တတ္ထ၊ ထိုဥပမာစကားရပ်၌။
ဆေကကုမ္ဘကာရာဒယော ဝိယ၊ ကျွမ်းကျင်သောအိုးလုပ်သမား အစရှိသူတို့ကိုကဲ့သို့။
ဣဒ္ဓိဝိဓညာဏလာဘီ၊ ဣဒ္ဓိဝိဓဉာဏ်ကို ရခြင်းရှိသော။
ဘိက္ခု၊ ကို။
ဒဋ္ဌဗ္ဗော၊ ၏။
သုပရိကမ္မကတမတ္တိကာဒယော ဝိယ၊ ကောင်းစွာပြုအပ်ပြီးသော ပရိကမ်ရှိသော မြေညက်အစရှိသည်တို့ကိုကဲ့သို့။
ဣဒ္ဓိဝိဓညာဏံ၊ ဣဒ္ဓိဝိဓဉာဏ်ကို။
ဒဋ္ဌဗ္ဗံ။
ဣစ္ဆိတိဋ္ဌိတဘာဇနဝိကတိအာဒိကရဏံ ဝိယ၊ အလိုရှိအပ် အလိုရှိအပ်သော ခွက်အထူးအစရှိသည်ကို ပြုခြင်းကိုကဲ့သို့။
တဿ ဘိက္ခုနော၊ ၏။
ဝိကုဗ္ဗနံ၊ အထူးထူးအပြားပြားပြုလုပ်ဖန်ဆင်းခြင်းကို။
ဒဋ္ဌဗ္ဗံ။
ဒိဗ္ဗသောတဓာတုဥပမာယံ၊ ဒိဗ္ဗသောတဓာတ်၏ ဥပမာ၌။
(ကန္တာရဂ္ဂဟဏံ အကတွာ ခေမမဂ္ဂံ ဒဿေန္တော အာဟတို့၌ စပ်။)
ယသ္မာ၊ အကြင့်ကြောင့်။
ကန္တာရဒ္ဓါနမဂ္ဂေါ၊ အဓွန့်ရှည်သော ခရီးသည်။
သာသင်္ကော၊ ရွံ့ရှားဖွယ်နှင့် တကွဖြစ်သည်။
သပ္ပဋိဘယော၊ ဘေးရန်နှင့် တကွဖြစ်သည်။
ဟောတိ။
တတ္ထ၊ ထို အဓွန့်ရှည်သောခရီးခဲ၌။
ဥဿင်္ကိတပရိသင်္ကိတေန၊ အောက်အဖို့အားဖြင့် ယုံမှားခြင်းရှိ, ထက်ဝန်းကျင်ယုံမှားခြင်းရှိသည်။
(ဟုတွာ၊ ဖြစ်၍။
ဝါ၊ ဖြစ်ခြင်းကြောင့်။)
အယံ၊ ဤသည်ကား။
ဘေရိသဒ္ဓေါ၊ စည်ကြီးသံတည်း။
အယံ၊ ကား။
မုဒိင်္ဂသဒ္ဓေါ၊ မုရိုးစည်သံတည်း။
ဣတိ၊ ဤသို့။
ဝဝတ္ထပေတုံ၊ ပိုင်းခြားမှတ်သားခြင်းငှာ။
န သက္ကာ၊ မတတ်နိုင်။
တသ္မာ၊ ကြောင့်။
ကန္တာရဂ္ဂဟဏံ၊ ကန္တာရသဒ္ဒါကို ယူခြင်းကို။
အကတွာ၊ မပြုမူ၍။
ခေမမဂ္ဂံ၊ ဘေးတို့၏ကုန်ရာလမ်းကို။ (ဘေးကင်းသောလမ်းကို။)
ဒဿေန္တော၊ ပြတော်မူလိုသည်။
(ဟုတွာ)။
အဒ္ဓါနမဂ္ဂပ္ပဋိပန္နောတိ၊ ဟူ၍။
အာဟ။
(ကသ္မာ, ခေမမဂ္ဂ၊ ကို။
ဒဿေတိ၊ နည်း။)
ဟိ (ယသ္မာ)၊ ကြောင့်။
အပ္ပဋိဘယံ၊ ဘေးရန် မရှိသော။
ခေမမဂ္ဂံ၊ ကို။
သီသေ၊ ဦးခေါင်း၌။
သာဋကံ၊ အဝတ်ကို။
ကတွာ၊ ၍။
(တစ်နည်း) သီသေ သာဋကံ ကတွာ၊ ခေါင်းပေါ် အဝတ်တင်၍။
သဏိကံ၊ ဖြေးဖြေး။
ပဋိပန္နော၊ သွားရသော ယောက်ျားသည်။
ဝုတ္တပ္ပကာရေ၊ ပါဠိတော်၌ ဟောတော်မူအပ်သောအပြားရှိကုန်သော။
သဒ္ဒေ၊ အသံတို့ကို။
(ဘေရိသဒ္ဒစသော အသံတို့ကို။)
သုခံ၊ ချမ်းသာစွာ။
ဝဝတ္ထပေတိ၊ ပိုင်းခြားမှတ်သားနိုင်၏။
(တသ္မာခေမမဂ္ဂ ဒဿေတိ။)အဒ္ဓါနမဂ္ဂပ္ပဋိပန္နော။ ။ ဒိဗ္ဗသောတဓာတုဥပမာ၌ ခရီးသွား ယောက်ျားကိုပြတော်မူရာဝယ် နီဝရဏပ္ပဟာနဝါရတုန်းကကဲ့သို့ ကန္တာရသဒ္ဒါနှင့်တကွ ကန္တာရဒ္ဓါန မဂ္ဂကိုပြတော်မမူဘဲ အဘယ့်ကြောင့် ကန္တရသဒ္ဒါ မပါသောအဒ္ဓါနမဂ္ဂကိုပြတော်မူပါသနည်း-ဟု မေးဖွယ်ရှိသောကြောင့် "ယသ္မာ ကန္တာရမဂ္ဂေါ" စသည်ကိုမိန့်သည်။ [ဥဿင်္ကိပရိသင်္ကိတောပုဒ်ကို ရှေ့နိဝရဏပ္ပဟာနကထာ၌ ဖွင့်ခဲ့ပြီ။]
