ ဣဓ ကရဏတ္ထေတိ ဒဋ္ဌဗ္ဗံ" ဟု ဋီကာသစ်၌ အနီယ ပစ္စည်း, ကရဏသာဓ်ဟု ဆိုသည်။ [နိယျာနိကာ၌ကား နီ၌ ဤကို ရဿ, ယကိ ကပြုသော်လည်း ဤ၌ နီဝယ် ရဿပြုဖွယ်မလို။]
ကာယေန ဝသံ ဝတ္တေန္တော။ ။ ဝသဝတ္တနံနာမ ယထိစ္ဆိတဋ္ဌာနဂမနံ- ကိုယ်ဖြင့် အလိုသို့ လိုက်စေနိုင်ခြင်းဟူသည် (နတ်ပြည် ဗြဟ္မာ့ပြည်ဝယ်) သွားလိုရာအရပ်သို့ ရောက်အောင်သွားနိုင်ခြင်းတည်း- ဋီကာ။
စာတုမဟာရာဇိကာ။ ။ "စတ္တာရော မဟာရာဇာနော ဧတေသံ ဣဿရတိ စာတုမဟာ ရာဇိကာ" ဟု ဋီကာတို့၌ ဝိဂြိုဟ်ပြ၏၊ စတ္တာရော မဟာရာဇာနော စတုမဟာရာဇံ (ဒိဂု)၊ စတုမဟာရာဇံ ဧတေသံ ဣဿရာတိ" ဟု ဝိဂ္ဂဟပြု၍ ဧတေသံ ဣဿရအနက်၌ ဏိကပစ္စည်းသက်ဟု ကြံပါ၊ "နတ်မင်းကြီး ၄ ယောက်ဟူသော အစိုးရသူရှိသော နတ်အများတို့" ဟုပေး၊ အခြားနေရာ၌ကား "စတုမဟာရာဇေ ဘတ္တိ ဧတေသံတိ ဟာတုမဟာရာဇိကာ" ဟု ဧတေသံ ဘတ္တိအနက်၌ ဏိကပစ္စည်းသက်၏။
သမီပေ ဌိတမ္ပိ။ ။ ပိသည် သမ္ဘာဝနာဇောတက၊ အနီး၌ တည်နောတော်မူသောကြောင့် မေးလျှောက်ဖို့ရန် အလွန်လွယ်ကူသည်ကို သမ္ဘာဝနာပြုသည်။ ["ကိဉ္စာပိ ဘဂဝါ ဘမီပေ ဌိတော၊ တထာပိ" ဟု ကြံလျှင် ဂရဟာဇောတကဟုလည်း ဆိုနိုင်၏။]
ဗုဒ္ဓဝိသယေ ပဉှံ။ ။ စာတုမဟာရာဇ် နတ်တစ်ချို့သည် အရိယာဖြစ်ပြီးဖြစ်သောကြောင့် မဟာဘုတ်တို့ ချုပ်ကြောင်းနိဗ္ဗာန်ကို အတော်အတန် ဖြေနိုင်စရာရှိသော်လည်း ထိုရဟန်းသိလိုသောအချက်မှာ ချုပ်ကြောင်းနိဗ္ဗာန်သို့ အတော်အတန် ဖြေနိုင်စရာရှိသော်လည်း ထိုရဟန်းသိလိုသောအချက်မှာ ဘုရားရှင်ကိုယ်တိုင် အပြည့်အစုံဖြေမှ ပြေမည့် ပြဿနာဖြစ်သောကြောင့် ထိုမျှလောက် ကျယ်ကျယ်ဝန်းဝန်း မသိရကား" မယံပိ ခေါ န ဇာနမ" ဟု ဝန်ခံကြသည်။

အထခေါ၊ ထိုအခါ၌။
သော ဘိက္ခု၊ သည်။
မမ၊ ငါ၏။
ဣမံ မဉှံ၊ ဤပြဿနာကို။
န ကထေတုံ၊ မဖြေခြင်ငှါ။
(မဖြေဘဲနေခြင်းကို)။
န လဗ္ဘာ၊ မရအပ်။
["လဗ္ဘာ" ကား နိပါတ်ပုဒ်တည်း။]
သီဃံ၊ လျင်စွာ။
ကထေထ၊ ဖြေကြကုန်လော။
ဣတိ၊ သို့။
တာ ဒေဝတာ၊ ထို နတ်တို့ကို။
အဇ္ဈောတ္ထရတိ၊ လွှမ်းမိုး၏။
ပုနပ္ပုနံ၊ ထပ်ကာ ထပ်ကာ။
ပုစ္ဆတိ၊ မေး၏။
တာ၊ ထို နတ်တို့သည်။
အယံ ဘိက္ခု၊ သည်။
နော၊ ငါတို့ကို။
အဇ္ဈောတ္တရတိ၊ လွှမ်းမိုး၏။
ဟန္ဒ၊ ယခု။
နံ၊ ထို ရဟန်းကို။
ဟတ္ထတော၊ ငါတို့လက်မှ။
မောစေဿာမ၊ လွတ်စေကြကုန်အံ့။
["ဟတ္ထတော မောစေဿာမ" သည် မလိုချင်သောအရာ၌ "ဒို့ လက်ကလွတ်ရင် ပြီးတာဘဲ" ဟု လောက ပြောရိုးစကားတည်း။]
ဣတိ၊ ဤသို့။
စိန္တေတွာ၊ ၍။
အတ္ထိ ခေါ ဘိက္ခု စတ္တရော မဟာရာဇာနောတိ အာဒိံ၊ အစရှိသောစကားကို။
အာဟံသု၊ ပြောဆိုကြကုန်ပြီ။
တတ္ထ၊ ထို အတ္ထိ ခေါ ဘိက္ခုအစရှိသော စကားရပ်၌။
အဘိက္ကန္တ တရာတိ၊ ကား။
အဘိက္ကမ္မ၊ ကျော်လွန်၍။
ကန္တ တရာ၊ သာ၍ နှစ်သက်အပ်ကုန်သော။
ပဏီတတရာတိ၊ ကား။
ဝဏ္ဏယသဣဿရိယာဒီဟိ၊ အဆင်း, အခြံအရံ, အစိုးရသူ၏ အဖြစ် အစရှိသည်တို့ဖြင့်။
ဥတ္တမတရာ၊ သာ၍ မြတ်ကုန်သော။
(စတ္တာရော မဟာရာဇာနော ၌စပ်)။
ဧတေန နယေန၊ ဤနည်းဖြင့်။
သဗ္ဗဝါရေသု၊ အလုံးစုံသော ဝါရတို့၌။
အတ္ထော၊ ကို။
ဝေဒိတဗ္ဗော၊ သိထိုက်၏။အဇ္ဈောတ္ထရတိ။ ။ "လွှမ်းမိုးခြင်း" ဟူသော မဖြေလျှင် မနေနိင်အောင် အထပ်ထပ် မေးသောအားဖြင့် နှိပ်စက်ခြင်းတည်း၊ ထို့ကြောင့် "ပုနပ္ပုန ပုစ္ဆတိ" ဟု အဇ္ဈောတ္ထရတိကို သရုပ်ဖော်သည်။ [ဤ၌ "ပုစ္ဆတိ" ဟု ရှိသောကြောင့် ရှေ့၌လည်း "အဇ္ဈောတ္ထရတိ" ဟု တံကာလာပေက္ခဝတ္တမာန်ဖြင့်ရှိမှ ရှေ့နောက်ညီသည်၊ ရှေ့စာအုပ်တို့၌ "အဇ္ဈေတ္ထရိ" ဟု အတိတ်ရှိသည်မှ မကောင်း။]
အဘိက္ကန္တတရာ။ ။ ရူပသမ္ပတ္တိယာ စေဝ ပညာပဋိဘာနာဒိ ဂုဏေဟိစ အမှေ အဘိဘုယျ (အတိအဖွင့်) ပရေသံ ကာမနီယတရာ- သူတစ်ပါးတို့သည် သာ၍ နှစ်သက်အပ်ပါကုန်၏။(ကန္တတရာ အဖွင့်- ဋီကာ။
အဘိက္ကန္တတရာ။ ။ ရူပသမ္ပတ္တိယာ စေဝ ပညာပဋိဘာနာဒိ ဂုဏေဟိစ အမှေ အဘိဘုယျ (အတိအဖွင့်) ပရေသံ ကာမနီယတရာ- သူတစ်ပါးတို့သည် သာ၍ နှစ်သက်အပ်ပါကုန်၏။(ကန္တတရာ အဖွင့်- ဋီကာ။
ပန၊ အထူး။
အယံ၊ ကား။
ဝိသေသော၊ တည်း။
[အခြားနတ်များမှ ကြံစည်ပုံအထူးတည်း။]
ဒေဝရာဇာ၊ နတ်တို့၏ မင်းဖြစ်သော။
သက္ကော၊ သည်။
စိန္တေသိ ကိရ၊ ကြံသတတ်။
(ကိံ)၊
အယံ ပဉှော၊ ဤ ပြဿနာသည်။
ဗုဒ္ဓဝိသယော၊ ဘုရားရှင်၏ အရာတော်သည်။
အညေန၊ အခြားပုဂ္ဂိုလ်သည်။
ဝိသဇ္ဇိတုံ၊ ဖြေဆိုခြင်းငှါ။
န သက္ကာ၊ မစွမ်းနိုင်။
အယံ စ ဘိက္ခု၊ သည်လည်း။
အဂ္ဂိံ၊ မီးကို။
ပဟာယ၊ ၍။
ခဇေဇာပနကံ၊ ပိုးစုန်းကြူးကို။
ဓမန္တောဝိယ၊ မှုတ်သူကဲ့သို့လည်းကောင်း။
(ပိုးစုန်းကြူးကိုသာ၍ အရောင်လင်းအောင် မီးမှုတ်သလို မှုတ်သူကဲ့သို့ လည်းကောင်း)။
ဘေရိံ၊ စည်ကြီးကို။
ပဟာယ၊ ၍။
ဥဒရံ၊ ဝမ်းဗိုက်ကို။
ဝါဒေန္တောဝိယစ၊ မြည်စေသူကဲ့သို့လည်းကောင်း။
(တီးသူကဲ့သို့လည်းကောင်း)။
လောကေ၊ ၌။
အဂ္ဂပုဂ္ဂလံ၊ အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူသော။
သမ္မာသမ္ဗုဒ္ဓံ၊ ကို။
ပဟာယ၊ ၍။
ဒေဝတာ၊ တို့ကို။
