Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Sīlakkhandhavaggaṭṭhakathā
(DN) Sīlakkhandhavaggaṭṭhakathā

Komārabhaccajīvakakathāvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

အထခေါရာဇာတိ (ဧတ္ထ)၊ ဟူသော ဤပါဌ်၌။ (ဂူဠှတ္ထံ၊ လျှို့ဝှက်သောအနက်ကို။) ကိရ(ဥဒ္ဓရိတွာ ဒဿေမိ)၊ ထုပ်၍ပြဦးအံ့။ ရာဇာ၊ သည်။ တေသံ၊ ထိုအမတ်တို့၏။ ဝစနံ၊ စကားကိုး။ သုတွာ၊ ၍။ စိန္တေသိ၊ ပြီ။ (ကိံ)။
အဟံ၊ သည်။ ယဿယဿ၊ အကြင်အကြင်အမတ်၏။ ဝစနံ၊ ကို။ နသောတုကာမော၊ နားထောင်ခြင်းငှာအလိုမရှိ။ သောသောဧဝ၊ ထိုထိုအမတ်သည်သာ။ ကထေသိ၊ သံတော်ဦးတင်ဘိ၏။
ပန၊ ကား။ ယဿ၊ အကြင်သူ၏။ ဝစနံ၊ ကို။ သောတုကာမော၊ သည်။ အမှိ၊ ဖြစ်၏။ ဧသ၊ ဤသူသည်။ နာဂဝသံ၊ နဂါးဆီကို။ ပိဝိတွာ၊ သောက်ပြီး၍။ ဌိတော၊ တည်နေသော။ သုပဏ္ဏောဝိယ၊ ဂဠုန်သည်ကဲ့သို့။ (နဂါးဆီရစ်သော ဂဠုန်ကဲ့သို့)။ တုဏှီဘူတော၊ ဆိတ်ဆိတ်ဖြစ်၍ဖြစ်၏။ မေ၊ ၏။ ဝါ၊ ငါ့မှာ။ အနတ္ထောဝတ၊ စီးပွားမဲ့စွာတကား။ [“ဇီဝကကို ပြောစေလိုသော ရည်ရွယ်ချက် အထမမြောက်လေစွာ့တကား”ဟူလို။] ဣတိ၊ ဤသို့။ (စိန္တေသိ)။
အထ၊ ၌။ အဿ၊ ထိုမင်း၏။ ဧတံ၊ ဤအကြံသည်။ အဟောသိ၊ ဖြစ်ပြန်ပြီ။ (ကိံ)။
ဇီဝကော၊ သည်။ ဥပသန္တဿ၊ ငြိမ်းအေးတော်မူသော။ ဗုဒ္ဓဿ၊ အလုံးစုံကိုသိတော်မူသော။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဥပဋ္ဌာကော၊ အလုပ်အကျွေးတည်း။ သယံပိ၊ ကိုယ်တိုင်လည်း။ ဥပသန္တော၊ ငြိမ်သက်၏။ တသ္မာ၊ ထို့ကြောင့်။ (ငြိမ်း‌အေးတော်မူသောဘုရား၏ ဥပဋ္ဌာကဖြစ်သည်အပြင်, ကိုယ်တိုင်ကလည်း ငြိမ်သက်သည်၏အဖြစ်ကြောင့်)။ ဝတ္တသမ္ပန္နော၊ ဝတ်အကျင့်နှင့်ပြည့်စုံသော။ ဘိက္ခုဝိယ၊ ရဟန်းသည်ကဲ့သို့။ [ဤဥပမာစကားသည် ရဟန်းတော်များအကြောင်းကိုကောင်းကောင်းမလေ့လာရသေးသော အဇာတသတ်မင်းအတွက်စိတ်ထဲ၌ထင်လာဖွယ်မရှိရကား ပိုဟန်တူသည်။] တုဏှီဘူတောဝ၊ ဆိတ်ဆိတ်ဖြစ်၍ဖြစ်သည်သာလျှင်။ (ဟုတွာ) နိသိန္နော၊ ထိုင်နေပြီ။ ဧသ၊ ဤဇီဝကသည်။ မယိ၊ ငါသည်။ အကထေန္တေ၊ စ၍ မပြောလတ်သော်။ န ကထေဿတိ၊ ပြောလိမ့်မည်မဟုတ်။ ပန၊ အနွယကား။ ဟတ္ထိမှိ၊ ဆင်သည်။ မဒ္ဒန္တေ၊ နင်းလတ်သော်။ ဟတ္ထိဿေဝ၊ ဆင်၏သာ။ ပါဒေါ၊ ခြေကို။ ဂဟေတဗ္ဗော၊ ကိုင်ထိုက်၏။ ဣတိ၊ ဤအကြံသည်။ (အဟောသိ)။ [ဧတဒဟောသိကို ပြန်လှည့်။] ဣတိ၊ ဤသို့ကြံပြီး၍။ [ဣတိတစ်လုံးအကြေကြံ။] တေန၊ ထိုဇီဝကနှင့်။ သဒ္ဓိံ၊ တူ။ သယံ၊ ကိုယ်တိုင်။ မန္တေတုံ၊ တိုင်ပင်ခြင်းငှာ။ အာရဒ္ဓေါ၊ အားထုတ်ပြီ။
တေန၊ ထို့ကြောင့်။
အထခေါရာဇာ ဟတ္ထိမှိ၊ပေ၊မဒ္ဒန္တေ ။ ။ ဇီဝက၏ စကားမပြော တုဏှီဘောနေခြင်းသည် ရှင်ဘုရင်အလိုဆန္ဒကို နှိပ်နင်းရာဖျက်ဆီးရာရောက်၏၊ ဆင်နင်းထားလျှင် ဆင်၏ခြေကိုကိုင်လိုက်မှ ခြေကိုမြန်မြန်ကြွမြှောက်၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေသောဇီဝကကို စကားပြောအောင် မိမိကပင် တိုက်ရိုက်မေးထိုက်သည်ဟု ပြလို၍ “ဟတ္ထိမှိ”စသောစကားကိုဆိုသည်။ တိ၊ ဟူ၍။ (အာယသ္မတာ အာနန္ဒတ္ထေရေန) ဝုတ္တံ၊ ပြီ။
တတ္ထ၊ ထိုအထခေါရာဇာအစရှိသောစကားရပ်၌။ ကိံ တုဏှီတိ၊ ကား။ ကေနကာရဏေန၊ အဘယ်အကြောင်းကြောင့်။ တုဏှီ၊ ဆိတ်ဆိတ်။ (အဟောသိ၊ ဖြစ်သနည်း)။ [ဖြစ်သင့်သောအကြောင်းများကိုထုတ်ပြ၍ မင်းအလိုကို ပြခြင်းငှာ “ဣမေသံ”စသည်မိန့်။]
ဣမေသံအမစ္စာနံ၊ ဤအမတ်တို့၏။ အတ္တနောအတ္တနော၊ မိမိ မိမိ၏။ ကုလူပကသမဏဿ၊ ဆရာရဟန်း၏။ ဝဏ္ဏံ၊ ဂုဏ်ကို။ ကထေန္တာနံ၊ ပြောကုန်သော။ (တစ်နည်း) အတ္တနောအတ္တနော၊ မိမိမိမိ၏။ ပေ။ ကထေန္တာနံ၊ ပြောကုန်လတ်သော်။ ဣမေသံအမစ္စာနံ၊ ဤအမတ်တို့၏။ မုခံ၊ ပါးစပ်သည်။ နပ္ပဟောတိ၊ မလောက်။ ဝါ၊ မဆန့်။ ဧတေသံ၊ ဤအမတ်တို့၏။ ဝါ၊ ဤအမတ်တို့မှာ။ ကုလူပကသမဏော၊ သည်။
(အတ္ထိ) ယထာ၊ ရှိသကဲ့သို့။ ဧဝံ၊ ဤအတူ။ တဝ၊ သင်၏။ ဝါ၊ သင့်မှာ။ ကုလူပကသမဏော၊ သည်။ နတ္ထိကိံ၊ မရှိပါသလော။ တွံ၊ သည်။ ဒလိဒ္ဒေါကိံ၊ ဆင်းရဲသူလော။ တေ၊ သင့်အား။ မမ၊ ငါ၏။ ပိတရာ၊ ခမည်းတော်သည်။ ဣဿရိယံ၊ အစိုးရသူ၏ဖြစ်ကြောင်းဖြစ်ရာ စည်းစိမ်ကို။ န ဒိန္နံ(ကိံ)၊ မပေးအပ်သလော။ ဥဒါဟု၊ သို့မဟုတ်။ အဿဒ္ဓေါ(ကိံ)၊ သဒ္ဓါမရှိသူလော။ ဣတိ၊ သို့။ ပုစ္ဆတိ၊ မေး၏။
တတော၊ ထိုသို့မေးခြင်းကြောင့်။ ဇီဝကဿ၊ ၏။ ဧတံ၊ ဤအကြံသည်။ အဟောသိ၊ ပြီ။ (ကိံ)။

အယံရာဇာ၊ ဤမင်းသည်။ မံ၊ ငါ့ကို။ ကုလူပကသမဏဿ၊ ၏။ ဂုဏံ၊ ဂုဏ်ကို။ ကထာပေတိ၊ ပြောစေလို၏။ ဒါနိ၊ ယခုအခါ၌။ မေ၊ ငါ၏။ တုဏှီဘာဝဿ၊ ဆိတ်ဆိတ်ဖြစ်ခြင်း၏။ ကာလော၊ အခါသည်။ န၊ မဟုတ်။ ပန၊ ထိုသို့ပင် ဆိတ်ဆိတ်နေခြင်း၏ အခါမဟုတ်ပါသော်လည်း။ ဣမေ၊ ဤအမတ်တို့သည်။ ရာဇာနံ၊ ကို။ ဝန္ဒိတွာ၊ ဝပ်ချ၍။ နိသိန္နာဝ၊ ထိုင်နေကုန်သည်သာ။ (ဟုတွာ)။ အတ္တနော၊ ၏။ ကုလူပကသမဏာနံ၊ တို့၏။ ဂုဏံ၊ ကို။ ကထယိံသုယထာ၊ ကိံ ။ ။ “ကိံသည်အကြောင်းကိုမေးခြင်းအနက်၌ဖြစ်သောနိပါတ်ပုဒ်”ဟု သိစေလို၍ “ကေန ကာရဏေန”ဟု ဖွင့်သည်၊ (တစ်နည်း) ပါဠိတော်အနက်ပေးသောအခါ “ယေန (ကာရဏေန)တုဝံ, တုဏှီ-ဆိတ်ဆိတ်၊ အသိ-ဖြစ်၏၊ တံ (ကာရဏံ)- သည်၊ကိံ- အဘယ်နည်း”ဟုသော်လည်း ပေးနိုင်သည်။ [ကိံ တိ ကာရဏပုစ္ဆာယံနိပါတောတိ ဒဿေတိ ကေန ကာရဏေနာတိ ဣမိနာ၊ ယေန တုဝံ တုဏှီ၊ ကိံ တံကာရဏံတိဝါ အတ္ထံ ဒဿေတိ၊-ဋီကာသစ်။]
တုဏှီ ။ ။ “တုဏှီတုမောနေ”အဘိဓာန် (၁၁၄၉)နှင့်အညီ ဆိတ်ဆိတ်အနက်ဟောဤကာရန္တနိပါတ်တည်း၊ သက္ကတ၌ “တူသ္ဏီမ်”ဟု ရှိ၏၊ [တုဏှီဘာဝေါပုဒ်၌ “တုဏှီ-ဆိတ်ဆိတ်+ဘဝနံ-ဖြစ်ခြင်း၊ တုဏှီဘာဝေါ- ခြင်း၊ ဆိတ်ဆိတ်ဖြစ်ခြင်းကိုပင် “ဆိတ်ဆိတ်နေခြင်း”ဟု အဓိပ္ပာယ်ဆိုသည်၊ တုဏှီ+ဟုတွာ+ဘူတော တုဏှီဘူတော-ဆိတ်ဆိတ်ဖြစ်၍ ဖြစ်သူ။]

ပြောကြကုန်သကဲ့သို့။ ဧဝံ၊ ဤ့အတူ။ မယှံ၊ ၏။ သတ္ထု၊ ဆရာဖြစ်‌တော်မူသောမြတ်စွာဘုရား၏။ ဂုဏံ၊ ကို။ ကထေတုံ၊ သံတော်ဦးတင်ခြင်းငှာ။ နယုတ္တံ၊ မသင့်။ ဣတိ၊ သို့။ (ဧတံ၊ ဤအကြံသည်။ အဟောသိ) ဣတိ၊ ဤသို့ကြံပြီး၍။ (ဣတိတစ်လုံး အကြေကြံ)။ အာသနာ၊ နေရာမှ။ ဥဋ္ဌာယ၊ ထ၍။ ဘဂဝတော၊ ၏။ ဝိဟာရာဘိမုခေါ၊ ကျောင်းတော်သို့ ရှေးရှုသောမျက်နှာရှိသည်။ (ဟုတွာ)။ ပဉ္စပတိဋ္ဌိတေန၊ ငါးပါးသောအင်္ဂါတို့ဖြင့် ရှေးရှုတည်ခြင်းဖြင့်။ ဝါ၊ ငါးပါးသောအင်္ဂါတို့၏ တည်ခြင်းဖြင့်။ ဝန္ဒိတွာ၊ ဝပ်ချပြီး၍။ ဒသနခသမောဓာနသမုဇ္ဇလံ၊ ဆယ်ချောင်းသော လက်သည်းအပေါင်းတို့ဖြင့် တောက်ပသော။ (သန့်ရှင်းဖြူစင်သောလက်သည်းဖြစ်၍ ထိုအရောင်တို့ဖြင့် တောက်ပသော)။ အဉ္ဇလိံ၊ လက်အုပ်ကို။ သိရသိ၊ ဦးခေါင်း၌။ ပဂ္ဂဟေတွာ၊ မြှောက်ချီ၍။ [ရှေးတုန်းက လက်အုပ်ချီလျှင် ဦးခေါင်းပေါ်ရောက်အောင် ချီသည်။]

မဟာရာဇ၊ မဟာရာဇ။ မံ၊ အကျွန်ုပ်ကို။ အယံ၊ ဤဇီဝကသည်။ ယံဝါတံဝါ၊ ဟုတ်ဟုတ်ငြားငြားသော။ (တော်စွာ လျော်စွာသော)။ သမဏံ၊ ရဟန်းသို့။ ဥပသင်္ကမတိ၊ ချဉ်းကပ်၏။ ဣတိဧဝံ၊ ဤသို့။ မာ စိန္တ ယိတ္ထ၊ မကြံပါကုန်လင့်။ ဟိ၊ ထင်ရှားအောင် သံတော်ဦးတင်ပါအံ့။ မမ၊ အကျွန်ုပ်၏။ သတ္ထုနော၊ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား၏။ မာတုကုစ္ဆိဩက္ကမနေ၊ မယ်တော်ဝမ်းသို့ သက်ရောက်တော်မူရာအခါ၌လည်းကောင်း။ မာတုကုစ္ဆိတော၊ မယ်တော်ဝမ်းမှ။ နိက္ခမနေ၊ ထွက်တော်မူရာအခါ၌လည်းကောင်း။ ဝါ၊ ဖွားမြင်တော်မူရာအခါ၌လည်းကောင်း။ပဉ္စပတိဋ္ဌိတေန ။ ။ ပဉ္စဟိ-လက် ခြေနဖူး, တတောင်ဒူးဟူသော ငါးပါးသော အင်္ဂါတို့ဖြင့်+အဘိမုခံ+ဌိတေန-ဘုရားသို့ ရှေးရှု+တည်ခြင်းဖြင့်၊-ဋီကာသစ်၊ ပဉ္စဟိ- တို့ဖြင့်၊ ပတိဋ္ဌိတော-ရှေးရှုတည်ခြင်းတည်း၊ ပဉ္စပတိဋ္ဌိတော-ခြင်း၊ “တည်”ဟူရာဝယ် ထိုင်ရာ, ရပ်ရာဖြစ်သော မြေ, ကြမ်း, ဖျာပေါ်စသည်၌ တည်ခြင်းတည်း၊ ထိုသို့ ပဉ္စပတိဋ္ဌိတဖြစ်ဖို့ရန် လက်ဝါးပြင် ၂ ဘက်, ခြေ ၂ ဘက်, နဖူး, တတောင် ၂ ဘက်, ဒူး ၂ ဘက်တို့ကို တည်ရာအပြင်၌ ထိလျက်နေအောင် ဝပ်ချရသည်၊ ဤသို့ ထိရသောကြောင့် “ထိခြင်းငါးပါး”ဟု ပြောစမှတ် ပြုကြ၏၊ သို့သော် ပတိဋ္ဌိတပုဒ်၏ အနက်မှာထိခြင်းမဟုတ်, တည်ခြင်းသာတည်း။ [ပဉ္စ ပတိဋ္ဌိတအကျယ် အဆုံးအဖြတ်ကို ကျေးဇူးရှင်ဆရာတော်ဘုရား၏ ပခုက္ကူနိဿယသစ်၌ ရှုပါလေ။]
မမ သတ္ထုနောဟိ ။ ။ “ပဉ္စပတိဋ္ဌိတေန ဝန္ဒိတွာ”ဖြင့် ကာယပဏာမကို ပြပြီး၍, မမသတ္ထုနော”စသည်ဖြင့် ဝစီပဏာမ (နှုတ်ဖြင့် ဘုရားဂုဏ်တော်တို့ကို ကိုင်းညွတ်မှု)ကို ပြ၏၊ ထိုပဏာမ ၂ပါး၏ ရှေ့သွားနောက်လိုက် စိတ်များဖြင့် မနောပဏာမကိုလည်း ပြရာ‌ရောက်သည်၊ ဘုရားရှင်၏ အကျင့်ဟူသမျှသည် အခြားပုဂ္ဂိုလ်နှင့်မဆက်ဆံသော (လိုက်၍ မမှီနိုင်သော) အံ့ဩဖွယ်ချည်းသာ ဖြစ်၏၊ သို့သော် မာတုကုစ္ဆိဩတ္တမနစသည်တို့မှာ နတ်ဗြဟ္မာနှင့်တကွသော သတ္တလောကဝယ် အလွန်ထင်ရှား၍ မည်သူမျှ မပယ်ရှားနိုင်ကြသောကြောင့်၊ ထိုဂုဏ်တော်များကိုသာ ပြောပြလေ့သည်။
