Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Sīlakkhandhavaggaṭṭhakathā
(DN) Sīlakkhandhavaggaṭṭhakathā

Pūraṇakassapavādavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဧကမိဒါဟံတိ (ပဒဿ)၊ ဧကမိဒါဟံဟူသောပုဒ်၏။ ဧကံ ဣဒံ အဟံ (တိ)၊ ဧကံ ဣဒံ အဟံဟူ၍။ (ပဒစ္ဆေဒေါကာတဗ္ဗော)။ [အဟံ၊ ဒကာတော်သည်။ ဧကံ၊ တစ်ပါးသော။ (သမယံ၊ ၌။ ဥပသင်္ကမိံ၊ ချဉ်းကပ်ခဲ့ပါပြီ,ဟု ပါဠိတော်၌စပ်။) ဣဒံတိ နိပါတမတ္ထံ၊-ဋီကာ၊ ဤအလို "ဧကံ+ဣဓ"ဟုဓအောက်ခြိုက်ဖြင့် ပုဒ်မဖြတ်ရ၊ သို့သော် ဓအောက်ခြိုက်ဖြင့်လည်းမူကွဲရှိ၏။] [ရှေးစာအုပ်များ၌"ဧတ္ထ သမ္မောဒနီယံ"ဟုရှိ၏၊ "ဧတ္ထ၊ ဤ ဧကမိဒါဟံအစရှိသောပါဌ်၌"ဟုပေးပါ။]
သမ္မောဒနီယံ၊ပေ၊ဝီတိသာရေတွာတိ၊ ကား။ သမ္မောဒဇနကံ၊ ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သော။ သရိတဗ္ဗယုတ္တကံ၊ အမှတ်ရခြင်းအား သင့်လျော်သော။ ဝါ၊ အမှတ်ရထိုက်သည်၏ သမ္မောဒနိယံ ။ ။ သမ္မောဒဇနကံဖြင့် ဇနေတိတဒ္ဓိတ်ကိုပြ၏၊ သမ္ဗောဒီယတေ-ဝမ်း‌မြောက်ခြင်း၊သမ္မောဒနံ-ခြင်း၊ "သမ္မောဒနံ-ကို+ဇနေတီတိ သမ္မောဒနိကာ"ဟု ဖြစ်သင့်လျက်"ကကို ယပြု"ဟု အမ္ဗဋ္ဌသုတ်ဋီကာ၌ ဖွင့်လတံ့၊ ဤအလို နိ၌ ရဿရှိရပေလိမ့်မည်။ [ကထာငဲ့၍ ဣတ္ထိလိန်၊ "သမ္မောဒနိယံ"ကာ ဒုတိယန္တတည်း။] အဖြစ်နှင့်ယှဉ်သော။ ကထံ၊ စကားကို။ ပရိယော‌သာပေတွာ၊ ပြီးဆုံးစေပြီး၍။ ("ဧကမန္တံ နိသီဒိံ"၌စပ်)။
ကရောတော၊ပေ၊ကာရယတောတိ အာဒီသု၊ အစရှိသောပါဠိရပ်တို့၌။ (အတ္ထော ဧဝံ ‌ဝေဒိတဗ္ဗော။) ကရောတောတိ၊ ကား။ သဟတ္ထာ၊ မိမိလက်ဖြင့်။ (ကိုယ်တိုင်ကိုယ်ကြပ်)။ ကရောန္တဿ၊ ပြုသော်လည်းကောင်း။ ဝါ၊ ပြုသောပုဂ္ဂိုလ်သည်လည်းကောင်း။
("န ကရီယတိ ပါပံ"၌စပ်) ကာရယတောတိ၊ ကား။ အာဏတ္တိယာ၊ စေခိုင်းခြင်းဖြင့်။ ကာရေန္တဿ၊ ပြုစေသော်လည်းကောင်း။ ဝါ၊ ပြုစေသောပုဂ္ဂိုလ်သည်လည်းကောင်း။ [နောက်၌လာမည့် ‌ကောင်းမှု မကောင်းမှုအားလုံးနှင့်ဆိုင်အောင် ကရဓာတ်ဖြင့် ‌ရှေးဦးစွာ အကျဉ်းချုပ်ပြသည်၊ ကောင်းမှုကိုဖြစ်စေ, မကောင်းမှုကိုဖြစ်စေ ကိုယ်တိုင်ပြုသူသည်လည်းကောင်း, သူတစ်ပါးကို အပြုခိုင်းသူသည်လည်းကောင်း ပြုအပ်သည်မမည်ပါ-ဟူလို။]
ဆိန္နတောတိ၊ ကား။ ပရေသံ၊ သူတစ်ပါးတို့၏။ ဟတ္ထာဒီနိ၊ လက်အစရှိသည်တို့ကို။ ဆိန္ဒန္တဿ၊ ဖြတ်သော်လည်းကောင်း။ ဝါ၊ ဖြတ်သောပုဂ္ဂိုလ်သည်လည်းကောင်း။ [ဟတ္ထာဒီနိတိ ဟတ္ထပါဒကဏ္ဏနာသာဒီနိ၊-ဋီကာ။]
ပစတောတိ၊ ကား။ ပရေ၊ သူတစ်ပါးတို့ကို။ ဒဏ္ဍေန၊ ဒုတ်ဖြင့်။ ပီဠေန္တဿဝါ၊ ညှင်းဆဲသော်လည်းကောင်း။ ဝါ၊ ညှင်းဆဲသောပုဂ္ဂိုလ်သည်လည်းကောင်း။ [အချို့စာအုပ်၌ "တဇ္ဇေန္တဿဝါ"ဟုရှိသေး၏။ "ဝါ၊ တစ်နည်း။ တဇ္ဇေန္တဿ၊ ခြိမ်းချောက်သော်လည်းကောင်း။ ဝါ၊ ခြိမ်းချောက်သောပုဂ္ဂိုလ်သည်လည်းကောင်း"ဟုပေးပါ။]သာရဏီယံ ။ ။ သရိတဗ္ဗယုတ္တကံဖြင့် ကံဟောအနီယပစ္စည်းကိုပြ၏၊ အခြားနေရာ၌ "သရိတဗ္ဗဘာဝတော"ဟုရှိသောကြောင့် သာ၍ရှင်း၏၊ ဤနေရာ၌ "သရိတဗ္ဗယုတ္တကံ"ဟု ရှိသောကြောင့် တဗ္ဗပစ္စည်းကို ဘောဟောဟုကြံ၍ "သရိတဗ္ဗဿ-အား+ယုတ္တာ-သင့်လျော်သောကထာတည်း၊ သရိတဗ္ဗယုတ္တကာ၊ [သရိတဗ္ဗယုတ္တကံတိစ သရဏာနုစ္ဆဝိကံတိ အတ္တော၊-ဋီကာသစ်။] (တစ်နည်း)သရိတဗ္ဗ၌ ဘာဝပ္ပဓာနကြံ၍ "သရိတဗ္ဗယုတ္တကာ-အောင့်မေ့ထိုက် (အမှတ်ရထိုက်)သည်၏အဖြစ်နှင့်ယှဉ်သောကထာ"ဟုလည်းဖြစ်နိုင်၏၊ "သရိတဗ္ဗာတိ သရဏီယာ"ဟုဖြစ်သင့်လျက် "သာရဏီယံတိ ဒီဃံ ကတွာ ဝုတ္တံ"ဟု အမ္ဗဋ္ဌသုတ်ဋီကာဖွင့်လတံ့။ [အခြားနည်းများကို ပါရာဇိကဏ်ဘာသာဋီကာ ဝေရဉ္ဇကဏ္ဍ၌ ပြထားပြီ၊ အမ္ဗဋ္ဌသုတ်၌လည်း တွေ့ရဦးလတံ့။]
