(ယော ပုရိသော)။
ကသတိ၊ ခြစ်တတ်၏။
ဝါ၊ ထွန်တတ်၏။
ဣတိ၊ ထို့ကြောင့်။
(သော ပုရိသော)။
ကဿကော၊ မည်၏။
ဂေဟဿ၊ အိမ်၏။
ပတိ၊ အရှင်တည်း။
ဂဟပတိ၊ အိမ်၏အရှင် (အိမ်ပိုင်ရှင်)။
ဧကဂေဟမတ္တေ၊ တစ်ခုသောအိမ်မျှ၌။
ဇေဋ္ဌကော၊ အကြီးအကဲတည်း။
ဣတိ၊ ထို့ကြောင့်။
ဂဟပတိကော၊ ဂဟပတိကမည်၏။ကဿကော ။ ။ သက္ကတ၌ "ကြိသ"ဓာတ်သည် ပါဠိ၌ "ကသ-ဝိလေခနေ"ဟု ဓာတ်ဖြစ်၏၊ ထိုရေးခြစ်ခြင်းဟူသည် လယ်ယာတို့ကို ထွန်ခြင်းပင်တည်း၊ ကသဓာတ် ဏွုကို အကပြု၊ ကြိ၌ပျောက်သော ရိအစား နောက်အက္ခရာ၌ ဒွေဘော်လာ, "ကဿ"ဟုဖြစ်၏၊ ["ကသိ-လယ်ယာထွန်ခြင်း"ဟူရာ၌ကား သ၌ ဒွေဘော်မရှိ၊ "ကဿိ"ဟုရှိမူ ဒွေဘော်ရောက်ရာ၏၊ ကသဓာတ်, က အနုဗန်ရှသော ဣပစ္စည်း, ဣတ္ထိလိန်ဟု ထောမနိဓိဆို၏၊ ပါဠိအဘိဓာန်၌လည်း "ကသိတ္ထိယံ"ဟုပင် ဆို၏၊ အဘိဓာနပ္ပဒီပိကာ၌ကား ဤပစ္စည်းဖြင့် "ကသီ"ဟုရှိ၏၊ ထောမနိဓိနှင့်မညီ။]
ဂဟပတိကော ။ ။ ဂဟနှင့်ဂေဟသည် အနက်တူ၏။ [ဥဏာဒ် "ဂဟဿုပဓဿေ ဝါ"သုတ်ကြည့်ပါ။] ထို့ကြောင့် "ဂေဟဿ+ပတိ"ဟုပြုသော်လည်း "ဂဟပတိ"ဟုဖြစ်နိုင်၏၊ ခုဒ္ဒက အနက်၌ ကပစ္စည်းသက်ထားသည်ဟု သိစေလို၍ "ဧကဂေဟမတ္တေ ဇေဋ္ဌကော"ဟုမိန့်သည်။

ဗလိသင်္ခါတံ၊ အခွန်အတုတ်ဟု ဆိုအပ်သော။
ကရံ၊ အခွန်အတုတ်ကို။
ကရောတိ၊ ပြုတတ်, ဖြစ်စေတတ်၏။
ဣတိ, (သော ပုရိသော)။
ကရကာရကော၊ ကရကာရကမည်၏။
(ယော ပုရိသော)။
ဓညရာသိံ၊ စပါးအစုကိုလည်းကောင်း။
ဓနရာသိံစ၊ ဥစ္စာအစုကိုလည်းကောင်း။
ဝဍ္ဎေတိ၊ တိုးပွားစေတတ်၏။
ဣတိ, (သော ပုရိသော)။
ရာသိဝဍ္ဎကော၊ ရာသိဝဍ္ဎကမည်၏။
အပ္ပံဝါတိ၊ ကား။
ပရိတ္တကံ၊ အနည်းငယ်သော။
(ဘောဂက္ခန္ဓံ)ဝါ၊ စည်းစိမ်အစုကိုသော်လည်းကောင်း။
အန္တမသော၊ အောက်ထစ်ဆုံးအားဖြင့်။
တဏ္ဍုလနာဠိမတ္တကမ္ပိ၊ ဆန်တစ်ကွမ်းစားမျှ ရှိသည်လည်းဖြစ်သော။
(ဘောဂက္ခန္ဓံ ဝါ၊ လည်းကောင်း)။
ဘောဂက္ခန္ဓံတိ၊ ကား။
ဘောဂရာသိံ၊ စည်းစိမ်အစုကို။
မဟန္တံဝါတိ၊ ကား။
ဝိပုလံ၊ ပြန့်ပြောသော။
ဝါ၊ များပြားသော။
(ဘောဂက္ခန္ဓံ)ဝါ၊ ကိုသော်လည်းကောင်း။
(ပဟာယ ၌စပ်)။
ဟိ၊ ထင်ရှားအောင် ပြဦးအံ့။
မဟန္တံ၊ များစွာသောစည်းစိမ်အစုကို။
