Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Sīlakkhandhavaggaṭṭhakathā
(DN) Sīlakkhandhavaggaṭṭhakathā

Pokkharasātiupāsakattapaṭivedanāvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဧတေန၊ ဤပုဏ္ဏားသည်။ ဒိဋ္ဌော၊ မြင်အပ်ပြီးသော။ အရိယသစ္စဓမ္မော၊ အရိယသစ္စာတရားသည်။ (အတ္ထိ၊ ၏။) ဣတိ၊ ဤသို့မြင်အပ်ပြီးသောအရိယသစ္စာတရားရှိသည်၏ အဖြစ်ကြောင့်။ ဝါ၊ အရိယသစ္စာတရားကို မြင်ပြီး၏ အဖြစ်ကြောင့်။ (သော၊ ထိုပုဏ္ဏားသည်။) **ဒိဋ္ဌဓမ္မော**၊ မည်၏။
သေသပဒေသုပိ၊ ကြွင်းသောပုဒ်တို့၌လည်း။ (ပတ္တဓမ္မော, ဝိဒိတဓမ္မော, ပရိယောဂါဠှဓမ္မောပုဒ်တို့၌လည်း။) ဧသ၊ ဤအစီအရင်သည်။ နယော၊ သိကြောင်းအစီအရင်တည်း။ [ဓမ္မအရအရိယသစ္စာကို ယူပါဟုလည်းကောင်း, တတိယာဗဟုဗွီဟိသမာသ်ပြုပါဟုလည်းကောင်းညွှန်သည်။]
အနေန၊ ဤပုဏ္ဏားသည်။ တိဏ္ဏာ၊ လွန်မြောက်အပ်ပြီးသော။ ဝိကိစ္ဆာ၊ သည်။ (အတ္ထိ၊ ၏။) ဣတိ၊ ဤသို့လွန်မြောက်အပ်ပြီးသော ဝိစိကိစ္ဆာရှိအဖြစ်ကြောင့်။တံ ဟိ ပေ၊ ဥပ္ပဇ္ဇတိ။ ။ သောတာပတ္တိမဂ်ဉာဏ်သည်နိဗ္ဗာန်ဟူသော နိရောဓသစ္စာကို အာရုံပြုသည်မဟုတ်ပါလော။ အဘယ့်ကြောင့် "ယံကိဉ္စိ သမုဒယဓမ္မံ ၊ပေ၊ နိရောဓ ဓမ္မံ" ဟု သင်္ခတတရားများကို သိပုံကိုပြပါသနည်း-ဟု မေးဖွယ်ရှိသောကြောင့် "တံ ဟိ" စသည်ကိုမိန့်သည်။ မဂ်သည်နိဗ္ဗာန်ကို အာရုံပြုပါသော်လည်း ထိုသင်္ခတရားတို့ကိုလည်း အသမ္မောဟပဋိဝေဓ (မတွေမဝေသော ရှင်းပြီးလင်းပြီးသော) အသိအားဖြင့်သိသောကြောင့် ထိုသင်္ခတတရားများကို ထိုးထွင်း၍ သိပုံကို ပြရသည်-ဟူလို။
ဒိဋ္ဌဓမ္မော စသည်။ ။ "ဒိဋ္ဌ-မြင်အပ်ပြီ" ဟူရာ၌ဉာဏ်အမြင်မှ တစ်ပါး အခြား သော မျက်စိအမြင်လည်း ရှိသောကြောင့် ထိုအခြားအမြင်ကို တားမြစ်ခြင်းငှာ "ပတ္တဓမ္မော" ဟု ထပ်၍ မိန့်တော်မူ၏။ "ပတ္တ-ရောက်အပ်ပြီး" ဟူရာ၌လည်း ဉာဏ်ဖြင့် ရောက်ခြင်းမှတစ်ပါး အခြားသော ကိုယ်စိတ်တို့ဖြင့် ရောက်ခြင်းလည်း ရှိသေးသောကြောင့် ထိုအခြားရောက်ခြင်းကို တားမြစ်ခြင်းငှာ "ဝိဒိတဓမ္မော" ဟု ထပ်၍မိန့်တော်မူရပြန်သည်။ "ဝိဒိတ-သိအပ်ပြီး"ဟူရာ၌တစ်စိတ်တစ်ဒေသ သိခြင်းနှင့်လည်း ဆိုင်သောကြောင့် ထိုတစ်စိတ်တစ်ဒေသ သိခြင်းကို တားမြစ်ခြင်းငှာ "ပရိယောဂါဠှဓမ္မော" ဟု ထပ်ဆင့်၍ မိန့်တော်မူရပြန်သည်။ "ပရိ-ထက်ဝန်းကျင် + ဩ (အဝ)-အတွင်းသို့ + ဂါဠှ-သက်ဝင်မွှေနှောက်သောအားဖြင့်သိ" ဟု ဆိုသော ကြောင့် "တစ်စိတ်တစ်ဒေသသိခြင်း မဟုတ်, သစ္စာ ၄ ပါးကို သိထိုက်သမျှအစွမ်းကုန် သိပြီးဖြစ်သည်" ဟု ဆိုလိုသည်။
တိဏ္ဏဝိစိကိစ္ဆော။ ။ ဘေးရန်အန္တရာယ်များသော ခရီးခဲနှင့် တူသော ၁၆ ပါး သော ဝတ္ထု, ၈ ပါးသော ဝတ္ထုတို့ကို အာရုံပြုသော ဝိစိကိစ္ဆာကို လွန်မြောက်ပြီးဖြစ်သည်-ဟူလို။ ၁၆ ပါးသရုပ်ကို သင်္ဂြိုဟ်ဘာသာဋီကာ ကင်္ခါဝိတရဏဝိသုဒ္ဓိခန်း၌ပြခဲ့ပြီ။ ၈ ပါးကား "ဗုဒ္ဓေ ကင်္ခတိ, ဓမ္မေ, သံဃေ, သိက္ခာယ, ပုဗ္ဗန္တေ၊ အပရန္တေ, ပုဗ္ဗန္တာပရန္တေ၊ ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပါဒေသု ကင်္ခတိ" တည်း။
ဝါ၊ ဝိစိကိစ္ဆာကို လွန်မြောက်ပြီး၏ အဖြစ်ကြောင့်။ (သော၊ ထိုပုဏ္ဏားသည်။) **တိဏ္ဏဝိစိကိစ္ဆော**၊ မည်၏။
အဿ၊ ထိုပုဏ္ဏား၏။ ဝိဂတာ၊ ကင်းသော။ ကထံကထာ၊ အဘယ်သို့ပါလိမ့်ဟု ပြောဆိုကြောင်း ဝိစိကိစ္ဆာသည်။ (အတ္ထိ၊ ၏။) ဣတိ၊ ဤသို့ကင်းသော ကထံကထာရှိသည်၏ အဖြစ်ကြောင့်။ ဝါ၊ ကထံကထာမှ ကင်းသည်၏ အဖြစ်ကြောင့်။ သော၊ ထိုပုဏ္ဏားသည်။ **ဝိဂတကထံကထော**၊ မည်၏။
**ဝေသာရဇ္ဇပ္ပတ္တော**တိ၊ ကား။ ဝိသာရဒဘာဝံ၊ ကင်းသော ရွံ့ရှာခြင်းရှိသူ၏ အဖြစ်သို့။ ပတ္တော၊ ရောက်ပြီ။
ကတ္ထ၊ အဘယ်၌။ (ဝေသာရဇ္ဇပ္ပတ္တော၊ ကင်းသောရွံ့ရှာခြင်းရှိသူ၏အဖြစ်သို့ ရောက်သနည်း။)
သတ္ထုသာသနေ၊ မြတ်စွာဘုရား၏ သာသနာတော်၌။ (ဝေသာရဇ္ဇပ္ပတ္တော၊ ပြီ။)
အဿ၊ ထိုပုဏ္ဏား၏။ ပရော၊ သူတစ်ပါးဟူသော။ ပစ္စယော၊ စွဲ၍ ဖြစ်ရာသည်။ ဝါ၊ ယုံကြည်ထိုက်သူသည်။ န၊ မရှိ။ ပရဿ၊ သူတစ်ပါး၏။ သဒ္ဓါယ၊ သဒ္ဓါကြောင့်။ (တစ်နည်း။) ပရဿ၊ သူတစ်ပါးကို။ သဒ္ဓါယ၊ ယုံကြည်ခြင်းကြောင့်။ဝိဂတကထံကထော။ ။ ပဝတ္တိ-ဝဋ်ဒုက္ခ၏ ဖြစ်ရာသံသရာ။ နိဝတ္တိ-ဒုက္ခ၏ ဆုတ်နစ်ရာ (နိဗ္ဗာန်) တို့၌"ဘယ်လို ဖြစ်ပါလိမ့်, ဒီလိုဖြစ်တာလေလား" စသည်ဖြင့်ပြောဆိုကြောင်း ဝိစိကိစ္စာကိုပင် "ကထံကထာ" ခေါ်၏။ ထိုပုဒ်၏ပြီးပုံကို ရှေ့ နီဝရဏပဟာန ကထာအဖွင့်၌ပြခဲ့ပြီ။