ပစတော ။ ။ ပစနံ-ပစနဟူသည်၊ ဒဟနံ- မီးတိုက်ခြင်း၊ ဝိဗာဓနံ- (မီးတိုက်သကဲ့သို့ ပူပန်ရအောင်) နှိပ်စက်ခြင်းတည်း၊ ထို့ကြောင့် "ဒဏ္ဍေ ပီဠေန္တဿ"ဟု ဖွင့်သည်၊ မဇ္ဈိမ နိကာယ် အပဏ္ဏသသုတ် အဋ္ဌကထာ၌ "တဇ္ဇေန္တဿဝါ"ဟုတစ်နည်းဖွင့်သေး၏၊ ထိုခြိမ်းချောက်ခြင်းကိုလည်း"ဒဏ္ဍေန"အရ နှုတ်လှံထိုးခြင်းဟူသော ဒဏ္ဍဖြင့် သိမ်းယူနိုင်သောကြောင့် ဤအဋ္ဌကထာ၌မဖွင့်တော့ဟု ဋီကာဆို၏၊ ထိုဋီကာဆရာ၏လက်ထက်၌ "တဇ္ဇေန္တဿ"ဟုမရှိခဲ့၊ ယခုစာအုပ်များ၌ကား ရှိနေပြီ။
သောစယတော သောစာပယ‌‌တောတိ၊ ကား။ ပရဿ၊ သူတစ်ပါး၏။ ဘဏ္ဍဟရဏာဒီဟိ၊ ဘဏ္ဍာကိုခိုးဆောင်ခြင်းအစရှိသည်တို့ဖြင့်။
သောကံ၊ ဝမ်းနည်းကြောင်းကို။ ဝါ၊ ဝမ်းနည်းခြင်းကို။ သယံ၊ ကိုယ်တိုင်။ ကရောန္တဿပိ၊ လည်းကောင်း။ ဝါ၊ လည်းကောင်း။ ပရေဟိ၊ သူတစ်ပါးတို့သည်။ ဝါ၊ တို့ကို။ ကာရာပေန္တဿပိ၊ လည်းကောင်း။ ဝါ၊ ပြုစေသောပုဂ္ဂိုလ်သည်လည်းကောင်း။
ကိလမတော ကိလမယတောတိ၊ ကား။ အာဟာရု၊ပေ၊ပဝေသနာဒီဟိ၊ အာဟာရကိုဖြတ်ခြင်း, ထောင်သို့ ဝင်ခြင်းအစရှိသောအမှုတို့ဖြင့်။ သယံ၊ ကိုယ်တိုင်။ ကိလမန္တဿပိ၊ အပင်ပန်းခံသော်လည်းကောင်း။ ဝါ၊ အပင်ပန်းခံသော ပုဂ္ဂိုလ်သည်လည်းကောင်း။ ပရေဟိ၊ မိမိစကားကို နားထောင်မည့် သူတစ်ပါးတို့သည်။ ဝါ၊ တို့ကို။ ကိလမာပေန္တဿပိ၊ အပင်ပန်းခံစေသော်လည်းကောင်း။ ဝါ၊ အပင်ပန်းခံစေသောစယတော ။ ။ ဘူဝါဒိ သုစဓာတ်သည် သောကအနက်ကိုဟော၏၊ ဏယပစ္စည်းသက်၍ "သောစယ"ဟု ဖြစ်၏၊ ထို့ကြောင့် "သောကံ ကရောန္တဿ"ဟုဖွင့်သည်၊ [ကာရိတ်ဝင်သောအကမ္မဓာတ်ကို ဧကကမ္မကဓာတ်ဖြင့် ဖွင့်ခြင်းတည်း။] သောကဟူရာ၌ နှိပ်စက်သောမိမိ၏သောကမဟုတ်, အနှိပ်စက်ခံရသူ၏ သောကတည်း၊ ထို့ကြောင့် သောကံကို "သောကကာရဏံ"ဟုဖွင့်ကြသည်၊ သူ၏ဘဏ္ဍာကိုခိုးယူခြင်းစသော အမှုသည် သူ၏ သောကဖြစ်ဖို့ရန်အကြောင်းတည်း။
တစ်နည်း ။ ။ သောကံကို "သောစနံ-ဝမ်းနည်းခြင်း"ဟုဖွင့်ကြသေး၏၊ ထိုသို့ဖွင့်ရာ၌ "ပရဘဏ္ဍဟရဏ စသည်သည် အကြောင်း, သောကဖြစ်ခြင်းကား အကျိုးတည်း၊ [သောစနံ တိပိ ယုဇ္ဇတိ၊ ကာရဏသမ္ပာ‌ဒနေန-ဘဏ္ဍဟရဏစသောအကြောင်းကိုပြီးစေခြင်းအားဖြင့်၊ ဖလဿာပိ-သောကတည်းဟူသော အကျိုး၏လည်း၊ ကတဘာဝတော-ပြုအပ်ပြီး၏အဖြစ်ကြောင့်တည်း၊-ဋီကာသစ်၌ "ကတ္တဗ္ဗတော"ဟုရှိ၏။]
ပရေဟိ ကာရာပေန္တဿာပိ ။ ။ ဤအဖွင့်သည် "သောစာပယတော"ဟု ကာရိတ်် ၂-ချက်ဆင့်သောပုဒ်၏ အဖွင့်တည်း၊ ထို့ကြောင့် အဋ္ဌကထာစာအုပ်များ၌ "သောစာပယတော သောစာပယတောတိ ပရဿ ဘဏ္ဍဟရဏာဒီဟိ ‌သောကံ သယံ ကရောန္တဿပိ (သောစယတော အဖွင့်) ပရေဟိ ကာရာပေန္တဿပိ (သောစာပယတော အဖွင့်)" ဤသို့ ပါဌ်ရှိမှ စာသွားဖြောင့်၏၊ ပိသဒ္ဒါဖြင့် "ကရောန္တဿပိ"ဟုလည်းကောင်း, "ကာရာပေန္တဿပိ"ဟုလည်းကောင်း ဖွင့်ပုံကိုထောက်၍ သံဝဏ္ဏေတဗ္ဗ၌ "သောစယတော သောစာပယတောတိ"ဟု တစ်ပေါင်းတည်း တည်ထားကြောင်းသိသာ၏။ [မဇ္ဈိမပံ ဂဟပတိဝဂ်, အပဏ္ဏကသုတ် အဋ္ဌကထာ၌ ထိုသို့ တစ်ဆက်တည်း ဖွင့်ထား၏၊ သို့သော် တည်ပါဌ်ရှိမူ "သောစာပယတော"ကျနေဟန် တူသည်။]
ပရေဟိ ကိလမာပေန္တဿပိ ။ ။ ပရေဟိကို "အတ္တနော ဝစနကရေဟိ"ဟု ဤပုဒ်ကျမှ တမင်္ဂလာဖွင့်ကြ၏၊ ထိုသို့ ဖွင့်ကြခြင်း၏ အလိုမှာ-မိမိစကားကို နားထောင်မည့် သူတစ်ပါးတို့ကို မိမိကဲ့သို့ ပင်ပန်းစေရ (အပင်ပန်းအခံခိုင်းရ) မည်ဖြစ်သောကြောင့်တည်း၊ "သင်တို့လဲ ငါကဲ့သို့ အပင်ပန်းခံကြပါ"-ဟူလို၊ ထို့ကြောင့် အာဟာရူပစ္ဆေဒ ဗန္ဓနာဂါရပဝေသတို့သည် မိမိရော သူတစ်ပါးတို့၏ ပင်ပန်းခြင်း၏အကြောင်းတို့တည်း"ဟုမှတ်ပါ၊ ပဝေသနကိုလည်း ["ဝင်ခြင်း" ဟုပေးပါ၊ "ပဝေသနံ သာဒယတိ"၌ ပဝေသနပုဒ်မျိုးတည်း။]