အပ္ပဋိဘယံ ဟိ။ ။ အပ္ပဋိဘယံ ဟီတိအာဒိ ပန ခေမမဂ္ဂဂ္ဂဟဏကာရဏဒဿနံ (ခေမမဂ္ဂကိုယူရခြင်း၏ အကြောင်းပြ စကားတည်း၊) ထို့ကြောင့် ကသ္မာဟု ပုစ္ဆာဝါကျထည့်၍ ဟိယသ္မာဟု ပေးရသည်။ [ဝါတာတပါဒိနိဝါရဏတ္ထံ သီသေ သာဋကံ ကတွာ-လေခတ်ခြင်း, နေပူခြင်းစသောဘေးကိုတားမြစ်ခြင်းငှာ ဦးခေါင်းပေါ်၌ အဝတ်ကိုတင်၍ သွားသည်။]
မှက်ချက်။ ။ ဥပမာပြရာ၌ သရုပ်ပေါ်အောင် ပြခြင်းသည် ဥပမေယျအတွက် သာ၍ နားလည်စေရခြင်း အကျိုးရှိ၏။ အကြောင်း ဥဒါဟရုဏ် ဝိသေသန ဝိသေသျ စသည်တို့နှင့် ပြည့်စုံသောစကားသည် ကြည့်ရှုနားထောင်သူ ပညာရှိအများ၏ လေးစားနှစ်သက်ခြင်းကိုဖြစ်စေနိုင်၏၊ ထို့ကြောင့် ကျမ်းဆရာတို့သည် ထိုအားလုံးကိုစုံသင့်သမျှစုံအောင် ပြလေ့ရှိပေသည်။

တဿ၊ ထိုယောက်ျားအား။
ဝါ၊ ထိုယောက်ျား၏ (စိတ်၌)။
သဝနေန၊ ကြားရခြင်းဖြင့်။ (ကြားရရုံဖြင့်။)
တေသံ တေသံ သဒ္ဒါနံ၊ ထိုထို အသံတို့၏။
အာဝိဘူတကာလော၊ ထင်ရှားဖြစ်ရာအခါကို။
(ဝေဒိတဗ္ဗော)ဝိယ၊ သိထိုက်သကဲ့သို့။
(တထာ)။
ယောဂိနော၊ ယောဂီပုဂ္ဂိုလ်အား။
ဝါ၊ ယောဂီပုဂ္ဂိုလ်၏ (စိတ်၌)။
ဒူရသန္တိကဘေဒါနံ၊ အဝေးအနီး အပြားရှိကုန်သော။
ဒိဗ္ဗာနဉ္စေဝ၊ နတ်၌ဖြစ်သည်လည်းဖြစ်ကုန်သော။
မာနုသကာနဉ္စ၊ လူ၌ဖြစ်သည်လည်းဖြစ်ကုန်သော။
သဒ္ဒါနံ၊ တို့၏။
အာဝိဘူတကာလော၊ ကို။
ဝေဒိတဗ္ဗော။
စေတောပရိယညာဏူပမာယံ၊ စေတောပရိယဉာဏ်၏ဥပမာ၌။
**ဒဟရော**တိ၊ ကား။
တရုဏော၊ နုပျိုသော။
**ယုဝါ**တိ၊ ကား။
ယောဗ္ဗနေန၊ ကောင်းသောအရွယ်နှင့်။
သမန္နာဂတော၊ ပြည့်စုံသော။
**မဏ္ဍနကဇာတိကော**တိ၊ ကား။
ယုဝါ၊ လုလင်ပျိုသည်။
သမာနောပိ၊ ဖြစ်ပါသော်လည်း။
အာလသိယော၊ ပျင်းရိသူသည်။
န၊ မဟုတ်။
ကိလိဋ္ဌဝတ္ထသရီရော၊ ညစ်နွမ်းသောအဝတ်ရှိသောကိုယ်ရှိသူသည်။
န၊ မဟုတ်။
အထခေါ၊ စင်စစ်ကား။
မဏ္ဍနပကတိကော၊ တန်ဆာဆင်တတ်သူ၏အဖြစ်ဟူသော သဘောရှိသူတည်း။
ဒိဝသဿ၊ နေ့၏။
ဝါ၊ တနေ့လျှင်။
ဒွတ္တယောဝါရေ၊ ၂ ကြိမ်, ၃ ကြိမ်တို့ပတ်လုံး။
နှာယိတွာ၊ ရေချိုးပြီး၍။
သုဒ္ဓဝတ္ထပရိဒဟနအလင်္ကာရကရဏသီလော၊ သန့်ရှင်းသောအဝတ်ကို ဝတ်ဆင်ခြင်း, တန်ဆာဆင်မှုကိုပြုခြင်း အလေ့ရှိသူတည်း။
ဣတိ အတ္ထော၊ နက်။ဒဟရောယုဝါ။ ။ "ဒဟရ" အရ ဥတ္တာနသေယျက (ပက်လက်အိပ်နေရသော) ကလေးငယ်ကိုယူမည်စိုး၍ "ယုဝါ-လူပျို" ဟု ပါဠိတော်၌ ဝိသေသနပြုရသည်၊ ထို့ကြောင့် ဒဟရောကို"တရုဏော-နုပျိုသော" ဟု ဖွင့်၍, ယုဝါကိုလည်း(ပါဠိတော်၌ မဏ္ဍနဇာတိကော ဟူသောနောက်ဝိသေသနပုဒ်ကိုထောက်၍) "ယောဗ္ဗနေနု သမန္နာဂတော-ကောင်းသောအရွယ်နှင့် ပြည့်စုံသူ" ဟု ဖွင့်သည်။ ["ယောဗ္ဗန" ပုဒ်ပြီးပုံကို ကစ္စည်းဘာသာဋီကာ ဘာဝတဒ္ဓိတ် နဏ်ပစ္စည်းပုံစံ၌လည်းကောင်း, ဏ ဝိသမာဒီဟိသုတ်၌လည်းကောင်း ၂ နည်းပြထားပြီ။]