ဝေသာရဇ္ဇပ္ပတ္တော။ ။ သာရဒသဒ္ဒါသည် ကြောက်ရွံ့ခြင်းအနက်ကို ဟော၏။ ထိုသို့ကြောက်ရွံ့ခြင်းမရှိသူကို "ဝိသာရဒ" ဟု ခေါ်၏။ ဝိဂတော + သာရဒေါ ယသ္မာတိ ဝိသာရဒေါ၊ ဝိသာရဒဿ + ဘာဝေါ ဝေသာရဇ္ဇံ၊ တံ + ပတ္တော (အဓိဂတော-ရပြီ။) ဣတိဝေသာရဇ္ဇပ္ပတ္တော။ [သာရဇ္ဇကရာနံ-ကြောက်ရွံ့သူ၏ အဖြစ် (ကြောက်ရွံ့ခြင်းကို ပြုတတ်ကုန်သော) ပါပဓမ္မာနံ သုပ္ပဟီနတ္တာ တပ္ပဋိပက္ခေသုစ (ထိုပါပဓမ္မ၏ ဆန့်ကျင်ဘက်ဖြစ်ကုန်သော) သီလာဒိဂုဏေသု သုပ္ပတိဋ္ဌိတတ္တာ ဝေသာရဇ္ဇံ ဝိသာရဒဘာဝံ ဝေယျတ္တိယံ (ထက်မြက်သူ၏ အဖြစ်သို့) ပတ္တော အဓိဂတော။] ဤဝေသာရဇ္ဇပတ္တသည် အဘယ်အရာ၌ဖြစ်ပါ သနည်း-ဟု မေးဖွယ်ရှိသောကြောင့် "သတ္ထုသာသနေ" ဟု ပါဠိတော်၌မိန့်သည်။ သတ္ထုသာသနာတော်၌ယုံမှားခြင်း မရှိဘဲ ခိုင်မြဲစွာ တည်ခြင်းကိုပင် "ဝေသာရဇ္ဇပ္ပတ္တော" ဟု ဆိုလိုသည်။
မှတ်ချက်။ ။ ယခုခေတ်၌လည်း မိမိကမရိုးသားဘဲ ခိုးကြောင်ခိုးဝှက် သူတော်ကောင်းယောင်ဆောင်နေသူသည်(သာသနာတော်ကို ကိုးကွယ်ဆည်းကပ်နေသူသည်) သူတစ်ပါး၏ စွပ်စွဲမည်အရေးကိုလည်းကောင်း, နောင်တမလွန်အရေးကိုလည်းကောင်း တွေး၍ ကြောက်ရွံ့နေတတ်၏။ ထိုသို့ မဟုတ်သူကား သာသနာတော်ကို ကိုးကွယ်ဆည်းကပ်ရာ၌လည်းကေင်း, ဤဘဝ နောက်ဘဝအတွက်လည်းကောင်း, ကြောက်ရွံ့စိတ်မရှိဘဲ ရဲရင့်လေသည်။
အပရပ္ပစ္စယော။ ။ မိမိကိုယ်တိုင် ဒိဋ္ဌဓမ္မ, ပတ္တဓမ္မ, ဝိဒိတဓမ္မ, ပရိယောဂါဠှဓမ္မ၊ ဖြစ်ပြီးရကား အပြောကောင်း အဟောကောင်းသော သူတစ်ပါးကြောင့် ယုံကြည်ခြင်းမဟုတ်-ဟု ပြလို၍ "အပရပ္ပစ္စယော သတ္ထုသာသနေ" ဟု မိန့်သည်။ [သတ္တုသာသနေကိုဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော ၂ ပုဒ်၏ အာဓာရဟု မှတ်ပါ။] ပစ္စယ၌"ပတိ + အယ" ဟု ခွဲပါ။ စွဲ၍ဖြစ်ရာ (အကြောင်းပြု၍ ဖြစ်ရာ) ဟု သဒ္ဒတ္ထ, ယုံကြည်အပ်သူ" ဟု ဝေါဟာရတ္ထဟု ဖြစ်၏။ ပရော + ပစ္စယော ပရပစ္စယော - ယုံကြည်အပ်သောသူတစ်ပါး။ နတ္ထိ + ပရပ္ပစ္စယော ယဿာတိ အပရပ္ပစ္စယော-သာသနာတော်နှင့် မိမိ၏ အကြား၌ယုံကြည်အပ်သော အခြားလူတစ်ယောက် ရှိသူမဟုတ်။ သာသနာကို မိမိကိုယ်ကိုင်သိ၍ ယုံကြည်သူဖြစ်သည်။ "န ပရဿ သဒ္ဓါယ ဝတ္တတိ-မိမိနှင့် ရင်းနှီးသူတစ်ယောက်က ယုံကြည်သောကြောင့် မိမိလည်းလိုက်၍ ယုံကြည်ရသည်မဟုတ်" ဟူလို။