သော ပုဂ္ဂိုလ်သည်လည်းကောင်း။
ဖန္ဒတော ဖန္ဒာပယတောတိ၊ ကား။ ဖန္ဒန္တံ၊ တုန်လှုပ်တတ်သော။ ပရံ၊ သူတစ်ပါးကို။ ဖန္ဒနကာလေ၊ တုန်လှုပ်ရာအခါ၌။ [တစ်နည်း, ဗန္ဒနကာလေ၊ နှောင်ဖွဲ့ရာအခါ၌။] သယံပိ၊ ကိုယ်တိုင်လည်း။ ဖန္ဒတော၊ တုန်လှုပ်သော်လည်းကောင်း။ ဝါ၊ တုန်လှုပ်သောပုဂ္ဂိုလ်သည်လည်းကောင်း။ ပရံပိ၊ ကိုလည်း။ ဖန္ဒာပယတော၊ တုန်လှုပ်စေသော်လည်းကောင်း။ ဝါ၊ တုန်လှုပ်စေသောပုဂ္ဂိုလ်သည်လည်းကောင်း။
ပါဏမတိပါတာပယတောတိ၊ ကား။ ပါဏံ၊ သတ္တဝါကို။ ဟနန္တဿာပိ၊ ကိုယ်တိုင်သတ်သော်လည်းကောင်း။ ဝါ၊ ကိုယ်တိုင်သတ်သော ပုဂ္ဂိုလ်သည်လည်းကောင်း။ ဟနာပေန္တဿာပိ၊ သူတစ်ပါးကို သတ်စေသော်လည်းကောင်း။မှတ်ချက် ။ ။ ဤ၌ "ကိလမန္တဿာပိ ကိလမာ‌ပေန္တဿပိ"ဟု သုဒ္ဓကတ္တားအနက်, ဟေတုကတ္တားအနက်ကို တစ်ဝါကျတည်းပေါင်း၍ ပိသဒ္ဒါဖြင့် ဖွင့်သောကြောင့် သံဝဏ္ဏေတဗ္ဗ၌လည်း ပါဠိတော်အတိုင်း "ကိလမတော ကိလမယတောတိ"ဟု ၂-ပုဒ်ရှိသင့်သည်။ ["ဖန္ဒတော ဖန္ဒာပယတော"၌ သံဝဏ္ဏေတဗ္ဗ ၂-ပုဒ်လုံး တွဲလျက်ရှိသည်။]
ပရံ ဖန္ဒန္တံ ။ ။ ကြောက်ရွံ့တုန်လှုပ်နေသော သူတစ်ပါးကို "ပရံ ဖန္ဒန္တံ"ဟုဆိုသည်၊ "ဘာ့ကြောင့် ကြောက်ရွံ့တုန်လှုပ်နေသနည်း"ဟု မေးလျှင် "မိမိက နှိပ်စက်သောကြောင့်"ဟု ဖြေပါ၊ ဤပုဒ်၏စပ်ရာမရှိပါ၊ ထို့ကြောင့် ခန္ဓဝဂ္ဂ(၃) ဒိဋ္ဌိသံယုတ်, သောတာပတ္တိဝဂ်, ကရောတောသုတ်အဖွင့်၌ "ဖန္ဒနကာလေ"နေရာဝယ် "ဗန္ဒနကာလေ"ဟု သီဟိုဠ်မူ ရှိပါသတဲ့၊ ထိုမူကွဲကပင် ကောင်းသည်ဟု ထင်၏၊ဘာ့ကြောင့်နည်း..."ကြောက်ရွံ့တုန်လှုပ်နေသူကို ချုပ်နှောင်ရာ ထောင်ချရာအခါ၌"ဟု အဓိပ္ပာယ်ရသောကြောင့်တည်း။
သယမ္ပိ ဖန္ဒတော ။ ။ "ပရဿ ဝိဗာဓနပယောဂေန-သူတစ်ပါးကို မိမိကနှိပ်စက်ကြောင်း ပယောဂကြောင့်၊ သယံ ဖန္ဒတော"ဟု ဋီကာတို့ဖွင့်ကြ၏၊ ဋီကာသစ်၌ "အတ္တနာ ကတေန (မိမိကပြုအပ်သော)"ဟု ဝိသေသန အပိုပါခြင်းသာ ထူး၏။
ဖန္ဒတော ဖန္ဒာပယတော ။ ။ မိမိကနှိပ်စက်သောကြောင့် သူတစ်ပါးတို့ ကြောက်ရွံ့တုန်လှုပ်နေသည်ကို "ဖန္ဒာပယ-တုန်လှုပ်စေ"ဟု ဆို၏၊ ထိုသို့ မိမိနှိပ်စက်မှုကြောင့် သူတစ်ပါးတုန်လှုပ်နေသည်ကို မြင်ရသဖြင့် မိမိလည်း တုန်လှုပ်လာသည်ကို "‌ဖန္ဒ"ဟု ဆိုသည်။
ပါဏမတိပါတယတော ။ ။ စာအုပ်တို့၌ "ပါဏမတိပါတာပယတော"ဟုရှိ၏၊ ပါဏာတိပါတမှလာသော ပုဒ်ဖြစ်၍ "ပါဏမတိပါတယတော"ဟုရှိမှကောင်းသည်၊ သို့သော် သဒ္ဒါမတတ်သော တိတ္ထိဆရာကြီးဖြစ်၍ "ပါဏမတိပါတာပယတော"ဟု သုံးစွဲထားဟန်တူသည်၊ "အတိ-လျင်စွာ+ပါတယ(ပါတာပယ)-ကျစေ"ဟူရာ၌ "ကိုယ်တိုင် သတ်ခြင်း,သူတစ်ပါးကို သတ်စေခြင်းဟူသော သာဟတ္ထိကပယောဂ, အာဏတ္တိကပယောဂ ၂-မျိုးလုံးရသောကြောင့် "ပါဏံ ဟနန္တဿပိ ဟနာပေန္တဿပိ"ဟုဖွင့်သည်။
ဝါ၊ သူတစ်ပါးကို သတ်စေသောပုဂ္ဂိုလ်သည်လည်းကောင်း။ ("န ကရီယတိ ပါပံ"၌စပ််)။
ဧဝံ၊ တူ။ သဗ္ဗတ္ထ၊ အလုံးစုံသော ပုဒ်တို့၌။ ကရဏ၊ပေ၊ဝသေနေတ၊ ကိုယ်တိုင်ပြုခြင်း, သူတစ်ပါးကို ပြုစေခြင်း၏အစွမ်းဖြင့်ပင်။ အတ္ထော ဝေဒိတဗ္ဗော။
သန္ဓိံတိ၊ ကား။ ဃရသန္ဓိံ၊ အိမ်၏အစပ်ရှိသောနံရံကို။
("ဆိန္ဒတော၊ ဖောက်ဖျက်သော်လည်းကောင်း၊"၌စပ်) နိလ္လောပံတိ၊ ကား။ မဟာဝိလောပံ၊ အကြီးအကျယ် လုယက်၍။ ("ဟရတော၊ ဆောင်သော်လည်းကောင်း"၌စပ်။)