ပုစ္ဆန္တော၊ မေးလျက်။
ဝိစရတိ၊ လှည့်လည်ဘိ၏။
နံ၊ ထိုရဟန်းကို။
သတ္ထု၊ ၏။
သန္တိကံ၊ အထံတော်၌။
ပေသေမိ၊ စေလွှတ်အံ့။
ဣတိ၊ သို့။
(စိန္တေသိ ကိရ)၊ ။
အယံ ပန ဝိသေသော။ ။ "မျက်စိတစ်ထောင် အမြင်ဆောင်သည်" ဟု ကျော်ကြားသော သိကြားမင်းသည် သစ္စာ ၄ ပါးကို သိပြီးသော သောတာပန်ဖြစ်ပါလျက် "အဘယ့်ကြောင့် ထိုရဟန်းကို မှန်သော နည်းလမ်း၌ မတိုက်တွန်းရပါသနည်း" ဟု မေးဖွယ်ရှိသောကြောင့် "အယံ ပန ဝိသေသော" စသည်ကို မိန့်သည်၊ [ဥပါယေ- သင့်လျော်သော နည်းလမ်း၌၊ (မြတ်စွာဘုရားထံ ပြန်၍ လျှောက်ထားဖို့ရန် နည်းလမ်း၌)၊ န နိယောဇေတိ- မတိုက်တွန်းပါသနည်း" ဟု အနက်ပေးပါ။]
တတော၊ ထိုမှ နောက်၌။
ပုနဒေဝ၊ လျှင်။
သော၊ ထို သိကြားမင်းသည်။
စိန္တေသိ၊ ကြံပြီ။
(ကိံ)၊
သုဒူရမ္ပိ၊ အလွန်ဝေးသော အရပ်သို့လည်း။
ဂန္တွာ၊ သွားပြီး၍။
သတ္ထု၊ ၏။
သန္တိကေယေဝ၊ အထံတော်၌သာ။
နိက္ကင်္ခေါ၊ ယုံမှားခြင်းမရှိသည််။
ဘဝိဿတိ၊ လတံ့။
ဧသပုဂ္ဂလော နာ၊ ဤကဲ့သို့သော ပုဂ္ဂိုလ်မည်သည်။
အတ္ထိစေဝ၊ ရှိတတ်သေးသည်သာ။
ထောကံ၊ အနည်းငယ်။
အာဟိဏ္ဍန္တော၊ လှည့်လည်လျက်။
တာဝကိလမတု၊ ပင်ပန်းပါစေဦးလော။
ပစ္ဆာ၊ ၌။
ဇာနိဿတိ၊ သိလတံ့။
ဣတိ၊ သို့။
(စိန္တေ သိ)၊
တတော၊ ထိုသို့ အကြံဖြစ်ခြင်းကြောင့်။
တံ၊ ထိုရဟန်းကို။
အဟံပိ ခေါတိ အာဒိံ၊ ကို။
အာဟ၊ လျှောက်ပြီ။
ဗြဟ္မယာနီယောပိ၊ ဗြဟ္မပြည်သို့ သွားကြောင်း လမ်းသည်လည်း။
ဒေဝယာနီယ သဒိသောဝ၊ နတ်ပြည်သို့ သွားကြောင်း လမ်းနှင့်တူသည်သာ။
["သဗ္ဗမေတံ ဟိ" ဟု ရှိလျှင် ကောင်း၏။ မရှိလျှင် ထည့်ပါ။]
ဟိ၊ မှန်။
ဒေဝယာနီယ ဂ္ဂေါတိဝါ၊ ဒေဝယာနီယ မဂ္ဂဟူသော အမည်သည်လည်းကောင်း။
ဗြဟ္မဟာနီယမဂ္ဂေါတိဝါ၊ သည်လည်းကောင်း။
ဓမ္မသေတူတိဝါ၊ သည်လည်းကောင်း။
(တရားတည်းဟူသော တံတားဟူသော အမည်သည်လည်းကောင်း။)
ဧကစိတ္တက္ခဏိက အပ္ပနာတိဝါ၊ တစ်ခုသော စိတ္တက္ခဏရှိသော အပ္ပနာဟူသော အမည်သည်လည်းကောင်း။
အန္နိဋ္ဌာနိကစေတနာတိဝါ၊ ဆုံးဖြတ်ကြောင်း စေတနာဟူသော အမည်သည်လည်းကောင်း။
မဟဂ္ဂတစိတ္တံတိဝါ၊ သည်လည်းကောင်း။
အဘိညာညာဏန္တိဝါ၊ အထူးအားဖြင့် သိတတ်သော ဉာဏ်ဟူသော အမည်သည်လည်းကောင်း။
သဗ္ဗံ၊ သော။
ဧတံ၊ ဤအမည်သည်။
ဣဒ္ဓိဝိဓညာဏဿေဝ၊ ၏သာ။
နာမံ၊ တည်း။
အတ္ထိစေဝ။ ။ ဧဒိသော မဟာဘူတပရိယေသကော ပုဂ္ဂလောနာမ ဝိဇ္ဇမာနောယေဝ ဘဝေယျ- ဤကဲ့သို့ မဟာဘူတ ပရိယေသကပုဂ္ဂိုလ်သည် ဧကန်ရှိတန်ရာ၏၊ မဟာ အပေသိ တောယေဝ ပစ္ဆာ ဇာနိဿတီတိ အဓိပ္ပါယော- ငါက ဘုရားအထံတော်သို့ မစေလွှတ်ဘဲသာလျှင် နောက်၌ သူ့ဘာသာ သိလိမ်မည်- ဟူလို။
ပုဗ္ဗနိမိတ္တန္တိ၊ တ္တံဟူသော ပါဌ်ဖြင့်။
("ဒီယယိံသု" ၌စပ်။)
ဥဒယတော၊ ထွက်လာသော။
(ထွက်တော့မည်ဖြစ်သော)။
သူရိယဿ၊ ၏။
အရုဏုဂ္ဂံ၊ အရုဏ်ဦးသည်။
ပုနနိမိတ္တံ၊ ပုဗ္ဗနိမိတ်သည်။
(ဟောတိ) ဝိယ၊ သို့။
(ဧဝံ)၊
အာဂမနပုဗ္ဗဘာဂေ၊ ဗြဟ္မာမင်းလာခြင်း၏ ရှေ့အဖို့၌။
(ဥပ္ပဇ္ဇနကံ၊ ဖြစ်နှင့်သာ)။
နိမိတ္တံ၊ အမှတ်အသားသည်။
(ဟောတိ)၊
တသ္မာ၊ ကြောင့်။
ဣဒါနေဝ၊ ယခုပင်။
ဗြဟ္မာ၊ မဟာဗြဟ္မာသည်။
အာဂမိဿတိ၊ လာတော့လတံ့။
ဧဝံ၊ သို့။
မယံ၊ အကျွန်ုပ်တို့သည်။
ဇာနာမ၊ သိကြရပါကုန်၏။
ဣတိ၊ ဤအနက် အဓိပ္ပါယ်ကို။
ဒီမယိံသု၊ ပြကြကုန်ပြီ။
ပါတုရဟောသီတိ၊ ကား။
ပါကဋော၊ ထင်ရှားသည်.
အဟောသိ၊ ပြီ။
အထ၊ ထိုအခါ၌။
သောဗြဟ္မာ၊ သည်။
တေန ဘိက္ခုနာ၊ သည်။
ပုဋ္ဌော၊ မေးအပ်သည်။
(သမာနော)၊
အတ္တနော၊ ၏။
အဝိသယဘာဝံ၊ အရာမဟုတ်သည်၏ အဖြစ်ကို။
ဉတွာ၊ ၍။
("စိန္တေတွာ အာဒိမာဟ" တို့၌စပ်)။
အဟံ၊ သည်။
န ဇာနာမိ၊ မသိပါ။
ဣတိ၊ သို့။
သစေဝက္ခာမိ၊ အကယ်၍ ပြောအံ့။
(ဧဝံ သတိ)၊
ဣမေ၊ ဤ ဗြဟ္မာတို့သည်။
မံ၊ ငါ့ကို။
ပရိဘဝိဿန္တိ၊ လွှမ်းမိုးကြကုန်လတံ့။
(အထင်သေးကြကုန်လတံ့)။
အထ၊ သို့မဟုတ်။
ဇာနန္တောဝိယ၊ သိသကဲ့သို့။
ယံကိဉ္စိ၊ အမှတ်မရှိ တစ်စုံတစ်ခုသောစကားကို။
(သစေ) ကထေဿာမိ၊ အံ့။
(ဧဝံ သတိ) အယံ ဘိက္ခု၊ သည်။
မေ၊ ၏။
ဝေယျာကရဏေန၊ ဖြေဆိုခြင်းအားဖြင့်။
အနာရဒ္ဓစိတ္တော၊ နှစ်သက်စေသက်သော စိတ်မရှိသည်။
(ဟုတွာ) ဝါဒံ၊ ပြောဆိုကြောင်း အပြစ်ကို။
အာရောပေဿတိ၊ တင်လတံ့။သဗ္ဗမေတံ ၊ပေ၊ နာမံ။ ။ ဣဒံ ပါဠိယံ အဋ္ဌကထာသုစ တတ္ထ တတ္ထ အာဂတရုဠီနာမဝသေန ဝုတ္တံ၊- ဣဒ္ဓိဝိဓဉာဏ်၏ "ဒေဝသာနိယမဂ္ဂ" စသော အမည်ကို ပါဠိတော် အဋ္ဌကထာ ထိုထိုနေရာ၌ ရုဠီနာမည်အဖြစ်ဖြင့် လာသောကြောင့် ဤ၌ ဆိုအပ်ပြီ။
ပုဗ္ဗနိမိတ္တံ။ ။ ပုဗ္ဗေ- ဗြဟ္မာမင်း မလာမီ ရှေးအဖို့၌+ဥပ္ပဇ္ဇနကံ- ဖြစ်နှင့်သာ+ နိမိတ္တံ- ဗြဟ္မာမင်းလာခြင်း၏ အမှတ်အသားတည်း၊ ပုဗ္ဗနိမိတ္တံ- သား၊ နေမထွက်ခင် ရှေးဦးစွဦ ပေါ်လာသော အရုဏ်ရောင်သည် နေထွက်လာတော့မည် အထိမ်းအမှတ်ဖြစ်သကဲ့သို့တည်း။
အနာရဒ္ဓစိတ္တောစသည်။ ။ အနာရဒ္ဓစိတ္တောတိ အနာရာဓိတ စိတ္တော၊အာရဒ္ဓ၌ အာ+ရာဓ ဓာတ်, ကာရိကြေ, တပစ္စည်း၊ အာရာဓိယတေတိ အာရဒ္ဓံ၊ အာရဒ္ဓံ+စိတ္တံယဿာတိ အာရဒ္ဓစိတ္တော၊ န အာရဒ္ဓစိတ္တော အနာရဒ္ဓစိတ္တော၊ "အတုဋ္ဌစိတ္တော- မနှစ်သကသော စိတ်ရှိသည်" ဟု အဓိပ္ပါယ်မှတ်ပါ၊ ဤပုဒ်ကို ဟုတွာထည့်၍ အာရောပေဿတိ ၌စပ်။