မဟာဘိနိက္ခမနေ၊ မြတ်သောတောထွက်မူရာအခါ၌လည်းကောင်း။ သမ္ဗောဓိယံ၊ သစ္စာ ၄ပါးကို သိတော်မူရာအခါ၌လည်းကောင်း။ (ဘုရားဖြစ်တော်မူရာအခါ၌လည်းကောင်း)။ ဓမ္မစက္ကပ္ပဝတ္တနေစ၊ ဓမ္မစကြာကို လည်စေတော်မူရာအခါလည်းကောင်း။ ဒသသဟဿိလောကဓာတု၊ တစ်သောင်းအတိုင်းအရှည်ရှိသောလောကဓာတ်သည်။ ကမ္ပိတ္ထ၊ တုန်လှုပ်ရပါပြီ။ ဧဝံ၊ ဤသို့။ (သည်ပုံသည်နည်း)။ ယမကပါဋိဟာရိယံ၊ ရေမီးအစုံအစုံသော တန်ခိုးပြာဋိဟာကို။ အကာသိ၊ ပြုတော်မူပါပြီ။ ဧဝံ၊ ဤသို့။ (သည်ပုံသည်နည်း)။ ဒေဝေါရောဟဏံ၊ တာဝတိံသာနတ်ပြည်မှ သင်္ကဿမြို့ကို သက်ဆင်းတော်မူခြင်းကို။ (အကာသိ)။ အဟံ၊ အကျွန်ပ်သည်။ သတ္ထုနော၊ ဆရာဖြစ်တော်မူသောမြတ်စွာဘုရား၏။ ဂုဏေ၊ ဂုဏ်တော်တို့ကို။ ကထယိဿာမိ၊ သံတော်ဦးတင်ပါအံ့။ မဟာရာဇ၊ မဟာရာဇာ။ ဧကဂ္ဂစိတ္တော၊ တစ်ခုတည်းသော အာရုံရှိသောစိတ်ရှိသည်။ (တည်ကြည်သောစိတ်ရှိသည်)။ (ဟုတွာ) သုဏ၊ နာစိုက်တော်မူပါ။ ဣတိ, ဝတွာ၊ သံတော်ဦးတင်ပြီး၍။
အယံ။ ပေ။ သမ္မာသမ္ဗုဒ္ဓေါတိအာဒိံ၊ အစရှိသောစကားကို။ အာဟ၊ သံတော်ဦးတင်ပြီ။
တတ္ထ၊ ထို အယံဒေဝအစရှိသောစကားရပ်၌။ တံ ခေါ ပန ဘဂဝန္တံတိ၊ တံခေါ ပန ဘဂဝန္တံဟူသောသဒ္ဒါသည်။ ဣတ္ထူမ္ဘူတာချာနတ္ထေ၊ ဣတ္ထမ္ဘူတာချာနအနက်၌။ ဥပယောဂဝစနံ၊ ဒုတိယာဝိဘတ်ရှိသောသဒ္ဒါတည်း။ တဿခေါဣတ္ထမ္ဘူတာချာနတ္ထေ ။ ။ ဗုဒ္ဓမြတ်စွာ၏ အရဟံစသော ဂုဏ်တော်အသံသည် သဒေဝက လောကဥဿုံ အလုံးစုံကို လွှမ်းခြုံ၍ တက်၏၊ ဤသို့ ဂုဏ်တော်အသံ၏လွှမ်းခြုံ၍တက်ခြင်းဟူသောအထူးအပြားကို “ဣတ္ထံ”ဟု ခေါ်၏။ [အယံ ပကရော ဣတ္ထံ။] ထိုအထူးသို့ရောက်သော ဂုဏ်တော်အသံကိုကား “ဣတ္ထံဘူတ”ဟုခေါ်၏။ [ဣတ္ထံ+ဘူတော ပတ္တောတိ ဣတ္ထံဘူတော။] “အဘယ်သူ၏ ကျော်စောသံပါနည်း”ဟု မေးလျှင် “ဘဂဝန္တ၏ ကျော်ဇောသံတည်း”ဟု ဘဂဝန္တံပုဒ်က ကျော်ဇောသံ၏ အရှင် (ဥစ္စာရှင်)ကို (နှုတ်ဖြင့်ပြောသကဲ့သို့) ထင်ရှားပြ၏၊ ထို့ကြောင့် “တံ ဘဂဝန္တံ”ကို “ဣတ္ထမ္ဘူတာချာနအနက်”ဟု ဆို၏။ [ဣတ္ထမ္ဘူတဿ+အာချာတံ ဣတ္ထမ္ဘူတာချာတာနံ။]
ဥပယောဂဝစနံ ။ ။ ပြခဲ့သောအဖွင့်အရ ဣတ္ထမ္ဘူတာချာနဟူသည် ဘုရားရှင်ဖြစ်သော်လည်း ဘုရားရှင်နှင့် ကိတ္တိသဒ္ဒ၏ သာမီ+သံ (ဥစ္စာရှင်+ဥစ္စာ)အဖြစ်ဖြင့် စပ်ခြင်းသမ္ဗန်သည်လည်း ဌာနူပစာရအားဖြင့် ဣတ္ထမ္ဘူတာချာနပင် မည်၏၊ ထို့ကြောင့် “တဿ ခေါ ပန ဘဂဝတောတိ အတ္ထော”ဟု သမ္ဗန်အနက်ကို အဋ္ဌကထာဖွင့်သည်၊ ဤသို့ ဣတ္ထမ္ဘူတာချာနဟူသည် သမ္ဗန်အနက်ဖြစ်သောကြောင့် ဆဋ္ဌီဝိဘတ်သာ သက်သင့်၏၊ သို့သော် “အဘိ+ဥဂ္ဂတော”ဤ အဘိကို ကမ္မပ္ပဝစနီယအမည်မှည့်၍ ထိုကမ္မပ္ပဝစနီယနှင့် ယှဉ်သောကြောင့် “ကမပ္ပဝစနီယယုတ္တေ”ဟူသော သဒ္ဒဥပဒေသုတ်အရ ဒုတိယာဝိဘတ်သာ သက်ရသည်၊ ဆက်ဦးအံ့၊- “ယုတ္တ” အရ “အယှဉ်”ဟူရာ၌ ဆက်သွယ်စပ်ယှဉ်ခြင်းကို “အယှဉ်”ဟု ခေါ်၏၊ ထိုသို့ စပ်ယှဉ်ရာ၌ သဒ္ဒါကျမ်းပုံစံများဝယ် “မာတရံ အဘိ”ကဲ့သို နီးကပ်စွာယှဉ်နေမှ “အယှဉ်”ဟု မမှတ်ရ၊ တံ ခေါ ပန ဘဂဝန္တံ (“ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ) အဘိဥဂ္ဂတော”ဟု “ဘဂဝန္တံ+အဘိ”ပုဒ်တို့ ပုဒ်ချင်းဝေးနေသော်လည်း အဘိသဒ္ဒါက မီးရောင်ပြသကဲ့သို့ လှမ်း၍ထွန်းပြနေသောကြောင့် အနက်သဘောအားဖြင့် ဘဂဝန္တံနှင့်အဘိကို ယုတ္တ (အယှဉ်) ဟုပင် မှတ်ရပါသည်။
ပန ဘဂဝတော၊ ထိုမြတ်စွာဘုရား၏။ ဣတိ အတ္ထော၊ နက်။
ကလျာဏောတိ၊ ကား။ ကလျာဏဂုဏသမန္နာဂတော၊ ကောင်းမြတ်သောဂုဏ်နှင့် ပြည့်စုံသော။ သေဋ္ဌော၊ မြတ်သော။ ဣတိ၊ သည်။ ဝါ၊ ကို။ ဝုတ္တံ ဟောတိ။
ကိတ္တိသဒ္ဒေါတိ၊ ကား။ ကိတ္တိဧဝ၊ ကောင်းစွာပြောဆိုအပ်သော ဂုဏ်သတင်းသာတည်း။ ဝါ၊ တစ်နည်း။
ထုတိဃောသော၊ ချီးမွမ်းခြင်းအားဖြင့်ဖြစ်သော ကျော်ဇောသံတည်း။ကလျာဏော ။ ။ အရဟံစသော ဂုဏ်တော်များသည် ကောင်း၏, မြတ်၏ (ကလျာဏ, သေဋ္ဌဖြစ်၏)၊ ထိုဂုဏ်‌တော်များ၏အကြောင်းအရာကိုဟောသော(ပြောပြသော)သဒ္ဒါအသံလည်း အနက်ကိုအကြောင်းပြ၍ ကာရဏူပစာရအားဖြင့် “ကလျာဏ, သေဋ္ဌ”ဖြစ်၏၊ ဥပမာ-“ဘဂဝါတိ ဝစနံ သေဋ္ဌံ”၌ ဘုရားရှင်တည်းဟူသော အနက်ကိုဟောသောကြောင့် ဘဂဝါသဒ္ဒါလည်းမြတ်သောသဒ္ဒါဖြစ်ရသကဲ့သို့တည်း၊ ထို့ကြောင့် ပါဠိတော်၌ ကိတ္တိသဒ္ဒေါကို “ကလျာဏော”ဟု ဝိသေသနပြု၍ ထိုကလျာဏောအရ ကိတ္တိသဒ္ဒရအောင် “ကလျာဏဂုဏသမန္နာဂတော”ဟု ဖွင့်သည်၊ သေဋ္ဌောကား အဓိပ္ပာယတ္ထအဖွင့်တည်း။ [“သမန္နာဂတော”ဟု ဖွင့်သော်လည်း ကလျာဏောကို အဿတ္ထိတဒ္ဓိတ် မလုပ်ရ-ဟု ပါရာဇိကဏ် ဝေရဉ္ဇကဏ္ဍဘာသာဋီကာ၌ ဖွင့်ပြခဲ့ပြီ။]
ကိတ္တိသဒ္ဒေါ ။ ။ “ကိတ္တိယေဝ”ဟု ပဌမဖွင့်ရာ၌ ကိတ္တိနှင့် သဒ္ဒပုဒ်တို့ အရတူ (ကမ္မဓာရဲသမာသ်)ဟု ပြ၏၊ ကိတ္တီယတေ-ကောင်းစွာဖြေဆိုအပ်၏၊ ဣတိ ကိတ္တိ၊ [ကိတ္တ-သံသဒ္ဒေဓာတ်, တိပစ္စည်း။] သဒ္ဒီယတေ-ပြောဆိုအပ်၏၊ ဣတိသဒ္ဒေါ၊ ကိတ္တိဧဝ+သဒ္ဒေါ ကိတ္တိသဒ္ဒေါ၊ ဝဏ္ဏောယေဝ (ဂုဏ်သတင်းကိုပင်) ဟိ ကိတ္တေတဗ္ဗတော ကိတ္တိ, သဒ္ဒနီယတော သဒ္ဒေါတိစ ဝုစ္စတိ၊-ဋီကာသစ်၊ ကိတ္တိ+သဒ္ဒဟူသော သံဝဏ္ဏေတဗ္ဗ ၂ပုဒ်တွင် တစ်ပုဒ်ကိုသာ “ကိတ္တိယေဝ”ဟု ဖော်ပြရာ၌ မှတ်ဖွယ်အချက်ကို ပါရာဇိကဏ်ဘာသာဋီကာ၌ ပြခဲ့ပြီ။
ထုတိဃောသောဝါ ။ ။ “ကိတ္တိကို ထုတိ, သဒ္ဒေါကို ဃောသော”ဟု ဖွင့်၏၊ “ကိတ္တ-သံသဒ္ဒေ (ကောင်းစွာပြောခြင်း)”ဟူသော ဓာတ်နက်အရ “ကောင်းစွာပြောခြင်း”ဟူသည် ချီးမွမ်းခြင်းပင်တည်း၊ ကိတ္တနံ (အဘိတ္ထဝနံ)-ချီးမွမ်းခြင်း၊ ကိတ္တိ-ခြင်း၊ ကိတ္တိယာ-ချီးမွမ်းခြင်းအားဖြင့်+ပဝတ္တော+သဒ္ဒေါ ကိတ္တိသဒ္ဒေါ+ထိုသဒ္ဒဟူသည် သာမန်ပြောရိုး သဒ္ဒမဟုတ်, “ကျယ်လောင်စွာ ပြန့်နှံ့၍ ထွက်လာသော သဒ္ဒဖြစ်သည်”ဟု သိစေလို၍ “ဃောသ”ဟု ဖွင့်သည်။ [“ဃုသ-စု, အာဝီကရဏေ (ထင်စွာပြုခြင်း)”ဟု ‌ထောမနိဓိဆို၏၊ ထိုထင်စွာပြုခြင်းဟူသည် ထင်ရှားအောင် ကြွေးကြော်ခြင်းပင်တည်း၊ ထို့ကြောင့် “ဃောသ-ကြွေးကြော်သံ”ဟု အနက်ဆိုကြသည်။]
အဗ္ဘုဂ္ဂတောတိ၊ ကား။ သဒေဝကံ၊ နတ်ဗြဟ္မာနှင့်တကွဖြစ်သော။ လောကံ၊ သတ္တ‌လောကကို။ အဇ္ဈောတ္ထရိတွာ၊ လွှမ်းခြုံ၍။ ဥဂ္ဂတော၊ တက်ပြီ။
ကိန္တိ၊ အဘယ်သို့လျှင်။ (အဗ္ဘုဂ္ဂတော၊ သဒေဝက, လောကဥဿုံ, အလုံးစုံကို, လွှမ်းခြုံတတ်သနည်း)။
ဣတိပိ။ ပေ။ ဘဂဝါတိ၊ ဟူ၍။ (အဗ္ဘုဂ္ဂတော၊ ပြီ)။
တတြ၊ ထိုဣတိပိ သောဘဂဝါအစရှိသောပါဠိတော်မြတ်, ပါဌ်အရာ၌။ အယံ၊ ဤဆိုအပ်လတံ့ကား။ ပဒသမ္ဗန္ဓော၊ ပုဒ်တို့၏ဆက်စပ်ခြင်းတည်း။ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤအကြောင်း, ဤအကြောင်းကြောင့်လည်း။ အရဟံ၊ အရဟံမည်တော်မူ၏။ (သော ဘဂဝါ)။ ဣတိပိ၊ ကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာဗုဒ္ဓေါမည်တော်မူ၏။ ပေ။ (သောဘဂဝါ)။ ဣတိပိ၊ ဤအကြောင်း ဤအကြောင်းကြောင့်လည်း။ ဘဂဝါ၊ ဘဂဝါမည်တော်မူ၏။ ဣတိ၊ ဤဆိုအပ်ပြီးကား။ (ပဒသမ္ဗန္ဓော၊ တည်း)။
ဣမိနာစ ဣမိနာစကာရဏေန၊ ဤအကြောင်း ဤအကြောင်းကြောင့်လည်း။ (အရဟံ၊ မူ၏။) ဣတိ၊ ဤအနက်သည်။ ဝါ၊ ကို။ ဝုတ္တံ ဟောတိ။အဗ္ဘုဂ္ဂတော မှတ်ချက် ။ ။ အဘိ+ဥဂ္ဂတောဟု ခွဲ၍, အဘိကို “သဒေဝကံလောကံ အဇ္ဈောတ္ထရိတွာ”ဟု ဖွင့်သည်၊ [အဘိသဒ္ဒေါ အဘိဘဝနေ၊ အဘိဘဝနဉ္စေတ္ထ အဇ္ဈောတ္ထရဏမေဝါတိ ဝုတ္တံ အဇ္ဈောတ္ထရိတွာတိ၊-ဋီကာသစ်။] သဒ္ဒါကျမ်းတို့၌ ကမ္မပ္ပဝစနီယအနည်းရသော အဘိစသောပုဒ်များကို “အနက်သီးခြားမရှိ, ထွန်းပြရုံသာ”ဟု ဆိုကြသော်လည်း ဤ၌သဒ္ဒါကျမ်းတို့အဆိုကိုမငဲ့ဘဲ အဘိကို ဣတ္ထမ္ဘူတာချာနဇောတကအပြင် အဘိဘဝနအနက်ကိုပါ အဋ္ဌကထာဖွင့်သည်။
ဣတိပိ၊ပေ၊ဘဂဝါ ။ ။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းပွားများသော ပုဂ္ဂိုလ်သည် ဣတိပိသောဘဂဝါ၌ ဣတိပိသဒ္ဒါကို ဂုဏ်တော် ၉ပါးလုံး၌ပင် ယှဉ်စေ၍ “ဤဂုဏ်တော်အကြောင်း, ဤဂုဏ်တော်အကြောင်းကြောင့်လည်း အရဟံမည်းတော်မူ၏၊ပေ၊ဤဂုဏ်တော်အကြောင်း, ဤဂုဏ်တော်အကြောင်းကြောင့်လည်း ဘဂဝါမည်တော်မူ၏”ဟု ဂုဏ်တော်တို့အောက်မေ့ရသကဲ့သို့, ဗုဒ္ဓ၏ ဂုဏ်တော်များကို ပြောပြသောဇီဝကကဲ့သို့ ပုဂ္ဂိုလ်များလည်း ဣတိပိသဒ္ဒါကို ဂုဏ်တော်တိုင်း၌ ယှဉ်စေ၍ ပြောပြရသည်”ဟု ထုံးစံ ဥပဒေသကို ပြလိုသောကြောင့် “ဣတိပိ အရဟံ၊ပေ၊ဣတိပိဘဂဝါ”ဟု မိန့်သည်။
ဣတိပိ ။ ။ ဂုဏ်တော်ကို အာရုံပြုသောအခါ ထိုဂုဏ်တော်သည် အာရုံပြုသူ၏ ဉာဏ်ထဲ၌ ထင်လာသောကြောင့်, ထိုဂုဏ်တော်သည် အာရုံအားဖြင့် နီကပ်လျက်ရှိ၏၊ ထို့ကြောင့် ဣတိကို အနီးအနက်ဟောသော ဣမသဒ္ဒါဖြင့် “ဣမိနာ”ဟုဖွင့်၏၊ အရဟံအမည်ရခြင်း၏ အကြောင်းဖြစ်သော ဂုဏ်တော်သည်ပင် တစ်ပါးလည်းမက ၂ပါးလည်းမက စိတ်ထဲ၌ အများအပြားထင်လာသောကြောင့် သမ္ပိဏနတ္ထ (သမုစ္စယတ္ထ)ပိသဒ္ဒါဖြင့် “ဣတိပိ”ဟု ဆို၍, သမုစ္စယတ္ထ စသဒ္ဒါဖြင့် “ဣမိနာစ”ဟု အဋ္ဌကထာဖွင့်ပြသည်။ [ဣတိသဒ္ဒေါ ဣဓ အာသန္နပစ္စက္ခကရဏတ္ထော၊ ပိသဒ္ဒေါ သမ္ပိဏ္ဍနတ္ထော၊ တေနစ တေသံ ဂုဏာနံ ဗဟုဘာဝေါ ဒီပိတော၊-ဋီကာ။]