ဧတ္ထ၊ ဤသာသနာတော်၌။ နဝတ္တတိ၊ ဖြစ်သည်မဟုတ်။ ဝါ၊ ကျင့်သည်မဟုတ်။ [န ဝတ္တတီတိ န ပဝတ္တတိ။ န ပဋိပဇ္ဇတိဝါ၊ ဋီကာသစ်။] ဣတိ၊ ကြောင့်။ (သော၊ ထိုပုဏ္ဏားသည်။) အပရပ္ပစ္စယော၊ မည်၏။
သဗ္ဗတ္ထ၊ အလုံးစုံသော ဝါကျတို့၌။ သေသံ၊ ကြွင်းသော ပုဒ်အပေါင်းသည်။ ဝုတ္တနယတ္တာ၊ ဖွင့်ဆိုအပ်ပြီးသော နည်းရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း။ ဥတ္တာနတ္ထတ္တာစ၊ ပေါ်လွင်သော အနက်ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း။ ပါကဋမေဝ၊ ထင်ရှားသည်သာ။ ဣတိ၊ အပြီးတည်း။
ဣတိ၊ ဤအဖွင့်အစဉ်ဖြင့်။ သုမင်္ဂလဝိလာသိနိယာ၊ သုမင်္ဂလဝိလာသိနီမည်သော။ ဒီဃနိကာဋ္ဌကထာယံ၊ ဒီဃနိကာယ် အဋ္ဌကထာ၌။
အမ္ဗဋ္ဌသုတ္တဝဏ္ဏနာ၊ အမ္ဗဋ္ဌသုတ်၏ အဖွင့်သည်။ နိဋ္ဌိတာ၊ ပြီးပြီ။ဋီကာ။ ။ အတ္တနာ ပစ္စက္ခတော ဒိဋ္ဌတ္တာ အဓိဂတတ္တာ န ပရံ ပစ္စေတိ၊ န တဿပရော ပစ္စေတဗ္ဗော အတ္တီတိ အပရပ္ပစ္စယော-သတ္ထုသာသနာဟူသည်အဓိသီလ အဓိစိတ္တ အဓိပညာတည်း။ ထိုသာသနာကို ကိုယ်တိုင်မြင်အပ်သိအပ်ပြီး၏ အဖြစ်ကြောင့် (ထိုသာသနာအတွက်) သူတစ်ပါးကိုစွဲမှီ၍ ဖြစ်စရာမလိုတော့။ ထိုပုဏ္ဏားမှာ သာသနာတော်ကို ယုံကြည်မှု အရေး၌စွဲမှီ၍ ဖြစ်ထိုက် ယုံကြည်ထိုက်သူ အခြားသူ (ကြားလူ) မရှိတော့။ ထို့ကြောင့် အပရပ္ပစ္စယဖြစ်သည်။
ဝိသုဒ္ဓိမဂ်။ ။ နဝပိဓောပိ လောကုတ္တရဓမ္မော ယေန ယေန အဓိဂတော ဟောတိ၊ တေန တေန (ထိုထိုလောကုတ္တရာတရားကို ရသောပုဂ္ဂိုလ်သည်) ပရသဒ္ဓါယ ဂန္တဗ္ဗတံ ဟိတွာ (သူတစ်ပါးကို ယုံကြည်ခြင်း-ကိုယ့်မိတ်ဆွေက ဆည်းကပ်လို့ မိမိလည်း လိုက်၍ ဆည်းကပ်ခြင်းအားဖြင့် ဆည်းကပ်ထိုက်သည်၏ အဖြစ်ကို စွန့်၍) ပစ္စဝေက္ခဏညာဏေန သယံ ဒဋ္ဌဗ္ဗော (မဂ်ဖိုလ်ရပြီးသောအခါ ပစ္စဝေက္ခဏာညာဏ်ဖြင့် ကိုယ်တိုင်ပင်သိမြင်ထိုက်၏) ဣတိသန္ဒိဋ္ဌိကော၊ ဓမ္မာနုဿတိအဖွင့်၊ ထို၌ပရသဒ္ဓါယသည်ဤ၌ ပရဿ သဒ္ဓါယနှင့် သဘောတူပင်တည်း။