အဟမသ္မိ ဘိက္ခု ဗြဟ္မာတိအာဒီနိ၊ အစရှိသော စကားတို့ကို။
မေ၊ သည်။
ဘဏန္တ ဿ၊ ပြောဆိုလသော်။
ဝါ၊ သော။
မေ၊ ၏။
ဝစနံ ပန၊ စကားကိုသာ။
ကောစိ၊ တစ်စုံတစ်ယောက်သည်။
န သဒ္ဒဟိဿတိ၊ မယုံကြည်လတံ့သည်ကား။
န၊ မဟုတ်။
(သဒ္ဒဟိဿတိယေဝ၊ ယုံကြည်လတံ့သည်သာ။)
အဟံ၊ သည်။
ဝိက္ခေပံ၊ အထူးထူး အပြားပြား ပယ်ရှားခြင်းကို။
[ဝါစာယ ဝိဝိဓာ ခေပနံ၊ တစ်ခြားအာရုံ ရောက်နေအောင် အခြားမဆီးမဆိုင် စကားတွေ ပြောခြင်းကို "စကားဖြင့် အထူးထူး သော ပစ်ပယ်ခြင်း" ဟု ဆိုသည်။]
ကတွာ၊ ၍။
ဣမံ ဘိက္ခုံ၊ ကို။
သတ္ထု၊ မြတ်စွာ ဘုရား၏။
သန္တိကံယေဝ၊ သို့သာ။
ယံနူနပေသေယျံ၊ အကယ်၍ စေလွှတ်ရပါမူကားကောင်းလေစွ။
ဣတိ၊ ဤသို့။
စိန္တေတွာ၊ ၍။
အဟမသ္မိ ဘိက္ခု ဗြဟ္မာတိ အာဒိံ၊ ကို။
အာဟ၊ ပြောပြီ။
ဧကံမန္တံ အပနေတွာတိ၊ ကား။
ကသ္မာ၊ ကြောင့်။
ဧဝံ၊ ဤသို့။
(တစ်ခုသောအရပ်သို့ ဖယ်၍ ဆောင်မှုကို)။
အကာသိ၊ ပြုသနည်း။
(ဣတိ၊ ဤကား အမေးတည်း)။
ကုဟကတ္တာ၊ ကြွားဝါတတ်သူ၏ အဖြစ်ကြောင့်။
(ဧဝံ အကာသိ၊ ပြီ။
ဣတိ၊ ဤကား အဖြေတည်း။)
ဗဟိဒ္ဓါ ပရိယေဋ္ဌိံ တိ၊ ကား။
တေလတ္ထိကော၊ ဆီးကို အလိုရှိသော ပုဂ္ဂိုလ်သည်။
ဝါလိကံ၊ သဲကို။
နိပ္ပီဠယမာနောဝိယ၊ ညှစ်သကဲ့သို့။
(ဆီကြိတ်သကဲ့သို့။)
ယာဝဗြဟ္မလောကော၊ ဗြဟ္မပြည်တိုင်အောင်။
ဗဟိဒ္ဓါ၊ မြတ်စွာ ဘုရားမှ အပ၌။
ပရိယေသနံ၊ ရှာမှီးခြင်းကို။
အာပဇ္ဇတိ၊ ရောက်၏။
သကုဏန္တိ၊ ကား။
ကာကံဝါ၊ ကျီးကိုသော်လည်းကောင်း။
ကုလလံဝါ၊ စွန်ကိုသော်လည်းကောင်း။
(ဂဟေတွာ ၌စပ်)။
န ခေါ ဧသော ဘိက္ခု ပဉှော ဧဝံ ပုစ္ဆိတဗ္ဗောတိ ဣမိနာ၊ ဖြင့်။
(ပဋိသေဓေတိ၌ စပ်)။
ဘဂဝါ၊ သည်။
ယသ္မာ၊ ကြောင့်။
ဧသ ပဉှော၊ ဤ ပြဿနာကို။
ပဒေသေန၊ ဥပါဒိန္နက မဟာဘုတ်ဟူသော တစ်စိတ်တစ်ပိုင်းဖြင့် ။
ပုစ္ဆိတဗ္ဗော၊ မေးထိုက်၏။
အယဉ္စ ဘိက္ခု၊ ဤ ရဟန်းသည်လည်း။
အနုပါဒိန္နကေပိ၊ အနုပဒိန္နက မဟာဘုတ်တို့ကိုလည်း။
ဂဟေတွာ၊ ယူ၍။
နိပ္ပဒေသတော၊ အကြွင်းမရှိသော အားဖြင့်။
ပုစ္ဆတိ၊ မေး၏။
["ကတ္ထနု ခေါ ဘန္တေ ဣမေ စတ္တာရော မဟာဘူတာ" ဟု သက်ရှိ သက်မဲ့ မဟာဘုတ်အားလုံးကိုမေးသည်။]
တသ္မာ၊ ကြောင့်။
ပဋိသေဓေတိ၊ တားမြစ်တော်မူ၏။ကုဟကတ္တာ။ ။ စုရာဒိကုဟဓာတ်သည် ဝိမှာပန- အံ့ဩစေခြင်း, အထင်ကြီးအောင်, အထင်မသေးအောင် ကြွားဝါခြင်းအနက်ကိုဟော၏၊ ထို ဗြဟ္မာင်းလည်း အခြားဗြဟ္မာတို့က မိမိကို အထင်မသေးအောင် ကြွားဝါတတ်သောကြောင့် ထိုရဟန်းကို အခြားတစ်နေရာသို့ ခေါ်ဆောင်ပြီးမှ သူမသိကြောင်းကို အမှန်အတိုင်း ဝန်ခံသည်။
န ခေါ ၊ပေ၊ ပုစ္ဆိတဗ္ဗောတိ ဣဒံ။ ။ ဣဒံ၏ စပ်ပုဒ်သည်တိုက်ရိုက်မရှိ၊ ဘဂဝါဟူသော ကတ္တားရှေ့က ပုဒ်သည် ဘဂဝါ စပ်ရာ ပဋိသေဓေတိ၌သာ စပ်ခွင့်ရှိ၏၊ ပဋိသေဓေတိ၌ စပ်၍လည်း အဓိပ္ပါယ်မရ၊ ထို့ကြောင့် "ဣမိနာ" ဟု ရှိလျှင် ကောင်းမည်ထင်သည်၊ "ဤပါဌ်ဖြင့် ဘုရားရှင်သည် တားမြစ်တော်မူ၏" ဟူလို။
ပဒေသေနေဝ။ ။ ဋီကာ၌ "ဧကဒေသေန" ဟု ဖွင့်၍ ထို ဧကဒေသအရ "ဥပါဒိန္နက ဝသေန" ဟု သရုပ်ဖေါ်သည်၊ ထို ဥပါဒိန္နကဟူသည် သက်ရှိ ရုပ်တရားတည်း၊ ထို့ကြောင့် "သတ္တ သန္တာန ပရိယာပန္နနာတိ အတ္ထော" ဟု အဓိပ္ပါယ်ဖွင့်သည်။

ပုစ္ဆာမူဠဿ၊ ပုစ္ဆာ၌ တွေဝေနေသော။
ဇနဿ၊ သတ္တဝါအပေါင်းအား။
ပုစ္ဆာယ၊ ပုစ္ဆာ၏။
ဒေါသံ၊ အပြစ်ကို။
ဒေဿေတွာ၊ ပြတော်မူ၍။
ပုစ္ဆံ၊ ကို။
(မေးနည်းကို)။
သိက္ခာပေတွာ၊ သင်စေတော်မူ၍။
(သင်ပေးတော်မူ၍)။
(ယံ) ပုစ္ဆာ ဝိသဇနံ၊ အကြင်ပုစ္ဆာကို ဖြေတော်မူခြင်းသည်။
(အတ္ထိ)၊
ဧတံ၊ ဤပုစ္ဆာမူဠပုဂ္ဂိုလ်အား ပုစ္ဆာကို သင်ပေးပြီမှ ပြဿနာကို ဖြေဆိုတော်မူခြင်းသည်။
ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။
အာစိဏ္ဏံ၊ လေ့ကျက်အပ်သော သဘောတံထွာ ဓမ္မတာတော်သည်။
ဟောတိ ကိရ၊ ဖြစ်သတတ်။
ကသ္မာ၊ ကြောင့်။
(ပုစ္ဆာမူဠဿ၊ သော။
ဇနဿ၊ အား။
ပုစ္ဆာယ၊ ၏။
ဒေါသံ၊ ကို။
ဒဿေတွာ၊ ၍။
ပုစ္ဆံ၊ ကို။
သိက္ခာပေတွာ၊ ၍။
ယံ ပုစ္ဆာဝိသဇ္ဇနံ၊ သည်။
အတ္ထိ, ဧတံ၊ သည်။
ဗုဒ္ဓါနံ အာစိဏ္ဏံ ဟောတိ၊ နည်း။)
ပုစ္ဆိတုံ၊ မေးခြင်းငှါ။
(မေးနည်းကို)။
အဇာနိတွာ၊ မသိမူ၍။
ပရိပုစ္ဆန္တော၊ မေးသော ပုဂ္ဂိုလ်သည်။
ဒုဗ္ဗိညာပယော၊ မသိစေအပ် မသိစေနိုင်သည်။
ဟောတိ၊ ၏။
(တသ္မာ, မုစ္ဆာမူဠဿ ဇနဿ ပုစ္ဆာယ ဒေါသံ ဒဿေတွာ ပုစ္ဆံ သိက္ခာပေတွာ ယံ ပုစ္ဆာဝိသဇ္ဇနံ အတ္ထိ, ဧတံ ဗုဒ္ဓါနံ အာစိဏ္ဏံ ဟောတိ)၊ ။နိပ္ပဒေသတော ပုစ္ဆိ။ ။ သက်ရှိ မဟာဘူတ်ဟူသော ဥပါဒိန္နကရုပ်, တော တောင် ရေ မြေစသည်၌ တည်သော သက်မဲ့ မဟာဘူတ်ဟူသော အနုပါဒိန္နကရုပ်အားဖြင့် ၂ မျိုးလုံးသော မဟာဘုတ်ကို မေးသောကြောင့် "နိပ္ပဒေသတော ပုစ္ဆိ" ဟု ဆိုသည်။ ဆက်ဦးအံ့- ဤပြဿနာကား သက်ရှိမဟာဘုတ်တို့၏ ချုပ်ကြောင်းကိုသာ မေးသင့်သော ပြဿနာတည်း၊ မှန်၏၊- နိဗ္ဗာန်တရားသည် သက်ရှိ မဟာဘုတ်များ၏ ချုပ်ကြောင်းသာ ဖြစ်၏၊ တော တောင်စသည်၌ တည်သော သက်မဲ့ မဟာဘုတ်တို့၏ ချုပ်ကြောင်း မဟုတ်ပါ။