ဧကာဂါရိကံတိ၊ ကား။ ဧကမေဝဃရံ၊ တစ်အိမ်တည်းကိုပင်။ ပရိဝါရေတွာ၊ ဝန်းရံ၍။ (ဝိုင်း၍)။ ဝိလုမ္ပနံ၊ လုယက်ခြင်းကို။ (‌ကရောတော၌စပ်)။
ပရိပန္ထေတိ၊ ကား။ အဂတာဂတာနံ၊ လာကုန် လာကုန်သော လူတို့ကို။ အစ္ဆိန္ဒနတ္ထံ၊ လုယူခြင်းအကျိုးငှာ။ မဂ္ဂေ၊ လမ်း၌။ တိဋ္ဌတော၊ တည်သော်လည်းကောင်း။ ဝါ၊ တည်သောပုဂ္ဂိုလ်သည်လည်းကောင်း။ဧဝံ သဗ္ဗတ္ထ၊ပေ၊ဝေဒိတဗ္ဗော ။ ။ အတိပါတယတော၌ တစ်ပုဒ်တည်ပင်ဖြစ်သော်လည်း "ကိုယ်တိုင်သတ်ခြင်း"ဟူသော သုဒ္ဓကတ္တားအနက်, "သူတစ်ပါးကို သတ်စေခြင်း"ဟူသော ဟေတုကတ္တားအနက်ကို သိရသကဲ့သို့,ထို့အတူ ပါဠိတော်၌ "အဒိန္နံ အာဒိယတော၊ပေ၊မုသာ ဘဏတော"ဟု တစ်ပုဒ်တည်းစီရှိပါသော်လည်း "သူ့ဥစ္စာကို ကိုယ်တိုင်ယူခြင်း, သူတစ်ပါးကို ယူစေခြင်း၊ ပေ၊မုသာကို ကိုယ်တိုင် ပြောခြင်း, သူတစ်ပါးကို ပြောစေခြင်း"အားဖြင့် ၂-ပါးစီသောအနက်ကို သိပါလေ-ဟူလို။
ဃရသန္ဓိံ ။ ။ ဃရဿ ဘိတ္တိ အန္တောစ ဗဟိစ သန္ဓိတာ (အစပ်ရှိသည်)ဟုတွာ ဌိတာ ဃရသန္ဓိ၊-ဋီကာ၊ အိမ်၏ အတွင်းအပြင်၌ အစပ်ရှိသည်ဖြစ်၍ တည်သော နံရံကိုပင် "ဃရသန္ဓိ"ဟုဆိုသည်၊ ထို့ကြောင့် ပါဠိတော်၌ "သန္ဓိံ-အစပ်ရှိသော အိမ်နံရံကို"‌ဟုပေးပါ၊ [ဋီကာသစ်ကား"ဃရဘိတ္တိယာ အန္တောစ ဗဟိစ သန္ဓိ ဃရသန္ဓိ"ဟု ဆဋ္ဌီတပ္ပုရိသ် ဖွင့်လေ၏၊ "သန္ဓိံ-အိမ်နံရံ၏ အစပ်ကို"ဟုပါဠိတော် ပေးစေလိုသည်၊ သို့သော် အစပ်ဟူသည်စပ်ခြင်းကြိယာသာဖြစ်၍ ဖောက်မှုကို ပြု၍မဖြစ်၊ အစပ်ရှိသော နံရံကိုသာ ဖောက်မှုကိုပြု၍ဖြစ်သည်၊ ထို့ကြောင့် ဋီကာသစ်အဖွင့်ကို စဉ်းစားပါ။]
နိလ္လောပံ ။ ။ ပါဠိတော်၌ "နိလ္လောပံ ဟရတော"ဟုရှိ၏၊ နိ(နိရဝသေသံ)-အကြွင်းအကျန်မရှိအောင်၊ လောပေါ-လုယက်ခြင်းတည်း၊ နိလ္လောပေါ-‌ခြင်း၊"မဟာဝိလောပံ"ကား အဓိပ္ပာယ်အဖွင့်တည်း၊ ပါဠိတော်၌ "နိလ္လောပံ-အကြွင်းမရှိအောင် လုယူ၍ "ဟု ကြိယာဝိသေသနပေး။
ဧကာဂါရိကံ ။ ။ ဧကာဂါရေ+နိယုတ္တော+ဝိလောပေါ ဧကာဂါရိကော-တစ်အိမ်၌ယှဉ်သော လုယူခြင်း၊ အဋ္ဌကထာ၌ အဓိပ္ပာယ်ပေါ်အောင် ဖွင့်ထားသည်၊ "ဧကာဂါရိကံ-တစ်အိမ်၌ယှဉ်သော လုယူခြင်းကို၊ ကရောတော"ဟုပါဠိတော်၌ပေး။
ပရိပန္တေ ။ ။ ပါဠိတော်ဝယ် "ပရိပန္တေ တိဋ္ဌတော"ဟုရှိ၏၊ "လမ်းခရီး၌ တည်သော ပုဂ္ဂိုလ်"ဟု သာမညဆိုသော်လည်း မကောင်းမှုပြုပုံကို ပြနေသော အရာဌာနအားလျော်စွာ"လာလာသမျှ လူတို့ကို လုယူဖို့ရန်လမ်း၌တည်သည်"ဟုသိနိုင်ရကား "အာဂတာဂတာနံ အစ္ဆိန္ဒနတ္ထံ"ဟု အပိုထည့်၍ဖွင့်သည်၊ [ပရိပန္တေ တိဋ္ဌတောတိ ဧတ္ထ အစ္ဆိန္ဒနတ္ထမေဝ တိဋ္ဌတီတိ ပကရဏတော (အရာအားလျော်စွာ)သိဒ္ဓေါတိ ဒဿေတိ အာဂတာဂတာနန္တိ အာဒိနာ၊-ဋီကာသစ်။] ဤအလို ပရိအနက် မရှိဟုကြံပါ။
ကရော၊ပေ၊ပါပံတိ၊ ဟူသော ပါဌ်ဖြင့်။ (ဒီပေတိ၌စပ်)။ ယံကိဉ္စိ၊ အမှတ်မရှိတစ်စုံတစ်ခုသော။ ပါပံ၊ မကောင်းမှုကို။ ကရောမိ၊ ၏။ ဣတိ သညာယ၊ ဤသို့သောအမှတ်ဖြင့်။ ကရောတောပိ၊ ပြုပါသော်လည်း။ ဝါ၊ ပြုသောပုဂ္ဂိုလ်သည်လည်း။ (ဆဋ္ဌီကတ္တား)။ ပါပံ၊ ကို။ န ကရီယတိ၊ မပြုအပ်။ (ပြုအပ်သည်မမည်, ပြုရာမ ရောက်-ဟူလို)။ ပါပံ၊ သည်။ နတ္ထိ။
ပန၊ ထိုသို့ပင် ပြုရာမရောက်ပါသော်လည်း။ သတ္တာ၊ တို့သည်။ ပါပံ၊ ကို။ ကရောမ၊ ငါတို့ပြုကြကုန်၏။ ဣတိ ဧဝံ သညိနော၊ ဤသို့သောအမှတ်ရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။ ဣတိ၊ ဤအနက်ကို။ ဒီပေတိ၊ ပြ၏။တစ်နည်း ။ ။ လာလာသမျှလူကို လုယူခြင်းအနက်ကို ပရိပုဒ်ကပြ၏၊ ဤအလို"ပရိ-ပတ်ဝန်းကျင်မှ လာသမျှလူတို့ကို လုယူခြင်းအကျိုးငှာ၊ ပန္ထေ-လမ်းခရီး၌၊ တိဋ္ဌတော-တည်သော်လည်းကောင်း"ဟုပေးပါ၊ ဋီကာ၌ကား "ပရိတော သဗ္ဗသော ပန္ထေဟနနံ ပရိပန္တော"ဟု ပြု၏၊ ပဏ္ဏာသဋီကာ၌လည်း ဤနည်းအတိုင်းရှိ၏၊ "ပတ်ဝန်းကျင် အလုံးစုံအားဖြင့် လမ်းခရီး၌ တိုက်ခိုက်လုယူခြင်းကို ပရိပန္ထခေါ်သည်"ဟူလို၊ ထို အဖွင့်အတိုင်းကား "တိဋ္ဌတော"၌စပ် ၍မရပါ၊ ပါဌ်ပျက်နေဟန်တူပါသည်။