တတ္ထ၊ ထိုသောဘဂဝါအစရှိသောပါဠိတော်မြတ်, ပါဌ်အရာ၌။ အာရကတ္တာ၊ ကိလေသာတို့မှ ဝေးကွာတော်မူသည်၏အဖြစ်ကြောင့်လည်းကောင်း။ အရီနံ၊ ရန်သူတို့၏လည်းကောင်း။ ဝါ၊ တို့ကိုလည်းကောင်း။ အရာနံ၊ အကန့်ထောက်ဆန်တို့၏လည်းကောင်း။ ဝါ၊ တို့ကိုလည်းကောင်း။ ဟတတ္တာ၊ သတ်ဖြတ်ဖျက်ဆီးအပ်ကုန်ပြီး၏အဖြစ်ကြောင့်လည်းကောင်း။ ပစ္စယာဒီနံ၊ သင်္ကန်းစသော ပစ္စည်းအစရှိသည်တို့အား။ (အလမတ္ထသမ္ပဒါန်။) အရဟတ္တာ၊ ထိုက်တန်တော်မူသည်၏အဖြစ်ကြောင့်လည်းကောင်း။ ပါပကရဏေ၊ မကောင်းမှုကိုပြုခြင်းကိစ္စ၌။ ရဟာဘာဝါ၊ ဆိတ်ကွယ်ရာမရှိသည်၏အဖြစ်ကြောင့်လည်းကောင်း။ တာဝ၊ သမ္မာသမ္ဗုဒ္ဓေါစသော ဂုဏ်တော်တို့မှရှေးဦးစွာ။ ဣတိဣမေဟိကာရဏေဟိ၊ ဤအကြောင်းတို့ကြောင့်။ သောဘဂဝါ၊ ထိုမြတ်စွာဘုရားကို။ အရဟန္တိ၊ အရဟံဟူ၍။ ဝေဒိတဗ္ဗော။ ဣတိအာဒိနာ၊ ဤသို့အစရှိသော။ နယေန၊ နည်းဖြင့်။ မာတိကံ၊ မာတိကာကို။ (အကျဉ်းချုပ်ခေါင်းစဉ်ကို)။ နိက္ခိပတွာ၊ ချထားပြီး၍။ စ၊ မာတိကာသာမကသေး။ သဗ္ဗာနေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော။ ဧတာနိ ပဒါနိ၊ ဤအရဟံအစရှိသောပုဒ်တို့ကို။ ဝိသုဒ္ဓိမဂ္ဂေ၊ ဝိသုဒ္ဓိမဂ်၌။ ဗုဒ္ဓါနုဿတိနိဒ္ဒေသေ၊ ဗုဒ္ဓါနုဿတိနိဒ္ဒေသ၌။ ဝိတ္ထာရိတာနိ၊ ချဲ့အပ်ကုန်ပြီ။ ဣတိ၊ ထို့ကြောင့်။ (ထိုသို့အလုံးစုံသော ဤအရဟံအစရှိသောပုဒ်တို့၏ ဝိသုဒ္ဓိမဂ်ဗုဒ္ဓါနုဿတိနိဒ္ဒေသ၌ ချဲ့အပ်ကုန်ပြီး၏အဖြစ်ကြောင့်)။ တတော၊ ထို ဝိသုဒ္ဓိမဂ်မှ။ နေသံ၊ ထိုအရဟံအစရှိသောပုဒ်တို့၏။ ဝိတ္ထာရော၊ အကျယ်ကို။ ဂဟေတဗ္ဗော၊ ယူထိုက်၏။ (ယူပါလေ)။
ပန၊ ဆက်။ ဇီဝကော၊ ဇီဝကသည်။ ဧကမေကဿ၊ တစ်ပါးတစ်ပါးသော။ ပဒဿ၊ ဂုဏ်တော်ပုဒ်၏။ အတ္ထံ၊ အနက်အဓိပ္ပာယ်ကို။ နိဋ္ဌာပေတွာ၊ ပြီးဆုံးစေ၍။
မဟာရာဇ၊ မဟာရာဇာ။ မယှံ၊ အကျွန်ုပ်၏။ သတ္ထာ၊ ဆရာသည်။ ဧဝံ၊ ဤအကြောင်းဤအကြောင်းကြောင့်။ အရဟံ၊ အရဟံမည်တော်မူပါ၏။ ဧဝံ၊ ကြောင့်။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗု‌ဒ္ဓေါမည်တော်မူပါ၏။ ပေ။ ဧဝံ၊ ကြောင့်။ ဘဂဝါ၊ ဘဂဝါမည်တော်မူပါ၏။ ဣတိ,ဝတွာ၊ သံတော်ဦးတင်ပြီး၍။
တံဒေဝေါ။ ပေ။ ပသီဒေယျာတိ၊ ဟူ၍။ အာဟ၊ သံတော်ဦးတင်ပြီ။
စ၊ ဆက်။ ဧတ္ထ၊ ဤ တံဒေဝေါအစရှိသောစကားရပ်၌။ တံဒေဝေါ ပယိရုပါသတူတိ၊ တံဒေဝေါပယိရုပါသတုဟူ၍။ ဝဒန္တော၊ သံတော်ဦးတင်သော ဇီဝကသည်။ (အာဟ၌စပ်)။ [ဤ ဇီဝကောပန ။ ။ ဇီဝကသည် များစွာသော ဘုရားဂုဏ်တော်တို့ကို ဘုရှားရှင်၏ အထံတော်မှပင် ကြားနာခဲ့ပြီးသူဖြစ်၏၊ သစ္စာ ၄ပါးကို သိပြီးသော အရိယာဖြစ်သည့်အတွက် ဘုရားသာသနာတော်၌ သို့လောသို့လော တွေးတောယုံမှားခြင်းမရှိတော့၊ ထို့ကြောင့် ဘုရားဂုဏ်တော်တို့ကို ပြောဖို့ရာ အလွန်ရဲရင့်ရကား အရဟံစသော ဂုဏ်တော်တစ်ပါးစီကို ပင် အကျယ်ချဲ့ထွင်း၍ပြောကြောင်းကို ပြလိုသောကြောင့် “ဇီဝကောပန”စသည်ကိုမိန့်သည်။ “ဝဒန္တော၊ အာဟ”အတွင်း၌ မဟာရာဇ ၂ပုဒ်ပါနေ၏၊ တစ်ပုဒ်ပိုသည်။] မဟာရာဇ၊ မဟာရာဇ။ ဟိ၊ ချဉ်းကပ်ထိုက်သည်ကားမှန်ပါ၏။ တုမှာဒိသာနံ၊ အရှင်မင်းမြတ်ကဲ့သို့ ရှုအပ်ကုန်သော ပုဂ္ဂိုလ်တို့၏။ သတေနပိ၊ အရာသည်လည်းကောင်း။ သဟဿေနပိ၊ အထောင်သည်လည်းကောင်း။ သတသဟဿေနပိ၊ အသိန်းသည်လည်းကောင်း။ ပုဋ္ဌဿ၊ မေးအပ်သော။ (ပြဿနာအမေးခံရသော)။ မယှံ၊ အကျွန်ုပ်၏။ သတ္ထုနော၊ ဆရာ၏။ (“ထာမောစ ဗလဉ္စ”တို့၌စပ်)။ သဗ္ဗေသံ၊ အလုံးစုံသော ပုဂ္ဂိုလ်တို့၏။ စိတ္တံ၊ ကို။ ဂဟေတွာ၊ ယူ၍။ ကထေတုံ၊ ဖြေဆိုခြင်းငှာ။ ထာမောစ၊ ဒေသနာဉာဏ်တော်အစွမ်းသည်လည်းကောင်း။ ဗလဉ္စ၊ ဆယ်ပါးသော ဉာဏ်တော်အားသည်လည်းကောင်း။ အတ္ထိ၊ ရှိပါ၏။ ဝိသဋ္ဌံ၊ စွန့်လွှတ်အပ်သောစိတ်ရှိသည်၏အဖြစ်ဖြင့်။ ဝါ၊ ရွံရှာခြင်းကင်းရဲတင်းစွာ။ ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။ ပုစ္ဆေယျာသိ၊ ပြဿနာမေးတော်မူပါ။ ဣတိ,အာဟ၊ ပြီ။ [ဝိသိဋ္ဌံ နေရာ၌ “ဝိသဋ္ဌော၊ စွန့်လွှတ်အပ်သော စိတ်ရှိသည်၊ (ဟုတွာ)”ဟုလည်း မူကွဲရှိ၏။]
ရညောပိ၊ မင်းသည်လည်း။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဂုဏကထံ၊ ဂုဏ်တော်စကားကို။ သုဏန္တဿ၊ ကြားနာရစဉ်။ [တစ်နည်း, ဘဂဝတော၊ ၏။ ပေ။ သုဏနွဿ၊ ကြားနာရသော။ ရညောပိ၊ မင်း၏လည်း။] သကလသရီရံ၊ အလုံးစုံသောကိုယ်သည်။ (တစ်ကိုယ်လုံးသည်။) ပဉ္စဝဏ္ဏာယ၊ ၅ မျိုးအတိုင်းအရှည်ရှိသော။ ပီတိယာ၊ ပီတိသည်။ နိရန္တရံ၊ မပြတ်။ ဖုဋံ၊ ပြန့်နှံ့အပ်သည်။ အဟောသိ၊ ဖြစ်ပြီ။ [တစ်နည်း- “ပီတိယာ၊ ပီတိဖြင့်။ နိရန္တရံ, ဖုဋံ၊ ပြန့်နှံ့သည်။ဧတ္ထစ၊ပေ၊အာဟ ။ ။ ပါဠိတော်၌ “တံ ဒေဝေါ ပယိရုပါသတု”မျှသာ ရှိပါသော်လည်း ထိုစကားအတွက် သာမတ္ထိယတ္ထ (ပြစွမ်းနိုင်သော အနက်ပို)ကိုပြလို၍ “ဧတ္ထစ”စသည်ကို အဋ္ဌကထာဆရာ မိန့်သည်၊ “တုမှာဒိသာနံဟိ”စသော စကားများသည် “တံ ဒေဝေါ ပယိရုပါသတု”၏ သာမတ္ထိယတ္ထ ဖြစ်သည်-ဟူလို။ [ထာမော ဒေသနာညာဏမေဝ၊ ဗလံ ပန ဒသဗလညာဏံ, ဝိသဋ္ဌံတိ ဘာဝနပုံသကပဒံ၊ အနာသင်္ကန္တိ အတ္ထော၊-ဋီကာသစ်၊ ဝိသဋ္ဌပုဒ်ပြီးပုံကို ပါရာဇိကဏ်ဘာသာဋီကာ ဗာဟိရနိဒါန်း၌ ပြခဲ့ပြီ။]
ပဉ္စဝဏ္ဏာယ ။ ။ ခုဒ္ဒိကာပီတိ, ခဏိကာပီတိ, ဩက္ကန္တိကာပီတိ, ဥဗ္ဗေဂါပီတိ, ဖရဏာပီတိဟူသော ပီတိ ၅မျိုးကို “ပဉ္စဝဏ္ဏာ”ဟုဆိုသည်၊ ဤ၌ ဝဏ္ဏသဒ္ဒါလည်း အဘိဓာန်လာအနက်တို့တွင် ပမာဏအနက်ဟောတည်း၊ ထိုပမာဏအနက်ကိုပင် “ပကာရ”ဟု ဋီကာဖွင့်သည်။ [ဖုဋံ၌ ဖရဓာတ်, တပစ္စည်း၊ ဖ၏ (အ)ကို ဥ, တကို ဋပြု၊] အဘယ့်ကြောင့် ဂုဏ်တော်ကိုကြားရုံမျှဖြင့် ထိုမျှလောက် ပီတိဖြစ်ရသနည်းဟု မေးဖွယ်ရှိ၏၊ “ရှေးကအဓိကာရ (အလွန်အကဲပြုအပ်ခဲသော ကောင်းမှုပါရမီ) ရှိပြီးဖြစ်သောကြောင့် ဂုဏ်တော်ကို ကြားရုံမျှဖြင့်ထိုမျှလောက် ပီတိဖြစ်ရသည်”ဟု ဖြေပါ၊ မှန်၏-ထိုမင်းသည် ပါရမီဂုဏ်ကို ပိတုဃာတကကံက မနှိပ်စက်လျှင် ထိုဘဝ၌ မဂ်ဖိုလ်ရလောက်အောင် ကောင်းမှုပါရမီ ရှိခဲ့ပြီးသူဖြစ်သည်။
အဟောသိ”ဟုလည်း ပေးနိုင်သည်။]
သော၊ ထိုမင်းသည်။ တင်္ခဏညေဝ၊ ထိုခဏ၌ပင်။ ဂန္တုကာမော၊ သွားခြင်းငှာအလိုရှိသည်။ ဟုတွာ၊ ဖြစ်၍။
ပန၊ ထိုသို့ပင်သွားခြင်းငှာအလိုရှိပါသော်လည်း။ ဣမာယဝေလာယ၊ ဤအချိန်၌။ မယှံ၊ ငါ့ဖို့။ (ယာနာနိ၌စပ်)။ ဝါ၊ ငါသည်။ ဒသဗလဿ၊ မြတ်စွာဘုရား၏။ သန္တိကံ၊ သို့။ ဂစ္ဆတော၊ သွားလတ်သော်။ ဇီဝကာ၊ ဇီဝကကို။ အညတြ၊ ကြဉ်၍။ အညော၊ ဇီဝကမှ အခြားသော။ ကောစိ၊ တစ်စုံတစ်ယောက်သည်။ ခိပ္ပံ၊ လျင်မြန်စွာ။ ယာနာနိ၊ ယာဉ်တို့ကို။ ယောဇေတုံ၊ ယှဉ်စေခြင်းငှာ။ န သက္ခိဿတိ၊ စွမ်းနိုင်လိမ့်မည်မဟုတ်။ ဣတိ,စိန္တေတွာ၊ ၍။
“တေနဟိ၊ပေ၊ကပ္ပါပေဟီတိ"၊ ဟူ၍။ အာဟ။
တတ္ထ၊ ထို တေနဟိ အစရှိသောစကားရပ်၌။ တေနဟီတိ၊ တေနဟိဟူသောသဒ္ဒါသည်။ ဥယျောဇနတ္ထေ၊ တိုက်တွန်းခြင်းအနက်၌။ (ပဝတ္တော)။ နိပါတော၊ နိပါတ်တည်း။
သမ္မဇီဝက၊ အချင်းဇီဝက။ ဂစ္ဆ၊ သွားပါချေ။ ဣတိ ဝုတ္တံဟောတိ။ [“ယာဉ်တို့ကိုပြင်ဖို့ရန် သွားပါချေ”ဟု တိုက်တွန်းသည်-ဟူလို။]
ဟတ္ထိယာနာနီတိ၊ ကား။ အနေကေသု၊ များစွာကုန်သော။ အဿရထာဒီသု၊ မြင်းယာဉ်, ရထားယာဉ်အစရှိကုန်သော။ ယာနေသု၊ ယာဉ်တို့သည်။ ဝိဇ္ဇမာနေသုပိ၊ ထင်ရှားရှိပါကုန်သော်လည်း။ ဟတ္ထိယာနံ၊ ဆင်ယာဉ်သည်။ ဥတ္တမံ၊ မြတ်၏။ ဥတ္တမဿ၊ မြတ်သောမြတ်စွာဘုရား၏။ သန္တိကံ၊ အထံတော်သို့။ ဥတ္တမယာနေနေဝ၊ မြတ်သောယာဉ်ဖြင့်သာလျှင်။ ဂန္တတဗ္ဗံ၊ သွားထိုက်၏။ ဣတိစ၊ ဤသို့လည်း‌ကောင်း။ (“စိန္တယိတွာ”၌ လှမ်းစပ်)။ [ဥတ္တမ ဖြစ်ရုံသာမက အပ္ပသဒ္ဒ ဖြစ်ခြင်းလည်း အကြောင်းတစ်ပါးပင်ဟု ပြလို၍ “အဿ ယာနံ”စသည်မိန့်၊ “အဿရထယာနာနိ ဟိ”ဟု ရှေးစာအုပ်တို့၌ ဟိ ပါသည်ကား မကောင်း။] အဿာယာနရထယာနာနိ၊ မြင်းယာဉ်, ရထားယာဉ်တို့သည်။ သသဒ္ဒါနိ၊ ဆူညံသောအသံရှိကုန်၏။ ဒူရ‌တော၊ အဝေးမှပင်။ တေသံ၊ ထိုမြင်းယာဉ်, ရထားယာဉ်တို့၏။ သဒ္ဒေါ၊ အသံကို။ သုယျတိ၊ ကြားအပ်၏။ ဟတ္ထိယာနဿ၊ ဆင်ယာဉ်၏။ ပါဒါနုပဒံ၊ ရှေ့ခြေရာသို့အစဉ်လိုက်သောခြေရာဖြင့်။ (ဖဝါးခြေ ထပ် တက်ကြပ်မကွာ)။ ဂစ္ဆန္တာပိ၊ လိုက်သွားသူတို့သော်မှလည်း။ သဒ္ဒံ၊ အသံကို။ န သုဏန္တိ၊ မကြားရကုန်။
ပန၊ ဆက်။ နိဗ္ဗုတဿ၊ ကိလေသာအပူဝေး၍, ငြိမ်းအေးတော်မူပြီးသော။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သန္တိကေ၊ အထံတော်သို့။ နိဗ္ဗုတေဟေဝ၊ ဆူဆူညံညံ အသံမထွက် ငြိမ်သက်သာလျှင်ဖြစ်ကုန် ပဒါနုပဒံ ။ ။ ပဒသဒ္ဒါသည် “ခြေရာ”အနက်ဟောတည်း၊ ပဒံ-ရှေးကသွားသောဆင်ယာဉ်၏ခြေရာသို့+အနုပဒံ-အစဉ်လိုက်သောခြေရာတည်း၊ (နောက်ကလိုက်သူ၏ ခြေရာတည်း၊) ပဒါနုပဒံ-ရာ၊ ကြိယာဝိသေသနပုဒ်တည်း၊ ရှေးကသွားသောဆင်၏ ခြေရာနှင့်နောက်ကလိုက်သော လူ၏ခြေရာက ထပ်နေအောင်”ဟူလို။ သော။ [အပ္ပသဒ္ဒတာယသဒ္ဒသင်္ခေါဘနဝူပသမေဟေဝ၊-ဋီကာသစ်။] ယာနေဟိ၊ ယာဉ်တို့ဖြင့်။ ဂန္တဗ္ဗံ၊ သွားထိုက်၏။ ဣတိစ၊ ဤသို့လည်းကောင်း။ စိန္တယိတွာ၊ ကြံ၍။ ဟတ္ထိယာနာနီတိ၊ ဟူ၍။ အာဟ။
ပဉ္စမတ္တာနိ ဟတ္ထိနိကာသတာနီတိ၊ ကား။ ပဉ္စကရေဏုသတာနိ၊ ဆင်မငါးရာတို့ကို။
ကပ္ပာပေတွာတိ၊ ကား။ အာရောဟဏသဇ္ဇနာနိ၊ စီးဖို့ရန်ပြင်ဆင်ခြင်းရှိသည်တို့ကို။ (တစ်နည်း) အာရောဟဏသဇ္ဇာနိ၊ စီးဖို့ရန်ပြင်ဆင်အပ်သည်တို့ကို။ ကာရေတွာ၊ ပြုစေပြီး၍။