ပုစ္ဆာနူဠဿ။ ။ လမ်းမှန်းမသိ မျက်စိလည်နေသူကို "မဂ္ဂမူဠ" ဟု ခေါ်သကဲ့သို့ ပုစ္ဆာမေးနည်းမသိသု, (သူသိလိုသော အကြောင်းအရာကို မမေးတတ်သူ) ကို "ပုစ္ဆာမူဠ" ဟု ခေါ်ရသည်၊ ထိုသို့ မမေးတတ်ဘဲမေးလျှင် အမေးသည်ပင် လွဲ၍နေသောကြောင့် ထိုပုစ္ဆာအလွဲကို အမှန် ဖြေသော်လည်း မေးသူကား နားလည်မည်မဟုတ်၊ ထို့ကြောင့် ဘုရားရှင်တို့သည် ရှေးဦးစွာ ပုစ္ဆာကို မှန်အောင် မေးတတ်ဖို့ရန် သင်ပေးတော်မူပြီးမှ ထို မှန်သော ပုစ္ဆာအတွက် မှန်သောအဖြေကို ပေးတော်မူလေ့ရှိကြသည်။ [ဝိညာပီယတေ- သိစေအပ်၏၊ ဣတိ ဝိညာပယော၊ ဝိ+ဉာ+ဏာပယ+ဏ၊ ဒုသဒ္ဒါသည် အဘာဝ ပဋိသေဓအနက်ဟော၊ န+ ဝိညာပယော ဒုဗ္ဗိညာပယော၊ (တစ်နည်း) ဒုက္ခေန+ ဝိညာပယော ဒုဗ္ဗိညာပယော။]

ပန၊ ဆက်။
[ပြတ်ပြီးစကားကို ပြန်၍ဆက်သည်။]
(တသ္မာ၊ ကြောင့်။
ဝါ၊ ပုစ္ဆာမူဠပုဂ္ဂိုလ်အား မေးနည်းကို သင်ပေးပြီမှ ဖြေဆိုခြင်း၏ ဗုဒ္ဓါစိဏ္ဏ၏ အဖြစ်ကြောင့်။)
[ရှေ့စကားနှင့်ဆက်သွယ်မိအောင် ထည့်သည်။]
ပဉှံ၊ ပြဿနာကို။
သိက္ခာပေန္တော၊ သင်စေတော်မူလိုသည်၏ အဖြစ်ကြောင့်။
(သင်ပေးတော်မူလိုသည်၏ အဖြစ်ကြောင့်)။
ကတ္ထ အာပေါစာတိ အာဒိံ၊ အစရှိသော ဂါထားကို။
အာဟ၊ ပြီ။
တတ္ထ၊ ထို ကတ္ထ အာပေါစ အစရှိသော ဂါထား၌။
(အဝယဝတ္ထော၊ အစိတ်ဖြစ်သော အနက်ကို။
ဧဝံ ဝေဒိတဗ္ဗော၊ )
န ဂါဓတီတိ၊ ကား။
န ပတိဋ္ဌာတိ၊ မတည်နိုင်ပါသနည်း။
စတ္တာရော၊ န်သော။
ဣမေ မဟာဘူတေ၊ တို့သည်။
ကိံ၊ အဘယ်အာရုံသို့။
အာဂမ္မ၊ ရောက်၍။
(ရောက်ခြင်းကြောင့်)။
အပ္ပတိဋ္ဌာ၊ ဖြစ်တည်ဖို့ရာ အကြောင်းမရှိကုန်သည်။
ဘဝန္တိ၊ ဖြစ်ပါကုန်သနည်း။
ဣတိ အတ္ထော၊ ။
ဣမံ၊ ဤ ပြဿနာကို။
ဥပါဒိန္နံယေဝ၊ သက်ရှိ မဟာဘုတ်ကိုသာ။
သန္ဓာယ၊ ၍။
ပုစ္ဆတိ၊ မေး၏။
[သန္ဓာယ ပါလျှင် သန္ဓာယ၏ ကကံ တစ်ခြား, ပဓာနကြိယာ၏ ကံက တခြားဖြစ်သော ကြောင့် ပဓနကြိယာ၏ကံကို "ဣမံ" ဟုထည့်။]
သဏ္ဌာနဝသေန၊ အရှည် အတို ပုံသဏ္ဌန်၏ အစွမ်းဖြင့်။
ဥပါဒါရူပံ၊ (ဝဏ္ဏတည်းဟူသော) ဥပါဒါရုပ်ကို။
ဒီဃဉ္စရဿဉ္စာတိ၊ ဟူ၍။
ဝုတ္တံ၊ ဆိုအပ်ပြီ။န ဂါဓတိ။ ။ ဂါဓဓာတ်၏ ပတိဋ္ဌာအနက်ကို ပြလို၍ "န ပတိဋ္ဌာတိ" ဟု ဖွင့်ပြီးလျှင် ထိုပတိဋ္ဌာအရ လောကမျက်မြင်ဖြစ်သော တရာဌာနကို ယူမည်စိုး၍ "ကိံ အာဂမ္မ အပ္ပတိဋ္ဌာ ဘဝန္တီတိ အတ္ထော" ဟု အဓိပ္ပါယတ္ထ ဖွင့်သည်၊ ကိံ အာဂမ္မကို "ကိံ အာရမဏ ပစ္စယဘူတံ အဓိဂန္တွာ, အဓိဂမနဟေတူတိ အတ္ထော" ဟု ရှေ့၌ ဋီကာဖွင့်ခဲ့ပြီ၊ ဤ၌လည်း အပတိဋ္ဌာကို "အပ္ပစ္စယာ" ဟု ဖွင့်သည်။
ဥပါဒိန္နံယေဝ သန္ဓာယ။ ။ ခန္ဓာကိုယ်၌တည်သော ရုပ် ဟူသမျှသည် ငါ-ငါ့ ဥစ္စာဟု စွဲလမ်းအပ်သောကြောင့် ဥပါဒိန္နမည်၏၊ ဥပါဒိန္နဓာတ်ကြီး ၄ ပါးကို ရည်ရွယ်၍ ဤပြသနာကိုမေးရသည်၊ သက်ရှိခန္ဓာကိုယ်၌ရှိသာ ဥပါဒိန္နရုပ်ကို ရည်ရွယ်ကြောင်း ကိုလည်း နောက်၌ "ကတ္ထ နာမဉ္စ ရူပဉ္စ" ၌ နာမံကို သက်ရှိဖြစ်သောကြောင့် တွဲဘက် ရူပံလည်း သဟစရဏနည်းအားဖြင့် သက်ရှိပင် ဖြစ်ကြောင်း သိသာသည်။
ဒီဃဉ္စ ရဿဉ္စ။ ။ အရှေ့အရပ်စသော အရပ်တစ်ခုသို့ ရှေ့ရှုလျက် ရုပ်ကလာပ်တွေ စဉ်တန်း၍ နေရာ၌ များသော ရုပ်ကလာပ် အစဉ်အတန်းကို ဒီဃဟု ခေါ်၍, ထိုဒီဃလောက်မများသော ရုပ်ကလာပ်အစဉ်အတန်းကို ရဿဟုခေါ်၏၊ ဥပမာ- "အရပ်ရှည်သူ, အရပ်ပုသူ" ဟူရာ၌ ရုပ်ကလာပ်တွေ အထက်အောက် စဉ်၍နေရာဝယ် အစဉ်များ မများကို လိုက်၍ ခေါ်ရသကဲ့သို့တည်း။
ဥပါဒါရူပံ ဝုတ္တံ။ ။ ဒီဃရုပ်အစဉ် ရဿရုပ်အစဉ်၌ မဟာဘူတ်တို့ပါရှိသော်လည်း မဟာဘုတ်အတွက် "ကတ္ထ အာပေါစ ပထဝီ" စသည်ဖြင့် သီးခြားပုစ္ဆာ ရှိပြီးဖြစ်သောကြောင့် "ဒီဃံ ရဿံ" ဖြင့် ပုံသဏ္ဌာန်ထင်ရှားသော ဥပါဒါရုပ်ကို ဆိုအပ်ပြီဟု မိန့်သည်။

အဏုံ ထူလန္တိ၊ ကား။
ခုဒ္ဒကံဝါ၊ သေးငယ်သော ဥပါဒါရုပ်သည်လည်းကောင်း။
မဟန္တံဝါ၊ ကြီးမားသော ဥပါဒါရုပ်သည်လည်းကောင်း။
("ဥပရုဇ္ဈတိ၊ ချုပ်ပါသနည်း" ဟု ပါဠိတော်၌စပ်)။
ဣမိနာပိ၊ အဏုံ ထူလံဟူသော ဤစကားဖြင့်လည်း။
ဥပါဒါရူပေ၊ ၌။
ဝါ၊ တွင်။
ဝဏ္ဏမတ္တမေဝ၊ ဝဏ္ဏရုပ်မျှကိုသာ။
ကထိတံ၊ ပြီ။
သုဘာသုဘန္တိ၊ ဟူသော ပါဌ်ဖြင့်။
သုဘဉ္စ၊ တင့်တယ်သည်လည်းဖြစ်သော။
အသုဘဉ္စ၊ မတင့်တယ်သည်လည်းဖြစ်သော။
ဥပါဒါရူပမေဝ၊ ကိုသာ။
ကထတံ၊ ပြီ။
ပန၊ ပရိဟာရပက္ခမှ တစ်ပါး စောဒကပက္ခကား။
ဥပါဒါရူပံ၊ သည်။
သုဘန္တိ၊ သုဘရုပ်ဟူ၍ လည်းကောင်း။
အသုဘန္တိ၊ အသုဘရုပ်ဟူ၍လည်းကောင်း။
အတ္ထိကိံ၊ ရှိသလော။
(ဣတိ၊ ဤကား အမေးတည်း။)
နတ္ထိ၊ မရှိ။
ပန၊ ထိုသို့ပင် မရှိပါသော်လည်း။
ဣဋ္ဌာနိဋ္ဌာရမဏံ၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံကို။
ဧဝံ၊ ဤသို့။
(သုဘရုပ် အသုဘရုပ်ဟူ၍)။
ကထံတံ၊ ပြီ။
နာမဉ္စ ရူပဉ္စာတိ၊ ကား။