မဏ္ဍနကဇာတိကော။ ။ မဏ္ဍနသီလော မဏ္ဍနော (သဒ္ဒ ၊ပေ၊ မဏ္ဍတ္ထရုစာဒီဟိယု သုတ်ဖြင့်ယုပစ္စည်းသက်၊) မဏ္ဍနောယေဝ မဏ္ဍနကော၊ (သွတ္ထ၌ ကပစ္စည်း၊) ဤအလို "မဏ္ဍနက"အရ ပုဂ္ဂိုလ်ရသောကြောင့် ဇာတိနှင့် အရတူအောင် ဘာဝပ္ပနဓာနကြံပါ၊ မဏ္ဍနကော (တန်ဆာဆင်လေ့ရှိသူ၏ အဖြစ်ဟူသော) + ဇာတိ ယဿာတိ မဏ္ဍနကဇာတိကော၊ တန်ဆာဆင်လေ့ရှိပုံကိုထင်ရှားစေခြင်းငှာ "ဒိဝသဿ ၊ပေ၊ သီလောတိ အတ္ထော"ဟု ဖွင့်သည်၊ "တစ်နေ့လျှင် ရေကို၃ ကြိမ်လောက်ချိုး၍ ဖြူစင်သန့်ရှင်းသောအဝတ်ကိုဝတ်ကာတန်ဆာလေ့ရှိသောလူပျိုဖြစ်သည်"ဟူလို။

**သကဏိကန္တိ**၊ ကား။
ကာဠတိလဝင်္ဂမုခ ဒူသိပီဠကာဒီနံ၊ မည်းနက်သော အဆင်းရှိသော နှမ်းစေ့ပမာဏရှိသောမှဲ့, ဖောက်ပြန်သောကိုယ်အင်္ဂါ, မျက်နှာကို ဖျက်ဆီးတတ်သောဝက်ခြံဖု အစရှိသည်တို့တွင်။
(တစ်နည်း။)
ကာဠတိလက ဝင်္ဂမုခဒူသိပီဠကာဒီနံ၊ မည်းနက်သော အဆင်းရှိသော တင်းတိပ်, နှမ်းစေ့ပမာဏ ရှိသော မှဲ့, ဖောက်ပြန်သောကိုယ်အင်္ဂါ, မျက်နှာကို ဖျက်ဆီးတတ်သော ဝက်ခြံဖု အစရှိသည်တို့တွင်။
အညတရေန၊ တစ်ပါးပါးသော အပြစ်အားဖြင့်။
သဒေါသံ၊ အပြစ်နှင့်တကွဖြစ်သော မျက်နှာကို။
(ဇာနေယျ၌စပ်)။
တတ္ထ၊ ထိုဥပမာစကားရပ်၌။
တဿ၊ ထိုလုလင်ပျိုအား။
ဝါ၊ သည်။
မုခ နိမိတ္တံ၊ မျက်နှာရိပ်ကို။
ပစ္စဝေက္ခတော၊ ကြည့်ရှုဆင်ခြင်လသော်။
မုခေ၊ မျက်နှာ၌။
ဒေါသော၊ အပြစ်သည်။
(တစ်နည်း) မုခဒေါသော၊ မျက်နှာ၌အပြစ်, အပြစ်မဟုတ်သော အရာသည်။
ပါကဋော၊ ထင်ရှားသည်။
ဟောတိ၊ ၏။
[ဋီကာ၌ "မုခဒေါသော"ဟု ရှိသည်။]သကဏိကံ။ ။ "ကဏိကသဒ္ဒေါ ဒေါသပရိယာယော"ဟု ဋီကာသစ်ဖွင့်၏၊ ထိုဒေါသဟူသည်လည်းကာဠတိလကစသောအပြစ်တည်း၊ ကာဠတိလပ္ပမာဏာ-မဲသောနှမ်းစေ့ ပမာဏရှိကုန်သော၊ ဗိန္ဒဝေါ-အပြောက်တို့သည်၊ ဝါ-မှဲ့တို့သည်၊ ကာဠတိလကာနိ"ဟု တစ်ပုဒ်တည်းလည်းကောင်း, "ကာဠာဝါ ကမ္မာသာ-တစ်နည်း, မဲသောအပြောက်ကွက်တို့သည်၊ (အနီ အနက် အမျိုးမျိုးသောမှဲ့တို့သည်) ကာဠတို့မည်၏၊ ယေ သာသပဗီဇကာတိပိ ဝုစ္စန္တိ-ယင်း အပြောက်တို့ကိုမုန်ညင်းစေ့ပမာဏရှိသောညှင်းပြောက်တို့ဟုလည်းဆိုအပ်ကုန်၏။ [တင်းတိပ် ဟုလည်းဆိုကြသည်၊] တိလပ္ပမာဏာ-နှမ်းစေ့ပမာဏရှိကုန်သော၊ ဗိန္ဒဝေါ-အပြောက်တို့သည်၊ ဝါ-မှဲ့တို့သည်၊ တိလကာနိ၊ [ဤနည်း၌ ကာဠတစ်ပုဒ်, တိလကတစ်ပုဒ်ဟု ၂ ပုဒ်မှတ်ပါ။]