အာရောဟဏီဟန္တိ၊ ကား။ အာရောဟဏယောဂ္ဂံ၊ စီးခြင်းငှာ လျောက်ပတ်သော။ ဩပဝယှံ၊ မင်းသို့ကပ်၍ဆောင်ယူစွမ်းနိုင်သော။ (တစ်နည်း) ဩပဂုယှံ၊ မင်းကို လျှို့ဝှက်စွမ်းနိုင်သော။ (နာဂံ၊ စီးတော်ဆင်ကိုလည်း။ ကပ္ပာပေတွာ ၌စပ်)။ ဣတိ အတ္ထော။ကရေဏု ။ ။ ကရေဏုသဒ္ဒါသည် ဆင်ထီး-ဆင်မအနက်ကိုဟော၏၊ ဆင်မကို ဟောရာ၌ ဟတ္ထိနီသဒ္ဒါ၏ ပရိယာယ်တည်း၊ “ကြိဓာတ်, ဧနုပစ္စည်း”ဟု ထောမနိဓိဆို၏၊ နကို ဏပြန်ထားသည်၊ ပါဠိ၌ ကရဓာတ်, သွာဒိဂိုဏ်း, ဝဓ (ညှဉ်းဆဲ)အနက်ဟောတည်း၊ ကိဏောတီတိ ကရေဏု-သူတစ်ပါးကို ညှဉ်းဆဲတတ်သောဆင်။
ကပ္ပါပေတွာ ။ ။ စုရာဒိ ကပ္ပဓာတ်သည် တက္ကဝိဓိ ဆေဒအနက်တို့ကို ဟော၏၊ ဤနေရာ၌ ဝိဓိ (ပြုစီစဉ်ခြင်း)အနက်ဟောတည်း၊ ထို့ကြောင့် “ကပ္ပါပေတွာ-စီစဉ်စေ၍ (ပြင်ဆင်စေ၍)”ဟု အနက်ဖြစ်၏၊ “ပြင်ဆင်စေခြင်း”ဟူသည်လည်း စီးဖို့ရန်အသင့်ပြင်ထားစေခြင်းတည်း၊ ထို့ကြောင့် အာရောဟဏ-စသည်ကို အဓိပ္ပာယတ္ထဟု မှတ်ပါ။
အာရောဟဏသဇ္ဇ(နာ)နိ ။ ။ “အာရောဟဏသဇ္ဇနံ ကုထာဒီနံ (ဆင်ကုန်းအစရှိသည်တို့ကို) ဗန္ဓနမေဝ”ဟု ဋီကာသစ်ဖွင့်သည်၊ထို့ကြောင့်ဋီကာသစ်အလို“အာရောဟဏသဇ္ဇနာနိ”ဟု ပါဌ်ရှိပါစေ၊ အာရောဟဏာယ+သဇ္ဇာနံ ယေသံတိ အာရောဟဏသဇ္ဇနာနိ၊ စာအုပ်တို့၌ကား “အာရောဟဏသဇ္ဇာနိ”ဟု ရှိ၏၊ “သဇ္ဇီယန္တေတိ သဇ္ဇာနိ၊ အာရောဟဏာယ+သဇ္ဇာနိ အာရောဟဏသဇ္ဇာနိ”ဟု ပြု။
အာရောဟဏီယံ ။ ။ အာရောဟိတဗ္ဗော-စီးထိုက်၏၊ ဣတိ အာရောဟဏီယော၊ အာ+ရုဟ, အနီယ၊ “ရော”ဟု ဩဝုဒ္ဓိပြု၊နကိုဏပြု၊အနီယပစ္စည်း၏အရဟအနက်ကိုပြလို၍“ယောဂ္ဂ”ဟုဖွင့်သည်၊“စီးခြင်းငှာ+သင့်လျော်”ဟူသည်နှင့် “စီးထိုက်”ဟူသည် သဘောတူတည်း။
ဩပဝယှံ ။ ။ စာအုပ်တို့၌ “ဩပဂုယှံ”ဟု တွေ့ရ၏၊ အဘိဓာန် (၃၆၆)၌ “ဩပဝယှောရာဇဝယှော-စီးတော်ဆင်”ဟုရှိ၏၊ ဝယှော၌ ဝဟဓာတ်, ကတ္တား‌ဟော ဏျပစ္စည်း၊ ဟနှင့်ယရှေ့နောက်ပြန်၊ရာဇာနံ ဥပဂန္တွာ ဝဟတီတိ ဥပဝယျော-မင်းသို့ချဉ်းကပ်၍ ဆောင်ယူတတ်သောဆင်(ထိုသို့ဆောင်ယူတတ်လောက်အောင် လိမ္မာသောဆင်)၊ ဥပပုဒ်က ဓာတ်မဟုတ်သောကြောင့်ဝုဒ္ဓိမရောက်နိုင်ရကား”ဥပဝယောယေဝဩပဝယှော”ဟု သွတ္ထ၌ ဏပစ္စည်းသက်။ [ဋီကာသစ်၌ “ဩပဂုယှန္တိပိ ပဌန္တိ”ဟု ဆို၍ “ရာဇာနံ ဥပဂူဟိတုံ ဂေါပိတုံ သမတ္ထံတိ အတ္ထော”ဟု ဖွင့်ပြလေသည်။]
ပန၊ ပရိဟာရပက္ခမှတစ်ပါး, စောဒကပက္ခကိုဆိုဦးအံ့။ ဧသ(ဧသော)၊ ဤဇီဝကသည်။ ရညာ၊ မင်းသည်။ ဝုတ္တံ၊ ပြောဆိုအပ်သောအစီအစဉ်ကို။ အကာသိကိံ၊ ပြုသလော။ အဝုတ္တံ၊ မပြောဆိုအပ်သောအစီအစဉ်ကို။ (အကာသိကိံ၊ လော)။ ဣတိ၊ ဤကားအမေးတည်း။
အဝုတ္တံ၊ ကို။ (အကာသိ၊ ပြုပြီ။ ဣတိ၊ ဤကားအဖြေတည်း။)
ကသ္မာ၊ အဘယ့်ကြောင့်။ (အဝုတ္တံ, အကာသိ၊ ပြုရသနည်း။)
ပဏ္ဍိတတာယ၊ မြော်မြင်တတ်စွာ, ပညာရှိသည်၏အဖြစ်ကြောင့်။ (အဝုတ္တံ, အကာသိ၊ ပြီ။)
ကိရ၊ ချဲ့။ အဿ၊ ထိုဇီဝက၏။ ဧဝံ၊ ဤသို့သောအကြံသည်။ အဟောသိ၊ ဖြစ်ပြီ။ (ကိံ)။ ရာဇာ၊ မင်းသည်။ ဣမာယ ဝေလာယ၊ ဤအချိန်၌။ ဂစ္ဆာမိ၊ သွားအံ့။ ဣတိ၊ ဤသို့။ ဝဒတိ၊ ပြော၏။ ရာဇာနောစ နာမ၊ မင်းတို့မည်သည်လည်း။ (မင်းတို့ဆိုတာလဲ)။ ဗဟုပစ္စတ္ထိကာ၊ များသောရန်သူရှိကုန်၏။
အန္တရာမဂ္ဂေ၊ လမ်းခရီးအကြား၌။ ကောစိ၊ တစ်စုံတစ်ခုသော။ အန္တရာယော၊ အန္တရာယ်သည်။ ဟောတိ၊ ဖြစ်အံ့။ (ဧဝံသတိ)။ မံပိ၊ ငါ့ကိုလည်း။ ဂရဟိဿန္တိ၊ ကဲ့ရဲ့ကုန်လတံ့။ (ကိံ)။
ဇီဝကော၊ သည်။ ရာဇာ၊ သည်။ မေ၊ ၏။ ကထံ၊ စကားကို။ ဂဏှာတိ၊ ယူ၏။ (လိုက်နာ၏)။ ဣတိ၊ ဤသို့ကြံ၍။ အကာလေပိ၊ မထွက်သင့်ရာအခါ၌လည်း။ ရာဇာနံ၊ ကို။ ဂဟေတွာ၊ ခေါ်ယူ၍။ နိက္ခမတိ၊ ထွက်ဘိ၏။ ဣတိ(ဂရဟိဿန္တိ)။
ဘဂဝန္တံပိ၊ ဘုရှားရှင်ကိုလည်း။ ဂရဟိဿန္တိ။ (ကိံ)။ သမဏောဂေါတမော၊ ရဟန်းဂေါတမသည်။ မယှံ၊ ၏။ ကထာ၊ တရားစကားသည်။ ဝတ္တတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ ကာလံ၊ အချိန်ကို။ အသလ္လက္ခေတွာဝ၊ မမှတ်သားမူ၍သာလျှင်။ ဓမ္မံ၊ တရားကို။ ကထေတိ၊ ‌ဟောတိ၏။ ဣတိ, (ဂရဟိဿန္တိ)။
တသ္မာ၊ ထို့ကြောင့်။ (ထိုသို့ ကဲ့ရဲ့ကုန်လတံ့၏အဖြစ်ကြောင့်)။ ယထာ၊ အကြင်အခြင်းအရာအားဖြင့်ပြုလတ်သော်။ မယှံ၊ ငါ့ကို။ ဂရဟာ၊ ကဲ့ရဲ့ခြင်းသည်။ နေဝ ဥပ္ပဇ္ဇတိ၊ မဖြစ်။ ဘဂဝတော၊ မြတ်စွာဘုရားကို။ ဂရဟာ၊ သည်။ န ဥပ္ပဇ္ဇတိ၊ မဖြစ်။ ရညောစ၊ မင်းကိုလည်း။ ရက္ခာ၊ စောင့်ရှောက်ခြင်းသည်။ ဝါ၊ ကို။ သုသံဝိဟိတာ၊ ကောင်းစွာစီရင်အပ်သည်။ ဟောတိ။ တထာ၊ ထိုအခြင်းအရာအားဖြင့်။ (မိမိကိုလည်းမကဲ့ရဲ့နိုင်,မြတ်စွာဘုရားကိုလည်းမကဲ့ရဲ့နိုင်,မင်းကိုလည်းကောင်းစွာစောင့်ရှောက်အပ်ပြီးဖြစ်လောက်အောင်သောအခြင်းအရာအားဖြင့်)။ ကရိဿာမိ၊ ပြုအံ့။ ဣတိ၊ ဤသို့သောအကြံသည်။ (အဟောသိ)။ ဧဝံကိရဿ၊ပေ၊ကရိဿာမီတိ ။ ။ ဇီဝက၏အမြှော်အမြင် ပညာရှိပုံကိုပြလို၍ “ဧဝံ ကိရဿ၊ပေ၊ကရိဿာမီတိ” ဟု မိန့်သည်။.....[ကထာ ဝတ္တတီတိ လဒ္ဓေါကာသဘာဝေန-အခွင့်ကောင်းရသည်၏အဖြစ်ကြောင့်၊ ကထာ-တရားစကားသည်၊ ပဝတ္တတိ၊-ဋီကာသစ်။] “ဇီဝကခေါ်လာသဖြင့် အခွင့်ကောင်းရ၍ ရှင်ဘုရင်အား တရားဟောရပေသည်”ဟူလို။
တတော၊ ထိုသို့ အကြံဖြစ်ခြင်းကြောင့်။ ဣတ္ထိယော၊ တို့ကို။ နိဿာယ၊ မှီ၍။ ပုရိသာနံ၊ တို့၏။ ဘယာနာမ၊ ဘေးမည်မသည်။ နတ္ထိ၊ မရှိ။ သုခံ၊ ချမ်းသာစွာ။ ဣတ္ထိပရိဝုတော၊ မိန်းမအပေါင်းခြံရံအပ်သည်။ (ဟုတွာ)။ ဂမိဿာမိ၊ သွားရတော့အံ့။ ဣတိ၊ ဤသို့ကြံပြီးလျှင်။ ပဉ္စ ဟတ္ထိနိကာသတာနိ၊ ငါးရာသောဆင်မတို့ကို။ ကပ္ပါပေတွာ၊ ပြင်ဆင်စေပြီး၍။ ပဉ္စဣတ္ထိသတာနိ၊ ငါးရာသောမိန်းမတို့ကို။ ပုရိသဝေသံ၊ ယောကျ်ား၏အသွင်ကို။ ဂါဟောပေတွာ၊ ယူစေပြီး၍။ (တုမှေ)။
အသိတောမရဟတ္ထာ၊ လက်တို့၌ သန်လျက်လှံဟူသော လက်နက်ရှိကုန်သည်။ ဝါ၊ သန်လျက်လှံလက်စွဲရှိကုန်သည်။ (ဟုတွာ)။ ရာဇာနံ၊ မင်းကို။ ပရိဝါရေယျာထ၊ ဝန်းရံကြကုန်လော။ ဣတိ၊ ဤသို့။ ဝတွာ၊ ပြောပြီး၍။ ပုန၊ တစ်ဖန်။ စိန္တေသိ၊ စဉ်းစားပြန်ပြီ။ (ကိံ)။
ဣမဿရညော၊ ဤမင်း၏။ ဣမသ္မိံ အတ္တဘာဝေ၊ ဤ အတ္တဘော၌။ မဂ္ဂဖလာနံ၊ မဂ်ဖိုလ်တို့၏။ ဥပနိဿယော၊ အားကြီးသောမှီရာအကြောင်းသည်။ နတ္ထိ၊ မရှိတော့။ [“ပိတုဃာတကကံထိုက်ပြီးဖြစ်သောကြောင့် မဂ်ဖိုလ်မရနိုင်တော့”ဟူလို။] ဗုဒ္ဓါစနာမ၊ ဘုရှားရှင်တို့မည်သည်လည်း။ ဥပနိဿယံ၊ အားကြီးသောမှီရာအကြောင်းကို။ ဒိသွာဝ၊ မြင်တော်မူ၍သာ။ ဝါ၊ မြင်တော်မူမှသာ။ ဓမ္မံ၊ ကို။ ကထေန္တိ၊ ဟောတော်မူကြကုန်၏။
ဟန္ဒ၊ ယခု။ အဟံ၊ သည်။ မဟာဇနံ၊ များစွာသော လူအပေါင်းကို။ သန္နိပါတာပေမိ၊ စည်းဝေးစေရတော့အံ့။ ဟိ၊ အကျိုးကား။ (စည်းဝေးစေရခြင်း၏အကျိုးကား)။ ဧဝံ၊ ဤသို့များစွာသောလူအပေါင်းကို စည်းဝေးစေခြင်းသည်။ သတိ၊ ဖြစ်လတ်သော်။ ကဿစိ ဒေဝ၊ တစ်စုံတစ်ယောက်၏သာလျှင်။ (အစည်းအဝေးတွင်ပါဝင်သော တစ်ယောက်ယောက်၏သာလျှင်)။ ဥပနိဿယေန၊ ကြောင့်။ ဓမ္မံ၊ ကို။ ဒေသေဿတိ၊ ဟော‌တော်မူလတံ့။ သာ၊ ထိုဓမ္မဒေသနာသည်။ မဟာဇနဿ၊ အား။ ဥပကာရာယ၊ လျော်သောကျေးဇူးကို ပြုခြင်းငှာ။ [“အခြားသူများမှာလည်း နောင်နောင်အခါ မဂ်ဖိုလ်ရဖို့ရန် အထောက်အပံ့ဖြစ်၍ ကျေးဇူးများခြင်းငှာ”ဟူလို။] ဘဝိဿတိ၊ ဖြစ်လတံ့။ ဣတိ၊ ဤသို့။ (စိန္တေသိ။ ဣတိ၊ သို့။ စိန္တေတွာ၊ ကြံပြီး၍။)တတော၊ပေ၊ဂမိဿာမီတိ ။ ။ မိန်းမတို့ကို အကြောင်းပြု၍ ယောကျ်ားတို့မှာ ကြီးကျယ်သော ဘေးမရှိနိုင်သောကြောင့် အနီးအပါး၌ မိန်းမတွေခြံရံလျက်ရှိကြောင်းသိလျှင် ရှင်ဘုရင်၌ ယုံမှားသံသယစိတ် မဖြစ်နိုင်၊ “ထိုသို့ မဖြစ်နိုင်ခြင်းအကျိုးငှာ မိန်းမတွေခြံရံကာစိတ်ချမ်းသာစွာ သွားစေရတော့မည်”ဟု ကြံသည်။
ပုရိသဝေသံ၊ပေ၊တတ္ထာ ။ ။ မိန်းမတွေ ခြံရံနေသော်လည်း အများကမူ လက်နက်ကိုင်ယောကျ်ားတွေဟု အထင်ရှိ၍ ဘုရင်၏အနီးသို့ မကပ်ဝံ့အောင် မိန်းမတွေကိုယောကျ်ားအသွင် ဆင်ပြင်စေလျက် လက်နက်တို့ကို စွဲကိုင်စေသည်။
သော၊ ထို ဇီဝကသည်။ တတ္ထတတ္ထ၊ ထိုထိုအရပ်သို့။ သာသနံ၊ နှုတ်မှာစကားကို။ ပေသေသိ၊ စေလွှတ်ပြီ။ ဘေရိံ၊ စည်ကို။ စရာပေသိ၊ လှည့်လည်စေပြီ။ (ကိံ၊ အဘယ်သို့စေလွှတ်သနည်း။ ဝါ၊ အဘယ်သို့စည်လည်စေသနည်း)။
အဇ္ဇ၊ ယနေ့။ ရာဇာ၊ သည်။ ဘဂဝတော၊ ၏။ သန္တိကံ၊ သို့။ ဂစ္ဆတိ၊ သွား၏။ ဝါ၊ သွားမည်လို့။ သဗ္ဗေ၊ အလုံးစုံသော လူတို့သည်။ အတ္တနော၊ မိမိ၏။ ဝိဘဝါနုရူပေန၊ စည်းစိမ်အားလျော်သဖြင့်။ ရညော၊ ၏။ အာရက္ခံ၊ အစောင့်အရှောက်ကို။ ဂဏှန္တု၊ ယူကြကုန်လော။ ဣတိ၊ ဤသို့။ (သာသနံ, ပေသေသိ၊ဘေရိံ, စရာပေသိ)။ [“အရေးပါလောက်သော လူကြီးများအထံသို့ နှုတ်မှာစကားပို့၍, လူအများအတွက်စည်လည်စေသည်”ဟု ခွဲပါ။]
တတော၊ ထို့ကြောင့်။ (ထိုသို့ နှုတ်မှာစကားကိုလည်းပို့, စည်ကိုလည်းလည်စေခြင်းကြောင့်)။ မဟာဇနော၊ သည်။ စိန္တေသိ၊ ကြံပြီ။ (ကိံ)။
ရာဇာ၊ သည်။ သတ္ထု၊ မြတ်စွာဘုရားကို။ ဒဿနတ္ထံ၊ ဖူးမြင်ခြင်းအကျိုးငှာ။ ဂစ္ဆတိကိရ၊ သွားမည်လို့တဲ့။ ဘော၊ အချင်းတို့။ ဝတ၊ အံ့ဩဖွယ်။ ကီဒိသိ၊ အဘယ်ကဲ့သို့ရှုအပ်သော။ ဓမ္မဒေသနာ၊ တရားဒေသနာတော်သည်။ ဘဝိဿတိ၊ ဖြစ်လတံ့နည်း။ နော၊ ငါတို့အား။ (ကိံ ၌စပ်)။ (တစ်နည်း) နော၊ ငါတို့၏။ နက္ခတ္တကီဠာယ၊ နက္ခတ်သဘင်, ပျော်ရွှင်ကစားခြင်းဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ တတ္ထေဝ၊ ထိုဘုရင်သွားရာအရပ်သို့သာ။ ဂမိဿာမ၊ လိုက်သွားကြကုန်စို့။ ဣတိ၊ သို့။ (စိန္တေသိ၊ ပြီ)။ (ဣတိ၊ ဤသို့ကြံပြီး၍)။