နာမဉ္စ၊ နာမ်ခန္ဓာ ၄ ပါးသည် လည်းကောင်း။
ဒီဃာဒိဘောဒံ၊ ဒီဃအစရှိသော အပြားရှိသော။
ရူပဉ္စ၊ ရုပ်သည်လည်းကောင်း။
("ဥပရုဇ္ဈတိ" ၌စပ်)။အဏုံ ထူလံ။ ။ နည်းသော ရုပ်ကလာပ်အပေါင်းကို "အဏုံ (အသေးအငယ်)" ဟု ခေါ်၏၊ ထို အဏုရုပ်အပေါင်းကို ထောက်စာ၍ ထိုထက်များသော ရုပ်အပေါင်းကို "ထူလ" ဟု ခေါ်ရသည်။ [အဏုံ၌ ဝါစာသိလိဋ္ဌ နိဂ္ဂဟိတ်တည်း၊ အပ္ပပရိမာဏေ ရူပသင်္ဃာတေ (နည်းသော အတိုင်းအရှည်ရှိသော ရုပ်ကလာပ်အပေါင်း၌) အဏုသညာ၊ တဒုပါဒါယ (ထိုကိုထောက်စာ၍) တတော မဟတိ (ထိုထက်ပြီးသော ရုပ်အပေါင်း၌) ထူလသညာ။]
ဣမိနာပိ။ ။ ပိဖြင့် ဒီဃ ရဿတုန်းကလည်း "ဥပါဒါရူပံ" အရ ဥပါဒါရုပ်တွင်ပါဝင်သော ဝဏ္ဏရုပ်ကို ယူစေလိုကြောင်းပြ၏၊ ထိုသို့ ဝဏ္ဏရုပ်ချင်းတူသောကြောင့် ပိဖြင့် ပေါင်းသည်ဟု ဆိုလိုသည်၊ မှန်၏- ရှေ့၌ "သဏ္ဌာနဝသေန" ဟု ဆိုခဲ့၏၊ ထို သဏ္ဌာန် (ပုံ) ဟူသည် ဝဏ္ဏကို အကြောင်းပြု၍ သိအပ်သော ရုပ်အစုတည်း၊ အဆင်းအရောင် (ဝဏ္ဏ) မရှိလျှင် ပုံသဏ္ဌာန်ကို လည်း မသိနိုင်ပါ။
နာမဉ္စ ရူပဉ္စ။ ။ နာမံအရ နာမ်ခန္ဓာ ၄ ပါးကို ယူရကြောင်း ထင်ရှားသောကြောင့် မဖွင့်တော့ဘဲ ရူပံကို "ဒီဃာဒိဘေဒံ ရူပဉ္စ" ဟု ဖွင့်သည်၊ ဒီဃာဒိ၌ အာဒိဖြင့် ရှေ့၌ပြအပ်ပြီးသော ရဿ, အဏု, ထူလ, သုဘ, အသုဘတို့သာမက အာပေါစသော မဟာဘုတ်တို့ကို လည်း ရုပ္ပနလက္ခဏချင်း တူသောကြောင့် ယူရသည်၊ ထို့ကြောင့် "ကတ္ထ နာမဉ္စ ရူပဉ္စ" ဖြင့် နာမ်နှင့်တကွ ရှေ့၌ ပြအပ်ပြီးသော ရုပ်အားလုံးကိုမေးသည်ဟု မှတ်ပါ။
ဋီကာ။ ။ နာမန္တိ ဝေဒနာဒိခန္ဓ စတုက္ကံ၊ တံ ဟိ အာရမဏာဘိမုခံနမနတော၊ နာမကရဏတောစ (ဖဿစသော မိမိတို့၏ အမည်ကို တွေ့ထိခြင်းသဘောဟူသော မိမိသည်ပင် ပြုတတ်သောကြောင့် လည်းကောင်း) နာမန္တိ ဝုစ္စတိ၊ ဟေဋ္ဌာ ဒီဃံ ရဿန္တိ အာဒိနာ ဝုတ္တမေဝ (ဆိုအပ်ပြီးကိုပင်) ဣဓ ရုပ္ပနဋ္ဌေန ရူပန္တိ ဂဟိတန္တိ အာဟ- ဒီဃာဒိဘေဒံ ရူပဉ္စာတိ၊ ဒီဃာဒီတိစ အာဒိသဒ္ဒေန အာပါဒီနဉ္စ သင်္ဂဟော ဒဋ္ဌဗ္ဗော။

ဥပရုဇ္ဈတီဝိ၊ ကား။
နိရုဇ္ဈတိ၊ ချုပ်ပါသနည်း။
ကိံ၊ အဘယ်အာရုံသို့။
အာဂမ္မ၊ ရောက်၍။
(ရောက်ခြင်းကြောင့်)။
အသေသံ၊ အကြွင်းအကျန်မရှိအောင်။
ဧဝံ၊ ဤနာမ်ရုပ် ၂ ပါးသည်။
န ပဝတ္တတိ၊ မဖြစ်ပါသနည်း။
ဣတိ ဧဝံ၊ သို့။
ပုစ္ဆိတဗ္ဗံ၊ မေးထိုက်သည်။
သိယာ၊ ဖြစ်ရာ၏။
ဣတိ၊ သို့။
ပုစ္ဆံ၊ ပုစ္ဆာကို။
(မေးနည်းကို)။
ဒဿေတွာ၊ ပြတော်မူပြီး၍။
ဣဒါနိ၊ ပ။
ဝိသဇ္ဇနံ၊ အဖြေကို။
ဒဿေန္တော၊ ပြတော်မူလိုသည်၏ အဖြစ်ကြောင့်။
တတြ ဝေယျကရဏံ ဘဝတီတိ၊ ဟူ၍။
(ထို ပြဿနာ၌ အဖြေသည်ဖြစ်၏ ဟူ၍)။
ဝတွာ၊ မိန့်တော်မူပြီး၍.
(အနုသန္ဓေ အနေဖြင့် မိန့်တော်မူပြီး၍)။
ဝိညာဏန္တိ အာဒိံ၊ အစရှိသော အဖြေဂါထာကို။
အာဟ၊ ပြီ။
တတ္ထ၊ ထို ဝိညာဏံအစရှိသော စကားရပ်၌။
(ယံ ဓမ္မဇာတံ၊ အကြင် တရားသဘောကို)။
ဝိညာတဗ္ဗံ၊ ထူးသော အရိယာမဂ်ဉာဏ်ဖြင့် မျက်မှောက်ထင်ထင်သိမြင်ထိုက်၏။
ဣတိ၊ ထို့ကြောင့်။
(တံ ဓမ္မဇာတံ၊ သည်။)
ဝိညာဏံ၊ မည်၏။
ဧတံ၊ ဤ ဝိညာဏံဟူသော အမည်သည်။
နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။
နာမံ၊ အမည်တည်း။
တဒေသံ၊ ထိုနိဗ္ဗာန်သည်။
နိဒဿနာဘာဝတော၊ စက္ခုဝိညာဉ်သည် မမြင်အပ် မမြင်နိုင်သည်၏ အဖြစ်ကြောင့်။
အနိဒဿနံ၊ အနိဒဿန မည်၏။
(တစ်နည်း၊
တဒေတံ၊ ထို နိဗ္ဗာန်သည်။
နိဒဿနာဘာဝတော၊ ညွှန်ပြကြောင်း ဥပမာ၏ မရှိခြင်းကြောင့်။
အနိဒဿနံ၊ မည်၏။)ကိံ အာဂမ္မ ၊ပေ၊ န ပဝတ္တတိ။ ။ ဤဝါကျသည် ပါဠိတော်၌ "ကတ္ထ နာမဉ္စ ရူပဉ္စ အသေသံ ဥပရုဇ္ဈတိ" ၏ ပိဏ္ဍတ္ထကို ပြသော ဝါကျတည်း၊ ထိုဂါထာ၌ ကတ္ထကို "ကိံ အာဂမ္မ" ဟုလည်းကောင်း, အသေသံ ဥပရုဇ္ဈတိကို "အသေသမေတံ နာ ပဝတ္တိ" ဟုလည်းကောင်းဖွင့်၏၊ "အသေသံ ဥပရုဇ္ဈတိ- အကြွင်းအကျန်မရှိအောင် ချုပ်" ဟူသော စကားဖြင့် ဥပရုဇ္ဈတိ အရ ခဏဘင်အားဖြင့် ချုပ်ခြင်းကို မယူရ၊ အနုပ္ပါဒနိရောဓ- နောက်ထပ်ဖြစ်ခြင်း မရှိသော ချုပ်ခြင်းကို ယူရသည်ဟု ပြသည်။
ဝိညာဏံ။ ။ နိဗ္ဗာန်ကို အရကောက်ရသောကြောင့် "ဝိဇာနတီတိ ဝိညာဏံ" ဟု မပြုဘဲ "ဝိညာတဗ္ဗန္တိ ဝိညာဏံ" ဟု ပြုသည်၊ ဝိညာတဗ္ဗံကို ဋီကာ၌ "ဝိသိဋ္ဌေန+ ဉာတဗ္ဗံ" ဟု ဝိဂြိုဟ်ပြ၍ "ဉာဏုတ္တမေန အရိယမဂ္ဂညာဏေန (ဝိအဖွင့်) ပစ္စက္ခတော ဇာနိတဗ္ဗန္တိ အတ္ထော" ဟု အဓိပ္ပါယတ္ထ ဖွင့်သည်။
အနိဒဿနံ။ ။ နိဒဿီယတေ- စက္ခုဝိညာဉ်သည် မြင်အပ်၏၊ ဣတိ နိဒဿနံ၊ န + ဒဿနံ အနိဒဿနံ- စက္ခုဝိညာဉ်သည် မြင်အပ်သည်မဟုတ်သောတရား (တစ်နည်း) "နိဒဿီယတိ အနေနာတိ နိဒဿနံ- ညွှန်ပြကြောင်း ဥပမာ၊ နတ္ထိ+နိဒဿနံ ယဿာတိ အနိဒဿနံ- ညွှန်ပြဖို့ရာ ဥပမာမရှိသော တရား၊ [န ဟိ နိစ္စဿ ဧကဿ အစ္စန္တ သန္တ ပဏီတဿဘာဝဿ သဒိသ့ နိဒဿနံ ကုတောစိ (တစ်စုံတစ်ခုသော အကြောင်းကြောင့်မျှ) လဗ္ဘတိ- နိစ္စဖြစ်သော တုဘက် ပြိုင်ဘက်မရှိ တစ်ပါးတည်းသာဖြစ်သော စင်စစ် သန္တမဏီတဖြစ်သော နိဗ္ဗာန်အတွက် တူသော ဥပမာကို ဘယ်နည်းနှင့်မျှ မရနိုင်၊- ဋီကာ။]