ဝင်္ဂမုခ ပီဠကာဒီနံ။ ။ဝင်္ဂကိုဝိ+အင်္ဂဟု ပုဒ်ဖြတ်၊ ယ် လာလျှင် "ဝိယင်္ဂ"ဟုဖြစ်၏၊ "ဝိပရိဏာမ+အင်္ဂ-ဖောက်ပြန်သော(မလှသောအချိုးမကျသော) အင်္ဂါ"ဟူလို၊ လူပျိုပေါက် အရွယ်ရောက်သူတို့၏မျက်နှာ၌ ပေါက်တတ်သောဝက်ခြံကို"မုခပိဠက"ဟု ခေါ်၏၊ (ယောဗ္ဗနဗီဠကာဒယော-အရွယ်ရောက်သူတို့၏ အဖုအစရှိကုန်သော၊ မုခဒူသိပီဠကာ မျက်နှာ၏အလှကိုဖျက်ဆီးတတ်သောအဖုတို့တည်း၊ ယေ ခရပီဠကာတိပိ ဝုစ္စန္တိ-ယင်းအဖုတို့ကိုကြမ်းသောအဖု (ဝက်ခြံ)တို့ဟူ၍ ဆိုအပ်ကုန်၏)၊-ဋီကာသစ်။ [နှိပ်စက် ဖျက်ဆီးတတ်သောအနာဟူသမျှကို"ပီဠက"ဟု ခေါ်ရသော်လည်းဤနေရာ၌ ဝက်ခြံကိုသာ "ပိဠက"ဟု ယူရသည်။
မုခဒေါသော။ ။ မုခေ-မျက်နှာ၌ + ဂတော-ရောက်သော(ပေါက်သော) + ဒေါသော-အပြစ် အနာအဆာတည်း၊ မုခဒေါသော-ဆာ၊ မုခဒေါသကိုဥပလက္ခဏနည်းအားဖြင့်ဆိုသည်၊ မှန်ကြည့်သောအခါ မုခအဒေါသလည်းထင်ရှား၏၊ ထို့ကြောင့် မုခအဒေါသကိုလည်းယူရသည်၊ (တစ်နည်း) မုခအဒေါသ၌ အသရကိုချေလျှင် "မုခဒေါသ"ဟုဖြစ်၏၊ ထို့နောက် သာမညနိဒ္ဒေသနည်း, ဧကသေသနည်းအားဖြင့်"မုခဒေါသ"အရ မျက်နှာဝယ် အပြစ်ကိုလည်းကောင်း, အပြစ်မရှိကိုလည်းကောင်း ယူပါ၊ (တစ်နည်း) "မုခဒေါသောပိ"ဟုဆိုလိုလျက် အပိသဒ္ဒါ အကျေကြံ၍ ထိုအပိဖြင့် မုခအဒေါသကိုဆည်းပါ၊[သရာဂ သဒေါသ စသောမကောင်းသောစိတ်သည်မုခဒေါသနှင့်တူ၏၊ ဝီတရာဂ, ဝီတဒေါသစသောကောင်းသောစိတ်သည်မုခအဒေါသနှင့်တူ၏၊ ထို့ကြောင့် ၂ မျိုးလုံးယူဖို့ရန် ဋီကာတို့ပြကြသည်။ ဧဝံ၊ သို့။ စေတောပရိယညာဏာယ၊ စေတောပရိယဉာဏ်အကျိုးငှာ။ စိတ္တံ၊ ကို။ အဘိနီဟရိတွာ၊ ရှေးရှုဆောင်ပြီး၍။ နိသိန္နဿ၊ နေသော။ ဘိက္ခုနော၊ အား။ ပရေသံ၊ သူတစ်ပါးတို့၏။ သောဠသဝိဓံ၊ ၁၆ ပါးအပြားရှိသော။ (ပါဠိတော်၌ "သရာဂံဝါ စိတ္တံ"စသော ၁၆ ပါးအပြားရှိသော။) စိတ္တံ၊ သည်။ ပါကဋံ၊ သည်။ ဟောတိ၊ ၏။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ၊ ၏။

ပုဗ္ဗေနိဝါသညာဏူပမာယံ၊ ပုဗ္ဗေနိဝါသဉာဏ်၏ဥပမာ၌။
တံ ဒိဝသံ၊ ထိုနေ့၌။
ကတကြိယာ၊ ပြုအပ်သောအမူအရာသည်။
ဝါ၊ ပြုအပ်သောကိစ္စသည်။
ပါကဋာ၊ ထင်ရှားသည်။
ဟောတိ။
ဣတိ၊ ကြောင့်။
တံ ဒိဝသံ၊ ၌။
ဂါမတ္တယမေဝ၊ ရွာ ၃ ရွာ အပေါင်းကိုသာ။
ဂဟိတံ၊ ယူတော်မူအပ်ပြီ။
တတ္ထ၊ ထိုဥပမာစကားရပ်၌။
ဂါမတ္တယဂတပုရိသော၊ ရွာ ၃ ရွာအပေါင်းသို့သွားပြီးသော ယောက်ျားကို။မှတ်ချက်။။ ။ ဤ ပြအပ်ခဲ့သောစကားရပ်၌ (၁) ဥပလက္ခဏနိဒဿနနည်း,(၂) သာမညနိဒ္ဒေသနည်း (၃) ဧကသေသနည်း, (၄) အပိ အကျေကြံသောနည်းဟု ၄ နည်းကိုပြခဲ့၏၊ ထို ၄ နည်းတွင် သာမညနိဒ္ဒေသနည်းကိုပုဒ်ချင်းတူရာ၌သာရနိုင်၏၊ ကျန် ၃နည်းကား ဝိရူပေကသေသ ပြုခြင်းအားဖြင့်ပုဒ်ချင်းမတူရာ၌လည်းရနိုင်သည်။
ဝတ္တဗ္ဗဿာဝသိဋ္ဌဿ, ဂါဟော နိဒဿနာဒိနာ၊
အပိသဒ္ဓါဒိလောပေန, ဧကသေသနယေနဝါ၊
အသမာနေ သဒ္ဒေ တိဓာ, စတုဓာစ သမာနကေ၊
သာမညနိဒ္ဒေသတောပိ, ဝေဒိတဗ္ဗော ဝိဘာဝိနာ။