သဗ္ဗေ၊ အလုံးစုံသော လူတို့သည်။ ဂန္ဓမာလာဒီနိ၊ နံ့သာပန်းအစရှိသောပူဇော်ဖွယ်တို့ကို။ ဂဟေတွာ၊ ယူ၍။ ရညော၊ ၏။ အာဂမနံ၊ ထွက်လာခြင်းကို။ အာကင်္ခမာနာ၊ မျှော့်လင်ကြကုန်လျက် (စောင့်ဆိုင်းကြကုန်လျက်)။ မဂ္ဂေ၊ လမ်း၌။ အဋ္ဌံသု၊ တည်ကြကုန်ပြီ။
ဇီဝကောပိ၊ သည်လည်း။ ရညော၊ အား။
ကပ္ပိတာနိ ခေါ။ ပေ။ ကာလံမညတီတိ၊ ဟူ၍။ ပဋိဝေဒေသိ၊ သံတော်ဦးတင်ပြီ။
တတ္ထ၊ ထို ကပ္ပိတာနိ အစရှိသောပါဠိရပ်၌။ ယဿဒါနိ ကာလံမညသီတိ ဧတံ၊ ယဿ၊‌ပေ၊မညသိဟူသောစကားသည်။ ဥပစာရဝစနံ၊ ပြောဆိုရိုးစကားမျှသာတည်း။
ဣဒံ၊ သည်။ ဝါ၊ ကို။ ဝုတ္တံ၊ သည်။ ဝါ၊ သည်။ ဟောတိ။ (ကိံ ဝုတ္တံ ဟောတိ)။
ယံ၊ အကြင်ပြင်ဆင်မှုကို။ တယာ၊ အရှင်မင်းမြတ်သည်။ အာဏတ္တံ၊ ‌ စေခိုင်းအပ်ပြီ။ တံ၊ ထိုပြင်ဆင်မှုကို။ မယာ၊ အကျွန်ုပ်သည်။ ကတံ၊ ပြုအပ်ပါပြီ။ ဣဒါနိ၊ ယခုအခါ၌။ တွံ၊ ဥပစာရဝစနံ ။ ။ “ဝေါဟာရဝစနမတ္တံ-ပြောဆိုရိုးစကားမျှသာ”ဟု ဋီကာသစ် ဖွင့်၏၊ “ယဿ ဒါနိ ကာယံ မညသိ”ဟူသော စကားသည် ထိုခေတ်က ပြောရိုးစကားမျှသာ ဖြစ်၏၊ ထိုစကားမျှဖြင့် အဓိပ္ပာယ်ကား မပြည့်စုံသေးပါ၊ ထို့ကြောင့် ဆိုလိုရင်းအဓိပ္ပာယ်စုံလင်အောင် “ဣဒံ ဝုတ္တံ ဟောတိ”ဟု စချီ၍ ဖွင့်ပြသည်-ဟူလို။ သည်။ ယဿ ဂမနဿဝါ၊ အကြင်သွားခြင်း၏လည်းကောင်း။ (ယဿ)အဂမနဿဝါ၊ အကြင်မသွားခြင်း၏လည်းကောင်း။ ကာလံ၊ အချိန်ကို။ မညသိ၊ သိတော်မူ၏။ တဒေဝ၊ ထို သွားခြင်း,မသွားခြင်းကိုသာ။ အတ္တနော၊ မိမိ၏။ ရုစိယာ၊ အလိုအားဖြင့်။ ကရောဟိ၊ ပြုတော်မူပါ။ ဣတိ(ဝုတ္တံ ဟောတိ)။
ပစ္စေကာ ဣတ္ထိယောတိ၊ ကား။ ပါဋိယေက္ကာ၊ အသီးသီးတစ်ယောက်စီကုန်သော။ ဣတ္ထိယော၊ မိန်းမတို့ကို။ (အရောပေတွာ ၌စပ်)။ ဧကေကိဿာ၊ တစ်စီးတစ်စီးသော။ ဟတ္ထိနိယာ၊ ဆင်မ၌။ ဧကေကံ၊ တစ်ယောက်တစ်ယောက်သော။ ဣတ္ထိံ၊ မိန်းမကို။ (အာရောပေတွာ၌စပ်)။ ဣတိ ဝုတ္တံ ဟောတိ။
ဥက္ကာသုဓာရိယမာနာသူတိ၊ ကား။ ဒဏ္ဍဒီပိကာသု၊ အရိုးရှိသောဆီမီးတို့ကို။ ဝါ၊ ဆီမီးတိုင်တို့ကို။ ဓာရိယမာနာသု၊ ဆောင်အပ်ကုန်လတ်သော်။ (နိယျာသိ၌စပ်)။
မဟစ္စံ ရာဇာနုဘာဝေနာတိ၊ ကား။ မဟတာ၊ ကြီးကျယ်သော။ ရာဇာနုဘာဝေန၊ မင်း၏အာနုဘော်ဖြင့်။ (နိယျာသိ၌စပ်)။
မဟစ္စာတိပိ၊ မဟစ္စာဟူ၍လည်း။ ပါဠိ၊ ပါဠိတော်ပါဌ်သည်။ (အတ္ထိ)။ မဟတိယာ၊ ကြီးကျယ်သော။ (ရာဇာနုဘာဝေန၊ ပစ္စေကာ ။ ။ “ပတိ+ဧကာ”ဟု ပုဒ်ခွဲ၍ တိကို စပြု, ဒွေ‌ဘော်လာလျှင် “ပစ္စေကာ”ဟု သန္ဓိဖြစ်၏၊ ထို့ကြောင့် ဋီကာသစ်၌ “ပဋိဧကာယေဝ သန္ဓိဝသေန ပစ္စေကာ”ဟု ပါဌ်မှန်ရှိပါစေ၊ ထို့ကြောင့် ဋီကာသစ်၌ “ပဋိဧကာယေဝ သန္ဓိဝသေန ပစ္စေကာ”ဟု ပါဌ်မှန်ရှိပါစေ၊ “ဧကာဧကာ-တစ်‌ယောက်စီ တစ်ယောက်စီသော မိန်းမတို့တည်း”ဟု ဝိဂ္ဂဟပြုလျှင် ဝိစ္ဆာအဗျယီဘောဖြစ်၍ “ပစ္စေကံ”ဟု ရှိသင့်၏၊”ပါဋိယေက္ကံ”လည်း နည်းတူ၊ သို့သော် စာအုပ်တို့၌ “ပစ္စေကာ”ဟု ရှိသောကြောင့် “ပတိ-အသီးအသီးကုန်သော+ဧကာ-တစ်ယောက်စီတို့တည်း၊ ပစ္စေကာ-တို့”ဟု ကမ္မဓာရဲ ပြုရတော့မည်၊ “ပါတိယေက္ကာ”၌ကား (ယ်)လာ၍ “ပတိယေကာ”ဟု ဖြစ်ပြီးနောက် သွတ္ထ၌ ဏျသက်၍ “ပါတိယေက္ကာ”ဖြစ်သည်ဟု ကြံပါ။
မဟစ္စံ။ ။ “မဟန္တဿ+ဘာဝေါ-ကြီးကျယ်သော အာနုဘဝ၏ ဖြစ်ကြောင်းဖြစ်ရာအကြီးအကျယ်ဂုဏ်တည်း”ဟု ဝိဂ္ဂဟပြု၍ မဟန္တနောင် ဘာဝအနက်၌ ဏျပစ္စည်းသက်, ဏ်ချေ, န္တမှ နကိုလည်းချေလျှင် “မဟတျ”ဟု ဖြစ်၏၊ တျကို စပြု, ဒွေဘော်လာ, သိကိုအံပြုလျှင် “မဟစ္စံ”ဟု ဖြစ်၏၊ “ထို ပဌမာဝိဘတ်သည် ကရိုဏ်းအနက်၌သက်၏”ဟု ပြလို၍ “မဟတာ”ဟုဖွင့်သည်။ [မဟစ္စံတိ ကရဏေတ္ထေ ပစ္စတ္တဝစနန္တိ အာဟ-မဟတာတိ၊-ဋီကာ။]
မှတ်ချက် ။ ။ ဤနည်း၌လည်း “မဟစ္စံ”ပုဒ်သည် နပုလ္လိန်ဖြစ်နေသောကြောင့် “ရာဇာနုဘာဝေန”ဟူသော ပုလ္လိန်နှင့်လိန်မတူရကား လိင်္ဂဝိပလ္လာသ ဖြစ်နေ၏၊ သို့သော် အဋ္ဌကထာတို့ကားဤနည်း၌ ဝိပလ္လာသဟု မဆိုကြ၊ မောဂ္ဂလ္လာန်နိဿယသစ် (သျာဒိကဏ္ဍ, ၁၅၀)၌ကား “မဟစ္စ”မဟုတ်, “မဟံ မဟန္တော”ကဲ့သို့ ပုလ္လိန်မဟံသဒ္ဒါနှင့် စနိပါတ်ပုဒ်တို့ကို တွဲထားသော “မဟဉ္စ”ပုဒ်ဟု ဆုံးဖြတ်တော်မူ၏၊ ပခုက္ကူနိဿယသစ်၌လည်း “မဟန္တောယေဝ မဟစ္စံ”ဟု သွတ္ထ၌ ဏျပစ္စည်းသက်၍ ရုပ်ပြီးစေတော်မူ၏၊ ဋီကာသစ်၏ ဘာဝတဒ္ဓိတ်ကြံခြင်းကို အပြစ်တင်တော်မူသည်။
ဖြင့်။ နိယျာသိ၊ ထွက်ပြီ” ၌စပ်)။ ဣတိ အတ္ထော။ ဧသ (ဧသော)၊ ဤမဟစ္စာဟူသောသဒ္ဒါသည်။ လိင်္ဂဝိပရိယယော၊ ပုလ္လိန်မှ ဣတ္ထိလိန်ဖောက်ပြန်သောသဒ္ဒါတည်း။
ရာဇိဒ္ဓိ၊ မင်း၏တန်ခိုးကို။ ရာဇာနုဘာဝေါ၊ ရာဇာနုဘာဝဟူ၍။ ဝုစ္စတိ၊ ၏။
ပန၊ ဆက်။ အဿ၊ ထိုမင်း၏။ ရာဇိဒ္ဓိ၊ မင်းတန်ခိုးဟူသည်။ ကာ၊ အဘယ်နည်း။
တိယောဇနသတာနံ၊ ယူဇနာသုံးရာအတိုင်းအရှည်ရှိကုန်သော။ ဒ္ဓိန္နံ၊ ၂တိုင်းကုန်သော။ မဟာရဋ္ဌာနံ၊ အင်္ဂတိုင်း, မဂဓတိုင်းကြီးတို့၏။ ဣဿရိယသိရီ၊ အစိုးရသူ၏ဖြစ်ကြောင်းဖြစ်ရာအသရေတည်း။
ဟိ၊ ချဲ့။ တဿ၊ ထိုမင်း၏။ အသုကဒိဝသံ၊ ထိုမည်သောနေ့၌။ ရာဇာ၊ သည်။ တထာဂတံ၊ မြတ်စွာဘုရားသို့။ ဥပသင်္ကမိဿတိ၊ ချဉ်းကပ်လတံ့။ ဣတိ၊ ဤသို့။ ပဌမတရံ၊ ရှေးဦးစွာ။ သံဝိဒဟနေ၊ စီစဉ်ခြင်းသည်။ အသတိပိ၊ မရှိပါသော်လည်း။ တင်္ခဏညေဝ၊ ထိုခဏ၌ပင်။ ပဉ္စဣတ္ထိသတာနိ၊ ငါးရာသောမိန်းမတို့သည်။ ပုရိသဝေသံ၊ ယောကျ်ား၏အသွင်ကို။ ဂဟေတွာ၊ ယူ၍။ ပဋိမုက္ကဝေဌာနာနိ၊ စွပ်အပ်သောဦးရစ်ခေါင်းပေါင်းရှိကုန်သည်။ (ခေါင်း ပေါင်းကြီးကုလားများကဲ့သို့ ဦးရစ်ခေါင်းပေါင်းစွပ်ထားကုန်သည်)။ အံသေ၊ ပခုံး၌။ အာသတ္တခဂ္ဂါနိ၊ လွယ်အပ်သော သန်လျက်ရှိကုန်သည်။ (ဟုတွာ)။ မဏိဒဏ္ဍမဟစ္စ ။ ။ တချို့စာအုပ်များ၌ နိဂ္ဂဟိတ်မပါဘဲ “မဟစ္စ”ဟု ရှိ၏၊ “မဟန္တောယေဝ မဟစ္စံ”ဟု သွတ္ထ၌ ဏျပစ္စည်းသက်၍ ရာဇ၏ ဝိသေသနကြံကြသည်၊ မဟစ္စံ စ+တံ+ရာဇာစာတိ မဟစ္စရာဇာ၊ မဟစ္စရညော+အာနုဘာဝေါ မဟစ္စရာဇာနုဘာဝေါ”ဟု ပြုပါ၊ သို့သော် “ကရဏတ္ထေ ပစ္စတ္ထဝစနံ”ဟူသော ဋီကာနှင့်မညီသောကြောင့် ရှေးပါဌ်ဟုတ်ဟန်မတူပါ။
မဟစ္စာ ။ ။ ဤနည်း၌ “မဟတိယာ”ဟုဆိုလိုလျက် တိ၌ ဣကိုချေပြီးလျှင် တ်ကို ယာသို့ကပ်၍ “မဟတျာ”ဟု ဖြစ်၏၊ တျကို စပြု၊ ဒွေ‌ဘော်လာလျှင် “မဟစ္စာ”ဟုဖြစ်၏။
ဝိပရိယယ ။ ။ ဤနည်းအတွက် “ရာဇာနုဘာဝ”ဟူသောဝိသေသျပုဒ်၏ ပုလ္လိန်နှင့်လိန်မတူသောကြောင့်ပုလ္လိန်မှ ဣတ္ထိလိန်ပြန်နေသော “လိင်္ဂဝိပရိယယ”ဟု ဆိုသည်။ [ဝိ+ပရိ+အယဓာတ်, အပစ္စည်းဖြစ်၍ “ဝိပရိယယ”ဟု ထောမနိဓိ၌ရှိ၏၊ ဤဝိပရိယယပုဒ်သည် ဝိပလ္လာသပုဒ်၏ ပရိယာယ်ပင်တည်း။]
မဏိဒဏ္ဍတောမရေ ။ ။ ဋီကာသစ်၌ “တောမရ”ကို အင်္ကုသ-ချွန်း”ဟု ဖွင့်သော်လည်း “လှံ”အနက်သာမှန်ကြောင်းကို အဘယာရာမဆရာတော်၏ အဘိဓာန်နိဿယ (၃၆၆)၌ ရှုပါ၊ သက္ကပဉှသုတ်၌လည်း “အစ္စင်္ကုသောဝ နာဂေါစ, ဇိတံ မေ တုတ္တတောမရံ”ဟု အင်္ကုသနှင့် တောမရကို အနက်တစ်မျိုးစီခွဲ၍ ဆိုထားသည်၊ ကစ္စည်းဝုတ္တိ, ဗဟုဗ္ဗီဟိမှိစ သုတ်၌လည်း “နာနာမုသလ၊ပေ၊ဂဒါ (ချွန်း)သိတောမရာ”ဟု ခွဲလျက်ပင်ရှိ၏၊ ဆရာတို့နိဿယ၌ “တောမရ-ခက်ရင်း”ဟုပေးတော်မူ၏။
တောမရေ၊ ပတ္တမြားအရိုးရှိသော လှံတို့ကို။ ဂဟေတွာ၊ ကိုင်၍။ နိက္ခမိံသု၊ ထွက်ကြကုန်ပြီ။
ယံ၊ ယင်းမိန်းမအပေါင်းကို။ သန္ဓာယ၊ ၍။
ပစ္စေကာ။ ပေ။ အာရောပေတွာတိ၊ ဟူ၍။ (အာယသ္မတာ အာနန္ဒတ္ထေရေန)။ ဝုတ္တံ။ [ခြေလျင်လိုက်ပါလာသော အခြွေအရံတို့ကို ပြလို၍ “အပရာပိ”စသည်မိန့်။]
အပရာပိ၊ အခြားလည်းဖြစ်ကုန်သော။ သောဠသသဟဿခတ္တိယနာဋကိတ္တိယော၊ တစ်သောင်းခြောက်ထောင်သော ခတ္တိယဇာတ်ရှိသော ကချေသည်မိန်းမတို့သည်။ ရာဇာနံ၊ ကို။ ပရိဝါရေသုံ၊ ဝန်းရံကြကုန်ပြီ။
တာသံ၊ ထို ကချေသည်မိန်းမတို့၏။ ပရိယန္တေ၊ အစွန်၌။ ခုဇ္ဇဝါမနကကိရာတာဒယော၊ ကုန်းသောမိန်းမ, ပုကွသောမိန်းမ, ကိရာတလူမျိုးမိန်းမ အစရှိသည်တို့သည်။ (ပရိဝါရေသုံ)။
တာသံ၊ ထိုမိန်းမတို့၏။ ပရိယန္တေ၊ ၌။ အန္တေပုရပါလကာ၊ နန်းတွင်းစောင့်ဖြစ်ကုန်သော။ ဝိဿာသိကပုရိသာ၊ အကျွမ်းဝင်ခြင်းရှိသောယောကျ်ားတို့သည်။ (ပရိဝါရေသုံ)။
တေသံ၊ ထိုယောကျ်ားတို့၏။ ပရိယန္တေ၊ ၌။ ဝိစိတြဝေသဝိလာသိနော၊ ဆန်းကြယ်သောအသွင်ဖြင့် တင့်တယ်ခြင်းရှိကုန်သော။ သဋ္ဌိသဟဿမတ္တာ၊ ၆သောင်းအတိုင်းအရှည်ရှိကုန်သော။ မဟာမတ္တာ၊ အမတ်ကြီးတို့သည်။ (ပရိဝါရေသုံ)။ [မဟတီ၊ ကြီးကျယ်သော+ မတ္တာ၊ ရာထူးစည်းစိမ်စသော အတိုင်းအရှည်သည်။ ဧတေသံ အတ္ထီတိ မဟာမတ္တာ။]
တေသံ၊ ထိုအမတ်ကြီးတို့၏။ ပရိယန္တေ၊ ၌။ ဝိဝိဓာလင်္ကာရပဋိမဏ္ဍိတာ၊ အထူးထူးသောတန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော။ နာနပ္ပကာရအာဝုဓဟတ္ထာ၊ လက်တို့၌ အထူးထူးသော အပြားရှိသောလက်နက်ရှိကုန်သော။ ဝါ၊ အထူးထူးသောအပြားရှိသောလက်နက်တို့ကိုစွဲကိုင်ကြကုန်သော။ ဝိဇ္ဇာဓရတရုဏာဝိယ၊ ဝိဇ္ဇာဓိုရ်လုလင်ပျိုတို့ကဲ့သို့။ နဝုတိသဟဿမတ္တာ၊ ၉သောင်းခုဇ္ဇ၊ပေ၊ကိရာတာဒယော ။ ။ ဤသူတို့သည် နာဋကိတ္ထီတို့၏ အလုပ်အကျွေးတို့တည်း၊ ခုဇ္ဇ ဝါမနကဖြင့် သူတို့၏အသွင်ကို ပြ၏၊ “ကုန်းသော အသွင်သဏ္ဌာန်ရှိသူ, ကွသောအသွင်သဏ္ဌာန်ရှိသူများ”ဟူလို၊ ကိရာတဖြင့် အမျိုးဇာတ်ကိုပြ၏၊ အာဒိဖြင့် သဝရလူမျိုး, အန္ဓကလူမျိုးများကို ယူဖို့ရန် ဋီကာသစ်ပြ၏။ [ကိရာတ-ကရင်, သဝရ-ချင်း”ဟုအနက်ပေးကြ၏၊ သို့သော် ဣန္ဒိယလူမျိုးများဖြစ်၍ ဤမြန်မာနိုင်ငံလူမျိုးများနှင့်တူလိမ့်မည်မထင်။]