ဧတဿ၊ ဤ နိဗ္ဗာန်၏။
ဥပ္ပါဒန္တောဝါ၊ ဖြစ်ခြင်းဟူသော အပိုင်းအခြားသည်လည်းကောင်း။
ဝယန္တေဝါ၊ ပျက်ခြင်းဟူသော အပိုင်းအခြားသည်လည်းကောင်း။
ဌိတဿ၊ တည်ရှိသော အသင်္ခတနိဗ္ဗာန်၏။
အညထတ္တန္တောဝါ၊ တစ်ပါးသော အခြင်းအရာ၏ အဖြစ်ဟူသော အပိုင်းအခြားသည်လည်းကောင်း။
နတ္ထိ၊ မရှိ။
ဣတိ၊ ကြောင့်။
(ထိုသို့ ဥပါဒ်ဌိ ဘင်ဟူသော အပိုင်းအခြား မရှိသည်၏ အဖြစ်ကြောင့်။
တံ၊ သည်။)
အနန္တံ၊ အနန္တ မည်၏။အနန္တံ။ ။ "န+အန္တ" အန္တသဒ္ဒါသည် သီမာ (အပိုင်းအခြား) အနက်ကို ဟော၏" ဟု မှတ်ပါ၊ "တိဏိမာနိ ဘိက္ခဝေ သင်္ခတဿ သင်္ခတလက္ခဏာနိ၊ ဥပ္ပါဒေါ ပညာယတိ (ဖြစ်ြခင်း ဥပါဒ်သည် ထင်ရှား၏)၊ ဝယော ပညာယတိ (ပျက်ခြင်း ဘင်သည် ထင်ရှား၏)၊ ဌိတဿ- တန့်ရပ်တည်ရှိသော သင်္ခတ၏၊ အညထတ္ထံ- တစ်မျိုးတစ်ခြား၏ အဖြစ်ဟူသော ရင့်ခြင်း ဇရာ (ဌီ) သည် ပညာယတိ" ဟု တိကအင်္ဂုတ္တရ, ပဌမပံ, စူဠဝဂ္ဂ, ၇ သုတ်၌ ဟောတော်မူသကဲ့သို့ ၈ သုတ်၌လည်း ပြောင်းပြန်ပြန်၍ "န ဥပ္ပါဒေါ ပညာယတိ" စသည်ဖြင့် အသင်္ခတလက္ခဏာကို ဟောတော်မူ၏၊ ထိုသုတ်ကို မှီ၍ "ဥပ္ပါဒန္တောဝါ ၊ပေ၊ နတ္ထီတိ အနန္တံ" ဟု ဖွင့်သည်။
ဌိတဿ အညတ္တန္တော။ ။ အသင်္ခတနိဗ္ဗာန်၏ လက္ခဏာကို ပြရာဌာနဖြစ်သောကြောင့် "ဌိတဿ" အရ သန္တိသဘောအားဖြင့် တည်ရှိသော အသင်္ခတနိဗ္ဗာန်ကို ယူပါ၊ အညထာ- သန္တိသဘောမှ တစ်မျိုးတခြားသော အခြင်းအရာ၏+ ဘာဝေါ- ဖြစ်ကြောင်း ဖြစ်ရာတည်း၊ အညထတ္တံ- ရာ၊ ဤဝိဂြိုဟ်အရ "ဌိတဖြစ်သော အသင်္ခတ၏ တစ်မျိုးတဖုံဖြစ်ခြင်း" ဟူသည် ရင့်ခြင်းဇရာ အခိုက်အတန့်တည်း၊ အသင်္ခတနိဗ္ဗာန်မှ ဥပါဒ်အတိုင်း ဘင်အပိုင်း ဌီအပိုင်းအဟူသော အပိုင်းအခြား သုံးပါးလုံးမရှိ။
ဋီကာ။ ။ ယံ အဟုတွာ သမ္ဘောတိ၊ ဟုတွာ ပဋိဝေတိ၊ တံ သင်္ခတံ ဥပ္ပါဒယန္တေဟိ သအန္တံ- အကြင် သင်္ခတ တရားသည် နိဂိုက ရှိပြီးမဟုတ်ဘဲ ကံစသော အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာ၏၊ ဖြစ်ပြီးလျှင်လည်း ကွယ်ပျောက်၏၊ ထို သင်္ခတသည် ဥပ္ပါဒ်အပိုင်း ဘင်အပိုင်း တို့ဖြင့် အပိုင်းအခြားရှိ၏၊ အသင်္ခတဿ ပန နိဗ္ဗာနဿ နိစ္စဿ တေ ဥဘောပိ အန္တာ န သန္တိ၊ တတောဧဝ (ထိုသို့ အဖြစ်အပျက် ၂ မျိုးလုံး မရှိခြင်းကြောင့်ပင်) နဝဘာဝါပဂမသင်္ခါတော(အသစ်၏ အဖြစ်မှ ကင်းခြင်းဟု ဆိုအပ်သော) ဇရန္တောပိ တဿ နတ္ထိ (ရင့်ခြင်းဌီဟူသော အပိုင်းအခြားသည်လည်း ထိုနိဗ္ဗာန်မှာ မရှိ)၊ ဣတိ အာဟ- ဥပ္ပါဒန္တော၊ ပေ၊ အနန္တန္တိ။
မှတ်ချက်။ ။သင်္ခတလက္ခဏာကို ပြရာဝယ် "ဌိတဿ" နှင့် စပ်၍ ခန္ဓဝိဘင်း မူလဋီကာနှင် အနုဋီကာတို့အယူအဆ မတူကြချေ၊ ထို့ အကျယ်ကို ထိုနေရာ၌ ကြည့်ပါ၊ ဋီကာကျော်ဝီထိပိုင်း၌လည်း ထိုမှ ယူ၍ "ဥပ္ပါဒဋ္ဌိတိ ဘင်္ဂဝသေန ခဏတ္တယံ ဧကစိတ္တက္ခဏံ နာမ" အဖွင့်၌ အကျဉ်းချုပ် ပြထားပြီ။

ပန၊ ကား။
ပဘန္တိ ဧတံ၊ ဟူသော ဤအမည်သည်။
တိတ္ထဿ၊ ရေဆိပ်၏။
နာမံ၊ သသည်။
(ဟောတိ)၊
ကိရ၊ ဖြစ်သတတ်။
ဟိ၊ မှန်။
တံ၊ ထို ရေဆိပ်သည်။
("ပပံ" ၌စပ်)။
ဧတ္ထ၊ ဤ ရေဆိပ်၌။
ပပန္တိ၊ အပြားအားဖြင့် သောက်ကြကုန်၏။
ဣတိ၊ ထိုသို့ အပြားအားဖြင့် သောက်ရာ၏ အဖြစ်ကြောင့်။
ပပံ၊ ပပံမည်၏။
ပန၊ ဆက်။
ပကာရဿ၊ ပ အက္ခရာ၏။
ဘကာရော၊ ဘ အက္ခရာကို။
ကတော၊ ပြုအပ်ပြီ။
အဿ၊ ထိုနိဗ္ဗာန်၏။
သဗ္ဗတော၊ အလုံးစုံသော ကမ္မဋ္ဌာနမုခအားဖြင့်။
ပဘံ၊ ရေဆိပ်ပမာ, လိုရာအဝင်ဝသည်။
(အတ္ထိ)၊
ဣတိ၊ ဤသို့ အလုံးစုံသော ကမ္မဋ္ဌာန မုခအားဖြင့် ရေဆိပ်ပမာ, လိုရာအဝင်ဝရှိသည်၏ အဖြစ်ကြောင့်။
(တံ၊ ထို နိဗ္ဗာန်သည်)။
သဗ္ဗတောပဘံ၊ သဗ္ဗတောပဘံ မည်၏။သဗ္ဗတော ပဘံ။ ။ အဋ္ဌကထာအတိုင်း ဝိဂ္ဂဟပြု၍ ပပံဟု ပြီးပါစေ၊ ပပုဗ္ဗ ပါဓာတ်, အပစ္စည်း၊ ပကိုဘပြု၍ "ပဘံ" ဟု ဖြစ်၏၊ ထိုရေဆိပ်နှင့် တူသောကြောင့် နိဗ္ဗာန်သို့ဝင်ရာ ကမ္မဋ္ဌာန်းအဝင်ဝကို သဒိသူပစာရ (တစ်နည်း) ဥပမာတဒ္ဓိတ်အားဖြင့် "ပဘံ" ဟု ခေါ်ရ၏၊ ထို့ကြောင့် "ယေန ယေန မုခေန၊ ပေ၊ တံ တဒေဝ တိတ္ထံ" ဟု ဖွင့်သည်။ ["'ယေန ယေန မုခေန" ကိုထောက်၍ "သဗ္ဗတော- အားဖြင့်" ဟု ဝိသေသနအနက် မှတ်ပါ၊ "တံ တဒေဝ တိတ္ထံ"ဟု ဆိုသောကြောင့် သဗ္ဗတောနှင့် ပဘံသည် အရတူကြောင်း သိရ ၏၊ သို့ဖြစ်လျှင် သဗ္ဗတောကို ပဘံ၌ အဘိန္နဝိသသန စပ်ရသည်- ဟု မှတ်ပါ။]
ထို့အပြင်- ဋီကာ၌ "သဗ္ဗတောတိ သဗ္ဗကမ္မဋ္ဌာန မုခတော" ဟု ဖွင့်၏၊ "နိဗ္ဗာန်သို့ ဝင်ဖို့ရန် အဝင်ဝဖြစ်နိုင်သော ကမ္မဋ္ဌာန်းအားလုံးအားဖြင့် "ဟု ဆိုလိုသည်၊ အဋ္ဌကထာ၌ သဗ္ဗတောနှင့် ပဘံကို ဗဟုဗ္ဗီဟိသမာသ်တွဲသောကြောင့် "သဗ္ဗတော ပဘံ- သမုဒြာ, ဆိပ်ကမ်းသာသို့, ဝင်ရာဖုံဖုံ, လုံးစုံ ကမ္မဋ္ဌာန်း, ဆိပ်ကမ်းအဝင်ဝလည်းရှိထသော" ဟု ပေးပါ။
ဋီကာ တစ်နည်း။ ။ "ဝိသုဒ္ဓဋ္ဌေန ဝါ သဗ္ဗတော ပဘံ" ဟု ဋီကာ၌ တစ်နည်းဖွင့်၍ "ကေနစိ အနုပက္ကိလိဋ္ဌတာယ သမန္တတော ပဘဿရန္တိ အတ္ထော" ဟု အနက်ပြသည်၊ ဆိုလိုရင်းကား "နိဗ္ဗာန်၌ ငြစ်ငြူးစရာ ကိလေသာအညစ်အမဲ မရှိရကား ထက်ဝန်းကျင် တောက်ပသော အရောက်ရှိသည်"ဟူလို၊ ဤနည်းသည်လည်း ဗဟုဗ္ဗီဟိသမာသ်ပင်တည်း။