န ကရီယတိ ပါပံ ။ ။ "သူ့အသက်ကို သတ်ခြင်း, သူ့ဥစ္စာကိုယူခြင်း"စသောအမှုကို ပြုရာ၌ အသတ်ခံရသူ အခိုးခံရသူ၏ အနှစ်အသားမှာ အတ္တတည်း၊ ထိုအတ္တကို မည်သူမျှဖောက်ပြန်ပြောင်းလွှဲ‌အောင် (သေအောင်,ဆင်းရဲအောင်)မပြုနိုင်၊ အတ္တ၏ ခန္ဓာအိမ်ဖြစ်သော ကိုယ်ကား ထင်းတုံးကဲ့သို့ စိတ်စေတနာမရှိသောအရာဝတ္ထုသာတည်း၊ ထို့ကြောင့်"ပါဏာတိ ပါတစသောအမှုကိုပြုသည်ဟု လူတို့က ထင်ကြသော်လည်း အတ္တကို မထိခိုက်သောကြောင့် ပြုရာမရောက်"ဟုဆိုလိုသည်၊ ထိုသို့ ပြုရာမရောက်သောကြောင့် "နတ္ထိ ပါပံ-မကောင်းမှုဆိုတာမရှိ"ဟု ဆိုလိုသတတ်။ [အတ္တ၏ အဓိပ္ပာယ်ကို သင်္ဂြိုဟ်ဘာသာဋီကာ အတ္တဝါဒုပါဒါန်အခန်း၌ရှုပါ။]
ပြုရာရောက်ပုံ ။ ။ တိတ္ထိဆရာကြီး၏ အယူအားဖြင့် အတ္တကို မထိခိုက်သောကြောင့် "မကောင်းမှုကို ပြုရာမရောက်"ဟုယူသော်လည်း ဗုဒ္ဓမြတ်စွာ၏ အလိုအားဖြင့်ကား"အတ္တသည် ပင်မရှိ, ရုပ်နာမ်သာ ရှိ၏"၊ ဒါးဖြင့် ခုတ်သတ်မှုစသည်ကို ပြုသောအခါ ဖြစ်ဆဲ မဟာဘုတ်ဖောဋ္ဌဗ္ဗာရုံကို ထိသောကြောင့် ထိုရုပ်နာမ်သည် တည်သင့်သည့်အချိန်တိုင်‌အောင် အစဉ်အဆက်မတည်နိုင်တော့ဘဲ အစဉ်ပြတ်လေ၏၊ ထိုသို့ တည်သင့်သမျှ မတည်စေဘဲ အစဉ်ပြတ်စေခြင်းကိုပင်"သတ်ခြင်း"ဟုခေါ်ရသည်။ [အကျယ်ကို အဋ္ဌသာလိနီဘာသာဋီကာ ဒွါရကထာ၌ ရှုပါ။]မုသားပြော၍ အပြောခံရသူ၏ ရုပ်နာမ်ကို ဒုက္ခဖြစ်စေခြင်း စသည်၌လည်း နည်းတူစီစစ်ပါ။
ခုရပရိယန္တေနာတိ၊ ကား။ ခုရနေမိနာ၊ သင်တုန်းဟူသောအကွပ်ရှိသော။ ဝါ၊ တစ်နည်း။ ခုရဓာရသဒိသ ပရိယန္တေန၊ သင်တုန်းသွားနှင့်တူသော အဆုံးအပိုင်းအခြားရှိသော။ ("စက္ကေန၊ စက်လက်နက်ဖြင့်"ဟူသော ပါဠိတော်၌စပ်)။
ဧကံ မံသခလံတိ၊ ကား။ ဧကံ၊ တစ်ခုတည်းသော။ မံသရာသိံ၊ အသားစုကို။ ("စေပိကရေယျ"ဟူသောပါဠိတော်၌စပ်)။
ပုဉ္ဇံတိ၊ ပုဉ္ဇံဟူသော သဒ္ဒါသည်။ တဿေဝ၊ ထိုခလသဒ္ဒါ၏ပင်။ ဝေဝစနံ၊ ဝေဝုစ်ပရိယာယ်စကားလှယ်တည်း။
တတောနိဒါနံတိ၊ ကား။ ဧကမံသခလကရဏနိဒါနံ၊ တစ်ခုတည်းသော အသားစုကိုပြုခြင်းဟူသောအကြောင်းရှိသော။ ("ပါပံ"ဟူသော ပါဠိတော်၌စပ်)။
ဒက္ခိဏန္တိ၊ ကား။ ဒက္ခိဏတီရေ၊ ဂင်္ဂါမြစ်၏ တောင်ဘက်ကမ်း၌။ မနုဿာ၊ တို့သည်။ ကက္ခဠာ၊ ခက်ထန်ကုန်သည်။ ဒါရုဏာ၊ ကြမ်းကြုတ်ကုန်သည်။ (ဟောန္တိ)။ တေ၊ ထိုတောင်ဘက်ကမ်း၌နေသောလူတို့ကို။ သန္ဓာယ၊ ၍။ ဟနန္တောတိ အာဒိံ၊ အစရှိသောစကားကို။ အာဟ။
ဥတ္တရတီရေ၊ ဂင်္ဂါမြစ်၏‌မြောက်ဘက်ကမ်း၌။ (မနုဿာ၊ တို့သည်။) သဒ္ဓါ၊ သဒ္ဓါတရားရှိကုန်သည်။ ပသန္နာ၊ ရတနာ ၃-ပါး၌ ကြည်ညိုကုန်သည်။ ဗုဒ္ဓမာမကာ၊ ဘုရားဟူသော ကိုယ့်ဥစ္စာရှိကုန်သည်။ ဝါ၊ ဘုရားကိုမြတ်နိုးကုန်သည်။ ဓမ္မမာမကာ, သံဃမာမကာ,ဟောန္တိ။ [အချို့စာအုပ်၌ခုရပရိယန္တေန ။ ။ ပါဠိတော်၌ "ခုရပရိယန္တေန စေပိ စက္ကေန"ဟုရှိ၏၊ "စက်ဘီး(လှည်းဘီး)၏အဆုံးအပိုင်းအခြား"ဟူသည် "နေမိ"ဟူသော အကွပ်တကူတည်း၊ ထို့ကြောင့် ပရိယန္တကို "နေမိ"ဟုဖွင့်သည်၊ ခုရော+ပရိယန္တော ယဿာတိ ခုရပရိယန္တံ၊ (စက္ကံ)၊ ဤအလို "သင်တုန်းတည်းဟူသော အကွပ်တကူရှိသော"ဟုပေးပါ။ [ခုရနေမိနာတိ-နိသိတခုရမယနေမိနာ (သွေးအပ်ပြီးသော သင်တုန်းတည်းဟူသော အကွပ်တကူရှိသော)၊-ဋီကာ။]