ဂါမတ္တယမေဝ။ ။ "ပါဠိတော်၌ ရွာ ၃ ရွာကိုသာ အဘယ့်ကြောင့် ဥပမာအဖြစ်ဖြင့်ယူအပ်ပါသနည်း"ဟု မေးဖွယ်ရှိသောကြောင့် "တံ ဒိဝသံ ၊ပေ၊ ပါကဋာ ဟောတီတိ"ဟု မိန့်သည်၊ ရွာ ၃ ရွာဟူသည်တစ်နေ့တည်း၌ သွား၍ ပြန်နိုင်လောက်သောအရပ်တည်း၊ ထို ရွာတို့၌ တစ်နေ့အတွက် ပြုအပ်သမျှကိစ္စသည်ပြန်၍ စဉ်းစားသောအခါ အဘိညာဉ်မရသောရိုးရိုးလူအားပင် ထင်ရှားတတ်၏၊ ထို့ကြောင့် ထိုတစ်နေ့တည်း၌ သွားအပ်ပြီးသောရွာ ၃ ရွာကိုသာ ဥပမာအဖြစ်ဖြင့်ယူအပ်ပါသည်-ဟူလို။
ဆက်ဦးအံ့ - ရွာ ၃ ရွာကိုဥပမာပြခြင်းသည်ကာမ - ရူပ - အရူပ ဘဝ ၃ ပါးနှင့် လျော်အောင်ပြခြင်းလည်းဖြစ်၏၊ မှန်၏-"မဟာဘိနီဟာရ (ဘုရားအလောင်း စသူ)တို့မှ တစ်ပါးသောပုဗ္ဗေနိဝါသဉာဏ် ရသူတို့အားလည်းဘဝ ၃ ပါးတို့၌ မိမိပြုအပ်ခဲ့သောကိစ္စသည်များသောအားဖြင့်ထင်ရှားလာတတ်၏"ဟူသောအဓိပ္ပာယ်ကိုလည်းရွာ ၃ ရွာကိုယူခြင်းဖြင့်ပြအပ်ပြီးဖြစ်တော့သည်၊-ဋီကာ။ (ဒဋ္ဌဗ္ဗော) ဝိယ၊ ကဲ့သို့။ (တထာ။) ပုဗ္ဗေနိဝါသဉာဏလာဘီ၊ ပုဗ္ဗေနိဝါသဉာဏ်ကိုရခြင်းရှိသော ရဟန်းရှိသောရဟန်းကို။ ဒဋ္ဌဗ္ဗော၊ ၏။ တယော၊ ၃ ပါးကုန်သော။ ဂါမာ၊ တို့ကို။ (ဒဋ္ဌဗ္ဗာ)ဝိယ၊ သို့။ (တထာ။) တယော၊ ကုန်သော။ ဘဝါ၊ ဘဝတို့ကို။ ဒဋ္ဌဗ္ဗာ။ တဿ ပုရိသဿ၊ အား။ ဝါ၊ ၏။ (စိတ်၌။) တီသု၊ ကုန်သော။ ဂါမေသု၊ တို့၌။ တံ ဒိဝသံ၊ ၌။ ကတကြိယာယ၊ ၏။ ဝါ၊ ၏။ အာဝိဘာဝေါ၊ ထင်စွာဖြစ်ခြင်းကို။ (ဒဋ္ဌဗ္ဗော)ဝိယ။ (တထာ။) ပုဗ္ဗေနိဝါသာယ၊ ပုဗ္ဗေနိဝါသဉာဏ်အကျိုးငှာ။ စိတ္တံ၊ ကို။ အဘိနီဟရိတွာ၊ ရှေးရှုဆောင်၍။ နိသိန္နဿ၊ နေသော။ ဘိက္ခုနော၊ အား။ ဝါ၊ ၏။ (စိတ်၌။) တီသု၊ န်သော။ ဘဝေသု၊ ဘဝတို့၌။ ကတကြိယာယ၊ ၏။ ဝါ၊ ၏။ ပါကဋဘာဝေါ၊ ထင်ရှားသည်၏အဖြစ်ကို။ ဒဋ္ဌဗ္ဗော။တီသု ဘဝေသု ကတကြိယာယ။ ။ အဘိသမ္ဗရာယေသု (ရှေးရှု ကောင်းစွာရောက်အပ်ပြီးသောအတိတ် တမလွန်ဘဝတို့၌) ပုဗ္ဗေ (ရှေး၌လည်းကောင်း) ဒိဋ္ဌဓမ္မေ ပန ဣဒါနိ ပုဗ္ဗေစ (မျက်မှောက်ဘဝ၌ကား ယခုလည်းကောင်း ရှေးအတိတ်၌လည်းကောင်း) ကတ ကိစ္စဿ၊ "ပါကဋဘာဝေါ ဒဋ္ဌဗ္ဗော"၌စပ်၊-ဋီကာသစ်၊ [ပုဗ္ဗေနိဝါသဉာဏ်၏ အာရုံဖြစ်သောကြောင့် "အဘိသမ္ဗရာယ"အရ အတိတ်တမလွန်ကိုယူလိုက်သည်။
မှတ်ချက်။ ။ ဤဋီကာသစ်၌ ပစ္စုပ္ပန်ဘဝဝယ် ရှေ့ကာလ၌ ပြုအပ်ပြီးကိစ္စ၏ ပုဗ္ဗေနိဝါသဉာဏ်အား ထင်လာပုံကိုပြသော်လည်း ပါရာဇိကဋ္ဌကထာ-ပုဗ္ဗေနိဝါသကထာ၌ကား "ပုဗ္ဗေနိဝါသံတိ သမနန္တရာတီတံ ဘဝံ အာဒိံ ကတွာ တတ္ထ တတ္ထ နိဝုတ္ထက္ခန္ဓသန္တာနံ" ဟု အတိတ်ဘဝကိုသာ ပြထားသည်၊ ပစ္စုပ္ပန်အတွက်မှာ ရိုးရိုးသတိ ရိုးရိုးသညာအားဖြင့်ထင်ရှားနိုင်ပါသည်။