ဆက်ဦးအံ့။ ။ ပဘရဿမိဒံ ဘိက္ခဝေ စိတ္တံ၊ တဉ္စခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ၊ (ဧကအင်္ဂုတ္တရ, အစ္ဆရဝဂ်, ၉ သုတ်) ဤပါဠိတော်၌ လောဘစသော ကိလေသာ အညစ်အမဲ မရှိသော စိတ်ကို "ပဘဿရ- ပြိုးပြိုးပြက်ထွက်သော အရောက်ရှိ၏" ဟု ခေါ်ရ၏၊ ထိုသို့ ခေါ်ရာ၌ စိတ်မှာ တစ်ကယ်အရောက်မရှိသော်လည်း ကိလေသာအညစ်မရှိလျှင် အရောင် ရှိသလိုပင်ဖြစ်၏၊ ထို့အတူ နိဗ္ဗာန်မှာ ပဘာဟု ခေါ်ရသော အဆင်းအရောင် မရှိသော်လည်း "ထို နိဗ္ဗာန်ကို အာရုံပြုနိုင်သော ကိလေသာအညစ်အမဲ မရှိသည့်အတွက် သန့်ရှင်စင်ကြယ်ရ ကား အရောင်ထွက်သလိုပင် ဖြစ်သည်" ဟု ဆိုလိုသည်၊ အကယ်၍ နိဗ္ဗာန်၌ အရောင်ရှိနေလျှင် ဝဏ္ဏရုပ်ရှိရာ ရောက်သောကြောင့် "နာမဉ္စ ရူပဉ္စ အသေသံ ဥပရုဇ္ဈတိ" နှင့် ဆန့်ကျင်လိမ့်မည်။

ကိရ၊ ချဲ့။
မဟာသမုဒ္ဒဿ၊ မဟာသမုဒြာ၏။
ယတော ယတော၊ အကြင် အကြင် အရပ်အားဖြင့်။
ဩတရိတုကာမာ၊ သက်ဆင်းခြင်းငှါ အလိုရှိကုန်သည်။
ဟောန္တိ၊
တံ တဒေဝ၊ ထိုထို အရပ်သည်ပင်။
တိတ္ထံ၊ ရေဆိပ်သည်။
(ဟောတိ)၊
ယထာ၊ ဖြစ်နိုင်သကဲ့သို့။
အတိတ္ထံ နာမ၊ ရေဆိပ်မဟုတ်သော အရပ်မည်သည်။
နတ္ထိယထာ၊ မရှိသကဲ့သို့။
ဧဝမေဝ၊ ဤအတူသာလျှင်။
နိဗ္ဗာနဿ၊ ၏။
အဋ္ဌတိံသာယ၊ ၃၈ ပါးရှိသော။
ကမ္မဋ္ဌာနေသု၊ တို့တွင်။
[ပါဠိတော်၌ လာသော ကမ္မဋ္ဌာန်း ၃၈ ပါးကို ရည်ရွယ်သည်။]
ယေန ယေန မုခေန၊ အကြင်အကြင် ကမ္မဋ္ဌာန်းတည်းဟူသော အဝင်ဝအားဖြင့်။
နိဗ္ဗာနံ၊ သို့။
ဩတရိတုကာမာ၊ န်သည်။
ဟောန္တိ၊ န်၏။
တံ တဒေဝ၊ ထိုထို ကမ္မဋ္ဌာန်းတည်းဟူသော အဝင်ဝသည်ပင်။
တိတ္ထံ၊ ရေဆိပ်ပမာ ဝင်ရာ အဝသည်။
(ဟောတိ၊ ဖြစ်နိုင်၏)။
အတိတ္ထံ နာမ၊ ရေဆိပ်ပမာ ဝင်ရာအဝမဟုတ်သော ကမ္မဋ္ဌာန်းမည်သည်။
နတ္ထိ၊
တေန၊ ကြောင့်။
သဗ္ဗတောပဘန္တိ၊ ဟူ၍။
(ဘဂဝတော) ဝုတ္တံ၊ ပြီ။
[တံ တဒေဝ နတ္ထိ၏ နောက်၌ နိဗ္ဗာနဿဟု စာအုပ်တို့၌ ရှိသေးသည်ကား ပိုဟန်တူသည်၊ ပဌမ နိဗ္ဗာန် ဿပုဒ်သည်ပင် အတိတ္ထံနာမ နိတ္ထိတိုင်အောင် စပ်နိုင်၏၊ ဥပမာန ဝါကျ၌လည်း မဟာသမုဒ္ဒဿဟု တစ်ပုဒ်ထည်းသာ ပါခဲ့၏၊ အတိတ္ထံနာမ နောက်၌ ကမ္မဋ္ဌာနံဟု ရှိသည်မှာလည်း နောက်မှ ထည့်ပါဌ်တည်း၊ အကယ်၍ ထည့်လို၍လျှင် "ကမ္မဋ္ဌာနမုခံ" ထည့်ပါ။ ]
ဧတ္ထ အာပေါစာတိ၊ ကား။
ဧတ္ထ နိဗ္ဗာနေ၊ ဤ နိဗ္ဗာန်ကြောင့်။
ဣဒံ နိဗ္ဗာနံ၊ သို့။
အာဂမ္မ၊ အာရုံပြုသော အားဖြင့် ရောက်၍။
သဗ္ဗံ၊ အလုံးစုံသော။
အာပေါတိ အာဒိနာ၊ အာပေါအစရှိသော။
နယေန၊ နည်းဖြင့်။
ဝုတ္တံ၊ ဟောတော်မူအပ်သော။
ဧတံ ဥပါဒိန္နကဓမ္မဇာတံ၊ ဤ ခန္ဓာကိုယ်၌တည်သော ရုပ်နာမ်တရားအပေါင်းသည်။
နိရုဇ္ဈတိ၊ ချုပ်၏။
အပ္ပဝတ္တံ၊ နောက်ထပ်မဖြစ်သည်။
ဟောတိ၊ ၏။
ဣတိ၊ ဤသို့ မှတ်အပ်၏။
ဣဒါနိ၊ ယခုအခါ၌။
အဿ၊ ထိုဥပါဒိန္နက ရုပ်နာမ်အပေါင်း၏။
နိရုဇ္ဈနူပါယံ၊ ချုပ်ခြင်း၏ အကြောင်းကို။
ဒဿေန္တော၊ ပြတော်မူလိုသည်၏ အဖြစ်ကြောင့်။
ဝိညာဏဿ နိရောဓေန ဧတ္ထေတံ ဥပရုဇ္ဈတီတိ၊ ဟူ၍။
အာဟ၊ ဟောတော်မူပြီ။
တတ္ထ၊ ထို ဝိညာဏဿ နိရောဓေန ဧတ္ထေတံ ဥပရုဇ္ဈတိ အစရှိသော စကားရပ်၌။
စရိမကဝိညာဏံပိ၊ နောက်ဆုံးဖြစ်သော ဝိညာဉ်သည်လည်းကောင်း။
အဘိသင်္ခါရ ဝိညာဏံပိ၊ ပြုစီမံတတ်သော ဝိညာဉ်သည်လည်းကောင်း။
ဝိညာဏံတိ၊ ဝိညာဏမည်၏။
ဟိ၊ ချဲ့။
စရိမကဝိညာဏဿပိ၊ နောက်ဆုံးဖြစ်သော ဝိညာဉ်၏ လည်း။
(ပိဖြင့် အဘိသင်္ခါရဝိညာဉ်ကို ပေါင်း)။
နိရောဓေန၊ ချုပ်ခြင်းကြောင့်။
ဧတ္ထ၊ ဤနိဗ္ဗာန်ကြောင့်။
ဧတံ၊ ဤ ဥပါဒိန္နက ရုပ်နာမ်အပေါင်းသည်။
ဥပရုဇ္ဈတိ၊ ချုပ်၏။
ဝိဇ္ဈာတဒီပါသိခါဝီယ၊ ငြိမ်းသော ဆီမီးအလျှံသည်သကဲ့သို့။
အပဏ္ဏတ္တိကဘာဝံ၊ နာမည်ပညတ်ပင် မရှိတော့သည်၏ အဖြစ်သို့။
ယာတိ၊ ရောက်၏။
အဘိသင်္ခါရ ဝိညာဏဿပိ၊ ပြုစီမံတတ်သော ဝိညာဉ်၏လည်း။
အနုပ္ပါဒနိရောဓေန၊ နောက်ထပ် ဖြစ်ခြင်း မရှိသော ချုပ်ခြင်းအားဖြင့်။
အနုပ္ပါဒဝသေနဝ၊ နောက်ထပ် မဖြစ်ခြင်း၏ အစွမ်းဖြင့်သာလျှင်။
[ရှေးစာအုပ်များ၌ "အနုပ္ပါဒဝသေနေဝ" ဟု ဧဝ ပါရှိသည်။]
ဥပရုဇ္ဈတိ၊ ချုပ်၏။ဥပါဒိန္နက ဓမ္မဇာတံ။ ။ "ဧတ္ထ နိဗ္ဗာနေ ဣဒံ နိဗ္ဗာနံ အာဂမ္မ ၊ပေ၊ ဥပါဒိန္နကဓမ္မဇာတံ နိရုဇ္ဈတိ- ဤ နိဗ္ဗာန်ကို အာရုံပြု၍ ခန္ဓာကိုယ်၌ တည်သော ရူပ်နာမ်အားလုံး ချုပ်၏" ဟု ဆိုသောကြောင့် အကြင်ပုဂ္ဂိုလ်သည် နိဗ္ဗာန်ကို အာရုံပြုနိုင်, သိမြင်နိုင်၏၊ ထို ပုဂ္ဂိုလ်၏ သန္တာန်၌ ပါဝင်သော ရုပ်နာမ်၏ ချုပ်ခြင်းကိုသာ ဆိုလို၏၊ အခြားသူတို့၏ ရုပ်နာမ်, သက်မဲ့ဝတ္ထု၌ တည်သော ရုပ်နာမ်တို့၏ ချုပ်ခြင်းကို မဆိုလို- ဟု မှတ်ပါ။