ခုရ၊ပေ၊ပရိယန္တေနဝါ ။ ။ ခုရအရ "သင်တုန်းကိုမယူဘဲ သင်တုန်းသွားကဲ့သို့ ထက်လှစွာ‌သော အရာဝတ္ထုကို ယူပါ"ဟုသိစေလို၍ "ခုရဓာရသဒိသ"ဟုတစ်နည်းဖွင့်သည်၊ ဤအလို "သင်တုန်းသွားနှင့်တူသော အဆုံးအပိုင်းအခြားရှိသော"ဟုပေးပါ။ ["စက္ကံ"ဟု နပုလ္လိန်ရှိ၏၊ ဤနေရာ၌ စက်ဘီးပုံသဏ္ဌာန်ရှိသော စစ်လက်နက်တစ်မျိုးကို "စက္က"ဟုခေါ်သည်၊ ထိုလက်နက်၏အဆုံးဖြစ်သော အကွပ်တကူနေရာ၌ သင်တုန်းကဲ့သို့ ထက်နေသည်"ဟူလို။]
တတော နိဒါနံ ။ ။ ပါဠိတော်ရှေ့နား၌ "ဧကံ မံသခလံ၊ပေ၊က‌ရေယျ"ဟုရှိခဲ့သောကြောင့် တတော၏စွဲနက်ကို "ဧကမံသခလ ကရဏ"ဟုညွှန်ပြသည်၊ ဝိဂြိုဟ်မှာ "တတော+နိဒါနံ ယဿာတိ တတော နိဒါနံ"ဟု ပြု၍ ပါပံကို အရကောက်ပါ၊ (တစ်နည်း) ကမ္မဓာရဲသမာသ်ပြု၍ "ထို တစ်ခုသောအသားစုကိုပြုခြင်းဟူသောအကြောင်းကြောင့်"ဟုလည်း ပေးနိုင်၏၊ တတော၌ တော ပစ္စည်းသည် နိဒါနံနှင့် အရတူအောင် ပဌမာအနက်၌သက်၍ (တစ်နည်း-ဝိဘတ်ကို တောပြု၍) ထို တော ပစ္စည်းမကြေသော အလုတ္တသမာသ်တည်း။
"သတ္တာ"ဟုရှိ၏ မကောင်း၊ သတ္တဝါအားလုံးကို မရ, လူကိုသာရသည်၊ ထို့ကြောင့် ရှေ့က "မနုဿာ"ပုဒ်ကို လိုက်စေရသည်။] တေ၊ ထိုမြောက်ဘက်ကမ်း၌နေသော လူတို့ကို။ သန္ဓာယ၊ ၍။ ဒဒန္တောတိအာဒိံ၊ အစရှိသောစကားကို။ အာဟ။ [ဗုဒ္ဓမာမကာ စသောပုဒ်တို့၏ရုပ်ပြီးပုံကို ပါဇိကဏ်ဘာသာဋီကာ ဝေရဉ္ဇကဏ္ဍအဖွင့်၌ ပြခဲ့ပြီ။]
တတ္ထ၊ ထို ဒဒန္တောအစရှိသောပါဌ်၌။ ယဇန္တောတိ၊ ကား။ မဟာယာဂံ၊ ယဇ်ကြီးကို။ ကရောန္တော၊ ပြုလျက်။ ("ဂစ္ဆေယျ"ဟူသောပါဠိတော်၌စပ်)။
ဒမေနာတိ၊ ကား။ ဣန္ဒြိယဒမေန၊ စက္ခုစသော ဣန္ဒြေတို့ကို ဆုံးမခြင်းကြောင့်လည်းကောင်း။ ဝါ၊ တစ်နည်း။ ဥပေါသထကမ္မေန၊ ဥပုသ် စောင့်သုံးမှုကြောင့်လည်းကောင်း။
သံယမေနာတိ၊ ကား။ သီလသံယမေန၊ သီလကို စောင့်စည်းခြင်းကြောင့်လည်းကောင်း။
သစ္စဝဇ္ဇေနာတိ၊ ကား။ သစ္စဝစနေန၊ မှန်ကန်သော စကားကြောင့်လည်းကောင်း။
အာဂမောတိ၊ ကား။ အာဂမနံ၊ လာခြင်းသည်။ ပဝတ္တိ၊ ဖြစ်ခြင်းသည်။ ("နတ္ထိ"ဟုပါဠိတော်၌စပ်)။ ဣတိအတ္ထော။
သဗ္ဗထာပိ၊ အလုံးစုံသော အပြားအားဖြင့်လည်း။ ပါပပုညာနံ၊ မကောင်းမှုကောင်းမှုတို့၏။ ကြိယမေဝ၊ ပြုအပ်ကုန်သည်၏ဒမေန ။ ။ "ဒမနံ ဒမော"ဟုပြုလျှင် စက္ခုစသော ဣန္ဒြေတို့ကို ဆုံးမခြင်းရ၏၊ "ဒမတိ ဧတေနာတိ ဒမော"ဟုပြုလျှင် စက္ခုစသော ဣန္ဒြေတို့ကို ဆုံးမကြောင်းဖြစ်သော ဥပုသ်စောင့်သုံးမှုကို ရ၏၊ ထို့ကြောင့် ၂-နည်းဖွင့်သည်။
သံယမေန ။ ။ သံယမနံ-စောင့်စည်းခြင်း၊ သံယမော-ခြင်း၊ ကိုယ်နှင့်နှုတ်ကို စောင့်စည်းခြင်းတည်း၊ ထို့ကြောင့် "သီလ သံယမေန"ဟုဖွင့်သည်။ [ဥပုသ်စောင့်ခြင်းလည်း သီလပင် ဖြစ်၏၊ ထို့ကြောင့် ဥပုသ်သီလမှတစ်ပါးသော (ဥပုသ်မစောင့်ဘဲ ကျင့်ရသော)ငါးပါးသီလ အာဇီဝဋ္ဌမကသီလ စသည်ကို "သံယမ"အရယူပါ၊ သီလသံယမေနာတိ တဒညေန ကာယိက ဝါစသိက သံဝရေန၊-ဋီကာသစ်။]
သစ္စဝဇ္ဇေန ။ ။ ဝဇ္ဇတေ (ဝဒီယတေ)-ပြောဆိုအပ်၏၊ ဣတိ ဝဇ္ဇံ၊ သစ္စံ+ဝဇ္ဇံ သစ္စဝဇ္ဇံ-မှန်ကန်သောစကား၊ ဤ သစ္စဝဇ္ဇကို သီးခြားထုတ်၍ ပြခြင်းသည် လူအများက အလွန်လေးစားအပ်သောကောင်းမှုဟု သမုတ်ထားသောကြောင့်တည်း၊ ထိုသစ္စဝဇ္ဇကောင်းမှုကြောင့်လည်း "ပုည"မဖြစ်ဟု ပယ်သည်၊ မှန်၏-အကုသိုလ်တို့တွင် မုသားသည် အရေးအကြီးဆုံးဖြစ်သကဲ့သို့ (မုသားပြောတတ်သူသည် မည်သည့် မကောင်းမှုမဆို ပြုတတ်သကဲ့သို့) ကောင်းမှုတို့တွင်လည်း သစ္စဝါစာသည် အလေးအပြုအပ်ဆုံး ကောင်းမှုဖြစ်ရကား သစ္စာဆိုမှုကြောင့် အကျိုးအမျိုးမျိုးခံစားကြရဘူးလေသည်။