ဝိဿာသိကပုရိသာ ။ ။ ဝိဿာသော (အကျွမ်းဝင်ခြင်း)ယေသံတိ ဝိဿာသိကာ။ [ဝဿဝ‌ရေ-နဂုံးပဏ္ဍုက်တို့ကို၊ သန္ဓာယာဟ၊-ဋီကာသစ်။] ဝှေးစေ့ကို ထုတ်ထားသော ဩပက္ကမိကပဏ္ဍုက်တို့သည် နန်းတော်သူများကို စောင့်ရှောက်ကြရ၏၊ ထို နန်းတော်သူ မောင်းမတို့နှင့်အကျွမ်းဝင်သောကြောင့် ထိုသူတို့ကို “ဝိဿာသိက”ဟု ဆိုဟန်တူသည်။
အတိုင်းအရှည်ရှိကုန်သော။ ရဋ္ဌိယပုတ္တာ၊ တိုင်းပြည်အတွင်း၌ လှည့်လည်ကုန်သောမူစိုးတို့သည်။ ဝါ၊ တိုင်းကျပ်မင်းတို့၏ သားတို့သည်။ (ပရိဝါရေသုံ)။
တေသံ၊ ထိုမူစိုးတို့၏။ ပရိယန္တေ၊ ၌။ သတဂ္ဃနိကာနိ၊ တစ်ရာသောအဖိုးရှိသောအဝတ်တို့ကို။ ဝါ၊ အဖိုးတစ်ရာထိုက်သော အဝတ်တို့ကို။ နိဝါသေတွာ၊ ဝတ်၍။ ပဉ္စသတဂ္ဃနိကာနိ၊ ငါးရာသောအဖိုးရှိသောအဝတ်တို့ကို။ ဝါ၊ အဖိုးငါးရာထိုက်သောအဝတ်တို့ကို။ ဧကံသံ၊ တစ်ခုသော လက်ဝဲအဖို့၌။ ကတွာ၊ ပြု၍။ (တစ်နည်း) ဧကံသံကတွာ၊ လက်ကန့်တော့တင်၍။ သုနှာတာ၊ ကောင်းစွာရေချိုးပြီးကုန်သော။ သုဝိလိတ္တာ၊ ကောင်းစွာလိမ်းကျံပြီးကုန်သော။ ဝါ၊ ကောင်းစွာလိမ်းကျံအပ်ပြီးသောနံ့သာရှိကုန်သော။ ကဉ္စန။ ပေ။ သောဘိတာ၊ ရွှေပန်းအစရှိသောအမျိုးမျိုးသောတန်ဆာတို့ဖြင့်တင့်တယ်ကုန်သော။ ဒသသဟဿမတ္တာ၊ တစ်သောင်း အတိုင်းအရှည်ရှိကုန်သော။ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်။ ဒက္ခိဏဟတ္ထံ၊ လက်ျာလက်မောင်းကို။ ဥဿာပေတွာ၊ ချီမြှောက်၍။ ဇယသဒ္ဒံ၊ အောင်သံကို။ (ဇယတုမဟာရာဇာအစရှိသောအသံကို။) ဃောသေန္တာ၊ ကြွေးကြော်ကုန်လျက်။ ဂစ္ဆန္တိ၊ လိုက်သွားကြကုန်၏။
တေသံ၊ ထို ပုဏ္ဏားတို့၏။ ပရိယန္တေ၊ ၌။ ပဉ္စင်္ဂီကာနိ၊ ငါးပါးသောအင်္ဂါရှိကုန်သော။ တူရိယာနိ၊ တူရိယာတို့သည်။ ဝါ၊ တူရိယာတီးမှုတ်သူတို့သည်။ (ဂစ္ဆန္တိ)။ [တူရိယာတီးသူများကိုပင် ဌာနျူပစာရအားဖြင့် “တူရိယာနိ”ဟု ဆိုသည်၊ နောက်၌လည်း နည်းတူ၊ ထို့ကြောင့် သဗ္ဗတ္ထ တံဂါဟကဝသေန ဝေဒိတဗ္ဗော”ဟု ဋီကာသစ်ဖွင့်သည်။]
တေသံ၊ ထိုတူရိယာတို့၏။ ပရိယန္တေ၊ ၌။ ဓနုပန္တိ ပရိက္ခေပေါ၊ လေးအစဉ် အကာအရံသည်။ (ဂစ္ဆတိ)။
တဿ၊ ထိုလေးအစဉ်အကာအရံ၏။ ပရိယန္တေ။ ဟတ္ထိဃဋာ၊ ဆင်အပေါင်းတို့သည်။ (ဂစ္ဆန္တိ)။
ဟတ္ထီနံ၊ ဆင်တို့၏။ ပရိယန္တေ၊ ၌။ ဂီဝါယ၊ လည်ပင်းဖြင့်။ ဂီဝံ၊ လည်ပင်းကို။ (တစ်နည်း) ဂီဝါယဂီဝံ၊ လည်ပင်းအချင်းချင်း။ ပဟရမာနာ၊ ပုတ်ခတ်သကဲ့သို့ဖြစ်လျက်။ (အချင်းချင်းထိလောက်အောင်)။ အဿပန္တိ၊ မြင်းအစဉ်သည်။ (ဂစ္ဆတိ)။
အဿ ရဋ္ဌိယပုတ္တာ ။ ။ “ဘောဇပုတ္တ-မုစိုး (မူစိုး)”ဟု ဖွင့်၏၊ “ပုတ္တ”ဟုဆိုသော်လည်း ရှေးမူစိုးကြီးတို့၏ သားဖြစ်သော မုစိုးများပင်တည်း၊ ထိုသူတို့သည် တိုင်းပြည်၌ အနှံ့အပြားလှည့်လည်ကြသောကြောင့် “ရဋ္ဌေ+စရန္တိ”အရ “ရဋ္ဌိယ”ဟု ခေါ်သည်၊ တိုင်းပြည်အကြောင်းကောင်းကောင်းသိသောကြောင့် ဝိဇ္ဇာမယိဒ္ဓိတန်ခိုးရှိသော ဝိဇ္ဇာဓိုရ်လုလင်များနှင့် တူရကားသူတို့ကိုလည်း မင်းမှုထမ်းခန့်ထားသည်၊ (တစ်နည်း) တိုင်းပြည် ၂ပြည်၏ အကြား၌ရှိသောအကြားတိုင်းပြည်ငယ် (တိုင်းကျပ်)ကိုအပိုင်စားရသော တိုင်းစားတို့၏သားတို့ကို “ရဋ္ဌိယပုတ္တ”ဟုလည်း ဋီကာသစ်၌ တစ်နည်းဖွင့်သေး၏၊ သို့သော် ထိုကဲ့သို့ တိုင်းစားသားတို့မှာ ၉သောင်းရှိဖို့ ခဲယဉ်းလှ၏၊ ထို့ကြောင် ထိုအဖွင့်သည် စဉ်းစားစရာပင်။ ပရိယန္တေ၊ မြင်းတို့၏အဆုံး၌။ အညမညံ၊ ချင်း။ သင်္ဃဋ္ဋနရထာ၊ ထိခိုက်သောရထားတို့သည်။ (ဂစ္ဆန္တိ)။
ရထပရိယန္တေ၊ ရထားတို့၏ အစွန်၌။ ဗာဟာယ၊ လက်မောင်းဖြင့်။ ဗာဟံ၊ လက်မောင်းကို။ (တစ်နည်း) ဗာဟာယဗာဟံ၊ လက်မောင်းအချင်းချင်း။ ပဟရမာနာ၊ ပုတ်ခတ်သကဲ့သို့ ဖြစ်ကုန်လျက်။ (လက်မောင်းချင်းထိလောက်အောင်နီးကပ်ကုန်လျက်-ဟူလို။) ယောဓာ၊ စစ်သားတို့သည်။ (ဂစ္ဆန္တိ)။
တေသံ၊ ထိုစစ်သားတို့၏။ ပရိယန္တေ၊ ၌။ အတ္တနော အတ္တနော၊ မိမိမိမိအား။ အနုရူပါယ၊ လျော်သော။ အာဘရဏသမ္ပတ္တိယာ၊ တန်ဆာ၏ ပြည့်စုံခြင်းဖြင့်။ ဝိရောစမာနာ၊ တင့်တယ်ကုန်သော။ အဋ္ဌာရသ၊ တစ်ဆယ့်ရှစ်ရပ်ကုန်သော။ သေဏိယော၊ ကုန်သည်အပေါင်းတို့သည်။ (ဂစ္ဆန္တိ)။ [“ဂန္ဓိကသေဏိ၊ နံ့သာကုန်သည်အပေါင်း” စသည်ကို “သေဏိ”ဟုဆိုသည်။ ဘိက္ခုနီ၊ သံဃာဒိသေသ်, ဒုတိယသိက္ခာပုဒ်၌လာသော “သေဏိ”များတည်း။]
ဣတိ၊ ဤသို့။ ယထာ၊ အကြင်အခြင်းအရာအားဖြင့် စီစဉ်လတ်သော်။ ပရိယန္တေ၊ အစွန်၌။ ဝါ၊ အစွန်က။ ဌတွာ၊ ရပ်၍။ ခိတ္တော၊ ပစ်အပ်သော။ သရော၊ မြားသည်။ ရာဇာနံ၊ မင်းသို့။ န ပါပုဏာတိ၊ မရောက်။ ဧဝံ၊ ဤသို့ မြားမရောက်နိုင်လောက်အောင် အခြင်းအရာအားဖြင့်။ ကောမာရဘစ္စော၊ အဘမင်းသားသည်မွေးစားအပ်သော။ ဇီဝကော၊ သည်။ ရညော၊ မင်း၏။ ပရိသံ၊ ပရိသတ်ကို။ သံဝိဒဟိတွာ၊ စီစဉ်ပြီး၍။ အတ္တနာ၊ မိမိသည်။ ရညော၊ ၏။ အဝိဒူရေနေဝ၊ အနီးဖြင့်သာ။ ဂစ္ဆတိ၊ လိုက်သွား၏။ (ကိံ၊ အဘယ်သို့ ကြံ၍ အနီးဖြင့်သာ လိုက်သွားသနည်း။)
ကောစိ၊ တစ်စုံတစ်ခုသော။ ဥပဒ္ဒဝေါ၊ ‌ဘေးရန်သည်။ သစေဟောတိ၊ အကယ်၍ဖြစ်အံ့။ (ဧဝံသတိ)။ ပဌမတရံ၊ ရှေးဦးစွာ။ [အချို့စာအုပ်၌ “သဗ္ဗပဌမံ၊ အလုံးစုံတို့၏ရှေးဦးစွာ”ဟု ရှိ၏။] ရညော၊ အား။ ဇီဝိတဒါနံ၊ အသက်အလှူကို။ ဒဿာမိ၊ ပေးအံ့။ ဣတိ၊ ဤသို့ကြံ၍။ (အဝိဒူရေနေဝ ဂစ္ဆတိ)။ [ထိုခေတ်၌ လေးလက်နက်သည် အဝေးသို့အရောက်နိုင်ဆုံးတည်း၊ ထို့ကြောင့် အစွန်ကနေ၍ ပစ်အပ်သောမြားမရောက်နိုင်အောင် အခြံအရံများကို အထပ်ထပ်စီစဉ်သည်။]
ပန၊ ဆက်။ ဥက္ကာနံ၊ မီးရှူးတို့၏။ ဧတ္တကာနိ၊ ဤမျှအတိုင်းအရှည်ရှိကုန်သော။ သတာနိ၊ အရာတို့တည်း။ ဣတိဝါ၊ ဤသို့လည်းကောင်း။ (တစ်နည်း) ဧတ္တကာနိသတာနီတိဝါ၊ ရာပေါင်းဤမျှလောက်ဟူ၍လည်းကောင်း။ (ဧတ္တကာနိ၊ ကုန်သော။) သဟဿာနိ၊ အထောင်တို့တည်း။ ဣတိဝါ၊ ဤသို့လည်းကောင်း။ (တစ်နည်း) ဧတ္တကာနိသဟဿာနီတိဝါ၊ ထောင်‌ပေါင်း ဤမျှလောက်ဟူ၍လည်းကောင်း။ ပရိစ္ဆေဒေါ၊ အပိုင်းအခြားသည်။ နတ္ထိ၊ မရှိ။ ဧဝရူပိံ၊ ဤသို့သဘောရှိသော။ ရာဇိဒ္ဓိံ၊ မင်း၏တန်ခိုးကို။ သန္ဓာယ၊ ၍။
မဟစ္စံရာဇာနုဘာဝေန။ ပေ။ တေန ပါယာသီတိ၊ ဟူ၍။ (အာယသ္မတာ အာနန္ဒတ္ထေရေန) ဝုတ္တံ။
အဟုဒေဝ ဘယံတိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ (လဗ္ဘမာနံ၊ သော)။ ဘယံ၊ ဘယသည်။ (စတုဗ္ဗိဓံ ၌စပ်)။ စိတ္တုတြာသဘယံ၊ စိတ္တုတြာသဘယ လည်းကောင်း။ ဉာဏဘယံ၊ ဉာဏဘယလည်းကောင်း။ အာရမဏဘယံ၊ အာရမဏဘယလည်းကောင်း။ ဩတ္တပ္ပဘယံ၊ ဩတ္တပ္ပဘယလည်းကောင်း။ ဣတိ၊ ဤသို့။ စတုဗ္ဗိဓံ၊ ၄ပါးအပြားရှိ၏။ တတ္ထ၊ ထို ၄ပါးသော ဘယတို့တွင်။ ဇာတိံ။ ပေ။ ဘယာနကန္တိအာဒိနာ၊ ဇာတိံ၊ပေ၊ဘယာနကံ အစရှိသော။ နယေန၊ နည်းဖြင့်။ ဝုတ္တံ၊ ဟောတော်မူအပ်သော ဘယသည်။ စိတ္တုတြာသဘယံနာမ၊ စိတ္တုတြာသဘယ မည်၏။ ဝါ၊ စိတ်၏ ထိတ်လန့်ခြင်းဟူသောကြောက်ခြင်းမည်၏။ [ဇာတိံ၊ ပဋိသန္ဓေနေရခြင်းကို။ ပဋိစ္စ၊ စွဲ၍။ ဘယံ၊ ကြောက်တတ်သော စိတ္တုပ္ပါဒ်သည်။ ဘယာနကံ၊ ကြောက်တတ်သော အခြင်းအရာသည်။ (ဟောတိ)၊-အဘိဓမ္မာပိဋက, ခုဒ္ဒကဝတ္ထုဝိဘင်္ဂ, တိကနိဒ္ဒေသ။]
တေပိ။ ပေ။ အာပဇ္ဇန္တီတိ၊ တေပိ၊ပေ၊အာပဇ္ဇိဟူ၍။ ဧဝံ၊ ဤသို့။ အာဂတံ၊ လာသောဘယသည်။ ဉာဏဘယံနာမ၊ ဉာဏဘယမည်၏။ ဝါ၊ ကြောက်ဖွယ်ဟု သိမြင် ဆုံးဖြတ်တတ်သောတရားမည်၏။ [တေပိ၊ ထိုနတ်တို့သော်မှလည်း။ တထာဂတဿ၊ မြတ်စွာဘုရား၏။ ဓမ္မဒေသနံ၊ တရားဒေသနာတော်ကို။ သုတွာ၊ စိတ္တုတြာသဘယံ ။ ။ စိတ္တဿ+ဥတြာသော စိတ္တုတြာသော-စိတ်၏ ထိတ်လန့်ခြင်း၊ ယထာ တထာ-ဟုတ်ဟုတ်ငြားငြားသော အကြောင်းကြောင့်၊ (အကြောင်းအမျိုးမျိုးကြောင့်)၊ ဘာယတီတိ ဘယံ-ကြောက်တတ်သောတရား၊ (ဘီဓာတ် အပစ္စည်း)၊ စိတ္တုတြာသောယေဝ+ဘယံ စိတ္တုတြာသောယေဝ+ဘယံ စိတ္တုတြာဘယံ၊ ပဋိသန္ဓေနေရခြင်းစသည်ကို တွေး၍ကြောက်ရွံ့ ထိတ်လန့်နေသော စိတ်၏အမူအရာကို ဆိုသည်။
ဘယာနကံ ။ ။ “ဘာယာနာကာရော-ကြောက်ခြင်းအခြင်းအရာ”ဟု ဋီကာဖွင့်၏၊ အာကာရဖြင့်ဖွင့်လျှင် “ဘာဝသာဓန”ပြုရသည်ဟု သတ်မှတ်ခြင်းရှိသော်လည်း ဘယံကဲ့သို့ “ဘာယတီတိ ဘယာနကံ”ဟု ကတ္တုသာဓနပင်ပြု၍ ကြောက်နေသောစိတ်၏ အခြင်းအရာ အမူအရာကိုပင် (ဘယံကဲ့သို့) အရ‌ကောက်နိုင်၏၊ “ဘီဓာတ်, အာနကပစ္စည်း”ဟု ထောမနိဓိဆို၏။
ဉာဏဘယံ ။ ။ ဘုရားရှင်သည် ခန္ဓာ ၅-ပါးကိုဖြစ်ကြောင်း သမုဒယ, ချုပ်ရာ အတ္ထင်္ဂမအားဖြင့် ၃-ပါးစီခွဲခြား၍ ဟောတော်မူသောအခါ အသက်ရှည်စွာ ချမ်းချမ်းသာသာနေရသော နတ်တို့သော်မှ ခန္ဓာ ၅-ပါးကို ကြောက်ဖွယ် ကြောက်စရာ ဟု ဆုံးဖြတ်သောဉာဏ်ဖြစ်၏၊ ထိုဉာဏ်ကို ဉာဏဘယဟု ဆိုသည်။ [ဘယတော-ကြောက်စရာဟူ၍+ဉာဏံ-သိတတ် ဆုံးဖြတ်တတ်သောဉာဏ်တည်း၊ ဉာဏဘယံ။]
မှတ်ချက် ။ ။ ဉာဏ်သည် မဟာကုသိုလ်စိတ်နှင့် ယှဉ်သောကြောင့် ဒေါသမူစိတ်ကဲ့သို့ မကြောက်တတ်, ကြောက်စရာဘဲဟုသာ သိမြင်တတ်သည်၊သမ္မသနဉာဏ်စသော ဉာဏ် ၁၀-ပါးတို့တွင်ဘယတုပဋ္ဌာနဉာဏ်မျိုးတည်း၊ သံဝေဂန္တိ သဟောတ္တပ္ပဉာဏံ-ဩတ္တပ္ပနှင့်တကွဖြစ်သောဉာဏ်၊ သန္တာသံတိ သဗ္ဗသော ဥဗ္ဗိဇ္ဇနံ-အလုံးစုံအားဖြင့် ထိတ်လန့်တတ်သော ဉာဏ်၊-ဋီကာသစ်။