ဝိညာဏဿ နိရောဓေန။ ။ ဤစံကားသည် ဥပါဒိန္နက ရုပ်နာမ် ချုပ်ခြင်း၏ အကြောင်းကို ပြသော စကားတည်း၊ ထို့ကြောင့် "ဣဒါနိဿ နိရုဇ္ဈနူပါယံ (ချုပ်ခြင်း၏ အကြောင်းကို) ဒဿေန္တော၊ပေ၊ အာဟ" ဟု အနုသန္ဓေတတ်သည်၊ မှန်၏- "နိဗ္ဗာန်ကို သိမြင်ခြင်းကြောင့်" ဟု ဆိုခဲ့သောအကြောင်းသည် ရုပ်နာမ်ချုပ်ဖို့ရန် ဗဟိဒ္ဓအကြောင်းဖြစ်၍ "ဝိညာဉ်၏ ချုပ်ခြင်းကြောင့်" ဟု ယခုပြအပ်သော အကြောင်းကား "အဇ္ဈတ္တ အကြောင်းဖြစ်သည်" ဟု မှတ်ပါ၊ ထို့ကြောင့် အကြောင်း ၂ မျိုးပြသည်။
တတ္ထ၊ပေ၊ ဝိညာဏံပိ။ ။ ဝိညာဏဿအရ စရိမကဝိညာဉ်ဟူသော ရဟန္တာတို့၏ စုတိစိတ်, အဘိသင်္ခါရ ဝိညာဉ်ဟူသော ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိသင်္ခါရယှဉ်သော စိတ်၊ ဤသို့ အားဖြင့် ၂ ပါးပြား၏၊ ထို့ ၂ မျိုးသော ဝိညာဉ်၏ ချုပ်ခြင်းကြောင့် ခန္ဓာကိုယ်၌တည်သော ရုပ်နာမ်တို့ ချုပ်ကြရလေသည်။
စရိမက ၊ပေ၊ နိရောဓေန။ ။ "ရဟန္တာတို့၏ စုတိစိတ်ဟူသော စရိမကဝိညာဉ်၏ ချုပ်ခြင်းကြောင့် ဥပါဒိန္နက ရုပ်နာမ်အားလုံးသည် နောက်ထပ် မဖြစ်တော့ဘဲ ချုပ်၏ " ဟူသော စကားဖြင့် အနုပါဒိသေသ နိဗ္ဗာန ဓာတ်ကိုပြ၏ဟု မှတ်ပါ- ထို စရိမက ဝိညာဉ်ချုပ်ပြီး၏ နောက်၌ ဥပါဒိအမည်ရသော ဝိပါက်နာမက္ခန္ဓာကဋတ္တာရုပ်တို့ အကြွင်းအကျန် မရှိတော့ရကား ထို နိဗ္ဗာနဓာတ်သည် အနုပါဒိသေသ နိဗ္ဗာန ဓာတ်ပင်တည်း။
ဝိဇ္ဈာတဒီပသိခါဝိယ။ ။ "တောက်နေသော မီး ငြိမ်းသောအခါ ထိုမီးနှင့် စပ်၍ နောက်ထပ် ခေါ်ဝေါ်ပညတ်ဖို့ရာ ဘာမျှ မကျန်တော့သကဲ့သို့၊ ထို့အတူ ရဟန္တာတို့၏ စုတိစိတ်ချုပ်သောအခါ ခေါ်ဝေါ်ပညတ်ဖို့ရာ ရုပ်နာမ်တစ်ခုမျှ မကျန်တော့ " ဟူလို။
မှတ်ချက်။ ။ "အပဏ္ဏတ္တိကဘာဝံ ယာတိ" ဟူသော စကားသည် ပရိနိဗ္ဗာန်စံသော ရဟန္တာပုဂ္ဂိုလ်၏ ရုပ်နာမ်နှင့်စပ်သော နာမည် ပညတ်မရှိခြင်းကိုပြသော စကားတည်း၊ နိဗ္ဗာန်ကား ထင်ရှားရှိသော ပရမတ္ထတရားတစ်ပါးပင်ဖြစ်၏၊ အဘယ်အခါမျှ မပျက်တော့သောသန္တိလက္ခဏာရှိသော အမတဓာတ် အနေအားဖြင့် ထို ရဟန္တာအတွက် ထင်ရှားရှိနိုင်ပါသည်။
အဘိသင်္ခါရဝိညာဏဿပိ။ ။ သင်္ခါရပစ္စယာ ဝိညာဏံစသည်နှင့်အညီ သင်္ခါရကြောင့် ဝိညာဉ် နာမ်ရုပ်များဖြစ်ရသော ခန္ဓာအစဉ်၌ သောတာပတ္တိမဂ်ကိုရလျှင် ထို သောတာပတ္တိမဂ်ကြောင့် ၇ ဘဝအထက်၌ အကျိုးပေးလတံ့သော အဘိသင်္ခါရဝိညာဉ် ချုပ်၏၊ အကျိုးမပေးနိုင်တော့၊ ဘာ့ကြောင့်နည်း၊ ..... အဝိဇ္ဇာ တဏှာတို့၏ သတ္တတစ်ချို့ကို ထိုမဂ်ကို သတ်လိုက်ရကား ထိုအဝိဇ္ဇာ တဏှာ အဖေါ်မရသောကြောင့်တည်း၊ ထို အဘိသင်္ခါရဝိညာဉ်၏ ချုပ်ခြင်းကြောင့် နာမ်ရုပ်တို့လည်း ခုနစ်ဘဝအထက်၌ ဆက်၍မဖြစ်ကြ, ချုပ်ကြရလေသည်၊ ဤနည်းအားဖြင့် သကဒါဂါမိမဂ် အနာဂါမိမဂ်မှတက်၍ အရဟတ္တမဂ် ရသောအခါ ဒုတိယဘဝ၌ အကျိုးပေးမည့် အဘိသင်္ခါရဝိညာဉ်သည် ချုပ်၏၊ ထို ဝိညာဉ်က အကျိုးမပေးနိုင်တော့သဖြင့် နာမ်ရုပ်လည်းဆက်၍ မဖြစ်နိုင်တော့။

ယထာဟ၊ အဘယ်ကဲ့သို့ ဟောတော်မူသနည်း။
သောတာပတ္တိမဂ္ဂေန၊ သောတာပတ္တမဂ်သည်။
အဘိသင်္ခါရဝိညာဏဿ၊ ကို။
နိရောဓေန၊ ချုပ်စေခြင်းကြောင့်။
(တစ်နည်း) သောတာပတ္တိမဂ္ဂေန၊ ဖြင့်။
အဘိသင်္ခါရဝိညာဏဿ၊ ၏။
နိရောဓေန၊ ချုပ်ခြင်းကြောင့်။
["သောတာပတ္တိ မဂ္ဂညာဏေနာတိ ကတ္တရိ, ကရဏေဝါ ကရဏဝစနံ၊ နိရောဓေနာတိ ပန ဟေတုမှိ" - ဋီကာ။]
သတ္တဘဝေ၊ ခုနစ်ဘဝတို့ကို။
ထပေတွာ၊ ထား၍။
အနမတဂ္ဂေ၊ မသိအပ်သော အစရှိသော။
သံသာရေ၊ ၌။
နာမဉ္စ၊ သည်လည်းကောင်း။
ရူပဉ္စ၊ သည်လည်းကောင်း။
ယေ၊ အကြင်တရားတို့သည်။
ဥပ္ပဇ္ဇေယျုံ၊ ဖြစ်ကုန်ရာ၏။
ဧတ္ထ၊ ဤ နိဗ္ဗာန်ကြောင့်။
ဧတေ၊ ဤ ရုပ်နာမ်တရားတို့သည်။
နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏။
ဣတိ၊ ဤသို့ အစရှိသော။
သဗ္ဗံ၊ အလုံးစုံသော စကားရပ်ကို။
စူဠနိဒ္ဒေသေ၊ စူဠနိဒ္ဓေသ၌။
ဝုတ္တနယေနေဝ၊ ဟောတော်မူအပ်သော နည်းဖြစ်သာ။
ဝေဒိတဗ္ဗံ၊ သိထိုက်၏။
သဗ္ဗတ္ထ၊ အလုံးစုံသော ဝါရ၌။
သေသံ၊ ကြွင်းသော အစီအရင်သည်။
ဥတ္တာနမေဝ၊ ပေါ်လွင် ထင်ရှားသည်သာ။
ဣတိ၊ အပြီးတည်း။
.....ဣတိ၊ ဤသို့ ဆိုအပ်ပြီးသော စကားအစဉ်ဖြင့်။
သုမင်္ဂလဝိလာသိနိယာ၊ သော။
ဒီဃနိကာယ အဋ္ဌကထာယံ၊ ၌။
ကေဝဋ္ဋသုတ္တဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီ။မှတ်ချက်။ ။ ဤသို့ မဂ်ရခိုက်၌ ထိုပုဂ္ဂိုလ်၏ သန္တာန်ဝယ် ရုပ်နာမ်ဖြစ်ပျက်လျက်ရှိသေးသောကြောင့် "အဘိသင်္ခါရ ဝိညာဏဿပိ ၊ပေ၊ ဥပရုဇ္ဆတိ" ဟူသော စကားဖြင့် သဥပါဒိသေသနိဗ္ဗာနဓာတ်ကို တိုက်ရိုက်ပြသည်ဟု မှတ်ပါ၊ သို့သော် နောက်၌ ပါဠိတော်ဝယ် "အသေသံ ဥပရုဇ္ဈတိ" ဟု အကြွင်းမရှိသော ချုပ်ခြင်းကို ဟောတော်မူရကား အဋ္ဌကထာဆရာလည်း သဥပါဒိသေသနိဗ္ဗာန်ကို ဦးတည်၍ပြစေကာမူ အနုပါဒိသေသနိဗ္ဗာနဓာတ်တိုင်အောင် ယူစေလိုသည်-ဟု မှတ်ပါ။
ဋီကာ။ ။ အဘိသင်္ခါရ ဝိညာဏဿာတိ အာဒိနာပိ သဥပါဒိသေသ နိဗ္ဗာန မုခေန အနုပါဒိသေသနိဗ္ဗာနမေဝ ဝဒတိ၊ (ကသ္မာ)၊ နာမရူပဿ အနဝသေသတော ဥပရုဇ္ဈနဿ အဓိပ္ပေတတ္တာ၊ တေနာဟ- အနုပ္ပါဒ ဝသေနေဝ (နောက်ထပ်မဖြစ်ခြင်း၏ အစွမ်းဖြင့်သာ) ဥပရုဇ္ဈတီတိ။