ပဝတ္တိ ။ ။ "အာဂမနံ-လာခြင်း"ဟူသည် တစ်နေရာမှ ပြောင်းရွေ့၍လာခြင်းမဟုတ်, ပြုသူ၏သန္တာန်၌ဖြစ်ခြင်းတည်း၊ "နောင်ခါ အကျိုးပေးဖို့ရန်"ထိုကဲ့သို့ ဖြစ်ခြင်းမရှိပါ-ဟူလို။
သဗ္ဗထာပိ၊ပေ၊ပဋိက္ခိပတိ ။ ။ "‌ကရောတော"စသည်ဖြင့် ဆိုအပ်ခဲ့သောစကား အားလုံးကို "သဗ္ဗထာပိ"ဟုဆိုသည်၊ ထိုစကားအားလုံးဖြင့် ပုညပါပ၏ ပြုရာရောက်ခြင်းကိုသာ ပယ်၏၊ ကြိယမေဝ၌ ဧဝဖြင့် "ရှင်ဘုရင်မေးအပ်သော သန္ဒိဋ္ဌိကသာမညဖလကိုတော့ မဖြေပါ"ဟုပြသည်၊ မှန်၏-ကြိယမေဝ၌ ဧဝသဒ္ဒါဖြင့် ပါပပုည၏ ဝိပါကကို တမင်္ဂလာ ကန့်မြစ်ဖွယ်မလို၊ ဘာ့ကြောင့်နည်း-ပါပပုည (မကောင်းမှု ကောင်းမှုကံ) ကိုပယ်လိုက်လျှင် ထိုကံ၏ အကျိုးကိုလည်း ပယ်ပြီးဖြစ်သောကြောင့်တည်း၊ ထို့ကြောင့် "ကမ္မံ ပဋိဗာဟန္တေနပိ ဝိပါကော ပဋိဗာဟိတော ဟောတိ"ဟု အဋ္ဌကကထာ မိန့်လိမ့်မည်။
အဖြစ်ကိုသာ။ (ဘာဝပ္ပဓာန ဘာဝလောပကြံ)။ (တစ်နည်း) ပါပပုညာနံ၊ တို့ကို။ ကြိယမေဝ၊ ပြုခြင်းကိုသာ။ ဝါ၊ ပြုရာရောက်ခြင်းကိုသာ။ ပဋိက္ခိပတိ၊ ပယ်၏။
ယော၊ အကြင်သူသည်။ ("ဗျာကရောတိ"၌စပ်)။ အမ္ဗော၊ သရက်ပင်ကို။ ကီဒိသော၊ အဘယ်ကဲ့သို့ ရှုအပ်ပါသနည်း။ ဣတိဝါ၊ ဤသို့သော်လည်းကောင်း။ အမ္ဗဿ၊ သရက်ပင်၏။ ခန္ဓ၊ပေ၊ဖလာနိ၊ ပင်စည်, အရွက်, အပွင့်, အသီးတို့ကို။ ကီဒိသာနိ၊ ကုန်သနည်း။ ဣတိဝါ၊ သော်လည်းကောင်း။ ဝုတ္တေ၊ ပြောဆိုအပ်သော်။ ဝါ၊ မေးအပ်သော်။ လဗုဇော၊ တောင်ပိန္နဲပင်ကို။ ဧဒိသော၊ ဤကဲ့သို့ ရှုအပ်၏။ ဣတိဝါ၊ သော်လည်းကောင်း။ လဗုဇဿ၊ ၏။ ခန္ဓ၊ပေ၊ဖလာနိ၊ တို့ကို။ ဧဒိသာနိ၊ ကုန်၏။ ဣတိဝါ၊ သော်လည်းကောင်း။ ဗျာကရောတိ၊ ဖြေဆို၏။ သော၊ ထိုသူသည်။ အမ္ဗံပုဋ္ဌော လဗုဇံ ဗျာကရောတိနာမ၊ အမ္ဗံ၊ပေ၊ဗျာကရောတိမည်၏။ ဝါ၊ သရက်ပင်ကို မေးအပ်ပါလျက် ‌တောင်ပိန္နဲပင်ကို ‌ဖြေဆိုသူမည်၏။ [လဗုဇ၊ တောင်ပိန္နဲပင်ကို တချို့အရပ်၌ "တောင်ပိန်း"ဟုလည်းကောင်း"ပေါင်ပင်"ဟုလည်းကောင်း ခေါ်ကြသတတ်၊ ပိန္နဲပင်နှင့်တူသည်ဟု ဆိုသည်။]
ဝိဇိတေတိ၊ ကား။ အာဏာပဝတ္တိဒေသေ၊ အာဏာဖြစ်ရာအရပ်၌။ ဝါ၊ အာဏာနှံ့ရာအရပ်၌။
အပသာဒေတဗ္ဗံတိ၊ ကား။ ဝိဟေဌေတဗ္ဗံ၊ ညှဉ်းဆဲထိုက်၏ဟူ၍။ ("မညေယျ၊ မှတ်ထင်ရာအံ့နည်း"ဟုပါဠိတော်၌စပ်)။
အနဘိနန္ဒိတွာတိ၊ ကား။ဝိဇိတေ ။ ။ [ဝိ+ဇိတ။] ပဋိရာဇူဟိ အနဘိဘဝနီယဘာဝေန-ရန်သူမင်းတို့မလွှမ်းမိုးအပ်မလွှမ်းမိုးနိုင်သည်၏အဖြစ်ကြောင့်၊ဝိသေသတော-အထူးအားဖြင့်၊ဇိတံ-အောင်အပ်ပြီးသောနိုင်ငံတည်း၊ ဝိဇိတံ-အထူးအောင်အပ်ပြီးသောနိုင်ငံ၊ ဤသို့ သဒ္ဒတ္ထဖြစ်၏၊ "အာဏာပဝတ္တိ, ဒေသေ"ကား အဓိပ္ပာယတ္ထတည်း။
အပသာဒေတဗ္ဗံ ။ ။ သဒဓာတ်သည် ဂတိအနက်ကိုဟော၏၊ ခဏပစ္စည်း တဗ္ဗပစ္စည်းဖြင့် "အပသာဒေတဗ္ဗံ-ဖဲသွားစေထိုက်, နှင်ထုတ်ထိုက်"ဟု သဒ္ဒတ္ထဖြစ်၏၊ ထိုသို့နှင်ထုတ်ခြင်းသည်ညှင်းဆဲရာရောက်သောကြောင့် "ဝိဟေဌေတဗ္ဗံ"ဟု အဓိပ္ပာယတ္ထ ဖွင့်သည်။ [မာ မယှံ ဝိဇိတေ ဝသာတိ အပသာဒနာ ပဗ္ဗဇိတဿ ဝိဟေဌနာ ပဗ္ဗာဇနာ (နှင်ထုတ်ခြင်း)၊ ဣတိ ကတွာ ဝုတ္တံ အပသာဒေတဗ္ဗန္တိ ဝိဟေဌေတဗ္ဗံတိ၊-ဋီကာ။] ထို့ပြင်-မိမိနိုင်ငံ၌ နေထိုင်သူတို့ကို မိမိစိတ်နှင့်မတိုက်ဆိုင်သော်လည်း မညှင်းဆဲဘဲ, နှင်၍လည်းမထုတ်ဘဲ သည်းခံ၍နေနိုင်ခြင်းသည် အာဏာရှိသူတို့အတွက် အတုယူဖွယ်ကောင်းသော အမူအရာပေတည်း။
သာဓု သာဓူတိ၊ သာဓု သာဓုဟူ၍။ ဧဝံ၊ ဤသို့။ ပသံသံ၊ ချီးမွမ်းမှုကို။ အကတွာ၊ မပြုမူ၍။