ပဟာယ၊ ပယ်စွန့်၍။
ပဗ္ဗဇိတုံ၊ ရဟန်းအဖြစ်သို့ကပ်ရောက်ခြင်းငှာ။
(ရဟန်းပြုခြင်းငှာ)။
ဒုက္ကရံယထာ၊ ခဲယဉ်းစွာ ပြုအပ်သကဲ့သို့။
ဝါ၊ ပြုနိုင်ခဲသကဲ့သို့။
ဧဝံ၊ ဤ့အတူ။
အပ္ပံပိ၊ အနည်းငယ်သောစည်းစိမ်အစုကိုသော်မှလည်း။
(ပဟာယ ပဗ္ဗဇိတုံ, ဒုက္ကရံ၊ ၏။
ဝါ၊ ၏)။
ဣတိ(ဣမဿ အတ္ထဿ)၊ ဤအနက်အဓိပ္ပာယ်ကို။
ဒဿနတ္ထံ၊ ပြတော်မူခြင်းအကျိုးငှာ။
ဥဘယံ၊ အပ္ပ, မဟန္တအားဖြင့် ၂-ပါးစုံသော ဘောဂက္ခန္ဓကို။
အာဟ၊ မိန့်တော်မူပြီ။ကရကာရကော ။ ။ ကရသဒ္ဒါသည် ဗလိ (လယ်ယာစသည်တို့မှထွက်သော ၆-စုတစ်စု, ၇-စုတစ်စု စသည်ဖြင့်ရအပ်သော အခွန်အတုတ်)အနက်ကိုဟော၏၊ ထို့ကြောင့် "ဗဟိသင်္ခါတံ ကရံ"ဟုဖွင့်သည်။ [ဗလန္တိ နိပ္ဖန္နသဿာဒိတော ဆဘာဂံ သတ္တဘာဂံတိ အာဒိနာ လဒ္ဓကရံ၊-မဟာပရိနိဗ္ဗာနသုတ် ဋီကာ။] ကရောတိကို "အဘိနိပ္ဖါဒေတိ-ပြီးစေ၏၊ သမ္ပာဒေတိ-ကောင်းစွာဖြစ်စေ, ပြည့်စုံစေ၏"ဟု ဋီကာသစ်ဖွင့်သည်။
ရာသိဝဍ္ဎကော ။ ။ "ဝဍ္ဎေတိ-တိုးပွားစေ"ဟူသည် နဂိုရှိပြီးအနေမှအဆင့်ဆင့်တိုးပွားစေခြင်း, များစွာစုမိဆောင်းမိအောင်ပြုခြင်းတည်း။ [ဝဍ္ဎေတီတိ ဥပရုပရိ ဥပ္ပါဒနေန မဟန္တံ သန္နိစယံ ကရောတိ၊-ဋီကာ။]
ယထာ ဟိ၊ပေ၊ ဥဘယမာဟ ။ ။ အဘယ့်ကြောင့် (အဘယ်အကျိုးငှာ)အပ္ပံဝါ ဗဟုံ ဝါ-ဟု ၂-ပါးစုံကို ဟောတော်မူပါသနည်းဟု မေးဖွယ်ရှိသောကြောင့် "ယထာဟိ"စသည်ကို မိန့်သည်၊ "စည်းစိမ်အများကိုစွန့်၍ ရဟန်းပြုဖို့ ခဲယဉ်းသကဲ့သို့, အနည်းငယ်ကိုစွန့်၍ ရဟန်းပြုဖို့လည်း ခဲယဉ်းသောကြောင့် ၂-ပါးစုံကို ဟောတော်မူသည်-ဟူလို။

ပန၊ ဆက်။
ဒါသဝါရေ၊ ၌။
(ဘောဂ္ဂဟဏံ န ကတံ၌စပ်)။
ယသ္မာ၊ ကြောင့်။
ဒါသော၊ သည်။
အတ္တနောပိ၊ မိမိ၏သော်မှလည်း။
အနိဿရော၊ အစိုးရသူမဟုတ်။
ဘောဂါနံ၊ စည်းစိမ်တို့၏။
ပဂေဝ၊ ရှေးဦးမဆွ အစကပင်။
အနိဿရော၊ အစိုးရသူမဟုတ်။
[တစ်နည်း, ဘောဂါနံ၊ တို့၏။
(အနိဿရဘာဝေ၊ ၌။
ဝါဒေါ၊ ပြောဆိုဖွယ်သည်။)
ပဂေဝ၊ အဘယ်မှာရှိပါတော့အံ့နည်း။]
ဟိ၊ မှန်၏။
တဿ၊ ထို ကျွန်၏။
ယံ ဓနံ၊ သည်။
(အတ္ထိ)။
တံ၊ ထိုဥစ္စာသည်။
သာမိကာနညေဝ၊ အရှင်သခင်တို့၏သာ။