ကြားနာရ၍။ ယေဘုယျေန၊ များသောအားဖြင့်။ ဘယံ၊ ဘယဉာဏ်သို့။ ဝါ၊ ကြောက်ဖွယ်ဟု ဆုံးဖြတ်သောဉာဏ်သို့။ သံဝေဂံ၊ ထိတ်လန့်ကြောင်းဖြစ်သော သဟောတ္တပ္ပဉာဏ်သို့။ သန္တာသံ၊ ပြင်းစွာ ထိတ်လန့်ကြောင်းဖြစ်သော ဉာဏ်သို့။ အာပဇ္ဇန္တိ၊ ရောက်ကြကုန်၏။-ခန္ဓဝဂ္ဂသံယုတ်, ခဇ္ဇနီယဝဂ်, သီဟနာဒသုတ်။]
ဧတံနူန။ ပေ။ အာဂစ္ဆတီတိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ ဝုတ္တံ၊ ဟောတော်မူအပ်သောဘယသည်။ အာရမဏဘယံနာမ၊ အာရမဏဘယ မည်၏။ ဝါ၊ ကြောက်စရာအာရုံမည်၏။ [ဧတံ၊ ဤလူ့အထံသို့။ တံ ဘယဘေရဝံ၊ ထို ကြောက်စရာအာရုံသည်။ အာဂစ္ဆတိနူန၊ လာလေယောင်တကား။ (တစ်နည်း, ဘေရဝဘယံဟု ရှေ့နောက်ပြန်၍ “ထိုကြောက်တတ်သူ၏ ဥစ္စာဖြစ်သော ကြောက်စရာအာရုံသည်”ဟု သော်လည်းပေးပါ။)၊-မဇ္ဈိမနိကာယ်, မူလပဏ္ဏာသ, ဘယဘေရဝသုတ်။]
ဘီရုံ ပသံသန္တိ။ ပေ။ ပါပန္တိ၊ ဘီရုံပသံသန္တိ၊ပေ၊ပါပံဟူ၍။ (ဝုတ္တံ၊ ဟောတော်မူအပ်သော။) ဣဒံ၊ ဤဘယသည်။ ဩတ္တပ္ပဘယံနာမ၊ ဩတ္တပ္ပဘယမည်၏။ ဝါ၊ ကြောက်လန့်ကြောင်း ဩတ္တပ္ပဘယမည်၏။ (ပဏ္ဍိတာ၊ ပညာရှိတို့သည်။) ဘီရုံ၊ ယေဘုယျေန ။ ။ “ယေဘုယျေနာတိ ထပေတွာ ခီဏာသဝဒေဝေ တဒညေသံဝသေန ဗာဟုလ္လတော၊ခီဏာသဝတ္တာ ဟိ တေသံ စိတ္တုတြာသဘယမ္ပိ န ဥပ္ပဇ္ဇတိ”ဟု ဋီကာသစ်ဖွင့်၏၊ ဉာဏဘယဖြစ်ရာ၌ ခီဏာသဝတို့မှာလည်း ဖြစ်နိုင်ပါ၏၊ စိတ္တုတြာသဘယသာမဖြစ်ပါ၊ စိတ္တုတြာသဘယကို အဋ္ဌကထာဝယ် ဤနေရာ၌ မပြ၊ ခြင်္သေ့ဟောက်သံကိုကြား၍ကြောက်ရာ ဥပမာနဘက်၌သာပြသည်၊ ထို့ပြင်”တေပိ”အရ မြင့်သော ဗိမာန်တို့၌ နေကြရသောနတ်တို့ကိုသာဖွင့်၍ ဗြဟ္မာတို့ကို မဖွင့်၊ နတ်မှန်လျှင်လည်း ခီဏာသဝဖြစ်သောအခါ စုတေကြရသည်၊ ထို့ကြောင့် “ယေဘုယျေန”အရ “ထပေတွာ ခီဏာသဝဒေဝေ”ဟူသော အဖွင့်ကို စဉ်းစားသင့်၏၊ ယေဘုယျေနဖြင့် ဘယ သံဝေဂမဖြစ်သော နတ်များကို ရည်ရွယ်ဟန်တူပါသည်။
အာရမဏဘယံ ။ ။ “အာရုံ”ဟူသည် ကြောက်စရာကောင်းသော သတ္တဝါနှင့်ကြောက်စရာကောင်းသော အရာဝတ္ထုတည်း၊ ထို့ကြောင့် “အာဂစ္ဆတိ”ဟုဆိုသည်၊ ဘာယတိ ဧတသ္မာတိ ဘယံ၊ အာရမဏမေဝ+ဘယံ အာရမဏဘယံ၊ ဘီရုနော-ကြောက်တတ်သူ၏+ဣဒံ ဘေရဝံ၊ဣဒံအနက်၌ ဏ ပစ္စည်း၊ ရု၌ ဥကို အဝပြု၊ “ကြောက်တတ်သူ၏+ဥစ္စာ”ဟူသည် ကြောက်စရာအာရုံပင်တည်း။ [ဧတံ နရံ တံ ဘယဘေရဝံ အာဂစ္ဆတိနူနာတိ အတ္ထော၊-ဋီကာသစ်။]
ဩတ္တပ္ပဘယံ ။ ။ မကောင်းမှုမှ လန့်တတ်သော ဩတ္တပ္ပစေတသိက်သည်ပင် ကြောက်ကြောင်းဖြစ်သောကြောင့် ဘယလည်းမည်၏၊ “ပါပတော ဘာယတိ ဧတေနာတိ ဘယံ၊ ဩတ္တပ္ပမေဝ+ဘယံ ဩတ္တပ္ပဘယံ”ဟုပြု၊ အကုသိုလ်ပြုဖို့အရေးရောက်လျှင် ကြောက်တတ်သူကိုသာချီးမွမ်းကြ၏၊ ပြုရဲသူကို မချီးမွမ်းကြ၊ ဘီရုံ၌ ဘီဓာတ်, ကြု (ပါဠိ၌ရု)ပစ္စည်း၊ ကြောက်လေ့ရှိသူ-ကြောက်တတ်သူတည်း။ [သူရံ-ပဂဗ္ဘဓံသိနံ (ထောင်လွှားတက်ကြွသူကို ဖျက်ဆီးနိုင်သူကို၊ ဝါ-ကြွားတတ်သူကို နှိမ်လေ့ရှိသူကို)၊-ဋီကာ။]
မကောင်းမှုမှ ကြောက်တတ်သောပုဂ္ဂိုလ်ကို။ ပသံသန္တိ၊ ချီးမွမ်းကြကုန်၏။ တတ္ထ၊ ထိုမကောင်းမှုကိုပြုခြင်း၌။ သူရံ၊ ရဲရင့်သူကို။ န ဟိ ပသံသန္တိ၊ မချီးမွမ်းကြကုန်သည်သာ။ ဟိ၊ မချီးမွမ်းခြင်းသည် သင့်မြတ်၏။ ဘယာ၊ မကောင်းမှုမှ ကြောက်ခြင်းကြောင့်။ သန္တော၊ သူတော်ကောင်းတို့သည်။ ပါပံ၊ မကောင်းမှုမှ။ န ကရောန္တိ၊ မပြုကြကုန်၊-ဒေဝတာသံယုတ်, သတုလ္လပကာယိကဝဂ်, သာဓုသုတ်ပါဠိတော်။]
တေသု၊ ထို ၄ပါးသော ဘယတို့တွင်။ ဣဓ၊ ဤ အဟုဒေဝဘယံဟူသော ပါဌ်၌။ စိတ္တုတြာသဘယံ၊ စိတ်၏ထိတ်လန့်ခြင်းဟူသောအကြောက်ခြင်းသည်။ အဟု၊ ဖြစ်ပြီ။ အဟောသိ၊ ဖြစ်ပြီ။ ဣတိ အတ္ထော၊ ဤကား အဟု၏အနက်။
ဆမ္ဘိတတ္တံတိ၊ ကား။ ဆမ္ဘိတဿ၊ ခိုင်မာခြင်းရှိသောကိုယ်၏။ ဘာဝေါ၊ ဖြစ်ကြောင်းဖြစ်ရာသည်။
သကလသရီရစလနံ၊ အလုံးစုံသောကိုယ်၏ တုန်လှုပ်ခြင်းသည်။ (အဟု၌စပ်။) ဣတိ အတ္ထော၊ နက်။
လောမဟံသောတိ၊ ကား။ လောမဟံသနံ၊ အမွေးတို့၏ ရွှင်ခြင်းသည်။ ဝါ၊ ကြက်သီးမွေးညှင်းထခြင်းသည်။ ဥဒ္ဓံ၊ အထက်၌။ ဌိတလောမတာ၊ တည်သောအမွေးရှိသည်၏အဖြစ်သည်။ (ကြက်သီးမွေးညှင်းထသဖြင့် ထောင်နေခြင်းကိုဆိုလိုသည်)။ ဣတိ အတ္ထော။
ပန၊ ဆက်။ သော အယံ လောမဟံသော၊ ထိုအမွေးတို့၏ ရွှင်ခြင်းသည်။ ဝါ၊ ထိုကြက်သီးမွေးညှင်း ထခြင်းသည်။ ဓမ္မဿဝနာဒီသု၊ တရားနာရာအခါ အစရှိသည်တို့၌။ ပီတိဥပ္ပတ္တိကာလေ၊ ပီတိဖြစ်ရာအခါ၌။ ပီတိယာပိ၊ ပီတိကြောင့်လည်း။ ဟောတိ၊ ဖြစ်တတ်၏။
ဘီရုကဇာတိကာနံ၊ ကြောက်တတ်သူ၏အဖြစ်ဟူသောသဘောရှိကုန်သောပုဂ္ဂိုလ်တို့၏။ သမ္ပဟာရပိသာစာဒိ ဒဿနေသု၊ သတ်ပုတ်ရာစစ်ပွဲ မြေဘုတ်ဘီလူး အစရှိကိုအဟု အဟောသီတိ ။ ။ ပါဠိတော်၌ “အဟု‌ ဒေဝ ဘယံ”ဟုရှိသောကြောင့် ပါဠိတော်အတိုင်း “စိတ္တုတြာသဘယံ အဟု”ဟုဆိုပြီးလျှင် ထိုအဟု၌ ဟူဓာတ်, ဤဝိဘတ်, (အ)လာ, သုတ်ကြီးဖြင့် ဤကိုချေ ရဿပြုထားသည်ဟု သိစေလို၍ “အဟောသိ”ဟုအနက်ဖွင့်သည်။ [ကွစိဓာတူတိ အာဒိနာ ဟူသော ဤဝိဘတ္တိဿ လောပေါ, ရဿတ္တံ၊-ရူပသိဒ္ဓိ, အာချာတ် (၄၄၉)။]
ဆမ္ဘိတတ္တံ ။ ။ ထဘိဓာတ်သည် ထမ္ဘ-ခက်မာခြင်းအနက်ကိုဟော၏၊ ထမ္ဘနံ ထမ္ဘော၊ သဉ္ဇာတော ထမ္ဘော အဿ အတ္ထီတိ ထမ္ဘိတံ (သရီရံ)၊ထမ္ဘိတဟု ဖြစ်ပြီးမှ ထကို ဆပြုလျှင် “ဆမ္ဘိတ”ဟု ဖြစ်၏၊ ထို့ကြောင့် ဋီကာသစ်၌ “ဆမ္ဘိတဿာတိ ထမ္ဘိတဿ၊ ထကာရဿ ဆကာရာဒေသော”ဟုဖွင့်သည်၊ ထိုသို့ ဖွင့်ရခြင်းမှာလည်း သက္ကတ၌ “သ္တမ္ဘိတ”ဟုရှိသောကြောင့်တည်း၊ ဆမ္ဘိတဿ-ခက်မာခြင်း တောင့်တင်းခြင်းရှိသော ကိုယ်၏၊ ဘာဝေါ ဆမ္ဘိတတ္တံ၊ “တောင့်တင်းခိုင်မာ”ဟူရာ၌ လက်တွေ့ ခြေတွေ့ မလှုပ်နိုင်ဘဲ တုန်၍နေခြင်းပင်တည်း၊ ထို့ကြောင့် “သကလသရီရစလနံတိ အတ္ထော”ဟု အဓိပ္ပာယ်ဖွင့်သည်။
မြင်ရာအခါ အစရှိသည်တို့၌။ ဘယေနာပိ၊ ကြောက်ခြင်းကြောင့်လည်း။ (ဟောတိ၊ ဖြစ်တတ်၏။)
ဣဓ၊ ဤအဇာတသတ်မင်း၏ကြက်သီးမွေးညှင်းထရာ၌။ (ဝေဒိတဗ္ဗော၌စပ်။) ဘယလောမဟံသောတိ၊ ကြောက်ခြင်းကြောင့်ဖြစ်သောအမွေးတို့၏ရွှင်ခြင်းဟူ၍။ ဝေဒိတဗ္ဗော။ [ဆရာတို့ နိဿယ၌ "ဣဓ၊ ဤ အဟုဒေဝဘယံဟူသော ပါဌ်၌"ဟု စွဲတော်မူ၏။]
ပန၊ ပရိဟာရပက္ခမှ တစ်ပါး, စောဒကပက္ခကို ဆိုဦးအံ့။ ကသ္မာ၊ အဘယ့်ကြောင့်။ ဧသ(ဧသော)၊ ဤမင်းသည်။ ဘီတော၊ ကြောက်သနည်း။ ဣတိ၊ ဤကားအမေးတည်း။
အန္ဓကာရေန၊ အမိုက်မှောက်ကြောင့်။ (ဘီတော၊ ကြောက်၏။) ဣတိ၊ သို့။ ဧကေ၊ အချို့ကုန်သော ဥတ္တရဝိဟာရဝါသီဂိုဏ်းဆရာတို့သည်။ ဝဒန္တိ၊ ဆိုကြကုန်၏။ [ဧကေတိ ဥတ္တရဝိဟာရဝါသိနော၊ ထိုဆရာတို့အလိုကို ဖွင့်ပြလို၍ "ရာဇဂဟေ ကိရ"စသည်မိန့်။]
ကိရ၊ ချဲ့။ ရာဇဂဟေ၊ ရာဇဂြိုဟ်မြို့၌။ ဒွတ္တိံသ၊ ၃၂ပေါက်သော။ မဟာဒွါရာနိ၊ တံခါးမကြီးတို့သည်လည်းကောင်း။ စတုသဋ္ဌိ၊ ၆၄ပေါက်သော။ ခုဒ္ဒကဒွါရာနိ၊ တံခငါးငယ်တို့သည်လည်းကောင်း။ (သန္တိ၊ ရှိကုန်၏)။ [တံခါးကြီးတစ်ပေါက်လျှင် တံခါးငယ် ၂-ပေါက်စီ အခြံအရံရှိသောကြောင့် "စတုသဋ္ဌိ ခုဒ္ဒကဒွါရာနိ"ဟုဆိုသည်။]
ဇီဝကဿ၊ ၏။ အမ္ဗဝနံ၊ သရက်ဥယျာဉ်သည်။ ပါကာရဿစ၊ မြို့ရိုး၏လည်းကောင်း။ ဂိဇ္ဈကူဋဿစ၊ ဂိဇ္ဈကုဋ်တောင်၏ လည်းကောင်း။ အန္တရာ၊ အကြား၌။ ဟောတိ၊ ရှိ၏။
သော၊ ထိုမင်းသည်။ ပါစီနဒွါရေန၊ အရှေ့တံခါးပေါက်ဖြင့်။ နိက္ခမိတွာ၊ ထွက်၍။ ပဗ္ဗတစ္ဆာယာယ၊ တောင်အရိပ်ဖြင့်။ ပါဝိသိ၊ ဝင်ပြီ။ တတ္ထ၊ ထိုသရက်ဥယျာဥ်၌။ ပဗ္ဗတကူဋေန၊ တောင်ထွဋ်သည်။ စန္ဒော၊ လကို။ ဆာဒိတော၊ ဖုံးကွယ်အပ်ပြီ။ ပဗ္ဗတစ္ဆာယာယစ၊ တောင်ရိပ်ကြောင့်လည်းကောင်း။ ရုက္ခစ္ဆယာယစ၊ သစ်ပင်ရိပ်ကြောင့်လည်းကောင်း။ အန္ဓကာရံ၊ အမိုက်မှောက်သည်။ အဟောသိ၊ ဖြစ်ပြီ။ ဣတိ၊ သို့။ (ဝဒန္တိ၊ ကုန်၏။) တံပိ၊ ထိုစကားသည်လည်း။ အကာရဏံ၊ အကြောင်းမဟုတ်။ (ကသ္မာ၊ ကြောင့်။ တံပိ၊ သည်လည်း။ အကာရဏံ၊ အကြောင်းမဟုတ်သနည်း။)
ဟိ(ယသ္မာ)၊ အကျင့်ကြောင့်။ တဒါ၊ မြို့မှ ထွက်၍လာရာထိုအခါ၌။ ဥက္ကာနံ၊ မီးရှူးတို့၏။ သတသဟဿာနံပိ၊ အသိန်းတို့၏သော်မှလည်း။ ပရိစ္ဆေဒေါ၊ အပိုင်းအခြားသည်။ နတ္ထိ၊ မရှိ။ (တသ္မာ၊ ကြောင့်။ တံပိ, အကာရဏံ)။ [အချို့စာအုပ်၌ "သတသဟဿာတိ၊ တသိန်းသို့ဟူ၍လည်း"ဟု ရှိ၏။]
[မိမိ၏ဝါဒကို အဋ္ဌကထာဆရာပြလို၍"အယံ ပန"စသည်မိန့်။] ပန၊ အဟုတ်ကား။ အယံ၊ ဤမင်းသည်။ အပ္ပသဒ္ဒတံ၊ တိုးသောအသံရှိသည်၏အဖြစ်ကို။ နိဿာယ၊ မှီ၍။ (အကြောင်းပြု၍)။ ဇီဝကေ၊ ဇီဝက၌။ အာသင်္ကာယ၊ ယုံမှားခြင်းကြောင့်။ ဘီတော၊ ကြောက်၏။ [ယုံမှားသံသယဖြစ်ပုံ အခြင်းအရာကိုအကျယ်ပြလို၍ "ဇီဝကောကိရ"စသည်မိန့်။]
ကိရ၊ ချဲ့။ ဇီဝကော၊ သည်။ အဿ၊ ထိုမင်းအား။ ဥပရိပါသာဒေယေဝ၊ ပြသာဒ်၏အထက်ထပ်၌ပင်။ အာရောစေသိ၊ သံတော်ဦးတင်ခဲ့ပြီ။ (ကိံ)။
မဟာရာဇာ၊ မဟာရာဇာ။ ဘဂဝါ၊ မြတ်စွာဘုရားကို။ ("ဥပသင်္ကမိတဗ္ဗော"၌စပ်။) ဝါ၊ သည်။ အပ္ပသဒ္ဒကာမော၊ တိုးသောအသံရှိသည်၏အဖြစ်ကိုအလိုရှိတော်မူသည်။ (ဟုတွာ၊ ဖြစ်၍။ ဝါ၊ ဖြစ်ခြင်းကြောင့်။) အပ္ပသဒ္ဒနေဝ၊ တိုးသောအသံဖြင့်သာလျှင်။ ဥပသင်္ကမိတဗ္ဗော၊ ချဉ်းကပ်ထိုက်ပါ၏။ ဣတိ၊ သို့။ အာရောစေသိ)။