ဒိဗ္ဗစက္ခုဥပမာယံ။ ။ စာအုပ်တို့၌ "ဝီထိံ သဉ္စရန္တေတိ အပရာပရံ သဉ္စရန္တေ" ဟုရှိ၏၊ ဋီကာသစ်၌ "ပါဠိယံ ရထိကာယ ရထံ သဉ္စရန္တေတိ အညာယ ရထိကာယ အညံရထံ သဉ္စရန္တေတိ အတ္ထော"ဟု တွေ့ ရ၏၊ ရထဿ+ဟိတာ ရထိကာ-မြင်း ရထား နွားရထား မော်တော်ကားစသောရထားတို့၏ စီးပွားဖြစ်သော(သွားစရာဖြစ်သော) လမ်းမသည်ရထိကာ မည်၏၊ ဟိတအနက်၌ ဣကပစ္စည်း။
ရထံ-ရထျံ။ ။ လမ်းဟူသောအနက်ကိုဟောရာ၌ ရှေးဋီကာသစ် စာအုပ်ဝယ် ရထံဟုရှိသော်လည်း"ရထျံ"ဟုသာ မူရင်းပါဌ်ဖြစ်မည်ထင်သည်၊ ဘာ့ကြောင့်နည်း-"ရထဿ+ ဟိတာ ရတျာ"ဟု ပြုသောအခါ ဟိတအနက်၌ ဏျပစ္စည်းသက်လျှင် ရထိကာနှင့် အနက်တူဖြစ်သောကြောင့်တည်း၊ ထို့ကြောင့် ပါဠိတော်၌ "ရထိကာယ ရထံ သဉ္စရန္တေ"ဟုရှိမှ ကောင်းမည်ထင်သည်။ [ရထူသည်ပင် ထျကိုဆပြု၍ ဒွေဘော်လာသောအခါ "ရစ္ဆာ"ဟုဖြစ်၏၊ ထို့ကြောင့် ရထျာ-ရစ္ဆာကိုအနက်တူဟု မှတ်ပါ။]
ထောမနိ။ ။ "ရထဿ (တဒ္ဓမနဿ) + ယောဂျာ-ရထား၏သွားခြင်းအား+ သင့်လျော်သောလမ်းသည်ရလျာမည်၏"ဟု ဆို၏၊ ယောဂျအနက်၌ ယတ်ပစ္စည်းဖြင့်ပြီးစေ၏၊ ဣတ္ထိလိန်တည်း။

ဒိဗ္ဗစက္ခုပမာယံ၊ ဒိဗ္ဗံစက္ခုဉာဏ်၏ ဥပမာ၌။
**ရထျံသဉ္စရန္တေ**တိ၊ ကား။
အပရာပရံ၊ အခြားတစ်လမ်း အခြားတစ်လမ်းသို့။
သဉ္စရန္တေ၊ လှည့်လည်သွားလာကုန်သော။
(မနုဿေ, ပဿေယျ၌စပ်။)
ဝီထိံ သဉ္စရန္တေတိပိ၊ ဝီထိ သဉ္စရန္တေဟူ၍လည်း။
ပါဌော၊ ပါဠိတော်ပါဌ်သည်။
(အတ္ထိ၊ ရှိသေး၏။
တဿ ပါဌဿ၊ ထိုပါဠိတော်ပါဌ်၏။)
အယမေဝတ္ထော၊ ဤဆိုအပ်ပြီးသော အပရာပရံ သဉ္စရန္တေဟူသောအနက်ပင်တည်း။
တတ္ထ၊ ထိုဥပမာစကားရပ်၌။
နဂရမဇ္ဈေ၊ မြို့၏အလယ်၌။
သိင်္ဃာတကမှိ၊ လမ်းဆုံလမ်းမ၌။
ပါသာဒေါဝိယ၊ ပြာသာဒ်ကိုကဲ့သို့။
(တထာ။)
ဣမဿ ဘိက္ခုနော၊ ဤရဟန်း၏။
ကရဇကာယော၊ ကရဇကာယကို။
ဒဋ္ဌဗ္ဗော၊ ၏။
ပါသာဒေ၊ ၌။
ဌိတော၊ တည်သော။
စက္ခုမာ၊ ကောင်းသောမျက်စိရှိသော။
ပုရိသောဝိယ၊ သို့။
(တထာ။)
ဒိဗ္ဗံစက္ခုံ၊ ဒိဗ္ဗံစက္ခုအဘိညာဉ်သို့။
ပတွာ၊ ရောက်ပြီး၍။
ဌိတော၊ သော။
အယမေဝဘိက္ခု၊ ဤရဟန်းကိုပင်။
(ဒဋ္ဌဗ္ဗော။)
ဂေဟံ၊ အိမ်သို့။
ပဝိသန္တာဝိယ၊ ဝင်သူတို့ကိုကဲ့သို့။
(တထာ။)
ပဋိသန္ဓိဝသေန၊ ပဋိသန္နေ၏အစွမ်းဖြင့်။
မာတုကုစ္ဆိယံ၊ အမိဝမ်း၌။
ပဝိသန္တာ၊ ဝင်သောသတ္တဝါတို့ကို။
(ဒဋ္ဌဗ္ဗာ။)
ဂေဟာ၊ အိမ်မှ။
နိက္ခမန္တာဝိယ၊ ထွက်သူတို့ကိုကဲ့သို့။
(တထာ။)
မာတုကစ္ဆိတော၊ မှ။
နိက္ခမန္တာ၊ ထွက်သောသတ္တဝါတို့ကို။
(ဒဋ္ဌဗ္ဗာ)။
[ရှေးစာအုပ်တို့၌ "ပဝိသန္တော"ဟု ဧကဝုစ်ရှိ၏။ ဋီကာသစ်၌လည်း ဧကဝုစ်ပင်ရှိ၏။ သို့သော် ပါဠိတော်၌ "ဂေဟံ ပဝိသန္တိ နိက္ခမန္တိ"စသည်ဖြင့် ရှိသောကြောင့် ဗဟုဝုစ်ကကောင်းမည်ထင်သည်။ ထို့ကြောင့် နောက်စာအုပ်များ၌ ဗဟုဝုစ်ပြင်ထားကြ၏။]