အပ္ပဋိက္ကောသိတွာတိ၊ ကား။ ဗာလ၊ ဟဲ့ အမိုက်ကောင်။ တယာ၊ သင်သည်။ ဒုဗ္ဘာသိတံ၊ မကောင်းသဖြင့် ပြောဆိုအပ်သည် မည်လောက်အောင်။ (ကြိယာဝိသေသန)။ ဝါ၊ မကောင်းသဖြင့် ပြောဆိုအပ်သောစကားကို။ ဘာသိတံ၊ ပြောဆိုအပ်ပြီ။ ဣတိ ဧဝံ၊ ဤသို့။ အပ္ပဋိဗာဟိတွာ၊ မတားမြစ်မူ၍။
အနုဂ္ဂဏှန္တောတိ၊ ကား။ သာရတော၊ အမြတ်အားဖြင့်။ ဝါ၊ အနှစ်အားဖြင့်။ အဂ္ဂဏှန္တော၊ မယူဘဲ။
အနိကုဇ္ဇန္တောတိ၊ ကား။ သာရဝသေနေဝ၊ အမြတ်၏အဖြစ်ဖြင့်ပင်။ ဝါ၊ အနှစ်၏အဖြစ်ဖြင့်ပင်။ ("အတ္ထပေန္တော"၌စပ်)။ ဣဒံ၊ ဤစကားသည်။ နိဿရဏံ၊ ဝဋ်ဒုက္ခမှ ထွက်မြောက်ကြောင်းတည်း။ အယံ၊ ဤအနက်သည်။ ပရမတ္ထော၊ မဖောက်မပြန် မှန်ကန်ကောင်းမြတ်သောအနက်တည်း။ ဣတိ၊ ဤသို့။ ဟဒယေ၊ စိတ်နှလုံး၌။ အတ္ထပေန္တော၊ မထားဘဲ။ ("အပက္ကမိံ"ဟူသောပါဠိတော်၌စပ်)။အနဘိနန္ဒိတွာ အပ္ပဋိက္ကောသိတွာ ။ ။ ‌တစ်ချို့ပုဂ္ဂိုလ်များသည်ပြောအပ်သောစကားကို မကောင်းမှန်းသိသော်လည်း မိမိကို ထောက်ခံဘော်ရအောင် ဟန်လုပ်၍ ချီးမွမ်းတတ်ကြသေး၏၊ မိမိသဘောမကျသောစကားကို ပြောလျှင်လည်း တားမြစ်တတ်ကြသေး၏၊ ဤရှင်ဘုရင်ကား ထိုကဲ့သို့ ချီးမွမ်းမှုကိုလည်း မပြု, ကန့်ကွက်မှုကိုလည်း မပြုဘဲ သူ၏စကားကိုသာ စိတ်၌ မှတ်ထား၍ ပြန်သွားလေသည်။ [ဤ၌လည်း အာဏာရှိသူတို့အတွက် အလွန်အတုယူဖွယ်ကောင်းပါပေတည်း။]
အနုဂ္ဂဏှန္တော ။ ။ ထို တိတ္ထိဆရာကြီးပြောအပ်သော အနက်အဓိပ္ပာယ်ကို "ဤအကြောင်းအရာသည် ဤ ဆရာကြီးပြောသည့်အတိုင်း အမှန်ပင်ဖြစ်၏"ဟု စိတ်ဖြင့်‌ဆောင်ထားခြင်းမှတ်သားခြင်းသည် ဥဂ္ဂဏှနမည်၏၊ ထိုသို့မှတ်သားခြင်းကို ပယ်လိုသောကြောင့်"အနုဂ္ဂဏှန္တော"ဟုဆိုသည်၊ ထို့ကြောင့်ပင် "သာရတော အဂ္ဂဏှန္တော"ဟုဖွင့်သည်။
အနိကုဇ္ဇန္တော ။ ။ နိပုဗ္ဗ ကုဇ္ဇဓာတ်သည် အိုးမျက်နှာကို မှောက်ထားခြင်း အနက်ဟောတည်း၊ ထိုမှောက်ထားပုံကဲ့သို့ ထိုအနက်အဓိပ္ပာယ်ကို ကြာရှည်စွာ မပျောက်မပျက်အောင် စိတ်၌မှတ်ထားခြင်းကို "နိကုဇ္ဇ"ဟုခေါ်၏၊ ထိုသို့မှတ်သားထားခြင်းကို ပယ်လိုသောကြောင့် "အနိကုဇ္ဇန္တော"ဟုဆိုသည်၊ ထို့ကြောင့်ပင် "သာရဝသေန၊ပေ၊အတ္ထပေန္တော"ဟုဖွင့်သည်။
သာရဝသေနေဝ ။ ။ "သာရော ဗလေ ထိရံသေစ, ဥတ္တမေ ‌သော တိလိင်္ဂိကော"အဘိဓာန် (၉၃၃)နှင့်အညီ ဤနေရာ၌ သာရသဒ္ဒါသည် ဥတ္တမအနက်, ထိရံသ (ခိုင်မြဲသောအဖို့) ဟူသောအနှစ်အနက်ကိုဟော၏၊ ထို့ကြောင့် "ဥတ္တမဝသေနေဝ"ဟုလည်းကောင်း၊ "အဝိတထတ္တာဝါ ပရေဟိ အနုစ္စာလိတော ထိရဘူတော အတ္ထော(မလှုပ်ရှားစေအပ်သောခိုင်မြဲသောအနက်ကို)အဖေဂ္ဂုဘာဝေန (အကာ မပါသည့်အတွက်)သာရောတိ ဝုစ္စတိ"ဟု ဋီကာသစ်ဖွင့်သည်။ [နိဿရဏံတိ ဝဋ္ဋတော နိယျာနံ၊ပရမတ္ထောတိ အဝိပရီတတ္ထော၊ ဥတ္တမဿ ဝါ ဉာဏဿ အာရမဏဘူ‌တော အတ္ထော၊-ဋီကာသစ်။]
ပန၊ ဆက်။ ဗျဉ္ဇနံ၊ သဒ္ဒါကို။ ဝါ၊ ပူရဏဆရာကြီး‌ပြောအပ်သော စကားအစဉ်ကို။ တေန၊ ထိုမင်းသည်။ ဥဂ္ဂဟိတဉ္စ၊ မှတ်ယူလည်း မှတ်ယူအပ်သည်သာ။ နိကုဇ္ဇိတဉ္စ၊ စိတ်၌လည်း ထားအပ်သည်သာ။ ဗျဉ္ဇနံ ပန၊ပေ၊နိကုဇ္ဇိတဉ္စ ။ ။ တိတ္ထိဆရာကြီးပြောအပ်သော အနက်အဓိပ္ပာယ်ကို မမှတ်သားခဲ့, အမြတ်တနိုးအားဖြင့် ဆောင်၍မထားခဲ့သော်လည်း သူဟောပြောအပ်သော "ကရောတော ကာရယတော"စသော သဒ္ဒါကိုကား ထို အချိန်တုန်းက မှတ်ယူခဲ့, စိတ်ထဲ၌မမေ့အောင်ဆောင်ထားခဲ့သည်သာ၊ ထိုသို့ ဆောင်ထားခဲ့သောကြောင့်ပင် ဘုရားရှင်အား ပြန်၍လျှောက်နိုင်ခြင်းဖြစ်သည်။ [ကုဇ္ဇဓာတ်ကလည်း ဒွေဘော်မလို, နိကလည်း "နီ"စသည်မှလာသော နိမဟုတ်သောကြောင့် ‌ဒွေဘော်မလို၊ထို့ကြောင့်"နိကုဇ္ဇ"ဟုရှိပါစေ၊ သက္ကတ၌ "နိကုဗ္ဗ"ဟုရှိသည်။]