တသ္မာ၊ ကြောင့်။ (ထိုသို့ သံတော်ဦးတင်ခဲ့သည်၏အဖြစ်ကြောင့်။) ရာဇာ၊ သည်။ တူရိယသဒ္ဒံ၊ တူရိယာသံကို။ နိဝါရေသိ၊ တားမြစ်ရပြီ။
တူရိယာနိ၊ တူရိယာတို့သည်။ ကေဝလံ၊ တီးမှုတ်ခြင်းမဖက် သက်သက်။ ဂဟိတမတ္တာနေဝ၊ ကိုင်အပ်ကာမျှတို့သည်သာ။ ဟောန္တိ။ ဝါစမ္ပိ၊ စကားသံကိုလည်း။ ဥစ္စံ၊ မြင့်မြင့်။ ဝါ၊ ကျယ်ကျယ်။ အနိစ္ဆာရယမာနာ၊ မထွက်စေကုန်ဘဲ။ အစ္ဆရာသညာယ၊ လက်ဖျစ်တီးသံဟူသောအမှတ်အသားဖြင့်။ ဂစ္ဆန္တိ၊ သွားကြကုန်၏။
အမ္ဗဝနေပိ၊ သရက်ဥယျာဉ်၌လည်း။ ကဿစိ၊ တစ်ပါးတစ်လေ၏။ ခိပိတသဒ္ဒေါပိ၊ ချေဆတ်အပ်သောအသံကိုသော်မှလည်း။ န သုယျတိ၊ မကြားအပ်။
စ၊ သည်သာမကသေး။ ရာဇာနော နာမ၊ မင်းတို့မည်သည်။ သဒ္ဒါဘိရတာ၊ အသံ၌ လွန်စွာမွေ့လျော်ကုန်သည်။ ဟောန္တိ။
သော၊ ထိုမင်းသည်။ တံ အပ္ပသဒ္ဒတံ၊ ထို တိုးသောအသံရှိသည်၏အဖြစ်ကို။ နိဿာယ၊ မှီ၍။ (အကြောင်းပြု၍)။ ဥက္ကဏ္ဌိတော၊ ပျင်းရိ ငြီးငွေ့သည်။ (ဟုတွာ)။ ဇီဝကေပိ၊ ဇီဝက၌လည်း။ အာသင်္ကံ၊ ယုံမှားခြင်းကို။ ဥပ္ပါဒေသိ၊ ဖြစ်စေပြီ။ (ကိံ)။
အယံ ဇီဝကော၊ သည်။ မယှံ၊ အကျွန်ုပ်၏။ အမ္ဗဝနေ၊ ၌။ အဍ္ဎတေဠသာနိ၊ အခွဲအားဖြင့် တစ်ဆယ့်သုံးလီကုန်သော။ ဘိက္ခုသတာနိ၊ ရဟန်းအရာတို့သည်။ (တစ်နည်း) အဍ္ဎတေဠသာနိ ဘိက္ခုသတာနိ၊ တစ်ထောင် နှစ်ရာ့ငါးဆယ်သောရဟန်းတို့သည်။ (သန္တိ)။ ဣတိ, အာဟ၊ ပြောပြီ။
ဧတ္ထစ၊ ဤ ဥယျာဉ်၌လည်း။ ခိပိတသဒ္ဒ မတ္တံပိ၊ ချေဆတ်အပ်သောအသံမျှကိုသော်မှလည်း။ န သုယျတိ၊ မကြားအပ်။ ဧသ(ဧသော)၊ ဤဇီဝကသည်။ အဘူတံ၊ ထင်ရှားမရှိဘဲ။ ဝဉ္စေတွာ၊ လှည့်ပတ်၍။ မံ၊ ငါ့ကို။ နဂရတော၊ မြို့မှ။ နီဟရိတွာ၊ ထုတ်ဆောင်၍။ ပုရတော၊ ရှေ့၌။ ဗလကာယံ၊ ဗိုလ်ပါ အပေါင်းကို။ ဥပဋ္ဌပေတွာ၊ ဖြစ်စေ၍။ မံ၊ ကို။ ဂဏှိတွာ၊ ဖမ်းယူ၍။ အတ္တနာ၊ ကိုယ်တိုင်။ ဆတ္တံ၊ ထီးဖြူကို။ ဥဿာပေတုကာမော၊ ထောင်မတ်စေခြင်းငှာအလိုရှိသည်။ ဝါ၊ စိုက်ယူခြင်းငှာအလိုရှိသည်။
(ဟောတိ) မညေ၊ ဖြစ်လေယောင်တကား။ ဟိ၊ ကြံသင့်၏။ အယံ၊ ဤဇီဝကသည်။ ပဉ္စန္နံ၊ ငါးစီးကုန်သော။ ဟတ္ထီနံ၊ ဆင်တို့၏။ ဗလံ၊ အားကို။ ဓာရေတိ၊ ဆောင်နိုင်၏။
စ၊ သည်သာမကသေး။ မမ၊ ငါ၏။ အဝိဒူရေနေဝ၊ အနီးအရပ်ဖြင့်သာ။ ဂစ္ဆတိ၊ သွားနေ၏။ မေ၊ ငါ၏။ သန္တိကေစ၊ အနီး၌လည်း။ အာဝုဓဟတ္ထော၊ လက်၌လက်နက်ရှိသော။ ဧကပုရိသောပိ၊ တစ်ယောက်သောယောကျ်ားသော်မှလည်း။ နတ္ထိ၊ မရှိ။
မေ၊ ငါ၏။ အနတ္ထော၊ စီးပွားမဲ့သည်။ အဟောဝတ၊ ဪ....ဖြစ်လေစွတကား။ ဣတိ၊ ဤသို့ ကြံ၍။ (အာသင်္ကံ၊ ကို။ ဥပ္ပါဒေသိ၊ ပြီ)။
[ကြောက်ခြင်းအကြောင်းကို ပြပြီး၍ ဇီဝကအားပြောပုံကို ဆက်ပြလိုသောကြောင့် "ဧဝံ ဘာယိတွာ စပန"စသည်မိန့်၊ ဘာယိတွာတိ ဘာယန ဟေတု၊-ဋီကာသစ်။] စပန၊ ထပ်၍ ဆက်ဦးအံ့။ ဧဝံ၊ ဤသို့။ ဘာယိတွာ၊ ကြောက်ခြင်းကြောင့်။ အဘီတောဝိယ၊ မကြောက်သူကဲ့သို့။ သန္ဓာရေတုမ္ပိ၊ စိတ်ကိုကောင်းစွာဆောင်ထားခြင်းငှာလည်း။ (မျိုသိပ်ထားခြင်းငှာလည်း။) နာသက္ခိ၊ မစွမ်းနိုင်။
အတ္တနော၊ မိမိ၏။ ဘီတဘာဝံ၊ ကြောက်သည်၏အဖြစ်ကို။ တဿ၊ ထိုဇီဝကအား။ အာဝီ၊ ထင်စွာ။ အကာသိ၊ ပြုပြီ။
တေန၊ ထို့ကြောင့်။
အထခေါ ရာဇာ။ ပေ။ န နိဂ္ဃေါသောတိ၊ အထခေါ ရာဇာ၊ပေ၊န နိဂ္ဃေါသောတိဟူ၍။ (အာယသ္မတာအာနန္ဒတ္ထေရေန)။ ဝုတ္တံ။
တတ္ထ၊ ထို အထခေါ ရာဇာအစရှိသောစကားရပ်၌။ သမ္မာတိ၊ သမ္မဟူသော။ ဧသ(ဧသော)၊ ဤသဒ္ဒါသည်။ ဝယသာဘိလာပေါ၊ အရွယ်အားဖြင့် တူသူကိုခေါ်ကြောင်း သဒ္ဒါတည်း။ ဝါ၊ မိတ်ဆွေကိုခေါ်ကြောင်းသဒ္ဒါတည်း။သမ္မ ။ ။ သက္ကတ၌ "သော်မျ"သည် ပါဠိ၏ "သမ္မ"ဖြစ်သည်ဟု ဆို၏၊ သောမသဒ္ဒါသည် "လ"ဟူသောအနက်ကိုဟော၏၊ ထိုလကဲ့သို့ ချစ်စရာကောင်းသောအရာကိုလည်း "သောမောဣဝ"ဟု ဝိဂ္ဂဟပြု၍ ယပစ္စည်း၊ သွတ္ထ၌ အဏ်ပစ္စည်းထပ်သက်၍ "သော်မျ-ချစ်ဖွယ်ကောင်းသောမိတ်ဆွေ"ဟုဖြစ်၏၊ ထိုမှပြောင်းလာသော "သမ္မ"သဒ္ဒါလည်း ထိုအနက်ကိုပင် ဟော၏၊ ထို့ကြောင့် "ဝယသာဘိလာပေါ"ဟု ဆိုသည်၊ "သမ္မ-အချင်း"ဟု နိဿယ‌‌ပေးရာ၌လည်း "အချင်းချင်း-သူငယ်ချင်း"ဟုဆိုလိုသည်။ [ဋီကာသစ်၌ကား "သမ္မသဒ္ဒေါ သမာနတ္ထော, သမာနဘာဝေါစ ဝယေန"ဟု ဖွင့်၏၊ ထိုအလို "သမောယေဝ သမ္မော"ဟု သွတ္ထ၌ ယပစ္စည်းသက်ရလိမ့်မည်။]
ဝယသ ။ ။ ဝယေန-အရွယ်အားဖြင့်+သမာနော-တူသူတည်း၊ ဝယသော-သူ၊ သမာနကို (သ)ပြု၊ ဥပမာ-ဟရိသဝဏ္ဏော၌ "ဟရိသမာနဝဏ္ဏော-ရွှေအဆင်းနှင့်တူသောအဆင်းရှိ၏"ဟု အနက်ဖြစ်လျက် သမာနကို သပြုသကဲ့သို့တည်း၊ ဤသဒ္ဒါသည်နည်းအလိုအားဖြင့် "အရွယ်တူ"ကိုသာ ဟောနိုင်သော်လည်း အထင်ရုဠီအားဖြင့် အရွယ်မတူစေကာမူ သဟာယ်ချင်း (သူငယ်ချင်း)ဟူသမျှကိုလည်း ဟောနိုင်၏၊ ဥပမာ-"အဟံဝိယ ဒိဿတီတိ မာရိသော"ဟူသော ဝိဂြိုဟ်အရမာရိသသဒ္ဒါသည် "ငါနှင့်တူသူ-ငါ့ကို စိတ်ချမ်းသာသူ"အနက်ကိုဟောစေကာမူ ဒုက္ခရှိနေသော ငရဲသားကိုလည်း ရုဠီအားဖြင့် "မာရိသ"ဟု ခေါ်နိုင်သကဲ့သို့တည်း၊ ဝယသဿ-မိတ်ဆွေကို+အဘိလာပေါ-ရှေးရှုခေါ်ကြောင်းသဒ္ဒါတည်း၊ ဝယသာဘိလာပေါ၊ ဤသို့ပြုသင့်၏၊ ဋီကာသစ်၌"တေန+အဘိလာပေါ"ဟု ဖွင့်သည်ကို စဉ်းစားပါ။
ဝယသ၊ မိတ်ဆွေ။ ကစ္စိ၊ အသို့နည်း။ မံ၊ ငါ့ကို။ (န ပလမ္ဘေသိ၊ မဖြားယောင်းဘဲရှိပါ၏လော"၌စပ်။) ဣတိ ဝုတ္တံ ဟောတိ။
န ပလမ္ဘေသီတိ၊ ကား။ ယံ၊ အကြင်အရာဝတ္ထုသည်။ (တစ်ထောင့် နှစ်ရာ့ငါးဆယ်သော သံဃာအပေါင်းသည်။) နတ္ထိ၊ မရှိ။ တံ၊ ထိုအရာဝတ္ထုကို။ အတ္ထီတိ၊ ရှိ၏ဟူ၍။ ဝတွာ၊ ပြောဆို၍။ ကစ္စိ၊ အသို့နည်း။ မံ၊ ကို။ န ဝိပ္ပလမ္ဘေယျာသိ၊ မဖြားယောင်းဘဲ ရှိပါ၏လော။
နိဂ္ဃေါသောတိ၊ ကား။ ကထာသလ္လာပ နိဂ္ဃေါသော၊ စကားပြောခြင်းဟူသောကျယ်စွာသောအသံသည်။ ("န ဘဝိဿတိနာမ၊ မဖြစ်ဘဲရှိရသနည်း"၌စပ်)။ [ကထာယ+သလ္လာပေါ၊ ကထာသလ္လာပေါ၊ ကထာသလ္လာပေါဝ+နိဂ္ဃေါသော ကထာသလ္လာပ နိဂ္ဃေါသော။]
မာ ဘာယိ မဟာရာဇာတိ၊ ကား။ ဇီဝကော၊ သည်။ (အာဒိမာဟ ၌စပ်။)
အယံ ရာဇာ၊ ဤမင်းသည်။ မံ၊ ငါ့ကို။ အယံ၊ ဤဇီဝကသည်။ ပရံ၊ သူတစ်ပါးကို။ ဇီဝိတာ၊ ဇီဝိတိန္ဒြေမှ။ န ဝေါရောပေတိ၊ မခွင့်တော့။ (သော‌တာပန်ဖြစ်၍ သူ့အသက်မသတ်တော့။) ဣတိ၊ သို့။ န ဇာနာတိ၊ မသိ။ ပန၊ ထိုသို့ပင် မသိပါသော်လည်း။ နံ၊ ထိုမင်းကို။ သစေ န အဿာသေဿာမိ၊ အကယ်၍ မသက်သာစေအံ့။ (ဧဝံသတိ)။ ဝိနဿေယျ၊ ပျက်စီးရာ၏။ [စိတ်ပင်ပန်းစရာရှိခြင်းကို "ဝိနဿေယျ"ဟု ဆိုသည်။] ဣတိ၊ သို့။ စိန္တယိတွာ၊ ကြံ၍။ ဒဠှံ၊ ခိုင်မြဲသည်ကို။ ကတွာ၊ ၍။ သမဿာသေန္တော၊ သက်သာစေလိုသည်။ (ဟုတွာ)။ မာ ဘာယိမဟာရာဇာတိ၊ ဟူ၍။ ဝတွာ၊ သံတော်ဦးတင်ပြီး၍။ န တံ ‌ဒေဝါတိအာဒိံ၊ န တံ ဒေဝအစရှိသောစကားကို။ အာဟ၊ သံတော်ဦးတင်ပြီ။ ["န တံ ဒေဝဝဉ္စေမိ"စသည်ဖြင့် တိုက်ရိုက်ဟောခြင်းကို ပင်"ဒဠှံ ကတွာ"ဟုဆိုသည်၊ န တံ ဒေဝါတိ အာဒိဝစနံ သန္ဓာယ ဒဠှံ ကတွာတိ ဝုတ္တံ၊-ဋီကာသစ်။]
အဘိက္ကမာတိ၊ ကား။ အဘိမုခေါ၊ ရှေးရှုသည်။ (ဟုတွာ)။ ကမ ဂစ္ဆ၊ သွားပါလော။ ပဝိသ၊ ဝင်ပါလော။ ဣတိ အတ္ထော။
ပန၊ ဆက်။ သကိံ၊ တစ်ကြိမ်။ ဝုတ္တေ၊ ဆိုအပ်သော်။ ဒဠှံ၊ ခိုင်မြဲသည်။ န ဟောတိ။ ဣတိ၊ ထို့ကြောင့်။ တရမာနောဝ၊ ပလမ္ဘေသိ ။ ။ စုရာဒိ လဘိဓာတ်သည် "ဝဉ္ဇန-လှည့်ပတ် ဖြားယောင်ခြင်း"အနက်ကို ဟော၏၊ စုရာဒိ ဏေပစ္စည်း, ဧယျာသိပိဘတ်၏ ဧယျကို ချေ၍ "ပလမ္ဘေသိ"ဟု ဖြစ်ကြောင်းသိစေလိုသောကြောင့် "ဝိပ္ပလမ္ဘေယျာသိ"ဟု ဖွင့်သည်၊ ပါဠိတော်၌ "န ဝဉ္စေသိ"ကိုပင် "န ပလမ္ဘေသိ"ဟု ထပ်၍ ပရိယာယ်ဆိုသည်၊ ဤနေရာ၌ လှည့်ပတ်ခြင်းကိုပင် "ဖြားယောင်းခြင်း, သွေးဆောင်ခြင်း"ဟု ယူပါ-ဟူလို။
အဘိက္ကမ ။ ။ အဘိကို "အဘိမုဒေါ"ဟု ဖွင့်၍, ကမကို "ဂစ္ဆ"ဟု ဖွင့်သည်၊ "ကမု-ပဒဝိက္ခေပေ (ဂတိမှိ)"ဟူသော ဓာတ်နက်ကို ဖွင့်ခြင်းတည်း၊ ထိုသို့ "ရှေးရှုသွားခြင်း"ဟူသည် ကျောင်းတိုက်အတွင်းသို့ ဝင်ခြင်းပင်တည်း၊ ထို့ကြောင့် "ပဝိသာတိ အတ္ထော"ဟု အဓိပ္ပာယ်နက်ဖွင့်သည်။
အဆောတလျင်သာလျှင်။ (ဟုတွာ)။ ဒွိက္ခတ္တုံ၊ ၂ကြိမ်။ အာဟ၊ ပြီ။
ဧတေ မဏ္ဍလမာဠေ ဒီပါ ဈာယန္တီတိ၊ ကား။ မဟာရာဇ၊ ဇာ။ စောရဗလံ နာမ၊ ခိုးသူအပေါင်းမည်သည်။ ဒီပေ၊ ဆီမီးတို့ကို။ ဇာလေတွာ၊ တောက်စေ၍။ ဝါ၊ ညှိထွန်း၍။ နတိဋ္ဌတိ၊ မတည်ပါ။ (မီးထွန်း၍ နရိုးမဟုတ်ပါ။) မဏ္ဍလမာဠေ၊ တန်ဆောင်းဝန်း၌။ ဧတေစဒီပါ၊ ဤဆီမီးတို့သည်လည်း။ ဇလန္တိ၊ တောက်ပပါကုန်၏။
မဟာရာဇ၊ ဇာ။ ဧတာယ ဒီပသညာယ၊ ဤ ဆီမီးအမှတ်အသားဖြင့်။ ယာဟိ၊ သွားပါလော။ ဣတိ, ဝဒတိ၊ သံ‌တော်ဦးတင်၏။တရမာနောဝ ဒွိက္ခတ္တုံ ။ ။ "အဘိက္ကမ မဟာရာဇ"ဟု တစ်ခွန်းတည်းပြောလျှင် အေးစက်စက်ပြောလိုဖြစ်သောကြောင့် ခိုင်မြဲသောစကားမဟုတ်၊ ထို့ကြောင့် ခိုင်မြဲအောင်အဆောတလျင်အနေအားဖြင့် ၂-ကြိမ်ထပ်၍ပြောသည်၊ (ပါဠိတော် ကြည့်ပါ၊)"ဘယေ ကောဓေပသံသာယံ, တုရိတေ"စသော အဘိဓာန် (၁၀၇)လာ အာမေဍိတ် စကားပြောရာ၌ တုရိတအာမေဍိတ်ပင်တည်း၊ ထို့ကြောင့် "တရမာနောဝ"ဟုဆို၏။
မဟာရာဇ စောရဗလံ နာမ ။ ။ "အဘိက္ကမ မဟာရာဇ"ဟု တိုက်တွန်းပြီးနောက်ထိုသို့ တိုက်တွန်းရခြင်း၏အကြောင်းကိုပြလို၍ "ဧတေ မဏ္ဍလမာဠေ ဒီပါ ဈာယန္တိ"ဟု သံတော်ဦးတင်သည်ဟု စကား ၂-ရပ် ဆက်သွယ်နေပုံကို ပြခြင်းငှာ "မဟာရာဇ စောရဗလံ နာမ"စသည်ကိုမိန့်သည်။