ရထိကာယ၊ ရထားလမ်းတစ်ခုမှ။
ရယျံ၊ ရထားလမ်းတစ်ခုသို့။အပရာပရံ သဉ္စရန္တေ။ ။ ဤအနက်သည်"ဝီထိံ သဉ္စရန္တေ"-သို့မဟုတ် "ရထျံ သဉ္ဇရန္တေမျှဖြင့်မဖြစ်နိုင်၊ ရထိကာနှင့်တွဲမှ "ရထားလမ်းတစ်ခုမှ ရထားလမ်းတစ်ခုသို့ လှည့်လည်ကုန်သော"ဟု အနက်ဖြစ်သောအခါ "အပရာပရံ သဉ္စရန္တေ-အခြားတစ်လမ်းမှ အခြားတစ်လမ်းသို့ လှည့်လည်ကုန်သော"ဟု အဓိပ္ပာယ်နက်ထွက်နိုင်ပါသည်၊ ထို့ကြောင့် ဝီထိံ သဉ္စရန္တေ (ရထျံ သဉ္စရန္တေ)တို့သည်သံဝဏ္ဏေတဗ္ဗ တစ်ပိုင်းကိုသာယူ၍ ပြထားသောပုဒ် ဟုမှတ်ပါ၊ သို့မဟုတ် "ရထိကာယ"ပုဒ် ကျနေသည်ဟုသော်လည်းကြံပါ။
ဝိဒိသဉ္စရန္တေတိပိ ပါဌော။ ။ "ဝိဒိသဉ္စရန္တေ"ဟု မူကွဲရှိသတတ်၊ ထိုမူကွဲသည်သမာသ်ပုဒ်တစ်ပုဒ်တည်းဖြစ်သောကြောင့် မကောင်းပါ၊ ဘာ့ကြောင့်နည်း-အန္တပစ္စယန္တပုဒ်နှင့် သမာသ်အဖြစ် နည်းပါးသောကြောင့်တည်း၊ လမ်းအနက်ကိုဟောရာ၌ "ဝိဒိ"ဟုလည်းမရှိ၊ ထို့ကြောင့် ဝိဒိသဉ္စရန္တေသည်မူကွဲလည်းမဖြစ်နိုင်၊ "ရထံ သဉ္စရန္တေ"ဟုရှိခဲ့၍ "ဝီထိံ သရန္တေ"ကိုမူကွဲပါဌ်ဟု ယူစေလိုသည်။ [နောက်ပြင် စာအုပ်များ၌ကား ပဌမပါဌ်၌ "ပီထိံ သဉ္စရန္တေ" ဟုလည်းကောင်း, မူကွဲ၌ သံ မပါဘဲ "ဝီထိံ စရန္တေ"ဟုလည်းကောင်း တွေ့ရ၏၊ သို့သော် သံသဒ္ဒါ မပါလျှင် အပရာပရံ သဉ္စရဏမဖြစ်နိုင်သောကြောင့် စဉ်းစားပါ။] [ဝီထိံ၊ လမ်းတစ်ခုသို့။] သဉ္စရန္တာဝိယ၊ လှည့်လည်သူတို့ကဲ့သို့။ (တထာ။) အပရာ၊ အခြားတစ်ဘဝမှ။ အပရံ၊ အခြားတစ်ဘဝသို့။ သဉ္စရဏကသတ္တာ၊ လှည့်လည်ကုန်သော သတ္တဝါတို့ကို။ (ဒဋ္ဌဗ္ဗာ။) ပုရတော၊ ရှေ့၌။ အမ္ဘောကာသဋ္ဌာနေ၊ လွင်တီးခေါင် အရပ်ဖြစ်သော။ မဇ္ဈေ၊ အလယ်ဖြစ်သော။ သိင်္ဃာဋကေ၊ ၌။ နိသိန္နာဝိယ၊ နေသူတို့ကိုကဲ့သို့။ (တထာ။) တီသု၊ န်သော။ ဘဝေသု၊ တို့တွင်။ တတ္ထ တတ္ထ၊ ထိုထိုဘဝတစ်စိတ်၌။ နိဗ္ဗတ္တသတ္တာ၊ ဖြစ်သော သတ္တဝါတို့ကို။ (ဒဋ္ဌဗ္ဗာ။) ပါသာဒတလေ၊ ၌။ ဌိတပုရိသဿ၊ အား။ (ဝါ၊ ၏စိတ်၌။) တေသံ မနုဿာနံ၊ တို့၏။ အာဝိဘူတကာလောဝိယ၊ ထင်ရှားဖြစ်ရာအခါကိုကဲ့သို့။ (တထာ။) ဒိဗ္ဗစက္ခု ဉာဏာယ၊ ဒိဗ္ဗံစက္ခုဉာဏ်အကျိုးငှာ။ စိတ္တံ အဘိနီဟရိတွာ, နိသိန္နဿ၊ နေသော။ ဘိက္ခုနော၊ အား။ (ဝါ၊ ၏စိတ်၌။) တီသု, ဘဝေသု၊ တို့၌။ နိဗ္ဗတ္တသတ္တာနံ၊ ဖြစ်သောသတ္တဝါတို့၏။ အာဝိဘူတကာလော၊ ကို။ ဒဋ္ဌဗ္ဗော။

စ၊ ဆက်။
ဣဒံ၊ ဤတီသု ဘဝေသု နိဗ္ဗတ္တသတ္တာနံဟူသော စကားကို။
ဒေသနာသုခတ္ထမေဝ၊ ဟောပြောရာ၌လွယ်ကူခြင်းအကျိုးငှာသာ။
(အာစရိယေဟိ၊ ရှေးအဋ္ဌကထာဆရာတို့သည်။)
ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
ပန၊ စင်စစ်ကား။
အရူပေ၊ အရူပဘုံ၌။
ဒိဗ္ဗစက္ခုဿ၊ ဒိဗ္ဗစက္ခုအဘိညာဉ်၏။