(သန္တကံ၊ ဥစ္စာသည်)။
ဟောတိ။
တသ္မာ၊ ကြောင့်။
ဘောဂ္ဂဟဏံ၊ ဘောဂသဒ္ဒါကို။
န ကတံ၊ မပြုအပ်။
ဉာတိယေဝ၊ ဆွေမျိုးသည်ပင်။
ဉာတိ ပရိဝဋ္ဋော၊ မည်၏။ဒါသဝါရေ ပန ။ ။ အနည်းငယ်ကိုစွန့်၍ ရဟန်းပြုဖို့ ခဲယဉ်းလျှင် ဒါသဝါရတုးန်က ဘောဂသဒ္ဒါကို အဘယ့်ကြောင့်မပြုအပ်ပါသနည်းဟု မေးဖွယ်ရှိသောကြောင့် "ဒါသဝါရေ ပန"စသည်ကိုမိန့်သည်၊ ကျွန်ဆိုသူမှာ ကိုယ့်ကိုယ်ကိုမျှမပိုင်, စည်းစိမ်မှသာ၍ ပိုင်ဖို့ဝေးသေး၏၊ ထိုသို့ ကိုယ်ပိုင်မရှိသောကြောင့် ဘောဂသဒ္ဒါကို မပြုအပ်ပါ-ဟူလို။ [ဒါသဖြစ်သူမှာ ဆွေမျိုးလည်းအားကိုးစရာမရှိသောကြောင့်ဉာတိ ပရိဝဋ္ဋကိုလည်းမယူခဲ့။]
အတ္တနောပိ အနိဿရော ။ ။ "သာမိဿရာဓိပတိ"စသော သုတ်အရ ဣဿရ၏အယှဉ်၌ ဆဋ္ဌီဝိဘတ်သက်ထားသည်၊ပိကား ဂရဟာဇောတက၊ ပဂေဝဘောဂနံ၌ နိဿယအတိုင်း ၂-နည်းပေးရိုးရှိ၏၊ "ပဂေဝ-ပါ+ဧဝ"ဟုပုဒ်ဖြတ်၍ ပဌမတ္ထအနက်ဟော နိပါတ်၊ တစ်နည်း, ပဂေဝသည် ပြောဆိုဖွယ်ကိုပယ်သော ပဋိပက္ခပတ္ထအနက်ဟော နိပါတ်၊ "အတ္တနောပိ- မိမိကိုယ်သော်မှလည်း၊ အနိဿရော-အစိုးမရ၊ ဘောဂါနံ-တို့ကို"ဟုပေးရိုးဖြစ်သောကံအနက်ကား သဒ္ဒါကျမ်းအဆိုနှင့်မညီပါ။
ဝါကျခွဲ ။ ။ "ယသ္မာ၊ပေ၊ ဘောဂါနံ"သည် ကာရဏဝါကျ, "တသ္မာ၊ပေ၊ န ကတံ"သည် ဖလဝါကျ၊ ကာရဏဝါကျတွင်လည်း "ဒါသော၊ပေ၊အနိဿရော"သည် ဂရဟာဝါကျ, "ပဂေဝဘောဂါနံ"သည် သမ္ဘာနာဝါကျ၊ "ယံ ဟိ၊ပေ၊ ဟောတိ"သည် ဒဠှီကရဏဝါကျ, ရှေ့ ၂-ဝါကျသည် ဒဠှိယဝါကျ၊ ဟိသည် ဒဠှီကရဏဇောတက၊ ဒဠှီကရဏတွင်လည်း "ယံ ဟိ"သည် အနိယမ, "တံ၊ပေ၊ဟောတိ"သည် နိယမဟု ခွဲပါ။
ဉာတိပရိဝဋ္ဋ ။ ။ "ဉာတိယေဝ"ဟု ဖွင့်သောကြောင့် ပရိဝဋ္ဋအနက် မရှိဟု မမှတ်လင့်၊ "ရူပမေဝ ရူပါရမဏံ"၌ကဲ့သို့ "ဉာတိယေဝ ပရိဝဋ္ဋော ဉာတိပရိဝဋ္ဋော"ဟု အဝဓာရဏကမ္မဓာရဲကိုပြသည်ဟုမှတ်ပါ၊ ဉာယတိ-ဤသူကား အတွင်းလူဟု သိအပ်၏၊ ဣတိ ဉာတိ၊ ပရိဝဋ္ဋတိ ပရမ္ပရဘာဝေန သမန္တတော ဝဋ္ဋတီတိ ပရိဝဋ္ဋော၊ အထက်၌လည်း ဘ, ဘိုး, ဘေး စသောအားဖြင့်လည်တတ်, အောက်၌လည်း သား, မြေး, မြစ်စသောအားဖြင့်လည်တတ်သောကြောင့် "ပရိ"ကို "သမန္တတော"ဟုဖွင့်သည်။