ဂေါစရော၊ ကျက်စားရာအာရုံသည်။
နတ္ထိ၊ မရှိ။
ဣတိ၊ ဤသို့မှတ်အပ်၏။
(တစ်နည်း) စ၊ ဆက်။
ဣဒံ၊ ဤသတ္တေပဿတိ စဝမာနေ ဥပပဇ္ဇမာနေစသော စကားတော်ကို။ဣဒဉ္စ၊ ပေ၊ ဝုတ္တံ။ ။ [ဣဒံတိ တီသု ဘဝေသု နိဗ္ဗတ္တသတ္တာနန္တိ ဣဒံ ဝစနံ၊ ဋီကာ။] ဒိဗ္ဗစက္ခုဉာဏ်သည်ရူပါရုံကိုသာ အာရုံပြုရကား ရုပ်မရှိသော အရူပဘဝ၌ ဒိဗ္ဗစက္ခုဉာဏ်ဖြင့်အာရုံမပြုနိုင်သည်မဟုတ်ပါလော၊ အဘယ်အကျိုးငှာ အရူပသတ္တဝါတို့ကိုပါထည့်၍ "တီသု ဘဝေသု နိဗ္ဗတ္တသတ္တာနံ"ဟူသောဤစကားကိုဆိုရပါသနည်း-ဟု မေးဖွယ်ရှိသောကြောင့် "ဣဒဉ္စ ၊ပေ၊ ဝုတ္တံ"ဟု မိန့်သည်၊ ဒေသနာကိုလွယ်ကူစေခြင်းအကျိုးငှာ ဤစကားကိုဆိုပါသည်-ဟူလို။
ချဲ့ဦးအံ့ - ဒိဗ္ဗစက္ခုဉာဏ်အတွက် အရူပသတ္တဝါကိုမရထိုက်၍ ချန်လိုသောကြောင့် "ထပေတွာ အရူပဘဝံ"ဟုဖြစ်စေ, "ဒွီသု ဘဝေသု"ဟုဖြစ်စေ ဆိုလိုက်လျှင် ပြောဟောရာ၌ မလွယ်ကူ၊ နာယူသူတို့ သိလွယ်ဖို့ရာလည်းမလွယ်ကူ၊ ထို့ကြောင့် ဒေသနာတော်၏ ဟောဖို့ရန် လွယ်ကူ, သိဖို့ရန်လည်းလွယ်ကူခြင်းအကျိုးငှာ "တီသု ဘဝေသု နိဗ္ဗတ္တသတ္တာနံ"ဟု ရှေးအဋ္ဌကထာဆရာတို့ မိန့်ဆိုရသည်-ဟူလို။ [ဤအဓိပ္ပာယ်အတိုင်းဆိုလျှင် ဤသင်္ဂဟ အဋ္ဌကထာဆရာသည်ရှေးအဋ္ဌကထာဆရာတို့၏ စကားကိုပင်ဖွင့်ရသောကြောင့် ရှေးအဋ္ဌကထာဆရာတို့၏ စကားကိုရှင်းလင်းရာ ရောက်၏၊ ထို့ကြောင့် ဋီကာသစ်ဆရာ မနှစ်သက်သည့်အတွက် တစ်နည်းဖွင့်ပြန်သည်။]
ဋီကာသစ်။ ။ ပါဠိတော်ဝယ် "ဒိဗ္ဗေန စက္ခုနာ ၊ပေ၊ သတ္တေ ပဿတိ စဝမာနေ ဥပပဇ္ဇမာနေ" စသည်ဖြင့်သတ္တဝါသာမညကိုဟောတော်မူရကား စတုဝေါကာရသတ္တဝါတို့ကိုလည်းသိမ်းယူရာရောက်သောကြောင့် "ဣဒံ-သတ္တေ ပဿတိ စဝမာနေ ဥပပဇ္ဇမာနေစသောဤစကားတော်ကို" ဟု အစွဲတစ်မျိုးကိုပြသည်၊ ဤသို့ ပြသောကြောင့် "ဣဒဉ္စ ၊ပေ၊ ဝုတ္တံ"ဟူသောစကားကိုပါဠိတော် စာသွားကိုရှင်လင်းပြသောစကားဟု ဆိုလိုသည်မှန်၏ "ထပေတွာ အရူပဘဝံ စဝမာနေ" စသည်ဖြင့်ဝိသေသနထည့်၍ ဟောတော်မူလျှင် ဟောရာ၌လည်းမလွယ်ကူဘဲ ထောင့်နေ၏။ နာယူသူတို့သိဖို့ရာလည်း(အရူပဘဝ အကြောင်းသိပြီး မဟုတ်လျှင်) မလွယ်ကူ၊ ထို့ကြောင့် ဟောလွယ်သိလွယ်ဖို့ အကျိုးငှာ သာမညအားဖြင့်"စဝ မာနေ ဥပပဇ္ဇမာနေ" စသည်ဖြင့်ဟောတော်မူရပေသည်။ ဒေသနာသုခတ္ထမေဝသာ။ (ဘဂဝတာ။) ဝုတ္တံ၊ မိန့်တော်မူအပ်ပြီ။ (ကသ္မာ၊ ကြောင့်။ ဣဒံ၊ ကို။ ဒေသနာသုခတ္ထမေဝ၊ ငှာသာ။ ဘဂဝတာ ဝုတ္တံ၊ ပြီ။ ဣတိ၊ သို့။ ဝိညာယတိ၊ သိအပ်သနည်း။) ပန (ယသ္မာ)၊ ကြောင့်။ အရူပေ ဒိဗ္ဗစက္ခုဿ ဂေါစရော နတ္ထိ, ဣတိ၊ ကြောင့်။ (ဣဒံ ဒေသနာသုခတ္ထမေဝ ဘဂဝတာ ဝုတ္တံ ဣတိ, ဝိညာယတိ။) [ပဌမနည်း၌လည်း ဤကဲ့သို့ ကသ္မာထည့်၍ ပေးနိုင်ပါ၏။]